Tuesday 31 January 2012

ရှိခိုးခြင်းနှင့် ဗုဒ္ဓဘာသာ

အရာရာတိုင်းတွင် အသွင်သဏ္ဌာန်နှင့် အနှစ်သာရဟူ၍ ရှိကြသည် ။ အသွင်သဏ္ဌာန်သည် အနှစ်သာရကို ပုံဖော်ဆောင်ကြဉ်း ပေးရသလို ၊ အနှစ်သာရသည် အသွင်သဏ္ဌာန်တည်ရှိမှုအားအဓိပ္ပါယ်ပြည့်ဝစေပေသည် ။ ထို့ကြောင့် တစ်စုံတစ်ရာကို အကဲခတ်တန်းဖိုး ဖြတ်မည် ဆိုပါလျှင် အသွင်သဏ္ဌာန်ရော အနှစ်သာရကိုပါ ခြုံငုံမိရန် အရေးကြီးလှပေသည် ။ လူသားတို့၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်သော ယုံကြည်ကိုးကွယ်မှု တို့အား လေ့လာဆန်းစစ်မှုပြုရာတွင်လည်း အသွင်သဏ္ဌာန်မျှကိုသာ ကြည့်ပြီး အနှစ်သာရ၏ တန်ဖိုးကို အကဲဖြတ်၍ မရနိုင်သည်ကို လူသားတိုင်း အလေးဂရုပြုအပ်ပေသည် ။ ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူသားထု တစ်ရပ်လုံး ကိုးကွယ်အားထားရာ ဘာသာကြီး လေးခုအနက်မှ တစ်ခုအပါအ၀င် ဖြစ်သည့်အလျောက် သုတေသီတို့ကဘက်စုံထောင်စုံမှ လေ့လာစူးစမ်းမှုများပြုလုပ်ခဲ့ကြရာအချို့မှာအပေါ်ယံအသွင်သဏ္ဌာန်
မျှကိုသာကြည့်ပြီး ဗုဒ္ဓဘာသာ၏တန်ဖိုးကိုအကဲဖြတ်ကြ၊စာအုပ်စာတမ်းများ ရေးသားပြုစုကြသည်များ
လည်း ရှိသည် ။ ထိုသို့အကဲဖြတ်သူများထဲတွင် ဗုဒ္ဓဘာသာ၏ အနှစ်သာရကို သိနားလည်ခြင်းမရှိသူအချို့ က ဗုဒ္ဓဘာသာဝင်တို့၏ ဗုဒ္ဓဆင်းတုတော် ရှိခိုးပူဇော်သည့် အလေ့အထကို ရုပ်ထုကိုးကွယ်မှု အဖြစ် အစဉ်တစိုက်ဝေဖန် ရှုတ်ချခဲ့ကြသည် ။ ယင်းအလေ့အထသည် သူတို့ အမြင်တွင် အဓိပ္ပါယ်မဲ့ကောင်း မဲ့နေပေလိမ့်မည် ။ သို့ရာတွင်ဘာသာတရားအဆုံးအမနှင့်အညီမြင့်မြတ်သောဘ၀တစ်ခုအားမည်သို့ ဆောက်တည် ရမည်ကို သင်ကြားပြသပေးခဲ့သည့်ဆရာသခင်ကျေးဇူးရှင်တစ်ဦးအားအရိုအသေပေးဂါရ၀ပြုခြင်း၏ထူးခြားချက်ကို
ကား သိနားလည်ခြင်း မရှိကြချေ ။ ဗုဒ္ဓဆင်းတုတော်တို့အား ရှိခိုးပူဇော်သည့် အလေ့အထသည် ဗုဒ္ဓ၏ သစ္စာဥာဏ် ၊ ပါရမီ ၊ အသိပညာ ၊ ဂုဏ်ကျေးဇူး များနှင့် လူသားတို့ကောင်းကျိုးအတွက် မြင့်မြတ်သော စွန့်လွှတ်မှုတို့အား အသိအမှတ်ပြု ကျေးဇူးတင်ရှိကြောင်းပြသသည့် နည်းလမ်းတစ်ရပ်သာ ဖြစ်သည် ။ အဆိုပါအကြောင်းတရားတို့အားသိနားလည်မှုမရှိသည့်အတွက်ဗုဒ္ဓရုပ်ပွားတော်များထုလုပ်ပူဇော်ခြင်း
အပေါ် ဝေဖန်ပြောဆို ရေးသားကြခြင်း ဖြစ်သည် ။ ဗုဒ္ဓဘာသာဝင်တစ်ဦး အနေနှင့် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူအားပူဇော်ဂါရ၀ပြုခြင်းသည် မဖြစ်မနေလုပ်ဆောင် ရမည့်ကိစ္စပေလောဟုပြန်လည် သုံးသပ်ကြည့်သင့်ပေသည် ။ ဆင်းတု ၊ ရုပ်ပွားတော်တို့သည် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူရေးအတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ်သော်လည်း ဗုဒ္ဓရုပ်ပွားတော်အား ပူဇော်ဂါရ၀ပြုခြင်းသည် အဓိပ္ပါယ်ရှိပြီး အကျိုးယုတ်စရာ မရှိသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အလေ့အထတစ်ရပ်သာ ဖြစ်ပေသည် ။ မြင့်မြတ်စင်ကြယ်သောဘာသာတရားတစ်ခုအား ဝေဖန်ရှုတ်ချရန်အလို့ငှာအဘယ့်ကြောင့်ဤကိစ္စကို
ရှေ့တန်းတင်အသုံးချနေကြသည်ဆိုခြင်းကိုဗုဒ္ဓဘာသာဝင်များအဖို့နားလည်ရန်ခက်ခဲလှပေသည်။ဗုဒ္ဓဘာ
သာဝင်တို့က ရုပ်ပွားတော်တစ်ဆူဖြင့် ကိုယ်စားပြုထားသည့်သူတို့၏ဆရာသခင်အားပူဇော်ဂါရ၀ပြုခြင်းသည် လူ့ဘောင်အဖွဲ့အစည်း၏ကိုယ့်ကျင့်တရားဆိုင်ရာမူဝါဒတစ်စုံတစ်ရာနှင့်တစ်ပါးသူတို့၏လွတ်လပ်ငြိမ်းချမ်း
ပျော်ရွှင်မှုအား ထိပါးချိုးဖောက်ရာရောက်နေပါသလော ။ အကယ်စစ်စစ် ဗုဒ္ဓမြတ်စွာသည် ပကာသနလွှမ်းသော ဘာသာရေးအခမ်းအနားများကျင်းပရန် မည်သည့်အခါကမျှအဆိုမပြုခဲ့ပဲ ဓမ္မကိုဖြန်ဖြူးရန်နှင့် မှန်ကန်မြင့်မြတ်သောဘ၀တစ်ခုအား ဆောက်တည်ရေး လမ်းစဉ်တို့ကို ညွှန်ပြရန်သာ အာရုံစိုက်ခဲ့ပေသည် ။ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှား ရှိစဉ်အခါက ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များအား ဗုဒ္ဓ ကိုယ်စား ရုပ်ပွားဆင်းတုများထုလုပ်ကိုးကွယ် ကြရန်လည်းမည့်သည့် အခါကမျှ တိုက်တွန်းမှုမပြုခဲ့ပေ ။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီးနောက် အနည်းဆုံး ရာစုသုံးစုခန့်ကြာမှ ဗုဒ္ဓ၏နောက်လိုက် သံဃာတော်များက အရိုအသေပြုစရာ အထိမ်းအမှတ်အဖြစ် ဗုဒ္ဓကိုယ်စား ရုပ်ပွားတော်များ ထုလုပ်ခဲ့ကြခြင်း ဖြစ်ပေသည် ။ ရုပ်ပွားတော်များက ဗုဒ္ဓ၏ ပြီးပြည့်စုံသော ဖြူစင်မှု ၊ ဂရုဏာတရား ၊ ပညာဥာဏ် နှင့် လူယဉ်ကျေးတို့ အလေးထားပူဇော်ခြင်းကို ခံယူထိုက်သော မြင့်မြတ်သည့် အရည်အသွေးများအား ကိုယ်စားပြုလျက်ရှိသည် ။ မည်သို့ပင်ဆိုစေ ဗုဒ္ဓရုပ်ပွားတော်တို့သည် ကမ္ဘာ့အနုပညာရှင်တို့ စွမ်းဆောင်ခဲ့သည့် အလှပဆုံး ၊ အကောင်းမွန်ဆုံး လက်ရာတို့အနက် တစ်ခုလည်းဖြစ်ပေသည် ။ ဗုဒ္ဓဘာသာဝင် မဟုတ်စေကာမူ ဘာသာရေးအစွဲအလမ်း မကြိးသူတစ်ချို့မှာမူ ဗုဒ္ဓရုပ်ပွားတော်တို့က ကြည်ညိုသူ၏ စိတ်ဘ၀င်တွင် နက်ရှိုင်းသောတည်ငြိမ်အေးချမ်းမှုကို ဖန်တီးပေးနိုင်စွမ်းရှိကြောင်း သိရှိကြသည် ။ သို့ဖြစ်ရာ သူတို့၏ နေအိမ် ၊ ရုံးခန်းစသည်တို့တွင် ဗုဒ္ဓရုပ်ပွားတော်များကို အမြတ်တနိုးထားလေ့ရှိကြသည် ။ ထိုသို့လူ့စိတ်အာရုံကို ငြိမ်းချမ်းမှု ပေးစွမ်းနို်င်သည့် ရုပ်ပွားတော်များအား မိမိတို့ အနီးဝန်းကျင်တွင် ထားရှိဖူးမြှော် အာရုံပြုခြင်းသည် ကျန်းမာရေးအတွက်လည်း တန်ဖိုးရှိသော လုပ်ရပ်တစ်ခုပင် ဖြစ်သည် ။ အခြားတစ်ဖက်တွင်ကား အမည်ခံ ဗုဒ္ဓဘာသာဝင်အချို့သည် ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုအား ဗုဒ္ဓ၀ါဒ၏ အရေးကြိးဆုံး အနှစ်သာရ အဖြစ် သဘောထားကာ သူတို့၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ဤကြည်ညိုကိုင်းရှိုင်းမှုဆိုင်ရာ အသွင် သဏ္ဌာန်၌သာ အဓိကဗဟိုပြု အားထားနေကြသည်ကိုလည်း တွေ့ရပေသည် ။ ထိုသူတို့ကိုမူ ရုပ်တုဆင်းတု ကိုးကွယ်သူများမဟုတ်ပါဟု ငြင်းဆို ပြောကြားရန်ခက်လှပေသည် ။ ထိုသူတို့သည် ဒဏ္ဏာရီဆန်သော ယုံကြည်မှုများကို အသိတရားကင်းမဲ့စွာ တီထွင်ခဲ့ကြသည် ။ ဗုဒ္ဓမြတ်စွာ၏ မျက်နှာတော်အသွင်အပြင် ၊ လက်ဟန်ခြေဟန် ၊ မျက်လုံးနှင့် ဦးဆောင်းတော်တို့ကို ပုံစံအမျိုးမျိုးဖြင့် ထုလုပ်ကြသည် ။ မဟာလူသားတည်းဟူသော မြတ်ဗုဒ္ဓဘုရားရှင်ကို ကောင်းကင်ဆန်စေခဲ့သည် ။ တန်ခိုးရှင် ၊ ဖန်ဆင်းရှင်နတ်ဘုရားအသွင် သို့ပြောင်းစေခဲ့ကြသည် ။ ယင်းရုပ်ပွားတော်များထံတွင် ဆုတောင်း ပတ္တနာပြုခြင်းဖြင့် သူတို့၏ လောကီရေးရာ လိုအပ်ချက်များ ပြည့်ဝလာလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည် ။ ထိုရုပ်ပွားတော်များသည် ယင်းတို့ကိုတီထွင် ထုလုပ်ကိုးကွယ် သူတို့၏ အသိဥာဏ်ခေါင်းပါးမှု နှင့် ကစဉ့်ကလျား ဖြစ်နေသည့် စိတ်နေသဘောထားတို့၏ ရောင်ပြန်ဟပ်မှုမျှသာဖြစ်ပေသည် ။ ယခုအချိန်အခါသည် ဓမ္မအစစ်အမှန်ကိုအလေးအနက်ထား အာရုံပြုလျက် အဆိုပါရုပ်ပွားတော်များအပေါ် အစွဲအလမ်းကြီးမှုများကို လျှော့ချရမည့်ကာလ ဖြစ်ပေသည် ။ ကိုးကွယ်ယုံကြည်သူတို့၏ စုဝေး၀တ်ပြုရာ ဗဟိုချက်မအဖြစ် ဗုဒ္ဓရုပ်ပွားတော်များအား ထိန်းသိမ်းသွားရပေမည် ။ ယင်းသို့ပြုနို်င်မည်ဆိုလျှင် ဗုဒ္ဓ၀ါဒ၏ ကောင်းမြတ်သော ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်ပေလိမ့်မည် ။ ကျွန်ုပ်တို့သည် မိမိတို့၏ရိုးရာ ယဉ်ကျေးမှု အစဉ်အလာကိုထိန်းသိမ်းရင်း ဗုဒ္ဓ၀ါဒအား ခံယူကျင့်သုံးသွားနိုင်ပါသည် ။ သို့သော်မိမိတို့၏ မိရိုးဖလာ ဓလေ့ထုံးတမ်းများကို ဗုဒ္ဓ၀ါဒ အတွင်းသွပ်သွင်းခြင်းဖြင့် အရိုးကို အရွက်ဖုံးစေရန်ကား မပြုအပ်ပေ ။ အဘယ့်ကြောင့်ဆိုသော မိရိုးဖလာဗုဒ္ဓဘာသာဝင်များက သူတို့၏လူမျိုးဓလေ့ထုံးတမ်းနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်အခမ်းအနားများအား သားစဉ်မြေးဆက် ခံယူကျင်းပကြသည်ကိုဘာသာခြားတို့ကဗုဒ္ဓ၀ါဒ၏လမ်းညွှန်မှုအရပြုလုပ်နေသည်ဟုလွဲမှားစွာမှတ်ယူ
တတ်ကြသော ကြောင့်ဖြစ်သည် ။ ဘာသာရေးအယူသီးသည့် အစွန်းရောက်ဘာသာခြားအဖွဲ့အစည်း အချို့ကလည်း ဗုဒ္ဓဘာသာဝင် ပညာမဲ့တို့အား သူတို့၏ဂိုဏ်းဂဏအတွင်းသို့ ကူးပြောင်းဝင်ရောက်လာစေရန် ရည်ရွယ်ကာ ပရိယာယ်ဆင်လျက်ဗုဒ္ဓ၀ါဒအား သရော်လှောင်ပြောင် ဝေဖန်ရှုတ်ချမှုပြုရာတွင် ယင်းအခြေအနေအား အသုံးချအမြတ်ထုတ်လေ့ရှိကြသည်ကို ကျွန်တော်တို့ သတိပြုအပ်သည်။ ထို့ကြောင့် အဆိုပါအခမ်းအနား ပွဲလမ်းသဘင်များကို ရိုးရာ ဓလေ့ထုံးစံ၏ တစ်စိတ်တစ်ဒေသ အဖြစ်ကျင်းပလိုသူများအနေဖြင့် ဗုဒ္ဓ၀ါဒ နှင့်ထွေးရောယှက်တင်မဖြစ်စေရန် ယင်းတို့ကိုဗုဒ္ဓဘာသာ ဘုရားကျောင်းကန်တို့၏ ပြင်ပတွင်သာကျင်းပသင့်သည် ။ ဗုဒ္ဓ၀ါဒကိုလူထုအကြား အထင်အမြင်လွဲမှားမှုနှင့် ထိပါးဖျက်ဆီးမှုကို ဖန်တီးနိုင်ရန် အခွင့်သာစေမည့် အဆိုပါအလေ့အထများအား ခွင့်မပြုမိရန် သတိကြီးစွာထားကြရမည် ။ ဒေသတစ်ခု လူမျိုးတစ်မျိုးတွင် ရှေးကာလကပင် အမြစ်တွယ်တည်ရှိခဲ့သော မိရိုးဖလာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတစ်ရပ်ကြောင့် ကိုးကွယ်ရာ ဘာသာတရားအပေါ် အထင်အမြင် လွဲမှားစေခြင်းသည် မိမိတို့ယုံကြည်ကိုးစားရာ ဘာသာတရား အဓွန့်ရှည်စွာ တည့်တံပြန့်ပွားရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်သည်ဆိုခြင်းကို ကျွန်တော်တို့ အလေးဂရုပြုသင့်ကြောင်းရေးသား တင်ပြလိုက်ရပါတော့သည် ။ ၀င်းသိန်းဦးရေးသားသည့် ကျွန်ုပ်တို့ အမှန်တကယ် ယဉ်ကျေးကြပြီလော နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားခြင်းဖြစ်သည် ။
>>>ဆက်ဖတ်ရန်>>> >>

