Wednesday 30 October 2013

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၅ )

                                                 အင်္ဂုလိမာလ
သာဝတ္ထိပြည်၌ အင်္ဂုလိမာလခေါ် ဓါးမြတဦးနေထိုင်ခဲ့သည်။ ထိုသူသည် လူအများကိုအလွန်မုန်းတီးသူ
တဦးဖြစ်သည်။တောလမ်းတလျောက် ခရီးသွား ခရီးလာသူတို့အား သတ်ဖြတ်ကာ၎င်းတို့၏ကိုယ်ခန္ဓမှ
လက်ချောင်းတချောင်းကိုဖြတ်ယူကာ လည်ဆွဲမာလ(ပုတီး)အဖြစ်သီကုံးကာသူလည်ပင်းတွင်ဆွဲပတ်ထား
လေ့ရှိသည်။ထို့ကြောင့်သူသည် အင်္ဂုလိမာလဟူ၍ကျော်ာကားပြီးသူတကာတို့၏ကြောက်စရာအလွန်
ကောင်းသောဓါးမြတဦးဖြစ်နေလေသည်။အင်္ဂုလိမာလ၏သောင်းကျန်းမှူတို့ကြောင့်သာဝတ္ထိပြည်သူ
ပြည်သာများမှာအိမ်မှမထွက်ဝံ့လောက်အောင်ဖြစ်လာခဲ့သည်။ထို့အခြေအနေကိုမြင်တွေ့ရ၍ရှင်တော်
မြတ်ဘုရားသည်အင်္ဂုလိမာလ ခိုအောင်းနေသည့်တောဘက်ကိုထွက်သွားသည်ဗုဒ္ဓအားထိုတောဘက်
သို့မထွက်ကြွရန်လူအများကတားမြစ်ခဲ့ကြသည်။သို့သော်လည်းဗုဒ္ဓသည်ထိုတောသို့ကြွသွားလေသည်။
ထိုတောနက်ကြီးသို့ရောက်သွားသောအခါ ချိုမြောင်တခုမှ အင်္ဂုလိမာလထွက်လာ၍ ဗုဒ္ဓနောက်ကပြေး
လိုက်သည်။ဗုဒ္ဓသည်ကြွသွားသည့်အတိုင်း အလျှင်အမြန်ကြွသွားကြောင်းကိုမြင်၍ အင်္ဂုလိမာလက(ရပ်ပါ)
ဟုဟစ်အော်အသံပြုသည်။ရှင်ဗုဒ္ဓမှ မကြောက်မရွံဘဲနှင့် (တည်ကြည်သောအသံဖြင့်) ငါတော့ရပ်ပြီသင်
ကောဘယ်အချိန်မှရပ်တော့မှာလဲ ၊ ဟုပြောခဲ့သည်အင်္ဂုလိမာလသည် သူကိုလုံးဝကြောက်ရွံခြင်းမရှိသော
သာမဏေ၏အသံကိုကြား၍ သာမန်လူတော့မဖြစ်နိုင်ဘဲ ဧကန်မုချ မဟာပုရိဿတဦးဖြစ်ပါလိမ့်မည်ဟု
တွေးကာ ရှင်တော်ဘုရားထံချဉ်းကပ်လာပြီး မြတ်စွာဘုရား၏ ဘုန်းကျက်သရေနှင့်ပြည့်စုံသည့် မျက်နှာ
တော်ကိုဖူးမြော်ကာ-ဘုရားရှင်ထံခိုအောင်းလာခဲ့လေသည်။ ရှင်တော်မြတ်ဘုရားသည်လည်း အဂုင်္လိမာလ
ကြူးလွန်ခဲ့သည့် သတ်ဖြတ်မှူနဲ့ပတ်သက်၍ တရားဥပဒေကိုပြုခဲ့ရာ"ဟံဿ-သတ်ဖြတ်မှူ့သည် လူကောင်း
တို့ပြုလုပ်သည့် အမူကိစ္စမဖြစ်နိုင်၊သင်၏ထို့အမှူ့မျိုးမှာ ပြစ်တင်ကဲ့ရဲ့ချံ့ချစရာပင်ဖြစ်သည်။ထိုချံ့ချစရာဖြစ်
