Wednesday, 12 June 2013
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၁ )
                                               သာဝတ္ထိ( သာရသသ္တထီ)
                                                      -Sarawasthi
သမိုင်းတွင်ထင်ပေါ်ကြော်ကြားခဲ့သည့် သာဝတ္ထိသည်ဗုဒ္ဓဘာသာဝင်တို့အတွက်ကြာ်ညိုဖူးမျော်ရာနေရာတစ်
ခုဖြစ်ပါသည်။ သာဝတ္ထိမြို့မှာ ဗုဒ္ဓလက်ထက်၌ ကောသလမင်းကြီး၏ထိးနန်းစိုက်ရာရာဇဌာနီမြို့တော်ဖြစ်ခဲ့သ
ည်။ကောသလမင်းကြီးအား ပရသေနာဇိတ ဟုခေါ်ခဲ့ကြသည်သာဝတ္ထိဟူသည့်အမည်နာမအကြောင်းကိုဗုဒ္ဓ
စာပေများအလိုအရ -"သဗ္မ၀သ္ထီ၊ အလုံးစုံပြည့်စုံသည့် နေရာဟူ၍ အဓိပယ်ဖွင့်ကြသည် သာဝတ္ထိမှာစည်ပင်
သာယာဝဖြောသော မြို့တော်တစ်ခုဖြစ်ခဲ့ကြောင်း သမိုင်းတင်ခံထားရသည်။
       လက်ရှိအချိန်တွင် ထိုနေရာကို ဆဟေ့ထ-မဟေ့ထ ဟူ၍ခေါ်ဝေါ်ကြသည် အထက်ဖော်ပြပါနေရာနှစ်
ခုလုံး၌ ရှေးဟောင်းကာလကတည်ဆောက်နိုင်ခဲ့ပါသည် အဆောက်အသီး ပြိုပျက်နေခဲ့သည့်အဆောက်အ
ဦးများတွေ့ရှိနိုပါသည်။ ဤမြို့ကလေး နှစ်ခုစလုံးသည် လက်ရှိအချိန်တွင် ဘလရမ်းပူရ်ဇနပဒ(တိုက်နယ်)
အတွင်းတည်၇ှိနေပါသည်။ဤနေရာများသည်ဘလရမ်းပူရ်မှ ၁၄ ကီလိုမိတာ နှင့် ဘဟရအိ(ရ်)မြို့မှ ကီလို
မိတာ-၄၀ ခန့်ဝေးကွာပါသည်။  ဆဟေ့ထ် ဟုခေါ်သည့်နေရာသည် ဗုဒ္ဓသက်တော်ထင်းရှားရှိစဉ်ကာလက
ထင်ပေါ်ကြော်ကြားခဲ့သည့် ဇေတ၀န်တည်ရှိရာနေရာဖြစ်သည်။ အနာထပိန္ဒက သူဋ္ဌေးကြီးသည် ထိုဥယျဉ်
နေရာကို ဇေတမင်းသားတို့ထံမှဝယ်ယူခဲ့ပြီး ဇေတ၀န်ကျောင်းတော်ကြီးကိုတည်ဆောက်၍ အရှင်ဗုဒ္ဓအား
လှူဒါန်းခဲ့သည်၊ လမ်းမကြီးမှမီတာ-၄၀၀ခန့်ဝေးသည့်နေရာတွင် ဇေတ၀န်ဥယျာဉ်ကို ယနေ့ထက်တိုင်တွေ့
နိုင်ပါသည်။ ဇေတ၀န်ကျောင်းတော်၏ မုခ်တံခါးဝကို ထိုအချိန်ကကောဋထကဒွါရဟုခေါ်သည်။ထိုဒွါရမုခ်
ကိုဇေတမင်းသားက အကုန်အကျခံ၍တည်ဆောက်ခဲ့ကြောင်းစာပေများ၌ရေးသားဖော်ပြထားသည်။
ကျောင်းတော်အ၀င်ဝ၌ အာနန္ဒာဗောဓိပင်ကိုတွေ့ရှိနိုင်ပါသည်။ ထိုဗောဓိပင်ကို ဗုဒ္ဓဂယာမှ ဗောဓိညောင်ပင်
