Thursday, 19 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၂၀

"အဲဒီပွဲတွေမှာ ခရစ်ယာန်ဘုန်းကြီးတွေရဲ့ အမိန့်နှင့် အရှင်လတ်လတ် မီးရှို့ပြီးသတ်ပုံကိုပြောရရင် ဟောဒီ
ပရိသတ်ကြီး ကြက်သီးထလောက်ပါတယ်။ လူပေါင်းသန်းနဲ့ချီပြီးအသက်တွေစွန့်ခဲ့ရတယ်။နောက်ပိုင်းမှာ
လူတွေကိုဒီနည်းနှင့်လုပ်လို့မရမှန်းသိလာတော့မှ ကျမ်းတွေကိုတစ်မျီုးတစ်ဖုံ ပြောင်းလဲပြီး(မာတင်လူသား)
အစရှိတဲ့ ခရစ်ယာန် ခေါင်းဆောင်ာကီးတွေက ရေးကြပြီး အသစ်ပြန်လုပ်ကြတယ်"။ဒါတောင် မာတင်လူ
သားကို ရိုမန်ကက်သလစ်တွေက ဒိဌိစရင်းထဲထည့်လိုက်ကြသေးတယ်။လူထုတွေကတောင့်ပြီးခံပေးလိုက်
လို့သာ မခု(လူသာရင်း) ဂိုဏ်းကြီးအဖြစ်နဲ့၊ ခရစ်ယာန်ဘာသာကြီးအဖြစ်နဲ့ ခရစ်ယာန် ဘာသာကြီးတစ်ရပ်
ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ကျမ်းပြုဆရာတွေက ခရစ်ယာန်ကျမ်းတွေကို ကိုယ်ကျီုးကြည့်
ပြီး လောဘဇောနှင့် ထင်ရာတွေကို ဘုရားဟောလုပ်ရေးကြလို့ (အင်န်ကွီဇီးရှင်း) ဖြစ်ပေါ်လာကြရတာပဲ။
အဲဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာမှာလည်း နည်းနည်းပါးပါး ကင်းတော့မကင်းပါဘူး။ဒါပေမဲ့ဒီလောက်အထိရက်
ရက်စက်စက်ဖြစ်စေတဲ့ကျမ်းမျီုးလုံးဝ မပါဘူး။ဦးပဉ္ဇင်း အတိအလင်းပြောရဲပါတယ်....။ အခုဓမ္မဆရာကြီး
များလည်း ဘုန်းကြီးစာတွေ သင်ခဲ့ဖူးတဲ့ ဘုန်းကြီးလူထွက် ပဂေးကြီးတွေပဲ။ သူတို့လည်းအဲဒါတွေသိလျှက်
နှင့် ခရစ်ယာန်ဖြစ်မယ့် ဖြစ်သွားရတာနဲ့တူပါတယ်။ ခရစ်ယာန်(အင်န်ကွီဇီးရှင်း) ဥပဒေလောက်ရက်စက်
တဲ့ ဥပဒေမျီုး ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာမှာ မရှိပါဘူး.။ဒါကိုသူတို့လည်းသိကြပါတယ် ဘယ့်နှယ်လဲဆရာကြီး
တို့ ( မှန်တာကိုဝန်ခံကြစတမ်းဆိုရင် ဆရာကြီးတို့ရဲ့ ခရစ်ယာန်ကျမ်းနှင့် ဗုဒ္ဓဘာသာဘက်က ကျမ်းတွေကို
အကြမ်းအရမ်းခြင်း ပြီုင်ကြရင် ဗုဒ္ဓဘာသာရှုံးမယ်ဆိုတာ ဆရာကြီးတို့သိတယ်မဟုပ်လား) ခရစ်ယာန်ဓမ္မ
ဆရာကြီးများကို ဦးပဉ္ဇင်း အထူးမေတ္တာရပ်ခံလိုက်တာကတော့ မိမိတို့ကိုယ်ပိုင်ဦးနှောက်ကို အသုံးပြုကြပါ
ယုတ္တိ ရှိမရှိစဉ်းစားကြပါ။ မျက်ကန်းယုံမျီုး၊ မျက်ကန်းနောက်လိုက်မျီုးတော့ မဖြစ်ကြပါစေနဲ့ အကြောင်းအ
ကျီုးဆက်စပ်မှူ့၊ ယုတ္တိရှိမရှိဆင်ခြင်ကြပါ။(ဘလိုင်းဖိတ်သ်)ဆိုတဲ့ အကန်းယုံ အရမ်းယုံကိုစွန့်ပစ်ကြပါ။
စဉ်းစားဥာဏ်ရှိသူတိုင်းဟာ ယုတ္တိကင်းတာကိုပယ်ပြီး ယုတ္တိရှိတာကိုသာ ယုံကြပါတယ်။ လိုက်နာလက်ခံ
ကျင့်သုံးကြပါတယ်။ ဦးပဉ္ဇင်းက ဗုဒ္ဓဘာသာကိုယုံပါလို့မဆိုလိုပါဘူး။သဘာဝကျကျဟုပ်ထိုက်မဟုပ်ထိုက်
စဉ်းစားကြဖို့လိုပါတယ်။" ကဲဗုဒ္ဒဘာသာအကြောင်းတင်ပြပြီးတဲ့နောက် မိတ်ဆွေတို့ရဲ့ ထာဝရဘုရားနဲ့သမ္မာ
ကျမ်းစာတွေ ယုတ္တိရှိမရှိ ကြည့်ရအောင်။" မိတ်ဆွေတို့ရဲ့ ဓမ္မဟောင်းကျမ်းအပါအ၀င်(ကမ္ဘာဦးကျမ်း)အရ
ဒီကမ္ဘာကြီးကိုခရစ်မပေါ်မိ (၄၀၀၄)ခုနှစ်မှာ ထာဝရဘုရားသခင်က ဖန်ဆင်းတယ်လို့ဆိုပါတယ်။ကဲအဲဒါ
ကိုစဉ်းစားကြည့်ရအောင်....အဲဒီခုနှစ်နဲ့ အခုသက္ကရာဇ် (၁၉၃၆)ခုနှစ်ကို ပေါင်းထည့်လိုက်တော့နှစ်ပေါင်း
(၅၉၄၀)သာ ဒီကမ္ဘာရဲ့သက်တမ်းရှိတော့တယ်။......အဲဒီတော့ဒီစကားဟာ ဘယ်လောက်မှန်သလဲဆိုတာ
ဆန်းစစ်ကြည့်ကြစို့။ အခုခေတ်ပေါ်လောကဓါတ်ပညာဖြင့်များစွာဆန့်ကျင်ကွာခြားနေပါတယ်။
(ဂျီအိုလောဂျစ်)လို့ခေါ်တဲ့ လောကဓါတ်ပညာ ပထ၀ီဗေဒဆရာများကတော့ ဒီကမ္ဘာရဲ့အသက်ဟာအဓွန့်
ရှည်လှပြီးတဲ့ အီဂျစ်ပြည်ဟာ(မံမီ)လို့ခေါ်တဲ့ဆေးဖြင့်ပြုလုပ်စီရင်ထားတဲ့ လူအလောင်ကောင်ခြောက်များ
ဟာ နှစ်ပေါင်း ၇၀၀၀-ကျော်နှင့် ၈၀၀၀-ရှိပြီလို့ဆိုကြပါတယ်။ အနည်းဆုံးနှစ်ပေါင်း ၆၀၀၀-ကျော်ပြီလို့ပြော
ပြါတယ်။(ဆီလူရင်းန်)လို့ခေါ်တဲ့ ကျောက်ဆောင်များရဲ့ အသက်ဟာနှစ်ပေါင်း ငါးသန်းကျော်ရှိပြီလို့ပထ၀ိ
ဗေဒပညာရှင်များကတသံတည်းယူဆဆုံးဖြတ်ထားကြပါတယ်။...ကဲဒီတော့ကာ မိတ်ဆွေတို့ရဲ့ကမ္ဘာဦး
ကျမ်းကလာတဲ့စကားဟာစဉ်းစားဖို့မလိုပေဘူးလား?။ စဉ်းစားလိုက်တဲ့အခါယုတ္တိကင်းမယ့်နေတာကိုတွေ့
ရပြီမဟုပ်လား။ ကမ္ဘာဦးကျမ်းရဲ့အဆိုကို ခရစ်ယာန်လောကဓါတ် သိပ္ပံဆရာကြီးများကတောင်အတည်မပြု
နိုင်အောင်ဖြစ်နေကြပြီမဟုပ်လား?။.ပြီးတော့မိတ်ဆွေတို့ရဲ့ထာဝရဘုရားဟာ ကမ္ဘာဟောင်းကိုသာဖန်ဆင်း
ခဲ့တယ်..ကမ္ဘာသစ်ဖြစ်တဲ့တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်တို့ကိုဖန်ဆင်းခဲ့ပုံမပေါ်ဘူး။
ဘာကြောင့်လဲဆိုတော့ ကမ္ဘာသစ်အကြောင်းဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်း နှစ်ကျမ်းလုံးမှာ အရိပ်အမြွတ်မျှ
တောင် မပါပဲကိုး ပါတယ်ဆိုရင် အထောက်အထားတိတိကျကျပြပါ။..ဒါဦးပဉ္ဇင်းက ဗလိန်းပြောနေတာမ
ဟုပ်ဘူး။ ဟောဒီမှာဓမ္မဟောင်းရော၊ဓမ္မသစ်ရောအားလုံးရှိပါတယ်။ ဘယ်အခန်းမှာပါတယ်ဆိုတာပြနိုင်
ရင်ဦးပဉ္ဇင်းက ၀န်ချတောင်းပန်ဖို့အသင့်ပါပဲ။
               "အမေရိကတိုက်ကို ခရစ်သက္ကရာဇ် (၁၄၀၀)ကျော်ရောက်ခါမှ စပန်လူမျီုး(ခရစ်စတိုဖာကို
လံဘတ်စ်)ကသွားပြီးတွေ့တယ်မဟုပ်လား။ ဓမ္မဟောင်းကျမ်းတွေအလိုကတော့ အခုထိဘယ်သူမှသိနိုင်
မှာမဟုပ်သေးဘူး။ထာဝရဘုရားသခင်ဟာ သူရဲ့အချစ်တော်များဖြစ်ကြတဲ့ က္ကုသရေလ(ဂျူး) လူမျီုးတို့ကို
အီဂျစ်ဘုရင်(ဖာရို)လက်အောက်မှာကယ်တင်ပြီး(ပါလိစတိန) ပါလက်စတိုင်းကိုပို့မယ့်အစား အဲဒီဘုရင်
မလိုက်နိုင်တဲ့ ဟိုသမုဒ္ဒရာတစ်ဘက်ကမ်းကဘေးကင်းရန်ကင်းဖြစ်တဲ့ အမေရိကတိုက်ကိုများသွားပို့လိုက်
ဖို့မကောင်ပေဘူးလား။ သူဖန်ဆင်းတဲ့ကမ္ဘာဆိုရင်အမေရိကဟာ အလွန်သဘာဝပစ္စည်းပေါများညပီးကျယ်
ပြန့်တဲ့နိုင်ငံကြီးမဟုပ်လား။အဲဒါကို မလုပ်ခဲ့တာကိုထောက်ခြင်းအားဖြင့် ထာဝရဘုရားရဲ့ဖန်ဆင်းပုံဟာနေ
ရာမကျသေးပါဘူး။ မပြည့်စုံဖူးလို့ပဲဆိုရမှာပါ။ ပြီးတော့ဦးပဉ္ဇင်းတို့ရဲ့ မိတ်ဆွေတွေဖြစ်ကြတဲ့ ခရစ်ယာန်
ဓမ္မဆရာများက ဖန်ဆင်းပုံကို တော်တော်များများ ပြောနေကြတယ်...အဲဒီထာဝရဘုရားဖန်ဆင်းပုံကလဲ
တော်တော်လည်းစဉ်းစားစရာဖြစ်နေပြန်တယ်။"...ဘာလဲ....ဖန်ဆင်းတယ်...ဖန်ဆင်းတယ်နဲ့တကယ်ပဲ
ဖန်ဆင်းတယ်ထားပါတော့ အဲဒီလိုဖန်ဆင်းတဲ့နေရာမှာ အစီစဉ်မတည့်တာတွေကို ပြောပါရစေ အာဃတ
သဘောမဟုပ်ပါဘူး သဘာဝယုတ္တိအတွက်ပါ။
ဆက်လက်ရေးသားပါဦးမည်......။
အရှင်မုနိန္ဒ


