Sunday, 29 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၂၄

ဘုရားက ဘုရားဖြစ်တယ်ဆိုတာ ယုတ္တိမရှိပါဘူး။ ဒါကို ကိုးကားပြောဆိုလို့ကောင်းတဲ့ မြန်မာစကားတောင်
မဟုပ်ပါဘူး။ ဘုရားကဘုရားဖြစ်တယ်ဆိုတာ.....ယုတ္တိကင်းမဲ့တဲ့အတွက် ယုံကြည်ဖို့အလွန်ခဲယဉ်းပါတယ်
ပြောတိုင်းမယုံကြည်ပါနဲ့၊ စဉ်းစားပြီးမှယုံကြပါ။ လူတစ်ယောက်ဟာ ကျောင်းနေပြိး စာမသင်ဖူးပဲနဲ့ ဘီအေ၊
အမ်အေ၊အိုင်ဒီအက်စ် အောင်တယ်ဆိုတာမိတ်ဆွေတို့ယုံကြမလား။လယ်သမားတစ်ယောက်လယ်ထဲဆင်း
လည်း မဆင်း၊ ထွန်လည်းမထွန်၊ပျီုးလည်းမနုတ်၊ ကောက်လည်းမစိုက်၊ ရိတ်နှယ်ခြင်းလည်းမပြုပဲနဲ့အိမ်ပေါ်
မှာ အိပ်နေရုံမျှနဲ့ စပါးရနိုင်ပါ့မလား။ ဘယ်တော့မှ မရနိုင်ပါဘူးလုပ်မှကိုင်မှရကြတယ်ဆိုတာအထင်အရှားပါ
(အခုလည်းဘုရားဖြစ်တယ်ဆိုတာဘုရားဖြစ်ဖို့လုပ်ငန်းများကိုမလုပ်ပါပဲ
နဲ့ယုတ္တိရှိပါ့မလား) ယုတ္တိမရှိပါဘူး။ အဲဒီလို ယုတ္တိမရှိတာကို ယုံသင့်မယုံသင့်စဉ်းစားကြည့်ကြစမ်း။
          "ထာဝရဘုရားကတော့ သူသာယုံကြည်ကိုးကွယ် ဘာမှမပူနဲ့တဲ့။ ကဲယုံကြမလား၊ ယုံနေတဲ့သူတွေ
အခုဒီမှာအများကြီးပဲ ထာဝရပေးလို့ရတဲ့စပါး ဘယ်နှစ်ယောက်စားရဖူးလဲ ထာဝရချက်ပေးတဲ့ထမင်းဘယ်
နှစ်ယောက်စားဖူးလဲ ထာဝရဖန်ဆင်းပေးတာလက်တွေကျကျဘယ်သူတွေရဖူးလဲ။ကိုယ့်ဘာသာကိုယ်လုပ်
ရတာသော် လည်းကောင်းဈကိုယ်ပိုင်ဥာဏ်နှင့် ရှာကြံပြီးရရှိတဲ့ ပိုက်ဆံနှင့်တန်ရာတန်ကြေးပေးမှရရှိကြတာ
ချည်းပဲမလားထာဝရကပေးတာတွေ့ဖူးလားဈေးဝယ်ရာမှာစီးပွားရေးလုပ်တာမှာထာဝရကပိုက်ဆံတွေပစ္စည်း
တွေလာဖန်ဆင်းပေးတာတွေ့ဖူးလား ကိုယ်ဟာကိုပဲလုပ်မှရကြတာမလား ဘယ်မှလည်းထာဝရဖန်ဆင်းပေး
ထားတဲ့ အိမ်၊ ရွှေ၊ ငွေ ပစ္စည်း တကယ်ဖန်ဆင်းပေးတာဆိုရင် ထာဝရဖန်ဆင်းပေးထားတဲ့ ပစ္စည်းတွေ ရွှေ 
ငွေ ပစ္စည်းတွေကို အခုလူပုံအလယ်မှာ ဓမ္မဆရာကြီးတွေ ထုပ်ပြကြစမ်းပါ ယုတ္တိမရှိတဲ့စကားလုံးတွေပဲပြော
နေရင်တော့ ပညာဥာဏ်ရှိတဲ့သူတွေ ကိုယ်ပိုင်ဥာဏ်ရှိတဲ့သူတွေ ယုံမှာမဟုပ်ဘူး။ ဦးပဉ္ဇင်းတို့ရဲ့ ဂေါတမရှင်
တော်ဘုရားကတော့ (အတ္တဟိ၊ အတ္တနောနာထော)တဲ့။  ကိုယ့်အားကိုကီုးကြတဲ့။အဲဒီတော့ကာ လက်တွေ့
မှာ ကိုယ်လုပ်မှကိုယ်ရတာကို ထင်ရှားမနေပေဘူးလား။ ဘယ်ဘုရားဟောတာက ခုလူတွေမှာ လက်တွေ့
မှန်သလဲ၊ ခရစ်ယာန်ဓမ္မဆရာကြီးတွေကိုယ်တိုင် ဒီအထိအောင်အပင်ပန်းခံပြီး လာနေစရာတောင်မလိုဘူး
အိမ်ကနေပြီးထာဝရဘုရားကို တိုင်တည်ဆုတောင်းပြည့်သွားတဲ့အတိုင်း ရှုံးပြီး အေးအေးဆေးဆေးထိုင်
နေရုံပဲရှိတော့တယ်။ ဘာမှကိုပြောစရာမလိုတော့ဘူးမဟုပ်လား။.....ဟောအခုတော့ မနက်အချိန်ကပဲလူ
တွေ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းလာနေကြပြီ။ ဘာဖြစ်လို့ အနန္တတန်ခိုးတော်ရှင် ထာဝရဘုရားဟာသူ
တို့ယုံကြည်ကိုးကွယ်ကြည်ညိုတဲ့ လူတွေ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းလာတာကြည့်နေရသလဲ။
( သြဘာသံများ)...နောက်တစ်ခါ သတ္တမအချက်က သုံးခုတစ်ဆူ ဘုရားဆိုတဲ့ကိစ္စ၊ဓမ္မဆရာတစ်
ယောက် ခမည်းတော်၊ သားတော်၊  သန့်ရှင်းသော   ၀ိညာဉ်တော်အားဖြင့်   သုံးခုပေါင်းဘုရားတစ်ဆူဖြစ်
တယ်လို့ပြောသွားပါတယ်။ ခမည်းတော်ဆိုတာက ထာဝရ၊   သားတော်ဆိုတာက ယေရှူ ခရစ်လို့ဆိုပါ
တယ်။ ထာဝရနှင့် ယေရှူ့ခရစ်တို့ဟာ တူပါတယ်တဲ့။ မတူတဲ့အကြောင်းကို ဦးပဉ္ဇင်းက ပြောပြရသေးတာ
ပေါ့။ ဓမ္မဟောင်းကျမ်းက ထာဝရဘုရားက လက်စားချေဖို့ ဟောတယ်။ကိုယ့်သွားတစ်ချောင်းကိုချီုးရင်၊
သူ့သွားတစ်ချောင်းကိုချီုးပစ်ရမယ်တဲ့။ ကိုယ့်မျက်လုံးတစ်လုံးဖောက်ရင် ညသူ့မျက်လုံးတစ်လုံးကိုဖောက်
ပစ်ရမယ်တဲ့။( AN EYE FOR AN EYE) ဆိုတဲ့တရားပေါ့။အဲဒါဟာ ခမည်းတော် ထာဝရဘုရားရဲ့တရားပါ
အဲ...သားတော်ယေရှူ့ခရစ်ကတော့ လက်စားမချေဖို့ သည်းခံဖို့ ဟောတယ်။ ညာဘက်ပါးကိုရိုက်လျှင်ဘ
ယ်ဘက်ကပါးကိုပါအရိုက်ခံလိုက်ပါတဲ့။ အဲဒီတော့ခမည်းတော်နှင့် သားတော် ကွဲမနေပေဘူးလား။ ဟော
တဲ့တရားဟာ ဒီလောက်ကွဲနေရင် တူတယ်ဆိုတဲ့စကားဟာမဟုပ်နိုင်တော့ဘူး။ ယေရှူ့ခရစ်ဘာကြောင့်
ဘာလုပ်ဖို့လာသလဲဆိုတဲ့ ကိစ္စကိုကြည့်ရင် အလွန်ရှင်းနေပါတယ်။ သတ္တ၀ါအများကို ကယ်တင်ရန်လာ
တယ်လို့ပြောတယ်။ အဲဒီသတ္တ၀ါဆိုတာ အကုန်လုံးကိုမဟုပ်ဘူး။က္ကုသရေ (ဂျူး)လူမျီုးတို့ကိုသာဆိုလိုပါ
တယ်။ ဗမာ၊ ကရင်၊ ချင်းတို့ဟာဒီအချက်ကိုအထူးသတိပြုဖို့လိုပါတယ်။နက်နက်နဲနဲစဉ်းစားကြဖို့ကောင်း
ပါတယ် ။(ရှင်မဿဲခရစ်ဝင်) အခန်း ၁၀-အပိုဒ် ၅-မှာသင်တို့သည် တစ်ပါးအမျီုးသားတို့ ရှိရာသို့ မသွား
ကြနှင့် ရှမရိ (ဆမားရိယန်း)မြီု့ရွာထဲသို့ မ၀င်ကြနှင့်က္ကုသရေလအမျီုး ပျောက်လွင့်သော သိုးများရှိရာသို့
အရင်သွားကြလော့လို့ ယေရှူ့ကိုယ်တိုင်ပြောခဲ့တဲ့စကားထောက်ရင်တခြားလူမျီုးတွေအတွက်ခရစ်တော်
ပေါ်လာတာမဟုပ်ဘူး က္ကသရေလလူမျီုးများအတွက်သာ ပေါ်လာတာထင်ရှားပါတယ်။
      "ဗုဒ္ဓဘုရားရှင် ဖြစ်ပေါ်လာခြင်းဟာ ကမ္ဘာသူ၊ ကမ္ဘာသား၊ လူမျီုးမခြား၊အားလုံးအတွက်ဖြစ်ကြောင်း
ဘယ်သူမှမငြင်းနိုင်တဲ့အချက်ဖြစ်တယ်။(ဗုဒ္ဓေါလောကေ သမုပ္ပန၊ဟိတာယသဗ္ဗပါဏိနံ၊ဗုဒ္ဓေါလောကေ
ဥပ္ပဇ္ဇဟိဗဟုဇဟိတာယသုခါယအတ္တာယ)အစရှိတဲ့လောကတစ်ခုလုံးအတွက်ဖြစ်ပေါ်လာကြောင်းအဆို
အမိန့်အထောက်အထားတွေအများကြီးရှိပါတယ်။ အဲဒါကြောင့် ဦးပဉ္ဇင်းတို့ရဲ့ ဗုဒ္ဓရှင်တော်ပေါ်လာရခြင်း
ကတော့ ခရစ်တော်နှင့်မတူပဲ ကမ္ဘာသူ၊ ကမ္ဘာသားဆိုရင် ဘယ်လူမျီုးဖြစ်ဖြစ် သတ္တ၀ါအားလုံးအတွက်
ပဲဖြစ်တယ်။အဲဒါကဘယ်သူမှမငြင်းနိုင်တဲ့အချက်ဖြစ်တယ်။ ဟောဒီဓမ္မဆရာကြီးများလည်းဗုဒ္ဓဘာသာ
တရားတော်များကိုသီပြီး၊ နားလည်ပြီး ပုဂ္ဂိုလ်ကြီးများဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ပါဠိတော်များမှာ
ဗုဒ္ဓရှင်တော်ဘုရားဟာ သတ္တ၀ါ ခွဲခြားမှူ့၊ ငါ့ကိုသာ ကိုးကွယ်ကြ၊ ငါ့ကိုမကိုးကွယ်တဲ့လူကို၊သတ်ကြ၊
ဖြတ်ကြလို့ ဟောတဲ့စကားလုံးများ တွေ့ဖူးကြပါသလား။ ပါတယ်ဆိုရင် အခုထောက်ပြကြပါ။ဦးပဉ္ဇင်း
အရှုံးပေးလိုက်ပါ့မယ်။  "သူဟောတဲ့တရားကို လိုက်နာကျင့်သုံးသူ၊ သူညွန်ကြားပြတဲ့ တားမြစ်ချက်
ကို မလုပ်ပဲ ရှောင်ကြဉ်သူ မည်သူမဆို နှာခေါင်းချွန်သည်ဖြစ်စေ၊ လုံးသည်ဖြစ်စေ၊ ပြားသည်ဖြစ်စေ၊
ဧကန်မုချ သံသရာမှ လွတ်ခွင့်ရမယ်တဲ့။ လက်တွေ့သိချင်ရင် လူ့လောက ကိလေသာကုန်ရေး တရား
ကို အားထုတ်ကျင့်ကြံကြည့်ပါ။ မှန်တာတွေချည်းဖြစ်နေတာကိုတွေ့ရပါ့လိမ့်မယ်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ



>>>ဆက်ဖတ်ရန်>>> >>

Friday, 27 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၂၃

နောက်..နံပါတ်ခြောက်အချက်က ဘုရားကဖြစ်တဲ့ဘုရားလို့ဆိုတဲ့ကိစ္စပဲ။ မိတ်ဆွေဓမ္မဆရာများက ဂေါတမ
ဟာ လူကဖြစ်တဲ့ဘုရားတဲ့အဲဒီလိုပြောကြပါတယ်။ ပြောတဲ့အတိုင်းပဲဟုပ်ပါတယ်ဦးပဉ္ဇင်းလည်းဝန်ခံပါတယ်
ဦးပဉ္ဇင်းကသာမဟုတ် ဗုဒ္ဓဘာသာဝင်တိုင်းလဲ ၀န်ခံပါလိမ့်မယ်။ ဂေါတမ ဘုရားဖြစ်တာဟာ အကျီုးတရားပါ
အကျီုးရှိလာတာဟာ အကြောင်းရှိရမယ်ဆိုတာကို တစ်ကမ္ဘာလုံးမှာရှိတဲ့ဘာသာဝင်တိုင်းကထောက်ခံကြပါ
တယ်.......ဘုရားဖြစ်ဖို့အကြောင်းတွေကို အကြောင်းပြုပြီးတော့ လက်တွေ့အားထုတ်ကြီုးပမ်းခဲ့တဲ့အတွက်
ဘုရားတည်းဟူသောအကျီုးတရားကိုရခဲ့ပါတယ်...အလွန်ပဲသဘာဝကျပါတယ်..ဘုရားဖြစ်ဖို့ကိစ္စကိုဂေါတမ
ဘုရားအလောင်းတော်ဟာ အလွန်အမင်းအားထုတ်တော်မူခဲ့ရပါတယ်။ ဒုက္ခတွေအများကြီးခံခဲ့ရပါတယ်။
တွယ်တာစရာအစွဲအမှတ်သင်ညာဟူသ၍ကိုတစ်စုံတစ်ခုမျှမငြိကပ်အောင်အားလုံးကိုတွန်းလှန်ပစ်ခွာတော်
မူခဲ့ရပါတယ်။ ဒီလောက်လူသားတို့က အမှန်အဟုတ်လို့ထင်နေတဲ့ ဥပါဒါန်အစွဲအမှတ်တွေကိုအမှန်အတိုင်း
ဘာမှမဟုတ်တဲ့ ရုပ်နာမ်ဓမ္မသဘာဝဖွဲ့စည်းပေါ်ပေါက်မှူ့ကို တခဏတာပါလားလို့ အမှန်သိတဲ့သဗ္ဗညူတ
ဥာဏ်တော်ကိုရအောင်အားထုတ်တော်မူခဲ့ရပါတယ်..။ ဂေါတမဘုရားဖြစ်ဖို့အကြောင်းကို အားပြုသောအား
ဖြင့် ဘုရာတည်းဟူသောအကျီုးကိုရပါတယ်။ ထိုရရှိသော တရားဟာ ဤလောကရှိ ရုပ်နာမ်သဘာဝသက်
ရှိလောကရဲ့ဇာတိအဖြစ်သည် ဆင်းရဲခြင်းကို ပန္နက်ရိုက်ခြင်းပင် ဒီပန္နက်ကို အစွဲပြုပြီး ဇရာ၊ ဗျာဓိ၊မရဏဆို
တဲ့ သဘာဝဒုက္ခကြီးတို့၏ အုပ်စိုးရာဘ၀အဖြစ်ပါလား။ဒီဘသမျီုးရဲ့ကုန်ရာကုန်ခြင်းသည် သန္တိသုခ နိဗ္ဗာန်
ဓါတ်သားအဖြစ်ရမှသာလျှင် ဖြစ်တာပါလားလို့သိမြင်တော်မူခဲ့ပါတယ်...ထာ၀၇ဘုရားလိုတော့လူတွေထဲက
သူကိုယုံကြည်ကိုးကွယ်တဲ့လူကိုမှကယ်တင်မယ်။မယုံကြည်တဲ့လူ၊ ငြိုငြင်ငြူစူခြင်းခံရမယ်၊ဒဏ်ခတ်မယ်လို့
မပြောခဲ့၊ မဟောခဲ့ပါဘူး။ ဂေါတမရှင်တော်ဘုရား ဟောတာကတော့ ဘယ်သူပဲဖြစ်ဖြစ် မိမိတို့ရဲ့ ကိလေသာ
များရင်များသလောက်လောင်မြီုက်မှူ့ ဒုက္ခတွေခံရမယ်။ ကိလေသာနည်းရင်နည်းသလောက်လောင်မြီုက်မှူ့
ဒုက္ခခံရမယ်။ ကိလေသာနည်းရင် နည်းသလောက်မီးအေးမယ်လို့ဆိုလိုပါတယ်။
        ကိလေသာဆိုတာဘာလဲ-လောဘ-အပိုကိုတပ်မက်တွယ်တာခြင်း၊ဒေါသ-အမျက်ထွက်ခြင်းမောဟ
-မသိနားမလည်ခြင်း ၊တွေဝေခြင်းကိုဆိုလိုပါတယ်။အဲဒါတွေကိုသိနားလည်ရင် ဘယ်သူပဲသိနားလည် နား
လည် ကိုယ့်ဟာကိုလောင်မြီုက်တဲ့မီးက ငြိမ်းအေးမယ်၊ကင်းလွတ်မယ်လို့ဆိုလိုပါတယ်။ဆိုလိုရင်းကတော့
ဗုဒ္ဓရဲ့အလိုအားဖြင့် အကြောင်းတစ်ခုရှိလို့သာ အကျီုးတစ်ခုပေါ်လာခြင်းစတဲ့စပ်ဆက်မှူ့များမဆုံးရင်သံသ
ရာခေါ်ပါတယ်။ ဒီသံသရာဆိုတဲ့အကြောင်း အကျီုးဆက် သဘာဝဒုက္ခကြီးရှိနေသမျှ သားကိစ္စ၊သ္မီးကိစ္စ
စီးပွားရေးကိစ္စ၊ ဘ၀အသက်တည်မြဲရေးဆိုတဲ့ ကျမ္မာရေး၊စားသောက်နေထိုင်ရေး၊ဒီစားသောက်နေထိုင်
ရေးတို့ ပြည့်စုံဖူလုံသော်လည်း လျော့ပါးသွားမှာကိုပူဆွေးစိုးရိမ်ရခြင်း၊မပြည့်စုံသဖြင့်တောင့်တမျှော်မှန်း
အားထုတ်ရခြင်းစတဲ့ ဝေါဟာရဒုက္ခတွေလည်း မဆုံးနိုင်အောင်ထပ်ဆင့်တိုးပွားများပြားနေကြရပါတယ်။
အဲဒီတော့အကြောင်း အကျီုးဆက်၊ ဒီသံသရာကအကြောင်းအကျီုးကင်းတဲ့ ငြိမ်းချမ်းရေးကိုရအောင်..
လောဘ-ဒေါသ-မောဟတွေကိုပယ်ကြပါလို့ ဂေါတမရှင်တော်ဘုရားကဟောကြားတော်မှူခဲ့ပါတယ်။
အဲဒီတော့ဘုရားဖြစ်ရေးအားထုတ်မှူကြောင့် ဘုရားဖြစ်ရတဲ့ လူသာမန်ကဘုရားဖြစ်တာကိုတော့တစ်
ကမ္ဘာလုံးကမငြင်းပါဘူး။ ခေတ်ပေါ်ပညာရှိသူများနှင့်စဉ်းစားကြတဲ့ပုဂ္ဂုလ်တိုင်းကလည်းထောက်ခံထား
ကြပါပြီ.....ဥပမာပုံစံပြောရမယ်ဆိုရင်  ကျောင်းနေပြိးပညာသင်ကြားအားထုတ်ခဲ့တဲ့အတွက်၊ဘိအေ၊
အမ်အေ၊အိုင်စီအက်စ် စတဲ့စာမေးပွဲတွေအောင်ပြီးဘွဲ့ဒီဂရီတွေရခဲ့တဲ့အတွက်ကြောင့် မြီု့အုပ်၊၀န်ထောက်
အရေးပိုင် အစရှိတဲ့ အကျီုးတွေကိုရခဲ့ပါတယ်။ ဒီပရိသတ်ထဲကအရေးပိုင်မဖြစ်ချင်တဲ့လူ၊ ဘုရင်ခံမဖြစ်ချင်
တဲ့လူ ရှိပါသလား။ ရှိမယ်မဟုပ်ပါဘူး အားလုံးဖြစ်ချင်ကြမှာပဲ။ သို့သော်ဘာ့ကြောင့်မဖြစ်ကြသလဲ၊ ဖြစ်နိုင်
တဲ့အကြောင်းတရားတွေကိုအားမထုတ်ခဲ့လို့ပေါ့၊သာမညလူက သူဌေးကြီးဖြစ်တာ အံ့သြစရာကောင်းတယ်
သူဌေးသားက၊သူဌေးဖြစ်တာဘာအံ့သြစရာရှိလဲ။ ဒီလိုပဲ လူကဘုရားဖြစ်တာအံ့သြစရာပေါ့၊ဘုရားကဘုရား
ဖြစ်နေဖို့မလိုဘူး၊ဘုရားကဘုရား  လူက လူဖြစ်တယ်ဆိုတာ အံ့သြစရာလား။ လူကဘုရားဖြစ်ရင် ဘုရားက
လူဖြစ်ရင် လူကမျောက်ဖြစ်ရင် မျောက်ကလူဖြစ်ရင် အံ့သြစရာမကောင်းပေဘူးလား။ ပြောတိုင်းသာယုံကြ
စတမ်းဆိုရင် အားလုံးကိုယ်ပိုင်ဥာဏ်ဆိုတာတွေဟာ အလကားချည်းပဲဖြစ်ရတော့မယ်။ လူကိုမဆိုထားနဲ့
တိရိစ္ဆန်တောင်ယုံထိုက်မှယုံတာ။ ခွေးတစ်ကောင်ကို သူသခင်ယောင်ဆောင်ပြီးပြလို့ ယုံမယ်ထင်သလား။
မြင်းတို့နွားတို့လည်းဒီလိုပဲ ဆင်ဆိုတာပိုတောင်ဆိုးသေးတယ်။ စီးနေကျသူ ဦးစီးမဟုပ်ရင် ခါချပြီးနင်းသတ်
တာမျီုး ဒီအထိသူတို့လည်း ဥာဏ်တွေရှိတာပဲ။ငါ-မင်းသခင်လုပ်မယ်ဆိုရုံနဲ့ ရတာမျီုးတော့ ကျန်ုပ်တို့လူ
သားလူတွေပဲရှိရဲ့ဟုတ်မဟုပ်စဉ်းစားကိုမစဉ်းစားကြဘူး။ လွမ်းစရာပြောရင်လွမ်းပစ်လိုက်တာပဲ၊ဟုပ်လို့
လွမ်းတာကနည်းနည်း၊လွမ်းစရာကောင်းလို့လွမ်းကြတာပါ။ပွဲထဲများကြည့်ပါလား၊ဇာတ်ကတယ်ဆိုတာငှား
တဲ့သူက ပိုက်ဆံပေးလို့လာကတာ၊ပွဲကြည့်တဲ့လူတွေက လွမ်းခန်းမှာ မျက်ရည်များသုတ်လို့..ဟိုမှာတကယ်
ဖြစ်နေတာလည်းမဟုပ်ဘူး။ဇာတ်ကနေတာပါ၊ သူ့မှာတကယ်ဖြစ်နေတယ်အံ့ရော။အဲဒါကျုပ်တို့လူမျီုးတွေပဲ
ဟုပ်မဟုပ်ယုတ္တိသဘာဝနဲ့လည်း နည်းနည်းတော့စဉ်းစားကြဦးပေါ့။ ပြောတိုင်းယုံဖို့ဆိုတာ ကောင်းလည်း
မကောင်းပါဘူး။ သဘာဝလည်းမကျပါဘူး ကိုယ့်မှာရှိတဲ့မျက်စီ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊အတွေးနှင့်လည်း
လေ့လာစဉ်းစားကြဦးမှာပေါ့။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ



>>>ဆက်ဖတ်ရန်>>> >>

Tuesday, 24 April 2012

ကျောက်ကွင်းအရေးတော်ပုံ (အပိုင်း)၂၂

"ဦးပဉ္ဇင်းလည်း မိတ်ဆွေတို့ရဲ့ ထာဝရဘုရားဆိုတော့ အကောင်းချည်းပဲဖြစ်စေလို့တဲ့စေတနာထားပါတယ်။
ဒါပေမဲ့သမ္မာကျမ်းစာ ဖတ်ကြည့်လိုက်တဲ့အခါကြတော့ ဘုရားနှင့် အံမကိုက်တဲ့ မကောင်းတာတွေပါတာ
တွေ့လိုက်ပါတယ်။ ဒါကဦးပဉ္ဇင်းပြောတာမဟုပ်ပါဘူး...သူတို့သမ္မာကျမ်းစာအတိုင်းပြောတာပါ။ ဒါလည်း
ထာဝရဘုရားကိုယ်တိုင်က ရိုးရိုးသားသား ၀န်ခံသွားတာလို့ဆိုပါတယ်။"
         "(ငါဟာ ငြူစူတဲ့ဘုရားဖြစ်တယ်) လို့ ထာဝရဘုရားကိုယ်တိုင်တရားဟောရာကျမ်း
၎း ၂၄၌ပြောခဲ့ကြောင်း သမ္မာကျမ်းစာမှာတွေ့ရပါတယ်။တစ်ခါဓမ္မဟောင်းကျမ်းတရားဟောကျမ်း ၇း၁၀ မှာ
လည်း(ကိုယ်တော်ကိုမုန်းသောသူတို့ကိုဖျက်စီးခြင်းငှာသူတို့၏မျက်မှောက်၌ အပြစ်ပေးသော ဘုရားဖြစ်တော်မူကြောင်းကို သိမှတ်လော့)လို့ရှိပါတယ်။အဲဒီ
ကျမ်းမှာ ၇း ၁၆ မှာလည်း( သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်၌ ပေးအပ်တော်မူသောလူမျီုးပေါင်း
ကို ဖျက်ဆီးရမည် သင်၏မျက်စီသည် သူတို့ကိုမသနားရ သူတို့ဘုရားအား ၀တ်မပြုရ။ဝတ်ပြုလျှင်ထိမိ၍လဲ
စရာအကြောင်းဖြစ်လိမ့်မည်) လို့ပါရှိပါတယ်။
                 ထာဝရဘုရားဟော အခြားဘုရားတွေ ယုံကြည်တဲ့လူကို သဘောကျဟန်မတူဘူးငါမှာတစ်ပါး
အခြားဘုရားတွေကိုမကြည်ညီုကြနဲ့လို့ပြောခဲ့တယ်။ ယေရှူကလည်းတစ်ခြားဘုရားတွေကိုပုတ်ခတ်တယ်ဓမ္မ
ဟောင်း၊ဓမ္မသစ် နှစ်ကျမ်းလုံးမှာ အဲဒါမျီုးတွေပြည့်နှင့်နေပါတယ်။ကိုယ့်တရားကတကယ်မှန်ကန်နေရင်ငြူစူ
ဖို့ မရှိရပါဘူး၊ မနာလိုစရာမရှိရပါဘူး။ခြောက်လန့်ဟန့်တားနေစရာမလိုပါဘူး။ လာကြည့်၊ လုပ်ကြည့် စမ်း
သပ်ကြည့်လို့ဆိုနိုင်ရမှာပေါ့။....အခုတော့မူ မ မှန်လို့ အလြိုမပြောဝံ့ဘူး အမြဲတမ်းခြောက်လန့်နေရတယ်။
လာကြည့်ပါ၊ စမ်းကြည့်ပါလို့ပြောရင် သူတို့ရဲ့မူ မ မှန်တာတွေ ပေါ်ကုန်တော့မှာကိုး............"နောက်တစ်
ခါ ထာဝရဘုရားရဲ့ အကျင့်စာရိတ္တ.........အဲဒီထာဝရဘုရားရဲ့ အကျင့်စာရိတ္တကိုတော့ အထူးပြောနေစရာမ
လိုပါဘူး။ ဓမ္မဟောင်းကျမ်းတစ်ခုလုံးကိုလျှောက်ကြည့်မယ်ဆိုရင် မကောင်းမူအတွက်စဉ်းစားတာတွေ မ
ကောင်းတာလုပ်ဖို့ လှုံ့ဆော်တာတွေ၊ တိုက်တွန်းတာတွေ ကိုယ်တိုင်လုပ်ခဲ့တာတွေ အများကြီးတွေ့ရပါ
လိမ့်မယ်။ ဥပမာပုံစံကလေး နည်းနည်းလောက်ထုတ်ပြပါ့မယ်......အများစဉ်းစားနိုင်အောင်ပေါ့လေကမ္ဘာ
ဦးကျမ်း အခန်း ၃၀-မှာလှေကို ချောင်းကြည့်မိလို့ (၅၀၀၇၀)သေ လူများကိုသတ်ဖြတ်ခဲ့သတဲ့။(၂၊ ၇၁၊၂၄၊
၁၂၊) အရက်နဲ့ အမဲကင်ကိုလည်း အလွန်ကြိုက်သတဲ့။ အဲဒါ(လောလည်ရာကျမ်း) အခန်း ၂၈-မှာ အထင်
အရှားပါတယ်.........နောက်လက်စားချေတတ်သတဲ့   ဒါလည်း တောလည်ရာကျမ်း အခန်း ၂၈-မှာပါပါ
တယ်။ ထာဝရဘုရားဟာ သန်းခေါင်းစရင်းသဘောပေါ့လေ။ လူစရင်းသာ ယူခိုင်းပြီးတော့ လူပေါင်းခုနှစ်
သောင်းကို သတ်ပစ်သတဲ့ ( ၂-၇၁-၂၄-၁၅)ကိုကြည့်ပါ။ အဲဒီကျမ်း(၃၈း၇) မှာ(ယုဒ၏သားဦးဧရ)ကို
ထာဝရဘုရားရှေ့၌ ဆိုးသောသူဖြစ်၍ သူ့ကို ထာဝရဘုရားက ကွက်မျက်တော်မူ၏ အခါ(၁၀း၁၁)ထို့အမူ
ကို ထာဝရဘုရား နှစ်သက်တော်မမူသောကြောင့် သြနန်ကိုလည်း ကွပ်မျက်တော်မူ၏လို့ပါပြန်တယ်။
အဲဒါဘာကြောင့်လဲဆိုတော့ သြနန်ဟာ မုဆိုးမ၊ မရီးကို သားသမီးရအောင် မပေါင်းသင်းလို့ပါတဲ့။ တစ်
ခါ လူသတ္တာဝါများ အိမ်ယာထောင်မှူ့ ၀ါဒစိတ်ဓါတ်ကို ထာဝရဘုရားကသွင်းပေးသတဲ့(၃၀၀၊၂၂၊၂၃)လူ
သတ္တာဝါများဟာ ရိုးလွန်းရင်မတတ်ပဲနေမှာ စိုးလို့လားတော့မပြောတတ်ဘူး။ လိမ်တတ်ညာတတ်အောင်
မုသာဝါဒ စိတ်ဓါတ်ကိုပဲ ထာဝရဘုရားကသွင်းပေးသတဲ့။(၃၊၇၁၊၂၂၊၂၃)ဟေရှာလအနာဂတ္တိကျမ်း အခန်း
၁၃၊ အပိုဒ်(၉၊၁၁၊၁၅၊၁၆)များမှာကြည့်ပါ။ မိတ်ဆွေတို့ရဲ့ ထာဝရဘုရား ဒေါသကြီးကြောင်းတွေ အများကြီး
တွေ့ရပါလိမ့်မယ်။
 သူပြောတာမလိုက်နာလျှင် အပြစ်ရှိရောတဲ့ အပြစ်ရှိတဲ့လူတွေကို မကယ်တင်ဘူးတဲ့။ ထာ၀၇ဘုရားကြိမ်
ဆဲတာတွေလည်းအလွန်အသည်းယားစရာကောင်းပါတယ်။တရားဟောရာကျမ်းအခန်း ၂၈ ကိုဖတ်ကြည့်
ပါ ဦးပဉ္ဇင်းက အချိန်နည်းလွန်းလို့ ဖတ်မပြပါရစေနဲ့ ထာ၀၇ဘုရားသဘောထားသေးနှုတ်ပုံ၊စိတ်ထားတွေ
အောက်တန်းကျပုံကို( မာလခိအနာဂတီ)ကျမ်း အခန်း ၂-မှာတွေ့ရပါမယ်။( ငါ့ရဲ့ကျေးဇူးတော်ကိုမအောင့်
မေ့လျှင် သင်တို့ကိုငါ ကျိမ်ဆဲမည် သင်တို့၏ သားစဉ်မြေးဆက်အားလုံးတို့ကို ကြောက်မက်ဖွယ်ရာ အပြစ်
ဒဏ်ခတ်တော်မူမည်) စသည်တို့ကိုအဲဒီအခန်းမှာတွေ့ရပါလိမ့်မည်။ လောကမှာရှိတဲ့လူတွေ၊ လူဆွံတွေ
ဒုက္ခိတတွေကို ဘယ်သူဖန်ဆင်းသလဲ မကောင်းတာတွေအားလုံးသူပဲဖန်ဆင်းတယ်။ဒါတွေမကသေးပါ
ဘူး မိတ်ဆွေတို့ရဲ့ထာဝရဘုရားက နှာခေါင်းပြားတဲ့လူ၊ ခြေကျီုးတဲ့လူ လည်ကျီုးတဲ့လူ စသည်တို့ကိုဘာ
ဖြစ်လို့ သူကဖန်ဆင်းသေးလည်းလို့ ဦးပဉ္ဇင်းက မေးချင်တယ်......အဲဒီမှာ နှာခေါင်းပြားတဲ့လူဆိုတာ ဗမာ
ကရင်၊ ချင်းတို့ကိုဆိုတာ ဗမာ၊ ကရင်၊ ချင်းတို့က ပူဇော်လျှင် လှူဒါန်းလျှင် ထာ၀၇ဘုရားကလက်မခံဘူး
တဲ့။ ဘာဖြစ်လို့လဲဆိုတော့ နှခေါင်းပြားလို့တဲ့။ ဦးပဉ္ဇင်းက ဗမာလူမျီုးဖြစ်တဲ့အတွက် နှာခေါင်းပြားတာနဲ့
ထာ၀၇ဘုရားကိုမယုံရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူကနှာခေါင်းပြားတဲ့လူကိုမုန်းတာကိုး။
ဦးပဉ္ဇင်းလည်း နှာခေါင်းပြားတဲ့ လူမျီုးထဲပါနေတော့ ထာ၀၇ဘုရားရဲ့အလိုနဲ့ကြည့်ရင် နှာခေါင်း ပြားရတာ
ကတစ်ပြစ်။ ခရစ်ယာန်ဘာသာဝင်အဖြစ်နဲ့ ထာဝရဘုရားကို မယုံကြည်မိတဲ့အပြစ်က တစ်ပြစ်နဲ့ အပြစ်
နှစ်မျီုး ရှိနေတော့ ထာ၀၇ဘုရားကတော်တော်ငြီုငြင်တော်မူမှာပဲထင်တယ်။ခရစ်ယာန်ဝါဒမှာ နှခေါင်းချွန်
တဲ့လူတွေ အတွက် ထာဝရဘုရားက ထားပြစ်ခဲ့ကြောင်းထင်ရှားနေပါတယ်။ ပညတ်တော် ၁၀-ပါးကို
ပြောသွားကြပါတယ် အခုဦးပဉ္ဇင်းပြောသွားတဲ့ကျမ်းစာပါစကားများအရ လူလူချင်းတော့ မသတ်ပါနဲ့ဆိုတဲ့ သြ၀ါဒပညှတ်ချက်ဟာ ထာဝရဘုရားရဲ့ ဒေါသကို တကယ်အထောက်အကူပြုပုံ မရသလိုဖြစ်နေပါတယ်
ဘာဖြစ်လို့လဲဆိုတော့ သူ့မကိုးကွယ်တဲ့လူကို စရင်းသွင်းဟန်မတူပါဘူး။ မကိုးကွယ်၊ မယုံကြည်တဲ့လူတွေ
ကို အပြစ်ဒဏ်ခတ်ဖို့ အတော်ပဲသေချာနေတော့ ဒီပညတ်ချက်တွေဟာ ထာ၀၇ဘုရားနှင့် တခြားစိဖြစ်နေ
ပါပြီ၊ ကျုပ်တို့ရဲ့ ဂေါတမ ရှင်တော်ဘုရားကတော့ ၇န်သူရယ်၊ မိတ်ဆွေရယ်မခွဲခြားပါဘူး။ကြီုက်ရင်ကိုး
ကွယ်၊ယုံကြည်ရင် ပူဇော်ပါဒါပဲ။ လူတွေကိုယ့်လူလိုပဲ သဘောထားပါတယ် လူက မကိုးကွယ်မယုံနဲ့ လူမ
ဟုတ်ဘူးဆိုသလို ဖြစ်နေတာထင်ရှားပါတယ်။  "ဗမာ၊ ကရင်၊ ချင်းတို့က ထာဝရဘုရားကို ကိုးကွယ်နေ
ကြပေမဲ့  သူတို့ဘုရားက သူတို့ကိုသဘောမကျဘူး။ နှာခေါင်းပြားလို့ မုန်းသတဲ့၊ဒါကြောင့် ခရစ်ယာန်ဆို
တဲ့ ဗမာ၊ ကရင်၊ ချင်းတို့ဟာ ထာ၀၇ဘုရားရဲ့ အချစ်တော်ကို ခံယူချင်ရင် ထာဝရားရဲ့ ကျေးဇူးသစ္စာကို
စောင့်သိချင်ရင် ခရစ်ယာန်အယူဝါဒကို မယူမီ ပထမ နှာခေါင်းချွန်အောင် အရင်အားထုပ်ကြပါဦးလို့
ဦးပဉ္ဇင်းက မေတ္တာရပ်ခံပါတယ်။
ဆက်လက်ရေးသားပါဦးမည်...။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>

