Monday, 14 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅ )

သိဒ္ဓတ္ထမင်းသားသည် ခမည်းတော်မင်းကြီးနှင့်တကွ ဆွေချင်းမျီုးချင်းများကိုစွန့်ခွါလျှက် ဖွါးဖက်တော် ဆန္န
အမတ်နှင့် ကဏ္ဍကမြင်းကိုစီးကာ ကောသလပြည်ပိုင်အနော်မာမြစ်ကမ်းပါးသို့ ခရီးထွက်လာခဲ့သည်။မိမိ၏
ဆံကေသာများကိုဖြတ်လိုက်ကာ မိမိဝတ်ဆင်ထားသည့် မင်းဝတ်တန်ဆာတို့ကို ချွတ်၍လျှော်တေသင်္ကန်း
ရောင်ပုဆီုးတို့ကို ၀တ်ဆင်လိုက်သည်။ မင်းဝတ်မင်းစားနှင့် ကဏ္ဍကမြင်းကို ဆန္နအမတ်အားအပ်နှင်းကာ
ကပိလ၀တ္ထုပြည်သို့ ပြန်ခိုင်းလိုက်သည်။ ထိုအချိန်က  သိဒ္ဓတ္ထသည် အသက်နှစ်ဆယ့်ကိုးနှစ်ပြည့်နေပြိဖြစ်
သည်။ မြတ်စွာဘုရားပုရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း နှစ်ပေါင်း-၂၀၀-ကျော်လွန်ပြီးသော-အချိန်ကာလတ
ခုတွင် အသောကမင်းတရားကြီးသည် ဗုဒ္ဓမြတ်စွာဘုရားဖွားတော်မူခဲ့သည့် နေရာကိုကြည့်ရှူ့လိုသောစိတ်
ပြင်းပြလာခဲ့သည်။ မင်းကြီးသည် မိမိ၏ ရာဇာဂုရုဖြစ်သူ အရှင်မောဂ္ဂလိပုတ္တမထေရ် နှင့်အတူ ထိုနေရာသို့
ကြွခဲ့လေသည်။ အသောကမင်းတရားကြီးသည် ဗုဒ္ဓမြတ်စွာဘုရား(သိဒ္ဓတ္ထမင်းသား) ဖွါးမြင်ပြီးနှစ်ပေါင်း-
၃၁၈-နှစ်ကြာခဲ့ပြီး အချိန်ကာလတွင် ထိုနေရာသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကာလသည် အသော
ကမင်းနန်းစိုးသက်တမ်း ၂၀-နှစ်ပြည့်သည့်အချိန်ကာလလည်းဖြစ်သည်။ ဘုရင်မင်းမြတ်သည် ဤနေရာသို့
ရောက်ရှိလာစဉ် ကျောက်တိုင်တစ်ခုကို စိုက်ထူထားခဲ့လေသည်။ ထိုကျောက်တိုင်ပေါ်တွင်"ဤနေရာတွင်
ဗုဒ္ဓဖွါးတော်မူသည်"ဟူသည့်စာတမ်းကိုပါဠိ-ပရာကရိတ်ဘာသာဖြင့် ရေးထိုးထားခဲ့လေသည်။ယင်းကျောက်
တိုင်နှင့် ၎င်းအပေါ်ရေးသားထားသည့်စာတမ်းအရ သိဒ္ဓတ္ထ-ဗုဒ္ဓ၏မွေးဖွါးရာအရပ်နေရာသည်နီပေါနိုင်ငံတွင်
တည်ရှိကြောင်း သက်သေခံလျှက်ရှိပါသည်။ ပိယဒဿိ-မင်းတရားကြီးသည် ဗုဒ္ဓနှင့် ဗုဒ္ဓဓမ္မကိုနက်နက်ရှိုင်း
ရှိုင်း ယုံကြည်လေးစားသူတစ်ဦးဖြစ်၍ မွန်မြတ်သည့်လုမ္ဗိနီအရပ်ကို အကောက်အခွန်ကောက်ခံခြင်းမှကင်း
လွတ်ခွင့်ပေးထားခဲ့လေသည်။မိဖုရားကြီးမဟာမယာဒေ၀ီ အနားယူချိန်ကရေသောက်သုံးခဲ့သည့်ပေါက္ခက
ရာဏီ ရေကန်သည်ယနေ့တိုင်ပင် ထိုနေရာတွင်တည်ရှိနေသည်ကိုမြင်တွေ့နိုင်ပါသည်။ ထိုရေကန်၏ အ
ခြားတစ်ဖက်ရှိ တောင်ကုန်းပေါ်တွင် အုတ်ဖြင့်တည်ဆောက်ခဲ့သည့် အလွန်ကြီးမားသည့်ကျောက်တိုင်ကို
လည်းတွေ့မြင်နိုင်ပါသည်။ ထိုအထောက်အထားတို့သည်သိဒ္ဓတ္ထ-ဗုဒ္ဓ၏ မွေးဖွါးရာနေရာဖြစ်ကြောင်းအခိုင်
အမာ သက်သေခံနေပါသည်။
                          ဗုဒ္ဒမြတ်စွာ ပုရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ဘုရား၏ ဓာတ်တော်များကို ကုသိနာ
ဂရတွင် အစုရှစ်စုခွဲဝေခဲ့ကြသည်။ သာကီဝင်မင်းများကလည်းဓာတ်တော်အစုတစ်ခုကိုရရှိခဲ့ကြသည်။ထို
ဓာတ်တော်စုကို ဌာပနာပြု၍ သာကီဝင်မင်းများကကြီးကျယ်ခမ်းနားလှသည့်ဝိဟာရကျောင်းတစ်ကျောင်း
တည်ဆောက်ခဲ့ပြီး ဗုဒ္ဓအပေါ် ၎င်းတို့၏သဒ္ဒါကြည့်ညိုမှူ့ကို ဖော်ပြခဲ့ကြပါသည်။ ထိုကျောင်းပျက်ကိုလည်း
အသောကကျောက်တိုင်မှ-၂၅-မိတာခန့်ဝေးကွာသည့်နေရာတွင် ယနေ့တိုင်တွေ့မြင်နိုင်သည် အိန္ဒိယ-
နီပေါနှင့် နိုင်ငံခြားမှ ဓမ္မခရီးသည် အများအပြားတို့က ဤနေရာကိုဖူးမျှော်ရန် နှစ်စဉ်နှစ်တိုင်းလာရောက်
ကာသဒ္ဒါကြည်ညိုမှူ့ဖြင့်ပူဇော်ကြပါသည်။ နေ့ညမပြတ်၂၄ နာရိပတ်လုံး ဆီမီးခွက် ဖယောင်းတိုင်မီးထွန်း
လျှက် ပူဇော်ပသလေးစားသမှူ့ပြုကြပါသည်။သိဒ္ဓတ္ထမင်းသားစံအိမ်စွန့်သွားသည်မှာ နှစ်နှင့်ချီ၍ ကြာညေ
ာင်းခဲ့လေပြီ။ ခမည်းတော် သုဒ္ဓေါဒနသည်သားတော်၏မျက်နှာတော်ကိုတွေ့မြင်လိုသည့် စိတ်ဆန္ဒပြင်းပြ
လာ၍ မင်းချင်းယောင်္ကျား ကိုးဦးတို့အား တဦးပြီးတဦး စေလွတ်ခဲ့သည်။ ထိုသို့စေလွတ်ခံခဲ့ရသည့် မင်း
ချင်းယောင်္ကျားတို့သည် ဗုဒ္ဓထံသို့ရောက်တိုင်း သင်္ကန်းဝတ်ကာ ဗုဒ္ဓသံဃာဝင်ဖြစ်သွားကုန်၏ နောက်
ဆုံးတွင် မဟာရာဇာ သုဒ္ဓေါဒနက သိဒ္ဓတ္ထ၏ အရင်းနီးဆုံး မိတ်ဆွေဖြစ်ခဲ့ဘူးသူ ကာဠုဒါယီကို စေလွတ်
ပြီး ဗုဒ္ဓအား ကပိလ၀တ္ထုသို့ ပင့်ဆောင်ရန် စေခိုင်းခဲ့သည်။ ကာဠုဒါယီကလည်း ဗုဒ္ဓထံရောက်၍ ရဟန်း
ဖြစ်သွားသည်။ဗုဒ္ဓနှင်း နှစ်ဦးသား စကားပြောခွင့် ရသည့်တစ်နေ့တွင် ကာဠုဒါယီ ကိုယ်တော်က ခမည်း
တော် မင်းကြီးမှာကြားသည်များကို ဗုဒ္ဓအား လျှောက်ထားလေသည်။ လျှောက်ထားချက်များကိုကြား
သည့်ရသည်အခါ ဗုဒ္ဓသည် ချက်ချင်းပင် ကပိလ၀တ္ထုသို့ကြွရန် သဘောတူလိုက်တော်မှူသည်။
တထာကတ မြတ်ဗုဒ္ဓသည် ရဟန်းအပေါင်းခြံရံလျှက် ကပိလ၀တ္ထုသို့ ကြွရောက်တော်မူကာ မင်းဥယျဉ်
၌ သီတင်းသုံးတော်မူ၏ နောက်တစ်နေ့နံနက်တွင် ဗုဒ္ဓသည် သံဃာတော်များနှင့်အတူ ဆွမ်းခံရန် ကပိ
လ၀တ္ထုမြီု့တွင်းသို့ ကြွတော်မူသည်။ ဆွမ်းခံလှည့်လည်နေသော ဗုဒ္ဓမြတ်စွာကို မြင်တွေ့၍ ပုရ၀ါသီင်္မြီု့
နေပြည်သူ တို့က ထိုသီတင်းကို မင်းကြီးထံသွားရောက်၍ သံတော်ဦးတင်ကြလေ၏။ ခမည်းတော်မင်း
ကြီးသည် ထိုသိတင်းကိုကြားလျှင်ကြားချင်း ဗုဒ္ဓနှင့်နောက်ပါ သံဃာတော်များ ဆွမ်းခံသည့်နေရာသို့
ရောက်ရှိလာပြီး" အသင်မင်းသားသင်သည် ရာဇ၀ံသ မင်းမျီုးမင်းနွယ်ဖြစ်ပါ၏ မင်းမျိုးမင်းနွယ်၏ ထုံး
တမ်းစဉ်လာမှာ တောင်းစားသည့်စဉ်လာမရှိပါ။ အသင်မင်းသား ပြုကျင့်နေသော အမှူအကျင့်တို့သည်
မင်းမျီုးမင်းတို့အတွက် မတင့်တယ်တော့ပါ"ဟုလျှောက်တင်လေ၏။ ထိုစကားကိုကြားသော ဗုဒ္ဓသည်
ဤသို့ဖြေကြားလေ၏ အရှင်မင်းကြီး၊ အရှင်မင်းကြီးမှာ ရာဇ၀ံသ-မင်းမျီုးမင်းနွယ်ဖြစ်သည်ကား မှန်ပါ၏
ငါ၏မျီုးနွယ်မှာ ဗုဒ္ဓအနွယ်ဖြစ်သည်။ ဗုဒ္ဓအနွယ်တို့မည်သည်မှာ ဆွမ်းခံစားရသည့် ထုံးတမ်းစဉ်လာရှိပါ၏
ဤသို့ဆွမ်းခံစားမှသာ ဗုဒ္ဓအနွယ်တို့သည် တင့်တယ်၏"။ ထိုစကားကိုကြား၍ မင်းကြီးသည် နောက်တစ်
နေ့အတွက် ဗုဒ္ဓနှင့်သံဃာတော်များအား နန်းတော်သို့ဆွမ်းစားကြွရန် လျှောက်ထားခဲ့လေ၏။ ဆွမ်းဘုန်း
ပေးပြီးသည့်အခါ ဗုဒ္ဓသည် ရှင်သာရိပုတ္တရာနှင့်အတူ ရာဟုလမာတာ-ယသော်ဓရာ၏ စံအိမ်သို့ကြွခဲ့လေ
သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ


>>>ဆက်ဖတ်ရန်>>> >>

Sunday, 13 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ )

သုဒ္ဓေါဒနမင်းကြီးသည်သားတော်၏ ဇာတာခွင်ကို သိရှိရန်အလို့ငှာ ပုရောဟိတ်ပုဏ္ဏား အဇိတမုနိအား နန်း
တော်သို့ပင့်ဖိတ်ခဲ့သည်။အဇိတမုနိသည်တူတော်နာလကနှင့်အတူနန်းတော်သို့ကြွရောက်လာခဲ့လေသည်
မင်းကြီးသည် အဇိတမုနိကို ပျူငှာစွာလက်ခံလျှက် မြတ်သောနေရာထိုင်ခင်းတို့ကိုပေးတော်မူခဲ့လေသည်
အဇိတမုနိသည် မွေးဖွားလာသည့် သူငယ်မင်းသားအား ကြည့်ရှူ့ဖူးမျှော်လိုကြောင်းလျှောက်ထားသည်။
သူငယ်မင်းသားအိပ်ပျော်နေကြောင်းမင်းကြီးက မုနိအားပြန်ပြောလေသည်။ ထိုအခါအဇိတမုနိ-ကအရှင်
မင်းကြီး မဟာပုရိသတို့ဟူသည်မှာ ဘယ်သောအခါမှအိပ်ပျှော်နေသည်မဟုပ်၊အစဉ်နိုးကြားနေသည်ဟု
ပြောရင်း သူငယ်မင်းသားကို မိမိလက်ထဲထွေးပိုက်ယူလိုက်သည်။ ကလေးသူငယ်၏မှက်နှာကိုစိုက်
ကြည့်လိုက်ကာ  ၀မ်းသာအားရဖြစ်လာသည် မုနိ၏မျက်လုံးများသည် ရွှင်ပြ၍ တောက်ပြောင်လာခဲ့လေ
သည်။ ခဏအကြာမှ အဇိတမုနိသည် ငိုယိုလာသည်။မင်းကြီးသုဒ္ဓေါဒန အဇိတမုနိ၏ ထိုအမူအရာကိုမြင်
၍အံ့သြသွားသည်။ သားတော်မှာမကောင်းဆီုးဝါးကဲ့သို့ဖြစ်နေသာလားဟု စဉ်းစားစိုးရိမ်လာခဲ့လေသည်။
အဇိတမုနိသည် မင်းကြီး၏ စိုးရိမ်ပူပန်မှူ့ကိုသိလာ၍ ဤသို့လျှောက်ထားလေသည်။ အရှင်မင်းကြီး သူငယ်
မင်းသားသည် အာဇာနည် မဟာပုရိဿတို့၏ ဂုဏ်ရည်လက္ခဏာ သုံးဆယ့်နှစ်မျီုးစလုံးနှင့် ပြည့်စုံတင့်
တယ်နေပါသည်။ အကယ်၍ ဤသူငယ်သည် ဂေဟပတိတို့၏ ဘ၀ဖြင့်သာနေပါက စင်္ကြာဝတေးမင်းဖြစ်
လာနိုင်သည်။ ဂေဟပတိတို့၏ ဘ၀ကိုစွန့်ခွါ၍ သွားပါက သမ္မာသမ္ဗောဓိကိုပိုင်ဆိုင်သည့်ဗုဒ္ဓဖြစ်လာနိုင်စရာ
ဂုဏ်လက္ခဏာတို့နှင့်ပြည့်စုံကြောင်းလျှောက်ထားခဲ့သည်။ ဤသူငယ်မင်းသားသည် သမ္မာသမ္ဗုဒ္ဓ အဖြစ်ရ
ရှိလာသည့်အချိန်အထိ ငါမုနိသည် အသက်ရှင်နေနိုင်မှာမဟုပ်၊ထို့သို့ဖြစ်၍ အကျွန်နုပ်သည် ဗုဒ္ဓဘုရား၏
တရားတော်မြတ်တို့ကို ကြားနာခွင့်ရနိုင်မှာမဟုပ်ကြောင်းကို ကျွန်ုပ်မြင်၍ ငိုကြွေးနှမြော တသဖြစ်ရပါ
ကြောင်း လျှောက်ထားလေသည်။ ဆက်လက်၍ လျှောက်ထားသည်မှာ-အရှင်မင်းကြီး ဤလောကတွင် လူနတ်ဗြဟ္မသတ္တ၀ါအားလုံးတို့သည် အရှင်မြတ်ဘုရား၏တရားတော်မြတ်ကို နာကြားရ၍ လိုက်နာကျင့်
သုံးကာ ကြီးမားစွာသောအကျီုးကျေးဇူးများရရှိခံစားရပါမည်။ နောက်ဆုံး၌ အဇိတမုနိသည် အတူတကွ
ခေါ်ဆောင်လာခဲ့သည့် တူတော်နာလက ဖက်သို့ မျက်နှာလှည့်၍ အသင်နာလက သင်ဦးစွာပထမ သင်
သည် ဗုဒ္ဓ၏အရိပ်အာဝါသ (သရဏ) ကိုခိုလှုံနိုင်ဖို့အားထုတ်သွားပါ ဟုမိန့်ဆိုခဲ့ပြီး မင်းကြီးအားခွင့်ပန်
လျှက် နန်းတော်မှ ထွက်ခွါသွားခဲ့လေသည်။
                   ငယ်စဉ်ကလေးဘ၀တည်းကတည်းက သိဒ္ဓတ္ထမင်းသားသည် သီလအကျင့်ကောင်းမြတ်
သည်။တည်ကြည်သည် စဉ်းစားဆင်ခြင်သည့် သဘာဝရှိခဲ့သည်။ တစ်ခါတရံ တစ်ကိုယ်တည်းထိုင်ကာ
တွေးတောတတ်သည် ရာဇကုမာရသိဒ္ဓတ္ထ၏ ထို့အမူအရာတို့ကိုမြင်သိ၍ မင်းကြီးသုဒ္ဓါဒနက စီုးရိမ်မကင်း
ဖြစ်လာခဲ့ပါသည်။ ယောဂ၊တပသီ၊ဆာဓုတစ်စုံတစ်ယောက်၏စကားကို နားယောင်၍ သားတော်မင်းသား
နန်းစွန့်သွားမှာကို အစဉ်စီုးရိမ်ကြောင့်ကြနေမိသည်။သိဒ္ဓတ္ထမင်းသား အမြဲစိတ်ပျော်ရွှင်နေနိုင်ရေးအတွက်
ဖခမည်းတော်မင်းကြီးသည် လောကီချမ်းသာသုခ အရာရာတို့ကိုစိစဉ်ပေးထားသည်။ သို့သော်သိဒ္ဒတ္ထသ
ည် ထိုစည်းစိမ်းများအပေါ်လုံးဝမပျော်၊ ဖာသိဖာသာနေတတ်သည် လောကီစည်းစိမ်များကို ဥပေက္ခာပြု
သည့်သားတော်မင်းသား၏ အမူအရာကိုမြင်၍ အလွန်စိုးရိမ်လာသောမင်းကြီးသည် နောက်ဆုံး၌သိဒ္ဓတ္ထ
အား အိမ်ထောင်မင်္ဂလာ၏ အနှောင်အဖွဲ့ကြီုးတို့ဖြင့်ချုပ်နှောင်ထားလိုက်ရန် ဆုံးဖြတ်တော်မူခဲ့သည်။
ကောလိယဂဏနိုင်ငံ၏ ကညာပျိုယသော်ဓရာနှင့် စုလျားရစ်ပတ် အိမ်ထောင်မင်္ဂလာခင်းကျင်းပြုပေး
လိုက်တော့သည်။ သက်တော်တစ်ဆယ့်ခြောက်နှစ်အရွယ်၌ နှမတော် တစ်ဝမ်းကွဲတော်သော ယသော်
ဓရာဒေ၀ီနှင့်ရှေးထုံးတမ်းအစဉ်အလာအလျောက် စုလျားရစ်ပတ် ထိမ်းမြား၍ တစ်ဆယ့်သုံးနှစ်တိုင်တိုင်
မင်းတို့၏ စည်းစိမ်ချမ်းသာဖြင့် ခံစားနေခဲ့သည်။ ယင်းသို့အိမ်ထောင်သည်ဘ၀နှင့် နေထိုင်လျှက်ရှိနေသော်လည်းသိဒ္ဓတ္ထမင်းသားသည် အစဉ်သဖြင့် လူ
သားတရပ်လုံး၏ ဒုက္ခနှင့်စပ်ဆိုင်သည့် အကြောင်းအရာများကိုသာစဉ်းစားတွေးနေခဲ့သည်။ ထိုဆင်းရဲ
ဒုက္ခမှ ကင်းဝေးနိုင်မည့်လမ်းကြောင်းကိုသာရှာဖွေနေခဲ့သည်။နှစ်ဆယ့်ကိုးနှစ်အရွယ်ရောက်သည့်အခါ
သားရတနာတစ်ပါးရရှိခဲ့သည်။ ယသော်ဓရာမင်းသမီးက သားရတနာတစ်ပါးကို မွေးဖွါးသည့်သတင်းကို
အပျိုတော်တစ်ယောက်အား သိဒ္ဓတ္ထထံသွားရောက် သတင်းပေးစေသည်။သိဒ္ဓတ္ထမင်းသားကသားတော်
ရာဟုလာမွေးဖွါးလာသည်။ ဤသည်မှာဗန္ဓန-အချုပ်အနှောင်တစ်ခုတိုးလာသည်"ဟုပြောမိခဲ့သည်။သိဒ္ဓ
တ္ထမင်းသားသည် မိမိကိုယ်တိုင် မိမိလောကီ အနှောင်အဖွဲ့မှာ တိုး၍တိုး၍မိလာသည် အဖြစ်ကိုသိရှိ၍တ
လောကလုံးရှိ သတ္တ၀ါတို့၏ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးနည်းလမ်းကိုရှာဖွေအံ့ဟု စိတ်ကိုခိုင်မာစွာ
သန္နိဌာန် ချကာလောကိစည်းစိမ် ကာမဂုဏ်ချမ်းသာတို့ကို အပြီးစွန်လွတ်၍တောထွက်တော်မူခဲ့သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ



>>>ဆက်ဖတ်ရန်>>> >>

Friday, 11 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ )

ထိုနေရာ၏ အရှေ့တွင် နတ်သား ( ၄ ) ဦးတို့က သူငယ်မင်းသား သိဒ္ဓတ္ထကိုဖွါးမြင်တော်မူသည့်အချိန်
လက်ခံယူကြသည့်ဟူ၍ဆိုသည်။ ထိုစေတိများနှင့်မနိးမဝေးသော အရပ်နေရာတွင်အသောကမင်းကြီး
ကကျောက်ဖြင့်တည်ဆောက်ခဲ့သည့် ကျောက်တိုင်တည်ရှိခဲ့သည်။ဝိဒွေဿဏ-အမည်ရှိသေသူသည် ထိုစေတိကိုဝရဇိန်ဖြင့် မပာတူသော လက်နက်ဖြင့်ထိုးခွင်းလိုက်သဖြင့် အသောကမင်းကြီးတည်ထားခဲ့
သည့်ကျောက်တိုင်သည် ခါးလယ်လောက်မှကျီုး၍ ပြီုကျခံခဲ့ရသည်။ကျောက်တိုင်အနိးတွင်မြစ်ငယ်တစ်
ခု အရှေ့တောင်အရပ်၌ စီးဆင်းနေခဲ့သည်။ ထိုမြစ်ငယ်ကို တေလ-မြစ်ဟုခေါ်ခဲ့ကြသည်။လုမ္ဗိနီဝန-တော
တွင်းတစ်နေရာမှာထိုကာလ၌တေလ-(ဆီ)အပြည့်ရှိခဲ့သော တေလအိုင်ကြီးမှ မြစ်ဖျားခံခဲ့ပါကြောင်းဟူ၍
ဟုယေ(န်)ချန် မှတ်တမ်းတင်ရေးသားထားပါသည်။ ၁၈၈၆ ခုနှစ်တွင် အက်ဖူဟာ( A.Fuhar)-အမည်ရှိ
သုတေသိတစ်ဦးသည်လုမ္ဗိနီကိုရှာဖွေဖော်ထုတ်ရာတွင်-တရုတ်ခရီးသည်ဟူရင်ချန်-၏မှတ်တမ်းကိုကောင်း
စွာအခြေခံ၍ အသုံးပြုခဲ့ပါသည်။ မစ္စတာ အက်ဖူဟာသည်ဗုဒ္ဓမြတ်စွာဘုရား၏ ဖွါးတော်မူရာနေရာကိုထုတ်
ဖော်ပြသနိုင်ရန် ရည်ရွယ်၍ အသောကမင်းကတည်ဆောက်ခဲ့သည့်ကျောက်တိုင်ကို ပထမဆုံး ရှာဖွေဖော်
ထုတ်ခဲ့သူဖြစ်သည်။ လက်ရှိကာလ၌ ဤနေရာသည် ရုမ္မနဒေယီ-တည်ရှိရာနေရာဖြစ်သည်။ အိန္ဒိယပြည်
အရှေ့မြောက်ဘက် မီးရထားလမ်းကြောင်းပေါ်တွင်တည်ရှိသည့် နော်တ၀ါ-ဘူတာမှ ၁၆-ကိလိုမိတာအ
နောက်ဘက်အကွာတွင်တည်ရှိသည်။လုမ္ဗိနီ(သာလ၀န) ဥယျဉ်နေရာမှ ၁၂-မိုင်ခန့်ဝေးသောအနောက်
အရပ်၌ ပိပရဟ၀ါ-တူပတည်ရှိသည်။  မစ္စတာ ကေဿရရှာမသေရ-၏ညွန်ကြားချက်ဖြင့် မစ္စတာမုခါဂျီ
ကဦးဆောင်၍ အသောကကျောက်တိုင်၏အရှေ့အရပ်၌မနြ္ဒိရဟိန္ဒူဘုရားကျောင်း တစ်ခုကိုတည်ဆောက်
ခဲ့သည်။ယင်းဘုရားကျောင်း၌အဂါင်္ချီုံတဲ့နေသည့် ကျောက်ဆင်းတုတော်တစ်ခုကို တွေ့ရှိရပါသည်။၎င်းမှာ
နတ်ဒေ၀ီ၏ ကျောက်းဆင်းတုတစ်ခုဖြစ်ပါသည်။ ထိုနတ်ဒေ၀ီကို လုမ္ဗိနီအား စောင့်ရှောင့်သည့် နတ်ဒေ၀ီ
ဟူသည့်အယူအဆဖြင့် ကိုးကွယ်ထားပါသည်။ ဤနတ်ဒေ၀ါကို ရုပါအိ(၀ါ)ရုပါ(၀ါ) ရုမ္မနဒေ၀ီ-စသည့်အ
မည်ဖြင့် လူအများကသိရှိထားကြပါသည်။ဤအမည်များကို အချက်ပြု၍ ဤနေရာအားလုမ္ဗိနီဟု အမည်
တွင်ခဲ့ကြသည်။ ဤကျောင်းတော်၌ တည်ထားသည့်ကျောက်ရုပ်တစ်ခု၌ မိဘုရားကြီးမဟာမာယာ-က
အင်ကြင်းပင်၏အကိုင်းတစ်ခုကိုညာဘက် လက်ဖြင့် ဆွဲကိုင်ထားကြောင်းပြသထားပြီး မိဘုရားကြီး၏
လက်ဝဲဘက်ကို ခါးဝယ်တင်ထားကြောင်းပြသထားသည်။ မိဘုရားကြီးရုပ်၏ ညာဘက်တွင် ၄င်းအား
ထောက်ကူသည့် ဟန်ဖြင့် ပရဇ္ဇာပတိဂေါတမိ ရပ်နေသည့် ကျောက်ရုပ် သူဇာပုံရှိသည်။
၁၈၉၆-ခုနှစ် နိပေါနိုင်ငံ၏နယ်နမိတ်အတွင်း နိဂလိရွာ၏ အနောက်တောင်အရပ်၌ ၁၃-မိုင်အကွာတွင်
ရုမ္မနဒေယိ-အမည်ထွင်းထားသည့် နေရာတွင် အသောကမင်းတရားကြီးလက်ထက် ကာလက ကျောက်
တိုင်တစ်ခုကိုရှာဖွေ၍တွေ့ရှိခဲ့ပါသည်။ ယင်းကျောက်တိုင်မှာလည်း ဗြဟ္မီအက္ခရာဖြင့် ဗုဒ္ဓဖွါးတော်မူရာ
အရပ်ဟု ကမ္မည်းထိုးရေးသားထာခြင်းကိုတွေ့ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ခေတ်သစ်ရုမ္မာဒေယိဟူ၍ထွင်းထား
သည်ပင် ဗုဒ္ဓခေတ်က-လုမ္ဗိနီဝန-ဖြစ်ကြောင်း သက်သေခံလျှက်ရှိသည်။ ဤကျောက်တိုင်ကို ယင်းအချိန်
ကာလက သုံးလေ့သုံးထရှိသည့် ပေါ်လစ်ဆေးမျီုးဖြင့် အလွန်လှပတင့်တယ်စွာ စီခြယ်သုတ်ထားသည်။
ထိုကျောက်တိုင်မှာ ထုံးကျောက်ဖြင့်တည်ဆောက်ထားသည်ဖြစ်၍ သေးငယ်သည့်အနက်ရောင် အမဲစက်
ကလေးများထင်ရှား ပေါ်လွင်နေသည်ကိုတွေ့ရသည်။ ကျောက်တိုင်၏အလယ်တွင် အက်ကြောင်းတစ်ခု
ပေါ်နေပြီး ထိပ်ပိုင်းမှာ ပြိုကြနေကြောင်း၊ကျောက်တိုင်၏ အမြင့်သည်-၂၄-ပေရှိ၏ မြေပေါ်မှာကျောက်တိုင်
၏စက်ဝန်းသည်-၈-ပေ-၃-လက္မရှိ၍ ကျောက်စာရေးထိုးသည့်နေရာတွင် ၄င်း၏စက်ဝန်းသည်-၇-ပေ-၆-လ
က္မရှိကာ ထိပ်ပိုင်းမှာ ၆-ပေ-၆-လက္မပတ်လည်ရှိသည်။ ၁၁-ပေ-၂.၅-လက္မအမြင့်နေရာတွင် ဗြဟ္မီအက္ခရာ
နှင့် ပရာကရိ(သ်) ဘာသာစကား-၅-မျီုးဖြင့်ရေးထိုးထားပါသည်။
၁။ဒေ၀နပိယေန ပိယသိနလာဇိနာ ၀ီသတိဝဿာ ဘိသိတေန။
၂။အတန အာဂါမ မဟီယိတေ ဟိ'မေဇာတေ သကျမုနီတိ။
၃။သိလာဝိ ဂ​ဍဘီ ကာလာဝိတ သိလာစေဘေ စ ဥသပါပိတေ။
၎။ဟိ' ဘဂ၀ံ ဇာတေတိ လုမ္ဗိနီဂါမေ ဥဗလိတေ ကဋေ အဋ္ဌ။
၅။ထာဂိယေစ။
ဒီစာတွေရဲ့အနက်အဓိပ္ပာယ်မှာ( အသောကမင်းသည် မိမိနန်းစံသက် အနှစ်၂၀ ပြည့်ပြီးကာလတွင်ဤနေ
ရာသို့ ကိုယ်တိုင်ကြွရောက်ကာ  ဗုဒ္ဓမွေးဖွါးတော်မူသည့် ဤနေရာကို ဦးညွန်ပူဇော်ခဲ့သည်။မင်းကြီးသည်
ဤနေရာပတ်လည်ကို ကျောက်နံရံဖြင့်ကာရံစေ၍ အလယ်ဗဟိုတွင်ဤကျောက်တိုင်ကိုတည်ထားခဲ့သည်
သိဒ္ဓတ္ထကုမာရ(ဘုရားလောင်း) မွေးဖွါးသည့်လုမ္ဗိနီဂါမ(ရွာ) နေပြည်သူတို့အား ဘုရင့်ဘဏ္ဍာတော် အခွန်
ငွေကို ရှစ်ဖို့တစ်ဖို့သာ ကောက်ခံစေရန် အမိန့်ပြဌာန်းပေးခဲ့သည်) လုမ္ဗိနီ၌ ခေတ်သစ် ဗုဒ္ဓဘာသာကျောင်း
(၀ိဟာရ) နှစ်ကျောင်းရှိပါသည်။ ထေရ၀ါဒီ ဘုန်းတော်ကြီး ပထမ ကျောင်းကို ၁၉၅၆ ခုနှစ် ကုသိနာဂရ-နေ
ရခိုင့်အာဇာနည် ကမ္ဘာ့ သာသနာပြုအကျော် ပထမကုသိနာရုံ ဆရာတော်ဘုရားကြီး ဘိက္ခု စန္ဒြမုဏိမဟာ
ထေရ်ကြီးက တည်ဆောက်ခဲ့၍ ဒုတိယကျောင်းကို တိဘက်တို့ကတည်ဆောက်ခဲ့ကြသည်။ ဟူယင်ချန်၏
 ခရီးသွားမှတ်တမ်းစာထဲတွင် နတ်ကြီးလေးပါး အကြောင်း ဖော်ပြထားကြောင်းတွေ့ရှိနိုင်ပါသည်။ဗုဒ္ဓစာပေ
တွင် ဂါထာတစ်ခုကလည်း ဤသိုဆိုထားပါသည်။ယင်းဂါထာ၏အနက်အဓိပ္ပာယ်မှာ-ဤလေးပါးသောနတ်
တို့သည် အရပ်လေးမျက်နှာရှိ သတ္တ၀ါအပေါင်းတို့အား စောင့်ရှောင့်ကြကုန်၏။ ၄င်းတို့သည်သင်တို့၏ချမ်း
သာသုခ၊ကိုယ်စိနှစ်ပါး ကျမ္မာခြင်းနှင့် စည်ပင်သာယာကြွယ်ဝမှူ့တို့ကို အချိန်မလပ် ကြီုးစားစောင့်ရှောင့်ကြ
ပေခိမ့်မည် ဟူ၍ဖြစ်သည်။ ကဆုန်လပြည့်နေတွင် မိဘုရားကြီးမဟာမာယာမှာ သူငယ်တစ်ယောက်ကိုမွေး
ဖွါးပြီး ဤနေရာမှာပင် ကပိလသတ္ထုနန်းတွင်းသို့ပြန်သွားခဲ့လေသည်။ ကလေးသူငယ်၏ အမည်မှာ-သိဒ္ဓတ္ထ
ဟုခေါ်တွင်ခဲ့သည်။ သိဒ္ဓတ္ထမွေးဖွါးပြီး နှစ်ရက်မြောက်သည့်နေ့တွင် မိဘုရားကြီးမှာ နတ်ရွာစံရှာတော်မူလေ
သည်။ မိထွေးတော် ပရဇ္ဇာပတိဂေါတမိ-သည် သိဒ္ဓတ္ထအား ရင်ဝယ်သားကဲ့သို့ ရင်အုပ်မကွာ မွေးမြူ ကြည့်
ရှူ့ စောင့်ရှောင့်ခဲ့ရပါသည်။ နောင်တွင် ထိုသူငယ်သည် သဗ္ဗညုတဥာဏ်တော်ရရှိလာ၍ လောက သုံးပါးအ
လယ်တွင် ဗုဒ္ဓအမည်ဖြင့် ထင်ပေါ်ကျော်ကြားလာခဲ့ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>