Monday 30 January 2012

သံဝေဇနိယ လေးဌာန အပိုင်း ၂

ရာစုနှစ်ပေါင်းများစွာ ဤနေရာလေးဌာနသည် ဘုရားဖူးသွားကြသူများ၏ အဓိက နေရာများဖြစ်ခဲ့သည်။ ဗုဒ္ဓဘာသာ တရားတော်များ ကျယ်ပြန့်လာသည်၊ ဘုရားဖူးပုဂ္ဂိုလ်တို့လဲ အထူးတိုးပွားလာသည်နှင့် အမျှ သွားသင့် သွားထိုက်သော ဘုရားရှင်နှင့်ဆိုင်ရာ နေရာများလဲ လေးနေရာ သာမက တိုးပွားလာခဲ့လေသည်။ ခရစ်၂ရာစုတွင်အသောက၀န္ဒနာ’အမည်ပေးပြီးဘုရားရှင်နှင့်ပတ်သက်သောသုံးဆယ့်နှစ် နေရာတို့ကို
ရေးသား စီကုံးခဲ့ လေသည်။
  ၁၃ ရာစု ခန့်ဗုဒ္ဓဘာသာသည် အိန္ဒိယမှ ပျောက်ကွယ်လုနီး အချိန်နောက်ပိုင်းတွင် မဇ္ဈိမဒေသရှိ ဗုဒ္ဓ၀င်ဆိုင်ရာ ဘုရား ကျောင်းနှင့် သာသနိက အဆောက် အအုံများ လူသူကင်းမဲ့ပြီး စွန့်ပစ်ထားခြင်း ခံခဲ့ရသည်။
တစ်ချို့အဆောက် အုံများသည် တောခြုံများ၏ အောက်တွင် ပျောက်ကွယ်ခဲ့ရပြန်သည်။ အချို့သော သာသနိကအဆောက် အအုံ များသည် ဟိန္ဒူဘုရားကျောင်းများ အဖြစ်ပြောင်လဲခဲ့ကြရသည်။ အချို့သော ဗုဒ္ဓ၀င်ဆိုင်ရာ နေရာများ သည် မေ့ပျောက်ပြီး နေရာများပင် မမှတ်မိတော့အောင်ပင် ရှိနေတော့သည်။ အိန္ဒိယမြောက်ပိုင်းတွင် မူဆလင်များအုပ် ချုပ်မှုများ အရှိန် အ၀ါကြီးမားခဲ့သောကြောင့် ဤမဇ္ဈိမဒေသသို့ ဗုဒ္ဓဘာသာဝင်ဘုရားဖူးများ နှစ်ပေါင်း ခြောက်ရာခန့် ဖူးခွင့် မရပဲရှိခဲ့ကြသည်။
သို့သော် ၁၉ ရာစုခန့် ရောက်သော အခါ ဗုဒ္ဓ၀င်ဆိုင်ရာ သာသနိက အဆောက် အအုံများ ပြန်လည်ဖော်ထုတ်ပြီး ပြုပြင်ခြင်းများ ပြုလုပ်လာခဲ့သည်။ ထိုအချိန်က မဇ္ဈိမဒေသခရီးသည် စွန့်စား ခန်း ဆန်နေသော်လည်း ဘုရားဖူးများ တဖြည်းဖြည်းချင်း လာရောက်ကြသည်။
ခရစ်နှစ် ၁၈၉၆ ခုတွင် ထိုင်းနိုင်ငံမှ ရဟန်းတော် မဟာစန္ဒရိမသည် ဗုဒ္ဓ၀င်ဆိုင်ရာ နေရာမြတ်များ သို့လာ ရောက်ပြီး နောက်တွင် နောင်လာနောက်သား ဗုဒ္ဓဘာသာဝင်များ အတွက် လမ်းညွှန်အနေအားဖြင့် စာအုပ်ရေး သားခဲ့သည်။ ဤသေးငယ်သော လမ်းညွှန်စာအုပ်လေးသည် ဖတ်ရသူကိုစိတ်ဝင်စားစေသည်။ စာအုပ်ပါ အချက်အလက်ချို့သည် မှတ်သားထိုက်လှသည်။
ယနေ့ခေတ် ဗုဒ္ဓဂယာသို့လာရောက်ကြသော ဘုရားဖူး များအတွက် ရထားနောက်ကျခြင်း၊ ဆိုက်ကား သမားများ၏ အပိုတောင်းခြင်းများကြုံလာသော အခါ ဆင်ခြင်သင့် သည်များတွေ့ရသည်။ စန္ဒရိမ မထေရ်မြတ်သည် ဂေါရက္ခပူမှ လမ္ဗိနီသို့ လေးရက်ကြာ အောင်လာရသည်။ တစ်နေ့လုံး လမ်းလျှောက်ရသည်။ ဗုဒ္ဓဂယာမှ န၀ဒသို့သွားသော ရထားသည် မထေရ်မြတ်အတွက် ၇ အန်နှင့် ၉ ပိုင့်ကုန်ကျသည်။ န၀ဒမှ တဆင့် ရာဇဂဟသို့ နွားလှည်းခ နောက်ထပ် ၃ ရူပီးပေးရပြန်သည်။
ဘာရမ်ပူရ်( သာဝတ္ထိ)မှ ကာလကတ္တား အပြန် ခရီးအတွက် ယဉ်စီးခမှာ ခြောက်ရူပီးနှင့် နှစ်အန်န ကုန်ကျသည်။ စန္ဒရိမ မထေရ်သည် ရထားနှစ်ကြိမ်ပြောင်းခဲ့ရသည်။ မထေရ်မြတ်သည် နေရာ ထိုင်ခင်းများနှင့် ပတ်သက်ပြီး မှတ်ချက် တစ်စုံတစ်ရာပေး မထားပါ။ တကယ်တမ်းတွင်လဲ မည်သည့် နေရာထိုင်ခင်းမှ ပါဟန်မတူပါ။
သူ၏ သေးငယ်သော လမ်းညွှန်စာအုပ်၏ အဆုံးပိုင်းတွင် သူ၏ခံယူချက်ကို ဗုဒ္ဓဂယာ ဘုရားဖူး ခရီးကို ပြီးမြောက် အောင်ဆောင်ရွက်ခဲ့ကြသော သူများအား ရည်ညွှန်လျှက် ဖော်ပြခဲ့သည်။
“ ငါသည် မြတ်ဗုဒ္ဓနှင့် ပတ်သက် သောနေရာမြတ်တို့ကို ဖူးမြော်ရသောကောင်းမှုများကို စာဖတ်သူများအား အမျှပေးဝေပါ၏၊ စာရှုများသည် ဤနေရာမြတ်တို့ကို အာရုံပြုသောအားဖြင့် ဉာဏ် အမြင်ရရှိကြပါစေ”
ယနေ့ကာလများတွင် အိန္ဒိယဘုရားဖူး ခရီးသည် အတိတ်ကထက် အတော် အတန်လွယ်ကူနေပါပြီ။ အကျိုးရ လာဘ်များကတော့ ကြီးမားနေဆဲပင်ဖြစ်ပါသည်
>>>ဆက်ဖတ်ရန်>>> >>

Thursday 26 January 2012

"သံဝေဇနိယ လေးဌာန" (၁)

