Friday 30 December 2011

မေတ္တာတရားဟူသည်

“မေတ္တာသည် အလျားအနံ မရှိသော်လည်း အသွားအပြန်ရှိသည်” ဟူသော ဆိုရိုးစကား တစ်ခုရှိ၏။ မေတ္တာ အားကောင်းလျှင် ထိုမေတ္တာ၏အစွမ်းသည် အလွန်မုန်းသည့်သူကိုပင် ယဉ်ကျေးစေ၊ ကြမ်းတမ်းသည့် သူကိုပင် နူးညံ့စေ၊ ဝေးနေသောသူကိုပင် နီးနေစေပေ၏။ မေတ္တာအားကောင်းလျှင် မိမိက မျှော်လင့်မထားသော်လည်း ရောက်ရာအရပ်တိုင်းတွင် လူလည်းချစ်သကဲ့သို့ နတ်လည်းချစ်ခြင်းကို ခံရတတ်၏။ လူလည်းမစသကဲ့သို့ နတ်လည်းမစခြင်းကို ရရှိတတ်၏။ လူလည်းကူညီသကဲ့သို့ နတ်လည်းကူညီခြင်းကို ခံရတတ်၏။ မေတ္တာဓာတ်အားကောင်းသည့်သူ၏ မျက်နှာသည် ကြည့်သူတိုင်းကိုပင် အေးမြစေမှုကို ဖြစ်စေတတ်၏။ ရုပ်ရည်အဆင်း လှပခြင်း မရှိသော်လည်း မေတ္တာများနေလျင် ချစ်စရာလည်း များနေမည်သာ ဖြစ်၏။ မေတ္တာဓာတ်သည် မရောက်နိုင်သည့် နေရာမရှိသကဲ့သို့ မဖောက်နိုင်သည့် အရာဟူသည်လည်း မရှိလှပေ။ မေတ္တာသည် အလွန်အားကြီးသည့် ဒေါသကိုပင် အနိုင်ယူနိုင်သဖြင့် မေတ္တာလက်နက်သည် အကောင်းဆုံး လက်နက်ဖြစ်ကြောင်းလည်း ဆိုလေ့ရှိကြ၏။ ဤသည်မှာ မေတ္တာ၏ တန်ပြန်သက်ရောက်မှု တစ်စိတ်တစ်ဒေသပင် ဖြစ်ပါ၏။

မြတ်စွာဗုဒ္ဓကိုယ်တော်တိုင်ပင် မေတ္တာဓာတ်ဖြင့် ဆန့်ကျင်ဘက်များကို အေးမြစေခဲ့၏။ မြတ်ဗုဒ္ဓ၏ အောင်နိုင်ခြင်းများကို ကြည်ညိုကြည့်ပါက မေတ္တာဖြင့် အောင်နိုင်ခြင်းများကိုသာ တွေ့ရမည်ဖြစ်၏။ အလွန်ကြမ်းတမ်းသည့် အင်္ဂုလိမာလကဲ့သို့သော သူများ၊ ဒေါသအလွန် ပြင်းထန်သည့် သစ္စကကဲ့သို့သော ပုဂ္ဂိုလ်များ၊ ခွန်အားကြီးမားသည့် နာဠာဂိရိကဲ့သို့သော ဆင်ပြောင်ကြီးများ စသည့် အာဂစွမ်းအားရှင်များကိုလည်း မေတ္တာဓာတ်များ ဖြန့်လွှမ်းကာ ကရုဏာတရားများဖြင့် နူးညံ့မှုကို ဖြစ်ပွားစေခဲ့၏။ အလွန်အဆဲသန်သည့် အက္ကောသ ဘာရဒွါဇကဲ့သို့သော ပုဏ္ဏားများကိုလည်း မေတ္တာဖြင့် အဆဲငြိမ်းအောင် ပြုလုပ်ပေးခဲ့ဖူး၏။ ဒေါသဖြင့် အနိုင်ယူလိုသူကို မြတ်ဗုဒ္ဓက မေတ္တာဖြင့် ငြိမ်းအေးစေခဲ့၏။ ဒေါသဖြင့်တိုက်ခိုက် ပြောဆိုလာလျှင်လည်း တန်ပြန်ဒေါသထွက်ခြင်း မရှိဘဲ မေတ္တာဓာတ်ဖြင့် ပျော့ပြောင်းစေခဲ့၏။ မေတ္တာ၏ အစွမ်းသည် ထိုမျှလောက် အားကြီးလှ၏။ ထို့ကြောင့် အရာရာတွင် မေတ္တာသည်သာ အအေးမြဆုံးသော အရာဖြစ်ပြီး မေတ္တာဖြင့်သာ ပူလောင်မှုများကို ငြိမ်းအေးစေနိုင်ကာ မေတ္တာအားသည်သာ အကြီးမားဆုံးသောအား ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

မေတ္တာဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ မြန်မာလူငယ်များအကြား တစ်ခါတရံ ကြားတတ်သည့် စကားလေးများ ရှိတတ်၏။ “ဒို့က မင်းအပေါ်မှာ ဘယ်လို မေတ္တာရှိနေလို့ပါ၊ ဒို့မေတ္တာကို လက်ခံပေးပါ” စသည်ဖြင့် ပြောဆိုလေ့ရှိကြ၏။ ထိုလူငယ်များ၏ မေတ္တာဟူသည် ချစ်ခင်ခြင်းဟု အဓိပ္ပါယ်ရ၏။ စင်စစ် ထိုသဘောသည် မေတ္တာမဟုတ်၊ ပီယခေါ် ပေမ၏ သဘောပင်ဖြစ်၏။ ပေမသည် ချစ်ခြင်းဟု အဓိပ္ပါယ်ရပြီး ထိုပေမကိုလည်း တစ်ခါတရံ တဏှာဟု ဖွင့်ဆိုရှင်းပြတတ်ကြ၏။ သို့ဆိုလျင် ယနေ့ခေတ် လူအချို့ အသုံးပြုနေကြသည့် မေတ္တာဟူသော အသုံးအနှုန်းသည် မေတ္တာစစ်မဟုတ်သည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ အမှန်အားဖြင့် ထိုမေတ္တာ၏ တိုက်ရိုက်အဓိပ္ပါယ်မှာ အကျိုးလိုလာခြင်းဟု အဓိပ္ပါယ်ရ၏။ မိမိအတွက်မပါ သူတပါးအကျိုးကို လိုလားခြင်းသက်သက်သာ ဖြစ်ပါ၏။ ထိုသို့ မိမိအတွက်မပါ စစ်မှန်သည့် စေတနာဖြင့် သူတပါးအကျိုးကို လိုလားခြင်း သဘောရှိနေသဖြင့် ထိုမေတ္တာသည် ငြိမ်းအေးခြင်းသဘော၊ ငြိမ်းချမ်းခြင်း သဘောရှိသည်ဟု ဆိုခြင်းဖြစ်ပါ၏။ သတ္တဝါများသည် မိမိအကျိုးကို လိုလားမှု အားများလာလျင် မေတ္တာဓာတ်များလည်း ခေါင်းပါးလာတတ်ပြီး အကျိုးစီးပွား မဲ့မှုများသာ အဖြစ်များတတ်သဖြင့် မေတ္တာများများ ထားနိုင်ရန် ကြိုးစားသင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

မှန်၏။ မေတ္တာသည် အကျိုးလိုလားခြင်းဟု အဓိပ္ပါယ်ရ၏။ မေတ္တာ၏ သဘောသည် စစ်မှန်သည့်မနောဖြင့် သူတပါးအပေါ် အကျိုးဖော်ပေးခြင်း ဖြစ်သဖြင့် မေတ္တာထုံထားလျှင် ချစ်စရာ အကုန်ပွားပြီးသာ ဖြစ်နေပေ၏။ မိမိက မေတ္တာပွားထားလျှင် သူတပါးကလည်း သစ္စာထားကာ ချစ်သဒ္ဓါလည်း ပွားလာမည်သာ ဖြစ်ပါ၏။ မေတ္တာနှင့်သစ္စာသည် အကျိုးလိုလားခြင်းနှင့် အမှန်တရားကို ပေါင်းစပ်ထားခြင်း ဖြစ်သဖြင့် စစ်မှန်သည့် မေတ္တာသာထားနိုင်လျှင် သစ္စာတည်ကာ ချစ်သဒ္ဓါလည်း တည်လာကြမည်သာ ဖြစ်ပါ၏။ လူအများ၏ အပေါ်တွင်ဖြစ်စေ၊ တိရိစ္ဆာန်အများ၏ အပေါ်တွင်ပင် ဖြစ်စေ အကျိုးလိုလားသည့် မေတ္တာဓာတ်ဖြင့် မှန်ကန်စွာ ပြုမူဆက်ဆံကြည့်ပါက မေတ္တာ၏ ရောင်ပြန်ဟပ်မှုသည် တိရစ္ဆာန်များ အထံမှပင်လျှင် တန်ပြန်သက်ရောက်မှုကို ရစေနိုင်မည်သာ ဖြစ်ပါ၏။ အရေးကြီးသည်မှာ မည်သူ့အပေါ်တွင်ဖြစ်စေ မှန်ကန်သည့် သစ္စာတရားဖြင့် အကျိုးလိုလားသည့် မေတ္တာထားနိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်ပါ၏။

စစ်မှန်သည့် စေတနာဖြင့် အကျိုးလိုလားသည့် စိတ်ဖြင့် သတ္တဝါများအပေါ် မေတ္တာပွားနိုင်လျှင် အကျိုးတရား အလွန်ကြီးမားကြောင်း အင်္ဂုတ္တရနိကာယ်တွင် ဘုရားရှင်ဟောတော်မူထားသည့် မေတ္တာသုတ် တစ်သုတ်ရှိ၏။ ထိုသုတ်တော်တွင် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ဆန့်ကျင်ဖက်မှ လွန်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ်၊ ကြိမ်ဖန်များစွာပြုအပ်၊ ယာဉ်ကဲ့သို့ပြုအပ်၊ တည်ရာကဲ့သို့ပြုအပ်၊ ရှေးရှုတည်စေအပ်၊ လေ့လာအပ်၊ ကောင်းစွာအားထုတ်အပ်သည်ရှိသော် ရှစ်မျိုးသော အကျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ
၁။ ချမ်းချမ်းသာသာ အိပ်ရ၏
၂။ ချမ်းချမ်းသာသာ နိုးရ၏
၃။ အိပ်မက်ဆိုးကို မမြင်အပ်
၎။ လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏
၅။ သားရဲဘီးလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏
၆။ နတ်တို့ စောင့်ရှောက်ကုန်၏
၇။ ထိုမေတ္တာကို ပွားများသောသူအား မီးအဆိပ် လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်
၈။ လွန်မြတ်သော အရဟတ္တဖိုလ် တရားကို ထိုးထွင်း၍ မသိနိုင်ခဲ့သော် ဗြဟ္မာ့ပြည်သို့ လားရ၏။ ရဟန်းတို့ မေတ္တာစိတ်ကို မှီဝဲအပ်သည်ရှိသော် ဤရှစ်မျိုးသော အကျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏”ဟု မိန့်တော်မူ၏။ ထို့အပြင် ထိုမေတ္တသုတ်တော်တွင် ဆက်လက်မိန့်တော်မူထားသည်မှာ

“အကြင်သူသည် အဖန်ဖန် သတိရသည်ဖြစ်၍ အတိုင်းအရှည်မရှိသော မေတ္တာတရားကို ပွားများ၏၊ ဥပဓိတရား၏ တည်ရာ မေတ္တာဈာန်ကို ရှုမြင်သော ထိုသူအား သံယောဇဉ်တို့သည် ခေါင်းပါးကုန်၏။

ဒေါသစိတ် မရှိမူ၍ သတ္တဝါ တစ်ဦးတစ်ယောက်ကိုသော်လည်း အကယ်၍ မေတ္တာပွားငြားအံ့၊ ထိုသို့ မေတ္တာပွားခြင်းကြောင့် ကုသိုလ်တရားနှင့် ပြည့်စုံရ၏၊ သတ္တဝါအားလုံးတို့ကို စိတ်ဖြင့်သနားကြင်နာခြင်းရှိသော သူတော်သူမြတ်သည် များပြားသော ကုသိုလ်တရားကို ပြုသည်မည်၏။

အကြင်ရသေ့နှင့်တူသော မင်းတို့သည် သတ္တဝါအပေါင်းနှင့် ပြည့်နှက်နေသော မြေအပြင်ကို ဒဏ်လည်းမဖက် လက်နက်လည်းမဆောင် အောင်နိုင်ကြကုန်၍ လှူဒါန်းပေးကမ်းကုန်လျက် တိုင်းသူပြည်သားတို့ အိမ်တံခါးဖွင့်၍ နေနိုင်ကြောင်းဖြစ်သော ဆယ်ခိုင့်တစ်ခိုင် အခွန်တော်ကောက်ယူခြင်း သဿမေဓ၊ အမှုထမ်းအရာထမ်းတို့အား လခရိက္ခာပေးခြင်း ပုရိသမေဓ၊ ဆင်းရဲသားတို့အား ဥစ္စာထုတ်ပေးခြင်း သမ္မာပါသ၊ ချစ်နှစ်လိုဖွယ်သော စကားကို ပြောဆိုခြင်း ဝါဇပ္ပေယျတည်းဟူသော သင်္ဂဟဝတ္ထုလေးခုတို့ဖြင့် ချီးမြှောက်ကာ အစဉ်လှည့်လည်နေကုန်၏၊ ထိုမင်းတို့၏ ထိုလှူဒါန်းပေးကမ်း ချီးမြှောက်မှုတို့သည် ကောင်းစွာပွားများအပ်သော မေတ္တာစိတ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှလည်း မမှီနိုင်ကုန်၊ ဥပမာသော်ကား အလုံးစုံသော ကြယ်တာရာ အပေါင်းတို့၏ အရောင်သည် လ၏အရောင်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှ မမှီနိုင်သကဲ့သို့တည်း။

အကြင်သူသည် သတ္တဝါအားလုံးတို့အား မေတ္တာကို ပွားများသည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မသတ်ဖြတ်၊ သူတပါးကိုလည်း မသတ်ဖြတ်စေ၊ မိမိကိုယ်တိုင်လည်း အနိုင်မယူ၊ သူတပါးကိုလည်း အနိုင်မယူစေ၊ ထိုသူအား တစ်စုံတစ်ယောက်နှင့်မျှ ရန်မရှိနိုင်” (အင်္ဂုတ္တရနိကာယ်၊ ပဌမပဏ္ဏာသက၊ မေတ္တသုတ်) ဟူ၍ ဖြစ်ပါ၏။ ဤကား ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် မိန့်တော်မူသည့် မေတ္တာဆိုင်ရာ အကျိုးအာနိသင် တရားတော်ပင် ဖြစ်ပါ၏။

ဤဒေသနာတော်အရကြည့်လျှင် မေတ္တာ၏ စွမ်းအားကို ကောင်းစွာသိနိုင်မည်ဖြစ်၏။ သူတပါးအကျိုးကို လိုလားသည့်စိတ်ဖြင့် “သတ္တဝါအားလုံး ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ခန္ဓာဝန်ကို ချမ်းသာစွာ ရွတ်ဆောင်နိုင်ပါစေ” စသဖြင့် မေတ္တာပွားများနိုင်လျှင် ပွားများနိုင်သည်နှင့်အမျှ သူတပါးလည်းချမ်းသာ မိမိလည်း ချမ်းသာမည်သာ ဖြစ်ပါ၏။ မပြောင်းလဲသည့် နိယာမ သဘောတရားအရ ကြည့်လျှင်လည်း သူတပါးအပေါ် မညှင်းစဲ၊ မနှိပ်စက်၊ အနိုင်မယူဘဲ နေလေ့ရှိသူ၊ ကြီးပွားချမ်းသာစေကြောင်း ပွားများလေ့ရှိသူအား မိမိသည် ထိုတန်ပြန်သက်ရောက်မှု အကျိုးကို မမျှော်မှန်းသော်လည်း အလိုလို ပြည့်စုံပြီးသာ ဖြစ်စေနိုင်ပေ၏။ သေချာသည်မှာ မီးသည်ရေဖြင့်ညှိမ်းလျှင် ငြိမ်းသွားသကဲ့သို့ ဒေါသသည်လည်း မေတ္တာဖြင့် ညှိမ်းလျှင်ငြိမ်းတတ်သဖြင့် ရန်လိုသူ၊ ပျက်စီးမှုကို လိုလားသူများအား မေတ္တာဖြင့်သာ ငြိမ်းအေးမှုရှိအောင် ပြုလုပ်နိုင်ကြမည် ဖြစ်ပါ၏။ ထိုကြောင့် မေတ္တာနှလုံး ကိုယ်စီသုံးလျှင် ရွှင်ပြုံးနိုင်ကြမည် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ မေတ္တာသည် သူတပါးအကျိုးကို လိုလာခြင်းဖြစ်သဖြင့် လူတိုင်းလူတိုင်း မေတ္တာစိတ်ဖြင့် အကျိုးကိုယ်စီ လိုလားနေကြမည်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ပြဿနာဖြစ်ဖွယ် အကြောင်းမရှိသကဲ့သို့ မငြိမ်းချမ်းဖွယ် အကြောင်းလည်း မရှိနိုင်သဖြင့် စစ်မှန်သည့် စိတ်စေတနာမှန်ဖြင့် မည်သူတရားပျက်ပျက် မိမိမပျက်စေရန် ကြိုးစားရင်း မေတ္တာတရားသာ များများထားကြရမည်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိက သူတပါးအပေါ် အကျိုးဖြစ်စေမှုကို ရှေ့ရှုကာ မေတ္တာထားရန် လိုသကဲ့သို့ မိမိအပေါ် သူတပါးက အကျိုးပျက်စီးစေလာလျှင်လည်း စိတ်စေတနာ မပျက်ဘဲ မှန်ကန်သည့် သစ္စာတရားဖြင့် ထိုသူတို့အား မေတ္တာသာ များများပွားပေးရန်လည်း လိုအပ်လှကြောင်း၊ အချိန်တန်လျှင် မိမိ၏မေတ္တာအစွမ်းဖြင့် မိမိ၏ပျက်စီးမှုကို ရှေရှုလိုလားသူများသည် အလိုလိုပင် စိတ်စေတနာပြောင်းကာ မိမိ၏ မေတ္တာအရိပ်အောက်တွင် သစ္စာနိမိတ်ကောက်လာကာ ချစ်သဒ္ဓါအရိပ် ရောက်လာကြမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် သူတပါးအကျိုး ပျက်စီးမှုများကို လိုလားသူများ များပြားလှသည့် ယနေ့ခေတ်တွင် သစ္စာတရားများလည်း လျော့နည်းကာ ချစ်သဒ္ဓါအားများပါ ပျောက်ပျက်လာနေပြီး မေတ္တာတရားပါ ခေါင်းပါးလာနေသဖြင့် အများတရားပျက်သော်လည်း မိမိမပျက်အောင်၊ အများကို မပြုပြင်ခင် မိမိကိုယ်ကိုမိမိ ရှေးဦးစွာ ပြုပြင်ကာ သူတပါးကိုလည်း တန်ပြန်ပြုပြင်နိုင်အောင် သူတပါးအကျိုးကို လိုလားခြင်း မေတ္တာဓာတ်များဖြင့် တစ်ဦးအပေါ်တစ်ဦး ငြိမ်းချမ်းရာမှ အများတကာ ငြိမ်းချမ်းရာသို့ လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရင်း မေတ္တာနှလုံး ကိုယ်စီသုံးနိုင်အောင်သာ ကျင့်ကြံအားထုတ်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday 28 December 2011

"နိဗ္ဗာန် ဟူသောတရားသည် တကယ်ပင် ရှိပါသလား"

နိဗ္ဗာန် ဟူသောတရားသည် တကယ်ပင် ရှိပါသလားဘုရား။ အကယ်၍ ရှိပါက ထိုတရားသည် အဘယ်မှာနည်း။ မည်သည့် တရားနှင့်တူပါသနည်း ဘုရား။
(မေးမြန်းလျှောက်ထားသူ - ဘုံဘိုင်မြို့ ပွဲစားကြီး မစ္စတာလက်(က်)ဒါဝါးလားဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)


