Showing posts with label ဘာသာရေးပို့စ်. Show all posts
Showing posts with label ဘာသာရေးပို့စ်. Show all posts
Friday, 6 April 2012
ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၁၆
ဗုဒ္ဓဘာသာကို ဆရာဦးသာဒင် ဝေဖန်သွားတဲ့နေရာမှာ ပဋိသန္ဓေခန်းကစပြီးတော့ ဗုဒ္ဓကိုတွယ်သွားပါတယ်။
ကလေးတွေစကားနိုင်လုပြောသလို ပြောစတမ်းသာဆိုရင် ဗုဒ္ဓဘုရားလောင်းရဲ့ ခမည်းတော်နဲ့ မယ်တော်သာ
ရှင်ဘုရင်နှင့် မိဖုရား၊ ဆရာကြီးတို့ရဲ့ ဘုရား၊ ယေရှူ့ရဲ့ အဖေနဲ့အမေကဘယ်သူတွေလည်း၊ ဘယ်တိုင်းပြည်က
ဘုရင်နှင့်မိဖုရားလဲလို့ ပြောချင်ပြောနိုင်တာပေါ့။ ဆရာဦးသာဒင် ဦးပဉ္ဖင်းမေးပါရစေ။အဲဗုဒ္ဓ၀င်မှာပါတဲ့အတိုင်း
ဗုဒ္ဓကိုယ်တော်တိုင် ဘယ်နေရာမှာ ဘယ်တုန်းက ဟောခဲ့တယ်ဆိုတာကို အထောက်အထားအခိုင်အလုံနှင့်
ပြောနိုင်ပါသလား။ အခိုင်အလုံပြနိုင်ပါသလား။ အခိုင်အလုံပြနိုင်ရင် ဦးပဉ္ဖင်းမှားကြောင်း ဦးသာဒင်ကိုဝန်ချ
တောင်းပန်ပါ့မယ်။အမှန် ဗုဒ္ဓ၀င်ဆိုတာ (ဗုဒ္ဓ၀ံသအဌကထာ)ကိုမြန်မာလိုပြန်ပြီး ရေးထားတဲ့ကျမ်းပါ။ရေးသား
သူကတော့သီဟိုဠ်ရဟန်းတော်အရှင်ဗုဒ္ဓဒတ္ထပါဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ထောင်ကျော်မှာ ပေါ်ပေါက်
တဲ့ ပါဠိပညာရှင် သီဟိုဠ်ရဟန်းတော်တစ်ပါးသာဖြစ်ပါတယ်။  " နောက်နလာဋဓာတုဝင်၊ မဟာဝင်၊ဒီပ၀င်၊
ဗောဓိဝင်၊ဒါဌာဓာတုဝင်ဆိုတာတွေကိုလည်း သီဟိုဠ် ရဟန်းတော်အရှင်မဟာနာမဆိုသူက ရေးသားခဲ့တာပါ
အဲဒီစာတွေနဲ့ တချီု့ အဌကထာ၊ ဋိကာတွေကို တိုက်ဆိုင်ကြည့်ရှူ့ပြီးတော့ ဗမာရဟန်းတော်ဖြစ်တဲ့ ကျီးသဲ
လေးထပ်ဆရာတော်က(ဇိနတ္ထပကာသနီကျမ်း) ကို ရေးသားပြုစုခဲ့တယ်။ နောက်(မာလာလင်္ကရ)တို့
(တထာဂတဥဒါနဒီပနီ) တို့ဆိုတာတွေလည်းရှိပါသေးတယ်။ အဲဒီကျမ်းက စကားတွေကို ဦးသာဒင်ကဗုဒ္ဓဘု
ရားဟောပါတယ်ဆိုပြီး ဝေဖန်သွားတာကိုတွေ့ရပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်နှင့် စာရေးဆရာတွေရဲ့
အဌကထာ၊ ဋိကာ စတာတွေကို အတူတူချည်းပဲထင်ပြီး ပြောနေကြရင်တော့ ဖြစ်မှာမဟုပ်ပါဘူး။အလွန်မှား
ပါလိမ့်မယ်။ ဦးသာဒင်တို့ အင်မတန်အထင်ကြီးတဲ့ အနောက်တိုင်းက ခရစ်ယာန် ဘာသာဝင်ပညာရှင်တွေ
ကထဲ ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရား
ဟောအစစ်၊ ဘယ်ဟာက နောက်စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနိုင်ပြီးတော့ ဗုဒ္ဓဘာသာသို့ကူး
ပြောင်းခဲ့ကြတာတွေအများကြီးရှိပါတယ်။ အဲဒါကို ဦးသာဒင်တို့ အထူးသတိပြုဖို့ကောင်းပါတယ်.....။
"စိန္တတံ သတ္တသင်္ချေယျံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီသောတတ္တကီကျမ်းတွေထဲမှာပါတာ၊ပိဋကတ်ထဲ
မှာပါတာမဟုပ်ဘူး။ အောင်ခြင်းရှစ်ပါးတို့ ၀ိဘက်တော် ၁၂ ပါးတို့ဆိုတာတာဝတိံသာနတ်ပြည်ကိစ္စဆိုတာ
စာရေးဆရာတွေရဲ့ လက်ချက်တွေပါ။ ဘုရားဟောမဟုပ်ပါဘူး သစ္စကပရဗိုဇ်နှင့် ဗုဒ္ဓဟာ အနတ္တ၀ါဒကိစ္စ
မေးတာ၊ဥစ္စကက အားလုံးဝန်ခံရတယ်။ အနတ္တသာ မှန်ပါတယ်လို့ နောက်ပိုင်းသိကြားမင်း ပါလာတာက
ဗြဟ္မာဏ၀ါဒီတွေ ထိုးထည့်ပေးတာ။ ဗုဒ္ဓနဲ့ ဘာမှမဆိုင်ပါဘူး"။
              " ပထမဆုံး ဘုရားဘယ်သူဗျာဒိတ်ပေးသလဲဆိုတဲ့ မေးခွန်းကို ဆရာကြီးတို့ရဲ့ ထာဝရဘုရားကို
