Tuesday 22 January 2013

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ ၇ )

                                                          အာမ္ဗပါလီ
ဗုဒ္ဓသက်တော်ထင်ရှားရှိနေသည့် အချိန်ကာလတွင် လိစ္ဆ၀ီတို့၏ အုပ်ချုပ်မူသည်အလွန်တရာတောင့်တင်းခဲ့
ပါသည်။ ထိုအုပ်ချုပ်မူ၏ထူးဆန်းသည့် အုပ်ချုပ်ဥပဒေမူတစ်ခုမှာ-၁၈နှစ်အရွယ်ရောက်သော အလှဆုံး လိစ္ဆ
ဝီ ကညာပျိုသည်သူ့တစ်ဦးတယောက်၏ ဇနီးမယားမဖြစ်နိုင်၊၎င်းအလှဆုံးအပျီုကညာသည်"ပြည်တန်ဆာ"
အဖြစ်ရွေးချယ်ခံရပြီး လိစ္ဆ၀ီမင်းတို့အား ဖျော်ဖြေသူတဦးဖြစ်ရပါသည်။ ထိုဥပဒေသည်လိဈှဝီအုပ်ချုပ်မူ၏အ
မှတ်အသားလက္ခဏာတခုဟုဆိုပါလျှင်မမှားနိုင်ချေ။ လူမူအသိုက်အ၀န်းမှ မရှိဆင်းရဲသားမိဘများသည်ပင်
မိမိတို့မွေးဖွားထားသည့် ကညာကိုအချိန်တန်သည့်အခါ ထုံးတမ်းစဉ်လာနှင့်အညီင်္အိမ်ထောင်ပြုပေးလိုက်
ကြသည်။လိစ္ဆ၀ီတို့ ဂဏနိုင်ငံတွင် သမ္မတဖြစ်သူ မဟာနာမ၏သ္မီးကညာအမ္ဗပါလီသည် ဝေသာလီပြည်၏
အလှဆုံးအမျီုးသမီးအဖြစ်ရွေးချယ်ခံခဲ့ရာ၊၎င်း အမ္ဗပါလီကို"ပြည်တန်ဆာ"သို့မဟုပ်ဇနကလျာဏီဘွဲ့ဖြင့်ကျမ်
းကျိန်ပေးသည့်နေ့တွင် မဟာနာမမှာကြီးစွာစိတ်သောကဖြစ်ခဲ့ရသည်။သ္မီး၏ဂုဏ်သိက္ခာကိုဝဇ္ဇဂဏနိုင်ငံတေ
ာ်-၄၂ နှစ်တိုင်တိုင်သူအလုပ်အကျွေးပြုခဲ့သည်နှင့် မလဲလှယ်နိုင်ကြောင်းဟုဆိုကာ ရာထူးမှနုတ်ထွက်သွား
ခဲ့လေသည်။ဂဏအုပ်ချုပ်မူ၏အမြင့်ဆုံးကောင်စီထံတွင်သူသည် အမျီုးမျီုးတင်ပြတောင်းဆိုသော်လည်းဥပ
ဒေ၏ အထက်မှာမည်သူမှမရှိစေရဟူ၍ဂဏကောင်စီက မဟာနာမ၏တင်ပြတောင်းဆိုချက်များကိုပယ်ဖျက်
ခဲ့လေသည်။ဝေသာလီပြည်မှာထိုဥပဒေဒါဏ်ကို မခံချင်သောအလှစရင်းဝင်အမျီုးသ္မီးငယ်တချီု့သည်ဘိက္ခူ
သံဃာတွင်ဝင်သွားရှာခဲ့သည့်သာဓကများလည်းရှိခဲ့ပါသည်။ဥပ္ပလ၀ဏသီလရှင်၏ဘိက္ခူနီဝတ်ရခြင်းအကြေ
ာင်းရင်းမှာ-၎င်းရူပါရုံကို မက်မော၍ ရာနှင့်ချီသော ဝေသာလီသားယောင်္ကျားတို့က သူရလိုရ၊ငါရလိုဖြင့် ခိုက်
ရန်ပြုလုပ်ကြရန်အဆင်သင့်ဖြစ်နေကြသည်။ထိုအခြင်းအရာကိုမြင်၍ ဥပ္ပလ၀ဏသည် ဘိက္ခူနီဖြစ်ရခြင်းကို
ရွေးချယ်ခဲ့သည်။
