ဗုဒ္ဓဝင် ပုံတော်များ လှူဒါန်းပါသည်
ကဆုန်လပြည့်ဗုဒ္ဓနေ့အား ဤ ဗုဒ္ဓဝင် ပုံတော်များဖြင့် လှူဒါန်းပူဇော်ပါသည်။ |
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင်
သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ
ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ
မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ

မဟာသက္ကရာဇ် ၆၈ခုနှစ်
ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား
အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ
ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ

ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို
ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို
ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏
ဦးခေါင်းတော်ကို ထိခိုက်မိပုံ

ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ်
အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ
မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ
ဝင်စားနိုင်ပုံ

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော
အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ
ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး
သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည်
နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ(ထက်၊အောက်)


အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး
သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့်
စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍
သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း

အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော်
နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော
နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း

အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့
တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့
တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့်
လာရောက် ရှုစားတော်မူခန်း

အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ်
(၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့
အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ
ရသေ့ရဟန်းပြုတော်မူပုံ

အာဠာရ၊ဥဒက ရသေ့နှစ်ဦးတို၏ ဈာန်သမာပတ်များသည် မသေရာအမြိုက်နိဗ္ဗာန်ကို ရောက်နိုင်သည်
မဟုတ်ဟု သိမြင်တော်မုပြီး မိမိခန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင်နိုင်ရန်
ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင် မှားယွင်းစွာကျင့်တော်မူပုံ
ဘုရားအလောင်းတော်၏ ချက်တော်မှထွက်ပေါ်လာသောမြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်သွားပုံ၊။
အရပ်လေးမျက်နာမှ ပျံသန်းလာသော ညို၊နီ၊ ရွှေရောင်ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ဖြူဆွတ်သွားပုံ၊။
ကိုယ်လုံးဖြူပြီး ဦးခေါင်းမဲးသောပိုးရွများ ဒူခေါင်းအထိတက်လာာကပုံ။
မစင်အညစ်အကြေးများ ရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများ
လူးလည်းပေကျံမူမရှိပုံ တိုကိုအိမ်မက် မြင်မက်တော်မူပုံ ။

ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ်
ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ
မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ
ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ
မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်
ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊
ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင်
တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့
ရောက်ရှိတော်မူခဲ့ပါသည်။http://www.dhammageha.com
အထက်ပါပုံများသည် ကျွန်တော်ဆီမှာရှိသော ပုံတော်များဖြစ်ပါသည်။
ဆက်လက်ပြီး ဖော်ပြမည်ပုံများကိုအောက်ပါ link မှ ကူးယူပါသည်။
နကို စာညွန်းမပါတာပါ။ အညွန်းရေးချင်ပါသောလည်း ဗုဒ္ဒဝင်ပုံတော်များ ဖြစ်သောကြေင့်
လွှဲးချော်သွားမည်စိုးပါသဖြင့် ပုံစာညွန် မရေးတော့ပါ။အာလုံ သိကြလိမ်မည်ဟု ထင်ပါသည်။
ဗုဒ္ဓ ဖြစ်စဉ် ပုံလေးတွေပါ...........(3) | for everyon |
ဗျာ၊ ဖွား ၊ပွင့်၊ စံ = ဤလေးတန် ၊ မှတ်ရန် ကဆုန်လ
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဒဘာသာဝင်တိုအတွက် ထူးမြတ်သော နေ့ကြီးတနေ့ပါ။
ကုသိုလ်ကောင်းမှုများပြုခြင် ၊ဥပုဒ် သီလ စောင့်ထိန်းခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့်
ဗုဒ္ဓဘုရားရှင်အား ပူဇော်ကြပါစို.
(.မောင်မြင့်မှတင်ပြခြင်းအားပြန်လည်မျှဝေပါသည်။)
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(ကဆုန်ညောင်ရေသွန်းခြင်းအကြောင်း)
ကဆုန်လ၏ မှတ်သားဖွယ်ကြီး ၁၆-ချက်။ ။
ကဆုန်လနှင့်စပ်၍မှတ်သားဖွယ်အချက
(၁) အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။
(၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။
(၃) တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)
(၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။
(၅) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။
(၆) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။
(၇) စံကားပန်းပွင့်သော လ။
(၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။
(၉) တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။
(၁ဝ) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။
(၁၁) ရက်စုံသတ်သော လ။
(၁၂) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့
ထားသော လ။
(၁၃) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။
(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။
(၁၅) ပြိဿရာသီ မည်သော လ။
(၁၆) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သောလ။
ဦးညွတ်ပါသည် ဗုဒ္ဓနေ့ ကဆုန်
ကံ ( ဥဒကံ ) ဆိန္ဒတိ ဧတ္ထာ တိ ကံဆိန်၊
ကံ ( ဥဒကံ ) ဆိဇ္ဇတိ ဧတ္ထ ( ဧတသ္မိံ မာသေ တိ ) ကံဆိန်၊
ဧတ္ထ ဧတသ္မိံမာသေ - ဤကဆုန်လ၌ ၊ ကံ ဥဒကံ - ရေသည်၊ ဆိဇ္ဇတိ - ခြောက်ခမ်း ပြတ်တောက်တတ်၏၊ ဣတိ တသ္မာ - ထို့ကြောင့်၊ ကံဆိန် - ကဆုန်လ မည်၏ တဲ့၊