>>>ဆက်ဖတ်ရန်>>> >>

Tuesday, 17 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၁၉

မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကိုကျင့်သုံးပွားများပြီး အရာရာကို လက္ခဏာရေးနဲ့ ရှူ့မြင်တက်ရင် မဂ်တရား
ဖိုလ်တရားများကို ရရှိပြီးတော့ ၀ဋ်ဒုက္ခငြိမ်းရာ နိဗ္ဗာန်ဓါတ် သန္တိသုခ အလွန်အေးမြတဲ့ ချမ်းသာကို အခုမျက်
မှောက်ကာလမှာပဲ ရနိုင်ပါတယ်။ အဲဒါလောကီရေးနှင့် အလွန်ခြားနားတဲ့ လောကုတ္တရာပဲဖြစ်ပါတယ်။
နဲနဲထပ်ပြီး ရှင်းပြပါ့မယ်။ဗုဒ္ဓဘာသာဟာ အနတ္တ၀ါဒ၊အနတ္တလမ်းစဉ်၊အနတ္တဒေသနာတို့ကိုပါအခြေတည်ပြီး
ပေါ်ပေါက်လာတဲ့ဘာသာဖြစ်တဲ့အတွက် ကမ္ဘာပေါ်ရှိဘယ်ဘာသာနှင့်မှ မတူအောင် ထူးခြားတဲ့ဘာသာဝါ
ဒကြီးဖြစ်ပါတယ်။အနတ္တ၀ါဒအရဒီလောကသုံးပါးမှာဘာတစ်ခုမှအစီုးရခြင်းမရှိပါဘူး။မိမိရဲ့သားသမီး၊စီးပွား
ဥစ္စာကိုမဆိုထားနှင့် မိမိခန္ဓာကိုယ်ကို မပိုင်စိုးနိုင်ပါ။ကိုယ်ကမစိုးပိုင်သလိုဘယ်သူဘယ်ဝါမှလည်းစိုးပိုင်နိုင်
တဲ့ အခွင့်အလမ်းမရှိပါဘူး အဲဒီစိုးပိုင်တဲ့တရားစုတို့တည်နေရာ မှိရာဖြစ်တဲ့ ဒီသံသရာမှကင်းလွတ်ရသည်
သာလျှင်...ဇာတိဇရာ -ဗျာတိ-မရဏ-သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနသ-ဥပယာသတို့ရဲ့ ကုန်ရာငြိမ်းရာဖြစ်
တယ်လို့ ယုံကြည်လက်ခံထားပြီး အားထုပ်တဲ့ဘာသာဖြစ်တယ်..။
ဘယ်ဘုရား၊ ဘယ်က္ကုဒ္ဓိပါဒ်ရှင်ကမျှ ကယ်တင်လိမ့်မည်လို့ မျှော်လင့်တောင့်တနေတဲ့ ဘာသာမျီုးလည်း မဟုပ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဒုက္ခ အသီးသီးမှ ချုပ်ငြိမ်းအောင် ကိုယ့်ဟာကိုအားထုပတ်သွား
ရတဲ့ လုပ်ငန်းသာလျှင် ဗုဒ္ဓ၀ါဒမှာရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ပုဂ္ဂိုလ်စွဲ အားထားမှူ့မရှိပါဘူး။ဓမ္မ
သက်သက်သာရှိပါတယ် ပြုပြင်ပြေညင်းလဲမှူ့သင်္ခါရတို့ရဲ့ ကုန်ရာငြိမ်းရာ အသင်္ခတသည်သာ ဗုဒ္ဓဘာသာ
ရဲ့ပန်းတိုင်ဖြစ်တယ်။အထူးသဖြင့်ဗုဒ္ဓဘာသာဟာ ဘုံဘ၀ကိုမျှော်လင့်တောင့်တတဲ့စိတ်နှင့်ကုသိုလ်ကော
င်းမှူ့ လုပ်ဖို့မဟုပ်ပါဘူး။ ငရဲခြောက်လှန့်ထားတဲ့အတွက် ကြောင့်လန့်ပြီးတော့ အကုသိုလ်ကိုရှောင်တာ
မျီုးမဟုပ်ပါဘူး ဧကန်အမှန်အားဖြင့် မလုပ်ထိုက်တဲ့အလုပ်ပဲ၊ မကျူးလွန်ထိုက်တဲ့ အမှူ့ကိစ္စပဲလို့ကိုယ်
တိုင်သုံးသပ်နားလည်ပြီး အကုသိုလ်မလုပ်တာ၊ အကုသိုလ်ကိုရှောင်ကြည်တာဟာ ဗုဒ္ဓဘာသာအစစ်
အမှန်ဖြစ်ပါတယ်။ ငရဲနှင့် ခြောင့်လှန့်ပြီးကြောက်ပြီးတော့ မလုပ်ပဲရှောင်ကြည်တယ်ဆိုတာ မှူမှန်တဲ့ရှောင်
ကြဉ်မှူမျိုးမဟုပ်ပါ။ ကြောက်လို့သာရှောင်ကြဉ်မှူမျီုးဖြစ်ပါတယ် အဲဒီသိလမျီုးဟာ ဗုဒ္ဓဘာသာကလက်ခံတဲ့
သိလသဘောမျီုးမဟုပ်ပါဘူး။ အဲဒီလိုငရဲကိုကြောက်ပြီး ရှောင်ကြဉ်နေတဲ့သူဟာ ငရဲနှင့်သာ ခြောက်လန့်
မခံရလျှင် ငရဲမကြီးဘူးဆိုရင် လုပ်မဲ့သဘောမျီုးဖြစ်မနေပေဘူးလား။ ဒါကြောင့်ငရဲကိုကြောက်လို့ ရှောင်
ကြဉ်နေရသူနှင့် ငရဲကြောင့်မဟုပ်ပဲ မလုပ်အပ်တဲ့တရား။ မကျူးလွန်ထိုက်တဲ့တရားလို့ သဘောပေါက်ပြီး
ရှောင်ကြဉ်သူတို့ဟာ အလွန်ပဲခြားနားလှပါတယ်၊ဗုဒ္ဓဘာသာက မလုပ်အပ်တဲ့အရာကိုစာနာထောက်ထား
ပြီးရှောင်ကြဉ်ခြင်းကိုသာ သီလအဖြစ်လက်ခံပါတယ်။ ထိုနည်းတူစွာပဲ ကုသိုလ်ကောင်းမှူ့ပြုတဲ့နေရာမှာ
လည်းဝဋ်သုံးပါး သံသရာမှ လွတ်မြောက်လို့တဲ့ဆန္ဒနှင့် သန့်စင်စွာပြုလုပ်တဲ့၊အားထုတ်တဲ့ ကုသိုလ်ကောင်း
မှူ့မျီုးကိုသာဗုဒ္ဓဘာသာကလက်ခံပါတယ်။ ဘုံဘ၀ကိုခံစား၊ စံစားချင်လို့ လာဘ်ထိုးပသပူဇော်တဲ့အနေနှင့်
ကုသိုလ်ကောင်းမှူ့ပြုခြင်းသာ ဗုဒ္ဓဘာသာနှင့် ဆိုင်တဲ့တရားစုမှာ ပေါက်ဖွားလာတဲ့စေတနာမျီုးမဟုပ်ပါဘူး
မျှော်လင့်ခြင်းနှင့် ကင်းလွတ်ခြားနားလှပါတယ်။ တစ်စုံတစ်ယောက်မှာ အကူအညီလိုနေလို့ပဲဖြစ်ဖြစ်၊ထော
က်ထားစာနာတဲ့စိတ်နဲ့ပဲဖြစ်ဖြစ် မျှော်လင့်ချက်မထားပဲပြုလုပ်တဲ့ကုသိုလ်ကောင်းမှူ့ဟာအလွန်ဖြူစင်သလို
ကြောင့်လန့်၍မဟုပ်ပဲ မလုပ်ထိုက်လို့ရှောင်ကြဉ်တာဟာမွန်မြတ်တဲ့ကိုယ်ကျင့်တရားသိက္ခာသီလစစ်သီလ
မှန်ဖြစ်ပါတယ်။"အဲဒါဘာကြောင့်လဲ?"ဗုဒ္ဓဘာသာဟာ ကိုယ်ကျီုးစီးပွားနှင့်ပတ်သက်လို့ မျှော်မှန်းချင်းကင်း
မဲ့ပြီးစေတနာ သဒ္ဒါသက်သက်နှင့်သာ ဒီလောကရဲ့ ကောင်းမှူ့ဆိုးမှူ့တို့ကိုကြည့်ရှူ့ဆင်ခြင်တဲ့အနတ္တ၀ါဒ
ကြောင့်ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရဲ့ အနတ္တ၀ါဒနဲ့အလွန်ညခားနားဆန့်ကျင်တဲ့ ၀ါဒကတော့ လူတွေကိုဖြူစင်
တဲ့ စေတနာမှ ကင်းလွတ်စေသော ခြောင့်လန့်မှူ့ မျှော်မှန်း၍တောင်တစေမှူ့ အစရှိသော မှိုင်းများနှင့်အ