  ဗုဒ္ဓဘာသာကျမ်းများအလိုအရတစ်နေ့သောအခါ ရှင်တော်မြတ်ဗုဒ္ဓသည် ရာဇဂိုရ်မှ ရဟန်းပေါင်ဒ-၅၀၀ခြံ
ရံလျှက် ပါဋလိပုတ္တသို့ ကြွချီတော်မူခဲ့သည်။ ထိုမှတဆင့်ဝေသာလီသို့ ခရီးဆက်ကာသီတင်းသုံးတော်မူ၏
ထိုခရီးစဉ်မှာမြတ်စွာဘုရား၏ နောက်ဆုံးဝေသာလီခရီးစဉ်ဖြစ်သည်။အာမ္ဗပါလီသည် ထိုသိတင်းကိုရလျှင်ရ
ချင်း မိမိပိုင်မြင်းရထားကိုစီး၍ဗုဒ္ဓအား ဖူးမြော်ရန် အမ္ဗ၀နသို့ ရောက်လာခဲ့သည်။မြင်းရထားနှင့်သွားလို့ရနိုင်
သည့်နေရာအထိစီးလာခဲ့ပြီး ရထားဖြင့်သွား၍မရနိုင်သည့်လမ်းကိုခြေလျှင်လျောက်ကာဖြင့် နောက်ဆုံးဗုဒ္ဓ
၏အနီးသို့သွားခဲ့ပါသည်။ မြတ်ဗုဒ္ဓအား ရှိခိုးအရိုအသေပြုကာ သင့်လျှော်လျောက်ပတ်သည့်နေရာတွင်ထိုင်
ခဲ့လေသည်။အာမ္ဗပါလီသည် ဘုရားအားလုပ်အုပ်ချီမိုးကာ နောက်တစ်နေ့တွင် ရဟန်းသံဃာများနှင့်အတူ
သူ့မထံတွင်ဆွမ်းခံကြွပါရန်လျှောက်တင်ဖိတ်မန်တကပြုခဲ့လေသည်။
ဗုဒ္ဓသည်လည်း အာမ္ဗပါလီ၏ အလှူကိုလက်ခံခဲ့လေသည်။ထိုအခါအာမ္ဗပါလီသည်နောက်ထပ်တကြိမ်ဘုရာ
းအားဦးချကာအရိုအသေပြုကာထိုနေရာမှထွက်ခွါလာခဲ့ပါသည်။ ဝေသာလီပြည်သို့ ရှင်တော်ဗုဒ္ဓကြွရောက်
လာပြီးအာမ္ဗပါလီ၏သရက်ဥယျာဉ်၌သီတင်းသုံးကြောင်း သတင်းရလာသောအခါ ဝေသာလီဂဏမင်းအသီး
သီးတို့မှာ လှပတင့်တယ်သည့်အ၀တ်အစားများကိုဝတ်ဆင်၍ မိမိတို့ရထားများဖြင့်မြတ်ဗုဒ္ဓသီတင်းသုံးတော်
မူနေသည့်နေရာသို့သွားကြလေသည်။လမ်းခရီးတွင်အာမ္ဗပါလီစီးလာသည့် ရထားကိုတားမြစ်ကာအာမ္ဗပါလီ
ထိုသို့ဝင့်ကြွားပျော်ရွှင်ဝမ်းသာဖြစ်နေရသည့်အကြောင်းကိုသိလိုကြောင်းမေးမြန်းခဲ့ကြလေသည်။ထိုသို့မေး
မြန်းခြင်းကို အာမ္ဗပါလီကမြတ်ဗုဒ္ဓသည် ရဟန်းအပေါင်းခြံရံလျက် ဆွမ်းဘုန်းပေးရန်သူ၏ဖိတ်မံတကပြုခြင်း
ကိုလက်ခံတော်မူသည်ဖြစ်၍ သူမသည်ယ္ခုကဲ့သို့ ၀မ်းမြောက်ဂုဏ်ယူဝင့်ကြွားစွာအားရ၀မ်းသာဖြစ်နေရကြေ
ာင်းဖြေဆိုပြောကြားလေသည်။အာမ္ဗပါလီကဲ့သို့ပြည်တန်ဆာတဦးက မြတ်စွာဘုရားနှင့် ရဟန်းပေါင်း-၅၀၀
ကျော်တို့အားဆွမ်းဘောဇာဉ်များကို လှူဒါန်းမည့်အဖြစ်ကိုကြားသိရ၍ လိစ္ဆ၀ီမင်းသားအချီု့တို့မှာများစွာစိတ်