ဆရာတော်အရှင်အရိယဓမ္မ။ ဒကာကြီးရဲ့အမေးပုစ္ဆာဟာ တချက်ခုတ် သုံးချက်ပြတ် မေးခွန်းပဲ၊ ဒကာကြီးရဲ့မေးခွန်းကို ဖြေရာမှာ ဦးပဉ္ဇင်းဟာ တာဝန်သုံးခုကို တခါတည်း ထမ်းဆောင်ရလိမ့်မယ်။
ပထမတာဝန်က နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိကြောင်း ပြဖို့ဖြစ်တယ်။
ဒုတိယ တာဝန်ကတော့ နိဗ္ဗာန်ဟာ ဘယ်နေရာမှာရှိတယ် ဆိုတာ ပြဖို့ဖြစ်တယ်။
တတိယ တာဝန်ကတော့ နိဗ္ဗာန်ရဲ့ အသွင်အပြင်လက္ခဏာကို ဖော်ထုတ်ပြဖို့ ဖြစ်တယ်။
ပထမဆုံးတာဝန်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိကြောင်းပြဖို့ရာ ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်ပြီးမေးရလိမ့်ဦး မယ်။ ကဲ ဒကာကြီးကလည်း ဖြေပါဦး။
ဆရာတော်။   ယနေ့ ကမ္ဘာပေါ်မှာ ရှိနေကြတဲ့လူတွေအားလုံးဟာ အသက်တရာထိအောင် နေကြရပါ့မလား။
ဝါးလား။   အသက်တရာထိအောင် နေကြရမှာ မဟုတ်ပါဘူး ဆရာတော်။
ဆရာတော်။   သူတို့တတွေ ဘာဖြစ်ကုန်ကြပါမလဲ ဒကာကြီး။
ဤတွင် ဆရာတော်က သင်ပုန်းပေါ်၌ တဖက်မှ နိဗ္ဗာန်ဟူသောတရား တကယ်တမ်းတည်ရှိနေပုံနှင့် အခြားတဖက်မှ စကြာဝဠာကြီးနှင့်တကွ ဤစကြာဝဠာကြီးပေါ်တွင် ရှိရှိသမျှသော သတ္တဝါတို့၏ မတည်မမြဲဖောက်ပြန်တတ်သည့် သဘောတို့ကို အောက်ပါအတိုင်း နှိုင်းယှဉ်ရေးသားပြပါသည်။
စကြာဝဠာကြီး    နှင့်    ဆန့်ကျင်ဘက်နိဗ္ဗာန်
၁။ သေခြင်းတရား ရှိ၏။ ၁။ သေခြင်းတရား မရှိ။
၂။ အိုခြင်းတရား ရှိ၏။ ၂။ အိုခြင်းတရား မရှိ။
၃။ နာခြင်းတရား ရှိ၏။ ၃။ နာခြင်းတရား မရှိ။
၎။ ဒုက္ခနှင့်ဆင်းရဲခြင်း ရှိ၏။ ၄။ ဒုက္ခနှင့်ဆင်းရဲခြင်းတို့မှ ကင်းငြိမ်းသည့် တကယ့် ချမ်းသာသုခ ရှိ၏။
၅။ မတည်မြဲ။ ၅။ တည်မြဲ၏။
၆။ စိတ်နှင့်ကံတို့၏ ဖန်ဆင်းမှု။ ၆။ စိတ်နှင့်ကံတို့က မဖန်ဆင်း။ (အသင်္ခတဓာတ်)
၇။ ပျက်စီး၏။ (အနိစ္စ) ၇။ မပျက်စီးနိုင်။ (နိစ္စ)
၈။ အစအဆုံးရှိ၏။ (အာဒိအနန္တ) ၈။ အစအဆုံး မရှိ။ (အနာဒိအနန္တ)
၉။ မသန့်ရှင်းချေ။ ၉။ သန့်ရှင်း၏။
၁၀။ မွေးဖွားကြရ၏။ (ဇာတိ) ၁၀။ မွေးဖွားကြရခြင်းမရှိ (အဇာတိ)
၁၁။ မသိမမြင်ခြင်း၊ စွဲလမ်းခြင်း၊
လိုချင်တပ်မက်ခြင်း၊ စိတ်ဆိုးခြင်း၊
ကြမ်းတမ်းခြင်း၊ ရန်ငြိုးဖွဲ့ခြင်း
စသည့် တရားများ ရှိ၏။
(အဝိဇ္ဇာ၊ ဥပါဒါန်၊ လောဘ၊ ဒေါသ)
၁၁။ ဤတရားများ အားလုံးမှ ကင်းစင်၏။
၁၂။ သံယောဇဉ်ကြိုး (၁၀)ချောင်းဖြင့် နှောင်ဖွဲ့ထား၏။ ၁၂။ မည်သည့် သံယောဇဉ်ကြိုးမျှ မရှိ။
၁၃။ အနှောင်အဖွဲ့ ရှိ၏။ ၁၃။ လွတ်လပ်၏။
၁၄။ သံသရာအတွင်း၌ ရှိ၏။ ၁၄။ သံသရာမှ လွတ်မြောက်၏။
၁၅။ အရသာများ ရှိ၏။ ၁၅။ လွတ်မြောက်သည့်အရသာ တခုတည်းသာ ရှိ၏။
၁၆။ အာသာပြေမှု မရှိ။ ၁၆။ အာသာပြေလျက် ရှိ၏။
၁၇။ ချိုးနှိမ်၍ ရ၏။ (သံဝရသဘော ရှိ၏) ၁၇။ ချိုးနှိမ်၍ မရ။ (အသံဝရသဘော ရှိ၏)
၁၈။ အကန့်အသတ် ရှိ၏။ ၁၈။ အကန့်အသတ် မရှိ
၁၉။ ခံစားခြင်း (ဝေဒနာ)နှင့် တပ်မက်ခြင်း (တဏှာ)တရားတို့ဖြင့် အီနေ၏။ ၁၉။ ဝေဒနာနှင့် တဏှာတရားတို့မှ လွတ်မြောက်၏။
၂၀။ တကယ်မရှိ (ပရမတ်မဟုတ်၊ မမြဲ) ၂၀။ တကယ်ရှိ၏။ (ပရမတ်)၊ မြဲ၏။
၂၁။ စကြာဝဠာသည် တကယ်မရှိ ၂၁။ နိဗ္ဗာန်သည် တကယ်ရှိ၏။

ဆရာတော်။   (အထက်ပါအတိုင်း သင်ပုန်းကြီးပေါ်၌ ရေးသားပြပြီးနောက် ...) ကဲ ဒကာကြီး၊ အခု ဦးပဉ္ဇင်း ရေးပြထား တဲ့ ဆန်းစစ်ချက်အရ နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်တမ်းရှိတယ်ဆိုတာကို လက်ခံနိုင်ရဲ့လား။
ဝါးလား။   နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိတယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့ ဆရာတော် ရှင်းပြတဲ့အချက်အားလုံး ကို တပည့်တော်လက်ခံပါတယ်။ ဒါပေမယ့် သတ္တဝါတွေမှာ ဇာတိတရားချုပ်ငြိမ်းသွားရတယ် ဆိုတဲ့အချက်ကိုတော့ တပည့်တော် ဦးခေါင်းထဲမှာ မရှင်းသေးဘဲ ဖြစ်နေပါတယ် ဆရာတော်။
ဆရာတော်။   ဒါဖြင့် ဦးပဉ္ဇင်းက ရှင်းပြရသေးတာပေါ့။ ဒကာကြီး၊ မွေးဖွားခြင်း (ဇာတိတရား) ဆိုတာဟာ သေခြင်းရဲ့ အကြောင်းတရားပဲ။ နိဗ္ဗာန်ရောက်ပြီးမှ သတ္တဝါတဦးဦးဟာ ဖွားရဦးမယ်ဆိုရင် ထိုသတ္တဝါဟာ သေရမှာအမှန်ဖြစ်တယ်။ အဲဒီလို သေခြင်းတရားရှိနေရင် နိဗ္ဗာန်ဟာ မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့တရားတွေ ချုပ်ငြိမ်းရာ တရား မဟုတ်တော့ဘူး။ မြစ်တစင်းဟာ မြစ်ဖျားခံရာဒေသမှာ မွေးဖွားပြီး မြစ်ဝအထိဟာ ဒီမြစ်ရဲ့ တသက်တာဘဝပဲ။ ဒီနည်း အတိုင်းပဲ သတ္တဝါတဦးဦးရဲ့ ဘဝတသက်တာဟာ မွေးဖွားတဲ့အခါက စပြီး သေတဲ့အခါမှာ အဆုံးသတ်ရတယ်။ ဒါကြောင့် နိဗ္ဗာန်ဆိုတဲ့တရားထဲမှာ မွေးဖွားခြင်းဆိုတဲ့တရား မရှိတော့ဘူး။ မွေးဖွားခြင်းနဲ့ သေခြင်းဟာ ကြိုးတချောင်း ထဲပဲ။ အစတဖက်က မွေးဖွားခြင်းဆိုတာဖြစ်ပြီး ကျန်အစတဖက်က သေခြင်းပဲ။ သည့်ပြင် အချက်တချက်လည်း ရှိသေး တယ်။ အဲဒါက မွေးဖွားခြင်းနဲ့ သေခြင်းတို့ဟာ ဒုက္ခတရားတွေလည်းဖြစ်တယ်။ မြဲလည်းမြဲတဲ့တရားတွေ မဟုတ်ကြဘူး ဒကာကြီး။
ဝါးလား။   ဆရာတော်ရဲ့ ရှင်းလင်းချက်ဖြင့် မွေးဖွားခြင်းနဲ့ သေခြင်းတရားတို့အကြောင်းကို တပည့်တော် ရှင်းရှင်း လင်းလင်း နားလည်ပါပြီ ဆရာတော်။ နိဗ္ဗာန်ဆိုတဲ့ တရားဟာလည်း မွေးဖွားခြင်း၊ သေခြင်းဆိုတဲ့ တရားတို့ရဲ့ ကင်းငြိမ်း ရာ ဖြစ်တယ် ဆိုတာကိုလည်း သိမြင်နားလည်ပါပြီ ဆရာတော်။
ဆရာတော်။   အခု ဒကာကြီးက နိဗ္ဗာန်ဆိုတဲ့တရားဟာ အဟုတ်အမှန်ရှိကြောင်းကို ယုံယုံကြည်ကြည်နဲ့ လက်ခံပါပြီ ဆိုတော့ ဦးပဉ္ဇင်းက နိဗ္ဗာန်ဆိုတဲ့တရားဟာ ဘယ်နေရာမှာရှိပါသလဲ ဆိုတဲ့ ဒုတိယအဆင့် မေးခွန်းကို ဖြေကြားရ ဦးမယ်။
အထက်က ဦးပဉ္ဇင်း ရှင်းလင်းပြခဲ့တဲ့ အချက်အလက်များအရ နိဗ္ဗာန်ဆိုတဲ့တရား ကိန်းဝပ်ဖို့ နေရာဌာန ရှိလို့မဖြစ်တော့ ဘူး။ အကယ်၍ နေရာဌာနတခုရှိခဲ့လျှင် ထိုနေရာဌာနရဲ့ မူလဗီဇတရား ရှိရမယ်။ မူလဗီဇတရား ရှိတာနဲ့တပြိုင်နက် ထိုတရားဟာ ပျက်စီးချုပ်ငြိမ်းသွားရမယ်။ အမှန်ကတော့ နိဗ္ဗာန်ဆိုတဲ့တရားဟာ ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဆိုတဲ့ မဟာဘုတ်ကြီး (၄)ပါးနဲ့ ဘာမျှ မပတ်သက်ဘူး။ ကင်းလွတ်တယ်။ ဒီ မဟာဘုတ်ကြီး (၄)ပါးနဲ့ ကင်းလွတ်လိုက် တာနဲ့ တပြိုင်နက် ဘာတရားမျှ မရှိဘူး။ ဘာရုပ်ဝတ္ထုမျှ မရှိဘူး။ ဘာအသွင်သဏ္ဌာန်မှလည်း မရှိဘူး။ ဘယ်နေရာဌာန မှလည်း မရှိဘူး။ ဒီ မဟာဘုတ်ကြီး (၄)ပါး စုပေါင်းဖြစ်ပေါ်ရတဲ့တရားဟူသမျှမှာ ပျက်စီးချုပ်ငြိမ်းရတာချည်းပဲ။ ဘာပြု လို့လဲ ဆိုတော့ စတင်ဖြစ်ပေါ်ခြင်း (ဇာတိ)၊ တိုးတက်ဖွံ့ဖြိုးခြင်း၊ ပျက်စီးယိုယွင်းခြင်း၊ ချုပ်ငြိမ်းခြင်း ဆိုတဲ့ တရားတွေ ဟာ ဒီ မဟာဘုတ်ကြီး (၄)ပါးတို့ရဲ့ မူလဗီဇက ပါလာတဲ့ သဘောတွေဖြစ်လို့ပဲ ဒကာကြီး။ ဒါကိုကြည့်ခြင်းအားဖြင့် နိဗ္ဗာန် ဆိုတဲ့တရား တည်ရှိဖို့အတွက် နေရာဌာနဆိုတာ မလိုဘူး ဆိုတဲ့အချက်ဟာ ထင်ရှားသွားပြီ ဒကာကြီး။
ဝါးလား။   ဒီလို နိဗ္ဗာန်ဆိုတဲ့တရား ကိန်းဝပ်ဖို့ နေရာဌာနရယ်လို့မရှိရင် ဒီတရားဟာ ဘယ်လိုလုပ်ပြီး ရှိနိုင်ပါ့မလဲ ဘုရား။
ဆရာတော်။   ကဲ ဒါဖြင့်ရင် ဒကာကြီးကို ဦးပဉ္ဇင်းက ပြန်မေးရဦးမယ်။
ဝါးလား။   မှန်ပါ့ ဆရာတော်။
ဆရာတော်။   လောကမှာ "ဉာဏ်ပညာ" ဆိုတဲ့တရား ရှိပါသလား ဒကာကြီး။
ဝါးလား။   ရှိပါတယ် ဆရာတော်။
ဆရာတော်။   ဒကာကြီး ဒီ "ဉာဏ်ပညာ" ဆိုတဲ့တရားကို မြင်ဖူးသလား။
ဝါးလား။   မမြင်ဖူးပါဘူး ဆရာတော်။ ဒီတရားဟာ မမြင်နိုင်၊ မမြင်အပ်တဲ့ တရားပါ ဆရာတော်။
ဆရာတော်။   ဒါဖြင့်ရင် ဒီ "ဉာဏ်ပညာ" ဆိုတဲ့တရားဟာ ရှိတယ်လို့ ဒကာကြီး ဘယ်လိုလုပ်ပြီး သိပါသလဲ။
ဝါးလား။   "ဉာဏ်ပညာ" ဆိုတဲ့တရားကို စိတ်အာရုံနဲ့ သညာသဘောနဲ့ သိပါတယ် ဆရာတော်။
ဆရာတော်။   "ဉာဏ်ပညာ" ဆိုတဲ့တရားဟာ အဘယ်အရပ်၊ အဘယ်ဒေသမှာ ကိန်းဝပ်ပါသလဲ ဒကာကြီး။
ဝါးလား။   "ဉာဏ်ပညာ" ဆိုတဲ့တရားဟာ ဘယ်နေရာ၊ ဘယ်ဌာနမှ မကိန်းဝပ်ပါဘူး ဘုရား။ ဒါပေမယ့် ဒီတရားဟာ ပေါ်ပေါက်လိုက်၊ ပျောက်ကွယ်လိုက်၊ တဖန်ပေါ်ပေါက်လိုက်နဲ့ အစဉ်တစိုက် ဖြစ်ပျက်နေပါတယ် ဘုရား။
ဆရာတော်။   "လေ" ဆိုတဲ့ တရားဟာ ရှိသလား။
ဝါးလား။   "လေ" ဆိုတဲ့ တရားဟာရှိပါတယ်။ ဒီ လေဆိုတဲ့တရားမရှိဘဲနဲ့ တပည့်တော်တို့ဟာ အသက်ရှင် မနေနိုင် ပါဘူး ဆရာတော်။
ဆရာတော်။   ဒကာကြီး လေ ကိုမြင်ရသလား။
ဝါးလား။   မမြင်ရပါဘူး ဆရာတော်။ လေဟာ မြင်နိုင်တဲ့တရား မဟုတ်ပါဘူး။
ဆရာတော်။   လေ ဟာရှိတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိအောင် လုပ်သလဲ ဒကာကြီး။
ဝါးလား။   လေကို တပည့်တော်ရဲ့ခန္ဓာကိုယ်အတွင်းမှာရော၊ အပြင်မှာပါ လေရဲ့အားကို စမ်းသပ်တွေ့ထိခြင်းအားဖြင့် လေဆိုတဲ့တရားဟာ တကယ်ရှိတယ်ဆိုတာ သိရပါတယ် ဆရာတော်။
ဆရာတော်။   ဒါဖြင့် "လေ" ဟာ ဘယ်မှာ ကိန်းဝပ်နေသလဲ ဒကာကြီး။
ဝါးလား။   "ဉာဏ်ပညာ" ဆိုတဲ့တရားလိုပါပဲ ဆရာတော်။ လေဟာလည်း အဆက်မပြတ် ဖြစ်ပေါ်ကွယ်ပျောက် နေတဲ့ တရားပါပဲ ဘုရား။
ဆရာတော်။   "ဉာဏ်ပညာ" တို့၊ "လေ" တို့ဆိုတဲ့တရားတွေဟာ တကယ်တမ်းရှိပါလျက်နဲ့ ဘယ်နေရာ ဘယ်ဒေသမှာ ကိန်းဝပ်လျက်ရှိတယ်လို့ မပြနိုင်သလိုပဲ နိဗ္ဗာန်ဆိုတဲ့ တရားဟာလည်း တကယ်ရှိသော်လည်း ဘယ်နေရာ၊ ဘယ်ဒေသ မှာ ကိန်းဝပ်တယ်လို့ မပြနိုင်ဘူး ဒကာကြီး။ "ဉာဏ်ပညာ" ဆိုတဲ့တရား နဲ့ "လေ" ဆိုတဲ့တရားတို့ တကယ်တမ်းရှိတယ် ဆိုတာကို အာရုံခံစားခြင်း၊ တွေ့ထိခြင်း ဆိုတဲ့ သဘောတို့နဲ့သာ သိနိုင် နားလည်နိုင်သလို နိဗ္ဗာန် ဆိုတဲ့တရားဟာ တကယ်ရှိတယ် ဆိုတာကိုလည်း အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ရနေကြတဲ့ ပုဂ္ဂိုလ်များရဲ့ လောကုတ္တရာဉာဏ်၊ အာသဝက္ခယဉာဏ် တို့ဖြင့်သာ သိမြင်နားလည်နိုင်တယ်။ ကဲ ဒကာကြီး၊ ကျေနပ်ပြီလား။
ဝါးလား။   ကျေနပ်ပါပြီ ဆရာတော်။ "ဉာဏ်ပညာ" နဲ့ "လေ" ဆိုတဲ့ တရားတွေလိုပဲ နိဗ္ဗာန် ဆိုတဲ့တရားဟာ တကယ်ရှိသော်လည်း ဘယ်နေရာ ဘယ်ဌာနမှာ ကိန်းဝပ်တယ်လို့ ပြလို့မဖြစ်နိုင်တာကိုလည်း သဘောပေါက်ပါပြီ ဆရာတော်။
ဆရာတော်။   ကဲ ဒုတိယပြဿနာ ရှင်းသွားပြီဆိုရင် တတိယပြဿနာဖြစ်တဲ့ နိဗ္ဗာန်ဟာ မည်သည့်တရားနဲ့ တူပါသလဲ ဆိုတဲ့ အချက်ကို ဆက်ရှင်းကြရလိမ့်ဦးမယ်။ နိဗ္ဗာန်ဆိုတဲ့တရားဟာ အထက်က ရှင်းပြခဲ့သလိုပဲ ဒီလောကကြီးနဲ့ သတ္တိ၊ အရည်အချင်း၊ အသွင်အပြင်၊ ဂုဏ်လက္ခဏာတို့မှစ၍ ဘယ်ဖက်ကမှ မတူဘဲ လုံးလုံးဆန့်ကျင်နေတဲ့တရား ဖြစ်နေလေ တော့ နိဗ္ဗာန်ကို ယခုတွေ့မြင်နေကြတဲ့ အရာဝတ္ထုတွေ၊ ရုပ်ဝတ္ထုတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်ပြလို့တော့ မဖြစ်ပေဘူး ဒကာကြီးရဲ့။ ဒါပေမယ့် ဥပမာကလေးတခုနဲ့တော့ ရှင်းပြရလိမ့်မယ်။ ဒကာကြီး နားထောင်ပေတော့။
ဝါးလား။   မှန်ပါ၊ နာလျက်ပါ ဆရာတော်။
ဆရာတော်။   ရှေးက ဘုရင်ကြီးတပါးရှိသတဲ့။ ဒီဘုရင်ကြီးဟာ အခြားဘုရင်အဆူဆူက ကြောက်ရွံ့ရိုသေပြီး လက်ဆောင် ပဏ္ဏာတွေ ကြို့ရလောက်အောင် ဘုန်းတန်ခိုးကြီးသတဲ့။ ရွှေ၊ ငွေ ကျောက်သံပတ္တမြားတွေဆိုတာကလဲ ခန့်မှန်းရေတွက်လို့ မရနိုင်အောင် ပေါသတဲ့။ စစ်သည်အင်အားကလည်း အလွန်ကြီးမားတောင့်တင်းသတဲ့။ သူ့ကို လုပ် ကျွေးပြုစုကြတဲ့ မောင်းမမိဿံကလည်း ထောင်သောင်းမကဘူးတဲ့။ အချက်အပြုတ် အကျော်အမော်တွေကလည်း ရသာမျိုးစုံတဲ့ ခဲဘွယ်ဘောဇဉ် ချိုချဉ် ယမကာတွေကို အမျိုးပေါင်းမရေမတွက်နိုင်အောင် စီမံပြီး ပွဲတော်များ ဆက်သ ကြရသတဲ့။ ဒီလို အမျိုးမျိုးသော စည်းစိမ်ချမ်းသာတွေကို ခံစားစံစားနေရတဲ့ ဘုရင်ကြီးဟာ တနေ့ကျတော့ ကုဋ္ဌနူနာ ရောဂါစွဲကပ်လာသတဲ့။ ဒီရောဂါစွဲကပ်လာတာနဲ့တပြိုင်နက် ဘုရင်ကြီးဟာ အထက်ကပြောခဲ့တဲ့ စည်းစိမ်တွေကိုလည်း မခံစားနိုင်တော့ဘူး။ မောင်းမမိဿံတွေနဲ့လည်း မပျော်ပါးနိုင်တော့ဘူး။ နောက်ဆုံး အာရုံငါးပါးမှာ ဘယ်အာရုံမှ မခံစား နိုင်တော့ဘူး။ ဒီစက်ဆုပ်ရွံရှာဖွယ်ကောင်းလှတဲ့ ရောဂါအတွက် အချိန်ရှိသရွေ့ စိတ်နှလုံး ဆင်းရဲနွမ်းနယ် နေရသတဲ့။ နောက်ဆုံးတော့ ဘုရင်ကြီးဟာ ကျန်းမာရေးနဲ့ ထီးနန်းစည်းစိမ်ကို လဲပစ်ရသည်အထိ ကျန်းမာအောင် လုပ်မယ် ဆိုပြီး သံန္နိဋ္ဌာန် ချလိုက်သတဲ့။ အဲဒီလို သံန္နိဋ္ဌာန် ချပြီးတဲ့နောက် "ဘယ်သူမဆို သူ၏ရောဂါကို ပျောက်ကင်းအောင် ကုသနိုင် လို့ရှိရင် ထီးနန်းစည်းစိမ်နှင့်တကွ သူ့ရဲ့ရတနာရွှေငွေ တွေကိုပါ ဆုလာဘ်အဖြစ်နဲ့ ရလိမ့်မယ်" လို့ တိုင်းပြည်အတွင်း ကျေညာလိုက်သတဲ့။ သူကိုယ်တိုင်ကတော့ ရောဂါဝေဒနာ ကင်းရှင်းသွားပြီး အရင်ကလို ကျန်းမာလာတာနဲ့တပြိုင်နက် ထီးနန်းကိုစွန့်ပြီး ရသေ့အသွင်နဲ့ တောရမှီးနေတော့မယ် လို့ စိတ်ကိုပိုင်းဖြတ်ထားသတဲ့။ ဒီလိုကျေညာလိုက်တော့ တိုင်းပြည်အတွင်း အလွန်နာမည်ထင်ရှား ကျော်ကြားလှတဲ့ သမားတော်ကြီးတွေဟာ ဘုရင့်ရောဂါကို လာရောက်ကုသ ကြသတဲ့။ ဒါပေမယ့် သမားတော်ကြီးများစွာဟာ ဘုရင်ကြီးရဲ့ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ကြရှာဘူးတဲ့။ နောက်ဆုံး သမားတော်ကြီးတဆူရောက်လာပြီး ဘုရင်ကြီးရဲ့ရောဂါကို "သုံးလနဲ့ပျောက်ကင်းအောင် ကုသနိုင်ပါတယ်၊ တကယ်လို့ သုံးလနဲ့ပျောက်ကင်းရင် အရှင်မင်းမြတ် ကတိထားတော်မူတဲ့အတိုင်း ထီးနန်းကိုသာပေးပါ။ မပျောက်ရင် ကျွန်တော်မျိုးရဲ့ ဦးခေါင်းကို ဖြတ်ပစ်ပါဘုရား" လို့ လျှောက်ထားပြီး ကုသ သတဲ့။
ဒီသမားတော်ကြီးဟာ တကယ့်ကို ကျွမ်းကျင်တတ်မြောက်တဲ့ သမားတော်ကြီးဆိုတော့ ပြောတဲ့အတိုင်းပဲ သုံးလလည်း ကြာရော ဘုရင်ကြီးဟာ ပကတိအတိုင်းကျန်းမာသွားသတဲ့။ ရောဂါနဲ့ပတ်သက်လို့ ဘာအငုတ်အရင်းမှ မရှိတော့ဘူးတဲ့၊ ဒါနဲ့ ဘုရင်ကြီးက သူ့ကတိအတိုင်း ထီးနန်းနှင့်တကွ ရတနာရွှေငွေတွေကို သမားတော်ကြီးလက်ထဲအပ်ပြီး တောထွက် ကာ ရသေ့ဘ၀နဲ့ သစ်တပင်ရင်း ဝါးတပင်အောက်မှာ ကျောင်းသင်္ခမ်းကလေးဆောက်ပြီး တရားကျင့်နေသတဲ့။ သူ့ရဲ့ စိတ်ဓာတ်ဟာလည်း ချမ်းသာသုခနဲ့ အလွန်ပြည့်စုံနေသတဲ့။ ဒီတော့ ဘုရင်ကြီးဟာ ထီးနန်းစည်းစိမ်နဲ့တကွ ရတနာ ရွှေငွေတွေထက် ကျန်းမာရေးဟာ တကယ်ကျတော့ တယ်ပြီး အဘိုးတန်ပါကလားလို့ ကိုယ်တွေ့သိမြင်နားလည်လာပြီး "အော် ... လောကတွင် ကျန်းမာခြင်းထက် အဘိုးတန်တဲ့ရတနာကား မရှိချေတကား" လို့ ဥဒါန်းကျူးလိုက်သတဲ့။
(ထိုနောက် ဆရာတော်က မစ္စတာ လက်ကဒါ ဝါးလားအား ...)
ကဲ ဒကာကြီး၊ တကယ်ပဲ ကျန်းမာခြင်းဆိုတဲ့ တရားဟာ ဒီဘုရင်ကြီး ဥဒါန်းကျူးသလို လူတဦးတယောက်အား စိတ် ဓာတ်အားဖြင့် ချမ်းသာသုခနဲ့ ပြည့်စုံအောင် ဖန်တီးနိုင်ရဲ့လား။ ဒီတရားဟာ အမှန်ကော ရှိရဲ့လား။
ဝါးလား။   ဒီဘုရင်ကြီးပြောသလို တကယ်ပဲ လူတွေရဲ့ စိတ်ဓာတ်ကို ချမ်းသာသုခပေးနိုင်တဲ့၊ အဘိုးဖြတ်လို့မရ ကောင်းတဲ့ ကျန်းမာခြင်းဆိုတဲ့တရားရှိကြောင်းကို ကိုယ်တိုင်အတွေ့အကြုံနဲ့ ဝန်ခံပါတယ် ဆရာတော်။
ဆရာတော်။   ကဲ ဒါဖြင့် ဒီကျန်းမာခြင်းဆိုတဲ့တရားဟာ ဘယ်လို ပုံပန်းသဏ္ဌာန်ရှိတယ်ဆိုတာကို ဒကာကြီး ပြောပြနိုင် ပါ့မလား။
ဝါးလား။   ဒီကျန်းမာခြင်းဆိုတဲ့တရားမှာ အသွင်သဏ္ဌာန် ရုပ်ဒြပ်ရယ်လို့ မျက်စိနဲ့ကြည့်လို့တော့ မမြင်ရပါဘူး ဘုရား။ ဒါပေမယ့် ဒီတရားရဲ့ အကျိုးကျေးဇူးကိုတော့ ဘယ်သူမျှ မငြင်းပယ်နိုင်ပါဘူး ဘုရား။
ဆရာတော်။   အဲ ဒကာကြီး ပြောတဲ့အတိုင်း ကျန်းမာခြင်းဆိုတဲ့တရားဟာ တကယ်ရှိပြီး ဒီတရားရဲ့အကျိုးကျေးဇူးကို လူသားတွေဟာ ခံစားနေရသော်လည်း ဘယ်သူကမျှ ကျန်းမာခြင်းဆိုတဲ့တရားဟာ ဘာနဲ့တူတယ်၊ ဘယ်လိုကိုင်တွယ် စမ်းသပ်လို့ရတယ်၊ ဘယ်လိုအဘိုးတန်တယ်ဆိုတာကို ကိုင်တွယ်ပြသလို့ မဖြစ်သလိုဘဲ နိဗ္ဗာန်ဆိုတဲ့တရားဟာလည်း စကြာဝဠာကြီးအတွင်းမှာရှိတဲ့ သတ္တဝါအနန္တတို့ ခံစားနေကြရတဲ့ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း ဆိုတဲ့ ဆင်းရဲဒုက္ခတွေနဲ့တကွ အခြား ဒုက္ခတွေကပါ လွတ်ငြိမ်းအောင် ဖန်တီးနိုင်တာကတော့မှန်ပါတယ်။ ဒါပေမယ့် ဒီ နိဗ္ဗာန်ဆိုတဲ့တရားဟာ ဖြူတယ်၊ ဝါတယ်၊ နီတယ်၊ ညိုတယ်လို့လည်း ပြောပြလို့ မဖြစ်နိုင်ဘူး။ လုံးတယ်၊ ပြားတယ်၊ ရှည်တယ်၊ တိုတယ်လို့လည်း ပြောပြလို့ မဖြစ်ဘူး။ ဒီတရားကို ရတဲ့လူမှပဲ ကိုယ်တိုင်တွေ့ကြုံခံစားပြီး သိအပ်တဲ့ တရားပဲ ဒကာကြီးရဲ့။ ကဲ နိဗ္ဗာန်ဟာ ဘယ်လိုအဆင်းသဏ္ဌာန်နဲ့ ပြည့်စုံသလဲဆိုတဲ့ ဒကာကြီးရဲ့ ပုစ္ဆာနဲ့ပတ်သက်ပြီး ဒကာကြီး ရှင်းသွားပြီလား။
ဝါးလား။   မှန်ပါ၊ ဆရာတော် ယခုပြလိုက်တဲ့ ဥပမာနဲ့ပဲ ရှင်းသွားပါပြီ ဆရာတော်။