ဘယ်သူဖန်ဆင်းသလဲဆိုတဲ့ မေးခွန်းနဲ့ပဲဖြေလိုက်ပါတယ်။ " ဦးသာဒင်တို့ ဓမ္မဆရာတွေဟာ ပိဋကတ်ကို စေ့
စေ့စပ်စပ်သေသေချာချာ လေ့လာခဲ့ပုံမရဘူး။ သုတေသန လုပ်ဖို့ဆိုတာတော့ အတော်ကလေး ဝေးပုံရပါ
တယ်။ ဒါကြောင့်မို့လဲဗုဒ္ဓရဲ့ တရားတော်အစစ် စာရေး ဆရာတွေရဲ့ စာကိုအားလုံး အတူတူပဲလို့ပြောတာပေါ့
အဲလိုပြောစတမ်းဆိုရင် ခင်ဗျားတို့ရဲ့ သမ္မာကျမ်းစာတွေကိုလည်း ပြောစရာတွေအများကြီးရှိပါတယ်။
          "ဥပမာ..ခရစ်သက္ကရာဇ် ၁၃၅၀ ခုနှစ်လောက် ပထမဆုံး အင်္ဂလိပ်ဘာသာအဖြစ်ပြန်ဆိုရေးသားတဲ့
(၀င်ကလစ်ဖ်)ရဲ့ " ဘိုင်ဘယ်လ်"ခေါ်တဲ့ သမ္မာကျမ်းစာကို"တင်ဒေလ်"ရဲ့ နောက်မှပေါ်တဲ့ သမ္မကျမ်းစာနဲ့
တိုက်ကြည့်ရင် ကွဲလွဲနေတာတွေ အများကြီးရှိနေတာကို တွေ့ရပါမယ်။ အဲဒီလို "ဗာဒေးလ်"ရဲ့ သမ္မာကျမ်းစာ
လည်း တမျီုးဖြစ်နေပြန်တယ်။ အဲဒီလို ကွဲလွဲချက်တွေကို မစဉ်းစားမဆင်ချင်ဘဲနဲ့ အကုန်လုံးကိုသိမ်ကျုံးပြီး
ခရစ်တော်က ဒီအတိုင်း ဟောခဲ့တယ်ဆိုရင် ဦးသာဒင်တို့ ကြီုက်ပါ့မလား.."တင်ဗဒးလ်"ရဲ့ သမ္မကျမ်းစာကို
လည်း ခရစ်သက္ကရာဇ် ၁၅၆၀ လောက်မှ"မိုင်းလ်စ်ကိုဗားဒေးလ်"က ပြီးတော့ ပြုပြင်ရေးတာကိုတွေ့ရပြန်ပါ
တယ်။ အဲဒီနှစ်ယောက်မှာပဲ ဒီဆရာတွေရဲ့ ရေးသားချက်တွေဟာ ခရစ်တော်ရဲ့တရားများကို ယုတ္တိကင်းမဲ့
စေတယ်။လွဲမှားစေတယ်ဆိုပြီးတော့"တင်ဒေးလ်"က"ဟီးဘရူး"ကျမ်းကိုအခြေခံပြီးရေးတဲ့ "ဘိုင်ဘယ်လ်"
ထဲမှာ"ဂျေရုဆလင်"မြီု့ကြီးကို သမုဒ္ဒရာနဲ့ ရေလွမ်းသတ်တယ်လို့ ရေးတဲ့အခန်းကို "မာတင်လူသာ" တို့က
မကြီုက်ကြဘူး။ ဒါနဲ့ ဒီအခန်းကို ပြုပြင်ပြီး ရေးလိုက်ကြတယ်။
                "အဲဒါတွေကိုကြည့်ရင် ခရစ်ယာန်ရှေ့ကျမ်းစာမှာပဲ တစ်ကျမ်းနဲ့တစ်ကျမ်း ကွဲလွဲချက်တွေမတူ
တာတွေ ရှိနေပါတယ်။ ဒါမျီုးတွေလျှောက်ပြောနေကြရရင် ခရစ်ယာန်ထာဝရဘုရားဟာ မေတ္တာနဲ့ဂရုနာကို
အရင်းခံတယ်လို့ တဖက်ကပြောပြီးတော့ တစ်ဘက်မှာ လူတွေကို မညှာမတာ ရက်ရက်စက်စက် လုပ်ခဲ့
တယ်ဆိုတဲ့ အကြောင်း အရာတွေအများကြီး ရှိနေလေတာ့ ခုနားက ဆရာကြီး ဦးသာဒင်ပြောခဲ့တဲ့ဗုဒ္ဓ၀င်
အရ ရှေ့နှင့်နောက် မညီတဲ့ အချက်များဟာ စာရေးဆရာတွေကြောင့်သာ ရှိနေတယ်ဆိုတာလယ်ပြင်ဆင်
သွားသလိုထင်ရှားလှပါတယ်။ အဲဒီလို မညီတာတွေကိုထားပြီးတော့ ဦးပဉ္ဖင်းတို့ရဲ့ ဗုဒ္ဓဂေါတမဟာ ဘယ်
နေရာမှာ ဘယ်သူရဲ့ အသက်တစ်ချေင်းကို သတ်ခဲ့ဖူးပါသလဲ။ ဖျက်စီးခဲ့ဖူးပါသလဲ။ ဗုဒ္ဓဂေါတမကို ထား
လိုက်ပါဦး ဗုဒ္ဓဂေါတမရဲ့ တပည့်သာဝက ရဟန္တာထဲက ဘယ်သူဟာ သူတစ်ပါး အသက်ကိုသတ်ဖူးပါသ
လဲ။တစ်ခုလောက်များရှိရင် တွေ့ရင်ပြောစမ်းပါလို့ ဆရာကြီး ဦးသာဒင်ကို ဦးပဉ္ဇင်း မေတ္တာရပ်ခံလိုက်ပါ
တယ်။  အဲဒါတွင် မဟုပ်ပါဘူး ဗုဒ္ဓသာသနာတော်ရဲ့ နှစ်ပေါင်းနှစ်ထောင်ကျော် သက်တမ်းအတွင်းမှာဗုဒ္ဓ
သာသနာတော်အတွက် ဆင်နွဲရတဲ့စစ်ပွဲမျီုးရှိခဲ့ဖူးပါသလား။ ဗုဒ္ဓဘာသာဝင်တွေဟာ သာသနာပြုလုပ်ငန်း
အတွက် စစ်တိုက်ခိုက်ရတယ် သတ်ဖြတ်ရတယ်။ ငွေကြေးနဲ့ ရာထူးနဲ့ ဖြားယောင်းသွေးဆောင်ပြီး သိမ်း
သွင်းခဲ့ရတယ် ဆိုတာမျီုးများ ဗုဒ္ဓသာသနာ သမိုင်းမှာ ရှိခဲ့ဖူးပါသလား။ထောက်ပြစမ်းပါ..ဆရာကြီးဦးသာ
ဒင်တို့က အနန္တတန်ခိုးတော်ရှင်ကြီး အနန္တမေတ္တာရှင်ကြီး အနန္တဂရုဏာရှင်ကြီးလို့ ယုံကြည်ပြီး တဖွဖွချီး
ကျူးနေကြတဲ့ ထာဝရ(ခေါ်) ဌာဝယဘုရားနှင့် ပတ်သက်ပြီးတော့ ဒကာကြီးတို့အလွန်အထင်ကြီးနေတဲ့