၏အစေ့ကိုယူ၍ ရှင်အာနန္ဒက မျီုးပွါး၍စိုက်ပျီုးခဲ့သည် ဘန္တေအာနန္ဒာကစိုက်ပျီုးခဲ့သည့်အတွက် ထိုအပင်ကို
အာနန္ဒဗောဓိပင်ဟူ၍ ခေါ်ကြသည်။ရှေးဟောင်ဇေတ၀န်ကျောင်းပျက်အုတ်ပုံ၏ အရှေ့ဘက်အရပ်တွင်
ယနေပတိုင်တွေ့ရှိနိုင်ပါသည်ယနေ့တိုင်တွေ့ရှိရသည့်ညောင်ပင်မှာ မူလအာနန္ဒာဗောဓိပင်၏ဆင့်ပွါးအပင်
အဖြစ်ဘာသာဝင်တို့ကကိုးကွယ်ကြပါသည်။ဤအပင်သည်အလွန်တရာရှေးကျ၍ကြီးမားသည်အပင်ဟောင်း
တစ်ခု ဖြစ်နေပါသဖြင့်၎င်းအပင်၏ ကိုင်းကြီးများကို သံတိုင်များဖြင့်ထောက်ထားကာ သဘာဝလေဘေး
မုန်တိုင်းဘေးတို့မထိရလေအောင် အကာအကွယ်ပေးထားသည်။
        ရှင်အာနန္ဒာသည်မြတ်စွာဘုရားနှင့် အနီးကပ်ဆုံးနေခဲ့ရပြီးရှင်ဗုဒ္ဓအား အများဆုံးပြုစုလုပ်ကျွေးခွင့်ရ
ခဲ့သူအဖြစ်ဗုဒ္ဓစာပေကျမ်းဂန်တို့တွင်ဂုဏ်ရောင်ထွန်းလင်း တောက်ပြေင်သူ တဦးအနေညဖင့်တင့်တယ်
သည့်နေရာရရှိထားသည်။ အာနန္ဒာဗောဓိပင်သည်လည်း ဗုဒ္ဓဂယာရှိ ဗေဓိညောင်ပင်၏ မျီုးစေ့မှ အမွေ
ဆက်ခံထားသည့် အပင်ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါကြည်ညိုမူခံရသည့် သမိုင်းဝင်ညောင်ပင်
တစ်ပင်အဖြစ်တင့်တယ်ညခင်းဆောင်ထားလေသည်။
ဤဗောဓိပင်သည် လက်ရှိဝိဟာရကျောင်းတိုက်သို့ လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးခ၇ီးသည်တို့အ
တွက် အဓိကဆွဲဆောင်မူဖြစ်နေသည်။-၁၈၆၂-၆၃ ခုနှစ်များတွင် သာဝတ္ထိမြို့ဟောင်းကို ပထမဦးစွာသုတေ
သီ(GENERAL CUNNIGHAM) ကရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာကိုတူးဖော်သည့်အခါ တောတောင်လှို
မြောင်ဖြစ်နေပြီး အညမင့်ခုနှစ်ပေလေးလက်မခန့်ရှိသော ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူကို၇၇ှိခဲ့ပါသည်။၎င်းရုပ်ပွါး
တော်တွင် ကမ္မည်းကျောက်စာထိုးထားသည့်အဆိုအရ ထိုဆင်းတုတော်ကို မထုရာမြို့နယ် ဘိက္ခုဗလက
ထိုနေရာတွင်တည်ထောင်ခဲ့ကြောင်းသိ၇ှိရပါသည်။ဤရုပ်ပွါးတော်ရှာဖွေတွေ့ရှိခဲ့သည့်နေရာကိုဆာဟေ့ထ
(ဇေတ၀န်)ဟုခေါ်သည်။
ဆက်လက်ရေးသားပါဦးမည်.