ထိုနောက် တရားနာပရိဿတ်က သာဓုအနုမောဓနာ ခေါ်ကြလေသည်။
>>>ဆက်ဖတ်ရန်>>> >>

Tuesday 27 December 2011

ဓမ္မနှင့်ဖြည့်စေချင်

လူ့လောကကြီးမှာအသက်ရှင်ပြီးတော့နေထိုင်ကြတဲ့လူတွေအားလုံးဟာဘာတွေဖြစ်နေသလဲဆိုရင်ဖြင့် ရင်ထဲမှာ ပူလောင်နေကြတယ် ဒါကို အေးစေဖို့ အအေးဓာတ်ဆိုတာတွေလိုနေပါတယ်။ ရေဆာနေတဲ့ လူတွေအတွက် ရေလိုနေသလိုဗိုက်ဆာနေတဲ့လူတွေအတွက် အစားအစာတွေလိုနေတယ်ဆာလောင်နေတဲ့လူတွေအတွက် အစာလိုနေတယ်။ တောင်းဆိုမှုတွေက များနေပြီးတော့ လိုအပ်နေတာတွေကိုဖြင့် မဖြည့်နိုင်ရင် ဒါဟာပြဿနာပဲမဟုပ်လား။ ဖြည့်ပေးနိုင်ရင်တော့ ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး။ ဘုရားဟောပါဠိတော်ကတော့ “သဗ္ဗောလောကော ဦနော ” လိုဆိုပါတယ်တစ်လောကလုံးဟာ မပြည့်ဘူး လိုနေတယ်တဲ့။ ကမ္ဘာ့ကြီးရဲ့လိုအပ်ချက်တွေကိဦးဇင်းတို့ရဲု့ ဗုဒ္ဓဘာသာရှုဒေါင့်ကနေဘာနဲ့ ဖြည့်ကြည့်ပေးရင်ကောင်းမလဲဆိုရင်တော့ “ဓမ္မ”နဲ့ ဖြည့်ရမယ် ဓမ္မနဲ့ ဖြည့်မှ တကယ်ပြည့်မှာ၊ ဥစ္စာပစ္စည်းတွေနဲ့ ဖြည့်လို့ကတော့ ဘယ်တော့များမှ ပြည့်တော့မှာ မဟုတ်ပါဘူး။ ငွေလိုနေကြတဲ့ လူကို ငွေပေးလိုက်ရင်ရွှေထပ်တောင်းမှာပဲမလား ကားလိုတဲ့လူတွေကို ကားပေးလိုက်တော့ လည်းလေယာဉ်ပျံကြီးလို့မှာပဲ၊ ရွှေပေးလိုက်ပြန်ရင်လည်းထပ်ပြိးတော့နောက်စိန်ထပ်တောင်းမှာပဲ စသည်ဖြင့်ပေါ့ လိုအပ်တာတွေကတစ်ခုပြီးတစ်ခု ထပ်ထပ်ပြီးတော့တောင်းနေကြမှာပဲ၊ လူတိုင်းရဲ့ လောဘတို့သည်ကားဘယ်တော့မှာ ပြည့်စုံတယ်ရယ်လို့ မရှိကြပါဘူးအလိုမပြည့်သမျှကာလပတ်လုံးသည် ဒုက္ခ… လိုချင်မှုများလာလေလေ ဒုက္ခများလာလေလေပဲ၊ ကောင်းကင်က မိုးရေ ဘယ်လိုပဲ ရွာချရွာချ နေပါစေပင်လယ် သမုဒ္ဒရာကြီးက ပြည့်သွားတယ်ရယ်လို့ရိုးထုံးစံမရှိသလို လောဘတို့မည်သည်မှာလည်း ပဲမလိုချငတော့်ဘူးဆိုတာ မရှိကြပါဘူး။ ဦးဇင်းကတော့တစ်ခု စဉ်းစားမိတယ် အခုက ကမ္ဘာကြီးမှာလူဦးရေ သုံးပုံနှစ်ပုံလောက်က အမျိုးသမီးတွေဖြစ်နေကြတယ်ယောင်္ကျားတွေက တဖြည်းဖြည်းနဲ့ နည်းနည်းပြီးတော့လာတယ်။ နောင်နှစ်ပေါင်း တစ်ရာလောက် ဒီအတိုင်းသွားနေမယ်ဆိုရင် မိန်းမဦးရေ ပိုများလာပြီးတော့ ယောင်္ကျားဦးရေလျော့လာမယ်ထင်တယ် ဒီတော့ လျှော့နည်းသွားကြတဲ့ ယောင်္ကျားတွေရဲ့နေရာမှာ မိန်းမတွေကို ဘယ်လို အစားထိုးရမလဲ အရည်အချင်းမှီလာအာင် ဘယ်လို ပြုပြင်ပေးမလဲ ဆိုတာတွေက ပို၍စိတ်ဝင်စားစရာကောင်းနေပါတယ်။ လိုအပ်နေကြတဲ့ကွက်လပ်တွေကို ဖြည့်ဆည်းပေးဖို့ စဉ်းစားမိကြဖို့လိုပါတယ်၊ အခုခေတ်လူငယ်တွေရော ခေါင်းဆောင်လူကြီးတွေပါ စဉ်းစားဖို့လိုပါတယ်။ လိုအပ်ချက်တွေကို ကြိုတင်မဖြည့်စွက်နိုင်ကြရင်တောင်းဆိုလာကြမှာပါ။ လိုအပ်နေတယ်ဆိုတာကို ဆွဲထုတ်နိုင်မှ လိုအပ်တာတွေ ပျောက်သွားနိုင်လိမ့်မယ် ဓမ္မာစင်္ကြာသုတ်မှာတော့ “ယံ ပိစ္ဆံ နလဘတိ၊ တံ ပိ ဒုက္ခံ။ ” လိုတာတွေကို မရတာ ဒုက္ခ၊ လိုချင်ဆိုတာကဖြင့် သမုဒယ၊ လိုသလောက်မရတာတွေကတော့ဒုက္ခ၊ ဒါကြောင့် ဗုဒ္ဓဘာသာရဲ့အစ သစ္စာက၊ ဗုဒ္ဓဘာသာရဲ့အစသည် အမှန်ကို နားလည်ခြင်း၊ သစ္စာတရား(၀ါ) အမှန်တရားကို အမှန်တကယ်နားလည်မှူ့ရှိမှပညာတတ်လို့ခေါ်ထိုက်ပါတယ်။ ဘ၀တစ်ခုလုံး၏ အမြတ်ဆုံး ဥစ္စာသည် ကားသီလနဲ့ ပညာ၊သီလနဲ့ ပညာသည် လူသားတိုင်းတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်ရိုးရိုးကလေးစဉ်းစားလိုက်ပါ။ သီလရှိတယ် ပညာမတတ်ရင် သူတော်ကောင်းတွေလို့ သမုတ်ခံရမှာ၊ ပညာတွေတတ်ပြီးတော့ အကျင့်ပျက်နေရင် ပညာတတ်လူမိုက်ဆိုပြီး သိပ်ကြောက်ဖို့ကောင်းပါတယ်။ ဒီနှစ်ခုလုံးဟန်ချက်ညီရင်ဖြင့်သိပ်ကောင်းတာပေါ့။ ပညာရှိသူတော်ကောင်းလို့ ခေါ်ထိုက်တာပေါ့ ဒါကြောင့်မိမိတို့ရဲ့လိုအပ်နေတဲ့အရာမှန်သမျှတို့ကို သိလ၊ ပညာတို့ဖြင့် ဝေဖန်ပိုင်းခြားကာလိုအပ်နေတဲ့အရာတွေကို  ဖြည့်နိုင်ကြပါစေလို့ဒီပို့စ်လေးဖြင့် ကုသိုလ်ပြုလိုင်ပါတယ်….။
အရှင်မုနိန္ဒ(ပန်းထို)
M.A.မာဂဓတက္ကသိုလ်အိန္ဒိယ။
>>>ဆက်ဖတ်ရန်>>> >>