ပျက်သွားခဲ့လေသည်။ထိုအခွင့်အရေးကို အချို့ အချို့သောလိစ္ဆ၀ီမင်းတို့ကအာမ္ဗပါလီထံမှ ရွှေအသပြာထော
င်သောင်းမက ပေးဆပ်၍၀ယ်ယူရန်တေင်းဆိုလာကြသည်။သူမအား ဗုဒ္ဓပေးသနားတော်မူခဲ့သည့် ယင်းအခွ
င့်အလမ်းကို ဝေသာလီပြည်ရှိ စည်းစိမ်အားလုံးနှင့်တောင် အလဲလှယ်နိုင်ပါကြောင်းအာမ္ဗပါလီက ပြောဆို
ကာ၎င်းတို့၏ တောင်းဆိုမူများကို ပယ်ဖျက်ခဲ့လေသည်။လိစ္ဆ၀ီကုမာရတို့သည် ရှင်တော်ဗုဒ္ဓအပေါ်ထားသ
ည့်အာမ္ဗပါလီ၏သဒ္ဓါကြည်ညိုမူ့ကို အံ့သြမိပေသည်ဟု ထိုသို့အချင်းချင်းစကားပြောဆိုလျှက်၎င်းတို့၏ဗုဒ္ဓ
သီတင်းသုံးတော်မူရာအရပ်ကိုရောက်ရှိလာ၍ဗုဒ္ဓအား ရှိခိုးပူဇော်ကာတရားနာယူခဲ့ကြသည်။လိစ္ဆ၀ီဂဏမင်း
သားတို့၏စိတ်ခံစားမူများကို ကြိုတင်သိရှိ၍ ရှင်တော်ဗုဒ္ဓသည် မိမိ၏တရားဒေသနာဖြင့် ၎င်းတို့အားကျေနပ်
အောင်ဖြေပေးတော်မူခဲ့သည်။ တရားဒေသနာ၏အဆုံး၌ လိစ္ဆ၀ီမင်းသားတို့ကနက်ဖန်ဆွမ်းဘုန်းပေးကြွရန်
လက်အုတ်ချိကာ ဗုဒ္ဓအားလျောက်ထားလေသည်။ ထိုအခါနက်ဖန်ဆွမ်းဘုန်းပေးရန် ငါဘုရားသည်ဂဏီက
အာမ္ဗပါလီ၏ဖိတ်မံတကပြုခြင်းကိုလက်ခံပြီးကြောင်းပြန်ပြောပြခဲ့သည်။ငါ့တို့ တော့ဖြင့်အာမ္ဗပါလီထံမှာအရုံး
ပေးခဲ့ရပြီဟုပြောကာမိမိအိမ်သို့အသီးသီးပြန်ကြကုန်လေသည်။
နောက်တစ်နေ့တွင်ရှင်တော်ဗုဒ္ဓသည် ရဟန်းအပေါင်းခြံရံလျှက် အာမ္ဗပါလီနေအိမ်သို့ကြွချီခဲ့သည်။အာမ္ဗပါ
လီသည်လည်းဗုဒ္ဓနှင့်ရဟန်းအပေါင်းတို့ကို သင့်တင့်လျောက်ပတ်စွာ ခရီးဦးကြိုဆိုသမူပြုခဲ့လေသည်။ထို့
နောက်ရဟန်းအပေါင်းတို့သည် တင့်တယ်လှပစွာခင်းကျင်းထားသည့်ကော်ဇောအခင်းများအပေါ်နေရာယူ
ထိုင်ကြလေသည်။ အာမ္ဗပါလီသည်ဆွမ်းဘောဇာဉ်များကို ခုနှစ်မျီုးခုနှစ်သွယ် ချက်ပြုတ်ထားသည်။ဘိက္ခူ
နီသံဃာအပေါင်းတို့အားဆွမ်းဘောဇာဉ်များကို မိမိလက်ဖြင့်တရိုတသေကပ်ခဲ့သည်။ဘိက္ခူများဆွမ်းကွမ်း
ဘုန်းပေးတော်မူပြီးနောက်အာမ္ဗပါလီသည် သင့်တော်ရာနေရာတစ်ခုတွင်ထိုင်လေသည်။ရှင်တော်မြတ်ဗုဒ္ဓ
သည်အာမ္ဗပါလီပြုခဲ့သည့်(ပုညမောဒန)ကုသိုလ်ကောင်းမူ့တို့ကိုအနုမောဒနာပြုလျှက်မိမိဟောကြားသည့်
