Tuesday, 22 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၈ )

                   ခက်ခဲလှသောဒုက္ကရစရိယာအကျင့်

သိဒ္ဓတ္ထသည် ခြောက်နှစ်တိုင်တိုင်ဒုက္ကစရိယာတပ္ပအကျင့်ကို ကျင့်ကြံအားထုပ်ခဲ့သည်။အစားမစားရေမသေ
ာက်သည့်အကျင့်တို့ကြောင့်သိဒ္ဓတ္ထ၏ကိုယ်ကာယသည်ပိန်ချုံးလာခဲ့သည်။ထိုတော၌ ယောဂီအကျင့်ကိုကျင့်
ကြံနေသော ယောဂီငါးပါးတို့လည်းရှိခဲ့ရာခက်ထန်သည့် ဒုက္ကရစရီယာအကျင့်ကို ကျင့်ကြံအားထုပ်နေသော
သိဒ္ဓတ္ထကိုမြင်၍အားတက်သရောဖြစ်လာသောထိုပဉ္စယောဂီတို့သည် သိဒ္ဓတ္ထအားအလုပ်အကျွေးပြုခဲ့ကြသ
ည်။သိဒ္ဓတ္ထ၏ခန္ဓာကိုယ်သည် တနေ့တခြားပိန်ချုံးလာလေ၏ငါးပါးသောယောဂီတို့၏အမည်နာမမှာကောဏ္ဍ
ည၊ မဟာနာမ၊၀ပ္ပ၊ဘဒ္ဒိယ၊အဿဇိတို့ဖြစ်ကြသည်။ညအိပ်ပျော်နေ့သည့်အချိန်အိမ်မက်ထဲတွင်သိဒ္ဓတ္ထသည်
ကညာသုံးယောက်(၀ီဏာ)စောင်းတီးနေကြောင်းကိုမြင်သည်။ကညာတစ်ယောက်လက်ထဲမှာဆွဲကာတီးနေ
သောစောင်းတူရိယာကြီုးများမှာတအားတင်းထားသဖြင့် စောင်းသံမှာအလွန်ပြင်းနေသည်။ဒုတိယအပျိုကညာ
တိးသောစောင်းတူရိယာ၏ကြီုးများသည်လျော့နေသဖြင့်တီးသံပေါ်မလာ။တတိယအပျိုကညာကိုင်ဆွဲ၍တီးနေ
သောစောင်းကြီုးများမှာမတင်းမကျပ်ပြုလုပ်ထားသဖြင့် စောင်းတီးသံမှာအလွန်နာပျော်ဘွယ်ကောင်းသည်များ
ကိုတွေ့မြင်ခဲ့သည်။ စောင်းကြီုးများကို မတင်းမလျော့ အလယ်အလတ်မဇ္ဈိမအခြေအနေမှာထား၍တီးမှသာ
သာယာနာပျော်ဘွယ်ရာအသံ ပေါ်လာသည်ဟုနားလည်သဘောပေါက်လာကာငါသည်လည်းတရားပေါက်
ပေါက်အောင်ကျင့်ကြံအားထုပ်ရာတွင်ထိုစံကိုယူ၍ကျင့်ကြံအားထုတ်မှ ကောင်းပေလိမ့်မည်ဟုဆုံးဖြတ်ကာ
ဒုက္ကရစရီယာအကျင့်ကိုစွန့်ပယ်ရန် ဆုံးဖြတ်လိုက်သည်။ 
      ဗုဒ္ဓခေတ်က သေနာနီရွာကို ယ္ခု ဗကရော်လရွာ(၀ါ) သုဇာတာ၏ရွာဟုခေါ်ကြသည်။ဤရွာသည်နေရဉ္ဖ
ရာမြစ်၏ ညာဘက်ကမ်းခြေမှာတည်ရှိပါသည်။ ဤရွာသည် မဟာဗောဓိဘုရားတည်နေရာမှ ၁-ကီလိုမီတာ
အရှေ့မြောက်အရပ်၌တည်ရှိလေသည်။ဤရွာ၏ သမိုင်းနှင့်စပ်လျဉ်း၍ ၁၉၈၁-ခုနှစ်တွင်"မြေအောင်ကိန်းဝပ်
နေသည့် ဗုဒ္ဓယဉ်ကျေးမှု"ခေါင်းစဉ်ဖြင့်ဆောင်းပါးတစ်ခုကို ဟိန္ဒူစတန်တိုင်း(မ်)သတင်းစာတွင်ဖတ်ရှူ့ခဲ့ရပါ
သည်။ဤရွာနေရာကို ဘာရတိယ(အိန္ဒိယပြည်ဆိုင်ရာ)ရှေ့ဟောင်းသုတေသနဌာန၏ဥက္ကဋ္ဌဖြစ်သူသုတေ
သနပညာရှင် K.M.Srivastva(ကေအမ်သိရီဝါ(စ်)သွားဦးဆောင်မှုဖြင့် တူးဖော်ကြရာ ကျောက်စာတစ်ခုရရှိ
ခဲ့သည်။ကျောက်စာကိုလေ့လာဖတ်ရှု့သောအခါ ယင်းကျောက်စာကို ဒေ၀ပါလ ဘုရင်(၈၁၅၊၈၅၅)ခရစ်သ
က္ကရာဇ် ကာလက သုဇာတာ၏ နေရာအဖြစ် အမှတ်တရကမ္မည်းရေးထိုးတင်ခဲ့ကြောင်းသိရပါသည်။ သုဇာ