အနောက်တိုင်းသား ခရစ်ယာန်ဆရာကြီးများက ဌာဝယကို ဘယ်လိုချီးကျူးထားတယ်ဆိုတာ နည်းနည်း
တင်ပြပါ့မယ်။...ဆက်လက်ရေးသားပါဦးမည်.........။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Wednesday, 28 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၂
ဟောပြောပွဲလိုက်နာရန်စည်းမျဉ်း..................
(၁) နံနက် ၇ နာရီတွင် ယှဉ်ပြီုင်ဟောပြောပွဲကိုစတင်ဖွင့်လှစ်ရန်။
(၂)သဘာပတိအဖြစ် ခရစ်ယာန်တို့ဘက်မှတစ်ဦး ဗုဒ္ဓဘာသာဘက်မှတစ်ဦး နှစ်ဦးတင်ရန်။
(၃)၇ နာရီမှာ ၇ နာရိ ၁၅ မိနစ်အထီ ခရစ်ယာန်သဘာပတိကမီန့်ခွန်းပြောကြားရန်။  (၁၅ မိနစ်)
(၄)၇ နာရိ ၁၅ မိနစ်မှ ၇ နာရိ ၃၀ အထိ ဗုဒ္ဓဘာသာဝင် သဘညပတိက မိန့်ခွန်းပြောကြားရန်။ (၁၅ မိနစ်)
(၅)၇ နာရိမိနစ် ၃၀ မှ ၈ နာရိ ၁၅ မိနစ်အထိ ခရစ်ယာန်ဘာသာတို့ဘက်မှ ဗုဒ္ဓဘာသာကိုဝေဖန်ဟောပြောရန်။
(၆)၈ နာရိ ၁၅ မိနစ်မှ ၉ နာရိအထိ  ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာဘက်ကိုဝေဖန်ဟောပြောရန်။
(၄၅ မိနစ်)
(၇)၉ နာရိမှ ၁၂ နာရိ အထိ ဟောပြောပွဲကြီးကိုရပ်နားရန်။
(၈) နေ့လည် ၁၂ နာရီတွင် ဟောပြောပွဲကိုပြန်လည်ဖွင့်လှစ်ရန်။
(၉)၁၂ နာရိမှ နေ့ ၂ နာရိအထိ ဗုဒ္ဓဘာသာဘက်မှဝေဖန်ဟောပြောရန်။
(၁၀)နေ့လည် ၂ နာရီမှ ညနေ ၄ နာရီ အထိ ခရစ်ယာန်ဘက်မှဝေဖန်ဟောပြောရန်။ (အချိန် ၂ နာရီတိတိ)
(၁၁)ညနေ ၄  နာရီတွင် နှစ်ဘက်သဘာပတိများ လက်မှတ်ရေးထိုးထားသောဟောပြောပွဲရုတ်သိမ်းစာကို
ဖတ်၍ဟောပြောပွဲကြီးပြီးဆုံဒကြောင်းကြေညာရန်။
ဆရာတော်အရှင်ဥက္ကဋ္ဌ သဘောတူလက်ခံ၍ လက်မှတ်ထိုးပေးလိုက်သည်။ ညနေဘက်တွင် ပြည်၊ ပေါင်း
တည် ရွှေတောင်စသည့် အရပ်ဒေသများမှ သံဃာတော်အချီု့ လှည်းများနှင့်ရောက်လာကြသည်။ ထိုအထဲ
တွင် တောင်ငူမြီု့၊ လောကုတ္တရာသိမ်ကျောင်းဆရာတော် အရှင်ကုဏ္ဍလလည်းပါလာလေသည်။ အလိုတော်
ရဂိုဏ်းသံဃာတော်များနှင့် ဂိုဏ်းချုပ်ဆရာတော်ကြီးကပါ  သဘောတူနှစ်သက်ကြသဖြင့် ဟောပြောပွဲကြီး
တွင် ဗုဒ္ဓဘာသာတို့ဘက်မှ သဘာပတိလုပ်ရန် တောင်ငူဆရာတော်အားရွေးချယ်လိုက်သည်။ ဆရာတော်
အရှင်ဥက္ကဋ္ဌသည်မနက်ဖြန်ပွဲ၌ သဘာပတိမိန့်ခွန်း ၁၅ မိနစ်စာကို လေကုတ္တရာဆရာတော်နှင့် တိုင်ပင်ဆွေး
နွေး၍ အစီအစဉ်ပြုလုပ်နေကြသည်။ မဏ္ဍပ်ကြီး၏ ခပ်လှမ်းလှမ်းတွင်ကား နက်ဖန်ပွဲအတွက် ရောင်းချရန်
စားသောက်ဆိုင်များ၊ လ္ဘက်ရည် ဆိုင်များ၊ ဈေးဆိုင်များဖြင့်စည်ကားနေလေသည်။ ခရစ်ယာန်ဆရာကြီးများ
ကလည်း ဓမ္မဆရာ ဦးအောင်ရွေ၏ နေအိမ်တွင် ဗုဒ္ဓဘာသာကို ဆော်နှက်ရန်၊ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓကျမ်းစာ
အချီု့မှ အချက်အလက်များကို စုပေါင်းတိုင်ပင်၍ ရှာဖွေထုပ်နုတ်မှတ်သားချက်များကို ရေးကူးနေကြသည်။
အထူးသဖြင့် " လောကမျက်မှန်" စာစောင်တွင်ပါရှိသော ဆရာတော်ဦးညေယျ၏ ရေးသားချက်များကိုအဓိ
ကထား၍ ထိုးနှက်ကြရန်မှတ်သားနေကြသည်။အရှင်ဥက္ကဋ္ဌသည် ဦးညေယျကဲ့သို့ပင် ပြောဆိုလိမ့်မည်ဟုယူ
ဆနေကြဟန်ရှိသည် ဤအတိုင်းဆိုလျှင် သူတို့ဘက်မှ နိုင်ဖို့သေချာပြီ၊ဤသို့တွက်ဆ၍ ပြောနေရာ ခရစ်ယာ
န်ပရိတ်သပ်မှာအလွန်တက်ကြွနေလေတော့သည်။
                အရှင်ဥက္ကဋ္ဌ၏အကြောင်းနှင့် အရည်အချင်းတို့ကို တိတိကျကျမသီရှိကြဘဲအထင်အမြင်သေး