ဘုရားဖူးများသည် မိမိတို့၏ ရည်မှန်းချက်တို့ ပြီးမြောက်အောင်စွမ်းဆောင်နိုင်ခဲ့ကြသော်လည်း ယနေ့ တိုင် အောင်ပင် ကြီးမားသော အခက်အခဲများ၊ ဆိုးဝါးသော ရာသီဥတု၊ မကြာခဏဖြစ်တတ်သော နိုင်ငံရေး ဆိုင်ရာ ပဋိက္ခများ ကြီးမားကျယ်ပြန့်သော ကန္တာရ ခရီးများက ဆီကြိုနေဆဲပင်ဖြစ်သည်။ ဗုဒ္ဓဂယာအကြောင်းကို နည်းမျိုးစုံဖြင့်လေ့လာနိုင်ခဲ့ပြီး အမိမြေသို့ ပြန်ရောက်ပြီး မကြာခင် ပျံလွန်ခဲ့ရသော ကိုရီယားဘုရားဖူး ဟူဆန်ကို ၏ အကြောင်းကို ဖတ်ရသည်။ အခြားဘုရားဖူးဖြစ်သော တရုတ် ရဟန်းတော် အိုင်ချင် အကြောင်းသည် လုယက်သူများ၏ တိုက်ခိုက်ခြင်းကိုခံရပြီးမိမိတိုက်ခိုက်ခံရကြောင်းကို ပြန်လည် ပြောပြနိုင်ရုံလေးသာ အသက်ရှင်သန်ခွင့် ရခဲ့သည်။ ရဟန်းတော်သည်မိမိအသက်ကို ခြိမ်းခြောက်ခံ နေရသည်ကိုပင်အမှတ်မရအားပဲဗုဒ္ဓ၀င်နေရာများကို မဖူးရတော့ပဲ သူ၏ ရည်မှန်း ချက်မအောင်မြင်ဖြစ်ရသည်ကို တွေးတောပူပန်နေလေ၏။ “ အဲဒီအချိန်မှာ ငါတွေးတောနေမိပါတယ်၊ငါရဲ့ဘ၀ဟာလူ့လောကကြီးကိုမကြာခင်နှုတ်ဆက်ရတော့မယ်၊ငါ့ရဲ့ရည်မှန်းချက် အတိုင်းဗုဒ္ဓဖူးပြီး ဆန္ဒပြည့်ဝအောင်ဖြည့်ဖို့ မဖြစ်နိုင်တော့” ဟုဆိုသွားခဲ့သေးသည်။
တစ်ချို့သတ္တိရှိရဲရင့်သောပုဂ္ဂိုလ်တို့သည် မဇ္ဈိမဒေသသို့ နှစ်ကြိမ်သုံးကြိမ်ပင်ရောက်အောင် သွားနိုင်ခဲ့ ကြ ပြန်သည်။ တရုတ်ရဟန်းတော် ဟူအင်ချိသည် ခရစ်နှစ် ၆၂၈တွင်တစ်ကြိမ် အလှမ်းကွာသော တရုတ် နှင့် အာဖဂန်နစ္စတန်တို့ကို ဖြတ်သန်းလျှက် အိန္ဒိယသို့ ရောက်ခဲ့သည်။
ဟူအင်ချိသည် ဗုဒ္ဓဂယာတွင် လေးနှစ်၊ နာလန္ဒာတွင် သုံးနှစ် အသီးသီး နေထိုင်ခဲ့သည်။နောက်တွင် တိဗက်သို့ပြန်ခဲ့သည်။ နောင်တစ်ဆယ့်ရှစ်နှစ် ခန့်ကြာသော အခါ သူသည် မဇ္ဈိမဒေသသို့ နောင်ထပ် တစ်ကြိမ် သွားခဲ့ပြန်သည်။
မိမိတိုင်းပြည် ပြန်မည်ကြံရွယ်သော အခါ တိဗက်နိုင်ငံရေးပဋိပက္ခ၊ အိန္ဒိယ အနောက်တောင်ပိုင်းမှ သွားရန်လဲ ဖြစ်နိုင်သောကြောင့် မွေးရပ်မြေနှင့် ဝေးသော ဒေသမှာပင် မိမိ၏ ကျန်ရှိနေသးသော ဘ၀ကို ကုန်ဆုံးရန်ဆုံးဖြတ်ခဲ့သည်။
အမိမြေသည်ကား ရဟန်း တော် ဟူအင်ချိ ရင်ထဲ အမြဲ ကိန်းအောင်းနေဆဲ ရှိနေလေ၏။ ဟူအင်ချိ ဘ၀နှင့် ခြားနားသော တစ်ချို့ ပုဂ္ဂိုလ်တို့ကား ဘုရားခရီးကို အောင်မြင်စွာ သွားရောက်နိုင်ခဲ့သလို အမိမြေသို့ လည်း ငြိမ်းငြိမ်းချမ်းချမ်း ပြန်လာနိုင်ခဲ့ ကြ သည်။
ထိုသူတို့သည်မိမိတို့၏ရှိရင်းစွဲသဒ္ဓါတရားများနှင့် ဗဟုသုတများယခင်ကထက်များစွာတိုးပွားခဲ့ရသလို
မြတ်စွာဘုရားရှင် လျှောက်လှမ်းတော်မူခဲ့သော နေရာတို့တွင် လှည့်လည်သွားလာ ခွင့်ရကြသဖြင့် သူတို့ တစ် သက်တာတွင် မမေ့နိုင်သော အမှတ်တရများ အဖြစ်ဘ၀တစ်လျှောက်လုံးတည်ရှိမည်သာ ဖြစ်တော့၏။
တစ်ချို့သောဘုရားဖူးများသည်မဇ္ဈိမဒေသသို့သွားရောက်ခဲ့ကြပြီးခရီးသွားမှတ်တမ်းများကိုလဲ ပြုစု ရေးသား ခဲ့ကြသည်။
ဆိုပါမှတ်တမ်းများကရုပ်ပိုင်းဆိုင်ရာအခက်အခဲများအပေါ်သဒ္ဓါတရားနှင့်ယုံကြည်မှု၏ အောင် မြင်မှု ပြယုဂ်များ အဖြစ် မှတ်တမ်း တင်ထားရလေသည်။ ဘုရားဖူး ခရီးထွက်တော့မည့် ပုဂ္ဂိုလ် အတွက်ဆိုလျှင် သည်းခံ ခြင်း၊ သတ္တိ၊ ယုံကြည်မှု၊ အခက် အခဲများကို ကျော်လွှာရန်နောက် မတွန့်သော စိတ်ထားတို့ ရှိရမည့် အပြင် ဆိုပါ စိတ်ဓာတ်မျိုးသည်မိမိတို့တိုင်းပြည်များသို့ ပြန်လည်ရောက်ကြသောအခါ၌လည်းတိုးပွားလာသည်ကို တွေ့ ရသည်။
အထက်ပါ အကြောင်းများကြောင့်ပင်ဖြစ်ဟန်တူသည် မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က တပည့် သာဝကများကိုဖွားမြင်တော်မူရာလုမ္ဗိနီတော၊သဗ္ဗညုတဉာဏ်တော်ရရှိရာဗုဒ္ဓဂယာ၊တရားဦးဓမ္မစင်္ကြာ
ဟောကြားတော်မူရာ မိဂဒါဝုန်တောနှင့်ပရိနိဗ္ဗာန်ပြုတော်မူရာ ကုသိနာရုံတို့ကိုမိမိ ဘ၀တွင် အနည်းဆုံး တစ်ကြိမ်တော့ သွားသင့်ကြောင်း တိုက်တွန်းတော်မူခြင်းဖြစ်သည်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday 25 January 2012

"ဗုဒ္ဓဘာသာဝင် ဟောလိဝုဒ် မင်းသား နှစ်ယောက်"

ဗုဒ္ဓ၏တရားတော်တွေရဲ့တန်ဖိုးကိုသိလာကာတကမ္ဘာလုံးကစိတ်ဝင်စားလာကြပြီးတန်ဖိုးကြီးမားလှတဲ့တရား
တော်တွေရှိပါရက်နဲ့မိုက်နေကြသူတွေဟာလက်ထဲးရောက်နေတဲ့ပတ္တမြားကိုတန်ဖိုးမသိ့ဆော့ကစားပြီးပစ်
ထားတဲ့ကလေးသူငယ်ပါပဲ။တန်ဖိုးသိ့သူတွေကကောက်ယူပြီးချမ်းသာအောင် လုပ်ကုန်ကြပြီ။
သာသနာတော်ကြီးဟာမြန်မာပြည်ကနေ ရွေ့မသွားပဲး ပြန့်သွားပါစေလိုပဲဆုတောင်ပါ၏။
 How to Develop Happiness in Daily Life, Features & Interviews with Buddhist Celebrities စာအုပ်ကို ဖတ်မိတော့ ရုပ်ရှင်မင်းသား ဂျက် လီ ရဲ့ “Our Actions Determine Our Destiny” ဆိုတဲ့ အင်တာဗျူးကို တွေ့ရတယ်။ ကြိုက်လဲ ကြိုက်ပါတယ်။ ဒါကြောင့်“ကျွန်တော်တို့ရဲ့ကံတွေကပဲကျွန်တော်တို့ရဲ့ ကံကြမ္မာကို ဖန်တီးတာပါ” ဆိုတဲ့ ခေါင်းစီးနှင့်  ဘာသာပြန်ပြီး ဘလော့ဂ်လေးပေါ် တင်ခဲ့တယ်။ နောက်တော့ ဂျနီဖာ လိုပက်ဇ် အကြောင်း သတင်းတိုလေးကို ဘာသာပြန် တင်ခဲ့ပြန်ပါတယ်။
အဲဒီစာအုပ်ထဲကပဲ အော်လန်ဒို နှင့် လီယိုနာဒို ဒီကာပရီယို တို့ သတင်းတိုလေးကို ဘာသာပြန်ခဲ့ပေမဲ့ ပို့စ် မတင်ဖြစ်ခဲ့ဘူး။ သတင်းဖြစ်ခဲ့တာလဲ ကြာခဲ့ပြီဆိုတော့ လူတိုင်းလောက် သိပြီးဖြစ်မှာကိုး။ ကိုယ်ကသာ ဘုန်းကြီးမို့ စာအုပ်ဖတ်မိမှ သိရတာ။ ကိုယ့်နယ်ပယ်လဲ မဟုတ်ဘူးလေ။ နောက်တစ်ချက်က ဂျက် လီရဲ့ အင်တာဗျူးလို မှတ်သားစရာလဲ မပါလှဘူး။ 
ဒါပေမဲ့ အခုတော့ အတွေးတစ်မျိုးကြောင့် နဲနဲ ဖြည့်စွက်ပြီး သူတို့ အကြောင်းကို တင်ပေးလိုက်ပါတယ်။
အော်လန်ဒို (Orlando Jonathan Blanchard Bloom) ကို ယူကေနိုင်ငံမှာ ၁၉၇၇ ခုမှာ မွေးပါတယ်။ သူဟာ နာမည်ကျော်ကြား ဗုဒ္ဓဘာသာဝင်များ စာရင်းမှာ ပါပါတယ်။ သူဟာ အသက် ၁၉ နှစ်ရွယ်မှာ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တယ်။ ဘယ်လို ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့တယ် ဆိုတာတော့ စာရေးသူ မသိပါဘူး။ 
သူကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဟာ Nichiren Buddhim ပါ။ Nichiren Buddhism ဆိုတာ ဂျပန်ပြည်မှာ ၁၃ ရာစုက ပေါ်ပေါက်လာခဲ့တဲ့ မဟာယာန ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတစ်ခုပေါ့။ ဂျပန်ဘုန်းတော်ကြီး Nichiren ရဲ့ ဟောကြားချက်တွေပေါ်မှာ အခြေခံထားတဲ့ ဂိုဏ်းခွဲတစ်ခုလို့ ဆိုပါတယ်။ Nichire ဂိုဏ်းကပဲ ထပ်ဆင့်ဂိုဏ်းကွဲတွေလဲ ပေါ်ပေါက်ခဲ့ပါတယ်။ ဂျပန်မှာလဲ ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတွေက အများကြီးပါ။ အဲဒီဂိုဏ်းဟာ ပြည်တွင်းမှာလဲ ကိုးကွယ်သူတွေ ပေါသလို အမေရိကအပါအဝင် နိုင်ငံအတော်များများမှာလဲ ပြန့်နှံ့နေတယ်လို့ သိရပါတယ်။ 
  စာရေးသူ မာစတာတန်း တက်ခဲ့စဉ်က ယူခဲ့တဲ့ ဘာသာရပ်တွေထဲမှာ တစ်ခုက Comtemporary Schools of Buddhist Thought in Japan  ပါပဲ။ ဒါကြောင့် အဲဒီဂိုဏ်းအကြောင်း အတော်အတန် သိပါတယ်။ ဒါပေမဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အတွက် သိပ်အကျိုးရှိမယ်လို့ မထင်လို့ ဒီမှာ မရေးတော့ပါဘူး။
အခု ၂၀၀၄ ခု ဒီဇင်ဘာလထုပ် The Hindustan Times သတင်းစာထဲ ပါလာခဲ့တာလေးကို ဖတ်ကြည့် ကြရအောင်လား။ 
“ဟောလိဝုဒ် မင်းသား နောက်တစ်ဦးဖြစ်တဲ့ အော်လန်ဒို ဘလုမ်းဟာ ဗုဒ္ဓဘာသာ ဖြစ်လာပါပြီ။ အသက် ၂၇ နှစ်အရွယ်ရှိ The Lord of the Rings မင်းသားဟာ Maidehead, Berkshire မှာ ရှိတဲ့ ဗုဒ္ဓဘာသာ စင်တာမှာ ကျင်းပတဲ့ တစ်နာရီကြာ အခမ်းအနားမှာ ပါဝင်ခဲ့ပါတယ်။ 
“သူ့ကြည့်ရတာ တကယ်ကိုပဲ ပျော်ရွှင်နေပါတယ်။ သက်တောင့်သက်သာလဲ ရှိဟန်တူပြီး အတော်လဲ စိတ်လှုပ်ရှားပုံပါပဲ” လို့ သွားခဲ့သူ တစ်ယောက်ကို ကိုးကားရေးသာထားပါတယ်။
The Lord of the Rings သုံးတွဲဆက် ဇာတ်ကားမှာ နတ်သူငယ် legolas အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ အော်လန်ဒိုဟာ သူ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရေးအကြောင်းကို လူသိရှင်ကြား လုံးဝ မပြောကြားဖူးသေးပါဘူး။ ဒါပေမဲ့ ဗုဒ္ဓဘာသာ စိတ်ပုတီး ကိုင်ထားတာတော့ မကြာခဏ တွေ့ရပါတယ်” တဲ့။ 
“သူ ယုံကြည် ကိုးကွယ်တဲ့ ဘာသာရေး အကြောင်းကို လူသိရှင်ကြား လုံးဝ မပြောကြားဖူးသေးပါဘူး” လို့ သတင်းက ဆိုခဲ့ပေမဲ့ သူဟာ တကယ့် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်နေတာ အများသိကြတယ် ထင်ပါတယ်။ Wikipidia မှာတော့ သူဟာ ဗုဒ္ဓဘာသာကို ကျင့်သုံးနေသူ တစ်ယောက် (Bloom is a practicing Buddhist) လို့ ဖော်ပြထားတယ်
၂၀၀၄ ခုနှစ်မှာ သူဟာ Soka Gakkai International အဖွဲ့ရဲ့ တင်းပြည့် အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတယ်တဲ့။ Soka Gakkai ဆိုတာ ဂျပန်မှာ အခြေစိုက်တဲ့ Nichiren ဗုဒ္ဓဘာသာဂိုဏ်းရဲ့ ဥပသကာ  (လူပုဂ္ဂိုလ်) အဖွဲ့အစည်းတစ်ခုပါ။ Soka Gakkai International ဟာ နိုင်ငံပေါင်း ၁၉၂ နိုင်ငံမှာ အဖွဲ့ဝင်ပေါင်း ၂၃ သန်းကျော် ရှိတယ်ဆိုပဲ။ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးကို မြှင့်တင်နေတဲ့ အကျိုး အမြတ်မယူတဲ့ အဖွဲ့အစည်း တစ်ခုလို့ Wekipidia က ဆိုပါတယ်။
အမေရိကန် မင်းသမီး Kate Bosworth က ၂၀၀၂ ခုနှစ်မှာ သူနှင့် စတွဲခဲ့တဲ့အခါ အော်လန်ဒိုက ကိတ်ကို နိချိရင် ဗုဒ္ဓဘာသာနှင့် မိတ်ဆက်ပေးခဲ့တယ် လို့  ဆိုပါတယ်။ မင်းသမီးကလဲ ဗုဒ္ဓဘာသကို အတော်ကြိုက်ပုံပါပဲ။ “တကယ့်ကို မယုံကြည်နိုင်စရာ စိတ်အခြေအနေပါ။ အခြေခံအားဖြင့်တော့ မိမိကိုယ် မိမိ အမြဲတမ်း ပိုတော် ပိုကောင်းတဲ့သူ ဖြစ်အောင် လုပ်ဖို့၊ မိမိနှင့် ကမ္ဘာလောကကြီး အတွက် ရလိုတာကို အာရုံစိုက်ဖို့၊ အဲဒီကို တကယ်ရောက်အောင် လုပ်ဖို့ ဖြစ်တယ်”လို့ မင်းသမီးက ဆိုတယ်တဲ့လေ။
နောက်မင်းသား တစ်ယောက်ရဲ့ အကြောင်းကို ဖတ်ကြည့်ရအောင်လား။ အစမှာ ညွှန်းခဲ့တဲ့ စာအုပ်ရဲ့ စာမျက်နှာ (၈၉) မှာ ဖော်ပြထားတာပါ။ 
ဟောလိဝုဒ်မှာ အခုလောလောဆယ် အငြင်းပွားဖွယ်ရာ ရှိတဲ့ ပွဲအတောင်းခံရဆုံး မင်းသားဖြစ်ပေမဲ့ လီယိုနာဒို ဒီကာပရီယိုဟာ လော့စ်အိန်းဂျလက်စ်မှာ ရှိတဲ့ ဗုဒ္ဓဘာသာ အုပ်စုတစ်ခုမှာ ဝင်လိုက်ပါတယ်။ စွမ်းအား ပြန်မပြည့်မချင်း ရုပ်ရှင်ရိုက်တာကို လျှော့ချပစ်ဖို့ရာ သန္နိဋ္ဌာန် ချထားပါတယ်လို့ လန်ဒန် ဒေလီမစ်ရာ သတင်းစာက ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ ရေးသား အစီရင်ခံခဲ့ပါတယ်။ “ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ရှာဖွေနေပါတယ်။ ရုပ်ရှင် ရိုက်ရာဆီကို မပြန်ခင် ကာလကြာရှည် နားဖို့ စဉ်းစားနေတယ်။ လအတော်ကြာ၊ တစ်နှစ်လဲ ဖြစ်ချင် ဖြစ်မှာပေါ့ လို့ ဒီကာပရီယိုရဲ့ အပြောကို သတင်းစာကြီးက ကိုးကား ဖော်ပြထားပါတယ်။
ဒါကတော့ ၁၉၉၈၊ မေလ ၆ ရက်နေ့က ပါလာခဲ့တဲ့ သတင်းတိုလေးပါ။ ဒီမင်းသားရဲ့ ဘာသာရေးနှင့် သက်ဆိုင်တဲ့ နောက်ဆက်တွဲ သတင်းတွေကိုတော့ ကိုယ့်ရဲ့ နယ်ပယ်လဲ မဟုတ်လို့ စာရေးသူ မသိပါဘူး။ သိရင် ပြောကြပါလို့တော့ မေတ္တာရပ်ခံချင်ပါတယ်။