တာသည် ပညောင်ပင်စောင့် ရုက္ခစိုးကိုတိုင်တည်၍" အိုရုက္ခစိုးနတ်ဒေ၀တာ သင့်၏ ဆုမွန်ကောင်းဖြင့်ကျွန်
မမှာ သားယောင်္ကျားဖွါးမြင်ရပါကကျွန်မသည် သင့်အားနွားမတစ်ကောင်၏ နို့ရည်ဖြင့် နို့ထမင်း(ခီးရ်)နို့ထေ
ာပတ်ချက်ပြုတ်ကာ ပူဇော်မည်"ဟူ၍ရေးသားထားပါသည်။သုဇာတာသည် သားယောင်္ကျားလေးဖွါးမြင်လာ
သည့်အခါ ရုက္ခစီုးနတ်ကိုပူဇော်ရန်ပြင်ဆင်ခဲ့ပါသည်။ ဦးစွာပထမ မိမိကျါန်မ ပုဏ္ဏားကို ပညောင်ပင်အော
က်၌ နေရာရှင်းလင်းပြင်ဆင်ရန် လွတ်လိုက်သည်။ပညောင်ပင်ကြီးအောင်၌ ဗုဒ္ဓထိုင်နေသည်ကိုတွေ့မြင်၍
ကျါန်မသည် ရုက္ခစီုး ကိုယ်ထင်ပြသည်အောက်မေ့၍ သခင်မ သုဇာတာအားအိမ်ပြန်၍ သူမြင်ခဲ့သည့်အတို
င်းအကြောင်းကြားလိုက်သည်။ သုဇာတာမှာလည်း ရေမိုးချီုး၊နို့ဆွမ်းထမင်းတို့ကို ရွှေလင်ပန်းခွက်နှင့်ထည့်
၍ပြင်ဆင်ကာ ဂေါတမ တရားကျင့်နေသည့် ပညောင်ပင်ရှိရာသို့သွားခဲ့သည်။ သုဇာတာကလည်းပညောင်
ပင်အောက်ထိုင်နေသည့် ဂေါတမကို ရုက္ခစီုးကိုယ်ထင်အောက်မေ့ကာရှိခိုးပူဇော်ပြီးနောက် နို့ထမင်းကိုဘု
န်းပေးရန် လက်အုပ်ချီကာလျှောက်ထားလေသည်။ သုဇာတာမှာ လှူဒါန်းခဲ့သည့် ဆွမ်းကို တပသီဂေါတမ
ဆွမ်းဘုန်းပေးနေသည်ကိုတွေ့မြင်ရ၍ ပဉ္စယောဂီငါးပါးတို့က ဘုရားအလောင်းအပေါ်တွင် အမြင်ပြောင်း
လဲကာ သိဒ္ဓတ္ထကုမာရအားစွန့်၍ အခြားနေရာသို့ ပြောင်းသွားကြလေတော့သည်။ဆွမ်းစားသည့်သိဒ္ဓတ္ထ
ကိုလမ်းမှားပေါ်လျှောက်သည့် တပသီဟုစွပ်စွဲခဲ့လေသည်။သူသည် ဘယ်သောအခါမျှတရားမပေါက်နိုင်
ဟုထင်ကာ စိတ်ပျက်ကြ၍ ထိုနေရာတွင် သိဒ္ဓတ္ထအားတယောက်တည်းထား၍ ထွက်ခွါသွားကြလေသည်
သိဒ္ဓတ္ထလည်းထိုပညောင်ပင်တည်ရှိသည့်အရပ်မှ အခြားတနေရာသို့ရွေ့ပြောင်းရန်စိတ်ကူးလာသည်နေ
ရဉ္စရာမြစ်ကိုဖြတ်ကျော်မကူးခင် သောတ္ထိယအမည်ရှိသော ရွာသားတစ်ယောက်သည် ကုဿမြက်ပင်တို့
ဖြင့် ယက်ထားသည့် ဖျာထိုင်ခင်းတစ်ချပ် လာရောက်လှူဒါန်းခဲ့သည်။မြစ်ကိုကျော်၍ ဂေတမသည် မြစ်ကမ်းပါးနှင့် မနီးမဝေးရှိ ညောင်ပင်တစ်ပင်အောက်၌ ထိုအခင်းကိုခင်းကာထိုင်လေသည်။ဤထိုင်ခင်း
(အာသန)ကိုဝဇ္ဇန-အာသန-ဟုခေးခဲ့သည်။ လက်ရှိအချိန်တွင် ယင်းထိုင်ခင်းကို ကျောက်တို့ဖြင့်လှပတင့်
တယ်စွာစိခြယ်ထားသည်။ယင်း ၀ဇ္ဇန-အာသနသည် အလျား၇-၆၊အနံ၎-၁၀ နှင့် အမြင့် ၃-ပမာဏဖြင့်တ
ည်ဆောက်ထားသည်။ မဟာဗောဓိစေတီနှင့် ဗေဓိညောင်ပင်ကြားမှာတည်ရှိပါသည်။
ဆက်လက်ရေးသားပါဦးမည်။အရှင်မုနိန္ဒ
                           မြတ်ဗုဒ္ဓသဗ္ဗညုတရွှေဥာဏ်တွေရရှိရာ ဗောဓိပင်နှင့် ရွှေပလ္လင်တော်
 

No comments:

Post a Comment