အရှင်မုနိန္ဒ(ပန်းထော်) (သာဝတ္ထိဇေတ၀န်ကျောင်းတော်အနီးက အာနန္ဒဗောဓိပင်ကြီး)
>>>ဆက်ဖတ်ရန်>>> >>
Tuesday, 11 June 2013
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄၀ )
(၁) မဂဓမင်း အဇာတတသတ်သည် လိစ္ဆာဝိမင်းတို့နှင့်နိုင်းယှဉ်လျှင်ပိုပြီး ကုဋနီတ(ရာဇနီတီ) ကျွမ်းကျင်ပါး
နပ်သည့်ဝဿကာရအမတ်ကြီးအားဝေသာလီသို့စေလွတ်ကာ ၀ိဇ္ဖိတိုင်းနိုင်ငံနေ အဋ္ဌကုလ မျီုးနွယ်ရှစ်စုအ
ကြားအချင်းချင်း စိတ်ဝမ်းကွဲပြားမှူတို့ကို ဖန်တီးနိုင်ခဲ့သည်။
(၂)၀ိဇ္ဖိတိုင်းသားတို့သည် ပတ်ဝန်းကျင်အချိန်အခါနဲ့အညီ မိမိတို့၏ စစ်ရေးစွမ်းရည်ကို တိုးမြှင့်တည်ဆော
က်ခြင်းကိုပျက်ကွက်ခဲ့သည်။
(၃)ပုလိပ်(ဂ်)ရောဂါဆိုးကြီး တပြည်လုံး၌ ဖြစ်ပွါး၍ ပျံ့နှံ့နေသဖြင့် ဝေသာလီပြည်သူပြည်သား သေကြပျက်စီး
ခဲ့ကြသည်။
(၄)အဇာတသျှတြူမင်းသည် မိမိ၏ညီအစ်ကို တစ်ဝမ်းကွဲများကိုစုရုံ၍တပ်ဗိုလ် တပ်မူးများခပ်အပ်ကာ ထိုးစ
စ်စွမ်းရည်မြှင့်တင်နိုင်ခဲ့သည်။
(၅)အဇာတသတ်၏ရန်ကိုရင်ဆိုင်နိုင်ရန် ဖွဲ့စည်းထားခဲ့သည့် မဟာမိတ်တပ်ဖွဲ့အကြား အချင်းချင်းစုစည်းမူ
ပြိုကွဲကာ သူတဗိုလ် ငါတစ်မင်းဖြစ်နေခဲ့ကြသည်။ လစ္ဆာဝီမင်းတို့မှ မူလခိုင်မြဲံတောင့်တင်းသည့် စစ်ရေးမ
ဟာမိတ်ကို နောက်ဘယ်အခါမျှ မတည်ဆောက်နိုင်ခဲ့ချေ။
(၆)နိုင်ငံအတွင်းသေနာပတိကဲ့သို့ အရေးကြီးသည့် ရာထူးနေရာကို မျီူးရိုးမှ ဆက်ခံရမည့် အလေ့အထဆိုး
ကိုခွင့်ပြုထားခြင်းသည် ရာဇာသန္တရ အုပ်ချူပ်မူနဲ့ ဘာမျှထူးခြားခြင်းမရှိချေ။
(၇)၀ိဇ္ဖိဂဏသန္တရ အုပ်ချုပ်မူစနစ်အောက်တွင် အဖွဲ့ဝင်တိုင်းကို မိမိကိုယ် မိမိမင်းဟုခေါ်ပိုင်ခွင့်ပေးထားလေ
သည်။ထို့ကြောင့် အဖွဲ့ဝင်များကမာနထောင်လွားလာခဲ့သည်။အဖွဲ့ဝင်များကတစ်ဦးနှင့်တစ်ဦး တန်းတူအခွင့်
အာဏာရှိကြောင်း အုပ်ချုပ်မူ ယန္တယားဘောင်တွင် ရာထူးဋ္ဌာနန္တရကြီးသူများ၏ အမိန့်ကိုနားမထောင်ဥပေ
က္ခာပြုလာခဲ့ကြသည်။ တစ်ဦးတယောက်၏ ခေါင်းဆောင်မူကို ပစ်ပယ်လာခဲ့ကြသည်။