Thursday, 10 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၂ )

--- ကပိလ၀တ္ထုမြီု့မှ ၁၀ ကီလိုပီတာမျှကွာဝေးသည့်နေရာတွင် မင်းကြီးသုဒ္ဓေါဓနပိုင်မင်း
ဥယျာဉ်တည်ရှိရာထိုနေရာသို့ရောက်လာလေသည်။မိဘုရားကြိးမယ်တော်မာယာမှာဥယျာဉ်၌
ခေတ္တအနားယူလိုကြောင်းဆန္ဒပြုလာသဖြင့် မောင်းမမိဿံအားလုံးက ခဏနားခဲ့ကြသည်။ ယင်း
ဥယျာဉ်ကိုလုပ္ဗိနီဥယျာဉ်(သို့)လုပ္ဗိနီဥယျာဉ်တော(လုပ္ဗိနီဝန)အမည်ဖြင့်လူအများကသိရှိခေါ်ဝေါ်ခဲ့
ကြသည်။ထိုဥယျာဉ်အင်ကြင်းပင်အောက်တွင်ခရစ်သက္ကရာဇ်မတိုင်ခင်B.C563ကဆုန်လပြည့်နေ့၌
မယ်တော်မာယာမှာသားယောင်္ကျားတစ်ယောက်ဖွားမြင်ခဲ့သည်။ထိုနေ့သည်ကဆုန်လပြည့်နေ့ဖြစ်၍
ဗုဒ္ဓဘာသာလောကတွင်ဗုဒ္ဓပူရိနိမာအမည်ဖြင့်ကျော်ကြားသည့် နေ့တနေ့ဖြစ်လာခဲ့သည်။တနည်း
အားဖြင့်ဗုဒ္ဓမြတ်စွာဘုရားဖွားမြင်တော်မူသောနေ့ဟုအသိအမှတ်ပြုခြင်းဖြစ်ပါသည်..။ဤနေ၇ာသည်
လက်ရှိအိန္ဒိယနှင့်နီပေါနိုင်ငံများ၏နယ်နမိတ်မှ၁၀ကီလိုမီတာဝေးကွာရာတွင်တည်ရှိနေသည်။ ယနေ့အချိန်တွင်ဤနေရာကိုရုမ္မနဒေလီဟုခေါ်သည်။ ရုမ္မိနဆိုသည့်ဝေါဟာရသည်...လုမ္ဗန-
ဆိုသည့်စကားလုံး၏အသံထွက်ပျက် ဝေါဟာရဖြစ်သည်။ထိုနေရာ၏အရှေ့အရပ်တွင်တိလိုရာဟု
အမည်တွင်သောမြစ်ကစီးဆင်းနေသည်။ဥတ္တရပရဒေ့ရှ်ပြည်နယ်၏မြီု့နှစ်မြီု့ဖြစ်သည်နော်ဂလနှင့်
နော်တန၀ါဘူတာမှမီးရထားဖြင့်လွယ်လင့်တကူဤနေရာသို့သွားရောက်နိုင်သည်။မြတ်စွာဘုရား
ပရိနိဗ္ဗာန်စံတော်မူပြိးနောက်----နှစ်ပေါင်း ၁၀၀၀ လောက်က တရုတ်ခရီးသည် ဖာဟိယာ(န်)သည် ခရစ်သက္ကရာဇ်၄၀၆ခုတွင်လုပ္ဗိနီန၀-တောအုပ်သို့ရောက်ရှိလာခဲ့ပြီးတထာဂတဖွားမြင်ခဲ့ဖူးသည့်အင်
ကြင်ပင်ကိုဖူးမျှော်ခဲ့သည်။မြတ်စွာဘုရားကိုဖွားမြင်ပြီးနောက်မယ်တော်မဟာမာယာကရေချီုးကာ
ကိုယ်ရေသန့်စင်ခဲ့သည့်စင်ကြယ်သောရေကန်တော်ကိုလည်းတရုတ်ခရီးသည်ကဖူးခွင့်ရရှိခဲ့ပါ
ကြောင်းသူရေးသားထားခဲ့သည့်မှတ်တမ်းတွင်ထင်ရှားစွာဖော်ပြထားပါသည်။စန္ဒဂုပတမင်း(ဒုတိယ)
ကအုပ်ချုပ်မင်းပြုစဉ်ကာလထို့နောက်တရုတ်ခရီးသည် တဦး..ပုရွန်းဆန်(ခေါ်) ဟုယေ(န်)ချန်သည် ခရစ်သက္ကရာဇ်၆၃၇ တွင် မဇ္ဈိမ ဒေသ-ဘာရသနိုင်ငံ သို့ရောက်ရှိလာခဲ့ရာ သိဒ္ဓတ္ထကုမာရ-မြတ်စွာဘုရားဖွားတော်မူခဲ့သည့် လုမ္ဗီနီဥယျာဉ်သို့ အရောက်လာခဲ့ပြိး ၎င်းရေကန်တော်ကို ဖူးမျှော်ခဲ့ဖူးကြောင်းသူ့ခရိးသွားမှတ်တမ်းတွင်ဤသို့ရေးသားဖော်ပြခဲ့သည်။"လုမ္ဗီနီဥယျာဉ်၌
သကျာမင်းတို့ရေချီုးရာအလွန်လှပါကြည်လင်သည့်ရေကန်တခုရှိသည်။ ထိုရေကန်မှခြေလှမ်း
..၂၄ လှမ်းဝေးကွာရာတွင်သိဒ္ဓတ္ထမင်းသားဖွားတော်မူခဲ့သည့်ပင်ရင်း အင်ကြင်းပင်ဟောင်း ရှိခဲ့သည့်နေရာကို ရေးသားဖော်ပြမှတ်တမ်းတင်ထားပါသည်"ဤအင်ကြင်ပင်ရှိရာနေရာ၏အရှေ့
အရပ်တွင်အာသောကမင်းတရားကြိးတည်ဆောက်ခဲ့သည့် စေတီလည်းတည်ရှိခဲ့ပါသည်။ထိုစေတီ
၏အရှေ့ဘက်တွင် စေတီနှစ်ဆူ နှင့် ရေတံခွန်ရှိခဲ့ရာယင်းစေတီ နှစ်ဆူနှင့် ရေတံခွန်တို့သည် သိဒ္ဓတ္ထဖွားမြင်သည့်အချိန်ကာလတွင် ပေါ်ပေါက်ခဲ့ကြောင်းဆို၏။ .
..ဆက်လက်ရေးသားပါဦးမည်။
...အရှင်မုနိန္ဒ...
>>>ဆက်ဖတ်ရန်>>> >>

Monday, 7 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၁ )