မြဲတမ်းတိုက်ထားတဲ့အတ္တ၀ါဒသာဖြစ်တယ်။
               ဦးပဉ္ဇင်းအခုပြောတာတွေဟာ ပုဂ္ဂလဓိဌာန်စွဲနှင့် ပြောတာမဟုပ်ပါဘူး။ဦးပဉ္ဇင်းပြောတာတွေ
ကို လောကယုတ္တိ၊သာဘာဝယုတ္တိရှိ/မရှိ ကိုယ်ပိုင်ဥာဏ်ဖြင့်ပရိသတ်များစဉ်းစားဆင်ခြင်သုံးသတ်ကြဖို့
တင်ပြရခြင်းသာဖြစ်ပါတယ်။ယက္ခုလိုယှဉ်ပြိုင်ပြောရတော့ဦးပဉ္ဇင်းအနေနဲ့နိုင်ရင်ပြီးရောဆိုပြီးအကြောင်း
နှင့်အကျီုး မစပ်တဲ့စကားတွေ၊အဓိပ္ပာယ်ကင်းမဲ့တဲ့ သဘောထားတွေကို ဦးပဉ္ဇင်းမပြောပါဘူး။ဦးပဉ္ဇင်းတို့
ဗုဒ္ဓတရားတော်မျာဒဟာ အဓိပ္ပာယ်မရှိတဲ့ စကားမျီုးတွေကို တရားသဘောနှင့် လက်ခံယုံကြည်တာမျီုး
မဟုပ်ပါဘူး။တကယ့်သဘာဝနှင့် ကိုက်ညီမှသာ ဦးပဉ္ဇင်းတို့ရဲ့ မူလဗုဒ္ဓဂေါတမဘုရားဟာ တရားတော်အ
ဖြစ်ဟောပါတယ်ပြောခဲ့ပါတယ်။ အဲ...ဒါပေမဲ့ ဘုရားဟောမဟုပ်ပဲနှင့် ဘုရားဟောဆိုပြီး နောက်ရေးတဲ့
ကျမ်းမှာပါတာတွေတော့ရှိတာပေါ့လေ။ဗြဟ္မဏ၀ါဒီတွေက ထိုးသွင်းထားတာတွေလည်းရှိပါတယ်။ဒါမျီုး
တွေကတော့ ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာ ကျမ်းများမှာသာမဟုပ်ပါဘူး ခရစ်ယာန်ကျမ်းတွေမှာလည်းနောက်
စာရေးဆရာများရေးတဲ့ကျမ်းတွေ နောက်ပေါ်လက်သစ်အာဘော်တွေ အမျီုးမျီုးတိုးပွားလာကြတာကိုဒီ
မှာရောက်နေတဲ့ ဓမ္မဆရာကြီးများလည်း သိကြပြီးဖြစ်ပါတယ်။ မနက်ကလည်း ဦးပဉ္ဖင်းပြောသင့်သလော
က်ပြောခဲ့ပါတယ်။အခုနည်းနည်းစပ်ပြီးပြောပါဦးမယ်..ဘယ်လောက်ထိအောင်ဓမ္မကျမ်းစာနှင်တကွမူလ
ခရစ်တော်ရဲ့မေတ္တာနှင့် ဆန့်ကျင်တဲ့ကျမ်းများ ပေါ်လာသလဲဆိုရင် ခရစ်သက္ကရာဇ် ၁၂၃၃ ခုလောက်မှာ
န၀မမြောက်(ပုပ်ရဟန်းမင်းကြီး"ဂရိဂေါ်ရီ"လက်ထက်မှာ"အင်န်ကွီဇီရှင်း")ဆိုတဲ့ဘာသာရေးဆိုင်ရာဥပ
ဒေကြီးကိုထာဝရဘုရားအလိုတော်ကျဆိုပြီး ထုပ်ပြန်ကြော်ငြာခဲ့ပါတယ်။အဲဒီအချိန်တုန်းက ဥရောပနိုင်ငံ
အားလုံးမှာရှိနေကြတဲ့ ဘုရင်တွေ အာဏာပိုင်တွေဆိုတာလည်း ရိုမန်ကက်သလစ်ဂိုဏ်းဝင်တွေဆိုတော့
နာယက ပုပ်ရဟန်းမင်းရဲ့ အမိန့်ကိုအားလုံးဘဲ လိုက်နာရိုသေခဲ့ကြရတယ်။ အဲဒီတွင်ပဲ ပုပ်ရဟန်းမင်းရဲ့အ
မိန့်အရ ဘာသာရေးဘန်းပြပြီး ခရစ်ယာန်ဘုန်းကြီးတွေဟာ သက်ဦးဆံပိုင် ဘုရင်သဖွယ် ဥရောပလူသား
လောကကြီးကို အတော်ပဲ ရက်ရက်စက်စက် ကိုယ်ကျီုးရှာသွားကြတာတွေ အများကြီးရှိခဲ့ပါတယ်။
အဲခုနက (အင်န်ကွီဇီးရှင်း)ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကတော့ ဘာလဲဆိုရင် ခရစ်ယာန်ဘာသာကိုမယုံ
ကြည်တဲ့လူ အပြစ်တစ်စုံတစ်ရာကို ပြောတဲ့လူကိုအပြစ်ဒဏ်ပေးမယ်။ ဒီလိုအပြစ်ပေးရုံတင်မကဘူး
နောက်ဘ၀မှာလည်း ငရဲကမတက်ရအောင် ဒဏ်ခတ်ခံရဦးမယ်လို့ဆိုပါတယ်။ ဒီတော့ ဘာဖြစ်သလဲဆို
ရင်ပုပ်ရဟန်းမင်းရဲ့ အမိန့်အရဆိုပြီး ခရစ်ယာန်ဘာသာကိုမယုံကြည်တဲ့လူတွေကို နှိပ်စက်လိုက်ကြတာ
ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းမှာရှိတဲ့(လန်ဝူးဒေါ်)နယ်က(အဲလ်ဘီးရှား)လူမျီုးတွေမှာဆိုရင်မိန်းမ၊
ယောင်္ကျား၊ နို့စို့ကလေးပါမကျန်အရှင်လတ်လတ်မီးလောင်တိုက်သွင်းပြီး အသတ်အဖြတ်တွေခံကြရတယ်
အဲဒါ..ဦးပဉ္ဇင်းကအရမ်းပြောတာမဟုပ်ပါဘူး ဥရောပရာဇ၀င်က အခိုင်အမာပြောတာပါ။ မယုံရင်ခရစ်ယာ
န်ဘာသာနှင့်ဥရောပ သမိုင်းစဉ်ကိုဖတ်ကြည့်ပါ။အခုဒီဓမ္မဆရာကြီးတွေငြင်းကြမလား၊ ငြင်းနိုင်ရင် ငြင်းပါ။ မနက်ကဓမ္မဆရာကြီး ဦးသာဒင်ကပြောသွားတယ်။ သူတို့ရဲ့ဓမ္မကျမ်းစာတွေက လူသားလောကကြီးရဲ့
ကောင်းစားရေးနှင့် တမလွန်ကောင်းကင်ဘုံ ကောင်းစားရေးတွေကို မေတ္တာဆိုတဲ့ ကြီးမားသော ကရုဏာ
ကြီးနှင့် ပြုလုပ်ထားတဲ့ ဘာသာဖြစ်လို့ အလွန်ကောင်းပါတယ်လို့ပြောသွားပါတယ်။
              ဒီဓမ္မဆရာကြီးတွေလည်း တစ်နေ့ဒီလိုများ(အင်န်ကွီဇီးရှင်း) ဥပဒေကြီးကို မြန်မာပြည်မှာလုပ်
ဦးမလား မပြောတတ်ပါဘူး။......ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာတွေတော့ အကုန်သေကြမှာပဲထင်တယ်။ဒိဌီစစ်
ဆေးပုံ၊အပြစ်ပေးပုံတွေကလည်း။ ရာဇ၀င်သမိုင်းမှာ အလွန်ပဲကြမ်းလှပါတယ်။ ဒါတွေကိုအထူးမပြောတော့
ပါဘူး စိတ်ပျက်စရာကောင်းလွန်းလို့ပါ.....(ချက်ကိုစလိုဗေးကီးယား)မှာဆိုရင် ခရစ်ယာန်တွေကို ထပြီးပုန်
ကန်လိုက်တာ ဥရောပတစ်ခွင်လုံး အတော်ပဲကူးစက်သွားလို့ စစ်ကြီးတွေဖြစ်လိုက်ကြတာအကြာကြီးပဲ...။
သေလိုက်ကြတာတွေလည်းမနည်းပါဘူး ဒါဟာလူတစ်ယောက်ရဲ့ စေတနာနှင့် ယုံကြည်ချက်ကိုလက်မခံပဲ
အတင်းယုံကြည်အောင် ပြုလုပ်တဲ့ အဓမ္မစနစ်တွေကြောင့်ပဲဖြစ်ပါတယ်...။
ဆက်လက်ရေးသားပါဦးမည်...။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>