Sunday, 22 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်)အပိုင်း ၂၁

"ပထမနေ့မှာ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတယ်။ ဒုတိယနေ့ကျတော့ မိုးမျက်နှာကျက်ဖြစ်စေ၊ရေနှင့်
ရေချင်း ခြားနားစေဆိုတဲ့ စကားမိန့်ကြားပြီး၊ တတိယနေ့မှာ သစ်ပင်အမျီုးမျီုးကိုဖန်ဆင်းတယ်စတုတ္ထနေ့မှာ
နေကိုဖန်ဆင်းတယ်။ အဲဒါမိတ်ဆွေတို့ရဲ့ဓမ္မဟောင်းကျမ်းထဲမှာပါတဲ့အတိုင်းပဲ။အဲဒီအထဲမှာ နေကိုမဖန်ဆင်း
မိ သစ်ပင်အမျီုးမျီုးကိုဖန်ဆင်းတယ်ဆိုတာဆန်းမနေဘူးလား?ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြပါ။သစ်ပင်များဟာ
နေရဲ့အလင်းရောင်ကိုမရပဲမဖြစ်ဘူးဆိုတာကို ဟောဒိပရိသတ်ထဲက တောင်သူလယ်သမားတိုင်းသိပါတယ်။
အဲဒီတော့ မိတ်ဆွေတို့ရဲ့ ထာဝရဘုရားဟာဒီအစိအစဉ်ကိုမှ နားမလည်ရာမရောက်ပေဘူးလားစဉ်းစားကြပါ
ပြီးတော့ နေမရှိပဲနှင့် အလင်းရောင်ဖန်ဆင်းတယ်တဲ့ ပီးတော့သစ်ပင်မျက်ပင်များရှူရှိုက်ဖို့ အောက်ဆီဂျင်+
နှိုက်ထရိုဂျင်ဓါတ်များကိုလည်း မဖန်ဆင်းခဲ့ဘူး။ နောက်တတိယအချက်က ထာဝရဘုရားရဲ့ ပုံသဏ္ဌာန် ဖြစ်
ပါတယ်။ ဓမ္မဆရာတစ်ယောက်က ထာဝရဘုရားဟာ ပုံသဏ္ဌာန်မရှိ ဂေါတမဘုရားမှာသာသဏ္ဌာန်ရှာလို့ရ
တယ်လို့ဆိုသွားပါတယ် ထာဝရဘုရားဝိညာဉ်တော် သက်သက်ဖြစ်ပါတယ်တဲ့ ဒီမိတ်ဆွေတစ်ယောက်သာ
မဟုပ်ဘူး ခရစ်ယာန်တိုင်း အဲဒါကိုပဲ ပြောလေ့ပြောထရှိကြပါတယ်ဝိညာဉ်တော်သက်သက်သာရှိတဲ့ထာဝရ
ဘုရားကိုမိတ်ဆွေတို့ပြောသလိုမဟုတ်မဟုတ်စဉ်းစားသာကြည့်ကြပါစို့ကမ္ဘာဦးကျမ်းမှာဆိုထားတာကတော့
(အာဒံနှင့်ဧ၀)ဟာ မိတ်ဆွေတို့ပြောတဲ့ ထာဝရဘုရားကိုမြင်ဖူးကြသတဲ့။(နောဧ) ဟာလည်း သေသေချာချာ
မြင်ရသတဲ့။(ယာကုတ်)ကတော့မြင်ယုံတင်မကဘူး ထာဝရဘုရားနှင့် နပန်းချကြသေးသတဲ့။မီုးလင်းခါနီး
ကြတော့ ထာဝရဘုရားကလွတ်ခိုင်းတာကို မလွတ်တာ နှင့် ၀ိညာဉ်တော်သက်သက်ရှိတဲ့ ထာဝရဘုရား
ကလက်သီးနှင့် ထိုးလိုက်လို့ ပေါင်ကျီုးသွားသေးသတဲ့။  ကဲ..အဲဒါ ၀ိညာဉ်သက်သက်ထာဝရဘုရားမှာ
လက်သီးဘယ်ကရသလဲစဉ်းစာကြပါ။ အီဘရာဟင်ဆိုတဲ့လူက သူလည်းတွေ့ဖူးပါသတဲ့။ ဒါတင်မကဘူး
တစ်နေ့မှာ ထာဝရဘုရားဟာ အီဘရာဟင်ရဲ့ အိမ်ကိုလာပြီး ညစာတောင်စားသွားပါသေးသတဲ့။မောရှေက
လည်း သေသေချာချာမြင်ရတဲ့လူပဲ။ အဲဒီတော့ဓမ္မကျမ်းက ထာဝရဘုရားကို မြင်ဖူးတွေ့ဘူးသူ ငါးယောက်
ရှိမနေဘူးလား။ ဒီလိုဆိုရင် ၀ိညာဉ်သက်သက်ဖြစ်တယ်ဆိုတဲ့စကားကို မစဉ်းစားထိုက်ဘူးလား စဉ်းစားကြ
ပါ အရမ်းမယုံကြပါနဲ့။
            ပြီးတော့နာမ်ဝိညာဉ်သက်သက်ဖြစ်လို့ပုံသဏ္ဌာန် မရှိဘူးတဲ့။အဲဒါသီရက်သားနှင့်တမင်သက်သက်
ပြောတာ သူတို့ထာဝရဘုရားရဲ့ပုံသဏ္ဌာန်ကို ဓမ္မဟောင်းကျမ်းမှာ ပါတဲ့အတိုင်း ပြောရမှာနည်းနည်းတော့
ရှက်တာနဲ့တူတယ်လို့ ယူဆနိုင်စရာရှိပါတယ်။ ဒါကြောင့် သိရဲ့သားနှင့် တမင်သက်သက် ဖုးံထားတယ်လို့
ဆိုရမှာပဲ ဘာကြောင့်လည်းဆိုတော့......ဗျာဒိတ်ကျမ်း အခန်း ၁ အပိုဒ် ၁၄၊ ၁၅၊ ၁၆၊ မှာထာဝရဘုရားရဲ့
ပုံသဏ္ဌာန်ကို သေသေချာချာဖော်ပြထားပါတယ်။ ပြီးတော့...အခန်း ၅၊ အပိုဒ် ၆ မှာလည်းပါပါသေးတယ်
အဲဒီကျမ်းဆိုရင်(ထာဝရဘုရားရဲ့ပုံသဏ္ဌာန်ဟာ ခေါင်းမွေးက နှင်းကဲ့သို့ဖြူတယ်။ မျက်လုံးက မီးရောင်ကဲ့
သို့ တောက်ပတယ်။ခြေထောက်က မီးရဲရဲဖုတ်ထားတဲ့ ကြေးနီဝါနဲ့တူတယ်။ ညာဘက်လက်ကကြယ်ခုနှစ်
လုံးကိုကိုင်ထားတယ်။ ပါးစပ်မှာ နှစ်ဘက်ဓါးသွားရှည်ကြီးနှစ်ချောင်း ထွက်နေတယ်။ဦးချီုခုနှစ်ချောင်းရှိ
တယ်။မျက်လုံးခုနှစ်လုံးရှိတယ်) အဲဒါထာဝရဘုရားရဲ့ပုံပါပဲ..အခုနေများအဲဒီပုံရှိတဲ့ လူတစ်ယောက်ကိုများ
တွေ့ရင်မိတ်ဆွေဖြစ်တဲ့ ဓမ္မဆရာတွေ အရင်ပြေးကြခိမ့်မယ်ထင်ပါတယ်.....။ဦးပဉ္ဇင်းကတော့ ကြည့်ချင်
တာနှင့်မပြေးပါဘူး....ဘယ့်နှယ်လဲဆရာကြီးဦးသာဒင်၊ ဆရာရှုံ့ချသွားတဲ့ ဂေါတမဘုရားရဲ့လက္ခဏာ
တော်ကြီး ၃၂-ပါး လက္ခဏာတော်ငယ် ၈၀-ဆိုတဲ့ပုံအဆင်းတော်နှင့် ဘယ်လိုကွာခြားတယ်ဆိုတာတွေ့
ပြီမဟုပ်လား။ စတုတ္ထအချက်က ထာဝရဘုရားနေတဲ့အရပ်ဒေသပါ....ထာဝရဘုရားရဲ့နေရာနှင့်ပတ်သက်
လို့ မိတ်ဆွေဓမ္မဆရာတို့ကမပြောခဲ့ဘူး။ မပြောခဲ့ကြတာကတော့ မသိကြလို့နဲ့တူပါတယ်။ မိတ်ဆွေတို့မ
သီကြသေးရင်.....ဦးပဉ္ဇင်းကပဲပြောပြရသေးတာပေါ့ထာဝရဘုရားဟာ တန်ခိုးကြီးဖြစ်တဲ့အတွက်ကောင်း
ကင်တခွင်မှာ အလှဆုံး အတောက်ပဆုံးဖြစ်တဲ့ မြောက်ဘက် ကောင်းကင်တစ်ခွင်မှာဖြစ်တဲ့(အိုရီယင်)လို့
ခေါ်တဲ့ခုနှစ်စင်ကြယ်ရဲ့ အလယ်ဗဟိုမှာနေသတဲ့။ အဲဒါဟာ ဦးပဉ္ဇင်းရမ်းပြောတာမဟုပ်ဘူး(လူးကပ်စ်အာ
ရိဒ်) ရေးတဲ့(အက်စ်ထရော် နောမိအင်တိုင်ဘဲလ်)လို့ခေါ်တဲ့ နက္ခတ္တဗေဒနှင့် သမ္မာကျမ်းစာဆိုတဲ့စာအုပ်
(ဂေါ့ဒ်စ်ဒွဲလင်းပလေ့စ်) ဆိုတဲ့အခန်းမှာပါပါတယ်။ အဲဒီတော့ ထာဝရဘုရားနေတဲ့ နေရာထင်ရှားသွားပြန်
တာပေါ့လေ။ အဲဒီစာအုပ်ကို ခရစ်ယာန်မိတ်ဆွေများ ၀ယ်ပြီးဖတ်ကြပါ။ အမေရိကန်ပြည် ကာလ်လီဖိုးနီး
ယားက ထုပ်ဝေပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးကိုတော့ ဟောဒီထာဝရဘုရားရဲ့ နေရာကိုမပြောတတ်တဲ့ ဓမ္မဆ
ရာတွေက ကျေးဇူးအများကြီးတင်ဖို့ကောင်းတယ်။ မိတ်ဆွေတို့ပြောကြတဲ့အတိုင်းသာဆိုရင်မိတ်ဆွေတို့
အင်မတန်အထွဋ်အမြတ်ထားတဲ့ ထာဝရဘုရားမှာ နေစရာ နေရာမရှိသေးပဲ အိုးမဲ့အိမ်မဲ့အခြေမဲ့အနေမဲ့
ဖြစ်သွားပါလိမ့်မယ်။
ဆက်လက်ရေးသားပါဦးမည်...။
အရှင်မုနိန္ဒ