နေသည့်အမှူမျိုးအသင်ကဲ့သော ဗလကောင်းသူတို့မပြောနဲ့ အလွန်တရာ ဗလချို့တဲ့နေသည့်လူများက
လည်းကျူးလွန်နိုင်ပါသည်။
           အဘယ်ကြောင့်ဆိုသော် ထိုအပြုအမူသည် လူတို့အတွက် အနိမ့်ဆုံးနှင့် ကဲ့ရဲ့ပြစ်တင်ချံ့ချရဆုံး
အလုပ်ဖြစ်သည်။ အဂုင်္လိမာလသည် မြတ်ဘုရား၏ စကားကိုနာကြားရ၍ ဗုဒ္ဓ၏ အရိပ်အာဝါသကိုခိုဝင်
လာကာ ဘိက္ခုအဖြစ်ခံယူလေသည်။ ထိုသတင်းကိုမရရှိသေးသည့် သာဝတ္ထိပြည့်ရှင် သရေနဇိတမင်းကြီး
သည် တနေ့တွင်ဗိုလ်ပါအပေါင်းခြံရံလျှက်အဂုင်္လိမာလ၏ရန်ကို နှိမ်နှင်းရန် နန်းတော်မှထွက်လာခဲ့ရာ
အဂုင်္လိမာလ ကိန်းအောင်းသည့်တောထဲသို့မ၀င်ခင် ရှင်တော်ဗုဒ္ဓအား ဖူးမြော်ရန် ဇေတ၀န်ကျောင်းသို့
ဆိုက်ရောက်လာခဲ့သည်။မြတ်စွာဘုရားအား လောက၀တ်ပျူငှါပြီး မိမိထွက်လာခဲ့ရသည့်အကြောင်းကို
ဘုရားထံလျောက်ထားတော်မူလေသည်။
           ကောသလမင်းကြီးထံမှ အကြောင်းစုံကိုသိရ၍ မြတ်ဘုရားသည် ဘိက္ခုအဖြစ်ခံယူထားပြီး
အင်္ဂုလိမာလအား မင်းကြီး၏ရှေ့မောက်တွင်ခေါ်ယူ၍ပြသလေသည်။ ကောသလမင်းကြီးမှာ အင်္ဂုလိမာလ
ကိုမြင်၍ရုပ်တရက် မယုံမကြည်ဖြစ်သွားသည်။ သို့သော် ခဏကြာသေအခါ အင်္ဂုလိမာလကို ထိုကဲ့သို့
ဘိက္ခုတို့၏ သံဃာဝတ်ဖြင့်မြင်ရသည်ကိုကျေနပ်၍ စိတ်ပျော်ရွှင်လာလေသည်။ မင်းကြီးသည်ဘိက္ခု
အင်္ဂုလိမာလအားလိုအပ်သည့်ပစ္စည်းပစ္စယတို့ကိုပေးလှူရန်ဆန္ဒရှိကြောင်း လျှောက်ထားလာသည့်အခါ
ဘိက္ခုအင်္ဂုလိမာလက ဘိက္ခုအနေဖြင့်ကျွန်ပ်ဘာမှမလိုတော့ပါ။ကျွန်ုပ်သည် လောဘ၊ ဒေါသ၊ မောဟစ
သည့်တရားတို့မှ ကင်းရှင်းသွားပြီဖြစ်၍ အပြစ်ကင်းရှင်းသည့်အနေဖြင့် မြတ်စွာဘုရား၏ အရိပ်အာဝါသ
ကိုခိုလှုံကာ မွန်မြတ်သည့် တရားဓမ္မတို့ကို အားထုတ်သွားပါ့မာ့်အကြောင်း မင်းကြီးထံပြောကြားလေသည်။
သမိုင်းတွင်မှတ်တမ်းတင်လောက်သည့် စိတ်နှလုံးပြောင်းလဲမူကို အင်္ဂုလိမာလ
က ပြသခဲ့သည်။

ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>