Friday 31 January 2014
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၉ )
                                                         ၀ိသာခါ
ဗုဒၶဘာသာကုိၿပည္သူလူထု အက်ိဳးေ
ဆာင်ဘာသာရပ် ဖြစ်လာအောင် အားပေးထောက်ပံ့မှူပြုခဲ့ရာတွင်
ယောင်္ကျား ပုရိသများ၏ စွမ်းဆောင်မူများထက် အဆပေါင်းမြောက်များစွာ အမျီုးသမိးများ၏ အားပေး
ထောက်ပံ့မှူများ ပါဝင်ခဲ့သည်။ အမျီုးသမီးမိန်မကောင်းများအနက် ၀ိသာခါ၏ နာမည်မှာ ထိပ်ဆုံးကပါ
ဝင်ခဲ့သည်။
         ဗိမ္မိဿရမင်းကြီး၏ တိုင်းပြည်တွင် ဘီယာမည်သောမြို့၌ အလွန်တရာ ချမ်းသာကြငွယ်ဝသည့်
မေန္ဒကအမည်ရှိသော သူဋ္ဌေးတစ်ယောက်ရှိခဲ့ဘူးသည်။ ထိုမေန္ဒကသူဋ္ဌေးကြီးမှာ မြေးဝိသာခါခေါ်
ရုပ်ရည်လှပသော ကညာတစ်ဦးရှိခဲ့သည်။ ၀ိသာခါ ခုနှစ်နှစ် သမီးအရွယ်ရှိစဉ်က တထာဂတဗုဒ္ဓသည်
ဘိက္ခုအပေါင်း-၁၂၅၀ ပါးခြံရံလျှက် ဘီယာမြို့သို့ကြွရောက်လာခဲ့သည်။ သူဋ္ဌေးကြီးမေန္ဒကသည်ရှင်တော်
ဗုဒ္ဓမိမိတို့ ဘီယာမြို့သို့ ကြွရောက်လာသည့်သတင်းကို ကြားသိရ၍ အလွန်တရာဝမ်းမြောက်ဝမ်းသာ
ဖြစ်လာခဲ့သည်။
              မဟာသူဋ္ဌေးမေန္ဒကသည် မြေးဝိသာခါ သားဓဉ္စဇယ၊ချွေးမ သုမနာနှင့် အတူ ငါးရာသော ကုမာရီအပျိုကညာနှင့် ငါးရာသောကျေးကျွန်တို့ကို ခြံရံလျှက် မြို့အရှေ့အ၀င် တံခါးဝမှ စောင့်ဆိုင်း၍
ဗုဒ္ဓနှင့်သံဃာအဖွဲ့ဝင်တို့အား ခရီးဦးကြိုပြုခဲ့သည်။ ဗုဒ္ဓ၏တရားပွဲ၌ သူဋ္ဌေးမေန္ဒကသည် မိသားစုနှင့်
အတူတက်ရောက်ခဲ့ပြီးတရားနာခဲ့သည်။ လူသားများနှင့်အတူ ခပ်သိမ်းသောသတ္တ၀ါအပေါင်းတို့၏
အကျီုးကျေးဇူးကိုဖြစ်စေသည့် ဗုဒ္ဓ၏တရားဥပဒေတို့ကို နားဆင်ပြီးနောက် မိသားစုနှင့်အတူ သူဋ္ဌေး
မေန္ဒကသည် ဗုဒ္ဓဘာသာကိုယုံကြည့်သက်ဝင်လာခဲ့သည်။ ဘီယာမြို့၌ ဗုဒ္ဓနှင့် သံဃာများ၏တရားပွဲ
ကုန်ကျစရိတ်ဟူသမျှကို မေန္ဒကမှ အကုန်အကျခံခဲ့ပြီး အခြားလှူဒါန်းပွဲကိုလည်း စီစဉ်လှူဒါန်းခဲ့သည်။
လက်ခံပြီး ကောသလပြည် သာကေတမြို့၌ လာရောက်အခြေချနေထိုင်ခဲ့သည်။ သာကေတမြို့သည်
နောက်ပိုင်းတွင်ရာမမင်းမွေးဖွားသည့် အာယုဒ္ဓယာမြို့အမည်ဖြင့် ကျော်ကြားခဲ့သည်။ အရွယ်ရောက်
သည့်အခါ ၀ိသာခါကို သူဋ္ဌေးမိဂါရ၏သား ပုည၀ုဒ္ဓနနှင့် အိမ်ထောင်ချရန် နှစ်ဘက်မိဘများ သဘော
တူဆုံးဖြတ်ခဲ့ကြသည်။ အိမ်ထောင်ပြု မင်္ဂလာပွဲတွင် ကောသလမင်းကြီး ပရသေနဇိတ ကိုယ်တော်
တိုင် တက်ရောက်ခဲ့သည်။ သူဋ္ဌေး ဓဉ္စဇယက မင်္ဂလာပွဲသို့တက်ရောက်လာခဲ့သည့် ဧည့်ပရိဿတ်
အပေါင်းတို့(၃)လတိတိ သာကေတမြို့၌ ထားခဲ့ပြီးထိုက်သင့်သလို ဧည့်ဝတ်ပြုခဲ့ကြောင်းကျမ်းစာများ
တွင်ဖော်ပြထားသည် သတို့သ္မီးဝိသာခါအား လက်ဖွဲ့ပစ္စည်းများ အများအပြားတို့ကိုလည်း ထိုအချိန်