ကဆုန်လပြည့် နေ့ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င်တို့အတွက် နှိင်းလို့ မရနိုင်တဲ့ နေ့ထူးနေ့မြတ် တနေ့ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ ၁၂ လ ရှိတဲ့အထဲက အခြောက်သွေ့ အပူပြင်းဆုံး လို့ ဆိုရမယ့် ကဆုန်လကို ရေပြတ်တဲ့ လ၊ ရေရှားပါးတဲ့ လ လို့ ဆိုရတာပါ၊ သစ်ပင် ကြီး ငယ် အားလုံး ရေရှားလွန်းလို့ ညှိုးရော် နွမ်းလျနေတာကြောင့် ရေလိုအပ်နေတဲ့ အချိန်မှာ ဘုရားရှင်ရဲ့ ဖွားဖက်တော်၊ ပရိဘောဂစေတီ၊ သဗ္ဗညုတဥာဏ်တော်ရဲ့ မှီခိုရာဖြစ်တဲ့ မဟာဗောဓိပင်ကို ကာလဒါန လို့ ဆိုရမယ့် ရေသွန်းလောင်းခြင်း ဥဒကဒါန ကို ပြုကြခြင်းပဲ ဖြစ်ပါတယ်၊
ကဆုန်လပြည့်နေ့နှင့် ပက်သက်ပြီး ဖြစ် ပျက် ခဲ့တဲ့ ဗုဒ္ဓ၀င်တွေက ဗုဒ္ဓဘာသာဝင်တို့အား ကြည်နူးမှု့၊ လွမ်းဆွေးမှု့၊ သက်တော်ထင်ရှား ဘုရားရှင်ကို တမ်းတမှု့ တွေ ဖြစ်စေတာကြောင့် ကဆုန် ညောင်ရေသွန်းပွဲတော် ကို ပိုမို အသက်ဝင်စေပြီး စိတ်ကို တက်ကြွ လန်းဆန်းစေပါတယ်၊
“ဗျာဒိတ်တော် ခံ၊ ဖွား၊ ပွင့် ၊ စံ၊ ဟောညွှန် ဗုဒ္ဓဝံသ
ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” လို့ ရှေးရှေး ပညာရှိတွေ မိန့်ဆိုထားခဲ့ကြပါတယ်၊
(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ
အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ ( ဘီစီ ၆၂၃ )
(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
( ဘီစီ ၅၈၈ )
(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
( ဘီစီ ၅၄၃ )
(၅) မဟာသက္ကရာဇ် ၁၀၄ ခုနှစ် မှာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလ ပါရမီ ဖြည့်ဆည်းရာ ကာလမှ စ၍ ယခုဘ၀ ဂေါတမ ဘုရားရှင် ဖြစ်တော်မူရာ ဘ၀ပေါင်းများစွာ ပါဝင်တဲ့ မဟာဗုဒ္ဓ၀င် အတ္ထုပ္ပတ္တိကိုလည်း ဒီ ကဆုန်လပြည့်နေ့မှာပဲ ဟောတော်မူခဲ့ပါသတဲ့။
( ဘီစီ ၅၈၇ )
ပါရမီ ဖြည့်ဖက်တို့ အတုယူဖွယ်ရာ
ဘုရားရှင် ကပိလ၀တ်ပြည်ကို ရောက်တော်မူတဲ့ အခါမှာ ဖခင် ဘုရင်ကြီးနဲ့ တကွ ကပိလ၀တ်နန်းတော် တခုလုံး အုံးအုံးကျွတ်ကျွတ် ဘုရားရှင်ကို လာရောက် ဖူးမြော် ဦးခိုက်ကြတယ်၊ ဒါပေမယ့် အဲဒီအထဲမှာ ယသော်ဓရာ ပါမလာခဲ့ဘူး၊ ယောက္ခမ ဘုရင်ကြိးကိုယ်တိုင် ဘုရားကို သွားရောက် ဖူးမြော်ဖို့ ပြောပေမယ့် ဘယ်လို ပြန်ပြောတယ် မှတ်ပါသလဲ --
ကျွန်တော်မျိုးမရဲ့ မေတ္တာ သံယောဇဉ်ကို မောင်တော် သိဒ္ဓတ္ထ နားလည်တယ် ဆိုရင် အဆောင်တိုက်ခန်းကို ကြွလာပါလိမ့်မယ်၊ သမီးတော်ကတော့ မသွားနိုင်ပါဘူး တဲ့။
တကယ်လဲ ဘုရားရှင်က အသိအမှတ်ပြုခဲ့ပါတယ်၊ အဆောင်တိုက်ခန်းကို ကြွခါနီးမှာ နောက်မှာ ပါလာတဲ့ သူကို ဒီနေ့ ယသော်ဓရာ စိတ်ကြိုက် ငိုကြွေးပါစေ၊ ဘယ်သူမှ မတားမြစ်ကြပါနဲ့ လို့ တားမြစ်တော်မူပြီး အဆောင်တိုက်ခန်းကို ရောက်တဲ့အခါမှာလဲ ခြေဖမိုးတော်ပေါ် ပါးအပ်လို့ ငိုကြွေးခွင့်ပြုခဲ့တယ်၊
နောက်ဆုံးမှာတော့ ဖခင် ဘုရင်ကြီးက ချွေးမတော် ယသော်ဓရာ ရဲ့ သံယောဇဉ်ကြီးပုံ၊ ကျေးဇူးသိတတ်ပုံ၊ သိဒ္ဓတ္ထ မင်းသား တောထွက် တရားကျင့်နေချိန်မှာ လုပ်တဲ့ အပြုအမူအတိုင်း နန်းတော်ပေါ်က ယသော်ဓရာကလဲ လိုက်လံ တုပ ကျင့်ဆောင်ပုံတွေကို အားပါးတရ လျောက်ကြားတော်မူတဲ့ အခါမှာ --