(၈)ရှင်တော်မြတ်ဗုဒ္ဓ ပရိနိဗ္မာန်စံတော်မူခဲ့ပြီဖြစ်သည့်အားလျော်စွာ ဘုရား၏ ဒေသနာတော်များကိုကြားနာ
ရန်မရှိခဲ့ခြင်း။
(၉)၀ဇ္ဖိမျီုးနွယ်စု တိုင်းနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ လျို့ဝှက်ချက်များမှ လူသိ၇ှင်ကြားပေါ်ထွက်လာခဲ့သည်။
မယုံကြည်ရသည့် မဂဓသူသျိုဖြစ်နေသည့် ၀ဿကာရကို ယုံကြည်ကာ မပေးသင့် မပေးထိုက်သည့်သတင်း
ပေးလာခဲ့ညခင်း။
(၁၀)လိစ္ဆ၀ီတို့ အချင်းချင်း မယုံမကြည်ကွဲပျက်ကာ ဝေသာလီမှထွက်ပြေး၍ မဂဓတိုင်းတွင် ခိုကိုးလာခဲ့သ
ည့် သိဟသေနာပတိ၏သား ဂေပကသူ့အဖေရာထူးကို ဆက်လက်မခံယူပဲ မဂဓသို့သွားကာ ဝေသာလီပြ
ည် လုံခြုံရေးဆိုင်ရာ အားနည်းချက်သတင်းများကိုသစ္စာပေါက်ကာ ရန်သူထံပေးလာခြင်း။
(၁၁)လိစ္ဆာဝီတို့သည် ဝေသာလီပြည်ကိုစွန့်ခွါကာ အိမ်နားနီးခြင်းတိုင်းပြည်များဖြစ်သည့် တိဘက်၊ နီပေါ
စသည့်နိုင်ငံများသို့ ထွက်ပြေးသွားလျှက် ထိုနိုင်ငံများ၏နိုင်ငံရေးတွင် ပို၍စိတ်ဝင်စားလာခဲ့ခြင်း။
(၁၂)ဂုပ္တမင်းဆက်မှ မင်းများအား ပို၍ပို၍ အားကိုးလာခြင်း ယင်းဂုပ္တမင်းဆက်များက ၀ိဇ္ဖိတိုင်းဒေသ၏နယ်
မြေအချို့တို့ကို မိမိနိုင်ငံ၏ နယ်နမိတ်အသွင်သွင်းကာထားခဲ့သည်။
(၁၃)၀ိဇ္ဖိတိုင်းသား လူငယ်များမှာ တိုင်းချစ်ပြည်ချစ် စိတ်နည်းပါးလာ၍ အပျော်အပါးကျူးလိုသည့် စိတ်ဆန္ဒ
များပြားလာခြင်း။
(၁၄)သံသဃရမှ အစည်းအဝေးတက်ရောက်ခြင်းမှ ပျက်ကွက်လာခဲ့ရခြင်းနှင့်  အရေးပေါ်အချင်းအရာများ
ပေါ်ပေါက်လာသည့်အချိန်တွင် သံသဃရ၏ ခေါင်းလောင်းကို အကြိမ်ကြိမ်ထု၍ ခေါ်လာသော်လည်းစုံစုံ
ညီညီတက်ရောက်လာကာ ခုခံစစ်ပွဲကို စနစ်တကျ ဆိုင်ပင်ဆွေးနွေးမူမရှိပဲ မဂဓတပ်တို့ ထိုးနှစ်ခြင်းကို အစီ
အစဉ်တကျ ခုခံခြင်း မပြုနိုင်ခဲ့သည့်အဖြစ်ကအားလုံးကစဥ့်ကလျား စစ်ရှူံးခဲ့ရပြီး ဝေသာလီပြည်ကြီးလည်း
ပျက်စီးခဲ့ရလေသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
Monday, 10 June 2013
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ ၉ )
                                            အပရိဟာဏိယ-တရား(၇)ပါး