>>>ဆက်ဖတ်ရန်>>> >>

Thursday, 19 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၂၀

"အဲဒီပွဲတွေမှာ ခရစ်ယာန်ဘုန်းကြီးတွေရဲ့ အမိန့်နှင့် အရှင်လတ်လတ် မီးရှို့ပြီးသတ်ပုံကိုပြောရရင် ဟောဒီ
ပရိသတ်ကြီး ကြက်သီးထလောက်ပါတယ်။ လူပေါင်းသန်းနဲ့ချီပြီးအသက်တွေစွန့်ခဲ့ရတယ်။နောက်ပိုင်းမှာ
လူတွေကိုဒီနည်းနှင့်လုပ်လို့မရမှန်းသိလာတော့မှ ကျမ်းတွေကိုတစ်မျီုးတစ်ဖုံ ပြောင်းလဲပြီး(မာတင်လူသား)
အစရှိတဲ့ ခရစ်ယာန် ခေါင်းဆောင်ာကီးတွေက ရေးကြပြီး အသစ်ပြန်လုပ်ကြတယ်"။ဒါတောင် မာတင်လူ
သားကို ရိုမန်ကက်သလစ်တွေက ဒိဌိစရင်းထဲထည့်လိုက်ကြသေးတယ်။လူထုတွေကတောင့်ပြီးခံပေးလိုက်
လို့သာ မခု(လူသာရင်း) ဂိုဏ်းကြီးအဖြစ်နဲ့၊ ခရစ်ယာန်ဘာသာကြီးအဖြစ်နဲ့ ခရစ်ယာန် ဘာသာကြီးတစ်ရပ်
ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ကျမ်းပြုဆရာတွေက ခရစ်ယာန်ကျမ်းတွေကို ကိုယ်ကျီုးကြည့်
ပြီး လောဘဇောနှင့် ထင်ရာတွေကို ဘုရားဟောလုပ်ရေးကြလို့ (အင်န်ကွီဇီးရှင်း) ဖြစ်ပေါ်လာကြရတာပဲ။
အဲဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာမှာလည်း နည်းနည်းပါးပါး ကင်းတော့မကင်းပါဘူး။ဒါပေမဲ့ဒီလောက်အထိရက်
ရက်စက်စက်ဖြစ်စေတဲ့ကျမ်းမျီုးလုံးဝ မပါဘူး။ဦးပဉ္ဇင်း အတိအလင်းပြောရဲပါတယ်....။ အခုဓမ္မဆရာကြီး
များလည်း ဘုန်းကြီးစာတွေ သင်ခဲ့ဖူးတဲ့ ဘုန်းကြီးလူထွက် ပဂေးကြီးတွေပဲ။ သူတို့လည်းအဲဒါတွေသိလျှက်
နှင့် ခရစ်ယာန်ဖြစ်မယ့် ဖြစ်သွားရတာနဲ့တူပါတယ်။ ခရစ်ယာန်(အင်န်ကွီဇီးရှင်း) ဥပဒေလောက်ရက်စက်
တဲ့ ဥပဒေမျီုး ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာမှာ မရှိပါဘူး.။ဒါကိုသူတို့လည်းသိကြပါတယ် ဘယ့်နှယ်လဲဆရာကြီး
တို့ ( မှန်တာကိုဝန်ခံကြစတမ်းဆိုရင် ဆရာကြီးတို့ရဲ့ ခရစ်ယာန်ကျမ်းနှင့် ဗုဒ္ဓဘာသာဘက်က ကျမ်းတွေကို
အကြမ်းအရမ်းခြင်း ပြီုင်ကြရင် ဗုဒ္ဓဘာသာရှုံးမယ်ဆိုတာ ဆရာကြီးတို့သိတယ်မဟုပ်လား) ခရစ်ယာန်ဓမ္မ
ဆရာကြီးများကို ဦးပဉ္ဇင်း အထူးမေတ္တာရပ်ခံလိုက်တာကတော့ မိမိတို့ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုကြပါ
ယုတ္တိ ရှိမရှိစဉ်းစားကြပါ။ မျက်ကန်းယုံမျီုး၊ မျက်ကန်းနောက်လိုက်မျီုးတော့ မဖြစ်ကြပါစေနဲ့ အကြောင်းအ
ကျီုးဆက်စပ်မှူ့၊ ယုတ္တိရှိမရှိဆင်ခြင်ကြပါ။(ဘလိုင်းဖိတ်သ်)ဆိုတဲ့ အကန်းယုံ အရမ်းယုံကိုစွန့်ပစ်ကြပါ။
စဉ်းစားဥာဏ်ရှိသူတိုင်းဟာ ယုတ္တိကင်းတာကိုပယ်ပြီး ယုတ္တိရှိတာကိုသာ ယုံကြပါတယ်။ လိုက်နာလက်ခံ
ကျင့်သုံးကြပါတယ်။ ဦးပဉ္ဇင်းက ဗုဒ္ဓဘာသာကိုယုံပါလို့မဆိုလိုပါဘူး။သဘာဝကျကျဟုပ်ထိုက်မဟုပ်ထိုက်
စဉ်းစားကြဖို့လိုပါတယ်။" ကဲဗုဒ္ဒဘာသာအကြောင်းတင်ပြပြီးတဲ့နောက် မိတ်ဆွေတို့ရဲ့ ထာဝရဘုရားနဲ့သမ္မာ
ကျမ်းစာတွေ ယုတ္တိရှိမရှိ ကြည့်ရအောင်။" မိတ်ဆွေတို့ရဲ့ ဓမ္မဟောင်းကျမ်းအပါအ၀င်(ကမ္ဘာဦးကျမ်း)အရ
ဒီကမ္ဘာကြီးကိုခရစ်မပေါ်မိ (၄၀၀၄)ခုနှစ်မှာ ထာဝရဘုရားသခင်က ဖန်ဆင်းတယ်လို့ဆိုပါတယ်။ကဲအဲဒါ
ကိုစဉ်းစားကြည့်ရအောင်....အဲဒီခုနှစ်နဲ့ အခုသက္ကရာဇ် (၁၉၃၆)ခုနှစ်ကို ပေါင်းထည့်လိုက်တော့နှစ်ပေါင်း
(၅၉၄၀)သာ ဒီကမ္ဘာရဲ့သက်တမ်းရှိတော့တယ်။......အဲဒီတော့ဒီစကားဟာ ဘယ်လောက်မှန်သလဲဆိုတာ
ဆန်းစစ်ကြည့်ကြစို့။ အခုခေတ်ပေါ်လောကဓါတ်ပညာဖြင့်များစွာဆန့်ကျင်ကွာခြားနေပါတယ်။
(ဂျီအိုလောဂျစ်)လို့ခေါ်တဲ့ လောကဓါတ်ပညာ ပထ၀ီဗေဒဆရာများကတော့ ဒီကမ္ဘာရဲ့အသက်ဟာအဓွန့်
ရှည်လှပြီးတဲ့ အီဂျစ်ပြည်ဟာ(မံမီ)လို့ခေါ်တဲ့ဆေးဖြင့်ပြုလုပ်စီရင်ထားတဲ့ လူအလောင်ကောင်ခြောက်များ
ဟာ နှစ်ပေါင်း ၇၀၀၀-ကျော်နှင့် ၈၀၀၀-ရှိပြီလို့ဆိုကြပါတယ်။ အနည်းဆုံးနှစ်ပေါင်း ၆၀၀၀-ကျော်ပြီလို့ပြော
ပြါတယ်။(ဆီလူရင်းန်)လို့ခေါ်တဲ့ ကျောက်ဆောင်များရဲ့ အသက်ဟာနှစ်ပေါင်း ငါးသန်းကျော်ရှိပြီလို့ပထ၀ိ
ဗေဒပညာရှင်များကတသံတည်းယူဆဆုံးဖြတ်ထားကြပါတယ်။...ကဲဒီတော့ကာ မိတ်ဆွေတို့ရဲ့ကမ္ဘာဦး
ကျမ်းကလာတဲ့စကားဟာစဉ်းစားဖို့မလိုပေဘူးလား?။ စဉ်းစားလိုက်တဲ့အခါယုတ္တိကင်းမယ့်နေတာကိုတွေ့
ရပြီမဟုပ်လား။ ကမ္ဘာဦးကျမ်းရဲ့အဆိုကို ခရစ်ယာန်လောကဓါတ် သိပ္ပံဆရာကြီးများကတောင်အတည်မပြု
နိုင်အောင်ဖြစ်နေကြပြီမဟုပ်လား?။.ပြီးတော့မိတ်ဆွေတို့ရဲ့ထာဝရဘုရားဟာ ကမ္ဘာဟောင်းကိုသာဖန်ဆင်း
ခဲ့တယ်..ကမ္ဘာသစ်ဖြစ်တဲ့တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်တို့ကိုဖန်ဆင်းခဲ့ပုံမပေါ်ဘူး။
ဘာကြောင့်လဲဆိုတော့ ကမ္ဘာသစ်အကြောင်းဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်း နှစ်ကျမ်းလုံးမှာ အရိပ်အမြွတ်မျှ
တောင် မပါပဲကိုး ပါတယ်ဆိုရင် အထောက်အထားတိတိကျကျပြပါ။..ဒါဦးပဉ္ဇင်းက ဗလိန်းပြောနေတာမ
ဟုပ်ဘူး။ ဟောဒီမှာဓမ္မဟောင်းရော၊ဓမ္မသစ်ရောအားလုံးရှိပါတယ်။ ဘယ်အခန်းမှာပါတယ်ဆိုတာပြနိုင်
ရင်ဦးပဉ္ဇင်းက ၀န်ချတောင်းပန်ဖို့အသင့်ပါပဲ။
               "အမေရိကတိုက်ကို ခရစ်သက္ကရာဇ် (၁၄၀၀)ကျော်ရောက်ခါမှ စပန်လူမျီုး(ခရစ်စတိုဖာကို
လံဘတ်စ်)ကသွားပြီးတွေ့တယ်မဟုပ်လား။ ဓမ္မဟောင်းကျမ်းတွေအလိုကတော့ အခုထိဘယ်သူမှသိနိုင်
မှာမဟုပ်သေးဘူး။ထာဝရဘုရားသခင်ဟာ သူရဲ့အချစ်တော်များဖြစ်ကြတဲ့ က္ကုသရေလ(ဂျူး) လူမျီုးတို့ကို
အီဂျစ်ဘုရင်(ဖာရို)လက်အောက်မှာကယ်တင်ပြီး(ပါလိစတိန) ပါလက်စတိုင်းကိုပို့မယ့်အစား အဲဒီဘုရင်
မလိုက်နိုင်တဲ့ ဟိုသမုဒ္ဒရာတစ်ဘက်ကမ်းကဘေးကင်းရန်ကင်းဖြစ်တဲ့ အမေရိကတိုက်ကိုများသွားပို့လိုက်
ဖို့မကောင်ပေဘူးလား။ သူဖန်ဆင်းတဲ့ကမ္ဘာဆိုရင်အမေရိကဟာ အလွန်သဘာဝပစ္စည်းပေါများညပီးကျယ်
ပြန့်တဲ့နိုင်ငံကြီးမဟုပ်လား။အဲဒါကို မလုပ်ခဲ့တာကိုထောက်ခြင်းအားဖြင့် ထာဝရဘုရားရဲ့ဖန်ဆင်းပုံဟာနေ
ရာမကျသေးပါဘူး။ မပြည့်စုံဖူးလို့ပဲဆိုရမှာပါ။ ပြီးတော့ဦးပဉ္ဇင်းတို့ရဲ့ မိတ်ဆွေတွေဖြစ်ကြတဲ့ ခရစ်ယာန်
ဓမ္မဆရာများက ဖန်ဆင်းပုံကို တော်တော်များများ ပြောနေကြတယ်...အဲဒီထာဝရဘုရားဖန်ဆင်းပုံကလဲ
တော်တော်လည်းစဉ်းစားစရာဖြစ်နေပြန်တယ်။"...ဘာလဲ....ဖန်ဆင်းတယ်...ဖန်ဆင်းတယ်နဲ့တကယ်ပဲ
ဖန်ဆင်းတယ်ထားပါတော့ အဲဒီလိုဖန်ဆင်းတဲ့နေရာမှာ အစီစဉ်မတည့်တာတွေကို ပြောပါရစေ အာဃတ
သဘောမဟုပ်ပါဘူး သဘာဝယုတ္တိအတွက်ပါ။
ဆက်လက်ရေးသားပါဦးမည်......။
အရှင်မုနိန္ဒ