ကာလတွင် စုံလင်စွာပြုလုပ်ခဲ့သည်။
            လင်ယောင်္ကျားနောက်သို့ ထည့်ပေးလိုက်သည့်နေ့တွင် ဓဉ္စဇယ သူဋ္ဌေးကြီးသည်သမီး
ဝိသာခါကို ၉ ကုဋီ (သန်းကိုးဆယ်) တန်ဖိုးရှိသော လက်ဝတ်လက်စား အ၀တ်တန်ဆာဗလာဖြင့်
လှပတင့်တယ်စွာ ၀တ်ဆင်ပေးခဲ့သည့်အပြင် ၅၄၀၀ နွားလှည်းများပေါ်အခြားပစ္စည်းဥစ္စာများကို
တင်ပေးသည်။ ထို့အပြင် ၅၀၀ သော ကျေးကျွန်းနှင်တကွ အထူးပြုလုပ်ထားသည့် ရထားပေါင်း
၅၀၀ တို့ကို လက်ဖွဲ့ခဲ့သည် မရေမတွက်နိုင်သောပစ္စည်း ဥစ္စာတို့ကိုလည်း ၁၀၀ စီပေးကာ မင်္ဂလာ
ဆောင်ဧည့်ပရိဿတ်ကို နုတ်ခွန်းဆက်ပို့ ပေးခဲ့သည်။
       ၀ိသာခါအား လယောင်္ကျားနှင့်အတူ သူ့ယောက္ခမအိမ်သို့ လိုက်သွားရန်ထည့်ပေးသည့်အခါ
သမီးကို သူမိဘများက အောက်ပါအတိုင်း ဆုံးမသြ၀ါဒပေးခဲ့သည်။
(၁) အိမ်ထဲကမီးကို အပြင်သို့မသယ်ဆောင်သွားပါရန်နဲ့ ဆိုလိုသည်မှာ အိမ်တွင်းရေးပြဿနာကြီး
ငယ်ကို အပြင်သို့မယူသွားရန်။
(၂) ပြင်ပကမီးကို မိမိအိမ်တွင်းသို့မယူဆောင်လာရန် ဆိုလိုသည်မှာ ပြင်ပကရန်ကို မိမိအိမ်သို့
မယူဆောင်လာရန်။
(၃)စိတ်ချမ်းသာ ကိုယ်ချမ်းသာ အိမ်ထောင်ဘ၀ကို ရှင်သန်ရန် ဆိုလိုသည်မှာ မိသားစုတွင်သက်ကြီး
ဝါကြီးများကိုကျွေးမြွေးပြုစုပြီး နောက်မှမိမိက အစာအဟာရများကိုမှိဝဲရန်။
(၄)လယောင်္ကျားနှင့် မိသားစုဝင်ကြီးငယ်တို့အပေါ် မိမိတာဝန်ဝတ္တရားကို ပြည့်ပြည့်စုံစုံကျေပြွန်ရန်။
(၅) မီးကိုပတ်လည်လှည့်လည်၍ ပူဇော်ရသည့်ပမာ ယောက္ခမများနှင့် လယောင်္ကျားကို အမြဲဦးထိပ်
တင်ရိုသေလေးစားသမူပြုရန်။
(၆)ကုလဒေ၀တာ(မျီုးစောင့်နတ်) ကိုအမြဲလေးစားရန် ဆိုလိုသည်မှာ ရဟန်းသံဃာအပေါင်းတို့အား
ဆည်းကပ်ပူဇော်ရန်-စသည့်တို့ဖြစ်သည်။
    ထိုခေတ် ထိုအခါက မိန်းမကောင်းတို့လိုက်နာကျင့်သုံးခဲ့ကြသည့် ကျင့်ဝတ်များပင်ဖြစ်သည်။
ထိုကျင့်ဝတ်များပြည့်ပြည့်စုံစုံ လိုက်နာသွားရန် ဆုံးမသြ၀ါဒဖြင့် သမီး ၀ိသာခါအား လယောင်္ကျား
နောက်သို့ လိုက်ပါရန် ချစ်ခင်ယုယစွာထည့်ပေးခဲ့သည်။  ၀ိသာခါ ငယ်စဉ်ခလေးဘ၀တည်းက
တရားဓမ္မနှင့် နေထိုင်ကျင့်ကြံသူတစ်ဦးဖြစ်ခဲ့သည့်အားလျော်စွာ မိမိ၏လယောင်္ကျားအိမ်သို့ရောက်
သည့်အခါ နေ့စဉ်နှင့်အမျှ ရဟန်းသံဃာအပေါင်း ၅၀၀ တို့အား ဆွမ်းကပ်ပြီးမှသာ မိမိအစားအစာ
ဘောဇဉ်တို့ကို မှီဝဲခဲ့သည်။ ၀ိသာခါ၏ ဘာဝနာများကို မြင်တွေ့ရ၍ မိသားစုအဖွဲ့ဝင်အချို့သည် သူမ၏
ထိုလုပ်ရပ်များကို နှစ်ခြိုက်ခြင်းမရှိပဲ မုန်းတီးကြသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ နိဂ္ဂန္ထပုတ္တ
ဂျိန်းဘာသာဝင်များဖြစ်ကြသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>