>>>ဆက်ဖတ်ရန်>>> >>

Friday 20 January 2012

"ဗုဒ္ဓသသာနာ နှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်"

ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့သည် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူကိုလည်း ကိုးကွယ်နေကြသည်။ ထွက်ရပ်ပေါက်ပုဂ္ဂိုလ် များတွင်လည်း အသေထွက်၊ အရှင်ထွက် နှစ်မျိုးရှိသည်ဟု ဆိုသည်။ ထွက်ရပ်ပေါက်နိုင်ရန် ထိုပုဂ္ဂိုလ်တို့ ကျင့်သုံးခဲ့သည်ဆိုသောကျင့်စဉ်ကိုလည်း အမျိုးမျိုးပြောဆိုနေကြသည်။ အခြေခံအားဖြင့် အဂ္ဂိရတ်လမ်း၊ ဆေးလမ်း၊အင်းလမ်း၊ သမထလမ်းဟု ခွဲခြားဖော်ပြနိုင်ဖွယ်ရှိသည်။
ထွက်ရပ်ပေါက်နှစ်မျိုးအနက် အသေထွက်ဆိုသည်မှာ လက်ရှိဘ၀က သေလွန်ပြီးသော်လည်း
လောကဝေါဟာရအရသာ သေလွန်သည်ဟု သတ်မှတ်ရခြင်းဖြစ်သည်။ အစွမ်းသတ္တိဆက်
လက်ရှိနေသည်။ တန်ခိုးဣဒ္ဓိပါတ် ဆက်လက်ရှိနေသည်ဟု ယူဆထားကြသည်။
အရှင်ထွက်ဆိုသည်မှာ လောကဝေါဟာရ အရပင် သေသည်ဟု မသတ်မှတ်နိုင်ဘဲ နှစ်အပိုင်း
အခြားမရှိ ဆက်လက်အသက်ရှင်နေသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်ဖြစ်သည်ဟု ယူဆခြင်း
ဖြစ်သည်။ အသေထွက် အရှင်ထွက် နှစ်မျိုးလုံးပင် သာမန်လူတို့ မမြင်နိုင်သော ခန္ဓာကိုယ်
ဘ၀အဖြစ် ပြောင်းသွားသည်ဟု ယူဆကြသည်။
အသေထွက်၊ အရှင်ထွက် ထွက်ရပ်ပေါက်သည်ဟု ခံယူသူတို့ အထွတ်မြတ်ထားသော ရဟန္တာအရှင်မြတ် ရှစ်ပါးရှိသည်။ သေလေးပါး၊ ရှင်လေးပါး ဟုခေါ်ကြသည်။
သေလေပါးမှာ........
အရှင်မဟာကဿပ(ဝေဘာရတောင်ထက်)
ရှင်မဟာသံသာရ(ဥတ္တမတောင်)
ရှင်ဥပေက္ခေ(မကုလတောင်)
ရှင်ဓမ္မသာရ(မကုလတောင်) တို့ ဖြစ်ကြသည်။ ထိုရဟန္တာများသည်လူ့ဝေါဟာရအရပရိနိဗ္ဗာန်ပြုပြီးသော်လည်းမပုပ်မသိုးမပျက်မစီးဆက်လက်ရှင်သန်
နေသည်။
တန်ခိုးအစွမ်းရှိနေသည်ဟု ယုံကြသည်ကြသည်။
ရှင်လေးပါးမှာ........
တောင်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်ဥပဂုတ္တ၊
မြောက်သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်သာရဒတ္တ၊
အရှေ့သမုဒ္ဒရာ၌ ရွှေပြဿဒ်နှင့်နေသော ရှင်အက္ကောသာရ၊
အနောက်သမုဒ္ဒရာ၌ ကြေးပြဿဒ်နှင့်နေသော ရှင်မေဓရ တို့ ဖြစ်သည်ဟု ဆို၏။
ထိုအရှင်မြတ်များသည် နှစ်ပေါင်းထောင်ချီကာ မအိုမနာ မသေ ဆက်လက်ရှင်နေဆဲဖြစ်သည်ဟု ယုကြည်ကြသည်။
ထိုသေလေးပါး၊ ရှင်လေးပါးမှာ `သဗ္ဗေသင်္ခါရာ အနိစ္စာ´ ဟု ခံယူသော ထေရ၀ါဒဗုဒ္ဓဘာသာ
နှင့် မကိုက်ညီကြောင်း၊ နိဗ္ဗာန်စံသူများသည် သုခ၀တီဘုံ၌ ထာဝရပျော်စံနေသည်ဟုယူဆသော မဟာယန နှင့်မူ နီးစပ်လျက်ရှိကြောင်း ထေရ၀ါဒီ သုတေသီများက မှတ်ချက်ပြုကြသည်။
ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ထူးများအဖြစ် မြန်မာပြည်၌ အလေးထားခံရသူများမှာ.........
ရှင်အဇ္ဇဂေါဏ၊
ရှင်မထီး၊
ဘာမဲ့၊
ဘိုးဘိုးအောင်၊
ဘိုးမင်ခေါင်၊
ယက္ကန်းစင်တောင်ဆရာတော် စသည်တို့ဖြစ်ကြသည်။
ထိုထွက်ရပ်ပေါက်ပုဂ္ဂိုလ်များအနက် ရှင်အဇ္ဇဂေါဏ၊ ရှင်မထီး၊ ဘာမဲ့ တို့မှာ ထေရ၀ါရ
အနွယ်ဝင်များ မဟုတ်ဘဲ အရည်ကြီး အဆက်နွယ်များသာ ဖြစ်ကြသည်။
ရှင်အဇ္ဇဂေါဏ မှာ အဂ္ဂိရတ်ဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။ ရှင်မထီး နှင့် ဘာမဲ့
တို့မှာ ဂါထာ မန္တာန် အင်းအိုင်များဖြင့် ထွက်ရပ်ပေါက်သည်ဟု ဆိုသည်။ ထိုပုဂ္ဂိုလ်များ
သည် ယခုတိုင် ပျံလွန်ခြင်းမရှိသေးဘဲ ဆရာစဉ်ဆက် ၀င်စားလာကြသည်။ ယနေ့တိုင်
ဓာတ်စီးဝင်ခြင်း၊ လူသတ္တ၀ါတို့အား ကျေးဇူးပြုခြင်းရှိနေသေးသည်ဟု ဆိုသည်။
ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်၊ ရက္ကန်းစင်တောင် ဆရာတော်တို့မှာ သမထနည်း(စရဏ)
တစ်မျိုးမျိုးဖြင့် ထွက်ရပ်ပေါက်သူများဟု ယူဆကြသည်။ ထိုပုဂ္ဂိုလ်များသည်လည်း
သေလွန်သည်မဟုတ် ခန္ဓာသစ် ဘ၀သစ်သို့ မသေဘဲ ထုံကူးကာ၊ ၀င်စားနေသည်ဟု
ယူဆကြသည်။ ဤအယူအဆများသည်လည်း ထေရ၀ါဒဗုဒ္ဓဘာသာနှင့် မကိုက်ညီကြောင်း
မြဲသောအတ္တရှိသည်ဟု ယူဆသော အတွေးခေါ်မျိုးသာဖြစ်ကြောင်း ဝေဖန်ကြသည်။
ထိုပုဂ္ဂိုလ်များသည် စရဏတစ်ခုခု၊ သမထတစ်နည်းနည်းကို စွဲစွဲမြဲမြဲကျင့်သုံး၍ ခရီးရောက်
သည်ဟုဆိုပါကလည်း သေလွန်ပြီးနောက် နတ်သောလည်းကောင်း၊ ဗြဟ္မာသော်လည်းကောင်း၊
ဖြစ်သွားဖွယ်ရှိသည်ဟု ဝေဖန်ချက်များပေးခဲ့ကြသည်။မြတ်ဗုဒ္ဓရှိတော်မူစဉ်က တစ်နေ့သောညဦး
ရန်အချိန်တွင်မြတ်ဗုဒ္ဓအားမေးမြန်းလျှောက်ထားလေသည်။ ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား အရှင်ဘုရားရဲ့သသာနာတော်မှာရဟန္တာသော်၎င်းအခြားသောရဟန်းသံဃာသည်၎င်းအရှင်ဘုရားရဲ့
ဟောဖော်ညွန်ပြတဲ့တရားဓမ္မတွေကိုကျင့်ကြံအားထုပ်ပြီးတော့နေမည်ဆိုလျှင် အသက်ရှင်လျှက် ၂၀၀ သို့ ၁၀၀၀ နေနိုင်ပါသလားဘုရားလို့လျှောက်လေသည် ထိုအခါမြတ်ဗုဒ္ဓကအသင်ဒကာတော်နတ်သား ငါဘုရားရဲ့သသာနာမှာမဂ္ဂင်၈ပါးသစ္စာ၎ပါးပကျင့်တရားတွေကိုကျင့်ပြီးတော့နေမယ်ဆိုရင်ရဟန္တာ
တွေရှိနေအုံးမှာပဲ သသာနာလည်းရဟန္တာ မဆိတ်သုန်းသမျှ ငါဘုရားရဲ့သသာနာရှိနေဦးမယ် သို့ သော်လည်းပဲ ငါဘုရားရဲ့သသာနာမှာနေမယ်ဆိုရင်အသက်တမ်းအားဖြင့်  ၁၆၀ ထက်ပို့ပြီးတော့မရှိဘူး တကယ်လို့များ အသက်တမ်း ၁၆၀ ထက်ကျော်လွန်သွားတဲ့သူရှိနေရင် ရှိရင် အဲဒီပဂ္ဂိုလ်ဟာ ငါဘုရားရဲ့သသာနာတွင်းသားမဟုပ်ဘူး ငါဘုရားသသာနာဝင်မဟုပ်ဘူးလိုဟောကြားတော်မူခဲ့ပါပေတယ်။
စာရေးသူသီသလောက်မှတ်သလောက်ပြောရရင် ရှင်ဗာကုလ  သည်ပင်လျှင်မွေးကတည်းက နာချိတဲ့ရောဂါတောင်မရှိဘူးအခြားသောရောဂါမျီုးကိုမဆိုထားနဲ့ သို့ဘာသော်ညားလည်း မြတ်ဗုဒ္ဓသသာနာတွင်းဝင်လာတဲ့နောက် အသက် ၁၆၀ တွင် နိဗ္ဗာန်သို့စံမြန်းရပေသည်
စာဖတ်သူဒကာဒကာမအပေါင်းတို့လည်းပဲထိုသူတို့ကားမြတ်ဗုဒ္ဓသသာနာအတွင်းကသို့အပြင်ပကဆိုတာ
နားလည်သဘောပေါက်မည်ထင်ပါသည်စာဖတ်သူသည်မြတ်ဗုဒ္ဓသသာနာကိုတကယ်ကြည့်ညီုလေးစား
ကိုးကွယ်တယ်ဆိုပါလျှင်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်
အောင်ကြီုးစားပြီးတော့သသာနာကိုထောက်ပံ့နိုင်တဲ့သူများဖြစ်အောင်ကြီုးစားပြီးတော့နေထိုင်ကြပါ
လို့တိုက်တွန်းအပ်ပါသည်။
>>>ဆက်ဖတ်ရန်>>> >>