မင်းကြီး ယသော်ဓရာ မင်းသမီးဟာ ဒီ တစ်ဘ၀ထည်းသာ ငါဘုရားကိုယ်တော်အပေါ်မှာ ကျေးဇူးများတာ မဟုတ်ဘူး၊ ဟိုအရင် ပါရမီ ဖြည့်စဉ် ဘ၀များစွာတွေမှာလဲ အနစ်နာခံ အနွံတာခံ စွန့်လွှတ်ပြီး ဖြည့်ဆည်းပေးခဲ့ဖူးတယ် -- အစချီပြီး စန္ဒကိန္နရီ ဇာတ်တော်ကြီးနဲ့ တကွ မဟာဗုဒ္ဒ၀င်ကို ဟောတော်မူပါတယ်၊
ဤသို့ ထူးခြားချက် များနှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြခြင်း ဖြစ်ပေသည်။
ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိခြင်းသည် ချစ်စရာဓလေ့တစ်ခုပင်၊
ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍ ဗုဒ္ဓနေ့ကို အကြောင်းပြုကာ ဘုရားရှင်၏ ဂုဏ်တော်များကို အထူးအောက်မေ့ နှလုံးသွင်းလျက် ကုသိုလ်ကောင်းမှု့များကို ပြုနိုင်ကြပါစေသား ဟု ဆန္ဒပြု တိုက်တွန်း နှိုးဆော်လိုက်ပါတယ် ၊
အင်တာနက်ပေါ်က မြန်မာပြက္ခဒိန်တွေ ကြည့်ပြီး အလုပ်လုပ်နေတာ မှားပါပေါ့လား၊ တန်ခူးလ လို့ပဲ ထင်နေမိ တယ် :P အခုမှပဲ လပြည့်နေ့ကို မှီအောင် ပူဇော်မိပါတယ်၊ လွဲချော်တာများ ရှိခဲ့ရင် ခွင့်လွတ်ကြပါကုန်၊ တနှစ်လုံးရဲ့ အပူဆုံးလ၊ ရေပြတ်တဲ့ လ၊ အိန္ဒိယ နိုင်ငံရဲ့ အပူချိန်အမြင့်ဆုံး လမှာပဲ စာရေးသူဟာ ဂယာမြေကို ခြေချမိနေခြင်းက ကံကောင်းတာလား ကံဆိုးတာလား မခွဲခြားတတ်တော့။ ကဲ ဘာဖြစ်ဖြစ် - မင်းတို့ထွက် ရက်ရာဇာ တဲ့၊ ကြိုက်သလောက် ပူစမ်းပါစေ - အဖ ဘုရားရှင်ရဲ့ ဖွားဖက်တော် ဗောဓိ ညောင်ပင်အောက် ကတော့ အေးမြစေမှာ အသေအချာပင် - -
http://
(ဖွား+ ဖြစ်+ ဟော+ စံ= ဤလေးတန် ၊ မှတ်ရန် ကဆုန်လ)
ဖွား......
ဖြစ်.......
ဟော.....
စံ.........
ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် မွေးဖွားတော်မူသည့်နေ့၊ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူသည့်နေ့ ၊ မြတ်စွာဘုရားရှင်၏ ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ ဟူသည့် သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်ပြီး ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ အထူးခြားဆုံး နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပေသည်။ ယင်းက ဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ကို 1999 ခုနှစ်တွင် ကမ္ဘာကုလသမဂ္ဂ၏ နေ့တစ်နေ့ အဖြစ်ဖြင့် အထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချကာ အသိမှတ်ပြုပေးခဲ့သည်။ ၄င်းအချိန်မှစ၍ နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားသို့ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ထံမှ သ၀ဏ်လွှာများပေးပို့လေ့ရှိသည်။ ယခင်အထွေထွေ အတွင်းရေးမှုးချုပ် တို့၏ အစဉ်အဆက်က ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍနှင့် ဗုဒ္ဓတရားတော်တို့၏ စွမ်းပကား တော်များကို ချီးကျူးခဲ့ ကြပြီး ယင်းတရားတော်များ၏ လူမှုကဏ္ဍ နယ်ပယ်အသီးသီးတို့၌ အကျိုးကျေးဇူး သက်ရောက်ပုံ များကို လည်း ပြောကြားခဲ့ကြသည်။
ယခုတဖန် နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောကြားတော်မူခဲ့သော ဂေါတမဗုဒ္ဓ၏ မိန့်ဆိုချက်များမှာ နေ့စဉ်ရင်ဆိုင်တွေ့ကြုံနေကြရသော