>>>ဆက်ဖတ်ရန်>>> >>

Tuesday, 17 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၁၉

မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကိုကျင့်သုံးပွားများပြီး အရာရာကို လက္ခဏာရေးနဲ့ ရှူ့မြင်တက်ရင် မဂ်တရား
ဖိုလ်တရားများကို ရရှိပြီးတော့ ၀ဋ်ဒုက္ခငြိမ်းရာ နိဗ္ဗာန်ဓါတ် သန္တိသုခ အလွန်အေးမြတဲ့ ချမ်းသာကို အခုမျက်
မှောက်ကာလမှာပဲ ရနိုင်ပါတယ်။ အဲဒါလောကီရေးနှင့် အလွန်ခြားနားတဲ့ လောကုတ္တရာပဲဖြစ်ပါတယ်။
နဲနဲထပ်ပြီး ရှင်းပြပါ့မယ်။ဗုဒ္ဓဘာသာဟာ အနတ္တ၀ါဒ၊အနတ္တလမ်းစဉ်၊အနတ္တဒေသနာတို့ကိုပါအခြေတည်ပြီး
ပေါ်ပေါက်လာတဲ့ဘာသာဖြစ်တဲ့အတွက် ကမ္ဘာပေါ်ရှိဘယ်ဘာသာနှင့်မှ မတူအောင် ထူးခြားတဲ့ဘာသာဝါ
ဒကြီးဖြစ်ပါတယ်။အနတ္တ၀ါဒအရဒီလောကသုံးပါးမှာဘာတစ်ခုမှအစီုးရခြင်းမရှိပါဘူး။မိမိရဲ့သားသမီး၊စီးပွား
ဥစ္စာကိုမဆိုထားနှင့် မိမိခန္ဓာကိုယ်ကို မပိုင်စိုးနိုင်ပါ။ကိုယ်ကမစိုးပိုင်သလိုဘယ်သူဘယ်ဝါမှလည်းစိုးပိုင်နိုင်
တဲ့ အခွင့်အလမ်းမရှိပါဘူး အဲဒီစိုးပိုင်တဲ့တရားစုတို့တည်နေရာ မှိရာဖြစ်တဲ့ ဒီသံသရာမှကင်းလွတ်ရသည်
သာလျှင်...ဇာတိဇရာ -ဗျာတိ-မရဏ-သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနသ-ဥပယာသတို့ရဲ့ ကုန်ရာငြိမ်းရာဖြစ်
တယ်လို့ ယုံကြည်လက်ခံထားပြီး အားထုပ်တဲ့ဘာသာဖြစ်တယ်..။
ဘယ်ဘုရား၊ ဘယ်က္ကုဒ္ဓိပါဒ်ရှင်ကမျှ ကယ်တင်လိမ့်မည်လို့ မျှော်လင့်တောင့်တနေတဲ့ ဘာသာမျီုးလည်း မဟုပ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဒုက္ခ အသီးသီးမှ ချုပ်ငြိမ်းအောင် ကိုယ့်ဟာကိုအားထုပတ်သွား
ရတဲ့ လုပ်ငန်းသာလျှင် ဗုဒ္ဓ၀ါဒမှာရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ပုဂ္ဂိုလ်စွဲ အားထားမှူ့မရှိပါဘူး။ဓမ္မ
သက်သက်သာရှိပါတယ် ပြုပြင်ပြေညင်းလဲမှူ့သင်္ခါရတို့ရဲ့ ကုန်ရာငြိမ်းရာ အသင်္ခတသည်သာ ဗုဒ္ဓဘာသာ
ရဲ့ပန်းတိုင်ဖြစ်တယ်။အထူးသဖြင့်ဗုဒ္ဓဘာသာဟာ ဘုံဘ၀ကိုမျှော်လင့်တောင့်တတဲ့စိတ်နှင့်ကုသိုလ်ကော
င်းမှူ့ လုပ်ဖို့မဟုပ်ပါဘူး။ ငရဲခြောက်လှန့်ထားတဲ့အတွက် ကြောင့်လန့်ပြီးတော့ အကုသိုလ်ကိုရှောင်တာ
မျီုးမဟုပ်ပါဘူး ဧကန်အမှန်အားဖြင့် မလုပ်ထိုက်တဲ့အလုပ်ပဲ၊ မကျူးလွန်ထိုက်တဲ့ အမှူ့ကိစ္စပဲလို့ကိုယ်
တိုင်သုံးသပ်နားလည်ပြီး အကုသိုလ်မလုပ်တာ၊ အကုသိုလ်ကိုရှောင်ကြည်တာဟာ ဗုဒ္ဓဘာသာအစစ်
အမှန်ဖြစ်ပါတယ်။ ငရဲနှင့် ခြောင့်လှန့်ပြီးကြောက်ပြီးတော့ မလုပ်ပဲရှောင်ကြည်တယ်ဆိုတာ မှူမှန်တဲ့ရှောင်
ကြဉ်မှူမျိုးမဟုပ်ပါ။ ကြောက်လို့သာရှောင်ကြဉ်မှူမျီုးဖြစ်ပါတယ် အဲဒီသိလမျီုးဟာ ဗုဒ္ဓဘာသာကလက်ခံတဲ့
သိလသဘောမျီုးမဟုပ်ပါဘူး။ အဲဒီလိုငရဲကိုကြောက်ပြီး ရှောင်ကြဉ်နေတဲ့သူဟာ ငရဲနှင့်သာ ခြောက်လန့်
မခံရလျှင် ငရဲမကြီးဘူးဆိုရင် လုပ်မဲ့သဘောမျီုးဖြစ်မနေပေဘူးလား။ ဒါကြောင့်ငရဲကိုကြောက်လို့ ရှောင်
ကြဉ်နေရသူနှင့် ငရဲကြောင့်မဟုပ်ပဲ မလုပ်အပ်တဲ့တရား။ မကျူးလွန်ထိုက်တဲ့တရားလို့ သဘောပေါက်ပြီး
ရှောင်ကြဉ်သူတို့ဟာ အလွန်ပဲခြားနားလှပါတယ်၊ဗုဒ္ဓဘာသာက မလုပ်အပ်တဲ့အရာကိုစာနာထောက်ထား
ပြီးရှောင်ကြဉ်ခြင်းကိုသာ သီလအဖြစ်လက်ခံပါတယ်။ ထိုနည်းတူစွာပဲ ကုသိုလ်ကောင်းမှူ့ပြုတဲ့နေရာမှာ
လည်းဝဋ်သုံးပါး သံသရာမှ လွတ်မြောက်လို့တဲ့ဆန္ဒနှင့် သန့်စင်စွာပြုလုပ်တဲ့၊အားထုတ်တဲ့ ကုသိုလ်ကောင်း
မှူ့မျီုးကိုသာဗုဒ္ဓဘာသာကလက်ခံပါတယ်။ ဘုံဘ၀ကိုခံစား၊ စံစားချင်လို့ လာဘ်ထိုးပသပူဇော်တဲ့အနေနှင့်
ကုသိုလ်ကောင်းမှူ့ပြုခြင်းသာ ဗုဒ္ဓဘာသာနှင့် ဆိုင်တဲ့တရားစုမှာ ပေါက်ဖွားလာတဲ့စေတနာမျီုးမဟုပ်ပါဘူး
မျှော်လင့်ခြင်းနှင့် ကင်းလွတ်ခြားနားလှပါတယ်။ တစ်စုံတစ်ယောက်မှာ အကူအညီလိုနေလို့ပဲဖြစ်ဖြစ်၊ထော
က်ထားစာနာတဲ့စိတ်နဲ့ပဲဖြစ်ဖြစ် မျှော်လင့်ချက်မထားပဲပြုလုပ်တဲ့ကုသိုလ်ကောင်းမှူ့ဟာအလွန်ဖြူစင်သလို
ကြောင့်လန့်၍မဟုပ်ပဲ မလုပ်ထိုက်လို့ရှောင်ကြဉ်တာဟာမွန်မြတ်တဲ့ကိုယ်ကျင့်တရားသိက္ခာသီလစစ်သီလ
မှန်ဖြစ်ပါတယ်။"အဲဒါဘာကြောင့်လဲ?"ဗုဒ္ဓဘာသာဟာ ကိုယ်ကျီုးစီးပွားနှင့်ပတ်သက်လို့ မျှော်မှန်းချင်းကင်း
မဲ့ပြီးစေတနာ သဒ္ဒါသက်သက်နှင့်သာ ဒီလောကရဲ့ ကောင်းမှူ့ဆိုးမှူ့တို့ကိုကြည့်ရှူ့ဆင်ခြင်တဲ့အနတ္တ၀ါဒ
ကြောင့်ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရဲ့ အနတ္တ၀ါဒနဲ့အလွန်ညခားနားဆန့်ကျင်တဲ့ ၀ါဒကတော့ လူတွေကိုဖြူစင်
တဲ့ စေတနာမှ ကင်းလွတ်စေသော ခြောင့်လန့်မှူ့ မျှော်မှန်း၍တောင်တစေမှူ့ အစရှိသော မှိုင်းများနှင့်အ