Thursday 19 January 2012

"တရားဆိုတာဘယ်မှာရှာ"

တရားဘယ်မှာ ရှိလဲဆိုတာ သိမှ တရားဘယ်မှာ ရှာရမလဲဆိုတာ သိမယ်။ တရားဆိုတာ ခန္ဓာထဲမှာ ရှိတယ်။ ဒီတော့ ခန္ဓာထဲ ရှာရလိမ့်မယ်ပေါ့။ ခန္ဓာထဲမှာ ရှိတာသိလို့ ခန္ဓာထဲမှာ ကြည့်လိုက်ရင် ခန္ဓာထဲမှာ တရားတွေ့ပါလိမ့်မယ်။ ဒါကြောင့် တရားရှာချင်တယ်ဆိုရင် ဟိုဟိုဒီဒီ ပြေးလွှားနေမယ့်အစား ခန္ဓာထဲမှာ ကြည့်၊ ခန္ဓာထဲမှာ ရှာပါလို့ အဖြေပေးလိုက်ပါတယ်။

ခန္ဓာထဲမှာ ရှာဆိုတာ ခန္ဓာကိုယ်ကြီးကို စောင့်ကြည့်ရတာပါပဲ။ စောင့်ပြီးတော့ အသက်ကလေး မှန်မှန်ရှူပြီးကြည့်ပါ။ အာရုံတွေ တိုက်ချင်ရာက တိုက်ပြီးတော့ ပေါ်ချင်ရာစိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒီလိုပေါ်လာတဲ့စိတ်ကလေးတွေကို စောင့်ပြီးကြည့်ပေးရမယ်။ မျက်လုံးဖွင့်လိုက်တော့ မြင်စိတ်ကလေးပေါ်လာတယ်။ ဒီမြင်စိတ်ကလေးဟာ အရင်ကတည်းက ပေါ်နေတာလား အခုမှ ပေါ်လာတာလားလို့ စောင့်ကြည့် သတိထားကြည့် ၀ီရိယစိုက်ကြည့်လိုက်တော့ ဒီမြင်စိတ်ကလေးဟာ အခုမှ အာရုံတိုက်လို့ပေါ်လာတာ။ အခုမှပေါ်လာတဲ့စိတ်ဟာ ပေါ်ဆဲစိတ်လေးပါပဲ၊ ပစ္စုပ္ပန်စိတ်ကလေးပါပဲ။ ဒီစိတ်ကလေးပေါ်တာနဲ့ သတိ သမာဓိ ပညာနဲ့ ချက်ချင်းလိုက်ပါ။ မြင်စိတ်ကလေးပေါ်ပြီး မြင်စိတ်ကလေး မရှိတော့ဘူးဆိုတာ ချက်ချင်း သိလိုက်ပါ။ မြင်စိတ်ပေါ်ရင် အဲဒီမြင်စိတ်ကလေးကို သတိ ပညာနဲ့ ချက်ချင်းလိုက်ပေးလိုက်။ လိုက်လိုက်တဲ့အခါမှာ မြင်စိတ်ကလေးက မရှိတော့ဘူး။ ပေါ်လာတာကိုလဲ တွေ့၊ မရှိတော့တာကိုလဲ တွေ့လိုက်တယ်ဆိုရင် မြင်စိတ်ကလေးဟာ ဖြစ်ပြီးပျက်ရတဲ့တရားလေးပဲလို့ စောင့်နေတဲ့တရားက မြင်တယ်။ ငါမြင်တာလားဆိုရင် ငါမြင်တာမဟုတ်ဘူး၊ မြင်စိတ်ကလေးကမြင်ပြီး မြင်စိတ်ကလေး ပျက်သွားတာပါပဲ။ ဒီတော့ မြင်စိတ်ကဖြစ်ပျက်၊ ရှုတာက မဂ်လို့ မှတ်လိုက်တာပေါ့။ ရှုတာက ၀ိပဿနာမဂ်ဖြစ်သွားတယ်။ ဒါဟာ တရားပါပဲ။ ပေါ်လာတဲ့တရား မြင်စိတ်ကလေးကို စောင့်မကြည့်ဘူးဆိုရင်ဖြင့် မြင်တာနဲ့ လိုချင်တယ်၊ စွဲလန်းတယ်၊ အားထုတ်တယ်ဆိုတဲ့ တဏှာ ဥပါဒါန် ကံတွေ လိုက်လာမယ်။ ဒီတရားသုံးခုဟာ ပစ္စုပ္ပန်အကျိုးတရားတွေပါပဲ။ ပစ္စုပ္ပန်ခန္ဓာကို ပေါ်ဆဲမရှုမိလိုက်လို့ ဆက်လာတဲ့ အကျိုးဆက်တွေပေါ့။ တစ်နည်းအားဖြင့် အနာဂတ်ခန္ဓာဖြစ်ခြင်းရဲ့ အကြောင်းတွေလဲ ဖြစ်လို့ အနာဂတ်အကြောင်းတရားသုံးပါးလို့လဲ ခေါ်ပါတယ်။ အနာဂတ်အကြောင်းပေါ်ရင် အနာဂတ်အကျိုးဖြစ်တဲ့ ဇာတိ ဇရာ မရဏဆိုတဲ့ တရားသုံးခုကလဲ မလာပါနဲ့လို့ တားလို့မရပါဘူး။ မြင်စိတ်ပေါ်ရင် ပေါ်ဆဲအခိုက်လေး စောင့်ကြည့်လိုက်တော့ တဏှာ ဥပါဒါန် ကံတွေ မလာတော့ဘဲ ချုပ်သွားတယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွားတယ်။ အနာဂတ်အကြောင်းသုံးခု ချုပ်သွားတဲ့အတွက် သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏဆိုတဲ့ အနာဂတ်အကျိုးသုံးခု မလာတော့ဘဲချုပ်သွားတယ်။ ဒါဟာ စောင့်ပြီး ရှုလိုက်ရခြင်းရဲ့ အကျိုးကျေးဇူးတွေပါပဲ။ ဇာတိ ဇရာမရဏဆိုတာ ဒုက္ခသစ္စာသာဖြစ်တယ်။ ဒီဒုက္ခသစ္စာလာမှာစိုးလို့ မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှုပေးရပါတယ်။ အကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့ မြင်စိတ်ကလေးဟာ အခုပေါ် အခုပျက်။ ငါမြင်တာလဲ မဟုတ် သူမြင်တာလဲ မဟုတ်၊ မြင်စိတ်ကလေးက မြင်ပြီး မြင်စိတ်ကလေး ပျက်သွားတာ တွေ့လိုက်ပါလိမ့်မယ်။ ဒီတော့ ပေါ်လာတဲ့မြင်စိတ်ကလေးကို ငါလဲ မထင်နဲ့၊ သူလဲ မထင်နဲ့၊ အနိစ္စသာထင်အောင်လုပ်လိုက်ပါ။ အနိစ္စမို့ အနိစ္စလို့ သိအောင်လုပ်ပေးလိုက်တာပါပဲ။ ဒါဖြင့် မြင်စိတ်ပေါ်ရင် မြင်စိတ်ကို ဖြစ်ပျက်ရှု၊ မရှုရင် တဏှာဥပါဒါန် ကံတွေလာမယ်။ သေသည်၏အခြားမဲ့၌ ဇာတိ ဇရာမရဏတွေ ရမယ်။

အသံတစ်ခုခု ကြားလိုက်တော့ ကြားစိတ်ကလေးပေါ်မယ်။ ပေါ်တဲ့ ကြားစိတ်ကလေးကိုလဲ စောင့်ကြည့်လိုက်ပါ၊ အခုပေါ် အခုပျောက်သွားတာကို တွေ့ရပါလိမ့်မယ်။ မရှုလို့ရှိရင် ငါကြားတယ်၊ ငါမြင်တယ်ဆိုပြီး စိတ်မှာ ဒိဋ္ဌိကပ်လာတယ်။ ရှုလိုက်တာနဲ့ ငါကြားတာမဟုတ်၊ ကြားစိတ်က ကြားပြီး ကြားစိတ်ကလေး ပျက်သွားတာပဲဆိုတာ သိလိုက်တော့ ကြားစိတ်အပေါ်မှာ ငါစွဲဒိဋ္ဌိပြုတ်သွားတယ်။ ဒါကြောင့် ပေါ်သမျှစိတ်ကို လိုက်ပြီး စောင့်ကြည့်နေတာသည် ဒိဋ္ဌိသတ်နေတာပဲလို့လဲ နားလည်ထားလိုက်ပါ။ ဒါကြောင့် နှာခေါင်းထဲ နံစိတ်ကလေးပေါ်လာရင်လဲ ပေါ်ဆဲနံစိတ်ကလေးကို စောင့်ကြည့်လိုက်ပါ။ ငါနံတာမဟုတ်၊ နံစိတ်က နံတာ၊ နံစိတ်ကလေးပဲ ပျက်သွားတာလို့ ရှုနေတော့ သိလာတယ်။ စားစိတ်လေးပေါ်လာတော့လဲ အရင်ကပေါ်တာမဟုတ် အခုမှပေါ်လာတာပဲလို့ သိလိုက်ပါ။ သိတဲ့အတိုင်း ဉာဏ်လိုက်လိုက်တဲ့အခါ စားစိတ်ကလေးကလဲ ဖြစ်ပြီး ပျက်ပြသွားပါလိမ့်မယ်။ အနိစ္စသဘောကို သူပြောသွားပါလိမ့်မယ်။ စားစိတ်ကလေးက စားပြီး စားစိတ်ကလေးပဲ ပျက်သွားတာကို ရှင်းရှင်းမြင်အောင် ကြည့်လိုက်ပါ။ ငါစားတယ်လို့ ထင်နေရင်တော့ ဒိဋ္ဌိကပ်နေမှာပါပဲ။ ရှုနေတဲ့အခါ ငါစားတာမဟုတ်ပါလားဆိုတာ သိနေတော့ ဒိဋ္ဌိအလိုလို သေနေတယ်။ ယားတဲ့ နာတဲ့စိတ်လေးတွေ ပေါ်လာရင်လဲ အရင်ကပေါ်နေတဲ့စိတ်မဟုတ်၊ အခုမှ ပေါ်လာတဲ့စိတ်ကလေးဖြစ်တယ်၊ ငါယားနေတာမဟုတ် ယားစိတ်ကလေးက ယားနေတာ၊ ယားစိတ်ကလေးပဲ ပျက်သွားတာဆိုတာ စောင့်ကြည့်နေရင် သိတယ်၊ သိနေရင် ဒိဋ္ဌိပြုတ်နေတယ်။ အခု ပေါ်သမျှစိတ်တွေလိုက်ကြည့်လိုက်တော့ မြဲတဲ့စိတ် တစ်လုံးမှ မတွေ့ရပါဘူး။ ဖြစ်ပြီးပျက်၊ ပေါ်ပြီး ပျောက်သွားကြတဲ့စိတ်တွေချည်းပဲ တွေ့ရတယ်။ ဒီတော့ ပေါ်သမျှစိတ်တွေဟာ ဖြစ်ပျက်ပဲ၊ ဖြစ်ပျက်ဟာ ဒုက္ခသစ္စာသာဖြစ်ပါတယ်။ ကိုယ်ပေါ်မှာ ချမ်းသာတဲ့စိတ်ကလေးပေါ်လဲ စောင့်သာကြည့်လိုက်၊ ဒီစိတ်ကလေးဟာ အခုမှပေါ်လာပြီး အခုပဲ ပျက်သွားတာတွေ့ရမယ်။ ဥပမာ- လေလေးတိုက်လာလို့ အေးချမ်းတဲ့စိတ်ကလေး ပေါ်လာတယ်။ ဒီစိတ်ကလေးဟာ အရင်က ရှိနှင့်နေတဲ့စိတ်မဟုတ်ပါဘူး။ အခုမှ လေနဲ့ ကိုယ်နဲ့တွေ့ထိလို့ ပေါ်လာတဲ့စိတ်ကလေး။ ဒီစိတ်ကလေးကလဲ ကြည့်လိုက်တော့ မရှိတော့ဘဲ ပျက်သွားတာပဲ။ မြဲတည်နေတာမဟုတ်ပါဘူး။ ငါအေးနေတာလဲ မဟုတ်၊ သူအေးနေတာလဲ မဟုတ်၊ အေးစိတ်ကလေး ချမ်းသာစိတ်ကလေး ကောင်းစိတ်ကလေးက အေးနေတာပဲဆိုတာ သိလာမယ်။ ဒီစိတ်ကလေးပဲ ပျက်သွားတယ်ဆိုတာ မြင်လာမယ်။ ဒီလိုမြင်နေတဲ့အခိုက် ဒိဋ္ဌိမကပ်နိုင်တော့ဘူး။ ဒီစိတ်အပေါ်မှာ သာယာတဲ့ တဏှာ ဥပါဒါန် ကံတွေလဲ မလိုက်တော့ဘူး။ အနာဂတ်အကြောင်း သုံးပါး ပြတ်တယ်။ အကြောင်းပြတ်ရင် အကျိုးတရားတွေဖြစ်တဲ့ ဇာတိ ဇရာမရဏဆိုတဲ့ နောင်ခန္ဓာလဲ ပြတ်တယ်။