နေခြင်းသည် သူတို့အဖို့ နောက်တစ်နေ့တွင် မဟာအမှားကြီးဖြစ်ကြောင်းသီရှိရတော့မည်ဖြစ်သည်။
                                  မြန်မာသက္ကရာဇ် ၁၂၉၈ခု၊ ကဆုန်လ္ဆန်း ၁၂ ရက်၊
                                 ခရစ်သက္ကရာဇ် ၁၉၆၃၊ မေလ ၁ ရက် သောကြာနေ့၊
ဤနေ့ကားမြန်မာနိုင်ငံ ဗုဒ္ဓဘာသာသနာသမိုင်းတွင် အမှု့ကွန်းတင်ရမည့်နေ့ဖြစ်သည်။ခရစ်ယာန်တို့၏ဖန်
ဆင်းရှင် က္ကုဿရနိဗ္ဗာန၀ါဒနှင့် ဗုဒ္ဓမြတ်စွာ၏ အနတ္တ၀ါဒတို့ ယှဉ်ပြီုင်ပြိုင်ကြမည့်နေ့ကြီးဖြစ်သည်။ထောင်
သောင်းမကသောပရိတ်သတ်ကြီး၏ ရှေ့မှောက်တွင် တရားဝင်ယှဉ်ပြိုင် ဟောပြောကြခြင်းဖြစ်၏ တစ်ဘက်
နှင့်တစ်ဘက် ပဋိပက္ခမဖြစ်ကြဘဲ ပျော်ပျော်ပါးပါးကြီး ယှဉ်ပြိုင်ောပြောကြရာ ဤပြိုင်ပွဲမျီုးကား မြန်မာနိုင်ငံ
သမိုင်းတွင် တစ်ကြိမ်တည်းသာ ပေါ်ပေါက်ခဲ့ဖူးသော ပထမနှင့် နောက်ဆုံးယှဉ်ပြိုင်ဟောပြောပွဲကြီးပင်ဖြစ်
လေသည်။         (ပရိတ်သတ် တစ်သောင်းကျော်)
ထို့နေ့အာရုစ်တက်မှစ၍ ကျောက်ကွင်းရွာပတ်ဝန်းကျင်ရှိ ရွာများမှ ကျောက်ကွင်းမဏ္ဍပ်ကြီးဆီသို့ ဦးတည်၍
 လာနေကြသည့်လှည်းသံ လူသံတို့မှာ ဆူညံ၍နေကြသည်။ ၀က်ထီးကန်မြီု့မှ ခြေလျှင်လာကြသော လူတန်း
ကြီးမှာလည်း အဆက်မပြတ်ဖြစ်နေသည်။ နံနက်  ၅ နာရီခွဲချိန်တွင် မဏ္ဍပ်ကြီးတစ်ခုလုံးပြန့်သွားလေသည်။
နောက်ထပ်ရောက်လာကြသော လှည်းများနှင့် လူများမှာ မဏ္ဍပ်အပြင်ဘက်ဝန်းကျင်တွင်နေရာယူကြသည်
အချီု့မှာထိုင်ဖို့ပင် နေရာမရ၍ မတ်တပ်ရပ်နေကြရသည်။ ရွေတောင်၊ ပြည်၊ ပေါင်းတည်၊ပေါင်းတလည်၊ပေါ
က်ခေါင်း၊ မြန်အောင်၊ ဟင်္သတ စသော ရပ်ဝေးဒေသမှာလူများပါ ရောက်လာကြသဖြင့် ပရိတ်သပ်တစ်သော
င်းကျော်ရှိမည်ဟုခန့်မှန်းရပါသည်။ သံဃာစင်ပေါ်တွင်လည်း အာဂန္တုကရဟန်းများနှင့် အလိုတော်ရဂိုဏ်းဝင်
သံဃာတော်များပါ နောက်ထပ်ရောက်ရှိလာသဖြင့် စုစုပေါင်းသံဃာ ၂၀၀ ကျော်ဖြစ်သွားသည်။ ရန်ကုန်မှ
ညွန်ကြားချက်အရ ပြည်မြီု့မှ ရာဇ၀တ်ဝန်ကြီး ဦးကြင်၊ တရားသူကြီးနှင့် ပုလိပ်များသည် လာရောက်၍ စောင့်
ရှောင့်ပေးနေကြသည်။ မဏ္ဍပ်အနီးတွင် ယာယီစခန်းဖွင့်၍ အရာရှိများကပါစောင့်ရှောက်ပေးနေကြသည်။
                                                (ပြိုင်ပွဲကြီးစပြီ)
၇ နာရီထိုးရန် ၁၅ မိနစ်အလိုတွင် ခရစ်ယာန်ခေါင်းဆောင်များက သံဃာစင်၏ရှေ့တွင် မဏ္ဍပ်အတွင်းမြေပြင်
ပေါ်၌ စီတန်းခင်းထားသော ကုလားထိုင်များပေါ်သို့ရောက်ပြီး စီ၍ထိုင်နေကြသည်။ ဗုဒ္ဓဘာသာအဖွဲ့ဝင်များ
ကလည်း မြောက်ဘက်ခြမ်းရှိသံဃာစင်ရှေ့ မြေပြင်ပေါ်တွင်တန်းစီခင်းထားသည့်ကုလားထိုင်များပေါ်သို့သွား
ရောက်ထိုင်နေကြသည်.သဘာပတိများအတွက်နေရာကိုနှစ်ဘက်ခေါင်းဆောင်များ၏ အတန်းအလယ်တွင်
စားပွဲတစ်လုံးချ၍ စားပွဲ၏ တစ်ဘက်တစ်ချက်တွင်ကုလားထိုင်တစ်လုံးစီချထားသည်။ သဘာပတိများ၏ စားပွဲရှေ့တွင် ခုံမြင့်တစ်ခုချထား၍ ခုံမြင့်၏ရှေ့တွင် စားပွဲတစ်လုံးရှိသည်။ စားပွဲပေါ်တွင်ရေချိုင့်၊ဖန်ခွက်နှင့်
စားပွဲတင်နာရိတစ်လုံးကိုတင်ထားသည်။ သာဘာပတိ၏စားပွဲပေးတွင်လည်း ရေချိုင့်နှင် နာရီတစ်လုံးရှိသည်
        ၇ နာရီအချိန်တွင် ခရစ်ယာန်သာဘာပတိ ဦးရွေမှန်နှင့် ဗုဒ္ဓဘာသာ သဘာပတိဆရာတော်ဦးကုဏ္ဍလ