Thursday 22 December 2011

မကောင်းမှူ့ရဲ့နောက်ကွယ်


သတ္တလောကကြီးတွင် အချို့လူများသည် အကြောက်တရား နည်းပါးတတ်ကြ၏ အယုံအကြည်လည်း နည်းပါးတတ်ပေသည် လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်တယ် ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုမူ ဖြင့်တုံ့ပြန်တတ်၏အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား များမရှိရုံမက အတွေးအခေါ်များပင် မှားယွင်းကြကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့ပြစ်တင်တတ်သည်အထိ ဖြစ်ကြပေ၏ကံကံ၏အကျိုးတရားနှင့် စပ်၍လည်း လက်တွေ့ မခံရသေးတဲ့အခါ ကလေးကလား သဘောထားတတ်ကြပေ၏အချိန်တန်မှ အကျိုးပေးတတ်သည့် ကံတရား၏ သက်ရောက်မှုတွင် လက်တွေ့မခံ ရသေးသည့်အခါ အယုံအကြည် နည်းနေတတ်ကြပေတယ်ထို့အတူ မိမိတို့လုပ်ရပ်များတွင် လက်ယဉ်လာတဲ့အခါ အကြောက်တရားပါ ခေါင်းပါးလာတတ်ကြတယ် ထို့သူများကို အခြားသူများက မကောင်းသည့် လုပ်ရပ်တွေကြောင့်  အဲဒီလို မလုပ်နဲ့ ငရဲကြီးလိမ့်မယ်” လို့ ပြောဆိုတဲ့အခါ “ငရဲကြီးတော့ ငရဲလေးတွေကို နိုင်တာပေါ့..” စသည်ဖြင့် ပြန်၍တုံ့ပြန် တတ်သကဲ့သို့ အချို့က “ဒီလိုမကောင်းတဲ့ အလုပ်တွေ လုပ်ရင် ၀ဋ်လိုက်တတ်တယ်..”ဟု ပြောလာရင်လည်း “၀ပ်လိုက်ရင် ထပြိးပြေးတာပေါ့…” စသည်ဖြင့် ပြောင်းပြန် စကားလုံးများဖြင့် ပြန်လည်ပြောဆိုတတ်ကြလေတယ် ထိုသူတို့ ဆိုချင်သညမျာ်းမှာကား လေးဘက်ထောက်ကာ ၀ပ်ပြီးလိုက်နေတဲ့သူထက် မတ်တပ်ရပ်ပြီး ပြေးနေသူက ပိုပြိးအလျင်အမြန် ပြေးနိုင်သည့် သဘောကို ရည်ရွယ်ကာ အပျော်အပြက် ပြောလိုဟန် ရှိကြပေ၏။ အပျော်ဖြစ်စေ၊ အမှန်အကန်ဖြစ်စေ ထိုသူတို့ ပြောဆိုကြသည့် “ငရဲကြီးတော့ ငရဲလေးတွေကို နိုင်တာပေါ့၊ ၀ပ်လိုက်ရင် ထပြေးတာပေါ့” စသည့် စကားများသည် မကောင်းမှုရဲ့တန်ပြန်သက်ရောက်မှု အပေါ်တွင် အမှန်တကယ် ကြောက်ရွံ့မှုမရှိ၊ ယုံကြည်မှုမရှိတဲ့သဘောကို ပြသနေသကဲ့သို့ ဖြစ်နေပေ၏ မခံရသေးသည့်အခါ အပျော်အပြက် ပြက်ရဲ့ပြုနိုင်သော်လည်း မကောင်းမှု၏ အကျိုးသက်ရောက်မှုများ အမှန်လက်တွေ့ ရောက်လာတဲ့အခါတွင်ကား ဘုရားပင် မကယ်နိုင်သည်ကို သတိမပြုမိကြဟန် ရှိပေ၏ ဘုရားလည်း မကယ်နိုင်၊ သိကြားလည်း မ မနိုင်သည့် သူများတွင် အကုသိုလ်ကြီးသူများ၊ ၀ဋ်ကြီးသူများ ပါနေသည်ကို သတိမပြုမိကြဟန် ရှိပေ၏ အထူးသဖြင့် မကောင်းမှု ဒုစရိုက်အမှုများတွင် လက်ယဉ်နေသူများသည် မည်သို့သောပုဂ္ဂိုလ်များ၊ မည်သို့သော အရာများဖြင့် ပြသပြောဆို ဆုံးမစေကာမှု သတိသံဝေဂ ရရန်၊ နောင်တရရန် ခက်ခဲနေတတ်ပြီး တစ်ခါတစ်ရံ သတိသံဝေဂ ရသယောင်ရှိတတ်သော်လည်း မထူးဇာတ် ခင်းတတ်သည်များလည်း ရှိနေတတ်ကြပေတယ် ထိုသို့ မကောင်းမှုဒုစရိုက်အမှုများတွင် လက်ယဉ်ကာ မထူးဇာတ်ခင်းနေမိလျှင်ဖြင့် မည်သူကယ်၍မျှ ရမည်မဟုတ်သကဲ့သို့ ဘုရားလည်း ကယ်၍ရနိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေတယ်
အချို့က မကောင်းမှု အလုပ်များကို မည်မျှပင် လုပ်နေပါသော်လည်း ကြီးပွားနေသူများ၊ အစစ အရာရာ အဆင်ပြေနေသူများ၊ မကောင်းသည့် အလုပ်များဖြင့် အကျိုးပေးနေသူများကို ကြည့်ကာ “ဒီလိုလူတွေကျတော့ ဘယ်လိုလုပ်မလဲ..”ဟူသည့် အမေးမျိုးဖြင့် စောဒကတက်သည်များ ရှိတတ်၏ စင်စစ် ထိုသို့ မကောင်းမှုဖြင့် ကြီးပွားနေသူများသည်ကား ဘုရားကယ်ထား၍ ကြီးပွားနေသူများ မဟုတ်ကြပေ။ အတိတ်ကံ တစ်ခုခုက ပြုခဲ့သည့် ကောင်းသည့်ကံများ၏ အကျိုးပေးကောင်းချိန်နှင့် ယခုဘ၀ ပြုလုပ်ထားကြသည့် အကုသိုလ်ကံများရဲ့အကျိုးပေးချိန် မတန်သေးလို့သာ ဖြစ်ပါတယ် မြတ်ဗုဒ္ဓက “မကောင်းမှုပြုသောသူပင် ဖြစ်သော်ငြားလည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်ပါကြောင်း၊ မကောင်းမှု အကျိုးပေးသော အခါတွင်မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရကြောင်း” စသည်ဖြင့် မိန့်တော်မူထားပါသည်။ ထိုစကားတော်အရ ကောင်းမှု၊ မကောင်းမှုတို့ရဲ့ အကျိုးပေးမှုသည် အချိန်ကာလနှင့် သက်ဆိုင်နေပြီး အချိန်တန်လျှင်ကား မိမိတို့ လုပ်သည့်ကံများရဲ့အကျိုးသက်ရောက်မှုများသည် မိမိတိုထံသို့ ဧကန်မုချ ရောက်ရှိလာမည်မှာ အမှန်ပင်ဖြစ်ကြောင်းကို သိရှိနိုင်မည် ဖြစ်တယ် အထူးသဖြင့် အကုသိုလ်ကံများ၏ အကျိုးပေးချိန်တို့ကား အထူးပင် သိသားထင်ရှားလှပေသည် အကုသိုလ် အလုပ်ရဲ့ အကျိုးပေးချိန် ရောက်လာလျှင်ကား မည်သည့်တန်ခိုးရှင်များမှ ကယ်မ,၍ ပေးနိုင်မည်မဟုတ်သည်မှာ သေချာလှတယ်
မှန်ပါတယ်အကုသိုလ်အလုပ်များကို လုပ်ရင်း အကုသိုလ်ကံရဲ့ အကျိုးပေးချိန်သို့ ရောက်လာသော သူများသည်ကား အကုသိုလ်အလုပ်များတွင် သာယာပျော်မွေ့ကာ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်ဟု မထင်ဘဲ ထိုမကောင်းမှုများနောက်ကို မှားမှန်းမသိ လိုက်နေမိတတ်၏ ထိုသို့ မကောင်းမှုကို ပျော်ပျော်ပါးပါး လုပ်နေသူများတို့သည် ကြာလာသည့်အခါ ပညာ၊ သတိတရားများ ချွတ်ယွင်းလာကာ အပြောအဆို အလုပ်အကိုင်များတွင်လည်း အမှားမှား အယွင်းယွင်းဖြစ်လာတတ်ကြပြီး နောက်ဆုံးတွင် ထိုမကောင်းသည့် လုပ်ရပ်များကြောင့် ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်၏
မန်လည်ဆရာတော်ကြီးက အကုသိုလ်အလုပ်များကြောင့် ပျက်စီးချိန်တန်လာသူတို့သည် ပညာသတိ မရှိဖြစ်ကြကာ မိမိတို့ရဲ့အပြောအဆို၊ အသွားအလာများတွင် အမှားမှား အယွင်းယွင်းဖြင့် ဘုရားပင် မကယ်နိုင်သူများ အဖြစ်သို့ ပင်ရောက်ရှိတတ်ကြောင်း (မဃဒေ၀ )လင်္ကာကြီးတွင် စပ်ဆိုထားသည်ကို သံဝေဂယူဖွယ် ဖတ်မှတ်ဖူးပါတယ် ဆရာတော်ကြီးက “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းကန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောင်္ကျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)ဟု စပ်ဆိုတော်မူထားရဲ့
ဆရာတော်ကြီးရဲ့ အဆိုအရ ကံကြမ္မာ တစ်လှည့်ပြောင်းပြိးပျက်စီးချိန် သို့ရောက်လာသည့် သူများသည် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်၊ မမေ့မလျော့ မပေါ့မဆသည့် သတိတရားများ ယုတ်လျော့လာပြီး ကိုယ်ကျင့်တရားများပါ ပျက်စီးချွတ်ယွင်းလာကာ ဘုန်းကံများနည်းပါးလျက် ပြောသမျှစကား၊ လုပ်သမျှအလုပ်၊ ကြံသမျှအတွေးများတွင် အမှားများဖြင့်သာ မကောင်းသည့် ဒုစရိုက်များတွင် ဇွတ်တိုးဝင်၍ ကျင်လည်နေမိတတ်ကြောင်း၊ ထိုသို့ မကောင်းမှုများဖြင့် ကျင်လည်နေသူများ ထိုဒုစရိုက်အမှုများကြောင့် ကြာလာသည့်အခါ ဘုရားပင် မကယ်နိုင်တဲ့သူများအဖြစ်သို့ ရောက်ရှိသွားတတ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်သည်။
အမှန်အားဖြင့် အကုသိုလ် ဒုစရိုက်အမှုများသည် အချိန်တန် အကျိုးပေးချိန် သို့ရောက်လာလျှင်ကား ယ္ခုမျက်မှောက်ဘ၀မှာပင် အကျိုးပေးကာ ပြုလုပ်သူကိုပြန်၍ တစ်ဖန်ပူလောင်မှုဖြင့် သက်ရောက်မှု ဖြစ်စေတတ်သည် ထိုသို့ မကောင်းမှု အကျိုးပေးကို ခံရမည့်သူ ဖြစ်လျှင်ကား ဘုရားရှင် အနားမှာပင် ဖြစ်သော်လည်း ဘုရားကမကယ်နိုင်သူများ အဖြစ် အကုသိုလ် အပြစ်ကို ခံသွားရတတ်၏ ထိုအကုသိုလ် အပြစ်ကို ၀ဋ်တစ်ခုအဖြစ် ခံစားရကာ သေလွန်ပြီးနောက်မှာလည်း အပါယ်ဘုံသို့ ရောက်ရတတ်ကြသည်
မြတ်ဗုဒ္ဓလက်ထပ်က စုန္ဒအမည်ရှီသူတစ်ယောက်ရှိ၏ စုန္ဒသည် ၀က်မွေးမြူကာ သတ်ဖြတ်ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးလေ့ရှိတယ် ထို့ကြောင့် သူ့ကို စုန္ဒသူကရိက စုန္ဒ၀က်သတ်သမားဟု ခေါ်လေ့ရှိကြလေသည်စုန္ဒ၀က်သတ်သမားသည် လယ်သမားများ အစားအသောက် ရှားပါးချိန်များတွင် တောရွာဇနပုဒ်များသို့ စပါးများကို လှည်းအပြည့်တင်ကာ စပါးအနည်းငယ်ဖြင့် တောရွာများမှ ၀က်ငယ်များကို လှည်းအပြည့်ဝယ်ယူပြီး မိမိရဲ့အိမ်သို့ ရောက်သည့်အခါ အိမ်နောက်ဖေး ၀က်ခြံတွင် ၀က်များအသားတိုးစေရန် မွေးမြူလေ့ရှိ၏။ဝက်များ အသားတိုးလာသည့် အခါတွင်လည်း ထိုဝက်များကို မသတ်မီ လက်ခြေလေးဘက်တို့ကို တိုင်လေးတိုင်တွင် ကြိုးဖြင်ချည်ကာ အသားအရေ ဆူဖြိုးအောင် တစ်ကိုယ်လုံး ဖူးရောင်သည်အထိ ရိုက်ပုတ်လေ့ရှိလေသည်ဝက်များသည် ရိုက်ပုတ်သည့်ဒဏ်များကြောင့် ဖူးဖူးရောင်ရောင် ဖြစ်လာသည့်အခါ ပါးစပ်တွင် ပိတ်မရအောင် သံဖြင့်ထောက်ပြီးပွတ်ပွတ်ဆူနေသည့် ရေနွေးများဖြင့် ပါးစပ်အတွင်းမှ လောင်းထည့်လေ၏ထိုလောင်းထည့်သည့် ရေနွေးသည် ၀က်၏အူအတွင်း ပူလောင်ပျော်ဆင်းကာ စအိုဝမှ အညစ်အကြေးများသည် ရေနွေးရေနှင့်အတူ ထွက်ကျလာသည်အထိ ပါးစပ်မှ လောင်းချလေသည်စအိုမှဆင်းလာသည့် ရေနွေးများ၏ အရောင်သည် အညစ်အကြေးကင်းပြီး သန့်ရှင်းသည့် အရောင်အဖြစ် ရောက်သည့်အထိ ပါးစပ်မှ ရေနွေးများကို လောင်ထည့်လေ့ရှိသည်စုန္ဒ၏ လုပ်ရပ်ကြောင့် နာကျင်ပူလောင်လှသဖြင့် အော်ဟစ်ကြသည့် ၀က်တို့၏ အသံများမှာ အလွန်စူညံ ကျယ်လောင်လှပြီး နောက်ဆုံးတွင် မခံမရပ်နိုင်ဘဲ သေဆုံးကြရသည် စုန္ဒသည် ၀က်တို့၏ အော်ဟစ်သံကို အလေးမထားနိုင်ဘဲ နောက်ထပ်ရေနွေးပူများဖြင့် ၀က်၏ကျောကုန်းထက်မှ လောင်းချကာ မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေပြီး ထို့နောက် မြက်မီးဖြင့် အမွေးအမျှင်တို့ကို လောင်မြိုက်စေကာ အမွေးခွာပြီး ထက်လှစွာသော ဓားသန်လျက်ဖြင့် အသားများကို လှီးဖြတ်ကာ ချက်ပြုတ်လျက် မိသားစုနှင့်အတူ မြိန်ရေရှက်ရေ စားသောက်၍ ကျန်သည့်အသားများကို ရောင်းချလေ၏ ထိုနည်းဖြင့် စုန္ဒသည် ၀က်များကို မွေးမြူသတ်ဖြတ် စားသောက်ရောင်းချ လာခဲ့သည်မှာ နှစ်ပေါင်း (၅၅)နှစ်အထိ ကြာမြင့်လာခဲ့လေသည်။
တစ်နေ့တွင် စုန္ဒ၀က်သတ်သမားတွင် အနားရောဂါ များဖြစ်ပေါ်လာခဲ့သည်အနာဖြစ်လာသည့် စုန္ဒ၀က်သတ်သမားသည် ထိုအနာကြောင့် အရှင်လတ်လတ် ငရဲခံရသကဲ့သို့ အလွန်ပူလောင်သည့် ဒဏ်ကိုခံစားနေရ၏ တစ်ကိုလုံး ပူလောင်လွန်းသဖြင့် နေမထိ ထိုင်မထိဖြစ်ကာ အိပ်မရ စားမရဖြစ်ပြီး အိမ်၏လေးဘက် လေးတန်တွင် ရှေ့နောက်လေးဘက်ထောက်ကာ ၀က်ကဲ့သို့ ပြေးလွှာရင်း ၀က်အော်သံအတိုင်း အော်ဟစ်နေရလေသည် မိသားစုများက အမျိုးမျိုးသက်သာအောင် လုပ်ပေးသော်ငြားလည်း မရဘဲ ပါးစပ်ကို ပိတ်မရဖြစ်ကာ ပူလောင်စွာ အော်ဟစ်နေခဲ့ရသည် စုန္ဒ၏ အော်ဟစ်သံကို အနီးမှာရှိသည့် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်များသည် ဆွမ်းခံကြွသွားစဉ် ကြားခဲ့လေသည် ရဟန်းတော်များကား ၀က်အော်သံဟုထင်ကာ စုန္ဒအိမ်တွင်ရှိသည့် ၀က်တို့၏ အသံမှာ ဆူညံလှကြောင်း ပြောဆိုကြလေသည် ထိုအခါ ဘုရားရှင်က ထိုအသံသည် ၀က်တို့၏ အသံမဟုတ်ကြောင်း စုန္ဒ၏ အသံသာ ဖြစ်ကြောင်း မိန့်ကြားကာ တရားစကား ဟောကြားတော်မူ၏။ မြတ်ဗုဒ္ဓက “မကောင်းမှု ပြုလုပ်သူတို့သည် ဤဘ၀တွင်လည်း စိုးရိမ်ပူလောင်ရတယ် နောင်ဘ၀တွင်လည်း စိုးရိမ်ပူလောင်ရတယ် ပစ္စုပ္ပန်၊ တမလွန် ဘ၀နှစ်ခုလုံးတွင်လည်း စိုးရိမ်ပူလောင်ရတယ်ထိုသူသည် မိမိ၏ ညစ်ညူးသည့် အကုသိုလ်ကံကို မြင်ရ၍လည်း စိုးရိမ်ရတယ် ပင်ပန်းရတယ် စသဖြင့် တရားစကား ဟောကြားတော်မူ၏။ ဘုရားစကားကြောင့် ရဟန်းတော်များမှာ တရားရသွားကြသော်လည်း စုန္ဒ၀က်သတ်သမားသည်ကား ခုနှစ်ရက်ပတ်လုံး ၀က်ကိုသတ်စဉ်က ပြုလုပ်ခဲ့သည့် အကုသိုလ်ကံအတိုင်း ၀က်ကဲ့သို့ ပူလောင်ပြင်းထန်လှစွာ ဖြင့်ဝက်ကဲံ့သို့အော်ဟစ်ပြီး နောက်ဆုံးတွင် အသက်ကုန်ကာ အ၀ီစီငရဲသို့ ကျရောက်သွားခဲ့ရ၏။
ဤသည်ကား ဓမ္မပဒ၊ ယမက၀ဂ်လာ စုန္ဒ၀က်သတ်သမားရဲ့ အကုသိုလ် အကျိုးခံစားရပုံ အကြောင်း တစ်စိပ်တစ်ဒေသ ဖြစ်ပါသည်။ စုန္ဒသည် ဘုရားလက်ထပ်၊ ဘုရားအနီးမှာ ရှိနေခဲ့သော်ငြားလည်း ဘုရားမကယ်နိုင်တဲ့ အကုသိုလ် အလုပ်ဖြင့်သာ မိမိဘ၀ကို မိမိဖန်တီးသွားခဲ့ရသည်ဘုရားကယ်သည် မကယ်သည်မှာ ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ မိမိပြုသည့် ကံနှင့်သာ ဆိုင်သည်ကို စုန္ဒက သက်သေပြနေခဲ့၏ မှန်ပါသည်ထို့သို့သော အကုသိုလ်အလုပ်များ၊ ဒုစရိုက်အမှုများဖြင့် နေသူများသည် မည်မျှပင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိနေစေကာမှု ဘုရားပင်မကယ်နိုင်သည့် သူများသာ ဖြစ်ပါ၏ ဒေ၀ဒတ်ထက် ဘုရားနှင့်နီးသူ ဘုရားနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်မှုရှိသူ တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ ထိုဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က မကယ်မနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ဒေ၀ဒတ်ကို ဒေ၀ဒတ်ရဲ့လုပ်ရပ်များက သက်ရောက်မှု ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်မဟုပ်ပါလား
ဆိုလိုသည်မှာ ဘုရားရှင်ကမှမကယ်နိုင်သူများဟူသည် မကောင်းမှု ဒုစရိုက်အမှုများဖြင့် ကျင်လည်နေသူများတို့ကို ဆိုခြင်းဖြစ်သဖြင့် မကောင်းမှုလုပ်ကာ ဘုရားတနေကြသည်ထက် ဘုရား “မ” နိုင်အောင်၊ ဘုရားရှင်ကကယ်နိုင်အောင် မကောင်းမှုကို ရှောငရှာ်းပြီး ကောင်မှုကိုသာ ဆောင်ကြရမှာ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်ပါတယ် ကောင်းမှုရှိသူကို ဘုရားစသော သူတော်ကောင်းများက စောင့်ရှောက် ကယ်မတတ်သော်လည်း မကောင်းမှု ရှိသူတို့ကိုကား ဘုရားစသော အရိယ သူတော်ကောင်းများက မကယ်”မ
နိုင်သဖြင့် မိမိဘ၀ကို မိမိ၏ အလုပ်များကသာ ကယ်မနိုင်ကြမည်ကို သတိပြုဆင်ခြင်ပြီး မကောင်းမှုမှ ရှောင်ရှားနိုင်အောင် ကြိုးစားကြရန်လိုကြောင်း အသိပေးလိုက်ပါတယ်။
ထို့ကြောင့် စုန္ဒကဲ့သို့ ဘုရားရှင်နှင့်ကြုံ၊ ဘုရားရှင် အနားမှာဖြစ်သော်လည်း ဘုရားမကယ်နိုင်သူ အဖြစ် ဘ၀နိဂုံး အဆုံးသပ်သွားရသည့် သူများ မဖြစ်ကြစေရန် မိမိတို့၏ အသိ၊ သတိများဖြင့် ဘုရားရှင်မကယ်နိုင်သည့် အကုသိုလ်အလုပ်များကို မလုပ်မိအောင် မိမိကိုယ်ကို မိမိထိန်းသိမ်းကာ ကောင်းသည့်အလုပ်များကို လုပ်ရင်း ဘုရားကယ်နိုင်သူ ဖြစ်အောင်သာ ကြိုးစားကြပါဟု ဂရုနာဖြင့် စေတနာစကား မေတ္တာအားဖြင့် ဦးဇင်းက တိုက်တွန်းအပ်ပါသည် စာဖတ်သူပရိတ်သပ်များအားလုံးဒိပို့စ်
လေးကိုဖတ်ရင်း မိမိတို့ရဲ့ဘ၀ကို အကောင်းဆုံးတည်ဆောက်နိုင်ကြပါစေလို့ဆန္ဒပြုပါသည်။
အရှင်မုနိန္ဒ(ပန်းထို)
M.A မာဂဓတက္ကသိုလ်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday 21 December 2011