အရာဝတ္ထုတစ်ခု၏ တန်ဖိုးဆိုသည်မှာ မိမိထံမှ ပေးလိုက်ရသည့် သတ်မှတ်တန်ကြေးထက် သုံးစွဲသူ ကာယကံရှင်ပုဂ္ဂိုလ်၏ တန်ဖိုးသိစိတ်အပေါ်၌သာ များစွာအခြေခံပေသည်။ မြက်ကိုသာ စားတတ်သည့် သားသမင်ရှေ့မှောက်၌ အဖိုးများစွာထိုက်တန်သည့် စိန်ကျောက် ရတနာပုံကြီးကို စုပုံထားသော်လည်း ၄င်းသားသမင်က တန်ဖိုးထားလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများ ထဲတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်သည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ၊ အဖွဲ့အသီးသီး၊ ပုဂ္ဂိုလ် အများစုကြီးတို့အကြား ဗုဒ္ဓ၏တရားတော်များနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှုးချုပ် သဘောပေါက် နားလည်ကာ တန်ဖိုးထားသကဲ့သို့ နားလည်သဘောပေါက်ပြီး လက်တွေ့ ကျင့်သုံးခဲ့ကြပါလျှင် ယနေ့ မြန်မာပြည်သူအများ ခံစားနေကြရသည့် ဒုက္ခပင်လယ်ဝေ နေကြရသည့် အဖြစ်မျိုးမှ ကာကွယ်နိုင်ခဲ့ကြပေလိမ့်မည်။
အထွေထွေအတွင်းရေးမှုးချုပ်၏ စကားထဲတွင် သူတစ်ပါးပစ္စည်းကို မတရားသိမ်းပိုက်လိုမှု လောဘ၊ အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်မှု ဒေါသ၊ ကြောင်းကျိုးဆီလျော်မှုတို့ကို မသိတတ်မှု မောဟ တို့ကို အားမပေးသည့် မြတ်ဗုဒ္ဓ၏တရားတော်များသည် နှစ်ဦးနှစ်ဖက် အပြန်လှန်လေးစားမှု၊ ကိုယ်ချင်းစာနာမှု၊ ဆွေးနွေးတိုင်ပင်မှုတို့ဖက်ဆီသို
လူသားတို့ကို ကိုးကွယ်ရာတစ်ခုမှ အခြားကိုးကွယ်ရာတစ်ခုသို့ ပြောင်းလဲစေဖို့ မရည်ရွယ်ပဲ သီလဖြင့် လူသားတို့စည်းကမ်းရှိဖို့ ၊ သမာဓိဖြင့် လူသားတို့ စိတ်ချမ်းသားဖို့ ၊ ပညာဖြင့် အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သိမြင်ပြီး လူအသိစိတ်ဓာတ်ကို မြှင်တင်ဖို့ကိုသာ ရည်ရွယ်ထားသည့် ဗုဒ္ဓ၀ါဒသည် မိမိ၏ လမ်းညွှန်ချက်များကို လေ့လာသင်ကြားခြင်း ၊ လက်တွေကျင့်သုံးခြင်း ၊ သဘောပေါက် နားလည်ခြင်းမှတဆင့် လူသားတို့၏ဘ၀ကို မြှင့်တင်ဖို့ကိုသာ ရည်ရွယ်သည်။ ပညာဖြင့် အမှားအမှန်ကို ခွဲခြမ်းမသိနိုင်ကြသမျှ ကာလပတ်လုံး ငါ၏ ပြုလုပ် ပြောဆို တွေးတောကြံဆမှုများသည်သာ အမှန်ဖြစ် သည်ဟု ငါဟူသည့် အတ္တအစွဲက ကြီးပွါးနေအုံးမည်သာ။ အတ္တအစွဲကြီးသူတစ်ယောက်အဖို့ မီးပြတိုက်ကို ရန်သူဟု အမြင်မှားသည့် မာလိမ်မှုးကဲ့သို့ တရားနည်းလမ်းတကျ လမ်းညွှန်ပြသူများကိုလည်း ရန်သူ တစ်ယောက်ပမာ ဆက်ဆံအုံးမည်သာဖြစ်သည်။
မြန်မာနိုင်ငံတွင် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက် မူဝါဒကောင်းများသည် အပြည့်အ၀ ရှိနေပေသည်။ သို့သော် လည်း ကျင့်ကြံ ကြိုးစားအားထုတ်မှု ပုဂ္ဂိုလ်ပိုင်းမှ အားနည်းလျှက်ရှိနေပါသည်ဟုဆိုက ၀န်ခံကြရ မည်သာဖြစ်သည်။ တိုင်းပြည်တစ်ပြည် အုပ်စုတစ်ခု အဖွဲ့အစည်း တစ်ခုစသည်တို့တွင်မူ နှင့် လူသီးခြား ရပ်တည်၍မရနိုင်ပေ။ မူနှင့်လူ နှစ်ခုလုံး ညီမျှစွာ ယှဉ်တွဲသွားနိုင်ပါမှလျှင် တိုးတက်အောင် မြင်နိုင် ပေသည်။ မြန်မာပြည်သူတွေ ကောင်းမွန်သည့် လူနှင့် မူစနစ်တို့အောက်၌ ငြိမ်းချမ်းသာယာပျော်ရွှင် နိုင်ကြပါစေ ---
အရှင်ဥက္ကဋ္ဌ
http://www.oneshinwar.com/
ပြန်လည်မျှသေခြင်းဖြစ်ပါသည်။
No comments:
Post a Comment