Friday, 13 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၁၈

ခရစ်ယာန်ဆရာကြီးများနှင့်တကွ အားလုံးသော ခရစ်ယာန်၊ ဗုဒ္ဓဘာသာဒကာ၊ ဒကာမအပေါင်းတို့ စိတ်ချမ်း
သာ ကိုယ်ချမ်းသာနှင့် ရွှင်လန်းချမ်းမြေ့စွာ တစ်ဦးနှင့် တစ်ဦးမေတ္တာဓါတ်ဖြင့် ဆက်ဆံကြပါရန်မေတ္တာရပ်ခံ
လိုက်ပါတယ်.......( ရှည်လျားသောလက်ခုပ်သြဘာသံကြီး)
ရှည်လျားသောသြဘာသံ၊ လက်ခုပ်သံများမှာ မိုးချုန်းသည့်နှယ် မြည်ဟီး၍သွားပါသည်။ ဗုဒ္ဓဘာသာဘက်မှ
ကြည်နူးရွင်ပြနေကြသလောက် ခရစ်ယာန်ပရိသတ်ကား ငိုင်နေကြလေသည်။ ထို့နောက်သဘာပတိ ဦးရွှေ
မှန်က ဟောပြောပွဲကြီးကို နေ့ခင်း ( ၁၂ ) နာရိအထိခေတ္တရပ်နားမည်ဖြစ်ကြောင်းကြော်ငြာလိုက်လေသည်။
ဗုဒ္ဓဘာသာဝင်များသည် ဆရာတော်ထံသို့ အုပ်စုလိုက်လာရောက်၍ ၀မ်းသာအားတက်ကြောင်းလာရောက်
လျှောက်ထားကြသည်။ ထိုအခိုက် မဏ္ဍပ်အပြင်ဘက်မှ လူတစ်ဦးကအော်ဟစ်ပြောဆိုလိုက်သည်။ ခဏလေးလမ်းဖယ်ပေးကြပါခင်ဗျ၊ ဒီမှာဗုဒ္ဓဘာသာထဲဝင်မလို့တဲ့ဗျာ၊တဆိတ်လမ်းဖယ်ပေးကြပါ.....စုအုံနေ
သော လူအုပ်ကြီးသည် လမ်းဖယ်ပေးလိုက်လေသည် လူကြီးတစ်ဦးက ဦးဆောင်၍ လူတစ်အုပ်သံဃာစင်
ရှေ့သို့ရောက်လာကြာသည်။ ဦးဆောင်လာသူလူကြီးက..ဆရာတော်များဘုရား၊တပည့်တော်တို့ဗုဒ္ဓဘာသာ
ဘက်က ဟောပြောတာကိုသဘောကျလို့ အခုဟောဒီကျောက်ကွင်းရွာက အိမ်ထောင်ရှစ်အိမ်ထောင်မိသား
စုအားလုံးဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းကီုးကွယ်ပါတော့မယ်တဲ့ဘုရား။ ဟုလျှောက်လိုက်ထားလေသည်
ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးသည် သံဃာနှစ်ပါးကို တွဲထူစေပြီး ရှေ့ဆုံးသို့ကြွလာကာ ၀မ်းသာအားရရှူစား
ရင်း သာဓုသုံးကြိမ်ခေါ်လေသည်။  ဆရာတော်အရှင်ဥက္ကဋ္ဌသည် ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းလာသူများ
ကို သံဃာစင်ရှေ့ထိုင်စေပြီး စာရင်းယူစေသည်။ ထို့နောက် သရဏဂုံသုံးပါးနှင့် လက္ခဏာသုံးပါးတို့၏ အနက်
အဓိပ္ပါယ်အကျဉ်းချုပ်ကို ရှင်းလင်း ဟောပြောပြီးနောက် နတ်မှိဆရာတော် ဦးကလျာဏအားလွဲပြောင်းပေး
လိုက်လေသည်။ မဏ္ဍပ်ပြင်ပနှင့် ဈေးဆိုင် လ္ဘရည်ဆိုင်တို့သို့ ရောက်ရှိနေကြသော ပရိသတ်သည် ကြော်ငြာ
သံနှင့်သာဓုခေါ်သံတို့ကိုကြားရသောအခါမဏ္ဍပ်တွင်းသို့ပြန်လည်ပြေးဝင်လာကြပြီးချီးကျူးစကားပြောကြား
ရာ အုံးအုံးကျွတ်ကျွတ် ဆူညံနေတေည့၏...ဆရာတော်အရှင်ဥက္ကဋ္ဌနှင့် ဗုဒ္ဓဘာသာအဖွဲ့အား ဦးလှောင်၏
နျမများက ဆွမ်းကပ်ရန်ရွာတွင်းသို့ဝင်သွားကြသည်။ကျန်သံဃာများကား မဏ္ဍပ်၌ပင် ဆွမ်းဘုန်းပေးကြ
သည်။ ခရစ်ယာန်ခေါင်းဆောင်များကား ဦးရွှေအောင်၏အိမ်၌ ခေါင်းခြင်းရိုက်၍ တိုင်ပင်နေကြလေသည်
စာချုပ်အရ တစ်အိမ်ထောင်မိသားစုအားလုံး တစ်ဘက်ဘာသာသို့ ကူးပြောင်းလျှင်ပင် အရှူံးဟူ၍ပါနေရာ
ယ္ခု ရှစ်အိမ်ထောင် မိသားစုအားလုံး ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းခဲ့ရာ ယ္ခုအခြေအနေအတိုင်းသာဆို
လျှင် မိမိဘက်ကရှူံးဖို့ သေချာနေပြီ။ နေ့လည် ဟောပြောပွဲတွင် ခရစ်ယာန်ဘာသာသို့ အနည်းဆုံး ဆယ်
အိမ်ထောင်ပါအောင် ဆွဲဆောင်ဟောပြောနိုင်မှသာ မိမိတို့အနိုင်ရမည်ဟုတွက်ဆကြသည်။ ထို့ကြောင့်
စားသောက်ရေးကိုသာမန်သဘောထားပြီး ဟောပြောရေးအတွက်သာ တိုင်ပင်ကြ၊ ရေးမှတ်ကျြနှင့်အ
လုပ်ရှုပ်နေကြတော့သည်။   နေ့လည် ( ၁၂ ) နာရိတိတိတွင် ပရိသတ်ကြီးမှာ နံနက်ကအတိုင်းပြည့်ကြပ်
ပြွတ်ခဲလျှက်ရှိသည်။ မေလ၏ အလွန်ပူပြင်းသည့် နေပူဒဏ်ကိုဂရုမထားပဲ ဟောပြောပွဲကိုသာပင် စိတ်ဝင်
စားနေကြသည်။ ထိုအချိန်တွင် တစ်မနက်လုံးပျောက်နေသည့် သူကြီးဦးလှောင်သည် ၀တ်ကောင်းစာလှ
များဝတ်ဆင်လျှက် ဆုတော်ရငွေဓါးကြီးကိုလွယ်လျှက် ပြုံးပြုံး-ပြုံးပြုံးနှင့် ဇနီးသူကြီးကတော်ကိုလက်ဆွဲ
လျှက်မဏ္ဍပ်ထဲသို့ဝင်လာရာ၊ ပရိသတ်ပွဲကျသွားလေသည်။ ရှစ်အိမ်ထောင်ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်း
ခဲ့ပြီးဖြစ်သဖြင့် သူပြုံးနိုင်လေသည်။ ခရစ်ယာန်ခေါင်းဆောင်များကား မျက်နှာမသာမယာကြပေ။ သဘာပ
တိနှစ်ဦးနေရာယူပြီးကြသောအခါ ပရိသတ်ငြိမ်သွားသည်။ ဆရာကြီးဦးရွှေမှန်က မိန့်ခွန်းမပြောတော့သဖြင့်
တော်ငူလောကုတ္တရာဆရာတော် အရှင်ကုဏ္ဍလကပင် သဘာပတိမိန့်ခွန်းပြောရသည်။ သဘာပတိဆရာ
တော်ကနှစ်ဘက်သော ပရိသတ်တို့ မနက်ကယဉ်ကျေးသိမ်မွေ့စွာ နားထောင်၍ အားပေးကြသဖြင့်အလွန်
ဝမ်းမြောက် ၀မ်းသာကြောင်း ယ္ခုလည်းမနက်ကအတိုင်း ယဉ်ကျေးသိမ်မွေ့စွာအားပေးကြရန် မေတ္တာရပ်ခံ
ပါကြောင်း အတိုချုပ်မိန့်ကြား၍ စည်းမျဉ်းအရ ပထမ အလှည့်ကျသူဗုဒ္ဓဘာသာ ခေါင်းဆောင် ဆရာတော်
အရှင်ဥက္ကဋ္ဌကိုဖိတ်ခေါ်လိုက်လေသည်။
                      ဆရာတော်အရှင်ဥက္ကဋ္ဌသည် သမ္မာကျမ်းစာများနှင့် မှတ်စုများကိုယူ၍ ဟောပြောမည့်စင်
မြင့်ပေါ်သို့ တက်သွားသည်။ ထို့နောက် အောင်မြင်ခန့်ညားသောအသံဖြင့် ပရိသတ်ပေါက်အောင်ဟောပြော
တော့သည်....အိုခရစ်ယာန်ဓမ္မဆရာအပေါင်းတို့.........ဦးပဉ္ဇင်းတို့ရဲ့ ဗုဒ္ဓဂေါတမဘုရားရှင်ဟာ ဆင်ခြင်တုံတ
ရားကို အများကြီးအားပေးတော်မူခဲ့ပါတယ်။ မည့်သည့်အရာကိုမဆို မစုံစမ်း၊ မစစ်ဆေးပဲ မယုံကြည့်ကြနဲ့လို့
ဂေါတမရှင်တော်ဘုရားက ဟောကြားတော်မူခဲ့ပါတယ် ဗုဒ္ဓဘုရားရှင်က( ဧဟိပဿိကော ) လာလှည့်၊ကြည့်
လှည့်၊စမ်းကြည့်ဆိုတဲ့ဂိုဏ်းမျီုးဆိုတာကမ္ဘာပေါ်မှာ ပေါ်ပေါက်လာတဲ့ဘယ်ဘာသာတရားမှ မှမရှိဘူး။ဒီဂုဏ်
မျီုးကို ဂေတမဘုရားရဲ့ တရားတော်တွေမှာသာတွေနိုင်ပါတယ်....ဘာဖြစ်လို့ဂေါတမဘုရားရှင်ကလာကြည့်
စမ်းကြည့်လို့ ရဲရဲဝံ့ဝံ့ပြောရဲတော်မူသလဲ။ သူတရားဟာ မှန်ကန်ကြောင်း သေသေချာချာ သိတော်မူလို့ပေါ့
ဓမ္မဆရာကြီးတို့ရဲ့ သခင်ယေရှူ့ခရစ်တော်ဟာငါပြောဒါသာယုံကြည်ကြ၊ဆင်ခြင်မတက်ရဘူးလို့ဘာကြောင့်
ပြောခဲ့ရတာလဲ အဲဒါစဉ်းစားကြည့်ဖို့ကောင်းပါတယ်။ ကိုယ့်တရားကို ကိုယ်တကယ်ယုံကြည်စတ်ချရရင် ရဲ
ရဲကြီးဆင်ခြေပေးနိုင်စွမ်း ရှိရမယ်မဟုပ်လား။သူတရားဟာ ယုံကြည်စိတ်ချရခြင်းမရှိပါဘူး ဝေဖန်ဆန်းစစ်
မှူ့မရှိဘူးဆိုတာ ဒီအချက်ကပဲ ထင်ရှားနေပါပြီ။ ( သြဘာသံ ) အခုလည်း ဦးပဉ္ဖင်းပြောခဲ့သမျှ ဟောနေသ
မျှနှင့် မှန်တယ်လို့လည်းမယူဆစေလိုပါ။မှားတယ်လို့လည်း တဖက်သတ်ဆုံးဖြတ်ချက်ကို အလျှင်စလိုမပြု
လုပ်စေလိုပါ။ လေကယုတ္တိ၊ သဘာဝယုတ္တိ ရှိ/မရှိ စဉ်းစာဆင်ခြင်စုံစမ်းစစ်ဆေးပြီးတော့မှယုံစေချင်ပါတယ်။
.........."ကဲဒီတော့...ဗုဒ္ဓဘာသာအကြောင်း ဦးပဉ္ဖင်း အကျဉ်းချုံးပြီး ရှင်းရှင်းတင်ပြပါ့မယ်။
........." ဗုဒ္ဓဘာသာဆိုတာဘာလဲ?
........."ဘာကိုရည်မှန်းပြီး ဗုဒ္ဓဘာသာကို ဆည်းကပ်ကိုးကွယ်ကြသလဲ?
........"ဗုဒ္ဓဘာသာရဲ့ပန်းတိုင်ကဘာလဲ?
......." လောကုတ္တရာအနေဖြင့် ဘယ်လိုဖြစ်သလဲ?
အဲဒါတွေကိုသိရင် ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ၀ါဒရဲ့ အနှစ်ချုပ်ကို သိနိုင်ပါတယ်။ အဲလိုသိရင်ပဲ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓ၀ါဒဟာ
ကမ္ဘာမှာ အမြင့်မြတ်ဆုံးနဲ့ အမှန်ကန်ဆုံးဆိုတာ သဘောပေါက်သွားလိမ့်မယ်။
             ဗုဒ္ဓဘာသာဆိုတာ ဟိုလွန်ခဲ့တဲ့နှစ်ပေါင်း ( ၂၅၀၀ ) လောက် အိန္ဒိယနိုင်ငံမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ပွင့်ပေါ်ခဲ့တဲ့၊ ဘယ်ဘာသာတရားမှာမှ မရှိတဲ့သစ္စာလေးပါးအမှန်တရားကိုဆရာမကူသယမ္ဘူ
ဥာဏ်တော်နှင့် မိမိအလိုလို ကိုယ်တော်တိုင် ထီုးထွင်းသိမြင်တော်မူခဲ့တဲ့အတွက် ဗုဒ္ဓအမည် ဘွဲ့တော်ရှိတဲ့
ဂေါတမမြတ်စွာဘုရားရဲ့ အဆုံးအမဒေသနာတော်ကိုယုံကြည်လိုက်နာပြီး ဆည်းကပ်ခံယူတဲ့ သဘာဝါဒဖြစ်
ပါတယ်..သံသရာဝဋ်ဒုက္ခမှလွတ်မြောက်ရန် ရည်မှန်းပြီးတော့ ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒကို ဗုဒ္ဓဘာသာဝင်တွေက
ဆည်းကပ်ခံယူခြင်းပဲဖြစ်တယ်.....ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင်က ၀ဋ်ဒုက္ခမှ အေးငြိမ်းရာ နိဗ္ဗာန်ဖြစ်
ပါတယ် အဲဒီပန်းတိုင်ရောက်ဖို့အတွက်ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဂေါတမဆုံးမညွန်ပြခဲ့တဲ့ တရားဓမ္မများကို
ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင်ကျင့်သုံးရမယ်။ အထူးသဖြင့် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကျင့်သုံးကြ
ရမှာက ဗုဒ္ဓဘာသာတိုင်းရဲ့တာဝန်ဖြစ်တယ်..ဗုဒ္ဓဘာသာ ဗုဒ္ဓ၀ါဒဟာလောကီရေးရာကြီးပွားတိုးတက်ရေးကို
မဟန့်တားသလို ဆုပ်ယုတ်နိမ့်ကျမှူကိုလည်းအားမပေးပါဘူး ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့တဲ့
သမ္ပဒါန်တရားလေးပါးနှင့်အညီ ကျင့်သုံးကြမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနှင့်ပဲ လက်တွေ့၊ မျက်တွေ့ကြီးပွား
တိုးတက်နိုင်ပါတယ်။ အဲဒိလို လောကီရေးရာများကို ဆောင်ရွက်ရင်းနဲ့ပဲ လောကုတ္တရာတရားများကိုလည်း
ကျင့်သုံးသွားနိုင်ပါတယ်..ဗုဒ္ဓဘာသာကို ဆည်းကပ်လိုက်နာရင် ပတ်ဝန်းကျင်နဲ့လည်း သမဘာဂဖြစ်ပြီးအ
ဆင်ပြေအောင် နေထိုင်နိုင်ပါတယ်။ လူမျီုးကွဲ၊ ဘာသာကွဲတွေနှင့် အတူနေထိုင်ဖို့ ၀န်မလေးပါဘူး။အထေ
ာက်အထား ဒေသနာတော်တွေအများကြီးရှိပါတယ် အချိန်မရလို့အလြောက်ပဲတင်ပြတာပါ..။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ

>>>ဆက်ဖတ်ရန်>>> >>

Monday, 9 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၁၇

"အိပ်ခ်ျ-ဂျိဝဲလ်ဆိုတဲ့ ရာဇ၀င်ဆရာကြီးက အနန္ဒတန်းခိုးတော်ရှင် ဌာဝရသည် တကယ်ထင်ရှားရှိ၍ ဤကမ္ဘာ
လောကအတွင်း၌ တိုက်ခိုက်နေကြသော စစ်ပွဲများ၊ သေကြေပျက်စီးခြင်းများ၊စစ်နှင့်ပတ်သက်သောကြောက်
ဖွယ်လန့်ဖွယ်များကို တားဆီးခြင်းငှါ တတ်နိုင်သောသတ္တိပါလျှက်နှင့် တမင်ဇိမ်ခံပြီး ကြည့်နေခဲ့သည် ဆိုလျှင်
ကျွန်ုပ်သည်ထိုဌာဝရ၏ အဖုံးအကာမရှိသောမျက်နှာကို တံတွေးဖြင့် ထွေးမည်အမှန်ဖြစ်သည်။"လို့ရေးထား
ပါသည်။
    "အမေရိကတိုက်က ယနှစ်တာရီယံ ခရစ်ယာန်ဓမ္မဆရာ သီအိုဒိုပါကားရဲ့ စကားကိုနားထောင်ကြည့်ပါဦး
ထာဝရသည် ခဏခဏစိတ်ပြောင်းလဲတတ်၏ လက်စားချေတတ်၏ အလွန်အကျူးဒေါသကြီး၏ထာဝရသည်
အမျက်ဒေါသထွက်လွယ်၏ အဆမတန်ရက်စက်ကြမ်းကြုတ်၏ မိမိအချစ်တော် ရဟူဒီလူမျီုးတို့ကိုပင် တစ်ခါ
တစ်ရံစိတ်ဆိုး၏တစ်နေ့သော်ထာဝရသည်(လူအပေါင်းတို့၏ ဦးခေါင်းကိုဖြတ်၍ ငါထာဝရအားပူဇော်လော့)
ဟုမောရှေအား ပြောသတက်...နောက်တစ်ခါ ခရစ်ယာန်ပါဒရိဒိန်းအင်းဂျိတ်ဆိုသူရေးသားသည့် အချက်ကို
လည်းပြောပါရစေ...သူက ကမ္ဘာမြေပြင်၌ လူသတ္တ၀ါနှင့် ထာဝရ၏ဆက်ဆံပုံသည် ယခုကျွန်ုပ်တို့ တွေ့မြင်
ရသမျှသာ အကုန်ဖြစ်ခဲ့လျှင် ထိုထာဝရသည် မိမိ၏ လုပ်ငန်း၌ ဖြောင့်မှန်ခြင်း၊ ရီုးသားခြင်း တရားတို့ကိုများ
စွာအလေးပြုကြောင်း ထင်ရှားချေ၏(သည်ဖိတ်သ်အင်သည်ဝါး) ဆိုတဲ့စာအုပ်မှာရေးသားထားပါတယ်......
အီဆာဘန်ဆိုတဲ့စာရေးဆရာအဘိဓမ္မာဆရာကြီးကသင်တို့(ခရစ်ယာန်ဝါဒီများကိုဆိုလိုသည်)ပြောဆိုသော
အရာဟူသမျှကိုခွတ်ချက်ကလေးတစ်ခု ထားပြီး ကျွန်ုပ်အားလုံးကို သဘောတူပါ၏ ထိုချွတ်ချက်ကားသင်တို့
၏ ထာဝရသည် ကျွန်ုပ်၏ မာရ်နတ်ဖြစ်သတည်း လို့ပြောဆိုပါတယ်။ အဲဒါဦးပဉ္ဇင်းက ဖန်းတိးပြီးပြောတာမ
ဟုပ်ဘူးနော်၊ ဟောဒီမှာ ဆရာကြီးတို့ အထင်ကြီးနေတဲ့ ခရစ်ယာန် ဘာသာဝင်ဆရာကြီးတွေ ရေးသားတဲ့စာ
အုပ်တွေကကောက်နုတ်ပြီးပြောပြတာ။.......နောက်ပြီးဆရာကြီးဦးသာဒင်က အနန္ဒတန်ခိုးတော်ရှင်ထာဝရ
နှင့် ဘာတန်းခိုးမှမရှိတဲ့ ဂေါတမဘုရားကိုနိုင်းယှဉ်ရေးသလား၊ နိုင်းယှဉ်ရဲရင်နိုင်းယှဉ်ပြပါ။ ထာဝရထက်ဘ
ယ်သူမှ မမြတ်ဘူးလို့ပြောသွားပါတယ်။ အဲဒီလိုဆိုရင် ဆရာကြီးတို့ရဲ့ ထာဝရဂိုဏ်းတော်တွေကို သမ္မာကျမ်း
စာထဲမှာပါတဲ့အတိုင်း နည်းနည်းလောက်ထုပ်ကြည့်ရအောင်။
(၁) အရက်သေစာတို့ကို အမြဲမှိဝဲသောက်သုံး၍ ချီုးကင်၊ သိုးကင်၊ နွားကင်တို့ကို တွင်တွင်ကြီးကြီုက်တော်မူ
ထသော
(၂)ချီုးကင်နှင့် စပျစ်ရေအရက်ကို မရခဲ့သော် အလွန်အကျူး အထူးဒေါပွ အမျက်တော်၇ှလေ့ရှိထသော
(၃)သဘောမကျ၍ ဒေါထသောအခါ ကြီးစွာသော ကောဓဖြင့် တားမရ ဆီးမရ ကြိမ်ဆဲတတ်သောအလေ့
ဝသီရှိထသော
(၄)တိုက်ရေးခိုက်ရေး၊သတ်ဖြတ်ရေးတို့ကိုသာ အမြဲအားပေးလေ့ရှိထသော
(၅)မဟုပ်မမှန် ပညာရှိသတ္တ၀ါတို့ အော်ရလီဆန်ဖွယ်ရာ တရားတို့ကိုဟောကြားခဲ့ထသော
(၆)ကြောက်ခမန်း၊လန့်မခန်း၊ အပြစ်အာဒိန၀တို့ကို မေတ္တာဓာတ်အနည်းငယ်ရှိသူတို့ပင်ကြက်သီးဖျန်းဖွယ်ရာ
ကျူးလွန်ခဲ့ထသော
(၇)လူသတ္တ၀ါတို့ ဥာဏ်ပညာပွင့်လင်း၍ အကျီုးအကြောင်း၊ အဆိုးအကောင်းသိမြင်မည်ကိုအစဉ်စိုးရိမ်သော
(၈)ဤသို့ စိုးရိမ်ခဲ့သောကြောင့် ဥာဏ်ပညာအလင်းရောင်၏ ရန်သူကြီးဖြစ်ထသော ထာဝရဘုရားဆိုတဲ့ဂုဏ်
တော်တွေထွက်လာပါတယ်။ အချိန်နည်းလွန်းလို့အကျဉ်ချုံ့ထားတာပါ။
     "ကဲ..ဂေါတမဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုလည်း နည်းနည်းလောက်ပဲထုပ်ပြပါ့မယ်။ ပိဋကတ်တော်မှာပါတဲ့အထဲက အကျဉ်းချုပ်တင်ပြပါ့မယ်" အခြားသောဘာသာရှင်တို့နှင့် မတူ အမြင့်မြတ်
စင်သောအကျင့်စာရိတ္တရှိတော်မူထသော အရက်သေစာ မူးရစ်စေတတ်သော အရာတို့ကိုတိုယ်တော်တိုင်
လည်းမသုံးတပည့်များ၊နောက်လိုက်ငယ်သားတို့ကိုလည်း မသုံးရန် တားမြစ်တော်မူထသော၊ ပါဏတိပါတ
သူ့အသက်သတ်ဖြတ်ခြင်း၏ အပြစ်အာဒီန၀တို့ကို ဟောပြောတော်မူ၍ ဇိဝဟိတာ၊ဇိဝတတျာ၊အသက်သတ်
ခြင်း၊ညှင်းဆဲခြင်းတို့ကိုတားမြစ်တော်မူထသော၊အမျက်ဒေါသ၊ကောဓမိုက်မှား လူ့အောက်တန်းစားတို့၏
လက်သုံးဖြစ်သောတရားများကို အမြစ်ပါမကျန် အကုန်လုံးပယ်လှန်ခုတ်ဖြတ်တော်မူပြီးဖြစ်သဖြင့်၊အမျက်
ထွက်ခြင်း၊ဒေါပွခြင်း၊ မေတ္တာဓါတ်ဖြင့်ပြည့်ဝသော နှလုံးရှိတော်မူထသောသက်ရှိ၊သက်မဲ့ဟူသမျှကိုကျိန်ဆဲ
ခြင်း၊သတ်ဖြတ်ခြင်း၊ဖျက်ဆီးညခင်းအမှုဘယ်အခါမျှမပြုခဲ့ထသော၊သတ်ရေး၊ဖြတ်ရေး၊ တိုက်ခိုက်ရေးတို့ကို
(အတ္တာနံ ဥပမံကတွာ နဟ နေယျနဃတယေ) မိမိကိုယ်ကို ဥပမာပြု၍ သူတစ်ပါးတို့အား ညှဉ်းဆဲသတ်
ဖြတ်ညခင်းမပြုရဟုဟောပြော၍ အားပေးခြင်းမပြုထသော မကောင်းညစ်ကျူး က္ကုဿမစ္ဆေရစသောပါပဓမ္မ
အစုတို့မှ အမြဲဝေးကွာတော်မူထသော အကျီုးအကြောင်းဆက်၍ ယုတ္တိသာဒကရှိသေတရား လူသတ္တာဝါတို့
အားအကြောင်းအကျီုးရစေသော တရားတို့ကိုသာ ဟောတော်မူခဲ့ထသော ချစ်သားတို့၊သင်တို့သည်အလင်း
မှလာ၍ အလင်းသို့ ရောက်ကြကုန်လော့ဟုဟောတော်မူသည်ကို ထောက်ပြသဖြင့်လူသတ္တ၀ါအပေါင်းတို့
အမှောင်ဘေးမှကာကွယ်၍ အလင်းရောင်အောက်သို့ ရောက်အောင် ဖေးမကယ်တင်သောပုဂ္ဂိုလ်ထူးကြီး
ဖြစ်ခဲ့ထသော"..အဲလိုထာ၀၇ဘုရားနှင့် ဗုဒ္ဓဂေါတမမြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အနည်းငယ်နှိုင်းယှဉ်
ကြည့်ရင်ပဲ ဘယ်ဘုရားက မှန်ကန်မါန်မြတ်တယ်။ ဘယ်ဘုရားကမမှန်မကန်ယုတ်ညံ့တယ်ဆိုတာလယ်ပြင်
ဆင်သွားသလို ထင်ရှားနေပါတယ်။..ကဲအချိန်စေ့တော့မှာမို့ ဦးပဉ္ဖင်းနိဂုံးချုပ်ပါတော့မယ်။ ခုလိုဦးပဉ္ဖင်းတင်
ပြခဲ့တာတွေဟာ အကျဉ်းချုပ်တွေပါ၊ နေ့လည်ကျမှ အကျယ်တ၀င့် ထပ်ပြီးတင်ပြပါဦးမည်။ယခုတင်ပြခဲ့တဲ့
အကျဉ်းချုပ်လောက်နှင့်တင်ပဲ ဗုဒ္ဓ၀ါဒနှင့် ခရစ်ယာန်ဘာသာ ဘယ်ဟာကကောင်းတယ်၊မှန်တယ်ဆိုတာချင့်
ချိန်ဆုံးဖြတ်တိုင်လောက်ပါပြီ။ ဆက်လက်ရေးသားပါဦးမည်......။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>