ကမ္ဘာကြီးအားဗုဒ္ဓဘာသာအမြင်သဘောဖြင့်လေ့လာကြည့်ခြင်း

ဦးဇင်းတို့ရဲ့ ကမ္ဘာကြီးက ဖြစ်ရပ်အထွေထွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် အကောင်းဘက်ကရော၊ အဆိုးဘက်ကပါ၊အကောင်းအဆိုး နှစ်မျိုးစလုံးမှာ အကြောင်းအကျိုး၊ အဆိုးအကောင်းတွေနဲ့ဒွန်တွဲနေတယ်။ အကြောင်းတွေကိုသုံးသပ်ပြီးတော့ ပေါ်လာတဲ့အကျိုးတွေကိုကြည့်ရှုတတ်တဲ့သူဟာအမှန်သိတဲ့သမ္မာဒိဋ္ဌိပဲ။ဗုဒ္ဓဘာသာရဲ့ အစကလည်းသမ္မာဒိဋ္ဌိကစတယ်။
မဂ္ဂင် ၈ပါးမှာ နံပါတ် ၁.မဂ္ဂင်ဟာ သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ အမှန်ကို သိခြင်းဟာ ဗုဒ္ဓဘာသာရဲ့အစပဲ။ ဘာဖြစ်သလဲ
အကောင်းလား အဆိုးလား ဒီနှစ်ခုရဲ့အဖြေကိုရှာတတ်ရင် အဲဒါ သမ္မာဒိဋ္ဌိပဲ။ ကမ္ဘာလောကြီးမှာ ဘေးဒုက္ခတွေ အမျိုးမျိုးကြုံတွေ့နေကြရတယ်မလားဥပမာ မီးဘေး၊ ရေဘေး၊ လေဘေး၊ ငတ်မွတ်ခေါင်းပါးဘေး၊ တိုက်ခိုက် လုယက်မှု၊ နှိပ်စက်တဲ့ဘေးစစ်ဘေးစစ်ဒဏ်၊အကြမ်းဖက်မှုစတဲ့ ဘေးဒုက္ခအမျိုးမျိုးတွေအခုကမ္ဘာအရပ်ရပ်ဖြစ်နေကြတယ်။ ဒါတွေဘာကြောင့်ဖြစ်သလ၊ဲဘယ်သူကြောင့် ဖြစ်သလဲ၊ဘယ်သူဘယ်ဝါကြောင့် ဖြစ်တယ်လို့ပုဂ္ဂိုလ်ကိုသုံးသပ်ခြင်းသည် တကယ်။
အမှန်မဟုတ်ဘူးဘယ်တိုင်းပြည၊်ဘယ်နိုင်ငံ၊ဘယ်ဘာသာ၊ဘယ်လူမျိုးကမှဒီ ပြဿနာပေါင်းစုံကိုဖန်တီးတာမဟုတ်ဘူး၊ ဒီအဆိုးအကောင်း အကြောင်းအကျိုး အရင်းမှန်ကို ကောင်းစွာနားမလည် သဘောမပေါက်ရင်အဲဒါမိစ္ဆာဒိဋ္ဌိပဲ။ မကောင်းမှု ဒုစရိုက် (၁၀) ပါးရှိတယ်။ ဒီမကောင်းမှု သတ်ခြင်း၊ ခိုးခြင်း။ လုယက်သတ်ဖြတ်ခြင်း၊ကာမဂုဏ်ဖောက်ဖြန်ခြင်းစတဲမကောင်းမှေူ့တွကစပြီးတောဒီပြဿနာ ဖြစ်လာတယ်။ မကောင်းမှုရဲ့ အကြောင်းအရင်းကို လေ့လာသုံးသပ်ရင် သုံးမျိုးပဲ ရှိပါတယ်။ (၁) လောဘ၊(၂) ဒေါသ၊(၃) မောဟ၊ ဒုစရိုက် ဆယ်ပါးကိုဒီအကြောင်းအရင်း သုံးပါးက လွန်ကျူးတယ်။ တစ်ခါတစ်ရံမှာ လောဘကြောင့် ဖြစ်တယ်။ တစ်ခါတရံမှာ ဒေါသ ကြောင့် ဖြစ်တယ်။တစ်ခါတခါမှာ မောဟ ကြောင့် ဖြစ်တယ်။ဒီလို ဖြစ်နေတဲ့အကုသိုလ်တရားတွေရဲ့ အခြေခံကတော့ လောဘ၊ ဒေါသ၊မောဟတွေကြောင့်ပါ။ဒီအကြောင်းတရားသုံးပါးကိုမြတ်ဗုဒ္ဓရဲ့ပဋ္ဌာန်းပါဠိတော်မှာ အားလုံးရွတ်နေကြတဲ့ အတိုင်းပေါ့“ဟေတု ပစ္စယော၊” ဟေတု ပစ္စယောဆိုတာနဲ့ ဟိတ် ၆ ပါးပါသွားတယ်။
လောဘ၊ ဒေါသ၊ မောဟ၊အလောဘ၊အဒေါသ၊အမောဟ၊ ဟေတုဆိုတာအကြောင်းတရား၊ဒါတွေဟာဘာအတွက်ကြောင့်ဖြစ်လာရသလဲဆိုရင်တော့ ဒီမကောင်းတဲ့ အကြောင်းကြောင့်ပဲ။
ဒိလိုမကောင်းမှုမျီူးဖြစ်ပေါ်ဖို့အတွက် အကျိုးတရားဖြစ်လာတယ်။ ဒီ လောဘ၊ ဒေါသ၊ မောဟ ကမကောင်းတဲ့
အကြောင်းတရားပဲ။မကောင်းမှူ့ကိုဖန်တီးတာမူဆလင်မဟုတ်ဘူး၊ဗုဒ္ဓဘာသာမဟုတ်ဘူး၊ခရစ်ယန်မဟုတ်ဘူး၊ဟိန္ဒူမဟုတ်မဟုတ်ဘူး၊ ဂျူးမဟုတ်ဘူး၊မကောင်းမှုကို ဖြစ်ပေါ်စေတာအဓိကအကြောင်းအရင်းက လောဘ။ ဒေါသ၊မောဟစတာတွေ ကြောင့်ပဲ ဖြစ်တယ်။
လူမျိုးနဲ့ပဲ ပြောပြောဘာသာတရားတွေနဲ့ပဲ ပြောပြော နေရာဒေသတွေနဲ့ပဲ ပြောပြောဒီအခြေခံတရားသုံးပါးက နေရာတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ ရှိပါတယ်။ အပေါ်က ဆိုင်းဘုတ်တွေကြောင့်သာ ဗုဒ္ဓဘာသာ၊မူဆလင်ဘာသာ။ ခရစ်ယန်ဘာသာ၊ဟိန္ဒူဘာသာ၊ဂျူးဘာသာလို့စသည်ဖြင့်ကွဲသွားတာ၊ဒီဆိုင်းဘုတ်တွေအဆင့်အတန်းတွေကို ဖြုတ်ချလိုက်ရင် အခြေခံသဘောတရားကတော့ အတူတူပါ။ ဗုဒ္ဓဘာသာရဲ့ လောဘ၊ ဒေါသ၊ မောဟ၊ကရောဘာထူးမှာမို့လို့လဲ၊ ကျန်တဲ့ဘာသာတွေနဲ့လည်း အတူတူပဲ၊ အပေါ်က ဆိုင်းဘုတ်တပ်ထားလို့ ဒါက ဗုဒ္ဓဘာသာလုပ်တာ၊ ဒါက ခရစ်ယန်လုပ်တာ၊ ဒါကမူဆလင်လုပ်တာ၊ ဒါက ဟိန္ဒူလုပ်ဆိုပြီး ဆိုင်းဘုတ်တွေကွဲသွားလို့သာမုန်းတီးခြင်း၊ ပြိုင်ဆိုင်ခြင်းတွေ ပိုများလာတယ်။ အကြောင်းတရားအမှန်ကို မသိရင် ဖြေရှင်းဖို့ခက်ပါတယ်၊ ဘယ်သူဘယ်ဝါလို့ စွက်စွဲနေကြရင် ပိုဆိုးလာဖို့ပဲ ရှိတယ်။
လောဘ၊ ဒေါသ၊ မောဟတွေစတာတွေ ပိုပြီးတော့များလာလေလေ ပိုပြီင်္းတော့ဒုက္ခတွေများလာလေလေပဲ။
အဲဒါတွေကတော့မိစ္ဆာဒိဋ္ဌိတွေလုပ်နေတာ၊အမှန်ကိုသိတဲ့လူတွေကတော့ယနေ့ကမ္ဘာမှာမကောင်းမှုတွေများနေတယ်
ဒါတွေဘယ်ကနေ အရင်းခံလာသလဲလို့ ကြောင်းစွာ နားလည် သဘောပေါက်တဲ့လူတွေက အမှန်ကို သိတဲ့ သမ္မာဒိဋ္ဌိပဲ။အဖြေမှန်ကို တကယ်သိသွားရင် ပြဿနာကို ဖြေရှင်းဖို့ လွယ်သွားတယ်။
မကောင်းမှုအခြေခံတရားကိုမသိဘဲနဲ့ဆိုင်းဘုတ်အောက်မှာရှင်းနေလို့ကတော့အဖြေမှန်ပေါ်လာမှာမဟုတ်ဘူး။
ဥပမာဆိုကြပါစို့တကယ့် ရောဂါအဖြစ်မှန်ကိုမသိတဲ့ဆရာဝန်ကလူနာကို ဆေးကုသဖိုရန်ခက်ခဲသလိုပဲယနေကမ္ဘာမှာဖြစ်ပေါ်နေတဲ့အခက်အခဲမှန်သမျှကို ဖြေရှင်းဖို့ အင်မတန်ခက်ပါလိမ့်မယ်။
ဗုဒ္ဓဘာသာဝင်ကလည်း လောဘ၊ ဒေါသ၊ မောဟဒီတရားတွေရှိနေရင် သူလည်း မိစ္ဆာဒိဋ္ဌိပဲ၊ ဘယ်ဘာသာ၊ ဘယ်လူမျိုး၊ ဘယ်နိုင်ငံ ပဲ ဖြစ်ဖြစ် ဒီတရား အဖြေမှန်ကိုသိရင် သမ္မာဒိဋ္ဌိပဲ။
မကောင်းမှုကို ၊ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်တွေက စတယ်ဆိုတာ မပြောပဲနဲ့အကုသိုလ်တရား (၁၀)ပါးရဲ့အကြောင်းအရင်း လောဘ။ ဒေါသ၊ မောဟ ကစတယ်လို့ သိမြင်နိုင်ကြပါစေလို့ဆန္ဒပြုကာတိုက်
တွန်းရင်းဒီပို့စ်လေးဖြင့်ကုသိုလ်ပြုလိုက်ပါသည်။
အရှင်မုနိန္ဒ(ပန်းထို့)
>>>ဆက်ဖတ်ရန်>>> >>

Tuesday 20 December 2011

“ကိုရင်ကလေးပိစီကွေး”


ဒီဇင်ဘာလရဲ့အအေးဓာတ်လေးနှင့်အတူဗုဒ္ဒဂယာမြေမြတ်မဟာမှာဘုရားဖူးလူတွေနိုင်ငံတကာမှ
လူအမျီုးမျီုးနှင့်ဘာသာမျီုးစုံရောက်ရှိနေတဲ့အချိန်လေးပေါ့မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့ဟောဓမ္မ
ခန္ဒာပေါင်း ရှစ်သောင်းလေးထောင်ကိုအကြောင်းပြုပြီးတော့ပိဋကတ် ၃ ပုံအဖြစ်သုတ္တန္တပိဋက
ဝိနယပိဋကတ် အဘီဓမ္မာပီဋကတ်ဆိုပြီးတော့ပိဋကတ် ၃ပုံထို့ပိဋကတ်၃ ပုံတို့ကိုမပျေက်ပျက်
ရလေအောင်ဆိုတဲ့ဆန္ဒမှန်ဖြင့်ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည့်ကိုးကွယ်သူဒုတိယ၀ိသာခလို့
ခေါ်ဆိုလောက်တဲ့အမေရိကန်နိုင်ငံမှ(မိသားတစုက)စပွန်စာပေးကာဗုဒ္ဓဘာသာနိုင်ငံများမှာအိန္ဒ
ယနိုင်ငံတွင်သိတင်းသုံးပညာသင်တော်မူကြကုန်တော်နိုင်ငံအသီးသီးမှာဗုဒ္ဒဘာသာရဟန်းတော်
များအားပင့်ဖိတ်ပြီးတော့အိန္ဒိယနိုင်ငံတွင်မြတ်ဗုဒ္ဓရဲ့တရားတော်(ပိဋကတ်)စာပေတွေမပျောက်ပျက်ရန်
နှင့်ပြန်လည်ပြန်လည်ပြိးတော့ပိဋကတ်စာပေတွေကမ္ဘာအနှံ့ပြန့်လွင့်ရန်နဲ့ငြိမ်းချမ်းသောလူသား
တိုင်းလိုက်နာသင့်သောမြတ်ဗုဒ္ဒရဲ့အဆုံးအမများကိုသိရှိနားလည်ရန်နှင့်ကျင့်ကျံရန်ပိဋကတ်၃ ပုံရွက်ဆို
ပွဲကြီးအားဗုဒ္ဒဂယာမြေမြတ်မဟာမဟာဗောဓိရင်ပြင်တော်ကြီးမှာနိုင်ငံအလိုက်မဏ္ဍပ်ကြီးတွေထိုးပြီးတော့
ကျင်ပခဲ့တာ ၂.၁၂.၂၀၁၁ ဆိုရင် ၇ ကြီမ်မြေက်ခဲ့လေပြီ ထိုသို့ရွက်ဆိုနိုင်ရန်ဦးဇင်းတို့ရန်ဟန်းတော်များ
သည်မိမိနိုင်ငံမိမိရပ်ရွာတွင်ရှင်သာမဏေဘ၀ကတည်းကဆရာသမားတွေရဲ့ခြေရင်းမှာဝတ်စင်းပြီးတော့
သင်အံလေ့ကျင့်ခဲ့ရလေသည်ဒါကြောင့်ကိုရင်လေးဘ၀မှာသည်ယ္ခုပိဋကတ်တော်အားရွက်ဆိုနိုင်သည့်
ရဟန်းဘ၀တက္ကသိုလ်ကျောင်းသားဘ၀ဖြစ်လာအောင်နိုင်ငံတကာမှာစာပေတွေကိုသင်နိုင်တဲ့ရဟန်း
ကောင်းတပါးဖြစ်အောင်ကြီုးစားလာခဲ့ရတဲ့အကြောင်းလေးတွေကိုဦးဇင်းတတ်သလောက်မှတ်သလောက်
လေးနဲ့ဒိပို့စ်လေးကိုရေးသားလိုက်ရပါတယ်နောင်အချိန်ဝယ်သာသနာ့တာဝန်ထမ်းဆောင်မဲ့ကိုရင်ကလေးတပါးကိုမိမိတို့ဒကာဒကာမများအနေနဲ့အကောင်းမြင်ဝါဒအကောင်းမြင်စိတ်နဲ့ကြည့်ပေးဖို့ပါပဲတချီု့သော
သူများရဲ့အတွေးအခေါ်အယူအဆတွေကိုမပြောချင်ပေမဲ့မိမိဘာသာအတွက်ရေးရခြင်းသာဖြစ်ပါတယ်
*ကိုရင်ကလေး ထင်မသေးနှင့်*
သင်္ကန်းညစ်ထပ် မျက်ချေးနှပ်နှင့်
မသပ်မပယ် ကိုရင်ငယ်ဟု
စိတ်ဝယ်မလေး ထင်မသေးနှင့်
ခေါင်းမှာပွေးဒက် အနာစက်နှင့်
မရှက်တတ်ပေ သာမဏေဟု
ရိုသေကင်းဝေး ထင်မသေးနှင့်
ဆူညံပြေးလွှား ဆော့ကစားလျက်
နေငြားကိုပင် မဆင်ခြင်ဘဲ
စိတ်ထွေပြစ်ထွေး ထင်မသေးနှင့်
မြွေဟောက် မြွေပွေး ပိစိကွေးဟု
အရေးမထား ကိုင်တွယ်ငြားက
ဆိပ်များပြင်းပြ ကုမရသို့
တူလှလေအင် မောင်ကိုရင်ဝယ်
ကျင့်စဉ်သီလ ဆိပ်ပြည့်ဝလျက်
သံဃာ့ဂုဏ်ပန်း ထုံပြည့်လျှမ်း၏
ကိုရင်ကလေး ပိစိကွေးလည်း
ဖြူဖွေးသီလ ကျင့်ဆောင်ရသည်
ဒသလိင်ဒဏ် သေခံယံနှင့်
တစ်ဖန် ခန္ဓက စုဒ္ဒသ ဟု
သီလဆိပ်မျိုး တစ်ရာ့ကိုးနှင့်
ပြည့်ဖြိုးစုံလင် ဂုဏ်ပန်းလွင်၏
ဆင်ခြင်ရှုက လူ့သီလမှာ
ငါးပါးသာတည့် ညစာသောက်စား
သားမယားနှင့် မော်ကြွားနေ့စဉ်
ပျော်ပွဲဆင်လည်း ကိုရင်ကလေး
ပိစိကွေးကား စာရေးစာအံ
တညံညံနှင့် ဆာပြန်သော်လည်း
ထန်းလျက်ခဲမျှ မစားရဘဲ
ပျော်ပွဲကင်းကွာ နေရရှာ၏
သေချာစဉ်းစား ဆင်ခြင်ပွားက
ဘုရားမြေးတော် ကိုရင်မော်ကား
အဟော်ဝတ ကြည်ညိုရာ့မို့
တွေးဆဆင်ခြင် ဉာဏ်သက်ဝင်လျက်
ကိုရင်ကလေး ထင်မသေးနှင့်
ဇိနေးရှင်ချစ် မြေးပါတကား။
မောင်နေရောင်ကဗျာလေးအတိုင်းလိုပေါ့
“ကိုရင်ကလေး ထင်မသေးနှင့်” ကဗျာ လေးကို လူကြိုက် များတယ်လို့ ဦးဇင်းဘက်က ယူဆတဲ့ အတွက် မနှစ် တစ်နှစ်က ဖတ်ဖူး ခဲ့တဲ့ စာအုပ် တစ်အုပ်ထဲက ဘုန်းဘုန်းသု ဆိုတဲ့ ဆရာတော် တစ်ပါးရေးတဲ့ စာသင်သား ဒုက္ခ ဆောင်းပါး ၀တ္ထုလေးကို အာရုံပြု ပြီးတော့ ဒီပိုစ့်လေးကိုဒကာဒကာမများဖတ်ရှူ့ရအောင် ရေးလိုက် ပါတယ်။
နောင် တစ်ချိန်မှာ သာသနာ့ အကျိုးကို သယ်ပိုးမယ့် ခုကတည်းက ဒီလောကမှာ သာသနာ ရှိနေ သေးတယ် ဆိုတာကို မြင်တွေ့ပြီး သိနိုင်စေအောင် နေရာ တကာမှာ တွေ့နိုင်တဲ့ ကိုရင်လေး ဆိုတာကို တကယ်လည်း အထင် မသေးသင့်ပါဘူး။ ကိုရင် ကလေးတွေမှာ ဒက်တွေ ပွေးတွေ အနာတွေ ဗရပွနဲ့ သင်္ကန်း ကလည်း ညစ်ထေးထေးနဲ့ သပိတ်ကလည်း ပဲ့ပဲ့ရွဲ့ရွဲ့နဲ့ လမ်းတကာ ဆိုင်တကာမှာ တွေ့နေရ ပေမယ့် သူတို့ကပဲ နောက်နောင် ဆရာတော် ကြီးတွေ ဖြစ်လာမယ့် အနာဂတ် သာသနာပြု ပုဂ္ဂိုလ်အလောင်း အလျာလေး တွေပါဒါကိုအားလုံးနားလည်ကြရမယ်။