                                                     အပရိဟာနိယ
ဝေသာလီသည် ရှင်ဗုဒ္ဓ၏(ကမ္မဘူမိ)သီတင်းသုံးရာနေရာဖြစ်ခဲ့သည်။ဗုဒ္ဓအရှင်ဘုရားသည် များပြားနက်နဲ
သည့် တရားဒေသနာများကို ဝေသာလီ၌ ဟောကြားခဲ့ဘူးသည်။ လစ္ဆ၀ီဂဏနိုင်ငံ၏ တည်တံ့ခိုင်မြဲရေးနဲ့
၎င်းမင်းတို့၏ ကောင်းကျီုးကိုရှေးရှူ၍ အရှင်ဗုဒ္ဓသည် သာရန္နဒ၀ံစေတီကျောင်းတော်၌ ဘယ်သောအခါမျီုး
မှအရှူံးမပေါ်စေသည့် (အပရာဇိတ) အပရိဟာနိယ တရားခုနှစ်ပါးတို့ကို ဟောကြားတော်မူခဲ့သည်။ထိုတ
ရားများနှင့် အညီလိုက်နာ ကျင့်သုံးသွားပါက ဝေသာလီနိုင်ငံသည် မဇ္ဈိမဒေသခေါ် ဘာရတပြည်တခွင်
တုပမရနိုင်အောင် ခိုင်မာတောင့်တင်း စည်ပင်သာယာကြွယ်ဝတိုင်းပြည်အဖြစ် ကြာရှည်စွတည်တံ့သွား
နိုင်မည်ကိုရည်ရွယ်၍ ဟောကြားပေးခဲ့ညခင်းဖြစ်သည်။
                   မဂဓဘုရင် အဇာတရှတြူမှာ အလွန်ရက်စက်ကြမ်းကြုတ်ပြီး ရမ္မက်ကြီးသောမင်းတစ်ပါး
ဖြစ်သည်။ ထိုအချိန်ကာလ၌ မဂဓနဲ့ခေတ်ပြိုင်ဖြစ်သော ဝေသာလီနိုင်ငံတော်မှာလည်း အင်အားတောင့်
တင်းခိုင်မာသည့်နိုင်ငံဖြစ်နေသည်။ ဝေသာလီမင်းတို့၏စည်းစိမ်ဥစ္စနှင့် နိုင်ငံတော်၏အင်အားခိုင်မာမူတို့
ကိုတွေ့မြင်သောမဂဓဘုရင်အဇာတရှတြူမှ အမြဲမနာလိုဝန်တိုမူ ဖြစ်ပွါးနေခဲ့သည်။ မဇ္ဈိမဒေသတခွင်တွင်
မဂဓဘုရင်များက လွန်ခဲ့သောစောစောပိုင်းကာလကပင် အင်အားအကြီးမားဆုံးဘုရင်များဖြစ်ခဲ့ဘူးပါသည။
အဇာတရှတြူမင်းက နယ်ရှဲ့လို၍ ဝေသာလီနိုင်ငံကို သိမ်းပိုက်သည့် ဆန္ဒပြင်းပြနေသည့်မင်းတပါးဖြစ်သည်
 ဖခမည်းတော်မင်းကြီး ဗိမ္မိဿရကိုသတ်ပြီးနောက် အဇာတသတ်သည် ဝေသာလီပြည်ကိုတိုက်ခိုက်သိမ်း
ပိုက်နိုင်ရန် စီစဉ်လာခဲ့သည်။ ၀ဇ္ဖိတို့၏ဂဏနိုင်ငံတော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်မည့် အရေးကိစ္စသည်
လွယ်ကူလိမ့်မည်မဟုပ်ကြောင်းကို မဂဓဘုရင် ကောင်းစွာသဘောပေါက်နားလည်ထားသည်။ သို့ဖြစ်ပါ၍
အဇာတသတ်သည် မဂဓပြည်၏အမတ်ကြီး ၀ဿကာရကို မြတ်ဗုဒ္ဓထံ စေလွတ်ကာ အကြံတောင်းခံသည်။