ဒီစာလေးတွေ့လိုက်တော့ဗုဒ္ဓဘာသာဝင်တွေကိုဖတ်စေချင်တဲ့ဆန္ဒကြောင့် ကျောင်းတက်နေရင်း
 ကျောင်းစာတွေလုပ်နေရင်းမောတယ်ပန်းတယ်သဘောမှာမထားပဲဒီပို့စ်လေးကိုရေးလိုက်တာပါ..
မူရင်းစာရေးသူကတော့အိန္ဒိယနိုင်ငံသားအင်ဂျင်နိယာစန္ဓြသေနဗော်ဒ္ဓဖြစ်ပါတယ်...။
.မြတ်ဗုဒ္ဓဖွားတော်မူသည်လုမ္မိနီ(ကပိလ၀တ္ထု)ယခင်ကဘာရထပြည်၊ယခုအိန္ဒိယနိုင်ငံဟု ခေါ်တွင်
သည့်ဒေသ၏ မြောက်ပိုင်းတွင်ဟိမ၀န္တာတောင်တန်းရှိသည်။ ယင်းတောင်းတန်း၌ကပိလ၀တ္ထုခေါ်(နဂရ)မြီု့သည်စည်ပင်သာယာဝပြောသည့်မြို့တစ်မြီု့အဖြစ်ထိုအ
ချိန်ကတည်ရှိခဲ့သည်။ယခုအချိန်တွင်မူထိုနေရာ၌ ၀ိပရဟ၀ါ-ခေါ်သော ရွာကလေးတစ်ရွာရှိတော့သည်။ စင်စစ်အားဖြင့်ထိုရွာသည်သိဒ္ဓတ္ထနဂရဇနပဒအတွင်းကျရောက်သဖြင့်အိန္ဒိယနိုင်ငံဥတ္တရာပရဒေ့ရ်ပြည်
နယ်၌တည်ရှိပါတယ်ခရစ်သက္ကရစ် -၁၈၉၇၊ ၉၈ -ခုတွင်ဗြိတိသျှလူမျီုးမြေပိုင်ရှင်တဦးက ထိုရွာကိုစူးစမ်း ရှာဖွေဖော်ထုပ်နိုင်ခဲ့သည်။ ထိုမြေပိုင်ရှင်၏အမည်မှာ ပီးပီးဆာဗ်-ဟုခေါ်သည်။
ပီးပီးဆာဗ်ကမိမိ၏ ရှေးဟောင်းတူးဖော်သုတေသနလုပ်ငန်းမျး၏ရလဒ်ကိုအခြေခံပြိးတော့ရွာနေရာကို
ခေတ်ဟောင်းမှကပိလ၀တ်မြီု့တည်နေရာဖြစ်သည်ဟုသပ်မှတ်တင်ပြခဲ့တယ်ထိုနေရာသည်လုမ္မိနိမှ၁၂မိုင်
ခန့်ဝေးကွာပြိးအနောက်အရပ်တွင်တည်ရှိခဲ့ကြောင်းဖော်ထုပ်ပြောဆိုခဲ့သည်။သူ၏ ရှေ့ဟောင်းသူတေသန
လုပ်ငန်းတူးဖော်လှူပ်ရှားမှူ့အချိန်ကာလာမှာတန်ဖိုးမဖြတ်နိုင်သည့်ပစ္စည်းမြောက်များစွာကိုရှာဖွေတွေ့ရှိခဲ့
သည်။၎င်းတို့အနက်ဗြဟ္မီအက္ခရာဖြင့်ရေးထိုးခဲ့သည့် ကျောက်စာတခုအိုးကြိးတလုံးနှင့်ငါးရုပ်သဏ္ဍာန်ထု
လုပ်ထားသောအိုးအဖုံးတခုကိုလည်းရရှိခဲ့သည်အဖုံးမှာရွေရောင်သုတ်ထားသောအဖုံးဖြစ်လေသည်.။
တူးဖော်လို့ရရှိတဲ့အကြောင်းအရာအချက်အလက်များကိုအခြေခံကာသုတေသနပညာရှင် နှစ်ဦးဖြစ်သူ
မစ္စတာပလိတ် နှင့် ဒေ၀ိဒ်တို့က၀ိပရ၀ါဟရွာသည်ကပိလ၀တ္ထုမြီု့ဖြစ်နိုင်ကြောင်းညွန်ပြခဲ့ကြသည်မာဂဓဘု
ရင်ဝိဋုရူပကမူရင်းကပိလ၀တ္ထုကိုတိုက်ခိုက်ဖျက်စိးလိုက်သည့် နောက်တွင်ကပိလ၀တ်မှသကျပြည်သူ
တို့သည်ထိုကပိလ၀တ္ထုမြီု့ကိုအချေချနေထိုင်ခဲ့ကြောင်းကိုလည်းသပ်မှတ်ခဲ့ကြသည်။သို့လင့်ကစားအိန္ဒိယ
နိုင်ငံ ရှေးဟောင်းယဉ်ကျေးမှူ့နှင့်သုတေသနဌာနမှသုတေသီတို့ကမိမိတို့၏ကိုယ်ပိုင်တူးဖော်သုတေသန
ပြုချက်အရထိုနေရာကိုပင်မူရင်းကပိလ၀တ္ထုမြီု့တည်ခဲ့ရာနေရာအဖြစ် သပ်မှတ်ကြသည်။အိန္ဒိယနိုင်ငံမှ ပြည်သူလူထုတို့ကလည်း ထိုအချက်ကိုပင်လက်ခံခဲ့ကြသည် ..။
                                   (လုမ္မိနီ သိတ္ထဒ္ဓ မွေးဖွားရာနေရာဒေသ)
ထိုနေရာသည် ကပိလ၀တ္ထု အယုဒ္ဓယာ( သာကေတ) မှဆိုလျှင် ကိလိုမိတာ၄၀ခန့်ဝေးကွာသည့် အရှေ့မြောက်အရပ်၌ တည်ရှိလေသည်။ ရှီုဟရာ(သံ) ခေါ် မီးရထားဘူတာမှ တဆင့် ၀ိပရဟ၀ါ-ရွာသို့ အလွယ်တကူသွားရောက်နိုင်သည်။ ဥတ္တရာပရဒေ့ရ်(UTTAR PARADESH) ပြည်နယ် အရှေ့ပိုင်း၏ မြီု့ကြိးတစ်မြီု့ဖြစ်သည်။ဂီုးရမ်ပူ(ရ်)မြီု့မှကိလိုမိတာ၁၀၄မိတာခန့် ဝေးကွာရာအရပ်၌တည်ရှိလေသည်။
ထိုနေရာသည်သာသိဒ္ဓတ္တမင်းသား၏ နေရာရင်းဖြစ်သည်။ထိုနေရာ၌သိဒ္ဓတ္တမင်းသား၏ဖခမည်းတော်
မင်းကြိး သုဒ္ဓေါဓန မင်းပြုခဲ့လေသည်၊ မဟာရာဇာ သုဒ္ဓေါဓနမင်းကြိးမှာ မိဘုရားနှစ်ပါး ရှိခဲ့ရာ တပါးမှာ မဟာမယာဟုခေါ်ပြီးနောက်မိဘုရားတပါးမှာပရဇ္ဇာပတိဂေါတမီဟူ၍အမည်တွင်ခဲ့သည်။ထို့မိဘုရားနှစ်
ပါးမှညီအမအရင်းဖြစ်ကြလေသည်။မယ်တော်မီဘုရားကြိးမဟာမာယာသည်ပဋိသန္ဓေရင့်လာလေသော
အခါမီးဖွားရန်အချိန်နီးကပ်လာသည့်အတွက်မိမိ၏မိဘများရှိရာဒေ၀ဒဟပြည်သို့သွားလိုကြောင်းဆန္ဒပြု
လာလေသည်၊မင်းကြီးသုဒ္ဓေါဓနမှလိုအပ်သည်များကိုအဆောတလျှင်ပြင်ဆင်စေ၍ မောင်းမမိဿံ အရွေအရံနှင့်တကွ စေလွတ်ခဲ့လေသည်။
ဆက်လက်ရေးသားပါဦးမည်..။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>

Friday, 4 May 2012

ကဆုန်ညောင်ရေသွန်းခြင်းအကြောင်း နှင့် ဗုဒ္ဓ၀င်ပုံတော်များ

ဗုဒ္ဓဝင် ပုံတော်များ လှူဒါန်းပါသည်








        ကဆုန်လပြည့်ဗုဒ္ဓနေ့အား ဤ ဗုဒ္ဓဝင် ပုံတော်များဖြင့် လှူဒါန်းပူဇော်ပါသည်။

























          
သုမေဓာရှင်ရသေ့သည် နောင်လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာသောအခါ တရားအလုံးစုံကို ကိုယ်တော်တိုင်သိတော်မူသော သဗ္ဗညုတဉာဏ်ရှင် ဂေါတမမြတ်ဗုဒ္ဓဖြစ်လိမ့်မည်ဟု ဒီပင်္ကရာဘုရား ဗျာဒိတ်စကား ပေးတော်မူပုံ
မဟာသက္ကရာဇ် ၆၇ခုနှစ် ဝါဆိုလပြည့်နေ့၌ ကပ္ပိလဝတ်ပြည့်ကြီးရှင် သုဒ္ဓေါဒနမင်းကြီး၏ မိဖုရားတော် မယ်တော်မာယာ အိမ်မက်မြင်မက်ပီ ဘုရားအလောင်းတော်နတ်သားသည် နတ်ဗြဟ္မာများ တောင်းပန်မှုကြောင့် ချမ်းမြေ့စွာ မယ်တော်ဝမ်းဝယ် သန္ဓေယူတော်မူပုံ
မဟာသက္ကရာဇ် ၆၈ခုနှစ် ကဆုန်လပြည့်နေ့၌ ကပ္ပိလဝတ်နှင့် ဒေဝဒဟနှစ်ပြည်ထောင်လမ်းခရီးအကြား အင်းကြင်းတော၌ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားငယ်ကို မယ်တော်မာယာ ဝမ်းကြာတိုက်မှ ဖွားမြင်တော်မူပုံ
ခမည်းတော်သုဒ္ဓေါဒနမင်းကြီး ကိုးကွယ်သော အဘိညာဏ်ရ ဒေဝီလရှင်ရကို ဖူးမြှောက်ရန် သိဒ္ဓတ္ထမင်းသားငယ်ကို ချီပွေ့ယူဆောင်လာရာ ဘုန်းကံပိုမို ကြီးမားသော အလောင်းတော် မင်းသားငယ်၏ ခြေတော်အစုံတို့သည် ဒေဝီလရှင်ရသေ့၏ ဦးခေါင်းတော်ကို ထိခိုက်မိပုံ
ခမည်းတော် သုဒ္ဓေါဒနမင်းကြီ လယ်ထွန်မင်္ဂလာပြုနေစဉ် အလောင်းတော်မင်းသားလေးက အတိတ်ဘဝ ပါရမီဓာတ်အဟုန်ကြောင့် သင်ပြပေးသူ မရှိဘဲ မိမိအလိုလိုသာလျှင် အာနာပါနပထမဈာန်သမာဓိကို တည်ငြိမ်အေးချမ်းစွာ ဝင်စားနိုင်ပုံ
ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး ယောက်ျားတို့ တတ်အပ်သော အဋ္ဌရသတစ်ဆယ့်ရှစ်ရပ်ကို မိမိရဲ့ ရှေးဘဝပါရမီဟုံကြောင့် သင်စရာမလိုဘဲ ကျွမ်းကျင်တတ်မြောက်ပြီးဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး သာကီဝင်ဆွေတော်မျိုးတော်တို့၏ ရှေ့တော်မှောက်၌ မိမိရဲ့ လက်ရုံးရည် နှလုံးရည် စွမ်းရည်သတ္တိကို အံသြဘွယ်ပြသနေပုံ(ထက်၊အောက်)
အလောင်းတော်သိဒ္ဓတ္ထမင်းသားလေး သက်တော် တဆယ့်ခြောက်နှစ်မြောက်သောအခါ ဘဒ္ဒကဉ္စနာ (ယသောဓရာဒေဝီ)နှင့် စုလျားရစ်ပတ်ပီ သာကီဝင်နန်းစည်းစိမ်ကို သိမ်းပိုက်၍ သာကီဝင်ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ဆောင်တော်မူခန်း
အလောင်းတော် သိဒ္ဓတ္ထမင်းသား နန်းသက် တစ်ဆယ့်သုံးနှစ် သက်တော် နှစ်ဆယ့်ကိုးရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်ပီ သတိသံဝေဂ ရတော်မူခန်း
အလောင်းတော် သိဒ္ဓတ္တမင်းသားလေး မဟာသက္ကရာဇ် ၉၇ခုနှစ် ဝါဆိုလပြည့်နေ့ တောထွက်မည်ဆဲဆဲ ဖခင်တစ်ယောက်ရဲ့ ကြီးမားသော မေတ္တာတော်ဖြင့် မိမိရဲ့ တစ်ဦးတည်းသော ဖွားမြင်ခါစ သားတော်ကြီး ရာဟုလာလေးကို ယုယပိုက်ထွေး လိုသဖြင့် လာရောက် ရှုစားတော်မူခန်း
အလောင်းတော်သိဒ္ဓတ္ထမင်းသား မဟာသက္ကရာဇ် (၉၇)ခုနှစ် ဝါဆိုလပြည့် တနင်္လာနေ့မှာ ဖွားဖက်တော် မြင်းမြီးဆွဲ မောင်ဆန်နဲ့ အတူ တော်ထွက်တော်မူပီ အနောမာသောင်ကမ်း၌ ဆံမုတ်ဆိတ်ကျင်စွယ်ကို ပယ်တော်မူပီ ရသေ့ရဟန်းပြုတော်မူပုံ
 ဗိမ္ဗိသာရမင်းကြီးကနန်းစည်းစိမ်တဝက်ကို ခွဲပေးနန်းစည်စိမ်ကို စွန့်ပီ တောထွက်တော်မူလာသော ဘုရားအလောင်းတော်ကို ကြည်ညိုလွန်းလှဖြင့် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရမင်းကြီးက မိမိရဲ့ နန်းစည်းစိမ်တဝက်ကို ခွဲပေးပုံနှင့် ဘုရားဖြစ်သောအခါ၌ မိမိတိုင်းပြည်မှာ အရင်ဦးဆုံး တရားဟောကြွပါရန် လျှောက်ထားတောင်းပန်ပုံ။
 လောကီဈာန်သင်ယူတတ်မြောက်ပုံဘုရားအလောင်းတော်သည် တောထွက်လာပြီနောက် ထိုခေတ်အချိန်အခါက ထင်ပေါ်ကျော်ကြားတဲ့ အာရဠရသေ့ကြီးထံ လောကီဈာန်သမာပတ်ခုနှစ်ပါးကို မပင်မပန်းဘဲ သင်ယူတတ်မြောက်ပုံ
 အာဠာရ၊ဥဒက ရသေ့နှစ်ဦးတို၏ ဈာန်သမာပတ်များသည် မသေရာအမြိုက်နိဗ္ဗာန်ကို ရောက်နိုင်သည်
မဟုတ်ဟု သိမြင်တော်မုပြီး မိမိခန္ဓာကိုယ်ကို ဆင်းရဲးပူလောင်ပင်ပန်းစေသော သူတကာတို့ ကျင်နိုင်ရန်
ခက်ခဲးသော ဒုက္ကရစရိယာကို (၆)နှစ်တိုင် မှားယွင်းစွာကျင့်တော်မူပုံ
 အိမ်မက်မြင်မက်တော်မူပုံ.....ဘုရားဖြစ်ခါနီး၌ ဘုရားအလောင်းတော်သည်. မြေအပြင်ကို အိပ်ယာပြုလျက် ဟိမဝန္တာတောင်ကို ခေါင်းအုံးပြုကာ. လက်တော်ခြေတော်များ သမုဒ္ဒရာလေးစင်းလုံးသို့ ဖြန့်ကျက်ထားလျက် အိပ်စက်ရသည်ဟု အိမ်မက်မြင်မက်တော်မူပုံ
 
ဘုရားအလောင်းတော်၏ ချက်တော်မှထွက်ပေါ်လာသောမြက်ပင်တစ်မျိုးသည် အထက်ဘဝဂ်ထိတက်သွားပုံ၊။
အရပ်လေးမျက်နာမှ ပျံသန်းလာသော ညို၊နီ၊ ရွှေရောင်ငှက်များသည် ဘုရားအလောင်းတော် ရှေ့တော်၌ဖြူဆွတ်သွားပုံ၊။
ကိုယ်လုံးဖြူပြီး ဦးခေါင်းမဲးသောပိုးရွများ ဒူခေါင်းအထိတက်လာာကပုံ။
မစင်အညစ်အကြေးများ ရှိရာကို လျှောက်လှမ်းရသောလည်း အညစ်အကြေးများ
 လူးလည်းပေကျံမူမရှိပုံ တိုကိုအိမ်မက် မြင်မက်တော်မူပုံ   ။
ဘုရားဖြစ်တော်မူခါနီး၌ သေနာနိဂုံးမှ သူဌေးသမီး သုဇာတာက အထူးစီမံထားသော အနံ့ အရသာနှင့် အလွန်ပြည့်စုံသော နို့ဃနာဆွမ်းကို ဘုရားအလောင်းတော်အား ညောင်ပင်စောင့် နတ်မင်းကြီးအထင်နှင့် လာရောက်ဆက်ကပ်လှူဒါန်းပုံ