ဒီလိုကိုရင်ငယ်လေးတွေကပဲ ဦးဇင်းတို့ ဒီကနေ့ ကြည်ညိုလေးစားရတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြတာလေ။
သူတို့ကို တောက ဆရာ ဘုန်းကြီးတွေက ဉာဏ်ကောင်းလို့ စာတော်လို့ ခေတ်ပညာကို ဆက်လက် မသင်ယူ နိုင်လို့ တတ်နိုင်သမျှ အင်အား လေးနဲ့ ရင်းနှီးတဲ့ ဘုန်းကြီးရှိတဲ့ မြို့ကျောင်း လေးကို ရောက်လာတဲ့ ကိုရင်တွေပါ။ တောကျောင်းက ဆရာ ဘုန်းကြီးကလည်း မြို့မှာ အသိဒကာ ဒကာမတွေ မရှိလေတော့ ဆွမ်းခံအိမ်တွေ ဘာတွေ ဖိတ်မန္တက ပြုထား မပေးနိုင်ဘူး။ မြို့က ဆရာ ဘုန်းကြီး တွေလည်း သူ့ကို ကြည်ညိုတဲ့ ဒီ လက်ဆယ်ချောင်း မပြည့်တဲ့ အိမ်တွေကို လာပို့တဲ့ ကိုရင်တိုင်း ဆွမ်းခံ ကြွပါလို့ ပြောလို့ မဖြစ်ဘူး။ ဟုတ်ပါတယ်။ စာသင် စာချနေတဲ့ ဘုန်းကြီးတွေကို လူတွေက မကြည်ညို ပါဘူး။
ဒါကလည်း ဒကာ ဒကာမတွေ ဘက်က အပြစ်ပြောလို့ မဖြစ်ဘူး။ သူတို့ရဲ့ မြင်နိုင် စွမ်းအားက အလွန် နည်းပါး ပါတယ်။ သူတို့က စာသင်သား မာန်တက်မိတဲ့ ကိုရင်လေးတွေ ဦးပဉ္ဇင်း လေးတွေကို လိုက်ကြည့်ပြီး အပြစ်ပြောဖို့ပဲ သိပါတယ်။ ပြီးတော့ တစ်လှေလုံး ပုပ်ခိုင်းလိုက် တော့တာပါပဲ။ ဒီပုပ်ထဲက ဒီပဲ လုပ်လိုက်တော့ တာပါပဲဒါကလည်းအဆိုးမြင်သူတွေပါအနှစ်ကိုမသိတဲ့သူလို့ပဲပြောရမှာပေါ့။
ဒီတော့ ကိုရင်လေး တွေကလည်း လက်ရှိ ဆရာတော် ကြီးများ ငယ်ငယ်က ကျင့်သုံးခဲ့တဲ့ အိမ်တကာ လမ်းတကာ ဆိုင်တကာ လှည့်ကာ ဆွမ်းခံတဲ့ နည်းကို သုံးရတော့ တာပါပဲ။ မစိုးရိမ် ဆရာတော် ကြီးများရဲ့ အတ္ထုပ္ပတ္တိ တွေမှာပါတယ်။ “ငါတို့ ငယ်ငယ် တုန်းကဆို ချဉ်ပေါင် တစ်စီးနဲ့ ဆားတစ်ဆုပ် ရဖို့ ဒီမစိုးရိမ် ကနေ လမ်း(၈၀) (၂၆) လမ်းအထိ ပြေးခဲ့ရတာ” စသဖြင့် ပါပါတယ်။
ကိုရင်လေး တွေအားလုံး ဆိုင်တကာ အိမ်တကာ လမ်းတကာ လှည့်ကာ လည်ကာ ဆွမ်းခံနေတာ ပျော်လို့များ သွားမမှတ်နဲ့ဒို့ဒကာဒကာမတွေ ပြီးတော့ စာချ ဘုန်းကြီး တွေက ဆွမ်းခံ ထွက်သွားတဲ့ ကိုရင်လေး တွေကို တစ်ခါတည်း အမိန့်ပေး လွှတ်လိုက်တယ်။ “ကိုးနာရီ စာသင်ချိန် အမှီ ပြန်လာခဲ့” တဲ့။ ပြန်မရောက်တဲ့ ကိုရင်ကတော့ ဆွမ်းရ မရ မသိဘူး။ စာချ ဘုန်းကြီးရဲ့ တုတ်စာ ကတော့ ရတတ်တယ်။ ဒါကြောင့် ကိုရင်လေးတွေ ကျောင်းကို (၉) နာရီဆို (၉) နာရီ၊ (၈) နာရီဆို (၈) နာရီ အမှီ ပြန်ရပါတယ်။ တကယ် (၉) နာရီ (၈) နာရီ ဆိုပေမယ့် နာရီဝက် ဆယ့်ငါး မိနစ်လောက် ကြိုပြန် ရပါတယ်။ ဆွမ်းခံလို့ ရလာတဲ့ ဆွမ်းကို မစားရ သေးပါဘူး။ သပိတ်ကို ဘုရားရှေ့ချ ဦးသုံးကြိမ် ချပြီး မနေ့က ပေးလိုက်တဲ့ စာဝါကို ပြန်ကျက်ရ ပါတယ်။ ရပြီးသား ဆိုရင်လည်း ပြန်နွှေး ရပါတယ်။ တောက်လျှောက်ပဲ။ ကိုးနာရီ ကနေ (၁၀)ခွဲ လောက်အထိ။
စာကျက်ရ တာနဲ့ အလုပ်လုပ်ရ တာနဲ့ ကွာတာ တစ်ခု ရှိပါတယ်။ စာကျက်ရင် ဗိုက်အလွန် ဆာပါတယ်။ အလုပ် လုပ်ရင် အောင့်ထားလို့ ရပေမယ့် စာကျက်ရင် အောင့်ထားလို့ မရပါဘူး။ ဆယ်နာရီ ခွဲမှ ဆွမ်းစားရမယ့် ကိုရင် မအောင့်နိုင်လို့ လမ်းမှာ ခိုးစား မိတာမျိုး ရှိတတ်ပါတယ်။ လူပုဂ္ဂိုလ် တွေက ဒါမျိုးတွေပဲ လိုက်ကြည့် ပါတယ်။ ကိုရင်လေး ဘေးမှာ လာရပ်တာကို “ငါတို့လို စားချင်ရင် ငါတို့လို လုပ်ပါလား” ဆိုတဲ့ လူတွေက ရှိသေးတယ်။
ကိုရင်တွေ ကျက်ရတဲ့ စာအုပ်ကို မြင်ဖူးပါ သလား။ အဂ္ဂင်္ုတ္တရ နိကာယ် စာအုပ်တွေ၊ မဟာဝါ စာအုပ်တွေ၊ ရူပသိဒ္ဓိတွေ အဲဒီ သုံးအုပ်ကို ထပ်ထားရင် လူကြီး တစ်ထွာလောက် ရှိပါတယ်။ (စကားမစပ် အဲဒီ စာအုပ်တွေ ကလည်း ၀ယ်နိုင်သူ သို့မဟုတ် ဘုန်းကြီးက ၀ယ်ပေး ထားတဲ့ ကိုရင်လေး အဆင့်ဆင့် လက်ဆင့်ကမ်း စာအုပ် တွေက များတယ်ပြီးတော့ခုခေတ်စာအုပ်ဈေးကလည်းကြီးတယ်မလား။
စာအုပ်ဈေးက သာသနာသော ဘာသော နားမလည် ဘူးလေ။ ကိုရင်လေး တွေက နဂိုကမှ တောမှာ စာသင်ကျောင်း တက်နိုင် လောက်အောင် ပိုက်ဆံ မရှိတဲ့ ကြားထဲ ဟုတ်တယ် မဟုတ်လား) အဲဒီ စာအုပ်တွေကို ကျက်ရ မှာနော်။ အလွတ် ကျက်ရမှာ။ မြန်မာလို တစ်လုံးမှ မပါဘူး။ ပါဠိလိုချည်း ရေးထားတာ။ စာအုပ် တစ်အုပ် တစ်အုပ်ကို မြန်မာပြန်ရင် နှစ်အုပ်လောက် ထွက်ထွက် လာတယ်။
ဒါတောင်သဘောပဲပြောတာ
စာအုပ် တွေက အများကြီးပဲ။ ခုခေတ် တက္ကသိုလ် ကျောင်းသား တွေတောင် မဖတ်နိုင်တဲ့ စာအုပ်ပေါင်း များစွာကို ကိုရင်လေး တွေက သင်နေရ ပါတယ်။ အဲဒီ စာတွေက ဘုရား နှုတ်ကပတ် တော်တွေပါ။ ဘုရား ရှိခိုးရင် သြကာသတောင် မဆိုချင်တဲ့ လူပုဂ္ဂိုလ် တွေထက် ဘုရား သာသနာ တော်ကို ဆက်လက် တည်တံ့အောင် ဘုရား နှုတ်ကပတ် တော်ကို ထိန်းသိမ်းတဲ့ ကိုရင်လေး တွေရဲ့ တစ်နေ့ တစ်နေ့ ရတဲ့ ကုသိုလ်ကို လူပုဂ္ဂိုလ် တစ်သက်လုံး လုပ်လို့ရတဲ့ ကုသိုလ်က ဘယ်လိုမှ မမှီပါဘူး။ အဲဒီ ကိုရင်လေး တွေကို လူတွေ တော်တော် များများက ပစ်ပစ်ခါခါ ဆက်ဆံတတ် ပါတယ်။
ကျောင်းမှာ တပြေးညီ ကြမ်းပြင်မှာ အိပ်ရ ပါတယ်။ တချို့ဆို နေရာကောင်း မရပါဘူး။ သွားလမ်း လာလမ်းမှာ အိပ်ရတာ မျိုးတွေ ရှိပါတယ်။ ကိုရင်လေးပဲ။ ဆော့ချင်စိတ် ကစားချင် စိတ်တွေ များမှာပေါ့။ အပြင်က ကလေးတွေ ဆော့နေချိန် သူတို့မှာ တက္ကသိုလ် ကထိကတောင် စာလုံးပေါင်း ဖတ်ရမယ့် စာတွေကို ဒေါင်းဒေါင်းပြေး ပြန်ဆို နိုင်အောင် ကျက်နေရ ပါတယ်။ သင်္ကန်း လျှော်ချိန်မှာ သင်္ကန်း လျှော်မယ့်အစား စာကို ကျက်နေ ရတယ်။ ရေချိုးရင်း ချေးတွန်း နေမယ့်အစား စာကို ကျက်နေ ရတယ်။ ကိုရင်လေးတွေ စာမေးပွဲကို လိုက်ကြည့် လိုက်စမ်းပါ။ ရန်ကုန်မှာ စေတီ ယင်္ဂဏ စာမေးပွဲ။ မန္တလေးမှာ သကျသီဟ စာမေးပွဲ။ အနေ အထိုင်ထက် စာက ပိုအရေးကြီး ရတယ်။ လူတွေက ဒါကို မမြင်ပါဘူး။ မြင်တာက ကားမှတ်တိုင်မှာ ဘယ် ကားသမားမှ ခေါ်မတင်လို့ ဟိုကား ရပ်ပေးနိုးနိုး ဒီကား ရပ်ပေးနိုးနိုး ကားစုံအောင် တားနေရတဲ့ ကိုရင်တွေကိုဒီဘ၀ကိုစာရေးသူကိုယ်တိုင်ပင်ကိုယ့်တွေခံစားဖူးတယ်။
တစ်ခါက ဗေဒင် ဆရာ တစ်ယောက် ဇရပ် တစ်ခုမှာ နားခို နေတုန်း ဆေးဆရာ တစ်ယောက် ရောက်လာတယ်။ ဟိုပြော ဒီပြော ပြောရင်း ဘယ်နေ့ သားလဲလို့ မေးမိတယ်။ ဒီတော့ စနေသား တွေချည်း ဖြစ်နေတယ်။ ခဏနေ သူဌေး တစ်ယောက် ရောက်လာ ပြန်တယ်။ မေးကြည့်တော့ သူလည်း စနေသား။ နောက် လူကြီး လူကောင်း တစ်ယောက် တက်လာတယ်။ သူလည်း စနေသားတဲ့။ နောက် ပညာတတ် တစ်ယောက် တက်လာတယ်။ သူလည်း စနေသား။ ဟား စနေသား တွေချည်း။ ဒီတော့ စနေသားတွေ ပြောကြတယ်။ စနေသား မို့လို့ ဒီလို တော်တာ ဒီလို တတ်တာပေါ့။ အဲဒါကို ကြားတော့ ဇရပ်ရှေ့က သူတောင်းစား ကလည်း ထပြောတယ်။ သူလည်း စနေသားပါ တဲ့။ မင်းကတော့ စနေလေ စနေလွင့်ပဲ လို့ စနေသားတွေ စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်။ကားသမားတွေ ဒကာဒကာမတွေကဒီသဘောထားတာလား
ကိုရင်လေး တွေက များလေတော့ အနောက်တိုင်း စကားပုံလို သိုးမည်း တစ်ကောင် တစ်လေ ပါတတ်တယ်။ မြန်မာ စကားပုံလို စုံးပြူး တစ်ယောက်တော့ ပါတတ်တယ်။ သို့သော် ကိုရင်လေး ဆိုပြီး အထင် မသေးပါနဲ့။ တစ်သံသရာလုံး သေစေတတ်တဲ့ အဆိပ်ကို ပိုင်တယ်ဆိုတာ ကိုတော့ သတိမမေ့ပါနဲ့။ ပြန်လည်ပြီးတော့နောင်တချိန်ဦးဇင်းတို့စာဖတ်သူ ဒကာဒကာမတို့ရဲ့ကိုးကွယ်ရာမြတ်ဗုဒ္ဓသာသနာတော်
မြတ်ကြီးကိုတာဝန်ထမ်းဆောင်မှာကခုကားမှတ်တိုင်မှာကွမ်းယာဆိုင်မှာပလက်ဖောင်းပေါ်မှာသင်္ကန်းမနိုင်
တနိုင်သိတ်ကိုင်လျှက်ဆွမ်းခံကြွသွား ကိုရင်ငယ်လေးများကို မသနားလျှင်နေပါ မစော်ကားမှိအောင်နေ
ပြီးတော့ မီမီဘာသာ  သာသနာကိုတက်နိုင်သမျှထောက်ပံ့လှူတန်းသာသနာပြုပုဂ္ဂိုလ်အံ့မခန်းအောင်ကြီုး
စားပြီးတော့လယ်ယာမြေကောင်းမှာ (သို့မဟုပ်)မီးလောင်ပြင်မှာပေါက်တဲ့ဗဒတ်စာပင်လိုလူသားတိုင်းအ
တွက်အကျီုးရှိသောအပင်များဖြစ်အောင်ကိုယ်ရင်ငယ်လေးမှသည် ပညာတတ်ဆရာတော်ကြီးများဖြစ်
အောင်စောင့်ရှောင့်နိုင်ကြပါစေလို့ဆန္ဒပြုအပ်ပါသည်ဦးဇင်းတို့သည်ပင်ကိုရင်လေးဘ၀ကနေယ္ခုမာဂဓ
တက္ကသိုလ်မှာ M.A .Buddhist Studies.သင်ကြားနေ့နိုင်တာဟာအဲဒီလိုကိုရင်ငယ်လေးနှပ်ချီးတွဲလုံး
လိုဘ၀ကနေအားကျခဲ့တဲ့အတွက်ကြောင့်ယ္ခုလိုပညာသင်နေနိုင်တာပါဦးဇင်းတို့ဘာသာတရားသည်ကား
သူတပါးကိုနှိပ်ချဖို့မဟုပ် မသိနားမလည်သေးသောသူများကိုမီမီသိတာလေးကိုမျှဝေဖို့မဟုပ်ပါလားအဲလို
မျှဝေမယ်ဆိုတဲ့သူတယောက်အဖို့ပိဋကတ်စာပေတွေကို ကိုရင်ငယ်လေးဘ၀ကတည်းကပင်ပန်းဆင်းရဲခံ
ကာ စာချဆရာတော်တွေရဲ့ခြေရင်းမှာဝတ်စင်းပြီးတော့ပိဋကတ်စာပေတွေကိုသင်အံလေ့ကျင့်ခဲ့ကြရတာ
ကိုရင်ငယ်လေးဘ၀တည်းကမဟုပ်ပါလား ကြီးမှဝတ်သည်ဖြစ်စေဦးတော့ဒီစာပေတွေကိုမသင်ကြားမလေ့
လာဘူးဆိုရင်အဘယ်လိုသောစာပေတွေဗဟုသုတတွေနဲ့မိမိရဲ့ဒကာဒကာမ များကိုပြောနိုင်ပါမည်နည်း
ဒါကြောင့်မို့လမ်းဘေးပလက်ဖောင်းမှာသဗိတ်မနိုင် သင်္ကန်းမနိုင်ကိုရင်ငယ်လေးတွေကို အထင်မသေးမ
ကြပဲသာသနတာဝန်သည်နောင်တချိန်ဝယ် ခုဦးဇင်းတို့ဒကာဒကာမတို့တွေမြင်နေရတဲ့ကိုရင်ငယ်လေးတွေ
ရဲ့လက်ထဲကိုရောက်လာလိမ့်ဦးမည်ဆိုတာကိုစိတ်ဝယ်စွဲမှတ်အစဉ်အမြဲသတိကပ်လျှက်သာသနာ့တာဝန်
သည်ငါ့တို့ရဲ့တာဝန်လဲဖြစ်နေသည်ဟူ၍အမြဲနှလုံးသွင်းဆင်ခြင်ကာမြတ်ဗုဒ္ဒသာသနာဝယ် ပရိယတ္တိ ပဋိပတ္တိ
ပဋိဝေဒဟူသော သာသနာ ၃ ရပ်ကိုတက်နိုင်တဲ့ဘက်မှကြီုးစားအားထုပ်နေကြသော ရှင် ရဟန်းတို့အား 
ကူညီဝိုင်းဝန်းလှူတန်းခြင်းဖြင့် သာသနာတော်ကြီးအရှည်တည်တံ့အောင်ထောင့်ပံ့နိုင်တဲ့သာသ
နာပြုဒကာဒကာမများဖြစ်ကြပါစေလို့ဆန္ဒပြုတိုက်တွန်းရင် ကိုရင်ကလေးပိစီကွေးအထင်မသေး
ကြပါရန်တိုက်တွန်လိုက်ပါသည်။
အရှင်မုနိန္ဒ(ပန်းထို)
M.A..မာဂဓတက္ကသိုလ်.အိန္ဒိယနိုင်ငံ။
ASHINMUNAINDA
HOSTEL.no.3 ROOM.no3
MAGADH UNIVERSITY
BODH GAYA BIHARSTATE INDIA
Phone.0091-8083379577
>>>ဆက်ဖတ်ရန်>>> >>