          ထိုအချိန်တဆွင် တထာဂတသည်(ဂိဇ္ဖကုဋ်)တောင်ထိပ်ရှိ ကုဋိကျောင်း၌သီတင်းသုံးလျှက်ရှိခဲ့သည်
ဝဿကာရသည် ဘုရားထံရောက်လာ၍ဦးစွာပထမ မြတ်ဗုဒ္ဓအား ရှိခိုးပူဇော်အရိုအသေပြုကာ သင့်တော်
သည့်နေရာမှာနေ၍ မိမိ၏ဘုရင်ထံမှ တထာဂတအားပို့ပေးသည့် လောက၀တ်ပျူငှာပြုခြင်းတို့ကို လျှောက်
ထားတော်မူပြီးနောက်" အရှင်ဘုရား မဂဓဘုရင်သည်ဝဇ္ဖိတို့၏နိုင်ငံတော်ကို ထိုးစစ်ပြုလိုသည့်ဆန္ဒရှိသဖြင့်
ဘုရားထံမှ သဘောတူညီမူတို့ကို ရယူနိုင်ရန် တပည့်တော်အား ပန်ကြားလျောက်ထားခိုင်းထားပါကြောင်း
ဘုရား" ၀ဿကာရ၏ထိုပန်ကြားလျောက်ထားချက်များကိုကြားသိ၍ မြတ်ဗုဒ္ဓသည် ရှင်အာနန္ဒာဘက်သို့
မျက်နှာမူ၍ အောက်ဖော်ပြပါအတိုင်း မိန့်ကြားတော်မူသည်။" ချစ်သားအာနန္ဒဒ-၀ိဇ္ဖိတိုင်းသားတို့ အပရဟာ
နိယတရား ခုနှစ်ပါးနှင့် အညီကျင့်ကြံ အားထုတ်ကြပါသလား"
               "၀ဇ္ဖိတိုင်းရင်းသားအပေါင်းတို့မှ အပရဟာနီယ တရားခုနှစ်ပါးနှင့် အညီအပြည့်အ၀ကျင့်ကြံအား
ထုတ်ကြပါသည်ဘုရား" ဟုရှင်အာနန္ဒာကဖြေတော်မူသည်။ ထိုအခါအရှင်ဗုဒ္ဓသည် ရှင်အာနန္ဒာ မှတစ်ဆင့်
ဤသို့မိန့်ကြားတော်မူလေသည်။ဝိဇ္ဖိတိုင်းရင်းသားများ ထိုတရားတော်မြတ်(၇)ပါးကို လက်တွေ့ကျင့်ကြံ
အားထုတ်သွားသရွေ့ ကာလပတ်လုံးအနိုင်ယူနိုင်ရန်ခက်ခဲလိမ့်မယ်။
                                       အပရဟာနီယ တရား(၇)ပါး
(၁)အချိန်အခါ အားလျော်စွာ မှန်မှန်စည်းဝေး တိုင်ပင်ဆုံးဖြတ်ခြင်း.....
(၂)သက်ကြီးဝါကြီးတို့အား လေးစားခြင်းနှင့် ၎င်းတို့၏ပြောစကားအတိုင်းလိုက်နာခြင်း.....
(၃)အချင်းချင်း ညီအကိုမောင်နှမပမာ ချစ်ခင်စွာ နေထိုင်ခြင်း(၀ါ) မည်သူကိုမျှရန်မျီုးမထားသည့်စိတ်မျီုး
မွေးကြခြင်း...
(၄)အမျီုးသမီးများ၊ အပျီိုကညာတို့အား လေးစားသမူ(၀ါ) မိန်းမသားများအပေါ် နိုင်ထက်စီးနှင်းမပြုခြင်း...
(၅)စေတီ ပုထိုးများ၌ အချိန်အခ့အားလျော်စွာ စုဝေးကာ တရားဘာဝနာပွါးများခြင်းနှင့်ဘာသာရေးကျောင်း
သင်္ခန်းများကိုကြည့်ရှူ့စောင့်ရှောက်ခြင်း...