ဘုရားဖြစ်တော်မူခါနီး အပရာဇိတပလ္လင်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေ ထိုင်နေတော်မူသော ဘုရားအလောင်းတော်ကို ဝသဝတ္တီနတ်ပြည်မှ မာန်နတ်မင်းနှင့် အပေါင်းပါတို့က နှောက်ယှက်တိုက်ခိုက်ကြသည်ကို နေမဝင်မီ ဖြည့်ကျင့်ခဲ့ဖူးသော ပါရမီတော်အပေါင်းတို့ဖြင့် အောင်မြင်တော်မူပုံ
မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ပုရိမယာမ်၌ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်၊ မဇ္ဈိမယာမ်၌ ဒိဗ္ဗစက္ခုအဘိညာဏ်၊ ပစ္ဆိမယာမ်၌ အာသဝက္ခယဉာဏ်ကို ရတော်မူပီ ဆရာမရှိဘဲ ကိုယ်တော်တိုင်သာလျှင် တရားအလုံးစုံကို အကုန်အစင် သိတော်မူသော အတုမရှိ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။http://www.dhammageha.com
အထက်ပါပုံများသည် ကျွန်တော်ဆီမှာရှိသော ပုံတော်များဖြစ်ပါသည်။
ဆက်လက်ပြီး ဖော်ပြမည်ပုံများကိုအောက်ပါ link မှ ကူးယူပါသည်။
နကို စာညွန်းမပါတာပါ။ အညွန်းရေးချင်ပါသောလည်း ဗုဒ္ဒဝင်ပုံတော်များ  ဖြစ်သောကြေင့်
လွှဲးချော်သွားမည်စိုးပါသဖြင့် ပုံစာညွန် မရေးတော့ပါ။အာလုံ သိကြလိမ်မည်ဟု ထင်ပါသည်။
ဗုဒ္ဓ ဖြစ်စဉ် ပုံလေးတွေပါ...........(3)
for everyon
ဘုရားရှင် ပရိတ်နိဗ္ဗာန် စံတော်မူပုံ လေးကိုတော့ facebook မှ ရပါသည်။
    ဗျာ၊ ဖွား ၊ပွင့်၊ စံ = ဤလေးတန် ၊ မှတ်ရန် ကဆုန်လ
ကဆုန်လပြည့်နေ့ သည် ဗုဒ္ဒဘာသာဝင်တိုအတွက် ထူးမြတ်သော နေ့ကြီးတနေ့ပါ။
ကုသိုလ်ကောင်းမှုများပြုခြင် ၊ဥပုဒ် သီလ စောင့်ထိန်းခြင်း၊ တရားဘာဝနာ ပွားများခြင်းတို့ဖြင့်
ဗုဒ္ဓဘုရားရှင်အား ပူဇော်ကြပါစို.
(.မောင်မြင့်မှတင်ပြခြင်းအားပြန်လည်မျှဝေပါသည်။)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 (ကဆုန်ညောင်ရေသွန်းခြင်းအကြောင်း)



ကဆုန်လ၏ မှတ်သားဖွယ်ကြီး ၁၆-ချက်။ ။

ကဆုန်လနှင့်စပ်၍မှတ်သားဖွယ်အချက်များကား ၁၆-ချက်မျှအကျဉ်းတွေ့၏။

(၁) အလောင်းတော် သုမေဓါသည် ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူသောလ။

(၂) အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောလ။

(၃) တောထွက်တော်မူသော လ။ (နာနာဆန္ဒပျို့)

(၄) သစ္စာလေးပါးနှင့်တကွ ဘုရားအဖြစ်ကို ရယူသော လ။

(၅) ပရိနိဗ္ဗာန် စံဝင်တော်မူသော လ။

(၆) ဗောဓိပင်မြတ်ကို ညောင်ရေဓါတ်သွန်းလောင်းသော လ။

(၇) စံကားပန်းပွင့်သော လ။

(၈) ဝိသာခါနက္ခတ်နှင့် စန်းယှဉ်၍ ပြည့်သော လ။

(၉) တံငါတာရာ ထွန်းသော လ။ သက္ကဋ နက္ခတ္တဒီပနီအလို ဆင်တာရာထွန်းသော လ။

(၁ဝ) နေ့နာရီ ၃၂၊ ညနာရီ ၂၈-ရှိ၍ ညတာတိုသော လ။

(၁၁) ရက်စုံသတ်သော လ။

(၁၂) နဂါးဦးခေါင်း အနောက် မြောက်မှာ ဝမ်းပြင် တောင်ခွင်ကျောသား မြီးကားအရှေ့သို့
ထားသော လ။

(၁၃) စနေ ကြာသပတေး ရက်ရာဇာ၊ ဗုဒ္ဓဟူး သောကြာ ပြဿဒါးဖြစ်သော လ။

(၁၄) နှစ်ဖဝါးဖြင့် မွန်းတည့်သော လ။

(၁၅) ပြိဿရာသီ မည်သော လ။

(၁၆) ဖွားဘက်တော် ၇-ပါး မွေးဖွားဖြစ်ပေါ်သောလ။
ဦးညွတ်ပါသည် ဗုဒ္ဓနေ့ ကဆုန်

ကံ ( ဥဒကံ ) ဆိန္ဒတိ ဧတ္ထာ တိ ကံဆိန်၊
ကံ ( ဥဒကံ ) ဆိဇ္ဇတိ ဧတ္ထ ( ဧတသ္မိံ မာသေ တိ ) ကံဆိန်၊

ဧတ္ထ ဧတသ္မိံမာသေ - ဤကဆုန်လ၌ ၊ ကံ ဥဒကံ - ရေသည်၊ ဆိဇ္ဇတိ - ခြောက်ခမ်း ပြတ်တောက်တတ်၏၊ ဣတိ တသ္မာ - ထို့ကြောင့်၊ ကံဆိန် - ကဆုန်လ မည်၏ တဲ့၊

ကဆုန်လပြည့် နေ့ဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င်တို့အတွက် နှိင်းလို့ မရနိုင်တဲ့ နေ့ထူးနေ့မြတ် တနေ့ဆိုတာ သေချာပါတယ်။ ဒါကြောင့်လဲ ၁၂ လ ရှိတဲ့အထဲက အခြောက်သွေ့ အပူပြင်းဆုံး လို့ ဆိုရမယ့် ကဆုန်လကို ရေပြတ်တဲ့ လ၊ ရေရှားပါးတဲ့ လ လို့ ဆိုရတာပါ၊ သစ်ပင် ကြီး ငယ် အားလုံး ရေရှားလွန်းလို့ ညှိုးရော် နွမ်းလျနေတာကြောင့် ရေလိုအပ်နေတဲ့ အချိန်မှာ ဘုရားရှင်ရဲ့ ဖွားဖက်တော်၊ ပရိဘောဂစေတီ၊ သဗ္ဗညုတဥာဏ်တော်ရဲ့ မှီခိုရာဖြစ်တဲ့ မဟာဗောဓိပင်ကို ကာလဒါန လို့ ဆိုရမယ့် ရေသွန်းလောင်းခြင်း ဥဒကဒါန ကို ပြုကြခြင်းပဲ ဖြစ်ပါတယ်၊

ကဆုန်လပြည့်နေ့နှင့် ပက်သက်ပြီး ဖြစ် ပျက် ခဲ့တဲ့ ဗုဒ္ဓ၀င်တွေက ဗုဒ္ဓဘာသာဝင်တို့အား ကြည်နူးမှု့၊ လွမ်းဆွေးမှု့၊ သက်တော်ထင်ရှား ဘုရားရှင်ကို တမ်းတမှု့ တွေ ဖြစ်စေတာကြောင့် ကဆုန် ညောင်ရေသွန်းပွဲတော် ကို ပိုမို အသက်ဝင်စေပြီး စိတ်ကို တက်ကြွ လန်းဆန်းစေပါတယ်၊

“ဗျာဒိတ်တော် ခံ၊ ဖွား၊ ပွင့် ၊ စံ၊ ဟောညွှန် ဗုဒ္ဓဝံသ
ဖြစ်တော်စဉ် ငါး၊ ကြုံကြိုက်သား၊ ထူးခြား ကဆုန်လ” လို့ ရှေးရှေး ပညာရှိတွေ မိန့်ဆိုထားခဲ့ကြပါတယ်၊

(၁) ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့သည် ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက်ဖြစ်သော ဂေါတမ
အမည်ဖြင့် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာ မြတ်စွာဘုရားထံမှ နိယတဗျာဒိတ်ကို ကဆုန်လပြည့်နေ့တွင် ခံယူခဲ့သည်။
(၂) မဟာသက္ကရာဇ် ၆၈-ခု ကဆုန်လပြည့်နေ့တွင် ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားအား ဖွားမြင်တော်မူခဲ့သည်။ ( ဘီစီ ၆၂၃ )

(၃) မဟာသက္ကရာဇ် ၁၀၃-ခု ကဆုန်လပြည့်နေ့ အရုဏ်တက်ချိန်တွင် ဂေါတမဘုရားအလောင်းတော်သည် သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားဖြစ်တော်မူခဲ့သည်။
( ဘီစီ ၅၈၈ )

(၄) မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့်နေ့တွင် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
( ဘီစီ ၅၄၃ )

(၅) မဟာသက္ကရာဇ် ၁၀၄ ခုနှစ် မှာ လေးသင်္ချေနဲ့ ကမ္ဘာတသိန်းကာလ ပါရမီ ဖြည့်ဆည်းရာ ကာလမှ စ၍ ယခုဘ၀ ဂေါတမ ဘုရားရှင် ဖြစ်တော်မူရာ ဘ၀ပေါင်းများစွာ ပါဝင်တဲ့ မဟာဗုဒ္ဓ၀င် အတ္ထုပ္ပတ္တိကိုလည်း ဒီ ကဆုန်လပြည့်နေ့မှာပဲ ဟောတော်မူခဲ့ပါသတဲ့။
( ဘီစီ ၅၈၇ )

ပါရမီ ဖြည့်ဖက်တို့ အတုယူဖွယ်ရာ

ဘုရားရှင် ကပိလ၀တ်ပြည်ကို ရောက်တော်မူတဲ့ အခါမှာ ဖခင် ဘုရင်ကြီးနဲ့ တကွ ကပိလ၀တ်နန်းတော် တခုလုံး အုံးအုံးကျွတ်ကျွတ် ဘုရားရှင်ကို လာရောက် ဖူးမြော် ဦးခိုက်ကြတယ်၊ ဒါပေမယ့် အဲဒီအထဲမှာ ယသော်ဓရာ ပါမလာခဲ့ဘူး၊ ယောက္ခမ ဘုရင်ကြိးကိုယ်တိုင် ဘုရားကို သွားရောက် ဖူးမြော်ဖို့ ပြောပေမယ့် ဘယ်လို ပြန်ပြောတယ် မှတ်ပါသလဲ --
ကျွန်တော်မျိုးမရဲ့ မေတ္တာ သံယောဇဉ်ကို မောင်တော် သိဒ္ဓတ္ထ နားလည်တယ် ဆိုရင် အဆောင်တိုက်ခန်းကို ကြွလာပါလိမ့်မယ်၊ သမီးတော်ကတော့ မသွားနိုင်ပါဘူး တဲ့။

တကယ်လဲ ဘုရားရှင်က အသိအမှတ်ပြုခဲ့ပါတယ်၊ အဆောင်တိုက်ခန်းကို ကြွခါနီးမှာ နောက်မှာ ပါလာတဲ့ သူကို ဒီနေ့ ယသော်ဓရာ စိတ်ကြိုက် ငိုကြွေးပါစေ၊ ဘယ်သူမှ မတားမြစ်ကြပါနဲ့ လို့ တားမြစ်တော်မူပြီး အဆောင်တိုက်ခန်းကို ရောက်တဲ့အခါမှာလဲ ခြေဖမိုးတော်ပေါ် ပါးအပ်လို့ ငိုကြွေးခွင့်ပြုခဲ့တယ်၊

နောက်ဆုံးမှာတော့ ဖခင် ဘုရင်ကြီးက ချွေးမတော် ယသော်ဓရာ ရဲ့ သံယောဇဉ်ကြီးပုံ၊ ကျေးဇူးသိတတ်ပုံ၊ သိဒ္ဓတ္ထ မင်းသား တောထွက် တရားကျင့်နေချိန်မှာ လုပ်တဲ့ အပြုအမူအတိုင်း နန်းတော်ပေါ်က ယသော်ဓရာကလဲ လိုက်လံ တုပ ကျင့်ဆောင်ပုံတွေကို အားပါးတရ လျောက်ကြားတော်မူတဲ့ အခါမှာ --

မင်းကြီး ယသော်ဓရာ မင်းသမီးဟာ ဒီ တစ်ဘ၀ထည်းသာ ငါဘုရားကိုယ်တော်အပေါ်မှာ ကျေးဇူးများတာ မဟုတ်ဘူး၊ ဟိုအရင် ပါရမီ ဖြည့်စဉ် ဘ၀များစွာတွေမှာလဲ အနစ်နာခံ အနွံတာခံ စွန့်လွှတ်ပြီး ဖြည့်ဆည်းပေးခဲ့ဖူးတယ် -- အစချီပြီး စန္ဒကိန္နရီ ဇာတ်တော်ကြီးနဲ့ တကွ မဟာဗုဒ္ဒ၀င်ကို ဟောတော်မူပါတယ်၊

ဤသို့ ထူးခြားချက် များနှင့် ပြည့်စုံသဖြင့် ဗုဒ္ဓဘာသာဝင်အပေါင်းတို့က ကဆုန်လပြည့်နေ့အား ဘုရားနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ဘုရားရှင်သည် ဤနေ့ဤအခါ၌ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြခြင်း ဖြစ်ပေသည်။

ထိုအလေ့အထသည် ဗုဒ္ဓဘာသာဝင်တို့တွင် ပျောက်ကွယ်သွားခြင်းမရှိဘဲ ယနေ့ထက်တိုင် ရှင်သန်ဆဲဖြစ်သည်။ နှစ်စဉ်အမြဲ ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲများ ပြုလုပ်လျက်ရှိခြင်းသည် ချစ်စရာဓလေ့တစ်ခုပင်၊
ဗုဒ္ဓဘာသာဝင်တို့၏ ကောင်းမြတ်သော အစဉ်အလာဖြစ်၍ ဗုဒ္ဓနေ့ကို အကြောင်းပြုကာ ဘုရားရှင်၏ ဂုဏ်တော်များကို အထူးအောက်မေ့ နှလုံးသွင်းလျက် ကုသိုလ်ကောင်းမှု့များကို ပြုနိုင်ကြပါစေသား ဟု ဆန္ဒပြု တိုက်တွန်း နှိုးဆော်လိုက်ပါတယ် ၊
အင်တာနက်ပေါ်က မြန်မာပြက္ခဒိန်တွေ ကြည့်ပြီး အလုပ်လုပ်နေတာ မှားပါပေါ့လား၊ တန်ခူးလ လို့ပဲ ထင်နေမိ တယ် :P အခုမှပဲ လပြည့်နေ့ကို မှီအောင် ပူဇော်မိပါတယ်၊ လွဲချော်တာများ ရှိခဲ့ရင် ခွင့်လွတ်ကြပါကုန်၊ တနှစ်လုံးရဲ့ အပူဆုံးလ၊ ရေပြတ်တဲ့ လ၊ အိန္ဒိယ နိုင်ငံရဲ့ အပူချိန်အမြင့်ဆုံး လမှာပဲ စာရေးသူဟာ ဂယာမြေကို ခြေချမိနေခြင်းက ကံကောင်းတာလား ကံဆိုးတာလား မခွဲခြားတတ်တော့။ ကဲ ဘာဖြစ်ဖြစ် - မင်းတို့ထွက် ရက်ရာဇာ တဲ့၊ ကြိုက်သလောက် ပူစမ်းပါစေ - အဖ ဘုရားရှင်ရဲ့ ဖွားဖက်တော် ဗောဓိ ညောင်ပင်အောက် ကတော့ အေးမြစေမှာ အသေအချာပင် - -

http://dhammagirimm.blogspot.com/2010/04/blog-post_27.html
(ဖွား+ ဖြစ်+ ဟော+ စံ= ဤလေးတန် ၊ မှတ်ရန် ကဆုန်လ)