Friday, 6 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၁၆

ဗုဒ္ဓဘာသာကို ဆရာဦးသာဒင် ဝေဖန်သွားတဲ့နေရာမှာ ပဋိသန္ဓေခန်းကစပြီးတော့ ဗုဒ္ဓကိုတွယ်သွားပါတယ်။
ကလေးတွေစကားနိုင်လုပြောသလို ပြောစတမ်းသာဆိုရင် ဗုဒ္ဓဘုရားလောင်းရဲ့ ခမည်းတော်နဲ့ မယ်တော်သာ
ရှင်ဘုရင်နှင့် မိဖုရား၊ ဆရာကြီးတို့ရဲ့ ဘုရား၊ ယေရှူ့ရဲ့ အဖေနဲ့အမေကဘယ်သူတွေလည်း၊ ဘယ်တိုင်းပြည်က
ဘုရင်နှင့်မိဖုရားလဲလို့ ပြောချင်ပြောနိုင်တာပေါ့။ ဆရာဦးသာဒင် ဦးပဉ္ဖင်းမေးပါရစေ။အဲဗုဒ္ဓ၀င်မှာပါတဲ့အတိုင်း
ဗုဒ္ဓကိုယ်တော်တိုင် ဘယ်နေရာမှာ ဘယ်တုန်းက ဟောခဲ့တယ်ဆိုတာကို အထောက်အထားအခိုင်အလုံနှင့်
ပြောနိုင်ပါသလား။ အခိုင်အလုံပြနိုင်ပါသလား။ အခိုင်အလုံပြနိုင်ရင် ဦးပဉ္ဖင်းမှားကြောင်း ဦးသာဒင်ကိုဝန်ချ
တောင်းပန်ပါ့မယ်။အမှန် ဗုဒ္ဓ၀င်ဆိုတာ (ဗုဒ္ဓ၀ံသအဌကထာ)ကိုမြန်မာလိုပြန်ပြီး ရေးထားတဲ့ကျမ်းပါ။ရေးသား
သူကတော့သီဟိုဠ်ရဟန်းတော်အရှင်ဗုဒ္ဓဒတ္ထပါဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ထောင်ကျော်မှာ ပေါ်ပေါက်
တဲ့ ပါဠိပညာရှင် သီဟိုဠ်ရဟန်းတော်တစ်ပါးသာဖြစ်ပါတယ်။  " နောက်နလာဋဓာတုဝင်၊ မဟာဝင်၊ဒီပ၀င်၊
ဗောဓိဝင်၊ဒါဌာဓာတုဝင်ဆိုတာတွေကိုလည်း သီဟိုဠ် ရဟန်းတော်အရှင်မဟာနာမဆိုသူက ရေးသားခဲ့တာပါ
အဲဒီစာတွေနဲ့ တချီု့ အဌကထာ၊ ဋိကာတွေကို တိုက်ဆိုင်ကြည့်ရှူ့ပြီးတော့ ဗမာရဟန်းတော်ဖြစ်တဲ့ ကျီးသဲ
လေးထပ်ဆရာတော်က(ဇိနတ္ထပကာသနီကျမ်း) ကို ရေးသားပြုစုခဲ့တယ်။ နောက်(မာလာလင်္ကရ)တို့
(တထာဂတဥဒါနဒီပနီ) တို့ဆိုတာတွေလည်းရှိပါသေးတယ်။ အဲဒီကျမ်းက စကားတွေကို ဦးသာဒင်ကဗုဒ္ဓဘု
ရားဟောပါတယ်ဆိုပြီး ဝေဖန်သွားတာကိုတွေ့ရပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်နှင့် စာရေးဆရာတွေရဲ့
အဌကထာ၊ ဋိကာ စတာတွေကို အတူတူချည်းပဲထင်ပြီး ပြောနေကြရင်တော့ ဖြစ်မှာမဟုပ်ပါဘူး။အလွန်မှား
ပါလိမ့်မယ်။ ဦးသာဒင်တို့ အင်မတန်အထင်ကြီးတဲ့ အနောက်တိုင်းက ခရစ်ယာန် ဘာသာဝင်ပညာရှင်တွေ
ကထဲ ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရား
ဟောအစစ်၊ ဘယ်ဟာက နောက်စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနိုင်ပြီးတော့ ဗုဒ္ဓဘာသာသို့ကူး
ပြောင်းခဲ့ကြတာတွေအများကြီးရှိပါတယ်။ အဲဒါကို ဦးသာဒင်တို့ အထူးသတိပြုဖို့ကောင်းပါတယ်.....။
"စိန္တတံ သတ္တသင်္ချေယျံ အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီသောတတ္တကီကျမ်းတွေထဲမှာပါတာ၊ပိဋကတ်ထဲ
မှာပါတာမဟုပ်ဘူး။ အောင်ခြင်းရှစ်ပါးတို့ ၀ိဘက်တော် ၁၂ ပါးတို့ဆိုတာတာဝတိံသာနတ်ပြည်ကိစ္စဆိုတာ
စာရေးဆရာတွေရဲ့ လက်ချက်တွေပါ။ ဘုရားဟောမဟုပ်ပါဘူး သစ္စကပရဗိုဇ်နှင့် ဗုဒ္ဓဟာ အနတ္တ၀ါဒကိစ္စ
မေးတာ၊ဥစ္စကက အားလုံးဝန်ခံရတယ်။ အနတ္တသာ မှန်ပါတယ်လို့ နောက်ပိုင်းသိကြားမင်း ပါလာတာက
ဗြဟ္မာဏ၀ါဒီတွေ ထိုးထည့်ပေးတာ။ ဗုဒ္ဓနဲ့ ဘာမှမဆိုင်ပါဘူး"။
              " ပထမဆုံး ဘုရားဘယ်သူဗျာဒိတ်ပေးသလဲဆိုတဲ့ မေးခွန်းကို ဆရာကြီးတို့ရဲ့ ထာဝရဘုရားကို
ဘယ်သူဖန်ဆင်းသလဲဆိုတဲ့ မေးခွန်းနဲ့ပဲဖြေလိုက်ပါတယ်။ " ဦးသာဒင်တို့ ဓမ္မဆရာတွေဟာ ပိဋကတ်ကို စေ့
စေ့စပ်စပ်သေသေချာချာ လေ့လာခဲ့ပုံမရဘူး။ သုတေသန လုပ်ဖို့ဆိုတာတော့ အတော်ကလေး ဝေးပုံရပါ
တယ်။ ဒါကြောင့်မို့လဲဗုဒ္ဓရဲ့ တရားတော်အစစ် စာရေး ဆရာတွေရဲ့ စာကိုအားလုံး အတူတူပဲလို့ပြောတာပေါ့
အဲလိုပြောစတမ်းဆိုရင် ခင်ဗျားတို့ရဲ့ သမ္မာကျမ်းစာတွေကိုလည်း ပြောစရာတွေအများကြီးရှိပါတယ်။
          "ဥပမာ..ခရစ်သက္ကရာဇ် ၁၃၅၀ ခုနှစ်လောက် ပထမဆုံး အင်္ဂလိပ်ဘာသာအဖြစ်ပြန်ဆိုရေးသားတဲ့
(၀င်ကလစ်ဖ်)ရဲ့ " ဘိုင်ဘယ်လ်"ခေါ်တဲ့ သမ္မာကျမ်းစာကို"တင်ဒေလ်"ရဲ့ နောက်မှပေါ်တဲ့ သမ္မကျမ်းစာနဲ့
တိုက်ကြည့်ရင် ကွဲလွဲနေတာတွေ အများကြီးရှိနေတာကို တွေ့ရပါမယ်။ အဲဒီလို "ဗာဒေးလ်"ရဲ့ သမ္မာကျမ်းစာ
လည်း တမျီုးဖြစ်နေပြန်တယ်။ အဲဒီလို ကွဲလွဲချက်တွေကို မစဉ်းစားမဆင်ချင်ဘဲနဲ့ အကုန်လုံးကိုသိမ်ကျုံးပြီး
ခရစ်တော်က ဒီအတိုင်း ဟောခဲ့တယ်ဆိုရင် ဦးသာဒင်တို့ ကြီုက်ပါ့မလား.."တင်ဗဒးလ်"ရဲ့ သမ္မကျမ်းစာကို
လည်း ခရစ်သက္ကရာဇ် ၁၅၆၀ လောက်မှ"မိုင်းလ်စ်ကိုဗားဒေးလ်"က ပြီးတော့ ပြုပြင်ရေးတာကိုတွေ့ရပြန်ပါ
တယ်။ အဲဒီနှစ်ယောက်မှာပဲ ဒီဆရာတွေရဲ့ ရေးသားချက်တွေဟာ ခရစ်တော်ရဲ့တရားများကို ယုတ္တိကင်းမဲ့
စေတယ်။လွဲမှားစေတယ်ဆိုပြီးတော့"တင်ဒေးလ်"က"ဟီးဘရူး"ကျမ်းကိုအခြေခံပြီးရေးတဲ့ "ဘိုင်ဘယ်လ်"
ထဲမှာ"ဂျေရုဆလင်"မြီု့ကြီးကို သမုဒ္ဒရာနဲ့ ရေလွမ်းသတ်တယ်လို့ ရေးတဲ့အခန်းကို "မာတင်လူသာ" တို့က
မကြီုက်ကြဘူး။ ဒါနဲ့ ဒီအခန်းကို ပြုပြင်ပြီး ရေးလိုက်ကြတယ်။
                "အဲဒါတွေကိုကြည့်ရင် ခရစ်ယာန်ရှေ့ကျမ်းစာမှာပဲ တစ်ကျမ်းနဲ့တစ်ကျမ်း ကွဲလွဲချက်တွေမတူ
တာတွေ ရှိနေပါတယ်။ ဒါမျီုးတွေလျှောက်ပြောနေကြရရင် ခရစ်ယာန်ထာဝရဘုရားဟာ မေတ္တာနဲ့ဂရုနာကို
အရင်းခံတယ်လို့ တဖက်ကပြောပြီးတော့ တစ်ဘက်မှာ လူတွေကို မညှာမတာ ရက်ရက်စက်စက် လုပ်ခဲ့
တယ်ဆိုတဲ့ အကြောင်း အရာတွေအများကြီး ရှိနေလေတာ့ ခုနားက ဆရာကြီး ဦးသာဒင်ပြောခဲ့တဲ့ဗုဒ္ဓ၀င်
အရ ရှေ့နှင့်နောက် မညီတဲ့ အချက်များဟာ စာရေးဆရာတွေကြောင့်သာ ရှိနေတယ်ဆိုတာလယ်ပြင်ဆင်
သွားသလိုထင်ရှားလှပါတယ်။ အဲဒီလို မညီတာတွေကိုထားပြီးတော့ ဦးပဉ္ဖင်းတို့ရဲ့ ဗုဒ္ဓဂေါတမဟာ ဘယ်
နေရာမှာ ဘယ်သူရဲ့ အသက်တစ်ချေင်းကို သတ်ခဲ့ဖူးပါသလဲ။ ဖျက်စီးခဲ့ဖူးပါသလဲ။ ဗုဒ္ဓဂေါတမကို ထား
လိုက်ပါဦး ဗုဒ္ဓဂေါတမရဲ့ တပည့်သာဝက ရဟန္တာထဲက ဘယ်သူဟာ သူတစ်ပါး အသက်ကိုသတ်ဖူးပါသ
လဲ။တစ်ခုလောက်များရှိရင် တွေ့ရင်ပြောစမ်းပါလို့ ဆရာကြီး ဦးသာဒင်ကို ဦးပဉ္ဇင်း မေတ္တာရပ်ခံလိုက်ပါ
တယ်။  အဲဒါတွင် မဟုပ်ပါဘူး ဗုဒ္ဓသာသနာတော်ရဲ့ နှစ်ပေါင်းနှစ်ထောင်ကျော် သက်တမ်းအတွင်းမှာဗုဒ္ဓ
သာသနာတော်အတွက် ဆင်နွဲရတဲ့စစ်ပွဲမျီုးရှိခဲ့ဖူးပါသလား။ ဗုဒ္ဓဘာသာဝင်တွေဟာ သာသနာပြုလုပ်ငန်း
အတွက် စစ်တိုက်ခိုက်ရတယ် သတ်ဖြတ်ရတယ်။ ငွေကြေးနဲ့ ရာထူးနဲ့ ဖြားယောင်းသွေးဆောင်ပြီး သိမ်း
သွင်းခဲ့ရတယ် ဆိုတာမျီုးများ ဗုဒ္ဓသာသနာ သမိုင်းမှာ ရှိခဲ့ဖူးပါသလား။ထောက်ပြစမ်းပါ..ဆရာကြီးဦးသာ
ဒင်တို့က အနန္တတန်ခိုးတော်ရှင်ကြီး အနန္တမေတ္တာရှင်ကြီး အနန္တဂရုဏာရှင်ကြီးလို့ ယုံကြည်ပြီး တဖွဖွချီး
ကျူးနေကြတဲ့ ထာဝရ(ခေါ်) ဌာဝယဘုရားနှင့် ပတ်သက်ပြီးတော့ ဒကာကြီးတို့အလွန်အထင်ကြီးနေတဲ့
အနောက်တိုင်းသား ခရစ်ယာန်ဆရာကြီးများက ဌာဝယကို ဘယ်လိုချီးကျူးထားတယ်ဆိုတာ နည်းနည်း
တင်ပြပါ့မယ်။...ဆက်လက်ရေးသားပါဦးမည်.........။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>