တို့သည် သဘာပတိများနေရာသို့ ကြွရောက်လာကြပြီး နေရာယူထိုင်နေကြသည်။ ဦးရွေမှန်က ၀ါဒယှဉ်ပြိုင်
ဟောပြောပွဲဖွင့်လှစ်ကြောင်း ကြေညာ၍ သဘာပတိမိန့်ခွန်းကိုစတင်ပြောကြားသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Saturday, 25 February 2012
"ဘုရားမကယ်နိုင်သူများ"
လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။ အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ ကံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ ကလေးကလား သဘောထားတတ်၏။ အချိန်တန်မှ အကျိုးပေးတတ်သည့် ကံတရား၏ သက်ရောက်မှုတွင် လက်တွေ့မခံ ရသေးသည့်အခါ အယုံအကြည် နည်းနေတတ်၏။ ထို့အတူ မိမိ၏လုပ်ရပ်များတွင် လက်ယဉ်လာသည့်အခါ အကြောက်တရားပါ ခေါင်းပါးလာတတ်၏။ ထို့သို့သောသူများကို အခြားသူများက မကောင်းသည့် လုပ်ရပ်များကြောင့် “ဟေ့…ဟေ့… အဲဒီလို မလုပ်နဲ့ ငရဲကြီးလိမ့်မယ်” ဟု ပြောဆိုသည့်အခါ “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့..” စသည်ဖြင့် ပြန်လှန်တုံ့ပြန် တတ်သကဲ့သို့ အချို့က “ဒီလိုမကောင်းတဲ့အလုပ်တွေလုပ်ရင်ဝဋ်လိုက်တတ်တယ်..”ဟု ပြောလာလျှင်လည်း “၀ပ်လိုက်ရင် ထပြေးတာပေါ့…” စသည်ဖြင့် သံတူကြောင်းကွဲ စကားလုံးများဖြင့် ပြန်လည်ပြောဆိုတတ်၏။ ထိုသူတို့ ဆိုချင်သည်မှာ လေးဘက်ထောက်ကာ ၀ပ်ပြီးလိုက်နေသည့်သူထက် မတ်တပ်ရပ်ပြီး ပြေးနေသူက ပို၍အလျင်အမြန် ပြေးနိုင်သည့် သဘောကို ရည်ရွယ်လျက် အပျော်အပြက် ပြောလိုဟန် ရှိပေ၏။ အပျော်ဖြစ်စေ၊ အမှန်အကန်ဖြစ်စေ ထိုသူတို့ ပြောဆိုကြသည့် “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့၊ ၀ပ်လိုက်ရင် ထပြေးတာပေါ့” စသည့် စကားများသည် မကောင်းမှု၏ တန်ပြန်သက်ရောက်မှု အပေါ်တွင် အမှန်တကယ် ကြောက်ရွံ့မှုမရှိ၊ ယုံကြည်မှုမရှိသည့် သဘောကို ပြသနေသကဲ့သို့ ဖြစ်နေပေ၏။ မခံရသေးသည့်အခါ အပျော်အပြက် ပြက်ရဲ့ပြုနိုင်သော်လည်း မကောင်းမှု၏ အကျိုးသက်ရောက်မှုများ အမှန်လက်တွေ့ ရောက်လာသည့် အခါတွင်ကား ဘုရားပင် မကယ်နိုင်သည်ကို သတိမပြုမိကြဟန် ရှိပေ၏။ ဘုရားလည်း မကယ်နိုင်၊ သိကြားလည်း မ မနိုင်သည့် သူများတွင် အကုသိုလ်ကြီးသူများ၊ ၀ဋ်ကြီးသူများ ပါနေသည်ကို သတိမပြုမိကြဟန် ရှိပေ၏။ အထူးသဖြင့် မကောင်းမှု ဒုစရိုက်အမှုများတွင် လက်ယဉ်နေသူများသည် မည်သို့သောပုဂ္ဂိုလ်များ၊ မည်သို့သော အရာများဖြင့် ပြသပြောဆို ဆုံးမစေကာမှု သတိသံဝေဂရရန်၊ နောင်တရရန်ခက်ခဲနေတတ်ပြီးတစ်ခါတစ်ရံသတိသံဝေဂရသယောင်ရှိတတ်သော်လည်း မထူးဇာတ် ခင်းတတ်သည်များလည်း ရှိနေတတ်၏။ ထိုသို့ မကောင်းမှုဒုစရိုက်အမှုများတွင် လက်ယဉ်ကာ မထူးဇာတ်ခင်းနေမိလျှင်ကားမည်သူကယ်၍မျှရမည်မဟုတ်သကဲ့သို့ဘုရားလည်းကယ်၍ရနိုင်မည်မဟုတ်
သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။
အချို့က မကောင်းမှု အလုပ်များကို မည်မျှပင် လုပ်နေပါသော်လည်း ကြီးပွားနေသူများ၊ အစစ အရာရာ အဆင်ပြေနေသူများ၊ မကောင်းသည့် အလုပ်များဖြင့် အကျိုးပေးနေသူများကို ကြည့်ကာ “ဒီလိုလူတွေကျတော့ ဘယ်လိုလုပ်မလဲ..”ဟူသည့် အမေးမျိုးဖြင့် စောဒကတက်သည်များ ရှိတတ်၏။ စင်စစ် ထိုသို့ မကောင်းမှုဖြင့် ကြီးပွားနေသူများသည်ကား ဘုရားကယ်ထား၍ ကြီးပွားနေသူများ မဟုတ်ကြပေ။ အတိတ်ကံ တစ်ခုခုက ပြုခဲ့သည့် ကောင်းသည့်ကံများ၏ အကျိုးပေးကောင်းချိန်နှင့် ယခုဘ၀ ပြုလုပ်ထားကြသည့် အကုသိုလ်ကံများ၏ အကျိုးပေးချိန် မတန်သေး၍သာ ဖြစ်ပါ၏။ မြတ်ဗုဒ္ဓက “မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်းမကောင်းမှုအကျိုးမပေးသေးသောကာလပတ်လုံး ကောင်ြး