မြဲတမ်းတိုက်ထားတဲ့အတ္တ၀ါဒသာဖြစ်တယ်။
               ဦးပဉ္ဇင်းအခုပြောတာတွေဟာ ပုဂ္ဂလဓိဌာန်စွဲနှင့် ပြောတာမဟုပ်ပါဘူး။ဦးပဉ္ဇင်းပြောတာတွေ
ကို လောကယုတ္တိ၊သာဘာဝယုတ္တိရှိ/မရှိ ကိုယ်ပိုင်ဥာဏ်ဖြင့်ပရိသတ်များစဉ်းစားဆင်ခြင်သုံးသတ်ကြဖို့
တင်ပြရခြင်းသာဖြစ်ပါတယ်။ယက္ခုလိုယှဉ်ပြိုင်ပြောရတော့ဦးပဉ္ဇင်းအနေနဲ့နိုင်ရင်ပြီးရောဆိုပြီးအကြောင်း
နှင့်အကျီုး မစပ်တဲ့စကားတွေ၊အဓိပ္ပာယ်ကင်းမဲ့တဲ့ သဘောထားတွေကို ဦးပဉ္ဇင်းမပြောပါဘူး။ဦးပဉ္ဇင်းတို့
ဗုဒ္ဓတရားတော်မျာဒဟာ အဓိပ္ပာယ်မရှိတဲ့ စကားမျီုးတွေကို တရားသဘောနှင့် လက်ခံယုံကြည်တာမျီုး
မဟုပ်ပါဘူး။တကယ့်သဘာဝနှင့် ကိုက်ညီမှသာ ဦးပဉ္ဇင်းတို့ရဲ့ မူလဗုဒ္ဓဂေါတမဘုရားဟာ တရားတော်အ
ဖြစ်ဟောပါတယ်ပြောခဲ့ပါတယ်။ အဲ...ဒါပေမဲ့ ဘုရားဟောမဟုပ်ပဲနှင့် ဘုရားဟောဆိုပြီး နောက်ရေးတဲ့
ကျမ်းမှာပါတာတွေတော့ရှိတာပေါ့လေ။ဗြဟ္မဏ၀ါဒီတွေက ထိုးသွင်းထားတာတွေလည်းရှိပါတယ်။ဒါမျီုး
တွေကတော့ ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာ ကျမ်းများမှာသာမဟုပ်ပါဘူး ခရစ်ယာန်ကျမ်းတွေမှာလည်းနောက်
စာရေးဆရာများရေးတဲ့ကျမ်းတွေ နောက်ပေါ်လက်သစ်အာဘော်တွေ အမျီုးမျီုးတိုးပွားလာကြတာကိုဒီ
မှာရောက်နေတဲ့ ဓမ္မဆရာကြီးများလည်း သိကြပြီးဖြစ်ပါတယ်။ မနက်ကလည်း ဦးပဉ္ဖင်းပြောသင့်သလော
က်ပြောခဲ့ပါတယ်။အခုနည်းနည်းစပ်ပြီးပြောပါဦးမယ်..ဘယ်လောက်ထိအောင်ဓမ္မကျမ်းစာနှင်တကွမူလ
ခရစ်တော်ရဲ့မေတ္တာနှင့် ဆန့်ကျင်တဲ့ကျမ်းများ ပေါ်လာသလဲဆိုရင် ခရစ်သက္ကရာဇ် ၁၂၃၃ ခုလောက်မှာ
န၀မမြောက်(ပုပ်ရဟန်းမင်းကြီး"ဂရိဂေါ်ရီ"လက်ထက်မှာ"အင်န်ကွီဇီရှင်း")ဆိုတဲ့ဘာသာရေးဆိုင်ရာဥပ
ဒေကြီးကိုထာဝရဘုရားအလိုတော်ကျဆိုပြီး ထုပ်ပြန်ကြော်ငြာခဲ့ပါတယ်။အဲဒီအချိန်တုန်းက ဥရောပနိုင်ငံ
အားလုံးမှာရှိနေကြတဲ့ ဘုရင်တွေ အာဏာပိုင်တွေဆိုတာလည်း ရိုမန်ကက်သလစ်ဂိုဏ်းဝင်တွေဆိုတော့
နာယက ပုပ်ရဟန်းမင်းရဲ့ အမိန့်ကိုအားလုံးဘဲ လိုက်နာရိုသေခဲ့ကြရတယ်။ အဲဒီတွင်ပဲ ပုပ်ရဟန်းမင်းရဲ့အ
မိန့်အရ ဘာသာရေးဘန်းပြပြီး ခရစ်ယာန်ဘုန်းကြီးတွေဟာ သက်ဦးဆံပိုင် ဘုရင်သဖွယ် ဥရောပလူသား
လောကကြီးကို အတော်ပဲ ရက်ရက်စက်စက် ကိုယ်ကျီုးရှာသွားကြတာတွေ အများကြီးရှိခဲ့ပါတယ်။
အဲခုနက (အင်န်ကွီဇီးရှင်း)ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ ဘာလဲဆိုရင် ခရစ်ယာန်ဘာသာကိုမယုံ
ကြည်တဲ့လူ အပြစ်တစ်စုံတစ်ရာကို ပြောတဲ့လူကိုအပြစ်ဒဏ်ပေးမယ်။ ဒီလိုအပြစ်ပေးရုံတင်မကဘူး
နောက်ဘ၀မှာလည်း ငရဲကမတက်ရအောင် ဒဏ်ခတ်ခံရဦးမယ်လို့ဆိုပါတယ်။ ဒီတော့ ဘာဖြစ်သလဲဆို
ရင်ပုပ်ရဟန်းမင်းရဲ့ အမိန့်အရဆိုပြီး ခရစ်ယာန်ဘာသာကိုမယုံကြည်တဲ့လူတွေကို နှိပ်စက်လိုက်ကြတာ
ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့(လန်ဝူးဒေါ်)နယ်က(အဲလ်ဘီးရှား)လူမျီုးတွေမှာဆိုရင်မိန်းမ၊
ယောင်္ကျား၊ နို့စို့ကလေးပါမကျန်အရှင်လတ်လတ်မီးလောင်တိုက်သွင်းပြီး အသတ်အဖြတ်တွေခံကြရတယ်
အဲဒါ..ဦးပဉ္ဇင်းကအရမ်းပြောတာမဟုပ်ပါဘူး ဥရောပရာဇ၀င်က အခိုင်အမာပြောတာပါ။ မယုံရင်ခရစ်ယာ
န်ဘာသာနှင့်ဥရောပ သမိုင်းစဉ်ကိုဖတ်ကြည့်ပါ။အခုဒီဓမ္မဆရာကြီးတွေငြင်းကြမလား၊ ငြင်းနိုင်ရင် ငြင်းပါ။ မနက်ကဓမ္မဆရာကြီး ဦးသာဒင်ကပြောသွားတယ်။ သူတို့ရဲ့ဓမ္မကျမ်းစာတွေက လူသားလောကကြီးရဲ့
ကောင်းစားရေးနှင့် တမလွန်ကောင်းကင်ဘုံ ကောင်းစားရေးတွေကို မေတ္တာဆိုတဲ့ ကြီးမားသော ကရုဏာ
ကြီးနှင့် ပြုလုပ်ထားတဲ့ ဘာသာဖြစ်လို့ အလွန်ကောင်းပါတယ်လို့ပြောသွားပါတယ်။
              ဒီဓမ္မဆရာကြီးတွေလည်း တစ်နေ့ဒီလိုများ(အင်န်ကွီဇီးရှင်း) ဥပဒေကြီးကို မြန်မာပြည်မှာလုပ်
ဦးမလား မပြောတတ်ပါဘူး။......ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာတွေတော့ အကုန်သေကြမှာပဲထင်တယ်။ဒိဌီစစ်
ဆေးပုံ၊အပြစ်ပေးပုံတွေကလည်း။ ရာဇ၀င်သမိုင်းမှာ အလွန်ပဲကြမ်းလှပါတယ်။ ဒါတွေကိုအထူးမပြောတော့
ပါဘူး စိတ်ပျက်စရာကောင်းလွန်းလို့ပါ.....(ချက်ကိုစလိုဗေးကီးယား)မှာဆိုရင် ခရစ်ယာန်တွေကို ထပြီးပုန်
ကန်လိုက်တာ ဥရောပတစ်ခွင်လုံး အတော်ပဲကူးစက်သွားလို့ စစ်ကြီးတွေဖြစ်လိုက်ကြတာအကြာကြီးပဲ...။
သေလိုက်ကြတာတွေလည်းမနည်းပါဘူး ဒါဟာလူတစ်ယောက်ရဲ့ စေတနာနှင့် ယုံကြည်ချက်ကိုလက်မခံပဲ
အတင်းယုံကြည်အောင် ပြုလုပ်တဲ့ အဓမ္မစနစ်တွေကြောင့်ပဲဖြစ်ပါတယ်...။
ဆက်လက်ရေးသားပါဦးမည်...။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>