Tuesday, 3 April 2012

ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၅

ဦးသာဒင်၏ စကားအဆုံးတွင် ကောင်းချီးသြဘာပေးလိုက်သော ခရစ်ယာန်ပရိသတ်၏လက်ခုပ်သံကားမြည်
ဟီး၍ ထွက်လာသည်။   ဦးသာဒင် ဆင်းသွားပြီးနောက် ဗုဒ္ဓဘာသာ သာဘာပတိ တောင်ငူမြီု့ လောကုတ္တရာ
ဆရာတော်က အရှင်ဥက္ကဋ္ဌအား ပင့်ဖိတ်လိုက်လေသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌသည် မှတ်စု မှတ်တမ်းများ
ကို ကိုင်ယူပြီးဟောပြောရမည့် နေရာသို့သွားသည်။ ရောက်လျှင် ပရိသတ်ကို တည်ကြည်ခန့်ညားစွာ ကြည့်
လိုက်သည်။ ထောင်သောင်းချီသော ပရိသတ်မှာ အပ်ကျသံပင်လျှင်ကြားရမတတ်၊ ငြိမ်သက်တိတ်ဆိတ်နေ
ကြလေသည်။အထူးသဖြင့် ဗုဒ္ဓဘာသာပရိသတ်မှာဆရာတော်ကို အားကိုးတကြီးဖြင့် ကြည့်နေကြလေသည်
ဦးသာဒင် တင်ပြသွားသော အချက်အလက်များမှာ လူပြိန်းတွေး တွေးလျှင် အလွန်အချက်ပိုင်နေသည်တော်
ရုံတန်ရုံ ဗဟုသုတကြွယ်ဝသူမျီုး စာပေပရီယတ္တိမကျွမ်းကျင်သူတို့အဖို့ ပြန်လည်ချေပရန်မလွယ်ကူပေ။
ဆရာတော်အရှင်ဥက္ကဋ္ဌပြန်လည်ချေပနိုင်မည်လားဟူ၍ စီုးရိမ်နေကြပြီး သံသယစိတ်လည်းဝင်နေကြလေ
ကြသည်။ချင်းခရစ်ယာန်ပရိသတ်ကားဦးသာဒင်၏တင်ပြချက်များကိုဆရာတော်အရှင်ဥက္ကဋ္ဌမည်သည့်နည်း
နှင့်မျှ ချေပနိုင်မည် မဟုပ်ဟုတစ်ထစ်ချယုံကြည်နေပုံရသည်။ သို့သော် ဘယ်လိုချေပမလည်း ဆိုတာကို
လည်း သိချင်နေကြသည် ထို့ကြောင့် မဏ္ဍပ်ကြီးတစ်ခုလုံး အပြည့်ရှိသောပရိသတ်ကြီးမှာ ငြိမ်သက်နေကြ
လေသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌသည် ရှေ့ဦးစွာအသံတိုးတိုးဖြင့်စတင်ပြီးတဖြည်းဖြည်းနှင်အသံကိုမြှင့်တင်
ပြီး ပြောသည်။ ကြည်လင်ပြတ်သားသော အသံဝါကြီးက ပရိသတ်ကိုလွမ်းခြုံထားလေသည်။
        ဆရာတော်အရှင်ဥက္ကဋ္ဌချေပချက်.......
"သဘာပတိနှင့်တကွ လူကြီးလူကောင်းအပေါင်းတို့"
ဒီနေ့ ဒီအချိန် ဒီဘာသာ ၀ါဒပြီုင်ပွဲကြီးမှာ ခရစ်ယာန်ဓမ္မဆရာများနှင့် အမိမြန်မာပြည်ရဲ့ ရင်သွေး အစစ်ဖြစ်
ကြတဲ့ မြန်မာ၊ ချင်း၊ကရင်၊ကချင်စတဲ့ မျီုးတူဘာသာကွဲများကို ယ္ခုလိုတွေ့ရလို့ ဦးပဉ္ဖင်း အလွန်ပင်ဝမ်းမြေ
ာက်ပါတယ်....အနောက်ဖက်နိုင်ငံများမှာ ဦးပဉ္ဖင်းတို့သွားရောက်ပြီး ဗဟုသုတရှာဖွေနေစဉ်အခါကအင်္ဂလိပ်
အမေရိကန်၊ ကုလားစတဲ့ ခရစ်ယာန်ဘာသာဝင်အတော်ခပ်များများနဲ့ တွေ့ဆုံဖူးပါတယ်။ ဆွေးနွေးခဲ့ဖူးပါ
တယ် ဘာသာရေးနှီးနောပွဲကြီးများကိုလည်း များစွာပဲကြုံကြိုက်ခဲ့ဖူးပါတယ်။ ဒီမြန်မာဆိုတဲ့ ကိုယ့်ပြည်ကို
ပြန်ရောက်တော့ သွေးရင်းသားရင်းဖြစ်တဲ့ ခရစ်ယာန်ဆရာများနဲ့ တွေ့ဆုံရမှူ့ နည်းပါးသွားခဲ့ပါတယ်ဒါကြောင့်
ဘာသာအယူမတူတဲ့ သွေးတူသားတူ မျီုးတူများနှင့် ဆွေးနွေးရလို့ ဦးပဉ္ဖင်းဝမ်းသာပါတယ်။ ဒီပွဲသဘင်ကြီး
မျီုး ပေါ်ပေါက်လာအောင်ပြုလုပ်ပေးကြတဲ့ ဒီကျောက်ကွင်းရွာနှင့် ပတ်ဝန်းကျင်က လူများကိုလည်းအထူး
ဘဲကျေးဇူးတင်မီပါတယ်။ အရှူံးအနိုင်အဖြစ်နဲ့ထားပြီး ယ္ခုလိုပြောရတာတော့ ဘယ်လိုနေမယ်မသိပါဘူး
ဦးပဉ္ဖင်းအဖို့ ပြောရရင် တစ်သက်တစ်ခါ ဒီလိုပွဲမျီုး ကြုံဖို့အလွန်ဖြစ်တောင့်ဖြစ်ခဲ၊ကြုံတောင့်ကြုံခဲ ပွဲကြီးလို့
ထင်ခဲ့ပါတယ် "အယူအဆတူတာ မတူတာအပထားပြီး အမှန်တရားကို ယ္ခုလို တင်ပြဆွေးနွေးရခြင်းကိုပဲ
ဦးပဉ္ဖင်းအနေနဲ့ ၀မ်းမြောက်မဆုံးဖြစ်ရပါတယ် ခုနားက ခရစ်ယာန်ဘာသာဘက်က ဟောပြောသွားတဲ့ ဓမ္မ
ဆရာကြီး ဦးသာဒင်နှင့် ဦးပဉ္ဖင်းတို့ဟာ အရင်ကတစ်ဦးနှင့်တစ်ဦးမသိကျွမ်းခဲ့ကြပါဘူး။ ဒီရောက်မှတွေ့မြင်
ဖူးကြတယပါ ဒါကြောင့် တစ်ဦးနှင့်တစ်ဦး အာဃာတမရှိကြဘူးဆိုတာထင်ရှားပါနေတယ်။အခုပွဲသဘင်ကို
တက်ရောက်လာကြတဲ့ ပရိသတ်ကိုပြောချင်တာက ပုဂ္ဂိုလ်သဘောထက် ဓမ္မသဘောသက်သက်ကိုသာဦး
စားပေးပြီး စဉ်းစားကြဖို့ ဦးပဉ္ဖင်းမေတ္တာရပ်ခံပါတယ်။ လူတိုင်းမှာကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ညဏ်နဲ့ စဉ်းစား
ဆင်ခြင်ဝေဖန်ပြီး ဘယ်တရားဟာဖြင့် သဘာဝကျ/မကျ၊ ယုတ္တိရှိ/မရှိ၊ မှန်/မမှန် ဆိုတာကို ကိုယ်တိုင်သ
ဘောပေါက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ယူတာသာ အသင့်တော်ဆုံး အမှန်ကန်ဆုံးဖြစ်ပါလိမ့်မယ်။
ဆရာတော်သည် မိမိရှိတွင်ရှိသော မှတ်စုကိုကြည့်ပြီး ဆက်လက်မိန့်ကြားပြန်သည်။ ခရစ်ယာန်ဓမ္မဆရာ
ကြီး ဦးသာဒင်ဟာ စာပေပရီယတ္တိ တတ်ကျွမ်းသူလို့ နာမည်ကြီးနေတော့ ဗုဒ္ဓနဲ့ ဗုဒ္ဓတရားတော် အစစ်ကို
ဝေဖန်ဟောပြောမလားလို့ ဦးပဉ္ဖင်းမျှော်လင့်နေတာ ယ္ခုဦးသာဒင်ဟောပြော ဝေဖန်သွားတာတွေက ဗုဒ္ဓနှင့်
ဗုဒ္ဓတရားတော် အစစ်များကိုဝေဖန်သွားတာမဟုပ်ပဲနှင့် သီဟို၌ စာရေးဆရာတွေရေးသားသွားတဲ့ စာတွေ
ကိုချည်း ဟောပြောဝေဖန်သွားတာကို တွေ့ရတဲ့အတွက် အလွန်ပင်အံ့အားသင့်ရပါတယ်...သဘာပတိကြီး
ဦးရွေမှန်နှင့်တကွ အခုဒီကိုကြွရောက်လာကြတဲ့ ခရစ်ယာန်ဓမ္မဆရာတော်တော်များများဟာ မူလက ဗုဒ္ဓဘာသာဝင်၊အခုဦးပဉ္ဖင်းတို့လို ဘုန်းကြီးများဖြစ်ကြတဲ့အတွက် ပိဋကတ်စာပေများကို သင်ယူလေ့လာခဲ့
ကြသူများလို့ ဦးပဉ္ဖင်းယုံကြည်ပါတယ်။  ဓမ္မဆရာများသိကြတဲ့အတိုင်း ဗုဒ္ဓဘာသာ စာပေလောကမှာ မူလ
ဘုရားဟောဒေသနာတော်များက တစ်ရပ်၊ အဌကထာ၊ဋိကာစတဲ့ သီဟိုဠ်စာရေးဆရာများနှင့် စာပေပညာ
ရှိသူများ ရေးသားထားသော ဒေသနာ အမျီုးမျီုးကတစ်ရပ်၊ အဲဒီလိုဒေသနာနှစ်ရပ်၊နှစ်မျီုးနှစ်စားရှိတယ်ဆို
တာကို ခွဲခြားမသိပဲအားလုံးကိုတစ်မျီုးတစ်စားတည်းထားပြီးတော့အဲဒါတွေအားလုံးဟာဗုဒ္ဓဘုရားရဲ့တရား
တော်ချည်းဖြစ်တယ်လို့ ဓမ္မဆရာများက ယူဆဟန်တူကြပါတယ်။ စာပေသင်ကာ မတ္ထ၊ ဖတ်ကာမျှမတ္ထသာ
ဖြစ်ပြီးတော့ ၀ိမံသ-၀ိစာရဏ-၀ိဘဇ္စဆိုတာတွေ မရှိခဲ့တဲ့ အပြင် မိမိ၏ကိုယ်ပိုင်ဥာဏ်အတွေးအခေါ်ကိုလည်း
အသုံးပြုခဲ့ပုံမရဘူး ဒါကြောင့်လည်း ဒီဆရာကြီးတွေဗုဒ္ဓဘာသာကို စွန့်ပြီး ခရစ်ယာန်ဘာသာထဲကူးပြောင်း
သွားကြတာကို ဦးပဉ္ဖင်း မအံ့သြပါဘူး..ဒီလိုဖြစ်ရတာဘာကြောင့်လည်းဆိုရင် မူလကတည်းက ဒီဆရာကြီး
တွေဟာ ဗုဒ္ဓနှင့် ဗုဒ္ဓရဲ့တရားတော်အစစ်တွေကို မသိနားမလည်ပဲနဲ့ သိနားလည်အောင်လည်း မကြီုးစားကြ
ပဲနဲ့  ဗုဒ္ဓဘာသာဝင် ဒကာ ၊ ဒကာမတွေ့ရဲ့ ဆွမ်းကို ညာစားနေတာထင်ရှားလှပါတယ်။ ဗုဒ္ဓအစစ်ရဲ့ တရားအ
စစ်ကို မသိနားမလည်သလို အခုလည်းပဲ ခရစ်ယာန် ဘာသာရဲ့ တရားအစစ်ကို မသိနားမလည်ဘူးဆိုတာ
သူတို့ရဲ့ဟောပြချက်တွေက သက်သေခံနေပါသည်။ အဲဒီလိုဆိုရင်ဒီ ဆရာကြီးတွေဟာ ခရစ်ယာန်ဘက်ကို
ပါထပ်ပြီး ညာနေကြတဲ့ ဓမ္မဆရာကြီးတွေ ဖြစ်သွားမှာကို ဦးပဉ္ဖင်းစီုးရိမ်မိတယ်..။ ဤနေရာအရောက်တွင် ဆရာတော်က ပြုံးပြုံးကလေးပြောလိုက်ရာ "၀ါး"ခနဲ ပွဲကျသွားလေသည်....။ဗုဒ္ဓဘာသာပရိသတ်ကားအား
တက်လာလေသည်။ ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>