Monday 19 December 2011

အလှူရေစက်လက်နှင့်မကွာဗုဒ္ဓဘာသာ

ဦးဇင်းတို့ရဲ့မြန်မာလူမျိုးများဟာ အင်မတန်အလှူအတန်း ရက်ရောတဲ့ လူမျိုးများဖြစ်ပါတယ်။ ပြည်ထောင်စု တိုင်းရင်းသားတွေ အပါအ၀င် မြန်မာလူ့ဘောင်တစ်ခုလုံးမှာ အလှူဒါနနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ စကားပုံဆိုရိုးစကားတွေဟာ ပြောမဆုံးနိုင်အောင် ကျယ်ပြန့်လှပါတယ်။ အများစုဗုဒ္ဓ၀င်တွေပီပီ မွေးစနာမည်ပေး ကင်ပွန်းတပ်ကစပြီး ကွယ်လွန်လို့ ရက်လည်ဆွမ်းကျွေးတဲ့အထိ အလှူအတန်းဟာ ဘ၀တစ်လျှောက်လုံး ပါနေခဲ့တာပါ။ ဒါပေမယ့် လှူတာဟာ လှူတတ်ဖို့ လိုပါတယ်။ လှူတတ်ဖို့ဆိုတာက ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်မဲ့ အလှူမျိုးမဟုတ်ဘဲ လှူရင် လှူသလောက် အာသေ၀နပစ္စည်းအရ ပထမဇောနဲ့ လက်ငင်းဘ၀မှာ ဒိဌဓမ္မအကျိုးပေးဖို့ ၊ ဒါမှမဟုတ် သတ္တမဇောနဲ့ နောက်လာမဲ့ ဒုတိယဘ၀မှာ အကျိုးပေးဖို့ ဒါမှမဟုတ် အလယ်ငါးဇောအရ နိဗ္ဗာန်မရမီစပ်ကြား ဖြစ်ရာဘ၀မှာ သင့်လျော်သလို အကျိုးပေးဖို့ ဖြူဖြူစင်စင် ကုသိုလ်တွေရကြစေဖို့ ဆိုလိုတာဖြစ်ပါတယ်။ဒါန
ဆရာကြီးဦးရွှေအောင်ရဲ့ ကိုယ်ကျင့်ဗုဒ္ဓ၀င် (ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ) စာအုပ်မှာ "ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာခံခြင်းဖြစ်၏ " ဒါနအမှုဖြစ်တဲ့ စွတ်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်း ဆိုတာတွေကို ဘယ်ဘာသာဝင်မဆို လုပ်နိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေအတွက်ကတော့ မြတ်ရွှေပြည် နိဗ္ဗာန်ကို လှမ်းတက်ဖို့ရာ ဒါန၊ သီလ၊ ဘာဝနာ ဆိုတဲ့ လှေကားထစ်သုံးခုအနက် အရေးပါလှတဲ့ လှေကားထစ်ဖြစ်ပါတယ်။ ဒါနဟာ နိဗ္ဗာန်မဂ်ဖိုလ်ကို တိုက်ရိုက်ပို့ဆောင်ပေးနိုင်တဲ့ နည်းလမ်းမဟုတ်သော်လည်း နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ (နိဗ္ဗာနပစ္စယော)တော့ဖြစ်ပါတယ်။ ဘယ်လိုအထောက်အပံ့ ဖြစ်စေသလဲဆိုတော့ လှူဒါန်းတဲ့နေရာမှာ ထားခဲ့တဲ့ စေတနာသဒ္ဓါတွေရဲ့အကျိုးကြောင့် အစစအရာရာ ပြည့်စုံဖူလုံုံစွာနဲ့ တစ်မဂ်တစ်ဖိုလ် မြန်မြန်ဆန်ဆန်ရောက်စေနိုင်ပါတယ်။ ဒါနမျိုးစေ့ ရှိတဲ့သူနဲ့ မရှိတဲ့သူ ဘာတွေကွာခြားစေသလိုဆိုတော့ ကားရှိတဲ့သူနဲ့ ခြေလျင်လျှောာက်ရတဲ့သူ ကွာခြားသလိုပဲ။ ကားရှိတဲ့သူ လိုရာခရီးကို မြန်မြန်ဆန်ဆန် ရောက်ရှိသွားတဲ့အချိန်မှာ ခြေလျင်သမားကတော့ နေပူပူအောက် ထီးကောက်တစ်ချောင်းနဲ့ ရုန်းကန်ရတုန်းပါ။ ဒါနအခြေခံရှိတဲ့သူဟာ အုတ်မြစ်ကောင်းချထားတဲ့ တိုက်အိမ်လိုပါပဲ။ အမြစ်အားကောင်းတဲ့ အပင်လိုပါပဲ။ ဖွံ့ဖြိုးတိုးတက်စည်ပင်ဖို့ အလွန်လွယ်ပါတယ်။ ဒီလိုအကျိုးပေးနိုင်ဖို့ သာမာန်ဖြစ်ကတတ်ဆန်း အလှူမျိုးနဲ့တော့ မရနိုင်ပါဘူး။ အလှူဒါနမှာ ပြည့်စုံရမယ့် အရည်အသွေးတွေ အရည်ချင်းလက္ခဏာရပ်တွေ ရှိနေပါတယ်။ဒါန၏ အင်္ဂါလက္ခဏာ
အဲဒီအရည်ချင်း အင်္ဂါလက္ခဏာတွေကတော့ ရုပ်ပိုင်းအရဆိုရင် အလှူပေးသူ၊ အလှူခံသူ၊ အလှူပစ္စည်းတို့ဖြစ်ပါတယ်။ ဘယ်သူမဆို လှူတာတော့ ဒီလိုဘဲလှူကြတာပါပဲ။ ဒါပေမယ့် လှူလိုက်ရခြင်း၏ အကျိုးပေးပုံခြင်းကတော့ တူကြမှာမဟုတ်ပါဘူး။ ဒါဟာဆိုရင် အလှူရဲ့စင်ကြယ်ခြင်း ကွားခြားခဲ့လိုပါပဲ။ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက်ရတတ်ပြီး၊ ညောင်ပင်လောက် လှူသော်လည်း ညောင်စေ့လောက်ရသလိုမျိုးပေါ့။ ကဿပမြတ်စွာဘုရားရှင်လက်ထက်တော်က မဟာဒုတ်ဆင်းရဲသားဟာ ထင်းပေါက်လို့ရတဲ့ အခကြေးငွေ၊ ပံ့သကူရတဲ့ ငါကြင်းကြီးတစ်ကောင်နဲ့ပဲ မြတ်စွာဘုရားရှင်ကို ဆွမ်းကပ်ရတာ ဒိဌဓမ္မ ချက်ချင်းလက်ငင်း အကျိုးပေးတာမျိုး ဖြစ်ပါတယ်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မဟာဒုတ်အကျိုးပေးပုံနဲ့ ပတ်သက်လို့ အင်္ဂါသုံးတန်နဲ့ပြည့်စုံလို့ အကျိုးပေးခြင်းဖြစ်တဲ့အကြောင်း အခြေပြုပဌာန်းတရားတော် အာသေ၀နပစ္စည်းအပိုင်းမှာ ဟောတော်မူခဲ့ပါတယ်။အလှူရှင်
အင်္ဂါသုံးတန်မှာ ပထမအင်္ဂါတစ်ခုကတော့ အလှူရှင်ရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါတရားပါပဲ။ စေတနာဟာ ကံဖြစ်တယ်လို့ မြတ်စွာဘုရားဟော်တော်မူခဲ့အတိုင်း စေတနာကြီးမြင့်သလောက် ကံလည်းကြီးမြင့်တာပါပဲ။ ကိုယ်စားမဲ့ထမင်းထုပ်ကို မစားဘဲ၊ ရဟန္တာကိုလှူတာ၊ ပစ္စေကဗုဒ္ဓါကိုလှူတာ၊ ကျွန်ခံနေရတဲ့ သမီးလေးကို ရွေးဖို့ငွေပိုက်ဆံနဲ့ တောလမ်းခရီးမှာ တွေ့ရတဲ့ ရဟန်းတော်ဆွမ်းဘုန်းပေးဖို့အတက် ဆွမ်းဝယ်ပြီးလှူလိုက်တဲ့ မဟာတိဿယ ဒါယကာလို သဒ္ဓါထက်သန်တဲ့ အလှူအတန်းမျိုးဟာ ဘယ်လောက်များမြင့်မြတ်လိုက်ပါသလဲ။ တကယ်တော့ လှူတယ်ဆိုတာ စွန့်လွှတ်ပေးကမ်းတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လွှတ် ပေးကမ်းရတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လှူရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ ''ငါ''တပ်မက်မှုတဏှာ၊ လောဘကို ချုပ်တည်းပယ်ဖြတ်ပြီးမှ စွတ်လွှတ်လှူဒါန်းရတာ၊ ငါမဟုတ်တဲ့နာမ်ရုပ်ကို ငါလို့စွဲမှတ်နေတဲ့ အ၀ိဇ္ဇာနှင့် သကာယဒိဌိကို ပယ်သတ်နိုင်ဖို့ တိုက်ပွဲဝင်လှူဒါန်းရတာဖြစ်ပါတယ်။ အတ္တကြီးလေလေ၊ လောဘကြီးလေလေ၊ ကိလေသာကြီးလေလေ၊ စွန့်လွှတ်ရမှာနှမြောလေလေပါပဲ။ တပ်မက်မှုတဏှာကြီးမားလေ၊ စွန့်လွှတ်ဖို့ခက်လေလေပါပဲ။ အဲဒီတော့ မဟာတိဿယလို လှူဒါန်းဖြစ်ဖို့အတွက် စေတနာသဒ္ဓါတရားကြီးမားဖို့ လိုအပ်ပြီပေါ့။ ထမင်းနဲအိုးကွဲလို့ ရွှေစည်းခုံလှူတာမျိုး၊ အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး၊ တစ်ကျပ်ဖိုးလှူပြီး တစ်ရာဖိုးလိုချင်လို့လှူတာမျိုး၊ ပကာသန၊ ရာထူးဂုဏ်၊ နာမည်ကျော်စောဖို့အတွက် လှူတာမျိုးဆိုရင်တော့ တကယ်သဒ္ဓါစစ်စစ်နဲ့ လှူတာမဟုတ်တဲ့အတွက် စင်ကြယ်သောအလှူလို့ မခေါ်ဆိုနိုင်ပါဘူး။ တကယ်စင်ကြယ်တဲ့ သဒ္ဓါတရားဆိုတာ လှူလိုက်ရလို့ အလှူခံပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းတာကို သိမြင်ရပြီး ပီတိဖြစ်တဲ့စိတ်ကလေးပါ။ သို့ပေမယ့် ငါဥစ္စာဆိုတဲ့ နှမြောဝန်တိုစိတ်နည်းနည်းလေးမှ မဖြစ်မိဖို့ လိုပါတယ်။ သတိကပ်ပြီး ဉာဏ်နှင့်ယှဉ်ဖို့လိုပါတယ်။ အစာငတ်နေသော ခွေးကလေးကို အစာကျွေးလိုက်ရတာ၊ လုပ်ကိုင်မစားနိုင်သော ဒုက္ခိတပုဂ္ဂိုလ်များကို ကူညီလှူဒါန်းလိုက်ရတာ၊ ဆွမ်းစားချိန်လင့်နီးနီး ဖြစ်နေသော ရဟန်းသံဃာတော်ကို အချိန်မီဆွန်းကပ် လှူဒါန်းလိုက်ရတာ စသဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ်အမြတ်မရွေးပဲ မွန်မြတ်သော စေတနာသဒ္ဓါတရားနဲ့လှူမှ တကယ်စင်ကြယ်သော စေတနာဖြစ်မှာပါ။ လှူဒါန်းတဲ့နေရာမှာ ငါမလို့လှူနိုင်တာ၊ သင်းတို့ကဒီလောက်လှူနိုင်ရင် ငါတို့က ဒါထက်သာအောင်လှူမယ်ဆိုတဲ့ မာနစိတ်တွေ၊ ဣဿမစ္ဆိရိယစိတ်တွေနဲ့ လှူမယ်ဆိုပြန်ရင်လည်း ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ရတဲ့ ဥပနိဿယ ပစ္စည်းဖြစ်ရပြန်ပါတယ်။ ကုသိုလ်ကိုအမှီပြုပြီး အကုသိုလ်ကိုဖြစ်ရတဲ့အတွက် ကြောက်ဖို့ကောင်းလှပါတယ်။ ဒါဟာ အလှူရှင်ရဲ့ စင်ကြယ်မှုဖြစ်၏၊ မဖြစ်၏ဆိုတဲ့အပိုင်းပါ။အလှူခံပစ္စည်း
အလှူခံပစ္စည်းရဲ့ စင်ကြယ်မှုအပိုင်းကတော့ စာဖတ်သူများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အဓိက ကတော့'ဓမ္မိယလဒ္ဓ' စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ပါပဲ။ စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ဆိုတာ မိစ္ဆာအာဇီဝလို့ ခေါ်တဲ့ လုပ်ငန်း(၅) မျိုးကိုရှောင်ကြဉ်ဖို့ပါပဲ။(၁) သတ္တ၀ါတွေ သေစေနိုင်သော လက်နက်များ ကုန်ကူးခြင်း။(၂) သတ္တ၀ါတွေ သေစေနိုင်သော အဆိပ်များ ကုန်ကူးခြင်း။(၃) သားငါးများ ကုန်ကူးခြင်း။(၄) အရက်သေစာများ ကုန်ကူးခြင်း။(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန် လူများ ကုန်ကူးခြင်း။
အဲဒီလို မကောင်းမှုနဲ့ ရှာဖွေရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ ခိုးပြီး၊ လိမ်ပြီး၊ လုယက်ပြီး သူတစ်ပါးဆီက မတရားသဖြင့်ရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ မိမိရဲ့ရိုးသားဖြောင့်မတ်စင်ကြယ်စွာ အသက်မွေးဝမ်းကြောင်းနဲ့ ရှာဖွေရရှိထားတဲ့ ပစ္စည်းဖြစ်ဖို့ပါပဲ။ မကောင်းမှုနဲ့ ရထားတဲ့ပစ္စည်းကို လှူလို့ရော အကျိုးမပေးဘူးလားဆို အကျိုးပေးပါတယ်။ သို့သော် မကောင်းမှုနဲ့ယှဉ်တဲ့ အကျိုးသွားလေးကတော့ ပါနေတော့မှာပေါ့။အလှူခံပုဂ္ဂိုလ်
နောက်တစ်ပိုင်းကတော့ အလှူခံပုဂ္ဂိုလ်ရဲ့ စင်ကြယ်မှုအပိုင်းပါပဲ။ အလှူခံပုဂ္ဂိုလ်ဟာ စင်ကြယ်မြင့်မြတ်လေလေ လှူရတဲ့သူအဖို့ အကျိုးရှိလေလေပါပဲ။ မဟာဒုတ်ဒါယကာရဲ့ဆွမ်းကို ကဿပမြတ်စွာဘုရားရှင်က ချီးမြှေက်ဖို့အတွက် သမာပတ်ဝင်စားပြီး စိတ်တော်ကို နိဗ္ဗာန်အာရုံပြုပြီး ထုံထားပြီးမှ သမာပတ်က ထပြီးတော့ မဟာဒုတ်ဆွမ်းကို သပိတ်တော်ဘုန်းပေးတော်မူပါတယ်။ လောကတွင် အမြင့်မြတ်ဆုံး အစင်ကြယ်ဆုံး ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မှ ပိုမိုစင်ကြယ်သွားးအောင် သမာပတ်ဝင်စားပြီးမှ အလှူခံတော်မူတာဖြစ်ပါတယ်။တကယ်တော့ ပါရမီဆိုတာလည်း အရင်းခံအားဖြင့် တပ်မက်တဲ့တဏှာကိုသတ်ဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ ဒါနဆိုတာကလည်း ကိုယ်မှာရှိတဲ့ လောဘကိုထိန်းချုပ်၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ပါရမီ(၁၀)ပါးကို ဖြည့်ရာလည်းရောက်ပါတယ်။ပါရမီ(၁၀)ပါး(၁) ဒါန = ပေးကမ်း လှူဒါန်းခြင်း။(၂) သီလ = သီလဆောက်တည်ခြင်း။(၃) နိက္ခမ = ကိလေသာ အနှောင်အဖွဲ့မှထွက်ခြင်း(တောထွက်ခြင်း)။(၄) ပညာ = ပညာဆည်းပူးခြင်း ၊ ဖြန့်ဝေခြင်း။(၅) ၀ီရိယာ = မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။(၆) ခန္တီ = သည်းခံခြင်း၊(၇) သစ္စာ = မှန်ကန်သော စကားကိုဆိုခြင်း။(၈) အဓိဌာန် = ဆုံးဖြတ်ချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက်ခြင်း။(၉) မေတ္တာ = ဒေါသမဖြစ်အောင်နေခြင်း။(၁၀) ဥပေက္ခာ= ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်မှလွတ်အောင်နေခြင်း။
မိမိရဲ့အလှူဟာစင်ကြယ်တဲ့ အလှူဖြစ်တဲ့အတွက် ကိုယ်ပိုင်ပစည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ဒါနပါရမီမြောက်ပါတယ်။ ကိုယ်ကျင့်ဗုဒ္ဓ၀င်ကျမ်းပြု ဆရာကြီးဦးရွှေအောင်ရဲ့ အဆိုတွင် ယတိပြတ်စွန့်လွှတ်လှူဒါန်းတာ ဖြစ်ရင် နိက္ခမပါရမီ၊ မိမိဒါန အထမြောက်အောင်မြင်ဖို့အတွက် အားထုတ်ကြိုးစားရတဲ့အတွက် ၀ီရိယပါရမီ၊ ပညာဆင်ခြင်တုံဉာဏ်နဲ့ယှဉ်ပြီး လှူဒါန်းတဲ့အခါမှာ ပညာပါရမီ၊ မဖြစ်ဖြစ်အောင် လှူမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့လှူတဲ့အတွက် အဓိဌာန်ပါရမီ၊ အလှူခံပုဂ္ဂိုလ်အပေါ် စေတနာသဒ္ဓါအပြည့်နဲ့ မေတ္တာထားပြီးလှူတဲ့အတွက် မေတ္တာပါရမီ၊ ဒါနပြုရာမှာကြုံတွေ့ရတဲ့ အခက်အခဲအမျိုးမျိုးကို သည်းခံကျော်လွှားရတဲ့အတွက် ခန္တီပါရမီ၊ အလှူရှင်အပေါ် အလှူခံပုဂ္ဂိုလ်ဖြစ်ဖြစ်၊ဘေးပရိတ်သတ်ကဖြစ်ဖြစ် ကဲ့ရဲ့တာ၊ ချီးမွမ်းတာကို မတုန်မလှုပ် သည်းခံနိုင်မယ်ဆိုရင် ဥပေက္ခာပါရမီ၊ စတဲ့ ပါရမီ(၁၀)ပါးပါဝင်နေသလို ပါရမီဖြည့်ရာလည်း ရောက်ပါတယ်။ ဒါနတစ်ခုကို ပြုတော့မယ်ဆိုရင် ပါရမီအားလုံး ပြည့်စုံနေတဲ့ ပါရမီကုသိုလ်ကြီးတစ်ခု ပြုလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော် လှူတတ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်လိုလှူကြမလဲ။ ကျွန်တော်နားလည်သလောက် အကြံပြုပါရစေ။လှူတဲ့ပုဂ္ဂိုလ်အနေနဲ့ စေတနာကို စင်ကြယ်စွာထားနိုင်ဖို့ လိုပါတယ်။ လူချမ်းသာ၊ နတ်ချမ်းသာ စတဲ့ ကောင်းကျိုးချမ်းသာတွေကို လိုချင်လို့ လောဘနဲ့လှူတဲ့ အလှူမျိုး၊ သူများနဲ့ဂုဏ်တု ဂုဏ်ပြိုင် မခံချင်စိတ်နဲ့လှူတဲ့ အလှူမျိုး၊ သူများကဲ့ရဲ့မှာကြောက်လို့ လှူတဲ့အလှူမျိုး၊ စေတနာမပါတဲ့ အလှူမျိုး၊ အဲဒီလိုအလှူမျိုးတွေ မဖြစ်စေချင်ပါဘူး။လှူတဲ့နေရာမှာ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူပါ။ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူရင် ကျွဲကူးရေပါသလို လူချမ်းသာ၊ နတ်ချမ်းသာဆိုတာ အလိုလို ပါပြီးသားပါ။ အရိယာသူတော်စင် များကလည်း ကိုယ်ချမ်းသာဖို့သက်သက်ကို ရည်စူးပြီးလှူတာကို အနှစ်မြို့ကြပါဘူး။ မိုးကုတ်ဆရာတော် ဘုရားကြီး မိန့်ဆိုခဲ့သည်မှာ ''လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်လို့ ကုသိုလ်လုပ်ရင် ကုသိုလ်ကံနဲ့ တဏှာရောနေတယ်။ ကုသိုလ်လုပ်တာက ကုသိုလ်၊ ''လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်တာက တဏှာပေါ့။ လူ့ဘ၀၊ နတ်ဘ၀ဆိုတဲ့ 'ဒုက္ခသစ္စာ' မထည့်ပါနဲ့။ နောက်ဘ၀ မသာဖြစ်တာ ကောင်းစားတာလား၊ မသာလွတ်မှကောင်းစားမှာပေါ့။ ကိုယ့်မှာလည်း ဒုက္စသစ္စာရှိနေပါလျက်နဲ့ နောက်ဒုက္စသစ္စာကို တောင့်တဖို့ လိုပါအုန်းမလား။ ၃၁-ဘံအားလုံးဟာ အနိစ္စကြီးပဲ။ လူပြည်ဆုတောင်းတာ မြေကြီး ကြီးပွါးဖို့၊ နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့၊ ဗြဟ္မာပြည်ဆုတောင်းတာ မသာကြီးချဖို့၊ ဒီဒုက္ခသစ္စာကြီး မရချင်ရင် လှူပါ'' လို့ မိန့်ကြားတော်မူခဲ့ပါတယ်။လှူတဲ့နေရာမှာ ပုဗ္ဗ၊ မုဉ္စ၊ အပရ ဆိုတဲ့ စေတနာသုံးတန်ကို ပြတ်ပြတ်သားသား ပြဌာန်းပြီးတော့ တဏှာစွဲ ကျွတ်ကျွတ်လွတ်လွတ်နဲ့ စွန့်လွတ်ပြီးတော့ လှူလိုက်ပါ။ ငါစွဲမထားပါနဲ့၊ ငါ့ဥစ္စာစွဲ မထားပါနဲ့။ နိက္ခမပါရမီမြောက်အောင် လှူလိုက်ပါ။ ''ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့အစွဲကို စွန့်လွှတ်ပစ်တာ။ မမျှော်နဲ့၊ မျှော်ရင်ချော်မှာပဲ။ မျှော်တာက တဏှာ၊ အကျိုးပေးမှာက စေတနာ။ စေတနာသန့်ရှင်းရင် အကျိုးပေးသန့်ရှင်းမယ်။ ပစ္စည်းကို လက်ကလွှတ်ပေမဲ့ ငါစွဲစိတ်က မလွှတ်မိရင် ငါ၊ ၀တ္ထု၊ ပုဂ္ဂိုလ် စွဲများကြောင့် ပြိတ္တာခန်း တန်းဝင်ကြရမယ် '' လို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဆုံးမတော်မူခဲ့ပါတယ်။ လှူတဲ့နေရာမှာ ဒါနပါရမီသာမက ၀ိရိယပါရမီပါမြောက်အောင်၊ သဟသိကဒါန မြောက်အောင် ကိုယ်တိုင်ကိုယ်ကျ ၀ီရိယစိုက်ထုတ်ပြီး ဝေယျာဝစ္စကုသိုလ်ကိုပါ ရအောင်ယူပါ။အလှူခံပုဂ္ဂိုလ်အတွက် အလိုအပ်ဆုံးအချိန်မှာ အလိုအပ်ဆုံး ပစ္စည်း၊ အထောက်အပံ့ကို ပေးလှူနိုင်အောင်၊ (ကာလေဒါန)ဖြစ်အောင် ကြိုးစားပါ။ အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ် အမြတ်မရွေး ကိုယ့်ကုသိုလ်ဖြစ်မြောက်အောင် ဖြည့်ဆည်းပေးတဲ့ ကျေးဇူးရှင်တွေအဖြစ် မေတ္တာထားပြီး လေးလေးစားစား ပေးလှူပါ။ မိမိရဲ့အလှူ အောင်မြင်ပြီးမြောက်တဲ့အထိ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားသည်းခံပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ပြီးလှူပါ။ မိမိရဲ့ အလှူပစ္စည်းဟာလည်း ဓမ္မိယလဒ္ဓ၊ စင်ကြယ်စွာရှာဖွေထားတဲ့ ပစ္စည်းဖြစ်ပါစေ။ ခိုးဝှက်၊ လုယက်၊ အဓမ္မရယူထားတဲ့ပစ္စည်း မဖြစ်ပါစေနဲ့။ ကိုယ်ရဲ့ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ပစ္စည်းဟာ အစင်ကြယ်ဆုံးပါ။ 'အသယှ' ဇာတ်တော်မှာ 'အသယှ' သူဌေးဟာ ရှိသမျှပစ္စည်း လှူဒါန်းလိုက်လို့ကုန်တော့၊ ခုနှစ်ရက်လုံးလုံး မြက်ရိတ်ပြီး ရောင်းရငွေနဲ့ တစ်မိသားစုလုံး ထမင်းတောင်မစားဘဲ အငတ်ခံပြီးလှူဒါန်းလို့ သိကြားမင်းရဲ့ ဗိမာန်တောင် တုန်လှုပ်ပါတယ်လို့ ဆိုထားပါတယ်။ လှူတဲ့အချိန်မှာ မြင့်မြတ်တဲ့အလှူခံပုဂ္ဂိုလ်ကို လှူနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ အခုအခါမှာ အရိယသံဃာတော်ကြီးများ၊ ပစ္စေကဗုဒ္ဓါစတဲ့ အလှူခံပုဂ္ဂိုလ်မျိုး ရှာရခက်လေတော့ အကောင်းဆုံးအကြံပြုချင်တာက သံဃာတော်များကိုရည်မှန်းပြီး လှူတာပါပဲ။ ရဟန်းတော်တစ်ပါးချင်းကိုရည်ရွယ်ပြီး လှူတာထက် သံဃာတော်များကိုရည်မှန်းပြီး လှူတာက ပိုပြီးမြင့်မြတ်ပါတယ်။ ပိုပြီးလည်း အပြစ်ကင်းပါတယ်။လှူတယ်ဆိုတာ ပစ္စည်းရှိမှလှူနိုင်တာ မဟုတ်ပါဘူး။ အမိအဘကို လုပ်ကျွေးတာ၊ သားသမီး မိသားစုကိုလုပ်ကျွေးတာ၊ ဆွေမျိုးမိတ်သင်္ဂဟကို စောင့်ရှောက်တာလည်း အလှူတွေပါပဲ။ မိမိရဲ့ပညာကို မျှဝေတာ၊ မိမိရဲ့လုပ်အားကိုမျှဝေတာ၊ မိမိရဲ့အားလပ်ချိန်ကို လူမှုရေးလုပ်ငန်းတွေမှာ လုပ်ဆောင်ပေးတာတွေဟာလည်း ပညာအလှူ၊ လုပ်အားအလှူ၊ အချိန်အလှူတွေပါပဲ။ ''မရှိလို့မလှူ မလှူလို့မရှိ'' ဆိုတာမဟုတ်ပါဘူး။ မရှိပေမယ့်လည်းလှူနိုင်ပါတယ်။ လှူချင်စိတ်မရှိလို့သာ မလှူကြတာပါ။ လှူချင်တဲ့ သဒ္ဓါစိတ်ရှိရင် ဘုရားအလောင်းယုန်မင်းတောင်မှ ကိုယ့်ကိုယ်ကို မီးပုံထဲခုန်ချဆင်းပြီး လှူခဲ့သေးတာပဲ။ ကိုယ့်ခန္ဓာကိုယ်ကနေ သွေး၊ မျက်ကြည်လွှာ လှူနိုင်ပါတယ်။ အရေးကြီးတာက လှူချင်တဲ့သဒ္ဓါစိတ်ရှိဖို့ပါပဲ။ လှူချင်တဲ့သဒ္ဓါစိတ်ထက်သန်ဖို့ပါပဲ။လောကီအရကြည့်မယ်ဆိုရင် အရာရာကိုစွတ်လွှတ် နိဗ္ဗာန်လမ်းကိုသာ ရောက်ရှိရေးအတွက် တရားဓမ္မကိုကျင့်ကြံအားထုတ်နေသော ဘိက္ခုအရှင်သူမြတ်တွေ၊ ရှေးကပြူဖူးသောကံမကောင်းရှာလို့ ဒုက္ခိတဖြစ်ရပြီး လုပ်မစားနိုင်သော မသန်စွမ်းသူတွေ၊ ပဋ္ဋိရူပဒေသ အမှီမရလို့ ငယ်စဉ်က ပညာသင်ခွင့်ကောင်းကောင်းမရကြလို့ အသက်မွေးဝမ်းကျောင်း ခက်ခဲပြီး ဆင်းရဲနေကြသော မရှိဆင်းရဲသားများ ကို လှူဒါန်းရတာဟာ လောကကြီးကိုဟန်ချက်ညီအောင်၊ မျှတအောင် ကူညီလုပ်ဆောင်နေတာပါ။ ထို့ကြောင့် လှူတတ်မယ်ဆိုရင် လှူတယ်ဆိုတာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရရှိတာပါ။ လူတိုင်းလူတိုင်း ကလျာဏပုထုဇဉ်တိုင်း ဒါနအမှုကိုတော့ ပြုသင့်ကြပါတယ်။ ဒါန၊ သီလ၊ ဘာဝနာ မပါရင် သန်းခေါင်လကွယ်၊ တောအုပ်လယ်၌ အမှောင်ထဲမှာ လမ်းပျောက်ရသူလို သံသရာလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရမှာပါ လို့ လယ်တီဆရာတော်ဘုရားကြီး ဆုံးမတော်မူခဲ့ပါတယ်။ဤစာစောင်ကို ဖတ်ရှုကြရသော ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့သည် သတ္တ၀ါအားလုံးတို့ကို လှူနိုင်၊ ပေးနိုင်၊ ကျွေးနိုင်၊ ကမ်းနိုင်သော သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။ ဤစာစောင်ကို ဖတ်ရှုပြီးချိန်မှစ၍ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်စေရန် လှူတတ်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလိမြတ်များ ဖြစ်ကြပါစေ။ တယောက်ကိုတစ်ယောက် ပီယစက္ခု ချစ်ခင်သောမျက်လုံးဖြင့်ကြည့်ရှုနိုင်ကြပြီး သူတော်ကောင်းတရား လက်ကိုင်ထားနိုင်ကြ၍ သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေကြာင်း တိုက်တွန်းနှိုးဆော်ရင်း ဤပို့စ်ဖြင့် ဓမ္မဒါန ပြုအပ်ပါသည်။အရှင်မုနိန္ဒ. M.A မာဂဓတက္ကသိုလ်...အိန္ဒိယ။
>>>ဆက်ဖတ်ရန်>>> >>