ဖွား......
ဖြစ်.......
ဟော.....
စံ.........
ကဆုန်လပြည့်နေ့သည် ဘုရားအလောင်းတော် မွေးဖွားတော်မူသည့်နေ့၊ သဗ္ဗညုတဉာဏ်တော်ကြီးကို ရရှိတော်မူသည့်နေ့ ၊ မြတ်စွာဘုရားရှင်၏ ပရိနိဗ္ဗာန်စံဝင်တော်မူသည့်နေ့ ဟူသည့် သမိုင်းဖြစ်စဉ်များနှင့် ဆက်စပ်ပြီး ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ အထူးခြားဆုံး နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပေသည်။ ယင်းက ဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ကို 1999 ခုနှစ်တွင် ကမ္ဘာကုလသမဂ္ဂ၏ နေ့တစ်နေ့ အဖြစ်ဖြင့် အထွေထွေညီလာခံကြီးက ဆုံးဖြတ်ချက်ချကာ အသိမှတ်ပြုပေးခဲ့သည်။ ၄င်းအချိန်မှစ၍ နှစ်စဉ် ကဆုန်လပြည့်နေ့သို့ရောက်တိုင်း ကုလသမဂ္ဂ ဗုဒ္ဓနေ့အခမ်းအနားသို့ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ်ထံမှ သ၀ဏ်လွှာများပေးပို့လေ့ရှိသည်။ ယခင်အထွေထွေ အတွင်းရေးမှုးချုပ် တို့၏ အစဉ်အဆက်က ဗုဒ္ဓဘာသာ၏အခန်းကဏ္ဍနှင့် ဗုဒ္ဓတရားတော်တို့၏ စွမ်းပကား တော်များကို ချီးကျူးခဲ့ ကြပြီး ယင်းတရားတော်များ၏ လူမှုကဏ္ဍ နယ်ပယ်အသီးသီးတို့၌ အကျိုးကျေးဇူး သက်ရောက်ပုံ များကို လည်း ပြောကြားခဲ့ကြသည်။

ယခုတဖန် နှစ်ပေါင်း ၂၅၀၀ ကျော်က ဟောကြားတော်မူခဲ့သော ဂေါတမဗုဒ္ဓ၏ မိန့်ဆိုချက်များမှာ နေ့စဉ်ရင်ဆိုင်တွေ့ကြုံနေကြရသော ကြီးမားလှသည့် ကမ္ဘာ့ပြဿနာကြီးတို့ကို ဖြေရှင်းရာတွင် လမ်းကြောင်း မှန်သို့ တည့်မတ်ပေးသည့် ကောင်းမွန်သည့် လမ်းညွှန်ကြီးတစ်ခုဖြစ်သည်ဟု ဖွင့်ဟလာ သူကတော့ ယနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုချုပ် မစ္စတာ ဘန်ကီမွန်း ဖြစ်သည်။ ယင်းသတင်း စကားကို ကုလသမဂ္ဂ၏ ဗုဒ္ဓနေ့ အထိမ်းအမှတ်ပွဲသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် တင်ပြလိုသည် မှာ တန်ဖိုးကိုသိသူမှာ မိမိတန်ဖိုးသည့်အလျောက် သူနေရာနဲ့သူ အသုံးတည့်အောင် အသုံးချသွားချင်း ဖြစ်သည်။ မသိသူတွေက ကျော်ခွသွားပြီး သိသူများက ဖေါ်စားသွားသည့် သဘောပင်ဖြစ်လေသည်။

အရာဝတ္ထုတစ်ခု၏ တန်ဖိုးဆိုသည်မှာ မိမိထံမှ ပေးလိုက်ရသည့် သတ်မှတ်တန်ကြေးထက် သုံးစွဲသူ ကာယကံရှင်ပုဂ္ဂိုလ်၏ တန်ဖိုးသိစိတ်အပေါ်၌သာ များစွာအခြေခံပေသည်။ မြက်ကိုသာ စားတတ်သည့် သားသမင်ရှေ့မှောက်၌ အဖိုးများစွာထိုက်တန်သည့် စိန်ကျောက် ရတနာပုံကြီးကို စုပုံထားသော်လည်း ၄င်းသားသမင်က တန်ဖိုးထားလိမ့်မည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာနိုင်ငံများ ထဲတွင် တစ်နိုင်ငံ အပါအ၀င်ဖြစ်သည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် အုပ်ချုပ်သူနှင့် အအုပ်ချုပ်ခံ၊ အဖွဲ့အသီးသီး၊ ပုဂ္ဂိုလ် အများစုကြီးတို့အကြား ဗုဒ္ဓ၏တရားတော်များနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေးမှုးချုပ် သဘောပေါက် နားလည်ကာ တန်ဖိုးထားသကဲ့သို့ နားလည်သဘောပေါက်ပြီး လက်တွေ့ ကျင့်သုံးခဲ့ကြပါလျှင် ယနေ့ မြန်မာပြည်သူအများ ခံစားနေကြရသည့် ဒုက္ခပင်လယ်ဝေ နေကြရသည့် အဖြစ်မျိုးမှ ကာကွယ်နိုင်ခဲ့ကြပေလိမ့်မည်။

အထွေထွေအတွင်းရေးမှုးချုပ်၏ စကားထဲတွင် သူတစ်ပါးပစ္စည်းကို မတရားသိမ်းပိုက်လိုမှု လောဘ၊ အကြင်နာတရားကင်းမဲ့ပြီး ရက်စက်ကြမ်းကြုတ်မှု ဒေါသ၊ ကြောင်းကျိုးဆီလျော်မှုတို့ကို မသိတတ်မှု မောဟ တို့ကို အားမပေးသည့် မြတ်ဗုဒ္ဓ၏တရားတော်များသည် နှစ်ဦးနှစ်ဖက် အပြန်လှန်လေးစားမှု၊ ကိုယ်ချင်းစာနာမှု၊ ဆွေးနွေးတိုင်ပင်မှုတို့ဖက်ဆီသို့ ဦးတည်စေပြီး မလိုလားအပ်သည့် အခက်ခဲ အကြပ်အတည်း ပြဿနာမျိုးစုံနှင့် တစ်ဦးပေါ်တစ်ဦး မတရားအနိုင်ကျင့်မှု ရက်စက်ကြမ်းကြုတ်မှုတို့ကို ကျော်လွှားစေနိုင်သည်ဟု ဖော်ပြထားသည်။ ထေရ၀ါဒဗုဒ္ဓသာသနာတော်ကြီး နေလို လလို ထွန်းလင်း တောက်ပနေပါသည်ဟု တစ်မျိုး၊ ရွှေရောင်တွေတ၀င်းဝင်း တောက်ပြောင်နေသည့် စေတီပုထိုးတို့ဖြင့် ကြွယ်ဝလှပါသည့် မြန်ပြည်ကြီးဟုဆိုသည်ကတစ်ဖုံ ၀င့်ကြွားစရာ ဘာသာရေးအဆောက်အအုံ တစ်ပုံတပင် အရိပ်အာဝါသများ၏ အောက်က မြန်မာပြည်သူအများ ယနေ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ခံစားစေချင်သည့် အရသာမျိုး ခံစားနေကြရပါပြီလော။ လက်တွေ့ကျင့်သုံး မှုမပါပဲ မည်သည့်ဘာသာ မည်သည့်အယူဝါဒ ရှိပါသည်ဟု တံဆိပ်ခတ်ရုံမျှဖြင့် အရာအရာ ပြည့်စုံ သွားလိမ့်မည်မဟုတ်ပေ။

လူသားတို့ကို ကိုးကွယ်ရာတစ်ခုမှ အခြားကိုးကွယ်ရာတစ်ခုသို့ ပြောင်းလဲစေဖို့ မရည်ရွယ်ပဲ သီလဖြင့် လူသားတို့စည်းကမ်းရှိဖို့ ၊ သမာဓိဖြင့် လူသားတို့ စိတ်ချမ်းသားဖို့ ၊ ပညာဖြင့် အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း သိမြင်ပြီး လူအသိစိတ်ဓာတ်ကို မြှင်တင်ဖို့ကိုသာ ရည်ရွယ်ထားသည့် ဗုဒ္ဓ၀ါဒသည် မိမိ၏ လမ်းညွှန်ချက်များကို လေ့လာသင်ကြားခြင်း ၊ လက်တွေကျင့်သုံးခြင်း ၊ သဘောပေါက် နားလည်ခြင်းမှတဆင့် လူသားတို့၏ဘ၀ကို မြှင့်တင်ဖို့ကိုသာ ရည်ရွယ်သည်။ ပညာဖြင့် အမှားအမှန်ကို ခွဲခြမ်းမသိနိုင်ကြသမျှ ကာလပတ်လုံး ငါ၏ ပြုလုပ် ပြောဆို တွေးတောကြံဆမှုများသည်သာ အမှန်ဖြစ် သည်ဟု ငါဟူသည့် အတ္တအစွဲက ကြီးပွါးနေအုံးမည်သာ။ အတ္တအစွဲကြီးသူတစ်ယောက်အဖို့ မီးပြတိုက်ကို ရန်သူဟု အမြင်မှားသည့် မာလိမ်မှုးကဲ့သို့ တရားနည်းလမ်းတကျ လမ်းညွှန်ပြသူများကိုလည်း ရန်သူ တစ်ယောက်ပမာ ဆက်ဆံအုံးမည်သာဖြစ်သည်။

မြန်မာနိုင်ငံတွင် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက် မူဝါဒကောင်းများသည် အပြည့်အ၀ ရှိနေပေသည်။ သို့သော် လည်း ကျင့်ကြံ ကြိုးစားအားထုတ်မှု ပုဂ္ဂိုလ်ပိုင်းမှ အားနည်းလျှက်ရှိနေပါသည်ဟုဆိုက ၀န်ခံကြရ မည်သာဖြစ်သည်။ တိုင်းပြည်တစ်ပြည် အုပ်စုတစ်ခု အဖွဲ့အစည်း တစ်ခုစသည်တို့တွင်မူ နှင့် လူသီးခြား ရပ်တည်၍မရနိုင်ပေ။ မူနှင့်လူ နှစ်ခုလုံး ညီမျှစွာ ယှဉ်တွဲသွားနိုင်ပါမှလျှင် တိုးတက်အောင် မြင်နိုင် ပေသည်။ မြန်မာပြည်သူတွေ ကောင်းမွန်သည့် လူနှင့် မူစနစ်တို့အောက်၌ ငြိမ်းချမ်းသာယာပျော်ရွှင် နိုင်ကြပါစေ ---
အရှင်ဥက္ကဋ္ဌ
http://www.oneshinwar.com/2011/05/blog-post_17.html.
ပြန်လည်မျှသေခြင်းဖြစ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday, 1 May 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၂၅