လောဘစိတ်ကလေးပေါ်လာရင်လဲ သတိထားပြီး စိုက်ကြည့်လိုက်တော့ လောဘဟာ လောဘအတိုင်း ဖြစ်ပြီး ပျက်သွားတယ်။ ဥပါဒါန် ကံဘက် မကူးနိုင်တော့ဘူး။ ဒါကြောင့် လောဘစိတ်လာလဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဒေါသစိတ်လေး ပေါ်လာလဲ ဖြစ်ပျက် ရှုပေးလိုက်တော့ ဒေါသက ဖြစ်ပျက်၊ ရှုတာက မဂ်ဖြစ်သွားတယ်။ စိတ်ထဲမှာ သံသယစိတ် ၀ိစိကိစ္ဆာလာရင်လဲ ဖြစ်ပျက်ရှု။ ပျံ့လွင့်တဲ့စိတ်လာရင်လဲ အနိစ္စပဲလို့ မြင်အောင် စောင့်ကြည့်။ မလိုချင်တဲ့ အလောဘစိတ်ကလေး လာရင်လဲ ဖြစ်ပျက်ရှုပေးပါ။ မေတ္တာပို့လိုတဲ့ အဒေါသစိတ်ကလေးပေါ်လာရင်လဲ ဖြစ်ပျက်သာ ရှုပေးပါ။ ခြုံပြောလိုက်မယ်။ ပေါ်ရာစိတ်ကိုပဲ ဖြစ်ပျက်ရှုပေးလိုက်ပါ။ ဘယ်စိတ်မှ ရှုစရာမထင်ရှားဘူးဆိုရင် သက်စောင့်စိတ်ကလေးကိုပဲ ဖြစ်ပျက်ရှုပေးပါ။ သက်စောင့်စိတ်ဆိုတာ အိမ်သည်စိတ်လို့လဲ ခေါ်တယ်။ လေကို အပြင်ထုတ်တဲ့စိတ် လေကို အတွင်း ရှူသွင်းတဲ့စိတ်ပါပဲ။ ထွက်စိတ် ၀င်စိတ်လို့ အလွယ်မှတ်လိုက်ပေါ့။ လေကိုထွက်အောင်လုပ်တဲ့စိတ်ကလေးနဲ့ လေကို အတွင်းဝင်အောင်လုပ်တဲ့စိတ်ကလေးကို မှန်းပြီး ဖြစ်ပျက်ရှုပေးနေလိုက်ပါ။ ပေါ်ရာစိတ်ကို အကုန်သာ လိုက်ရှုနေလိုက်ရင် စိတ်ကို ရှုနည်း ပိုင်သွားတာပါပဲ။ ဒီလို ပေါ်သမျှ စိတ်ကို ရှုနေတာကို စိတ္တာနုပဿနာလို့ခေါ်ပါတယ်။ ဒီလို စိတ်ကို ရှုတော့ ပေါ်သမျှစိတ်က မတည်မြဲဘဲ ပျက်ပျက်ပြသွားတာ တွေ့နေရလို့ စိတ်ဟာ အနိစ္စပဲဆိုတာ ဆုံးဖြတ်ချက် ချလာနိုင်မယ်။ ငါ့စိတ်လို့ အထင်လဲ ပျောက်တော့ အတ္တဒိဋ္ဌိတွေ၊ နိစ္စဒိဋ္ဌိတွေ ကွာသွားလို့ ဒိဋ္ဌိအမြန်ကွာချင်တယ်ဆိုရင် ပေါ်သမျှစိတ်ကိုသာ လိုက်ပြီး ကြည့်ပေးနေပါ။ ကိုယ့်ခန္ဓာမှာ ပေါ်တဲ့စိတ်တိုင်းဟာ ပေါ်ပြီး ပျက်ပျက်ပြသွားပါလိမ့်မယ်။ ပေါ်ပြီးပျက်ရတယ်ဆိုတာ မမြဲလို့ ပျက်ရတာပဲဆိုတဲ့အသိဉာဏ် လိုက်လာပါလိမ့်မယ်။ မမြဲတဲ့စိတ်ပေါ်ပြီး မမြဲတဲ့စိတ်ကလေးပဲ ပျက်သွားတာကို သိလိုက်ပါလိမ့်မယ်။ မမြဲတဲ့အနိစ္စသဘောမှန်ကို သိနေခိုက်မှာ မြဲတယ်ထင်နေတဲ့ နိစ္စဒိဋ္ဌိ၊ ငါ့စိတ်လို့ထင်နေတဲ့ အတ္တဒိဋ္ဌိတွေ ကွာကွာသွားပါလိမ့်မယ်။ ဒါဟာ ခန္ဓာကိုယ်ကို စောင့်ကြည့်လို့ ပေါ်လာတဲ့တရားပါပဲ။ ခန္ဓာထဲမှာ ရှိနေတဲ့တရားကို ဉာဏ်နဲ့ကြည့်လို့ တွေ့လိုက်ရတဲ့ တရားပါပဲ။ မရှုရင် ပေါ်တဲ့စိတ်နောက်က တဏှာ ဥပါဒါန်ကံတွေလိုက်မယ်။ အနာဂတ်အကြောင်း နောင်ခန္ဓာရကြောင်းတရားတွေ လာမယ်။ ဒါဆို နောင်ခန္ဓာဒုက္ခသစ္စာအကျိုးတရားကိုလဲ မလိုချင်လို့ မရတော့ပါဘူး။ ပေါ်သမျှစိတ်ကို ပေါ်ဆဲအခိုက်မှာ မလွတ်တမ်းရှုပေးနိုင်မယ်ဆိုရင်တော့ အနာဂတ်အကြောင်းတွေလဲ ပြတ်၊ အနာဂတ်ခန္ဓာတွေလဲ မလာနိုင်တော့အောင် နောင်ခန္ဓာတွေကို ရှုတဲ့ဉာဏ်က ဖြတ်ပေးလိုက်ပါတယ်။ ဒါကြောင့် ၀ိပဿနာရှုနေတာသည် နောင်ခန္ဓာအစဉ်ကို ဖြတ်နေတာပါပဲ။ နောင်ခန္ဓာသည် ဒုက္ခသစ္စာမို့ အကျိုးဒုက္ခသစ္စာကို ဖြတ်ပေးနေတာဟာ ၀ိပဿနာပါပဲ။

ဒေါက်တာအရှင်ပါရမီ
>>>ဆက်ဖတ်ရန်>>> >>

Wednesday 18 January 2012

သင်ဘယ်လိုဗုဒ္ဓဘာသာလဲ

 

ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီးဘုရားတောင်မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်းမသိကြတော့ပါဘူး။ဒီလိုအခြေအနေတွေကိုသိလို မြတ်စွာဘုရားက“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်”ဟုဟောတော်မူခဲ့ပါတယ်

အဲ့ဒီ ဗုဒ္ဓဘာသာ(၅)မျိုးကတော့

(၁)ကုလ ဗုဒ္ဓဘာသာ
(၂)လာဘ ဗုဒ္ဓဘာသာ
(၃)ဘယ ဗုဒ္ဓဘာသာ
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)ပညာဓိက ဗုဒ္ဓဘာသာ
(၁)ကုလ ဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာ ကိုပြောတာပါ။အမေအဖေက ဗုဒ္ဓဘာသာမို့ သားသမီးက
ဗုဒ္ဓဘာသာဖြစ်လာရတာပါ။မိဘက ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ဒါကို မိရိုးဖလာ
ကုလဗုဒ္ဓဘာသာပေါ့။မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးကဗုဒ္ဓဘာသာဖြစ်လာရတာ ဘုရားရှင်ဘာလို့ ပွင့်မှန်းမသိ။ဘုရားဘာတရားဟောမှန်းလည်းမသိ။ကိုးကွယ်နေတဲ့မြတ်စွာဘုရားဘာကြောင့်ကိုးကွယ်ရမှန်း

လည်းမသိ။တရားတော်ကိုဘာကြောင့်ကိုးကွယ်ရမှန်းမသိ။ဘုရားကိုဦးချတာဘာရည်ရွယ်ချက်နဲ့ဦးချမှန်းမသိ။
ဘာကြောင့်ဒီလောက် ရိုရိုသေသေနဲ့အလေးပြုနေမှန်းကို မသိတာ။လုပ်တော့လုပ်နေတာပဲ အသိပညာ ဘာမှမပါတာ။ကုလ ဗုဒ္ဓဘာသာပါ။
(၂)လာဘ ဗုဒ္ဓဘာသာ
လာဘဗုဒ္ဓဘာသာဆိုတာလာဘ်လာဘလိုလို့ကိုးကွယ်တဲ့ဗုဒ္ဓဘာာသာကိုဆိုလိုတာပါ။ဒီဘဝစီးပွားရေးလေး

တက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ဒီဘုရား ကိုးကွယ်ရင်တော့လာဘ်လာဘ ပေါများတယ်ဟိုဘုရားကိုးကွယ်ရင်တော့စီးပွားရေးတက်တယ်ဆိုပြီးရွေးကိုးကွယ်တာလာဘဗုဒ္ဓဘာသာပါ။
ဘုရားကိုးကွယ်မှလာဘ်ပေါများမယ်ဆိုရင်ဘုရားမကိုးကွယ်တဲ့ခရစ်ယာန်တွေဘာလို့လာဘ်ရွှင်နေလဲ။အဓိက
စီးပွားရေးဖြစ်နေတယ်ဆိုတာ ဘုရားကြောင့်မဟုတ်ပါဘူး။ကံ၊ညဏ်၊ဝိရိယ သတ္တိကြောင့်ပါ။
အိမ်ခြံဝယ်မယ်။ရောင်းမယ်။အိမ်နေရာပြောင်းမယ်ဆိုရင်တောင်မှရက်ရာဇာပြဿဒါးရွေးနေတာတွေ။ဘုရား

ကျောင်းဆောင်ပေါ်မှာ ဘိုတော် ဘွားတော်ပုံတွေ တင်ထားတာတွေ။ကိုကြီးကျော်၊မနှဲလေးအစရှိတဲ့နတ်တွေ ကိုးကွယ်တာတွေ။ဗေဒင်ယုံကြည်ပြီး ယတြာတွေ ချေလိုက်ကြ စတဲ့ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တဲ့
ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။
(၃)ဘယ ဗုဒ္ဓဘာသာ
ဘယဗုဒ္ဓဘာသာဆိုတာဘေးကိုကြောက်လို့ကိုးကွယ်တာကိုခေါ်ပါတယ်။အန္တရာယ်ကင်းဖို့၊ဘေးရှင်းဖို့၊အသက

်ရှည်ဖို့၊ကျန်းမာဖို့၊ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရား ကိုးကွယ်တာကို ဘယဗုဒ္ဓဘာသာဟုခေါ်ပါသည်။ဒီဘုရား ကိုးကွယ်မှအသက်ရှည်မယ်ဆိုရင်ဘုရားမကိုးကွယ်တဲ့ခရစ်ယာန်အစလာမ်တွေအသက်ရာကျော်ရှည်နေကြ
တာ ဘာလို့ပါလဲ။
ဘာမှမသိဘဲ ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊လာဘ်လာဘ လိုချင်လို့ကိုးကွယ်တာ လာဘဗုဒ္ဓဘာသာ။
ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ဒီ ကုလ၊လာဘ၊ဘယ ဗုဒ္ဓဘာသာ(၃)မျိုးကို အောက်တန်းစား ဗုဒ္ဓဘာသာဟုခေါ်ပါသည်။
ဟိုလူမပါ။ဒီလူမပါ။ဟိုလူပသပါတယ်။ဒီလူပသပါတယ်။လက်ညှိုးထိုး ခွက်လှန်လုပ်နေတာတွေကို ဘုရားက သူတောင်းစားဗုဒ္ဓဘာသာပါတဲ့။ခန္ဓာမှာ အသိ၊ဘာသာရေအသိဓာတ်ခံ နည်းတော့ လိမ်စားနေတဲ့သူတွေက
လိမ်လို့ကောင်းနေပါတယ်။ဘုရားလည်းကိုးကွယ်ရသေး၊တရားလည်းကိုးကွယ်ရသေး၊ဆွမ်းဦးကိုလည်း
လောင်းလှူရသေး၊သာသနာတော်ကိုလည်း ပစ္စည်းလေးပါးနဲ့ လှူဒါန်းပူဇော်ဆက်ကပ်ရသေး။ဘာအတွက် ဒါတွေလုပ်နေရတာလည်းဘာအတွက်သာသနာကိုချီးမြှောက်နေတာလည်းဘာအတွက်ကျောင်းဆောက်နေ

တာလည်း။စဉ်းစားပါ။ဝေဖန်ပါ။သုံသပ်ပါ။
(၄)သဒ္ဓါဓိက ဗုဒ္ဓဘာသာ
သဒ္ဒါဓိကဗုဒ္ဓဘာသာဆိုတာသဒ္ဒါတရားကိုအရင်းခံပါတယ်။သဒ္ဒါတရားဆိုတာယုံကြည်ချက်ပါ။ဘုရား၊တရား၊

သံဃာကိုတကယ်သက်ဝင်ယုံကြည်တာကိုခေါ်ပါတယ်။ယုံကြည်တဲ့နေရာမှာလည်းမှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါ နဲ့ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာသဒ္ဒါဆိုပြီး (၂)မျိုးရှိပါတယ်။
သမ္မာသဒ္ဒါ မှန်မှန်ကန်ကန် ယုံကြည်ချက် ဆိုတာ သစ္စာတရား သိတော်မူတဲ့မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကိုသူသိသကဲ့သို့မေတ္တာဂရုဏာတော်အပြည့်နဲ့သစ္စာလေးချက်အနက်ကိုဟောကြားတော်မူခဲ့ပါ