တရားတော်၌ ရုပ်ရည်၊ငွေကြေး၊ဥစ္စဓနအားလုံးသည် အနိစ္စသဘောကိုဆောင်၏။မြင့်မြတ်သောယောင်္ကျား
မိန်းမတို့အတွက် သမာအာဇီဝသည်သာလျှင်အမြတ်ဆုံးဥစ္စဓနဖြစ်သည်ဟူ၍ဟောကြားသွင်သင်ဆုံးမခဲ့
သည်။ဘုရား၏တရားတော်တို့မှာအာမ္ဗပါလီ၏စိတ်နှလုံးကိုနက်ရှိုင်းစွာစွဲမြဲစေခဲ့သည်။အာမ္ဗပါလီသည်ဥစ္စ
ဓနကိုတွယ်တာမူကင်းမဲ့လာကာ မိမိပိုင်သရက်ဥယျာဉ်ကြီးကိုဘိက္ခူနီသံဃာအားလှူဒါန်းခဲ့လေသည်။
ထိုဥယျာဉ်၏တန်ဖိုးမှာလိစ္ဆ၀ီဂဏမင်းတို့၏ဥယျာဉ်တန်းဘိုးထက်မည်သို့မျှမလျော့ပါ။ဝေသာလီပြည်မှာဘိက္ခူ
သံဃာသည်ထိုမျှတန်ဘိုးကြီးသည့်အလှူဒါနကို ပထမဆုံးလက်ခံရခဲ့ကြောင်းဗုဒ္ဓကျမ်းတို့ကဆို၏နောက်ပို
င်းအချိန်ကာလတွင် အာမ္ဗပါလီသည်လောကီစည်းစိမ်ကိုတပ်မက်မူကင်းမဲ့လာကာ ဘိက္ခူနီအဖြစ်ကိုခံယူ
သွားလေတော့သည်။တရားဓမ္မတို့၌ပျော်မွေ့လာ၍အာမ္ဗပါလီသည်ထေရီမအဖြစ်ကိုရသွားလေတော့သည်။
ဗုဒ္ဓဓမ္မလောကတွင် အာမ္ဗပါလီထေရီမကိုယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ကကြည်ညိုလေးစားကြသည်။ဓမ္မ
အတွက်ဆောင်ရွက်မူများကိုမေ့ပ်၍မဖြစ်နိုင်တော့ချေ။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)M.A မာဂဓတက္ကသိုလ်.Waiting for PhD.။
>>>ဆက်ဖတ်ရန်>>> >>

Wednesday 2 January 2013

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ ၆ )

                                     *ဘိက္ခူနီသံဃာ*
မဟာရာဇာသုဒေါဓနမင်းကြီး နတ်ရွာစံတော်မူပြီးသည့်နောက် အခါသမယတစ်ခု၌ ဗုဒ္ဓမြတ်စွာဘုရားသည်
နိဂျောဓရာမကျောင်းတိုက်တွင်သီတင်းသုံးတော်မူခဲ့သည်။တစ်နေ့တွင်တထာဂ၏မိထွေးတော်ပဇ္ဇေါပတိ
ဂေါတမိသည် များပြားသောသာကီဝင်အမျိုးသ္မီးတို့နှင့်ခြံရံလျှက် နီဂျောဓကျောင်းတိုက်သို့ကြွရောက်လာ
တော်မူသည်။ မိထွေးတော်မှာ ပရ၀ဇဃ ပေးတော်မူရန်ဗုဒ္ဓအားတောင်းဆိုလေသည်။ ထိုတောင်းဆိုချက်ကိုကြားသိ၍ဗုဒ္ဓသည်ဤသို့မြွတ်ကြားခဲ့ဘူးပါသသည်"အမျီုးသ္မီးများအတွက် ဂေဟပတိ
အမှူကိစ္စများ စွန့်လွတ်ကာ သာသနာဘောင်အတွင်းဝင်လာခြင်းမှာ အလွန်ခက်ခဲပါလိမ့်မည်။ ထို့ကြောင့်