(၆)တရားဓမ္မနှင့် အညီ ဘ၀ရှင်သန်ခြင်း(၀ါ) ၀ပဒတရိယတို့၏ ဆုံးမသြ၀ါဒတရားဒေသနာ အတိုင်းလိုက်လံ
ကျင့်ကြံအားထုတ်ခြင်း...
(၇)မိမိ၏တာဝန် ၀တ္တရားအားလုံးတို့ ကျေပွန်အောင်ပြုလုပ်ခြင်း ဤသည်တို့က အပရဟယနီတရား(ဘယ်
သောမစွန့်စေရသည်တရား) ခုနှစ်ပါး၏အနက်ဖြစ်၏။
          ထိုစကားများကိုကြားပြီးနောက် အမတ်ချူပ်ကြီးဝဿကာရသည်မြတ်ဗုဒ္ဓအား လောက၀တ်ပြု၍
မဂဓနန်းတော်သို့ပြန်သွားခဲ့သည်။တထာဂတမိန့်ကြားပေးခဲ့သည့် စကားများ၏အနက်များကို နားလည်
သဘောပေါက်ကာ-အဇာတသတ်မင်းသည်ဝိဇ္ဖိတိုင်းနိုင်ငံကို ထိုးစစ်ပြုကာသိမ်းပိုက်မည့် သူ၏ပစီအစဉ်များ
ကို ရပ်ဆိုင်းခဲ့လေသည်။ဘုရင် အဇာတသျှတြူသည် ဗုဒ္ဓသက်တော်ထင်ရှားရှိနေသည့်အချိန်ကာလတွင်
လိစ္ဆ၀ီတို့၏ ၀ဇ္ဖတိုင်းကို စစ်မပြုဝံ့ရဲခဲ့ပါ။ နောက်ပိုင်းအချိန်ကာလတွင် လိစ္ဆ၀ီတို့အကြား အာပရဟာနီယတရ
တရား (၇)ပါးတို့အားနည်းဥပါယ်အမျီုးမျီုးဖြင့် ပြိုပျက်သွားစေခဲ့ပြီးနောက်
မဂဓဘုရင် အဇာတသျှတြူမှဝိဇ္ဖ
နိုင်ငံတော်ကိုသိမ်းပိုက်နိုင်ခဲ့လေသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
Sunday, 17 February 2013
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ ၈ )
                                 သျှာတရကျမ်းဂန်အကြောင်းအခြေအတင်ပြောဆိုပွဲ
အခါတပါး၌ ဝေသာလီမှ ဂျိမ်းဘာသာဝင် အမျီုးသ္မီး ၄ ဦးတို့သည် သျှာတရကျမ်းဂန်အကြောင်းကိုအခြေအ
တင်ပြောဆိုပြိုင်ပွဲတစ်ခုကို ၀င်လိုသည့်စိတ်ဆန္ဒဖြင့်သာဝတ္ထိမြီု့ မဟာဝိဟာရကျောင်းရှေ့သို့ရောက်လာခဲ့၍
ဇမ္ဗူအောင်(သပြေ)ကိုင်းတစ်ခုကို အလံအဖြစ်စိုက်ထူကာ ဤသို့ကြေငြာခဲ့လေသည်။
  "အကြင် ဂေဟပတိ-ဒကာယောင်္ကျားမှ ကျမတို့နှင့်သျှာတရကျမ်းအကြောင်းကိုအခြေအတင်ပြောဆိုပြိုင်ပွဲ
ဝင်ကာအနိုင်ယူသွားပါက၊ကျမတို့သည် ထိုယောင်္ကျား၏ ဇနီးမယားအဖြစ်ကိုခံယူကြပါမည်။ထိုယောင်္ကျား
သည် သာသနာဘောင်တွင် ပျော်မွေ့သူ ရသေံရဟန်းဖြစ်နေပါလျှင် ကျမတို့သည် အကျင်သူ၏ တပည့်သာ