တယ်။ဒီတရားတော် အနက်တွေကိုပိုင်ပိုင်နိုင်နိုင်သိတော်မူသွားကြတဲ့ အရိယာသူတော်စင်ကြီးတွေဟာ
နိဗ္ဗာန်ဝင်စံသွားကြပါတယ်။နိဗ္ဗာန်ဆိုတာအို၊သေ၊နာလွတ်ရာပါ။အသေလွတ်ရာပြတတ်လို့မြတ်စွာဘုရားအား ကိုးကွယ်ပါ၏ဆိုတဲ့ယုံကြည်ချက်ဟာမှန်ကန်သောယုံကြည်ချက်တရားတော်ကိုဘာကြောင့်ကိုးကွယ်ရသလဲ

။မြတ်စွာဘုရားဟောတော်မူခဲ့သောတရားတော်ကိုကြိုစားအားထုတ်လိုက်လို့တရားလမ်းကြောင်းးအတိုင်းသာ လျှောက်သွားနိုင်ရင် နိဗ္ဗာန်ရောက်ပါမည်။ထိုအသေလွတ်ရာပို့ဆောင်တာတရားကပို့ဆောင်တာပါ။ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ဘူး။
ထိုတရားတွေမကွယ်မပျောက်သေးတာဘယ်သူ့ကျေးဇူးပါလဲဆိုရင်သံဃာတွေရဲ့ကျေဇူးပါ။ဘုရားရှင်ဟော

တော်မူသောဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊သုတ်ဝိနည်း အဘိဓမ္မာတရားတွေ သံဃာတော်တွေက
ဆောင်ထားတာပါ။ပိဋကသုံးပုံကိုသံဃာတော်တွေကရှောက်ထားတာပါ။သံဃာတော်ကိုယုံကြည်မှု။ဒါတွေက
ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်ယုံကြည်တဲ့ သမ္မာသဒ္ဒါယုံကြည်မှု။
မိစ္ဆာသဒ္ဒါယုံကြည်မှုကလာဘ်လာဘပေါတယ်။အန္တရာယ်ကင်းတယ်ဆိုပြီးကိုးကွယ်ယုံကြည်နေတာမိစ္ဆာသဒ္ဒါ။

လာဘ်လာဘပေါတယ်ဆိုတဲ့လာဘဗုဒ္ဓဘာသာယုံကြည်ချက်၊အန္တရာယ်ကင်းအောင်ဆိုပြီးဘယဗုဒ္ဓဘာသာ
တွေရဲ့ ယုံကြည်ချက်၊ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများဦးတိုက်လို့သာ ရမ်းဦးတိုက်ရတဲ့ကုလ ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှုဒါတွေဟာ မိစ္ဆာသဒ္ဓါတွေပါ။
အသေလွတ်ရာလမ်းကိုပြတတ်လို့၊အသေလွတ်ရာပို့ဆောင်နိုင်လို့၊အသေလွတ်ရာတရားကိုဆောင်ထားနိုင်လို့ ရတနာသုံးပါးကို ကိုးကွယ်ပါ၏ ဆိုတဲ့ သမ္မာသဒ္ဒါ။အနှစ်သာရမရှိတာကို မရှိဘူးလို့သိပါတယ်။အနှစ်သာရ ရှိတာကို ရှိတယ်လို့သိပါတယ်။မှားတာကို မှားတယ်လို့ သိတယ်။မှန်တာကို မှန်တယ်လို့သိတယ်။သိတဲ့
အပြင်၊အမှားလမ်းကို ရှောင်၊အမှန်လမ်းကိုဆောင်တာသည် သမ္မာသဒ္ဒါ ရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။
(၅)ပညာဓိက ဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကိုပညာဓိကဟုခေါ်သည်။ပညာဓိကဗုဒ္ဓဘာသာဟာတရားတော်ကို ယုံကြည်တယ်။
တရားတော်ကိုဘယ်လိုယုံကြည်တာလည်းဆိုတော့ရမ်းယုံကြည်တာမဟုတ်ဘဲခန္တာအသိနဲ့အသေအချာသိပြီး ယုံတယ်။ထိုသိုသိတာကို ပညာ ဟုခေါ်ပါသည်။သစ္စာလေးပါးကို အသေအချာ ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊
ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာဖြစ်ပျက်မြင်တာ ခန္တာက မြင်တာလား ပညာကမြင်တာလားဆိုတော့ ပညာကမြင်တာပါ။ပညာဓိကဗုဒ္ဓဘာသာပါ။ဘုရားကမင်းတို့ခန္တာထဲမှာဖြစ်တာနဲ့ပျက်တာပဲရှိတာလို့ဟောခဲ့

ပါတယ်။ဒါကိုကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြည့်လိုက်တော့ မြင်တယ်။ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ယုံကြည်တော့သဒ္ဒါ၊ဖြစ်ပျက်မြင်တာကပညာ။ထိုကြောင့်သဒ္ဒါနဲ့ပညာသွားပြီးတွဲနေပါတယ်။
သဒ္ဒါနဲ့ ပညာဟာ တွဲလျက်ပါတဲ့။
သဒ္ဒါတရားမှန်မှန်ကန်ကန်နဲ့သာကြိုးစားမယ်ဆိုရင်အပါယ်လေးပါးမှလွတ်မြောက်နိုင်၏။တို့မှာအပါယ်မျိုးစေ

့တွေ၊အပါယ်ကျ ကြောင်းကံတွေ လုပ်ထာတာရှိတယ်။ဒါတွေကိုဘယ်သူမှ ဝင်တားလို့ မရပါဘူး။
သူကိုတားချင်ရင်၊ သူကိုအကျိုးမပေးစေချင်ရင် ဘာနဲ့ဖြတ်ရမလဲ ဆိုတော့ ဥာဏ်နဲ့ဖြတ်ရမယ်။ဥာဏ်နဲ့ ဖြတ်လိုက်လို့ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ်မှာ သဒ္ဒါလည်းပါတယ်၊ပညာလည်းပါတယ်။ဒါသည် သဒ္ဒါဓိက
နှင့် ပညာဓိက ဗုဒ္ဓဘာသာဖြစ်ပါသည်။
သဒ္ဒါဓိက နှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
သဒ္ဓါနှင့် ပညာ balance( ဟန်ချက်ညီ)ဘို့လဲ လိုပါတယ်၊ သဒ္ဓါလွန်ကဲ ပညာနဲပြန်ရင်(နှစ်လုံးလှ လူမိုက်ကြီး) သူတော်ကောင်းလူအကြီးဖြစ်သွားပါတယ်၊ဆင်ခြင်တုံတရားနဲပါးသူတွေက (superstitious rites, scarified,
prayer,)အကျိုးမရှိတဲ့နေရာနေမှာ ကိုယ့်အချိန်တွေကိုအသုံးချနေကြပါတယ်။သဒ္ဓါနဲပြီးပညာကဲနေပြန်ရင်လဲ ပညာရှိလူမိုက်ကြီး ဖြစ်နိုင်ပါတယ်။
အရှင် ဝရသာမိ

>>>ဆက်ဖတ်ရန်>>> >>

Saturday 14 January 2012

ကုသိုလ် ၅ မျီုးစီးပွားတီုး

စာဖတ်သူ အသင်။ သင့်ကံ ဆိုးနေသလား။? ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ထင်လား။? ဒါမှမဟုတ် ကံကောင်းတယ်လဲ မဟုတ် ကံဆိုး တယ်လဲ မဟုတ်ပါဘူးလို့သတ်မှတ် ထားသလား။?
ဘယ်လိုဖြစ်နေနေ မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ် ၅မျိုးကိုဆောင်ရွက်ရင်း … တစ်ဘ၀တာ ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ..ကံကောင်းသောသူ ဖြစ်နိုင်အောင် ကံကိုပြင်လိုက်ပါ။
၁။ ”၀သဘ ၏ သာမန်ဘ၀”
သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင်သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့တစ်နေ့မှာ ဟူးရား ပညာရှိတွေက ၀သဘ အမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်လို့ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိ မင်းလုပ်နေတဲ့ ယသဠာလက မင်းကသီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့ သူအားလုံးကို သတ်စေလို့ မိန့် ပါတော့တယ်။
၂။ အသက်ဘေးက လွတ်ပြီ။
ဒီတော့ စစ်သူကြီးက သူ့ဆီမှာ နေနေတဲ့ ၀သဘ ကို မင်းဆီ အပ်ဖို့ မိန်းမလုပ်သူကို ပြောပါတယ်။ သူရာထူး တိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစောရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီးနန်းတော်ကို ထွက်ခဲ့ပါတယ်။
ဝသဘကို သတ်ဖို့ ခေါ်သွားတာ ဆိုတာကိုသိတဲ့စစ်သူကြီးကတော်ကကွမ်းအလွန်ကြိုက်တဲ့စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်။
စစ်သူကြီး နန်းတော်တံခါးဝ ရောက်လို့ ကွမ်းစားမယ် လုပ်တော့ ထုံးပါမလာတာတွေ့ပြီး ၀သဘကို အိမ်ပြန် ထုံးယူစေပါတယ်။ ၀သဘ က အိမ်ရောက်တော့စစ်သူကြီးကတော်က သူ့အကြံအစည် အတိုင်း ဖြစ်လာလို့ ၀မ်းသာအားရနဲ့ ” ၀သဘ၊သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ..ရော့အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ” ဆိုပြီး ထွက်ပြေး ခိုင်းလိုက်ပါတော့တယ်။
၃။ စစ်သည်စုရုံးပြီ။
ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပုန်းနေပါတယ်။ရဟန်းတော် တွေကလည်း သူ့ကို ကြည့်ရှု ထားပါတယ်။
ဒီလိုနေရင်းနဲ့ တစ်နေ့မှာ ပညာရှိလူနူတစ်ယောက်က ၀သဘရဲ့ ဇာတာကို ကြည့်ပြီး” သင်..မင်းဖြစ်လိမ့်မယ် ” လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားတော့ ၀သဘဟာဝမ်းမြောက်စွာနဲ့ပဲ ရဲရင့်သတ္တိ ရှိတဲ့ေ နာက်လိုက် ယောက်ျားတွေကိုစုရုံပါတယ်။ အတော်အတန် စုမိတော့ ” မုန့်သည် မ သားသည်မုန့်အနားကစ၍စားရသည် ” ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး မြို့စွန်ရွာစွန် ကစပြီးသိမ်းပါတယ်။ လိုရင်းပြောရရင်တော့နောက်ဆုံးမှာဝသဘ မင်းဖြစ်သွားတယ်ပဲဆိုပါတော့။
၎။ နန်းစံသက်ကို တွက်ချက်ခိုင်းတော့
ဝသဘမင်းဖြစ်လာတော့ ဟူးရားပညာတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှနှစ်လောက်နန်းစံရမလဲ ဆိုပြီး တွက်ခိုင်း ပါတော့ တယ်။ ဟူးရားပညာရှိတွေကတွက်ချက်ပြီး”၁၂နှစ်နန်းစံရမယ်”လို့ဟောလိုက်ပါတယ်။ဝသဘမင်းကဟူးရားပညာ
ရှိတွေကို အသပြာ ၁ထောင်စီပေးပြီး သည်အကြောင်း ဘယ်သူ့မှမပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။
၅။ ကုသိုလ်တွေ ပြုပြီ။
အဲဒီနောက် ၀သဘမင်း ဟာ ရဟန်းသံဃာတော်တွေဆီ ဆည်းကပ်ပြီး ” အရှင်ဘုရားတို့၊မင်းသက် ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်း မှု.များမရှိဘူးလားဘုရား..”လို့လျှောက်ထားပါတယ်။ဒီတော့သံဃာတော်တွေက -” ၀သဘမင်းမြတ် ၊
၁။ ရေစစ်လှူပါ။
၂။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။
၃။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း၊စေတီဟောင်းတွေကို ပြုပြင်ပါ။
၎။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။
၅။ ၈ရက်ဥပုသ်၊ ၁၅ရက်ဥပုသ်နေ့တိုင်း ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိမ်းပါ။
မင်းသက်ရှည်လိမ့်မယ် ” လို့ မိန့်လိုက်ပါတယ်။
ဝသဘမင်းလည်း ရဟန်းတော်တွေ လမ်းညွှန်တဲ့အတိုင်း ကောင်းမှု. တွေပြုပါတယ်။စာထဲမှာတော့ ၀သဘ မင်းပြုတဲ့ ကုသိုလ်တွေ ကောင်းမှုတွေ အများကြီးပဲ ပြထားတယ်( စာရှည် နေမှာစိုးလို့ ရေးမပြတော့ဘူး။ )
လိုရင်းပြော ရရင်တော့ ၀သဘမင်းဟာ ( ၁၂ နှစ်သာ နန်းစံရမဲ့အစား ) ၄၄-နှစ်နန်းစံခဲ့ရပါတယ်။
၆။ အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ
ဒီ ၀တ္ထုမှာ အဓိက ပြောချင်တာကတော့ ၀သဘမင်းဟာ အတိတ်ကံအရ ၁၂နှစ်သာနန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင် ယူလိုက်တော့၄၄-နှစ်တောင် နန်းစံခဲ့ရပါတယ်။ အပိုကြေး အနေနဲ့ ၃၂နှစ် နန်းစံသက်ပိုရခဲ့ပါတယ်။
ဝသဘ မင်းပြုခဲ့တဲ့ ကုသိုလ် ခြောက်မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ။သူ့အနေနဲ့ ကတော့ နန်း သက်ရှည်ကြောင်း သီးခြား ကုသိုလ်တွေပေါ့။
အဲဒီကုသိုလ်-၆မျိုးကို အောက်ပါ လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။ဗဟုသုတ အဖြစ်ပေါ့။
ရေစစ်၊ ဆေး၊ ကျောင်း၊ ဘုရားဟောင်းပြုပြင်” ပဉ္စင်၊ အဋ္ဌ သီလ ဖြူစင်သက်ရှည်ကြောင်းစုကောင်းမှု ၆-အင်
အခွင့်စိုက်ပြုလိုက်ထာဝစဉ်။”၀သဘမင်းကတော့သူနဲ့အသုံးတည့်မယ်အသက်ရှည်ကြောင်းကုသိုလ်တွေကို
ရွေးပြုပြီး သူ့ကံသူ ပြုပြင်သွားတာပါ။
၇။ သင်နှင့် ကောင်းကံ ဆိုးကံအခု စာဖတ်သူတွေ ကတော့ တခြားသော ဘ၀ လိုအပ်ချက်တွေ တခြားသော အဆင်မပြေမှုတွေရှိနေနိုင်ပါတယ်။
– လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– စီးပွားရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ကျန်းမာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ပညာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ရာထူးဌာနန္တရ နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– နိုင်ငံခြားခရီး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကြိုက်သလောက် ကံဆိုးနေပါစေ။ နောက်ဆုံး သေချင်လောက်အောင် အထိ ကံဆိုးနေစမ်းပါစေ။ ၀သဘ မင်းဝတ္ထုကိုအာရုံပြုပြီးဆိုးနေတဲ့ကံကိုစိတ်ကြိုက်ပြုပြင်ယူလို့ရတယ်ဆိုတဲ့အသိလေးကိုပဲအာရုံပြုပစ်လိုက်စမ်းပါ။
၈။ ဘယ်လိုပြုပြင်မလဲ …အဲဒီတော့ ဘယ်လိုပြုပြင်ယူမလဲ..?
အဲဒီ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင်
ယူလို့ရပါတယ်။ တိုက်တွန်း စကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင်ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ
တို့ ဖြစ်ပါတယ်။အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ်သွားဖို့ပါပဲ။
၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။
၉-၁။ ဒါန
ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာရှင်၁သောင်းပြုပေးနိုင်မှ။ကျောင်းကြီးတွေဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက်ကိုယ်ထမင်းချက်မယ့် ဆန်ထဲကလက်တစ်ဆုတ်စာလောက်နှိုက်ပြီးအိမ်ရှေ့ကစာကလေးတွေခိုကလေးတွေကိုပစ်ကျွေးလိုက်မယ်
ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။
ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်းမထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
၉-၂။ သီလ
ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက်ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲတော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီးဥပုသ်နေ့တွေမှာ ၈ပါးသီလ၊၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကိုစောင့်ရှောက်တဲ့အတွက် သီလကလည်းကိုယ့်ကိုသူ့သတ္တိအားလျော်စွာပြန်စောင့်ရှောက်ပါလိမ့်မယ်။
၉-၃။ ဂုဏ်တော်
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားများရပါတယ်။
အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။
၉-၄။ မေတ္တာ
စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကိုရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။
မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ်ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်းကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်းနတ်မြတ်တွေ၊ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကိုစောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲစိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။
၉-၅။ ၀ိပဿနာ
နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။
( မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်းမရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကိုပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင်ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာစူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်းစသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )
၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ
ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။
၁၀-၁။ အိပ်ရာထ
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှမလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။
ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )
အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ်ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံးပြုရန်အချိန်ကိုဆိုလိုခြင်းဖြစ်ပြီးမိမိတို့၏ခွန်အားအလိုက်သဒ္ဓါတရားအလိုက်၁၀မိနစ်စီ၊
နာရီဝက်စီ၊တစ်နာရီစီစသည်ဖြင့်အဓိဋ္ဌာန်ပြုနေ့တစ်နေ့တာရဲ့အစကိုကုသိုလ်၅မျိုးနဲ့စလိုက်တာဘယ်လောက် ကျက်သရေရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုးရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စဝေယျာဝစ္စတွေကို ပြုလုပ်ပါ။
၁၀-၂။ နေ့လည်
အဲဒီလိုနဲ့မနက်စာစားပြီးတဲ့အခါဆန်လက်တစ်ဆုတ်စာယူပြီးခြံရှေ့မှာငှက်ကလေးတွေအတွက်ပက်ကျွေး
လိုက်ပါဦး။
် ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုးကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု”ဆိုပြီးနတ်ကောင်းနတ်မြတ်များနဲ့တကွဝေနေယျအပေါင်းကို
အမျှပေးဝေလိုက်ပါဦး။
၁၀-၃။ ညပိုင်း
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ်ဆိုရင်ညပိုင်းကိုးရီးယားကားလေးမလာခင်၊ ဒါမှမဟုတ်ကိုးရီးယားကားလေးပြီးသွားတဲ့အခါကုသိုလ်ငါးမျိုးကိုမနက်ကအတိုင်းတစ်ကြိမ်ထပ်လုပ်လိုက်ပါဦး။
၁၁။ နေ့စဉ်ပြုအပ်သည်
ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။
တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီးရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှကုသိုလ်အင်အားကိုကြည့်ပြီးလန့်ပြေးသွားမှာပါ။ဒါကကံဆိုးနေတဲ့သူတွေကို ပြောတာပါ။
ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး
နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။
၁၂။ ဒုက္ခကြံရင် သစ္စာဆို။
ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ်
အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်းရပါတယ်။
” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ်များကိုလည်းနေ့စဉ်အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါကယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်းနတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..။
၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့
ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင်တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီးသံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့်ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့အဆင့်ထိပြုလုပ်ကြရပါတယ်.။
ကဲဦးဇင်းတို့ရဲ့.စာဖတ်သူအပေါင်း၊ကံနဲ့ပတ်သက်လို့သေချင်လောက်အောင် ဆိုးနေပါစေ။
ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင်ကံကောင်းလာပါလိမ့်မယ်။
  (ကျမ်းကိုး ကျီးသေးလေးထပ်ဆရာတော်.မဟာဝင်ဝတ္ထု.)
>>>ဆက်ဖတ်ရန်>>> >>