အဲဒီတရားတွေကို တကယ်ယုံကြည်လို့အားထုတ်ရင်တကယ်ပင်ဒီဝဋ်ဆင်းရဲတို့ရဲ့ဒုက္ခသားလောကီပုံကနေ
ရင်းငုတ်တုတ်တစ်ဆက်တည်း ငြိမ်းချမ်းမှူ့အမှန်ကိုတွေ့ရမယ်။ သံသရာကလွတ်ထွက်သွားပါလိမ့်မယ်။ အဲ
ဒါဟာ ဗုဒ္ဓဂေါတမရဲ့ သန္ဒိဌိက၊ အကာလိကတရားတော်ရဲ့ ဂုဏ်နှင့်အညီဖြစ်ပါတယ်။ကိုယ်တိုင်ကျင့်ရင်ကျင့်
သူရမယ်၊ သူတစ်ပါးကို လုပ်ပေးလို့မရဘူး။ ကိုယ်လွတ်မြောက်ရေးအတွက်သူတစ်ပါးကလည်းလုပ်ပေးလို့
မရဘူး။ ကိုယ့်အဖို့ ထမင်းဝချင်ရင်ကိုယ်ကိုတိုင်စားမှ ထမင်းဝမယ်ဆိုတဲ့စကားဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ၀ါဒအ
ဆိုအမိန့်နဲ့ ကိုက်ညီတဲ့စကားပေါ့၊ အဲဒီရှင်မဿဲခရစ်ဝင် အပိုဒ် ၃၄ ရောက်တော့ ခရစ်ပေါ်လာရခြင်း အ
ကြောင်းကို ခရစ်တော်ကိုယ်တိုင်အတိအလင်း ပြောဆိုခဲ့ပါတယ်။ မြေပေါ်သို့ငြိမ်သက်ခြင်းကို စေလွတ်အံ့
သောငှာ ငါလာသည်ဟု မထင်ကြနှင့် ငြိမ်သက်ခြင်းကို ငြိမ်သက်ခြင်းကို စေလွတ်အံ့သောငှာငါလာသည်မ
ဟုပ်၊ ဓါးကိုစေလွတ်အံ့သောငှာငါလာသတည်းတဲ့။ ၃၅ မှာတော့ (အဖေနှင့်သား အမိနှင့်သ္မီး ယောက္ခမနှင့်
ချွေးမ အချင်းချင်းကွပြားစေချင်းငှာ ငါလာသတည်း) တဲ့။အဲဒါ ယေရှူ့ခရစ်ပေါ်လာရခြင်းအကြောင်းပါပဲ။
အလွန်ရှင်းနေပါတယ်........အဲဒါယေရှူ့ ခရစ်တော်ရဲ့မေတ္တာတော်တွေပါပဲဗျာ။ ဘာလုပ်ဖို့လာသလဲဆိုတာ
ရှင်းမနေပေဘူးလား။အဲဒါတရားတဲ့လားဗျာ..ဘာလုပ်ဖို့လာတယ်ဆိုတာ စဉ်းစားစရာလို့သေးလား ဦးပဉ္ဖင်း
ကတမင်ထွင်ပြီးတော့ပြောတာမဟုပ်ဘူး။ကျမ်းစာထဲမှာပါတဲ့အတိုင်းပြောရတာပါ။က္ကုသရေလလူမျီုးမှတစ်
ပါး အခြားလူမျီုးကို ငါကယ်တင်ရန်လာသည်မဟုပ်။ ဓါးကိုစေလွတ်ရန်လာတယ်ဆိုတော့ ပြောရမှာတောင်
တော်တော်ခက်ပါတယ်။-အေး..တစ်ခုတော့မှန်ပါရဲ့၊ အချင်းချင်း ကွဲပြားစေရန်၊ မုန်းတီးစေရန် လာတယ်ဆို
တဲ့အတိုင်း( ယေရှူ့ဘာသာကိုယုံကြည်တဲ့နေ့ကစပြီးဗမာအချင်းချင်းလဲကွဲရတယ်။ ပေါင်းသင်းဆက်ဆံရေး
တွေလည်း ပျက်ပြား ရတယ်။ အနေအစားလဲကွဲတယ်။ အယူအဆလည်းကွဲတယ်။ သွေးစည်းမှူ့လည်း ကွဲ
လို့ပျက်နေပါပြီ)။အဲဒါခရစ်ယာန်ဝါဒရဲ့အကျီုးပေါ့........။ နိပေါပြည်မှာ  သမ္မာကျမ်းစာ နောက်ကဓါးပါတယ်
ဆိုတဲ့စကားပုံကိုရှိတယ်။ခရစ်ယာန်သာသနာပြု ရဲ့နောက် အုပ်ချုပ်တဲ့အစီုးရ လိုက်လာတယ်လို့ဆိုပါတယ်
ဗမာပဲ၊ ချင်းပဲ၊ကရင်ပဲလို့ ကွဲပြားနေတာဟာ ခရစ်ယာန်ဝါဒကြောင့်လို့ အတပ်ဆိုစရာ ဖြစ်မနေပေဘူးလား
ဦးပဉ္ဇင်းကိုယ်တိုင်ကတော့ မိတ်ဆွေဓမ္မဆရာများနှင့် တကွ ခရစ်ယာန်ဘာသာဝင် မြန်မာ-ကရင်ချင်းတို့ကို
ဘာသာအယူဝါဒပင်ကွဲပြားနေသော်လည်း တပြည်ထဲကမွေးပြီး တမိထဲကပေါက်ဖွားတဲ့ သွေးတူသားတူ
တွေမို့မုန်းတီးဖို့ဟောတဲ့တရားကိုမလိုက်နာလိုပါဘူး။ဦးပဉ္ဖင်းအနေနဲ့ ဒီကွဲနေတဲ့စိတ်ထား စေတနာတွေကို
စဉ်းစားမိပြီးသဘောပေါက်နေလို့ ကိုယ့်သွေးသားချင်းတွေပဲဆိုတဲ့ အနေနဲ့ မမုန်းပါဘူး။ ဘာသာဆိုတာက
တော့ကြီုက်တာယုံပေါ့၊ယူကြပေါ့၊လူမျီုးချင်းအနေနဲ့ဘာသာရေးအကြောင်းပြုပြီး ကွဲရတာမျီုးတော့ဦးပဉ္ဖင်း
မကျေနပ်ဖူး။ ကွဲခံရတာကိုမကျေနပ်တာပြောတာပါ။ မုန်းတော့မမုန်းပါဘူး။ ဦးပဉ္ဖင်းရဲ့ ဗုဒ္ဓဂေါတမကတော့
မုန်းတီးဖို့မဟောခဲ့ပဲ ချစ်ဖို့ကိုသာ ဟောတော်မူခဲ့တာကိုး။ မုန်းတာဟာမကောင်းပါဘူး။ ဘာသာရေးဆိုတာ
အလွန်အရေးကြီးတဲ့ကိစ္စမို့ အရမ်းမယုံပဲ နက်နက်နဲနဲ အထူးစဉ်းစားကြဖို့ လိုပါတယ်။မစဉ်းစားရင်မှားတတ်
ပါတယ်။လူတိုင်းမှာ လွတ်လပ်ခွင့်ရှိလို့ ယုံချင်တာကို ယုံနိုင်ပါတယ်။ အခုဦးပဉ္ဖင်းပြောတာကို ယုတ္တိရှိ-မရှိ
အကျီုးအကြောင်းညီ-မညီကိုသာစဉ်းစားဖို့ပြောတာပါ။ စဉ်းစားပြီးမှယုံဖို့ တိုက်တွန်းလိုက်ပါတယ်။ဦးပဉ္ဖင်း
ရဲ့ ၀ဒါကတော့ ကိုယ်လည်းအရမ်းမယုံချင်ဘူး သူများကိုလည်းပဲ အရမ်းမယုံစေချင်ဘူး။ နည်းနည်းတော့
စဉ်းစားစေချင်ပါတယ်။ အဲ...ဒါပေမဲ့ ဆင်ခြင်တုံတရားနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားမယ်ဆိုရင် တော့
ဦးပဉ္ဇင်းကပြောပါ့မယ်။ မှားသလား မှန်သလား စဉ်းစားကြပေါ့လေ။ ဦးပဉ္ဇင်းတို့ရဲ့ ဗုဒ္ဓဘာသာ ဆင်ခြင်တုံ
တရားကို အများကြီးအားပေးခဲ့ပါတဲ့ ဘာသာဖြစ်ပါတယ်။
ကိုယ့်ဘာသာမယုံလို့ တစ်ဘက်ဘာသာဝင်ကို သတ်လား.....၊ဖြတ်လား...၊ဘယ်တော့မှမလုပ်ပါဘူးမယုံ
ရင်လိုက်နာကိုးကွယ်ကြ၊ မယုံကြည်ရင်လဲနေပေါ့။ ဦးပဉ္ဇင်းတို့ရဲ့ဝါဒအရ ဦးပဉ္ဇင်းတို့က မျက်နှာမပျက်ပါဘူး
ဦးပဉ္ဖင်းတို့ရဲ့ ဇရပ်တွေ၊ ကျောင်းတွေရှိတယ်။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် လာနိုင်တယ်။ တည်းခိုနိုင်တယ်
ဦးပဉ္ဖင်းတို့က မရှိ ရှိတာ ရှာကျွေးပါဦးမယ်။ ကိုယ့်ဘာသာယုံကြည်ကြပါလို့ မဆိုလိုပါဘူး။ ဒုက္ခဖြစ်နေရင်
ခိုကိုးရာမရှိဖြစ်နေရင် ဘယ်လူမျီုးပဲဖြစ်ဖြစ် လူသားအချင်းချင်းကို ဦးပဉ္ဖင်းတို့က မျက်နှာမပျက်စေပါဘူး
ဗုဒ္ဓဘုရားရှင်ကလည်း သဗ္ဗေသတ္တာ သတ္တ၀ါအကုန်လုံးကို မေတ္တာတူထားပါတယ်။ဒါလည်း ခရစ်ယာန်
ဘက်ကဓမ္မဆရာကြီးတွေသိပြီးသားပါ။ ဟုပ်တယ်မဟုပ်လား။ ဦးပဉ္ဖင်းတို့ရဲ့ ဗုဒ္ဓရှင်တော်ဘုရားက ဘာမ
ဆိုမစုံစမ်း မစစ်ဆေးပဲနဲ့ အရမ်းမယုံဖို့ကိုတော့ဟောတော်မူခဲ့ပါတယ်။ခရစ်ယာန်လို ဇွတ်ယုံရမယ်၊မယုံ
ရင်သတ်မယ်၊ ဖြတ်မယ်လို့ မဟောပါဘူး။ လုပ်လည်းမလုပ်ရပါဘူး။ လုပ်လို့လည်း ဂေါတမဘုရားရှင်က
မဟောခဲ့ပါဘူး...ခရစ်ယာန်ကတော့ မယုံတဲ့လူသတ်ပစ်လေလေ လက်ခုပ်တီးလေလေ ဟုပ်ကဲ့လား
အဲဒါဟာ.ရက်စက်မူ့နှင့် မေတ္တထားပုံချင်း ကွာခြားတယ်ဆိုတာပါပဲ..(ဦးပဉ္ဖင်းတို့ရဲ့ ဂေါတမရှင်တော်ဘုရား
ဟာ အထင်အရှားပွင့်တော်မူခဲ့ကြောင်း...ပါဠိတော်တွေ၊ အဌကထာတွေ အစရှိတဲ့ ပါဠိဘာသာကျမ်းစာ
တွေဖယ်ထားလိုက်ပြီးတော့ အိန္ဒိယ ရှေးရာဇ၀င်များအရလည်းပဲ ခုထိထင်ရှားရှိနေပါပြီ။ ရှေ့ဟောင်းရှာဖွေ
လေ့လာရေး သုတေသနဌာနများကလည်း လိုက်လံရှာဖွေပြီး တူးဖော်ကြတဲ့အခါမှာ ဗုဒ္ဓရှင်တော်ဘုရားရဲ့
မွေးဖွားရာအရပ်မှာ အာသောကမင်းကြီးရဲ့ စိုက်ထူခဲ့တဲ့ ကျောက်တိုင်ကြီးကို ယ္ခုတိုင်တွေ့ရပါေးတယ်။
မယုံလျှင် သွားကြည့်နိုင်ပါတယ်။ ရှင်တော်ဘုရား သိတင်းသုံးတော်မူခဲ့တဲ့ ဇေတ၀န်ကျောင်းတော်၊ ဗော
ဓိပင်စသည့်တို့လည်း အထင်အရှားတွေ့မြင်နိုင်ပါတယ်)။ ဂေါတမရှင်တော်ဘုရားဖြစ်သည့် သိဒ္ဓတ္ထမင်းသား
ဟာ မဟာသက္ကရာဇ် ၆၈-ကဆုန်လပြည့်၊ သောကြာနေ့မှာ ဖွားမြင်တော်မူပါတယ်။အဲဒါရာဇ၀င်မှတ်တမ်းအ
ရတိကျခိုင်မာပြီးထင်ရှားနေတဲ့အတွက် ဘယ်သူမှမငြင်းနိုင်ပါဘူး...။ ဒီကဓမ္မဆရာများလည်း ငြင်းနိုင်မှာမ
ဟုပ်ပါဘူး..။ယေရှူ့ခရစ်ရဲ့ အတ္ထုပ္ပတ္တိကို ကြည့်ကြပါစို့၊ ယေရှူ့ခရစ်ဟာ ဘယ်နှစ်ခုနှစ်၊ ဘယ်သက္ကရာဇ်မှာ
ဖွားမြင်ပါသလဲ-မသိဘူး၊ ဘယ်ရက်မှာမွေးသလဲ-မသိဘူး ။ဘယ့်နှယ်လဲဆရာတို့-မသိဘူးချည်းပါလား။