ပရ၀ဇယ ပေးနိုင်ရန်မဖြစ်နိုင်ချေ"ဟုပြန်ကြားခဲ့သည်။ ဗုဒ္ဓထံမှ ထိုစကားကိုကြားရ၍ မိထွေးတော်နှင့် အ
ပေါင်းအပါအမျီုးသ္မီးတို့သည် အလွန်စိတ်သောကပူပန်စွာ ခံစားခဲ့ကြရသည်။နောက်ဆုံးတစ်နေ့တွင်ပဇ္ဇါပတိ
ဂေါတမိမယ်တော်သည် မိမိဆံကေသာများကိုရိတ်ဖြတ်ကာ လျှော်တေရောင်သင်္ကန်းဝတ်အမျီုးသ္မီးအပေါင်း
၅၀၀ နှင့် အတူခြေလျှင်ခရီးဖြင့်ဝေသာလီပြည်ကုဋ္ဋဂါရ၀ိဟာရကျောင်းသို့အရောက်သွားခဲ့ကြသည်။ပဇ္ဇါပတိ
ဂေါတမိမှာစိတ်ဆင်းရဲနေသည့်မျက်နှာအမူအရာဖြင့် ကျောင်းရှေ့တံခါးဝတွင်လာရောက်ရပ်လျှက်နေသည်။
ထိုအချိန် ရှင်အာနန္ဒာသည်လည်း မိမိသိတင်းသုံးရျာောင်းခမ်းမှအပြင်သို့ထွက်လာခဲ့ရာ မယ်တော်ပဇ္ဇါပတိ
ကိုတံခါးဝ၌ရပ်လျှက်တွေ့မြင်တော့သည်။ရှင်အာနန္ဒာသည်ပဇ္ဇါပတိ၏ဆင်းရဲသောကအမူအရာကိုတွေ့မြင်ရ၍ ဗုဒ္ဓထံချဉ်းကပ်လျှက် ဤသို့လျှောက်ထားလေသည်။"အရှင်ဘုရား ပဇ္ဖါပတိဂေါတမိမှာကျောင်းတံခါးဝ၌ရပ်
လျှက်ရှိသည်။ သူမ၏ခြေဖ၀ါးများသည် ခရီးရှည်လျှောက်လာရသဖြင့်ရောင်ကိုင်းလျှက်ရှိနေပါသည်။
တကိုယ်လုံးမှာ ဖုံများပေကျံလျှက်ရှိပြိး မျက်နှာမှာညိုးငယ်လျှက်ရှိကာ မျက်ရည်များကျလျှက်ရှိနေပါသည်။
အရှင်ဘုရားအမျီုးသ္မီးများကို ပရ၀ဇပေးရန်ငြင်းဆိုလျှက်ရှိနေကြောင်းကိုသိရှိကြ၍ ပဇ္ဇါပတိနှင့်အမျီုးသ္မီးများ
ကလည်းအိုးအိမ်စည်းစိမ်ကိုစွန့်ပစ်ကာ တထာဂတ၏ဓမ္မသံဃာဘောင်တွင် ၀ိနည်းဓမ္မအတိုင်းပျော်မွှေ့လိုပါ
ကခွင့်ပြုသင့်ပါလိမ့်မည်ဘုရား"ဟုအာနန္ဒကလျှောက်တင်သောအခါမြတ်စွာဘုရားသည်ဤသို့တုန့်ပြန်မြွတ်
ကြားလေတော့သည်။"ချစ်သား-အမျီုးသ္မီးများသည် ယောင်္ကျားတို့နှင့်မည်သို့မျှ နိမ့်ကျမူအဆင့်မရှိပါ။သုိ့ေ
သာ် လက်တွေ့ကျသည့်အကြောင်းအရာတချီု့ကြောင့် သူမတို့အား သံဃာဘောင်သို့ဝင်ခွင့်ကို ပိတ်ပင်ထား
ခြင်းဖြစ်သည်။"ရှင်အာနန္ဒာမှာ ဤစကားကိုကြားရ၍ ပြန်လည်လျှောက်တင်သည်။
"အရှင်ဘုရား-အမျီုးသ္မီးကိုဓမ္မသံဃာဘောင်၌၀င်ခွင့်မပြုပါကလောကမှာ အရှင်ဘုရား၏ဓမ္မကိုအပြစ်တင်ကဲ့
ရဲ့ကြတော့မည်မဟုပ်ပေဘူးလား-ဘုရား"ဤအခါမြတ်စွာဘုရားကမြွတ်ကြားတော်မူသည်မှာ-"ကောင်းပြိ-