မတ်သော အာရုံကို တွေ့မြင်နိုင်သေးကြောင်း၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရကြောင်း” စသည်ဖြင့် မိန့်တော်မူထား၏။ ဤစကားတော်အရ ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးပေးမှုသည် အချိန်ကာလနှင့် သက်ဆိုင်နေပြီး အချိန်တန်လျှင်ကား မိမိတို့ လုပ်သည့်ကံများ၏ အကျိုးသက်ရောက်မှုများသည် မိမိတိုထံသို့ ဧကန်မုချ ရောက်လာမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်၏။ အထူးသဖြင့် အကုသိုလ်ကံများ၏ အကျိုးပေးချိန်သည်ကားအထူးပင်သိသားထင်ရှားလှ၏။အကုသိုလ်အလုပ်၏အကျိုးပေးချိန် ရောက်လာ
လျှင်ကားမည်သည့်တံခိုးရှင်မျှကယ်မ,၍ ပေးနိုင်မည်မဟုတ်သည်မှာ သေချာလှ၏။
မှန်၏။အကုသိုလ်အလုပ်များကိုလုပ်ရင်းအကုသိုလ်ကံ၏အကျိုးပေးချိန်သို့ ရောက်လာသောသူများသည်ကား အကုသိုလ်အလုပ်များတွင် သာယာပျော်မွေ့ကာ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်ဟု မသိဘဲ ထိုမကောင်းမှုများနောက်ကို မှားမှန်းမသိ လိုက်နေမိတတ်၏။ ထိုသို့ မကောင်းမှုကို ပျော်ပျော်ပါးပါး လုပ်နေသူများသည်ကြာလာသည့်အခါပညာ၊သတိတရားများချွတ်ယွင်းလာကာအပြောအဆိုအလုပ်အကိုင်
များတွင်လည်းအမှားမှားအယွင်းယွင်းဖြစ်လာပြီး နောက်ဆုံးတွင် ထိုမကောင်းသည့် လုပ်ရပ်များကြောင့် ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်၏။
မန်လည်ဆရာတော်ကြီးက အကုသိုလ်အလုပ်များကြောင့် ပျက်စီးချိန်တန်လာသူများသည် ပညာသတိ မရှိဖြစ်ကာ မိမိတို့၏ အပြောအဆို၊ အသွားအလာများတွင် အမှားမှား အယွင်းယွင်းဖြင့် ဘုရားပင် မကယ်နိုင်သူများ အဖြစ်သို့ ရောက်ရတတ်ကြောင်း မဃဒေ၀ လင်္ကာကြီးတွင် စပ်ဆိုထားသည်ကို သံဝေဂယူဖွယ် ဖတ်မှတ်ဖူးပါ၏။ ဆရာတော်ကြီးက “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)ဟု စပ်ဆိုတော်မူထား၏။
ဆရာတော်ကြီး၏ အဆိုအရ ကံကြမ္မာ တစ်လှည့်ပြောင်း၍ ပျက်စီးချိန် စောင်းလာသည့် သူများသည် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်၊ မမေ့မလျော့ မပေါ့မဆသည့် သတိတရားများ ယုတ်လျော့လာပြီး ကိုယ်ကျင့်တရားများပါ ပျက်စီးချွတ်ယွင်းလာကာ ဘုန်းကံများနည်းပါးလျက် ပြောသမျှစကား၊ လုပ်သမျှအလုပ်၊ ကြံသမျှအတွေးများတွင် အမှားများဖြင့်သာ မကောင်းသည့် ဒုစရိုက်များတွင် ဇွတ်တိုးဝင်၍ ကျင်လည်နေမိတတ်ကြောင်း၊ ထိုသို့မကောင်းမှုများဖြင့်ကျင်လည်နေသူများသည်ထိုဒုစရိုက်အမှုများကြောင့် ကြာလာသည့်အခါ ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။
အမှန်အားဖြင့်အကုသိုလ်ဒုစရိုက်အမှုများသည်အချိန်တန်အကျိုးပေးချိန် ရောက်လာလျှင်ကားယခု