Sunday, 1 April 2012

ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၄

"ဒီတန်းခိုးပြာဋိဟာကိစ္စပဲ၊ ရှင်မောဂ္ဂလန်ပေါ့ဗျာ ရှင်မောဂ္ဂလန်နဲ့ ရှင်ပိဏ္ဍောလတို့စန္ဒကူဒသပိတ် ရဖို့အတွက်
တန်းခိုးပြိုင်ကြသတဲ့၊ အဲဒါဂေါတမဘုရားက ကြားသိတော့ ရဟန်းတွေတန်းခိုးမပြရ ပြလျှင် အာပတ်သင့်စေ
လို့ပညတ်ပါသတဲ့။ အဲဒီလို သူများတွေကို ပညတ်ပြီး သူကြတော့တိတ္ထိတွေနဲ့ပြိုင်ပြီး ရေမီးအစုံ တန်းခိုးပြသ
တဲ့ဗျာ၊ အဲဒါဆို ဂေါတမဘုရားဟာ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နှင့် ဆိုတဲ့ဘုရားမျီုးဖြစ်မနေဘူးလား
ခင်ဗျားတို့ပြောတော့ တထာဂတ (အပြောနှင့် အလုပ်ညီညွတ်) တယ်ဆို ခုနကအတိုင်းဆိုလျှင်မိတ်ဆွေတို့ရဲ့
ဘုရားကြီးဂေါတမဟာ တထာဂတဘွဲ့နှင့်ထိုက်တန်ပါသလား"----"တာသတိံသာနတ်ပြည်ကိုတက်ကာတန်
ခိုးနဲ့တက်တယ်ကွာလို့ဆိုရင် ဟုတ်တုတ်တုတ်ရှိသေးရဲ့ အခုတော့ နှစ်လှမ်းသုံးဖ၀ါးနဲ့တက်တယ်ဗျာ၊ပြန်ဆင်း
မယ်ဆိုတော့ နတ်တွေကရွေစောင်းတန်း၊ ငွေစောင်းတန်း၊ပတ္တမြားစောင်းတန်းတွေဖန်ဆင်းပေးရသတဲ့။တန်း
ခိုးမရှိတော့ပြန်ဆင်းဖို့မရဲဘူးထင်ပါရဲ့ဗျာ"..အဲဒီအောင်ခြင်းရှစ်ပါးမှာပဲ သစ္စကပရဗိုဇ်နှင့်ဝါဒပြိုင်ပွဲမှာ ဂေါတမ
ဘုရားကမေးတာကိုသစ္စကကြီးက မဖြေဘူးတဲ့၊ အဲဒါသိကြားမင်းက ဘီလူးယောင်ဖန်ဆင်း၊ တင်းပုတ်ကြီးနဲ့
ရွယ်ပြီးချိန်းခြောက်တော့မှ သစ္စကကြီးက ဖြေသတဲ့ဗျ၊ အဲဒါ ယုတ္တိရှိပါသလား။ ဘုရားဖြစ်ပြီးတော့သိကြား
လောက်တောင် တန်းခိုးမရှိလို့ သိကြားကို အကူပညီတောင်းတာလား။ သိကြားကလာပြီး ကူညီရတာလား
ခင်ဗျားတို့ပြောပြောနေတဲ့ တန်းခိုးအနန္တဆိုတာ ခင်ဗျားတို့ဘုရားမှာမရှိလို့သာ သိကြားကလာကူရတာပါလို့
ပြောရင် ကျွန်တော်တို့ အလွန်ဆိုမလား။
                    " နောက်တစ်ခု ပရိနိဗ္ဗာန်ပြုခန်းမှာကြည့်ပါဦး၊ ၀မ်းတော်လားလို့ အားကုန်နေတဲ့ အသက်
၈၀ အရွယ် ဂေါတမဘုရားဟာ ကုသိနာရုံရောက်အောင် ရှင်အာနန္ဒာကတွဲခေါ်ပြီး ခြေလျှင်သွားရတယ်။
ဘုရားတန်းခိုးတွေဘယ်ရောက်ကုန်လို့ ခြေလျှင်သွားနေရတာလဲ။ တာ့ဝတိံသာနတ်ပြည်ကိုတောင်နှစ်
လှမ်းသုံးဖ၀ါးနှင့်ရောက်အောင် တန်းခိုးနှင့် သွားနိုင်တယ်ဆို။ ကုသိနာရုံကျတော့မှ ကုန်းကြောင်းလျှောက်
နေရသလား။  ဘုရားကိုကြည်ညီုတယ်ဆိုတဲ့ နတ်တွေတစ်ယောက်မှမလာပါလား၊ မကူညီပါလား၊ဘယ်ကို
သွားနေကြလဲ ကုသိနာရုံရောက်တော့မှ စကြာဝဠာတစ်သောင်းကနတ်ဗြဟ္မာအပေါင်းတို့ရောက်လာသတဲ့
သားမွေးတစ်ချောင်းလောက်နေရာမှာ နတ် ၁၆ ယောက်လောက်မြူမှုန်လောက် ဖန်ဆင်းပြီးနေရသတဲ့ဗျာ၊
အဲဒါတွေဟာယုတ္တိရှိပါသလားဗျာ။"...."စန္တိတံသတ္တသင်္ချေယျံ န၀သင်္ချေယ ၀ါစကံတဲ့ ဘုရားဖြစ်ချင်လို့စိတ်
နဲ့ကြံစည်တွေးတောနေရတာ၊ခနှစ်သင်္ချေကြာသတဲ့၊ နုတ်ကမြွတ်ဆိုဆုတောင်းရတာပဲ၊ ကိုးသင်္ချေကြာသတဲ့
ဗျာ။ ပြီးတော့ ဘုရားတစ်ဆူက ဘုရားလောင်းတစ်ဦးကိုဗျာဒိတ်ပေးမှဘုရားဖြစ်သတဲ့။ ဒါဆိုရင်ပထမဆုံးဘု
ရားကို ဘယ်သူကဗျာဒိတ်ပေးသလဲဗျာ။ ဖြေစမ်းပါဦး၊ အဲဒါတွေစဉ်းစားဖို့မသင့်ပေဘူးလားဗျာ။ နောက်တစ်
ခါ ၀ိပါက်တော် မကင်းသေးတဲ့အတွက် ဒေ၀ဒတ်က ကျောက်မောင်းဆင်ချခံရတာလို့ ခြေမတော်သွေးခြေ
ဥတယ်လို့ ဆိုထားတဲ့အချက်လည်း ရှိပါသေးတယ်။ဝိဘက်တော် ၁၂ ပါးဆိုတာ ဘုရားဖြစ်ပြီးမှကိုး ခံရသေး
သတဲ့ ဒီအချက်ဟာ အလွန်စဉ်းစားဖို့ကောင်းပါတယ်ဗျာ...။ဗုဒ္ဓဘာသာတရားရဲ့ အနှစ်သာရဟာ ဗောဓိပက္ခိ
ရတရား သုံးဆယ့်ခုနှစ်ပါးလို့အဆိုရှိပါတယ်၊ အဲဒီသုံးဆယ့်ခုနှစ်ပါးထဲမှာ သပ္ဖပ္ဖဓါန်လေးပါးဆိုတာပါဝင်ပါ
တယ် လုံ့လအားထုပ်ကြီုးပမ်းရမယ့်ဝီရိယရဲ့ အင်္ဂါလေးပါးမှာ ဥပ္ပန္ဒအကုသိုလ် ၊ အနုပ္ပန္ဒ အာကုသိုလ်နှစ်ပါးနဲ့
ဥပ္ပန္ဒကုသိုလ်၊အနုပ္ပန္ဒကုသိုလ်ရယ်လို့ နှစ်ပါးစီခွဲထားပါတယ်။ ဥပ္ပန္ဒအကုသိုလ်ဆိုတာ အတိတ်ကလုပ်ခဲ့တဲ့
အကုသိုလ်ကိုပယ်စွန့်ရန် ကြီုးစားအားထုတ်ရခြင်း အလုပ်လို့ဆိုထားပါလျှက်နှင့် ဘုရားဖြစ်ပါတယ်ဆိုတဲ့
ရှင်ဂေါတမဟာ ကိုယ်ဟောတဲ့တရားထဲက ဥပ္ပန္ဒအကုသိုလ်ကိစ္စကိုပင်ပြီးမြောက်အောင် မစွန့်ပယ်နိုင်သေး
လို့သာ ဒေ၀ဒတ်ကျောက်မောင်းဆင်တဲ့ဒဏ်ခံရတာဖြစ်ကြောင်း ထင်ရှားလှပါတယ်။ ဘုရားဆိုပြီးတော့ ဒေ
ဝဒတ်ကြိုတင်ကြံစည်တာကိုမှ မသိဘူးလားဗျ ပြီးခဲ့တဲ့အကုသိုလ်ဝတ်ကိုမှ ကုန်စင်အောင်ဥပ္ပန္ဒကိစ္စမလုပ်
နိုင်သေးတဲ့ ဂေါတမဘုရားကို ဘုရားလို့ ဘယ်သူကပြောနိုင်သလဲဗျာ။   ဤနေရာသို့အရောက်တွင်ရဟန်း
တော်များမှာ ခေါင်းငုံ့၍သာနေရတော့သည်။ ခရစ်ယာန်ပရိသပ်များက အားတက်နေကြသည်။ဗုဒ္ဓဘာသာ
ပရိသတ်ကား တွေဝေနေသည့်ဟန်အမူအရာများပေးနေလေသည်။ ဦးသာဒင်ကိုယ်တိုင်လည်း အားတက်
လာပြီး ပိဋကတ်ကျမ်းစာပါ အချက်အလက်အချို့ကို တိုက်ခိုက်ဝေဖန်သည်။ သို့သော်သူတင်ပြသောအချက်
အလက်အများစုမှာ အောင်လံက မြ၀တိဆရာကြီး ဦးအုံးနှင့်ဇာတ်တိုက်ခဲ့သည့် အချက်အလက်များသာဖြစ်
နေသည်ကိုတွေ့ရသည်။ နတ်မှိဆရာတော် ဦးကလျာဏကား ပြုံးရွင်နေလေသည်။
                  " ဦးအုံးပြောတဲ့အချက်အလက်တွေပါလားကိုယ်တော်၊ ဦးအုံးကိုကျေးဇူးတင်ရမယ်နော်..ဟု
ဆရာတော်အရှင်ဥက္ကဋ္ဌအား တီးတိုးကပ်၍ပြောကြားလိုက်ရာ ဆရာတော်က ခေါင်းငြိမ့်ပြီးပြုံးနေသည်။(ဦး
သာဒင်ပြောသမျှကိုလည်း အကျဉ်းချုံ့လလိုက်၍မှတ်နေသည် ဦးသာဒင်၏ တင်ပြချက်များကိုကြည့်ခြင်းအား
ဖြင့် ပိဋကတ်စာပေကို တတ်ကျွမ်းသူဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ယဉ်ကျေး၍ပြေပစ်သည့်စကားများကိုအ
များဆုံးသိုးနှုန်းသွားသည်ကိုတွေ့ရသည်။ ထို့နောက်ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်၊ဂဂုဏာတော်နှင့်ယေ
ရှုခရစ်၏မေတ္တာတော်များကို ဆက်လက်ဟောပြောလေသည်။ အချိန်စေ့တော့မည်ဖြစ်ကြောင်း သဘာပတိ
က သတိပေးလိုက်သောအခါ ဦးသာဒင်ကဤသို့ နိဂုံးချုပ်လိုက်လေသည်။ ကျွန်တော်ဟာ မူလက ဗုဒ္ဓဘာ
သာဝင်တစ်ဦးဖြစ်ခဲ့ပါတယ် ဗုဒ္ဓဘာသာကိုလည်း တကယ်ယုံကြည်ခဲ့ပါတယ် ဒါပေမဲ့ အခုလို ယုတ္တိကင်းမဲ့
တဲ့ ရှေ့နောက်အညီညွတ်တဲ့ တရားတွေတွေ့လာရတာနဲ့ ဗုဒ္ဓဘာသာကို ဆက်ပြီားုံကြည်ကိုးကွယ်နေသမျှ
အမှားနှင့်ရင်ဆိုင်နေရမှာသာဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နောက်မညီညွတ်ပဲမှားယွင်းချက်ချော်နေတဲ့ဗုဒ္ဓဘာ
သာတရားကို ယုံကြည်မည်လား? မှန်ကန်သော ခရစ်တော်ရဲ့ တရားများနဲ့ ထာဝရဘုရားသခင်ကို ယုံကြည်
မည်လားဆိုတာကို ကျွန်တော်ပရိသတ်ကိုမေးမြန်းလိုပါတယ်ခင်ဗျာ.." အားလုံးကိုကျေးဇူးတင်ပါတယ်။
   "သင်တို့အားကောင်းချီးမင်္ဂလာချီါ်မြှင့်ပါစေ အာမင်"   ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ M.A မာဂဓတက္ကသိုလ်  ဗုဒ္ဓဂယာ အိန္ဒိယနိုင်ငံ။
>>>ဆက်ဖတ်ရန်>>> >>