Friday, 13 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၁၈

ခရစ်ယာန်ဆရာကြီးများနှင့်တကွ အားလုံးသော ခရစ်ယာန်၊ ဗုဒ္ဓဘာသာဒကာ၊ ဒကာမအပေါင်းတို့ စိတ်ချမ်း
သာ ကိုယ်ချမ်းသာနှင့် ရွှင်လန်းချမ်းမြေ့စွာ တစ်ဦးနှင့် တစ်ဦးမေတ္တာဓါတ်ဖြင့် ဆက်ဆံကြပါရန်မေတ္တာရပ်ခံ
လိုက်ပါတယ်.......( ရှည်လျားသောလက်ခုပ်သြဘာသံကြီး)
ရှည်လျားသောသြဘာသံ၊ လက်ခုပ်သံများမှာ မိုးချုန်းသည့်နှယ် မြည်ဟီး၍သွားပါသည်။ ဗုဒ္ဓဘာသာဘက်မှ
ကြည်နူးရွင်ပြနေကြသလောက် ခရစ်ယာန်ပရိသတ်ကား ငိုင်နေကြလေသည်။ ထို့နောက်သဘာပတိ ဦးရွှေ
မှန်က ဟောပြောပွဲကြီးကို နေ့ခင်း ( ၁၂ ) နာရိအထိခေတ္တရပ်နားမည်ဖြစ်ကြောင်းကြော်ငြာလိုက်လေသည်။
ဗုဒ္ဓဘာသာဝင်များသည် ဆရာတော်ထံသို့ အုပ်စုလိုက်လာရောက်၍ ၀မ်းသာအားတက်ကြောင်းလာရောက်
လျှောက်ထားကြသည်။ ထိုအခိုက် မဏ္ဍပ်အပြင်ဘက်မှ လူတစ်ဦးကအော်ဟစ်ပြောဆိုလိုက်သည်။ ခဏလေးလမ်းဖယ်ပေးကြပါခင်ဗျ၊ ဒီမှာဗုဒ္ဓဘာသာထဲဝင်မလို့တဲ့ဗျာ၊တဆိတ်လမ်းဖယ်ပေးကြပါ.....စုအုံနေ
သော လူအုပ်ကြီးသည် လမ်းဖယ်ပေးလိုက်လေသည် လူကြီးတစ်ဦးက ဦးဆောင်၍ လူတစ်အုပ်သံဃာစင်
ရှေ့သို့ရောက်လာကြာသည်။ ဦးဆောင်လာသူလူကြီးက..ဆရာတော်များဘုရား၊တပည့်တော်တို့ဗုဒ္ဓဘာသာ
ဘက်က ဟောပြောတာကိုသဘောကျလို့ အခုဟောဒီကျောက်ကွင်းရွာက အိမ်ထောင်ရှစ်အိမ်ထောင်မိသား
စုအားလုံးဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းကီုးကွယ်ပါတော့မယ်တဲ့ဘုရား။ ဟုလျှောက်လိုက်ထားလေသည်
ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးသည် သံဃာနှစ်ပါးကို တွဲထူစေပြီး ရှေ့ဆုံးသို့ကြွလာကာ ၀မ်းသာအားရရှူစား
ရင်း သာဓုသုံးကြိမ်ခေါ်လေသည်။  ဆရာတော်အရှင်ဥက္ကဋ္ဌသည် ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းလာသူများ
ကို သံဃာစင်ရှေ့ထိုင်စေပြီး စာရင်းယူစေသည်။ ထို့နောက် သရဏဂုံသုံးပါးနှင့် လက္ခဏာသုံးပါးတို့၏ အနက်
အဓိပ္ပါယ်အကျဉ်းချုပ်ကို ရှင်းလင်း ဟောပြောပြီးနောက် နတ်မှိဆရာတော် ဦးကလျာဏအားလွဲပြောင်းပေး
လိုက်လေသည်။ မဏ္ဍပ်ပြင်ပနှင့် ဈေးဆိုင် လ္ဘရည်ဆိုင်တို့သို့ ရောက်ရှိနေကြသော ပရိသတ်သည် ကြော်ငြာ
သံနှင့်သာဓုခေါ်သံတို့ကိုကြားရသောအခါမဏ္ဍပ်တွင်းသို့ပြန်လည်ပြေးဝင်လာကြပြီးချီးကျူးစကားပြောကြား
ရာ အုံးအုံးကျွတ်ကျွတ် ဆူညံနေတေည့၏...ဆရာတော်အရှင်ဥက္ကဋ္ဌနှင့် ဗုဒ္ဓဘာသာအဖွဲ့အား ဦးလှောင်၏
နျမများက ဆွမ်းကပ်ရန်ရွာတွင်းသို့ဝင်သွားကြသည်။ကျန်သံဃာများကား မဏ္ဍပ်၌ပင် ဆွမ်းဘုန်းပေးကြ
သည်။ ခရစ်ယာန်ခေါင်းဆောင်များကား ဦးရွှေအောင်၏အိမ်၌ ခေါင်းခြင်းရိုက်၍ တိုင်ပင်နေကြလေသည်
စာချုပ်အရ တစ်အိမ်ထောင်မိသားစုအားလုံး တစ်ဘက်ဘာသာသို့ ကူးပြောင်းလျှင်ပင် အရှူံးဟူ၍ပါနေရာ
ယ္ခု ရှစ်အိမ်ထောင် မိသားစုအားလုံး ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းခဲ့ရာ ယ္ခုအခြေအနေအတိုင်းသာဆို
လျှင် မိမိဘက်ကရှူံးဖို့ သေချာနေပြီ။ နေ့လည် ဟောပြောပွဲတွင် ခရစ်ယာန်ဘာသာသို့ အနည်းဆုံး ဆယ်
အိမ်ထောင်ပါအောင် ဆွဲဆောင်ဟောပြောနိုင်မှသာ မိမိတို့အနိုင်ရမည်ဟုတွက်ဆကြသည်။ ထို့ကြောင့်
စားသောက်ရေးကိုသာမန်သဘောထားပြီး ဟောပြောရေးအတွက်သာ တိုင်ပင်ကြ၊ ရေးမှတ်ကျြနှင့်အ
လုပ်ရှုပ်နေကြတော့သည်။   နေ့လည် ( ၁၂ ) နာရိတိတိတွင် ပရိသတ်ကြီးမှာ နံနက်ကအတိုင်းပြည့်ကြပ်
ပြွတ်ခဲလျှက်ရှိသည်။ မေလ၏ အလွန်ပူပြင်းသည့် နေပူဒဏ်ကိုဂရုမထားပဲ ဟောပြောပွဲကိုသာပင် စိတ်ဝင်
စားနေကြသည်။ ထိုအချိန်တွင် တစ်မနက်လုံးပျောက်နေသည့် သူကြီးဦးလှောင်သည် ၀တ်ကောင်းစာလှ
များဝတ်ဆင်လျှက် ဆုတော်ရငွေဓါးကြီးကိုလွယ်လျှက် ပြုံးပြုံး-ပြုံးပြုံးနှင့် ဇနီးသူကြီးကတော်ကိုလက်ဆွဲ
လျှက်မဏ္ဍပ်ထဲသို့ဝင်လာရာ၊ ပရိသတ်ပွဲကျသွားလေသည်။ ရှစ်အိမ်ထောင်ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်း
ခဲ့ပြီးဖြစ်သဖြင့် သူပြုံးနိုင်လေသည်။ ခရစ်ယာန်ခေါင်းဆောင်များကား မျက်နှာမသာမယာကြပေ။ သဘာပ
တိနှစ်ဦးနေရာယူပြီးကြသောအခါ ပရိသတ်ငြိမ်သွားသည်။ ဆရာကြီးဦးရွှေမှန်က မိန့်ခွန်းမပြောတော့သဖြင့်
တော်ငူလောကုတ္တရာဆရာတော် အရှင်ကုဏ္ဍလကပင် သဘာပတိမိန့်ခွန်းပြောရသည်။ သဘာပတိဆရာ
တော်ကနှစ်ဘက်သော ပရိသတ်တို့ မနက်ကယဉ်ကျေးသိမ်မွေ့စွာ နားထောင်၍ အားပေးကြသဖြင့်အလွန်
ဝမ်းမြောက် ၀မ်းသာကြောင်း ယ္ခုလည်းမနက်ကအတိုင်း ယဉ်ကျေးသိမ်မွေ့စွာအားပေးကြရန် မေတ္တာရပ်ခံ
ပါကြောင်း အတိုချုပ်မိန့်ကြား၍ စည်းမျဉ်းအရ ပထမ အလှည့်ကျသူဗုဒ္ဓဘာသာ ခေါင်းဆောင် ဆရာတော်
အရှင်ဥက္ကဋ္ဌကိုဖိတ်ခေါ်လိုက်လေသည်။
                      ဆရာတော်အရှင်ဥက္ကဋ္ဌသည် သမ္မာကျမ်းစာများနှင့် မှတ်စုများကိုယူ၍ ဟောပြောမည့်စင်
မြင့်ပေါ်သို့ တက်သွားသည်။ ထို့နောက် အောင်မြင်ခန့်ညားသောအသံဖြင့် ပရိသတ်ပေါက်အောင်ဟောပြော
တော့သည်....အိုခရစ်ယာန်ဓမ္မဆရာအပေါင်းတို့.........ဦးပဉ္ဇင်းတို့ရဲ့ ဗုဒ္ဓဂေါတမဘုရားရှင်ဟာ ဆင်ခြင်တုံတ
ရားကို အများကြီးအားပေးတော်မူခဲ့ပါတယ်။ မည့်သည့်အရာကိုမဆို မစုံစမ်း၊ မစစ်ဆေးပဲ မယုံကြည့်ကြနဲ့လို့
ဂေါတမရှင်တော်ဘုရားက ဟောကြားတော်မူခဲ့ပါတယ် ဗုဒ္ဓဘုရားရှင်က( ဧဟိပဿိကော ) လာလှည့်၊ကြည့်
လှည့်၊စမ်းကြည့်ဆိုတဲ့ဂိုဏ်းမျီုးဆိုတာကမ္ဘာပေါ်မှာ ပေါ်ပေါက်လာတဲ့ဘယ်ဘာသာတရားမှ မှမရှိဘူး။ဒီဂုဏ်
မျီုးကို ဂေတမဘုရားရဲ့ တရားတော်တွေမှာသာတွေနိုင်ပါတယ်....ဘာဖြစ်လို့ဂေါတမဘုရားရှင်ကလာကြည့်
စမ်းကြည့်လို့ ရဲရဲဝံ့ဝံ့ပြောရဲတော်မူသလဲ။ သူတရားဟာ မှန်ကန်ကြောင်း သေသေချာချာ သိတော်မူလို့ပေါ့
ဓမ္မဆရာကြီးတို့ရဲ့ သခင်ယေရှူ့ခရစ်တော်ဟာငါပြောဒါသာယုံကြည်ကြ၊ဆင်ခြင်မတက်ရဘူးလို့ဘာကြောင့်
ပြောခဲ့ရတာလဲ အဲဒါစဉ်းစားကြည့်ဖို့ကောင်းပါတယ်။ ကိုယ့်တရားကို ကိုယ်တကယ်ယုံကြည်စတ်ချရရင် ရဲ
ရဲကြီးဆင်ခြေပေးနိုင်စွမ်း ရှိရမယ်မဟုပ်လား။သူတရားဟာ ယုံကြည်စိတ်ချရခြင်းမရှိပါဘူး ဝေဖန်ဆန်းစစ်
မှူ့မရှိဘူးဆိုတာ ဒီအချက်ကပဲ ထင်ရှားနေပါပြီ။ ( သြဘာသံ ) အခုလည်း ဦးပဉ္ဖင်းပြောခဲ့သမျှ ဟောနေသ
မျှနှင့် မှန်တယ်လို့လည်းမယူဆစေလိုပါ။မှားတယ်လို့လည်း တဖက်သတ်ဆုံးဖြတ်ချက်ကို အလျှင်စလိုမပြု
လုပ်စေလိုပါ။ လေကယုတ္တိ၊ သဘာဝယုတ္တိ ရှိ/မရှိ စဉ်းစာဆင်ခြင်စုံစမ်းစစ်ဆေးပြီးတော့မှယုံစေချင်ပါတယ်။
.........."ကဲဒီတော့...ဗုဒ္ဓဘာသာအကြောင်း ဦးပဉ္ဖင်း အကျဉ်းချုံးပြီး ရှင်းရှင်းတင်ပြပါ့မယ်။
........." ဗုဒ္ဓဘာသာဆိုတာဘာလဲ?
........."ဘာကိုရည်မှန်းပြီး ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်ကြသလဲ?
........"ဗုဒ္ဓဘာသာရဲ့ပန်းတိုင်ကဘာလဲ?
......." လောကုတ္တရာအနေဖြင့် ဘယ်လိုဖြစ်သလဲ?
အဲဒါတွေကိုသိရင် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ၀ါဒရဲ့ အနှစ်ချုပ်ကို သိနိုင်ပါတယ်။ အဲလိုသိရင်ပဲ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ၀ါဒဟာ
ကမ္ဘာမှာ အမြင့်မြတ်ဆုံးနဲ့ အမှန်ကန်ဆုံးဆိုတာ သဘောပေါက်သွားလိမ့်မယ်။
             ဗုဒ္ဓဘာသာဆိုတာ ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း ( ၂၅၀၀ ) လောက် အိန္ဒိယနိုင်ငံမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပွင့်ပေါ်ခဲ့တဲ့၊ ဘယ်ဘာသာတရားမှာမှ မရှိတဲ့သစ္စာလေးပါးအမှန်တရားကိုဆရာမကူသယမ္ဘူ
ဥာဏ်တော်နှင့် မိမိအလိုလို ကိုယ်တော်တိုင် ထီုးထွင်းသိမြင်တော်မူခဲ့တဲ့အတွက် ဗုဒ္ဓအမည် ဘွဲ့တော်ရှိတဲ့
ဂေါတမမြတ်စွာဘုရားရဲ့ အဆုံးအမဒေသနာတော်ကိုယုံကြည်လိုက်နာပြီး ဆည်းကပ်ခံယူတဲ့ သဘာဝါဒဖြစ်
ပါတယ်..သံသရာဝဋ်ဒုက္ခမှလွတ်မြောက်ရန် ရည်မှန်းပြီးတော့ ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒကို ဗုဒ္ဓဘာသာဝင်တွေက
ဆည်းကပ်ခံယူခြင်းပဲဖြစ်တယ်.....ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင်က ၀ဋ်ဒုက္ခမှ အေးငြိမ်းရာ နိဗ္ဗာန်ဖြစ်
ပါတယ် အဲဒီပန်းတိုင်ရောက်ဖို့အတွက်ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဂေါတမဆုံးမညွန်ပြခဲ့တဲ့ တရားဓမ္မများကို
ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင်ကျင့်သုံးရမယ်။ အထူးသဖြင့် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကျင့်သုံးကြ
ရမှာက ဗုဒ္ဓဘာသာတိုင်းရဲ့တာဝန်ဖြစ်တယ်..ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒဟာလောကီရေးရာကြီးပွားတိုးတက်ရေးကို
မဟန့်တားသလို ဆုပ်ယုတ်နိမ့်ကျမှူကိုလည်းအားမပေးပါဘူး ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့တဲ့
သမ္ပဒါန်တရားလေးပါးနှင့်အညီ ကျင့်သုံးကြမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနှင့်ပဲ လက်တွေ့၊ မျက်တွေ့ကြီးပွား
တိုးတက်နိုင်ပါတယ်။ အဲဒိလို လောကီရေးရာများကို ဆောင်ရွက်ရင်းနဲ့ပဲ လောကုတ္တရာတရားများကိုလည်း
ကျင့်သုံးသွားနိုင်ပါတယ်..ဗုဒ္ဓဘာသာကို ဆည်းကပ်လိုက်နာရင် ပတ်ဝန်းကျင်နဲ့လည်း သမဘာဂဖြစ်ပြီးအ
ဆင်ပြေအောင် နေထိုင်နိုင်ပါတယ်။ လူမျီုးကွဲ၊ ဘာသာကွဲတွေနှင့် အတူနေထိုင်ဖို့ ၀န်မလေးပါဘူး။အထေ
ာက်အထား ဒေသနာတော်တွေအများကြီးရှိပါတယ် အချိန်မရလို့အလြောက်ပဲတင်ပြတာပါ..။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ

>>>ဆက်ဖတ်ရန်>>> >>