ချစ်သားအာနန္ဒာ-ယင်းသို့ဆိုလျှင် အမျီုးသ္မီးများအားပရ၀ယ မပေးခင်း-၎င်းတို့မှာရှစ်ပါးသောအခြားဝိနည်း
ကိုလိုက်နာကျင့်သုံးကြရန်သဘောတူညိချက်ပေးရပေလိမ့်မည်။ ထိုဝိနည်းရှစ်ပါးမှာ အောက်ပါအတိုင်းဖြစ်
လေသည်။
(၁)  ဥပဇ္ဈယ်ခံယူထားပြိး ဘိက္ခူနီတပါးသည် အနှစ်တစ်ရာပင်ဖြစ်သော်လည်း ဥပဇ္ဈယ်ခံယူသည့်ပြီးပြီးချင်း
အချိန်မှစ၍သာမဏေဘိက္ခူတပါးကိုရှိခိုးဦးတင် အရိုအသေပြုရပေမည်။ထိုသို့လေးစားသမူပြုခြင်းသည်ဓမ္မ
ဝိနည်းနှင့်ကိုက်ညီမူရှိကြောင်းအသက်ထက်ဆုံးဂုဏ်ယူရမည်ဖြစ်သည်။
(၂)ဓမ္မဒေသနာကို ဘိက္ခူထံမှ နာကြားတော်ခံယူရမည်။
(၃)လတိုင်းလတိုင်းမှာ လတ၀က်ခန့်နေ့များတွင် ဘိက္ခူသံဃာမှာ ပတ္ထနာပြုရမည်။
(၄)၀ါတွင်း ၄ -လကုန်ဆုံးသည့်ခါဘိက္ခူ-ဘိက္ခူနီတို့ အတူတကွသံဃာအချင်းချင်းတို့၌ သွားရောက် ပ၀ါရ
ဏပြုလုပ်ရှိရမည်။
(၅)ဂုရုဓမ္မ ခံယူပြီး ဘိက္ခူနီတပါးသည် သံဃာနှစ်ရပ်စလုံးကိုအတူတကွသဘောထားရမည်။
(၆)ဘိက္ခူနီ တပါးသည် ဘိက္ခူနီအခြား တစ်ပါးပါးအား ဆဲဆိုကြိမ်းမောင်းခြင်းမပြုရ။
(၇)ချစ်သားအနန္ဒာ ဤနေ့မှစ၍ ဘိက္ခူနီတို့က တစုံတခုပြောဆိုရာ လမ်းပိတ်ပင်ပြိမှတ်ရမည်။
(၈)သို့သော်ဘိက္ခူတို့အတွက် ထိုလမ်းသည် မပိတ်ဟူ၍မှတ်ရမည်။
အထက်ဖော်ပြပါ ဂုရုဓမ္မ(၈) ချက်ကိုလက်ခံအတည်ပြုပြီးသည့်နောက် ဦးစွာပထမ ပရဇ္ဖါပတိဂေါတမိ ပရ၀ဇ~ဃျ ပေးပြီး ဘိက္ခူနီပြုပေးလိုက်တော်မူသည်။ ဘိက္ခူနီ သံဃာအဖွဲ့ကိုလည်း တည်ထောင်ဖွဲ့စည်း
ပေးခဲ့ပါသည်။ ပရဇ္ဇါပတိ ဂေါတမီနှင့် အခြားအမျီုးသ္မီးများအား ဘိက္ခူနီ သံဃာအဖြစ်ပါဝင်ခွင့်ရရှိသည့်ကိစ္စ
မှာ ရှင်အာနန္ဒာ၏ ကြီုးစားမူကြောင့်ဖြစ်လာသည့်ဟုဆိုရပါလိမ့်မည်။ ဘိက္ခူနီ သံဃာဝင်များကလည်းထိုအ
ဖြစ်အပျက်ကို အောက်မေ့တသပြီး ရှင်အာနန္ဒာ၏ ဇေတ၀န်ကျောင်းဝင်းတွင်စိုက်ပျီုးပေးထားခဲ့သည့်ဗောဓိ
ညောင်ပင်ကိုပူဇော်ကြရာ ရှေးအကျဆုံးညောင်ပင်အဖြစ် ယနေ့တိုင်ဖူးမြင်နိုင်ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ (ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>