မျက်မှောက်ဘ၀မှာပင် အကျိုးပေးကာ ပြုလုပ်သူကို တစ်ဖန်ပူလောင်မှုဖြင့် သက်ရောက်မှု ဖြစ်စေတတ်၏။ ထိုသို့ မကောင်းမှု အကျိုးပေးကို ခံရမည့်သူ ဖြစ်လျှင်ကား ဘုရားရှင် အနားမှာပင် ဖြစ်သော်လည်း ဘုရားမကယ်နိုင်သူများ အဖြစ် အကုသိုလ် အပြစ်ကို ခံသွားရတတ်၏။ ထိုအကုသိုလ် အပြစ်ကို ၀ဋ်တစ်ခုအဖြစ် ခံစားရကာ သေပြီးနောက်မှာလည်း အပါယ်ဘုံသို့ ရောက်ရတတ်၏။ဗုဒ္ဓလက်ထပ်က စုန္ဒအမည်ရှိသည့် သူတစ်ယောက်ရှိ၏။ စုန္ဒသည် ၀က်မွေးမြူကာ သတ်ဖြတ်ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးလေ့ရှိ၏။ ထို့ကြောင့်သူ့ကိုစုန္ဒသူကရိကစုန္ဒ၀က်သတ်သမားဟု ခေါ်လေ့ရှိကြ၏။ စုန္ဒ၀က်သတ်သမားသည် လယ်သမားများ အစားအသောက် ရှားပါးချိန်များတွင် တောရွာဇနပုဒ်များသို့ စပါးများကိုလှည်းအပြည့်တင်ကာစပါးအနည်းငယ်ဖြင့် တောရွာများမှဝက်ငယ်များကိုလှည်းအပြည့်ဝယ်
ယူကာမိမိအိမ်သို့ ရောက်သည့်အခါအိမ်နောက်ဖေးဝက်ခြံတွင်ဝက်များအသားတိုးစေရန် မွေးမြူလေ့ရှိ၏။ ၀က်များ အသားတိုးလာသည့် အခါတွင်လည်း ထိုဝက်များကို မသတ်မီ လက်ခြေလေးဘက်တို့ကို တိုင်လေးတိုင်တွင် ကြိုးဖြင့်တုတ်ကာ အသားအရေ ဆူဖြိုးအောင် တစ်ကိုယ်လုံး ဖူးရောင်သည်အထိ ရိုက်ပုတ်လေ့ရှိ၏။ ၀က်များသည်ရိုက်ပုတ်သည့်ဒဏ်များကြောင့်ဖူးဖူးရောင်ရောင် ဖြစ်လာသည့်အခါ ပါးစပ်တွင် ပိတ်မရအောင် သံဖြင့်ထောက်၍ပွတ်ပွတ်ဆူနေသည့် ရေနွေးဖြင့်ပါးစပ်အတွင်းမှ လောင်းထည့်လေ၏။ထိုလောင်းထည့်သည့်
 ရေနွေးသည် ၀က်၏အူအတွင်း ပူလောင်ပျော်ဆင်းကာစအိုဝမှအညစ်အကြေးများသည် ရေနွေးရေနှင့်အတူ ထွက်ကျလာသည်အထိ ပါးစပ်မှ လောင်းချလေ၏။ စအိုမှဆင်းလာသည့် ရေနွေးများ၏ အရောင်သည် အညစ်အကြေးကင်းပြီးသန့်ရှင်းသည့်အရောင်အဖြစ် ရောက်သည့်အထိပါးစပ်မှ ရေနွေးများကို လောင်း
ထည့်လေ့ရှိ၏။ စုန္ဒ၏ လုပ်ရပ်ကြောင့် နာကျင်ပူလောင်လှသဖြင့် အော်ဟစ်ကြသည့် ၀က်တို့၏ အသံများမှာ အလွန်စူညံ ကျယ်လောင်လှပြီး နောက်ဆုံးတွင် မခံမရပ်နိုင်ဘဲ သေဆုံးကြရ၏။ စုန္ဒသည်ဝက်တို့၏ အော်ဟစ်သံကိုအလေးမထားနိုင်ဘဲ နောက်ထပ်ရေနွေးပူများဖြင့်ဝက်၏ကျောကုန်းထက်မှ လောင်းချကာ မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၏။ထို့နောက် မြက်မီးဖြင့်အမွေးအမြင်တို့ကို လောင်မြိုက်စေကာ အမွေးခွာပြီး ထက်လှစွာသော ဓားသန်လျက်ဖြင့် အသားများကို လှီးဖြတ်ကာ ချက်ပြုတ်လျက် မိသားစုနှင့်အတူ မြိန်ရေရှက်ရေ စားသောက်၍ ကျန်သည့်အသားများကို ရောင်းချလေ၏။ ဤနည်းဖြင့် စုန္ဒသည် ၀က်များကို မွေးမြူသတ်ဖြတ် စားသောက်ရောင်းချ လာခဲ့သည်မှာ နှစ်ပေါင်း (၅၅)နှစ်အထိ ကြာမြင့်ခဲ့၏။
တစ်နေ့တွင် စုန္ဒ၀က်သတ်သမားတွင် အနားရောဂါ ဖြစ်ပေါ်လာခဲ့၏။ အနာဖြစ်လာသည့် စုန္ဒ၀က်သတ်သမားသည် ထိုအနာကြောင့် အရှင်လတ်လတ် ငရဲခံရသကဲ့သို့ အလွန်ပူလောင်သည့် ဒဏ်ကိုခံစားနေရ၏။ တစ်ကိုလုံး ပူလောင်လွန်းသဖြင့် နေမထိ ထိုင်မထိဖြစ်ကာ အိပ်မရ စားမရဖြစ်ပြီး အိမ်၏လေးဘက် လေးတန်တွင် ရှေ့နောက်လေးဘက်ထောက်ကာ ၀က်ကဲ့သို့ ပြေးလွှာရင်း ၀က်အော်သံအတိုင်း အော်ဟစ်နေရ၏။ မိသားစုများက အမျိုးမျိုးသက်သာအောင် လုပ်ပေးသော်လည်း မရဘဲ ပါးစပ်ကို ပိတ်မရဖြစ်ကာ ပူလောင်စွာ အော်ဟစ်နေခဲ့ရ၏။ စုန္ဒ၏ အော်ဟစ်သံကို အနီးမှာရှိသည့် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်များသည် ဆွမ်းခံသွားစဉ် ကြားခဲ့ရ၏။ ရဟန်းတော်များကား ၀က်အော်သံဟုထင်ကာ စုန္ဒအိမ်တွင်ရှိသည့် ၀က်တို့၏ အသံမှာ ဆူညံလှကြောင်း ပြောဆိုကြ၏။ ထိုအခါ ဘုရားရှင်က ယင်းအသံသည် ၀က်တို့၏ အသံမဟုတ်ကြောင်း စုန္ဒ၏အသံသာ ဖြစ်ကြောင်းမိန့်ကြားကာတရားစကား ဟောကြားတော်မူ၏။ မြတ်ဗုဒ္ဓက“မကောင်းမှု