ဒီလိုဆိုရင် မယ်မယ်ရရမရှိတော့ဘူး။စဉ်းစားကြည့်ကြပါ။ ယေရှူ့ရဲ့ တရားတွေဘာတွေဖယ်ထားလိုက်ဦး
ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်သက္ကရာဇ်မှာ ယေရှူ့ခရစ်ဖွားမြင်တယ်လို့ အတိအကျ ဂဃနဏမရှိပါဘူး မသိ
ကြဘူးမဟုပ်လား။။။ ဒီလောကမှာ လူထဲက အလွန်မြင့်မြတ်တဲ့ ဘုရားဆိုတဲ့ ဘြွ့ထူးအဖြစ်ကို ခံယူပါတယ်
ဆိုတဲ့ ဧရာမ အထင်ကရ ပုဂ္ဂိုလ်ကြီးမျီုးကို မဆိုထားနဲ့ဦး သာမန် လူကြီးလူကောင်းမှန်သမျှတွေဟာ မွေး
နေ့၊ မွေးရက်၊ မွေးလ၊ မွေးနှစ်၊ မွေးသက္ကရာဇ် ရက်ချုပ်စာတမ်းဆိုတာတွေ ရှိကြရပါတယ်။ ဒီတော့ကာ
ခရစ်ယာန်ဓမ္မဆရာကြီးတွေကို ဦးပဉ္ဇင်းတစ်ခုကတိပေးပါတယ်။ တခြားအကြောင်းတွေ ယုတ္တိရှိတာ-မရှိတာတွေထားပြီးတော့၊ သာမန်လူတွေကို တစ်ယောက်စီတစ်ယောက်စီ ခဲခဲယဉ်းယဉ်းစည်းရုံး နေတာ
တွေ၊ဟောပြောနေတာတွေဆိုတာမျီုးထက်၊ ယ္ခုဦးပဉ္ဇင်းလို ပုဂ္ဂိုလ်မျီုးတစ်ယောက်က ခရစ်ယာန်ဘက်ကို
ကူးပြောင်းတယ်ဆိုရင် ဆရာကြီးများ ကျေနပ်အားရစရာမကောင်းပါလား။ ဆရာကြီးတို့ရဲ့ ခေရှူ့ခရစ်ဟာ
ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်လ၊ ဘယ်အချိန်၊ ဘယ်သက္ကရာဇ်မှာ မွေးတယ်ဆိုတဲ့ ရက်ချုပ်ကိုမှန်အောင်အ
တိအကျပြောနိုင်မယ်ဆိုရင်..ဦးပဉ္ဇင်းက..ဟောဒီသင်္ကန်းကို ဒီနေရာမှာတင်ပဲ တစ်ခါတည်းချွတ်ပုံချခဲ့ပြီးအ
ပြီးတိုင် ခရစ်ယာန်ဘာသာဘက်ကို ၀င်လိုက်မယ်။...ကဲပြောကြစမ်း၊တစ်ခါတည်းကို နေရာမပြောင်းဝင်
လိုက်ပါ့မယ် ဟုပ်ပလား...။(ရှည်လျားသော..သြဘာသံကြီး ဆူညံသွားသည်)
".....ကဲ..အချိန်လည်းစေ့ကာနီးပါပြီ။ မဆင်းမိဟောဒီ ကျောက်ကွင်းရွာနဲ့ ညောင်ပင်သာရွာ၊ဓမ္မဆရာကြီး
ဦးရွှေအောင်ကို အနည်းငယ်မှာခဲ့ချင်ပါတယ်။ ဆရာရေးတဲ့ စာအုပ်ကလေးရဲ့ နောက်ဆုံးမှာပါတဲ့ ပါဠိလေး
ဟာ ဘယ်ပါဠိတော်၊ ဘယ်ကျမ်းမှာ ပါတယ်ဆိုတာကို တဆိတ်လောက်ညွန်းပြစေချင်ပါတယ်...ဦးပဉ္ဖင်း
ဟာ အတော်ကလေး ပိဋကတ်တော်ဆိုင်ရာ  ပါဠိစာပေများကို နှံ့စပ်အောင်သင်မှတ်ခဲ့ပါတယ်။ ကျကျနန
လည်း လိုက်စားခဲ့ဖူးပါတယ်။ကိုယ်တိုင်လည်းစာပေပို့ချခဲ့ဖူးပါတယ် သို့သော်လည်း အဲဒီဦးရွှေအောင်တို့
စာအုပ်ထဲမှာပါတဲ့ ပါဠိကိုတော့ မတွေ့ဖူးပဲဖြစ်နေတယ်။ အခုဒီစင်ပေါ်မှာ သံဃာတော် (၂၀၀)ခန့်ရှိပါတယ်
အဲဒီကိုယ်တော်များလည်း အဲဒီပါဠိကို မတွေ့ခဲ့ဖူးကြပါလို့ မိန်ကြပါတယ်။အဲဒီတော့ဦးပဉ္ဇင်းနှင့်တကွဒီင်္သံ
ဃာတော်များပါ မှတ်သားကြရအောင် တဆိတ်လောက် အဲဒီပါဠိကလေးပါတဲ့ ပိဋကတ်ကျမ်းစာအုပ်ကို
ကျေးဇူးပြုပြီးညွန်းစေလိုပါတယ်။  ပါဠိကတော့........
                                   ဓုရဒါရ မနာရမ္မေ၊ ဂီတိကမ္မေ ရတောဘိက္ခု
                                  ဂိဇ္ဈကုဋေသေလံပေတံ၊ ၀ါတံဘိက္ခုအတိဿတိ။ တဲ့
                                 အဲဒါ ဦးပဉ္ဇင်းတို့ရဲ့ ပါဠိတော်များမှာပါတယ်ဆိုရင် ပါဠိတော်စာအုပ်များဖြစ်ပါက
ဘယ်ကျမ်း စာအုပ်၊ ဘယ်မျက်နှာ ၊ဘယ်နံပါတ်၊ ပေစာဖြစ်မယ်ဆိုရင်လည်း ကျောဘက်၊၀မ်းဘက်၊က-ချပ်
ကာ-ချပ်၊ ဘယ်အင်္ဂါစသည်ဖြင့် ညွန်ပြရရိုးရှိပါတယ်။ဒါကလေးကိုဖြင့် ဓမ္မဆရာ ဦးရွှေအောင်နှင့်တကွသော
ဦးသာဒင် အစရှိတဲ့ မိတ်ဆွေကြီးများက အထူးပဲဂရုစိုက်ပြီးညွန်ပြစေလိုပါတယ်။ ယ္ခုလိုဘာသာဝါဒဆိုင်ရာ
ပြီုင်ပွဲကြီးမျီုးကို တွေ့ကြုံရသဖြင့် ဦးပဉ္ဇင်းအနေနဲ့ရော၊အခုဒီမှာ ရှိကြတဲ့ သံဃာတော်များအနေနဲ့ပါ ရှူံးတာ
တိုင်တာ ပဓာနမထားပဲ အထူးဝမ်းမြောက်ကြပါတယ်။ေ နာင်ကိုလည်း ဒီလို ဘာသာရေးဝါဒပြီုင်ပွဲမျီုးတွေ
ကို နယ်တိုင်း၊ ရွာတိုင်း၊ မြီု့နယ်တိုင်းဆိုသလိုဖြစ်မြောက်အောင် ကျင်းပနိုင်ကြပါစေလို့ အာသီသပြုရင်းနိ
ဂုံးချုပ်လိုက်ပါတယ်။ (ရှည်လျားသောသြဘာသံကြီး)
             "ပထမပိုင်း နှစ်နာရိဗုဒ္ဓဘာသာဘက်မှ ပြောပြီးသွားပြိဖြစ်ပါ၍ နောက်ပိုင်း၊ အချိန် နှစ်နာရီတွင်
ခရစ်ယာန်ခေါင်းဆောင်များက ဝေဖန်ချေပကာ ဟောပြောရပါတာ့မည်ဟု သဘာပတိ ဦးရွှေမှန်ကကြေ
ငြာလိုက်၏ ထိုသို့သဘာပတိက ကြေငြာပြီးသည်နဲ့တပြိုင်တည်း မဏ္ဍပ်အတွင်းရှိ လူများကလည်းအပြင်
သို့ထွက်ရန် နေရာမှထကုန်ကြသည်. ထိုအထဲ၌ ခရစ်ယာန်များပါ  ပါဝင်သည်။ နောက်ပိုင်းဟောပြော
မည့် ခရစ်ယာန်ခေါင်းဆောင် ဦးသာဒင်သည် တရားဟောစင်ပေးသို့တက်လာ၏ ပရိသတ်များကထွက်
မြဲထွက်နေကြပြန်သည်။ "နားမထောင်ချင်ဘူး" ဟူသောအသံများမှာ မဏ္ဍပ်ကြီးတစ်ခုလုံး ညံလေပြီ။ သဘာပတိနှင့် ဦးသာဒင်တို့ပါ ဆုံးအောင်နားထောင်ကြပါ...ဟုပြောကြသော်လည်း လူအတော်များများ
မှာ အပြင်သို့ ရောက်နေကြလေပြီ။မဏ္ဍပ်ကြီးထဲ၌ ထသူကထ ထိုင်သူကထိုင် ထွက်သူကထွက်၊အော်
သူကအော်နှင့် ဆူညံရှူပ်ထွေးနေလေတော့သည်။ ဦးသာဒင်သည် စကားမပြောနိုင်ပဲ ငေးကြည့်ပြီးသာ
ရပ်နေရတော့၏ သဘာပတိ ဦးရွှေမှန်က ဆုံးအောင်နားထောင်ကြပါရန် တကျော်ကျော် အော်ဟစ်နေ
သော်လည်း ပရိသတ်ကြီး၏အသံကိုမပေါက်နိုင်အောင်ဖြစ်နေသည်။ဤတွင်တာဝန်ယူစောင့်နေရသော
ပြည်ခရိုင်ရဇ၀တ်ဝန်ကြီးကို သဘာပတိကလှမ်း၍ မေတ္တာရပ်ခံပေးရန် ပြောသဖြင့် ရဇ၀တ်ဝန်ကြီးဦးကြင်
ကိုယ်တိုင် တရားစင်ပေါ်သို့တက်ပြီး ပရိသတ်အား ဆုံးအောင်နားထောင်ကြပါ မပြန်ကြပါနဲ့ဦး၊နှစ်ဘက်
စကားကို ကုန်ဆုံးအောင်နားထောင်ကြပါဦး၊ ပြန်ထိုင်ကြပါ၊ ပြန်ထိုင်ကြပါ။ အထူးမေတ္တာရပ်ခံပါတယ်
ဟုပြောလေသည်။   သို့ရာတွင် လူထုပရိသတ်ကြီးမှာ ပြန်မထိုင်ကြပဲ ရပ်ပြီးသာပြန်ကြည့်နေကြသဖြင့်
ဗုဒ္ဓဘာသာဘက်မှ ဆရာကြီး ဦးကွန့်ကပါ စင်မြင့်ပေါ်သို့တက်ပြီး ပရိသတပ်များအား နှစ်ဘက်အစုံနား
ထောင်ပြီးမှ မိမိတို့သဘောအလျှောက်ဆုံးဖြတ်ကြပါ။ တစ်ဖက်သပ်မဖြစ်ကြပါနဲ့ အားလုံးပြန်ထိုင်ကြပြီး
ခရစ်ယာန်ခေါင်းဆောင်ကြီးများရဲ့ ရှင်းလင်းချေပချက်များကို နားထောင်ကြပါဦး၊ဗုဒ္ဓဘာသာဘက်မှလူ
ကြီးတစ်ဦးအနေနဲ့ အထူးပဲမေတ္တာရပ်ခံအပ်ပါကြောင်းစသည့်တို့ကိုအော်ဟစ်ပေးပြန်သည်။သို့သော်
ပရိသတ်ကားထွက်မြဲပင်..."နားမထောင်ချင်ဘူး" ဟူ၍ပြန်အော်ရင်း မဏ္ဍပ်အပြင်ဘက်သို့သွားနေကြ
လေသည်။ ဗုဒ္ဓဘာသာ သဘာပတိ တောင်ငူဆရာတော်ကဆုံးအောင်နားထောက်ကြပါဦးဟုတစ်ခွန်းသာ
အော်ဟစ်ပြောကြည့်သော်လည်း အသံကမပေါက်နိုင်ဖြစ်နေသည်။သို့နှင့်ရာဇ၀တ်ဝန်ကြီးကိုယ်တိုင်က
ဆရာတော်အရှင်ဥက္ကဋ္ဌအား ခေတ္တမျှကြွပြီး ကူညီမေတ္တာရပ်ခံပေးပါရန် လျှောက်သဖြင့် ဆရာတော်တ
ရားစင်ပေါ်သို့တဖန်တက်ပြီး......အားလုံးသောပရိသတ်ကို ဦးပဉ္ဇင်း မေတ္တာရပ်ခံပါရစေ။ ကိုးကွယ်မှူု၊
မကိုးကွယ်မှူ့ဆိုတဲ့ ယုံကြည်ချက်မျီုးဆိုတာ ဘယ်သူမှ တိုက်တွန်းလို့ရတာမဟုပ်ပါဘူး။ မိမိတို့သဘော
အလျှောက်သာဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ယူတာမယူတာအပထားပြီး နှစ်ဦးနှစ်ဘက်ပြောကြဟော
ကြတာကိုဆုံးအောင်နားထောင်ကြပါလို့ ဦးပဉ္ဇင်းအထူးပဲ မေတ္တာရပ်ခံပါတယ်ဟု မေတ္တာရပ်ခံသဖြင့်အ
ချီု့သော ပရိသတ်က ပြန်ထိုင်ကြသည်။ ထွက်ပြီးသူများကမူ ပြန်လှည့်ကြည့်ပြီး ဘေးမှာရပ်နေကြသည်။
သို့နှင့် မထွက်ရသေးသူများမှာ မဏ္ဍပ်ထဲတွင် ရပ်ကြည့်နေကြပြီး ပြန်ထိုင်သူကနည်းနေ၏ ဆရာကြီး
ဦးကွန့်နှင့် ရာဇ၀တ်ဝန်ကြီးကပါ ပြန်ထိုင်အောင်မေတ္တာရပ်ခံပေးပါဘုရား ဆရာတော်အမိန့်ရှိရင် ရပါလိမ့်
မည်ဟုလျှောက်ထားပြန်သဖြင့် ဆရာတော်က ထပ်မံ၍ မေတ္တာရပ်ခံရပြန်သည်။ အားလုံးသော၊ဒကာ၊
ဒကာမအပေါင်းတို့.... ဦးပဉ္ဖင်းအထူးမေတ္တာရပ်ခံပါရစေ၊ဘာသာဆိုတာ ကိုယ်ကြီုက်မှကိုယ်ယူရပါတယ်
အတင်းယူခိုင်းလို့ ရတာမျီုးမဟုပ်ပါဘူး ယူတာ၊မယူတာပရိသတ်သဘောပါ။နှစ်ဘက်စလုံးဆုံးအောင်
တော့ နားထောင်ကြပါဦး။ ဦးပဉ္ဖင်းအထူးပဲမေတ္တာရပ်ခံပါတယ်။ တဆိတ်ပြန်ထိုင်ကြပါနားထောင်ကြပါဦး
ဦးပဉ္ဖင်းမေတ္တာရပ်ခံပါတယ်..နောက်ထပ်တစ်ကြီမ်ဆရာတော်မေတ္တာရပ်ခံတဲ့အခါမှရပ်နေသူအများအပြား
ပင်ပြန်ထိုင်ကြသည်။သိသာသည်မှာ ရပ်နေသောခရစ်ယာန်ပရိသတ်များပင် ပြန်ထိုင်ကြသည်ကိုတွေ့မြင်
ရသည်။ဤတွင်မှ ဆရာတော်ဟောစင်မှပြန်ဆင်းရင်း...ကဲဆရာတို့ဟောပါတော့နားထောင်ကြပါလိမ့်မယ်
ဟောသာဟောပါ ဟုပြောလိုက်မှ ဦးသာဒင်တရားဟောစင်ပေါ်သို့ ပြန်တက်နိုင်ပေတော့သည်။ သို့ရာတွင်
လူအတော်များများမှာ ဘေးမှာသာမတ်တတ်ရပ်၍နားထောင်နေကြလေသည်။မန္တလေးဦးသာဒင်က.....
ဆရာတော် ကောက်နုတ်သုံးသပ်သွားသော သမ္မာကျမ်းစာပါ အချက်အလက်များကိုပြန်လည်ရှင်းလင်း
ချေပသည်။ သို့ရာတွင်..ဦးတည်ချက်မမှန်တဲ့ ကမောက်ကမ ကပေါက်ကချာဖြစ်နေ၍နေလေသည်..။
ပရိသတ်ကိုမေတ္တာရပ်ခံလိုက်၊ ဟောပြောလိုက်နဲ့ပင် မိမိလိုရင်းမရောက် အမေးတခြားအဖြေတစ်ခြား
ဖြစ်နေလေသည် ရေရေရာရာခရစ်တော်အကြောင်းကိုပင်မပြောပြနိုင်ပဲဖြစ်နေလေတော့သည် ညနေ (၄)နာရိထိုး၍ အချိန်စေ့သွားသဖြင့် သဘာပတိက ဟောပြောပွဲကြီးပြီးဆုံးကြောင်းကို ကြေငြာလိုက်
ရတော့သည်။ ဤတွင်ကျောက်ကွင်းအရေးတော်ပုံပြီး၍ ဗုဒ္ဓဘာသာဝင်များဖြစ်ကြလေသည်။

မေတ္တာရပ်ခံချက်..ဒီကျောက်ကွင်းအရေးတော်ပုံစာအုပ်အား PDF ဖိုင်မှတဆင့် ၀င်းစစ်တွေနှင့်
ရေးသားချက်ကိုပြန်လည်၍ ၀င်းအင်းဝနှင့်ရေးထားပါသည်။ ထို့ကြောင့်ဒီစာပေများကို ကူးယူမျှ
ဝေချင်ပါက ဒီသုဝဏ္ဏဘူမိဆိုဒ်ကိုပါ ရေးသားတင်ပြ၍ပြန်လည်မျှဝေစေချင်ပါသည်...။အားလုံး
ပဲစာဖတ်သူပရိသတ်အပေါင်းမီမီတို့ရဲ့ဘ၀တွေကို ကိုယ်ပိုင် အသိ ကိုယ်ပိုင်ဥာဏ်များဖြင့်တွေး
ခေါ်ကြံဆကာ ယုံကြည်ကီုးကွယ်မှူ့များမှသည်။ ဘ၀ခရီးကိုအနှောင်အဖွဲ့အတားအဆီးကင်းမဲ့
စွာဖြတ်သန်းနိုင်ကြပါစေလို့ ဦးဇင်းကမေတ္တာပို့ဆုတောင်းပေးလိုပ်ပါသည်။အရှင်မုနိန္ဒ (ပန်းထို )
................ဗုဒ္ဓသာသနံစီရံတိဌတု.............။






>>>ဆက်ဖတ်ရန်>>> >>