ဝကအဖြစ်ခံယူကာ သီလရှင်များပြုလုပ်သွားပါမည်-ဟူ၍စိန်ခေါ်ခဲ့ကြလေသည်။ ထိုစဉ်က ရှင်သာရိပုတ္တရာ
မထေရ်ကြီး သာဝတ္ထိမြီု့ မဟာဝိဟာရကျောင်းတော်၌ သီတင်းသုံးလျှက်ရှိခဲ့ရာ ကျောင်းရှေ့တွင် သပြေကိုင်း
ကို အောင်လံလုပ်၍ စိုက်ထူကာ စိမ်ခေါ်နေခဲ့ကြသည်။ အမျီုးသ္မီး-၄-ဦးတို့၏စိမ်ခေါ်ချက်ကို သပြေကိုင်းကို
နုတ်ပယ်ကာ လက်ခံတော်မူခဲ့သည်။ထိုအမျီုးသ္မီး-၄-ဦးမှာ ရှင်သာရိပုတ္တရာထံသွားရောက်ကာဒဿနဆိုင်
ရာမေးခွန်းများကို တစ်ခုပြီးတစ်ခုမေးမြန်းခဲ့ကြရာ ရှင်သာရိပုတ္တရာကလည်း ၎င်းတို့မေးမြန်းခဲ့သမျှမေးခွန်း
များကို အေးအေးဆေးဆေးဖြေကြားသွားခဲ့သည်။ ထိုအမျီုးသမ္မီးများမေးစရာမေးခွန်မရှိကြသောအခါ ရှင်
သာရိပုတ္တရာက ၎င်းတို့အား မေးခွန်းတစ်ခုမေးမြန်ခဲ့ပါသည်။"ဧကံနာမကိံ" ဆိုလိုသည်မှာ ဧက(တစ်)ဟူ၍
အဘယ်အရာကိုဆိုလိုပါသနည်း?ထိုမေးခွန်းကိုကြားရ၍ ပြိုင်ပွဲဝင်အမျီုးသ္မီးတို့မှာ အံ့အားသင့်ကာတိတိဆိ
တ်သွားခဲ့ကြလေသည်။ အဖြေမပေးနိုင်ခဲ့ကြသည့်ထိုအမျီုးသ္မီးများက အရှုံးပေးခဲ့ရပါသည်။ ထိုအမျီုးသ္မီး ၎
ဦးတို့က အဖြေမှန်ကို ရှင်သာရိပုတ္တရာအားသိလိုကြောင်း မေးလျှောက်ခဲ့ကြရာ-ရှင်သာရိပုတ္တရာမထေရ်က
"သဗ္ဗ သံသထာ အာဟာရတ္ထိကို"ဟူ၍ရှင်သာရိပုတ္တရာကဖြေဆိုခဲ့လေသည်။ ဆိုလိုသည်မှာ သတ်သိမ်း
သောသတ္တ၀ါအပေါင်းတို့သည်"အာဟာရ"တစ်ခုကိုသာမှိဝဲရ၏။ နောက်ဆုံးထိုအမျီုးသ္မီးများသည် သာရိ
ပုတ္တရာထံတပည့်ခံယူခွင့်ကိုပန်ကြားလာခဲ့ရာ-"ဒကာမတို့ ငါ့ထံ၌ တပည့်ခံမည့်အစား ငါ့၏ဂုရုမြတ်ဗုဒ္ဓထံ
တပည့်ခံကြပါလျှင် သင်တို့မှာပို၍ အကျီုးထူးလိမ့်မည်"ဟူ၍ရှင်သာရိပုတ္တရာကပြောဆိုပြီးလမ်းညွန်ပေးခဲ့
လေသည်။
ရှင်သာရိပုတ္တရာ၏ညွန်ကြားချက်အရာ-ထိုအမျီုးသ္မီး-၄-ဦးတို့သည်ရှင်တော်မြတ်ဗုဒ္ဓထံချဉ်းကပ်ကာဘိက္ခူ
နီအဖြစ် ဗုဒ္ဓသာသနာတော်တွင်းဝင်ရောက်လာခဲ့ကြတော့သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်) PhD waiting။
>>>ဆက်ဖတ်ရန်>>> >>