 ပြုလုပ်သူသည် ဤဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ နောင်ဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ပစ္စုပ္ပန်၊ တမလွန် ဘ၀နှစ်ခုလုံးတွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ထိုသူသည် မိမိ၏ ညစ်ညူးသည့် အကုသိုလ်ကံကို မြင်ရ၍လည်း စိုးရိမ်ရ၏၊ ပင်ပန်းရ၏”စသဖြင့်တရားစကား ဟောကြားတော်မူ၏။ ဘုရားစကားကြောင့် ရဟန်းတော်များမှာ တရားရသွားကြသော်လည်း စုန္ဒ၀က်သတ်သမားသည်ကား ခုနှစ်ရက်ပတ်လုံးဝက်ကိုသတ်စဉ်က ပြုလုပ်ခဲ့သည့်အကုသိုလ်ကံအတိုင်းဝက်ကဲ့သို့ပူလောင်ပြင်းထန်စွာ
 အော်ဟစ်ပြီး နောက်ဆုံးတွင်အသက်ကုန်ကာအ၀ီစီငရဲသို့ကျရောက်သွားခဲ့ရ၏။
ဤကား ဓမ္မပဒ၊ ယမက၀ဂ်လာ စုန္ဒ၀က်သတ်သမား၏ အကုသိုလ် အကျိုးခံစားရပုံ အကြောင်း တစ်စိပ်တစ်ဒေသ ဖြစ်ပါ၏။ စုန္ဒသည် ဘုရားလက်ထပ်၊ ဘုရားအနီးမှာ ရှိနေခဲ့သော်လည်း ဘုရားမကယ်နိုင်သည့် အကုသိုလ် အလုပ်ဖြင့်သာ မိမိဘ၀ကို မိမိဖန်တီးသွားခဲ့ရ၏။ ဘုရားကယ်သည် မကယ်သည်မှာ ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ မိမိပြုသည့် ကံနှင့်သာ ဆိုင်သည်ကို စုန္ဒက သက်သေပြနေခဲ့၏။ မှန်၏။ အကုသိုလ်အလုပ်များ၊ ဒုစရိုက်အမှုများဖြင့် နေသူများသည် မည်မျှပင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိနေစေကာမှု ဘုရားမကယ်နိုင်သည့် သူများသာ ဖြစ်ပါ၏။ ဒေ၀ဒတ်ထက် ဘုရားနှင့်နီးသူ ဘုရားနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်မှုရှိသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က မကယ်မနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ဒေ၀ဒတ်ကို ဒေ၀ဒတ်၏ လုပ်ရပ်များက သက်ရောက်မှု ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါ၏။
ဆိုလိုသည်မှာ ဘုရားမကယ်နိုင်သူများဟူသည် မကောင်းမှု ဒုစရိုက်အမှုများဖြင့် ကျင်လည်နေသူများကို ဆိုခြင်းဖြစ်သဖြင့်မကောင်းမှုလုပ်ကာဘုရားတနေကြသည်ထက်ဘုရားမ, နိုင်အောင်၊ဘုရားကယ်နိုင်အောင်
မကောင်းမှုကို ရှောင်ပြီး ကောင်မှုကိုသာ ဆောင်ကြရမှာ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်ပါ၏။ ကောင်းမှုရှိသူကို ဘုရားစသော သူတော်ကောင်းများက စောင့်ရှောက် ကယ်မတတ်သော်လည်း မကောင်းမှု ရှိသူကိုကား ဘုရားစသောအရိယသူတော်ကောင်းများကမကယ်မနိုင်သဖြင့်မိမိဘ၀ကိုမိမိ၏အလုပ်များကသာကယ်
မနိုင်ကြမည်ကိုသတိပြုဆင်ခြင်ပြီးမကောင်းမှုမှ ရှောင်နိုင်အောင်ကြိုးစားကြရန်လိုကြောင်းအသိပေးလိုရင်း
 ဖြစ်ပါ၏။
ထို့ကြောင့် စုန္ဒကဲ့သို့ ဘုရားရှင်နှင့်ကြုံ၊ ဘုရားရှင် အနားမှာဖြစ်သော်လည်း ဘုရားမကယ်နိုင်သူ အဖြစ် ဘ၀နိဂုံး အဆုံးသပ်သွားရသည့် သူများ မဖြစ်ကြစေရန် မိမိတို့၏ အသိ၊ သတိများဖြင့်ဘုရားမကယ်နိုင်သည့် အကုသိုလ်အလုပ်များကို မလုပ်မိအောင် မိမိကိုယ်ကို မိမိထိန်းသိမ်းကာ ကောင်းသည့်အလုပ်များကို လုပ်ရင်းဘုရားကယ်နိုင်သူ ဖြစ်အောင်သာကြိုးစားကြပါဟု စေတနာစကား မေတ္တာအားဖြင့်တိုက်တွန်းစကား ပါးလိုက်ရပါသည်။
>>>ဆက်ဖတ်ရန်>>> >>