"လာခြင်းကောင်းသောလူသားတွေဖြစ်နိုင်ကြပါစေ."

ဧည့်သည်ဆိုတာ ဘယ်ကိုရောက်ရောက် ခဏတာပဲတည်းခိုခွင့်ရပြီး အချိန်တန်ရင် ကိုယ့်ရဲ့နေအိမ်ကို ပြန်သွားရတာပါပဲ။ ဒီအိမ်မှာ ဘယ်လောက်ပဲပျော်ပျော် ဘယ်လောက်ပဲနေချင်နေချင်.. အချိန်တန်လို့ အိမ်ရှင်က လက်မခံချင်ဘူး.. ကိုယ်လည်းအိမ်ပြန်ရမယ့် အချိန်ရောက်ပြီဆိုရင်တော့ နှုတ်ဆက်ပြီးပြန်သွားရမှာပါပဲ။ ကျွန်တော်တို့တွေဟာလည်း ဒီလိုပါပဲနော်။ လူ့လောကလူ့ဘောင်ကို ခဏတာလေးလာရောက်ပြီး ဧည့်သည်အဖြစ် ခဏတာနေခွင့်ရကြတဲ့ ဧည့်သည်တွေပါ။ အချို့တွေက ဧည့်သည်အဖြစ်နဲ့ ခဏတာတည်းခိုခွင့်ရကြပေမယ့် အိမ်ရှင်တွေအတွက် အကျိုးစီးပွားဖြစ်အောင် လုပ်ဆောင်သွားကြတာရှိသလို.. အချို့ကျတော့လည်း အိမ်ရှင်တွေအတွက် ၀န်ထုပ်ဝန်ပိုးလိုဖြစ်နေပြီး အကျိုးမဲ့သလို တာဝန်မဲ့သလို နေထိုင်သွားကြတာတွေလည်း ရှိကြပါတယ်။ ကိုယ်ကလည်းပဲ လူ့လောကကြီးမှာ နေထိုင်တဲ့ ဧည့်သည်လူသားတစ်ယောက် ဖြစ်တဲ့အတွက်.. လူ့လောကကြီးကို အကျိုးပြုသွားတဲ့ ဧည့်သည်ကောင်းတစ်ယောက်လား.. ဒါမှမဟုတ် လူ့လောကကြီးအတွက် အပိုဝန်ထုပ်ဝန်ပိုးတစ်ယောက် ဖြစ်နေတဲ့ ဧည့်သည်ဆိုးတစ်ယောက်လားဆိုတာ သေချာဆန်းစစ်ကြည့်ဖို့ အရေးကြီးပြီပေါ့။
ဓမ္မဘေရီဆရာတော် ဟောပြဆုံးမသွားတဲ့ ဆုံးမသြ၀ါဒလေးတစ်ခု မှတ်သားမိပါတယ်။ "လူတွေဟာ မြေကြီးပေါ်မှာ နေထိုင်ကြီးပြင်းလာကြရတယ်.. ဒီလိုကိုယ့်ကိုနေထိုင်စေနိုင်ဖို့ အခိုင်အမာတစ်ခု ပေးထားတဲ့ မြေကြီးအတွက် ကိုယ်ဟာ ၀န်ထမ်းကောင်းတစ်ယောက်လား.. ဒါမှမဟုတ် အပိုဝန်ထုပ် တစ်ယောက်လား" ဆိုတဲ့ စကားလေးပါ။ ကျွန်တော်တို့တွေဟာ နေ့စဉ်နဲ့အမျှ မြေကြီးပေါ်မှာ နေထိုင်သွားလာကြတယ်.. မြေကြီးကို အကြောင်းပြုပြီး ပေါက်ရောက်လာကြတဲ့ သစ်ပင်တွေဆီမှ အောက်ဆီဂျင်ကို ရယူပြီး အသက်ဆက်ကြရတယ်။ မြေကြီးကိုအကြောင်းပြုကြီး ရရှိလာတဲ့ စားနပ်ရိက္ခာတွေကို စားသောက်ကြရတယ်။ အဆုံးစွန်ဆုံး ကိုယ့်ကို အကျိုးကျေးဇူးများစွာပေးတဲ့ မြေကြီးပေါ်မှာပဲ ကျင်ကြီးကျင်ငယ်ကို စွန့်ပစ်နေကြရတယ်။ ဒီလိုမျိုး ကိုယ့်ကို အကျိုးများစေအောင် လုပ်ဆောင်ပေးနေတဲ့ မြေကြီးပေါ်မှာနေထိုင်ပြီး မြေကြီးကို အကျိုးဖြစ်စေနိုင်အောင် ဘာတွေများ လုပ်ဆောင်ပေးခဲ့ပြီလဲ။
လူ့လောကလူ့ဘောင်ကို ရောက်ရှိလာပြီး ကမ္ဘာမြေကြီးပေါ်မှာ ခြေချလိုက်ပြီဆိုကတည်းက.. ကိုယ်ဟာ ကမ္ဘာမြေကြီးအတွက် သတ္တ၀ါတွေအားလုံးအတွက် အကျိုးစီးပွားကို ထမ်းဆောင်နိုင်တဲ့ ၀န်ထမ်းကောင်းတစ်ယောက်လား ဒါမှမဟုတ် ကမ္ဘာမြေပေါ်မှာနေထိုင်တဲ့ လူဆိုတဲ့ အသိဥာဏ်ရှိတဲ့ သတ္တ၀ါမှတစ်ပါး အခြားသတ္တ၀ါတွေလို အသိဥာဏ်မဲ့တဲ့ ၀န်ထုတ်ဝန်ပိုးဖြစ်စေတဲ့ အပိုဝန်ဆောင်တစ်ယောက်လား ဆိုတာလေး ပြန်ဆန်းစစ်ကြည့်ဖို့ဟာ အင်မတန် အရေးကြီးပါတယ်။ ဒီလိုမှမဟုတ်ရင် ကမ္ဘာမြေကြီးပေါ်မှာ အသိဥာဏ်မဲ့စွာပဲ တာဝန်မဲ့ နေထိုင်သွားမယ်ဆိုရင်တော့ အသိဥာဏ်ရှိတဲ့လူလို့ ပြောနေပေမယ့် အသိဥာဏ်မဲ့တဲ့ တိရိစ္ဆာန်ကောင်အလား ဘာမှထူးခြားသာလွန်သွားမှာ မဟုတ်ပါဘူးနော်။
တစ်ချို့တွေ ကမ္ဘာမြေကြီးပေါ် ရောက်လာတယ်။ လူတွေကို အကျိုးပြုဖို့နေနေသာသာ ကိုယ့်အတ္တတစ်ခုထဲကို ကြည့်ပြီး သတ္တ၀ါတွေရဲ့အသက်ကို သတ်ဖြတ်ပြစ်ကြတယ်။ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖျက်ဆီးပြစ်ကြပါတယ်။ သူတို့တွေကြောင့် ကမ္ဘာကြီးဟာ မျက်ရည်ပေါင်းများစွာ ကျခဲ့ပြီး လောဘ၊ ဒေါသပေါင်းများစွာ ဖြစ်စေခဲ့ရတာပါ။ သူတို့တွေဟာ ကမ္ဘာမြေကြီးပေါ်မှာ ခဏတာတည်းခိုခွင့်ရကြတဲ့ ဧည့်သည်တွေဖြစ်ပေမယ့် ကမ္ဘာမြေကြီးအတွက် ဘာအကျိုးကျေးဇူးမှ မပြုတဲ့အပြင် ကမ္ဘာမြေကြီးကို ဒုက္ခပေါင်းများစွာတွေ ပေးသွားကြတဲ့သူတွေပါ။ လူတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ လောဘ၊ ဒေါသ၊ မောဟတွေ အစုလိုက်အပြုံလိုက် ထည့်ပေးသွားတဲ့သူတွေလို့ ပြောမယ်ဆိုရင်လည်း မမှားနိုင်ပါဘူး။ ဒါဆိုရင် သူတို့တွေဟာ ကမ္ဘာမြေကြီးအတွက် လာခြင်းမကောင်းတဲ့ ဧည့်သည်တွေပဲလို့ ပြောလိုက်ပါရစေ။
ဒါဆိုလာခြင်းကောင်းတဲ့ဧည့်သည်ဆိုတာ ဘယ်လိုမျိုးလဲ။ လာခြင်းကောင်းတဲ့ဧည့်သည်ဆိုတာကတော့ မိမိအကျိုး အများအကျိုးကို အပြည့်အ၀သယ်ပိုးဆောင်ရွက်ပြီး သတ္တ၀ါတွေရဲ့အကျိုးစီးပွားကို အများသူငါထက် သာလွန်ကောင်းမွန်အောင် အကျိုးပြုဆောင်ရွက်သွားတဲ့ ပုဂ္ဂိုလ်မျိုးကိုဆိုလို တာပါ။ သတ္တလောကတစ်ခုလုံးမှာ သတ္တ၀ါတွေရဲ့အကျိုးစီးပွားကို အစွမ်းဆောင်နိုင်ဆုံးဟာ ဗုဒ္ဓမြတ်စွာပါပဲ။ ဗုဒ္ဓမြတ်စွာဟာ သေရာအရပ်ကို အမြဲသွားနေကြတဲ့ သတ္တ၀ါတွေအားလုံးအတွက် လမ်းဟောင်းကို ပြောင်းလဲစေပြီး မသေရာအမြတ်နိဗ္ဗာန်လမ်းကို ဆိုက်ရောက်နိုင်အောင် လမ်းမှန်ကို ချပြခဲ့တဲ့ လမ်းပြဧည့်သည်ကောင်းပင် မဟုတ်ပါလား။ အမြဲတမ်းသေရာလမ်းကိုလျောက်လှမ်းပြီး လောဘ၊ ဒေါသ၊ မောဟတွေနဲ့ပြည့်နှက်နေတဲ့ သတ္တ၀ါအားလုံးရဲ့စိတ်သဏ္ဍန်ကို လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေနဲ့ ကင်းဝေးစေအောင် တရားရေအေး အမြိုက်ဆေးတွေ တိုက်ကျွေးပြီး မသေရာ အမြတ်နိဗ္ဗာန်ကို ပို့ဆောင်ပေးနိုင်တဲ့ မြတ်ဗုဒ္ဓဟာ လာခြင်းကောင်းသောဧည့်သည်ပါပဲ။
လာခြင်းကောင်းသော ဧည့်သည်တွေ ရှိသလို လာခြင်းဆိုးသော ဧည့်သည်တွေလည်း ရှိတတ်ပါတယ်။ လာခြင်းဆိုးသောဧည့်သည်တွေ အများအပြားရှိတဲ့အနက် ဧည့်သည်ဆိုးတစ်ယောက်ရဲ့ အကြောင်းအရာလေး တင်ပြလိုပါတယ်။ ဒီအကြောင်းလေး စတင်ဖတ်မိတော့ ရင်ထဲမှာ တော်တော်လေး အလိုမကျဖြစ်မိပါတယ်။ သတ္တ၀ါတွေအပေါ်မှာ မေတ္တာတော်အနန္တနဲ့ ပြည့်စုံတော်မူပြီး သတ္တ၀ါတွေရဲ့အကျိုးစီးပွားကို တုနှိုင်းမရှိ စွမ်းဆောင်သွားတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ကြီးအပေါ်မှာ တုန့်ပြန်လိုက်တဲ့ စကားတစ်ခွန်းပါ။ “အရှင်ဘုရားတို့… ၀မ်းမနည်းကြပါနဲ့၊ ဘုရားရှိတုန်းကဆိုရင် ဘယ်ဟာ မအပ်ဘူး၊ ဘယ်ဟာ အပ်တာဆိုပြီး တပည့်တော်တို့ကို ချုပ်ခြယ်နေတာ၊ အခုတော့ ဘုရားမရှိတော့ဘူး။ တပည့်တော်တို့ လုပ်ချင်ရာ လုပ်လို့ ရပြီ၊ တပည့်တော်တို့ လွတ်လပ်ပြီ” ဆိုပြီး ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ တုန့်ပြန်လိုက်တဲ့ သုဘဒ္ဒရဲ့စကားတစ်ခွန်းပါ။ အင်မတန် နားခါးစေတဲ့ စကားတစ်ခွန်းပါပဲ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် ရှိတော်မူနေတဲ့ အချိန်မှာတောင် ဒီလိုစကားမျိုးပြောထွက်လိုက်သူရဲ့ စကားတစ်ခွန်းကြောင့် ရှင်မဟာကဿဖကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် သာသနာတော်ကြီးအတွက် ရင်လေးစေခဲ့မိတာ အမှန်ပါပဲ။
လာခြင်းဆိုးတဲ့ဧည့်သည်တွေဟာ မိမိကိုယ်တိုင်လည်း လောကအတွက် ကောင်းကျိုးမပေးသလို ကောင်းကျိုးပေးတဲ့သူတွေကိုပါ ပြစ်တင်ပြောဆိုတတ်ပါတယ်။ ဘုရားရှင်ရဲ့အဆုံးအမသာ ကျွန်တော်တို့တွေ သိခွင့်မရကြဘူးဆိုရင် ကုသိုလ် အကုသိုလ်ဆိုတာ လုံးဝမသိဘဲ လုပ်ချင်ရာလုပ် ပြောချင်ရာပြောပြီး တိရိစ္ဆာန်တစ်ကောင်လိုပဲ ဘ၀ကိုအကျိုးမဲ့ အသုံးချသွားကြမယ်ဆိုတာ မလွဲပါဘူး။ လူ့လောကကြီးကို ရောက်လာတာ မြေကြီးပေါ်မှာ အသက်ရှင်နေရတုန်းမှာ ငါကောင်းစားဖို့ဆိုတဲ့ ငါဆိုတဲ့ အတ္တတစ်ခုကို ရှေ့တန်းတင်ပြီး “ငါ့အတွက်” “ငါ့အတွက်” ဆိုတာတွေနဲ့ လောဘ၊ ဒေါသ၊ မောဟမီးတွေ တဟုန်းဟုန်းနဲ့ တောက်လောင် နေကြမှာပါ။ မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ စိတ်ထားတွေဟာ ဘယ်မှာရှာရမှာလဲလို့တောင် မေးယူရမယ် ထင်ပါတယ်။ ဒီလောက် တန်ဖိုးများစေတဲ့ ဘုရားရှင်ရဲ့အဆုံးအမတွေကို ရှုပ်တယ်လို့ပြောထွက်ခဲ့တဲ့ သုဘဒ္ဒရဲ့စိတ်မျိုးဟာ လောကကြီးအတွက် သူ့ကိုထမ်းထားရတဲ့မြေကြီးအတွက် အကျိုးမဲ့စေတဲ့ လာခြင်းဆိုးဧည့်သည် တစ်ယောက်ပါပဲ။
ဒီအကြောင်းအရာလေး ပြောမိတော့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ ဆုံးမသြ၀ါဒလေး သတိရမိပါတယ်။ “အကယ်၍သာ မြတ်ဗုဒ္ဓသည်၊ လူ့ရွာထင်ရှား မပွင့်ငြားက၊ ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘ၀ မသိရ များလှ အပြစ်တွေ” ဆိုတဲ့ သြ၀ါဒလေးပါပဲ။ လာခြင်းမကောင်းတဲ့ လူမိုက်ဧည့်သည်တွေအတွက်ကတော့ ဘုရားရှင်ဟောပြဆုံးမခဲ့တဲ့ အဆုံးအမတွေဟာ တားမြစ်ထားတာလို့ထင်ကြပြီး ဘုရားအဆုံးအမတွေကို ရှုပ်တယ်လို့ ထင်ကြမှာပါပဲ။ လာခြင်းကောင်းတဲ့ ပညာရှိသူတော်ကောင်းတွေအတွက်ကတော့ ဘုရားရှင်ရဲ့အဆုံးမတွေဟာ တန်ဖိုးဖြတ်လို့ တန်ဖိုးသတ်မှတ်လို့ မရနိုင်ကောင်းအောင် အဖိုးထိုက်တန်တဲ့ ရတနာတွေပဲဆိုတာ ယုံကြည်လက်ခံနေကြမှာပါ။ လာခြင်းကောင်းတဲ့ ဧည့်သည်တွေဖြစ်ဖို့ ဘုရားရှင်ရဲ့အဆုံးအမတွေကို လိုက်နာရင်း မိမိအကျိုး အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်တဲ့ သူတော်ကောင်းတွေ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်နိုင်တဲ့သူတွေ ဖြစ်ကြပါစေ..။ မေတ္တာဖြင့် အရှင်မုနိန္ဒ M.A ။
>>>ဆက်ဖတ်ရန်>>> >>