Friday 13 January 2012

ဓမ္မရဲ့အစွမ်းအံ့မခန်း

တစ်ခါတစ်ရံ တကယ့်ဖြစ်ရပ်မှန်များဟာ စိတ်ကူးယဉ်အိပ်မက်ထက် ဆန်းကြယ်နေတာကို တွေ့မြင်ရတတ်ပါတယ်။ အနာဂါတ်မှာ ဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးယဉ်ပြီး ရုပ်ရှင်ရိုက်ကူးထားတဲ့ အကြောင်းအရာတွေဟာ ယခုအချိန်မှာ တကယ်ဖြစ်လာခဲ့တာကို တွေ့ရပါတယ်။အခုလဲပဲ ဦးမောင်ဖြူရဲ့ဘ၀ဟာ စိတ်ကူးရင်အိပ်မက်ထက်ဆန်းကြယ်ပြီး မယုံကြည်နိုင်လောက်အောင် အပြောင်းအလဲကြီးပြောင်းလဲ ခဲ့ပါတယ်။ မဖြစ်တော့ဘူးလို့ ထင်ထားတာတွေဟာ အခုတော့ တကယ်ဖြစ်လာတယ်။
ဦးမောင်ဖြူဟာ အလှူရေစက်လက်နဲ့မကွာ ဆိုသလို ကော့သောင်းမြို့ ရှိုင်သာယာကျောင်းမှာ ပစ္စည်းလေးပါးဖြင့် လိုလေးသေးမရှိ ထောက်ပံ့ လှူဒါန်းခဲ့တယ်။ ဒါ့အပြင် ကော့သောင်းမြို့ ပေါ်ဦးလမ်းရှိ အေးငြိမ်းချမ်းသာ မဟာစည်သာသနာ့ရိပ်သာမှာလဲ ပစ္စည်းလေးပါးဖြင့် လိုအပ်သလို လှူဒါန်းခဲ့တဲ့အတွက် သဒ္ဓါတရားအားကောင်းသူလို့ပြောရပါမယ်။

ဦးမောင်ဖြူဟာ လွန်ခဲ့တဲ့ငါးနှစ်ခန့်က လေမိပြီး ညာဖက်ကိုယ်တစ်ခြမ်း မသန်စွမ်းဖြစ်ခဲ့ပါတယ်။ ဦးမောင်ဖြူဟာ အေးငြိမ်းချမ်းသာမဟာစည်ရိပ်သာကို အလှူကိစ္စတစ်ခုနဲ့ရောက်နေခိုက် ဆရာတော်ဘုရားကြီးက “ဦးမောင်ဖြူ……လှူတာကတော့ ပစ္စည်းရှိရင်လှူလို့ဖြစ်တယ်။ အလှူဒါနပြုတာကတပိုင်းပေါ့၊ တရားလဲ အားထုတ်ကြည့်ပါဦး” လို့ မိန့်တော်မူပါတယ်။ ဦးမောင်ဖြူက “တပည့်တော် လာမယ့်တရားခစန်းကျရင် ၀င်ပါ့မယ် ဘုရား၊ တပည့်တော်လဲ လေမိလို့ ကိုယ်တစ်ခြမ်း မသန်စွမ်းဖြစ်ခဲ့တာ ယခုအချိန်အထိငါးနှစ်လောက်ရှိခဲ့ပါပြီဘုရား” လို့ ဆရာတော်ကြီးအား လျှောက်ပါတယ်။ ထိုအခါဆရာတော်ကြီးက “ဒါဆိုရင်လဲ နောက်တရားစခန်းကို စောင့်မနေနဲ့၊ မကြာခင်ဘုန်းကြီး တကူတရားစခန်းကို သွားဖို့ရှိတယ်၊ အဲဒီအခါကျရင် တကူရွာကို လိုက်လာပြီး တရားအားထုတ်ပါလား၊ တကူတရားစခန်းမှာ ယောဂီစောင့်ရှောက်ပေးတဲ့ဒကာမများဟာ ယောဂီများကို ပြုစုစောင့်ရှောက်ပေးတဲ့နေရာမှာ လိုလေသေးမရှိအောင် စောင့်ရှောက်ပေးတယ်၊ စေတနာလဲအပြည့်အ၀ရှိကြတယ်” လို့ အမိန့်ရှိပါတယ်။
ကော့သောင်းမြို့ကနေ တနင်္သာရီမြို့နယ်ထဲရှိ တကူရွာဆိုတာ ကုန်းလမ်းခရီးရော၊ ရေလမ်းခရီးပါသွားရမှာဆိုတော့ ဝေးလှတယ်၊ ပင်လဲပင်ပမ်းမှာပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တကူတရားစခန်းကို ရောက်အောင်သွားမယ် ဆိုပြီး ဦးမောင်ဖြူဟာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်ပါတယ်။ ဒီလိုနဲ့ တနင်္သာရီမြို့နယ် ၊တကူရွာ ဆယ်ရက်တရားစခန်းမှာ တရားဝင်ဖြစ်ခဲ့တဲ့အကြောင်းကို စာရေးသူအား ရင်ဖွင့်လာ ပါတယ်။
“တပည့်တော် တရားစခန်းအတွင်း ဆရာတော်များသင်ပေးတဲ့အတိုင်း အမှတ်သတိမလွတ်အောင် ကြိုးစားပြီး တရားရှုမှတ်ပါတယ်။ တရားထိုင်ပြီးအားထုတ်တဲ့အခါ အဆင်ပြေပေမဲ့ တပည့်တော်ညာဘက်ခြေထောက်က ဆွဲတင်လို့ကိုမရ၊ ဒရွတ်တိုက်ဖြစ်နေပါတယ်။ ဒါကြောင့် တရားဝင်ခါစမှာတော့ စင်္ကြန်လျှောက်(လမ်းလျှောက်)လို့ အဆင်မပြေခဲ့ပါဘူး။ ငါးမိနစ်ဆယ်မိနစ်လောက်ကိုပဲ အားယူပြီး ကြိုးကြိုးစားစား လမ်းလျှောက်လို့ရတယ်၊ လမ်းလျှောက်ရတဲ့ အချိန်အနည်းငယ်အတွင်းမှာလဲ ရှုမှတ်မှုသတိမလွတ်ပဲ ကြိုးစားပြီးရှုမှတ်လာခဲ့ပါတယ်။
ဆွမ်းစားချိန်ရောက်ပြီဆိုရင် ခြေမသန်တဲ့အတွက် ဆွမ်းစားကျောင်းမလိုက်နိုင်ပါ။ ဒါကြောင့် ယောဂီစောင့်ရှောက်တဲ့အမျိုးသမီးများက တရားအားထုတ်တဲ့နေရာမှာပဲ ဆွမ်းစားနိုင်အောင် စီစဉ်ပေးပါတယ်။ ဆွမ်းစားနေစဉ် ငါ့သားသမီးတွေတောင်မှ အခုလို မစောင့်ရှောက်ပေးနိုင်ဘူး၊ အခုယောဂီစောင့်ရှောက်တဲ့အမျိုးသမီးလေးတွေဟာ အတော်စေတနာပြည့်ဝတာပဲ လို့ တွေးပြီး ငိုမိပါသေးတယ်။ ဒီဝမ်းနည်းတဲ့စိတ်ကိုလဲ ၀မ်းနည်းတယ်၊၀မ်းနည်းတယ်၊ တွေးရင်လဲ တွေးတယ်၊ တွေးတယ် လို့ အတော်လေးကို ရှုမှတ်လိုက်ရပါတယ်။
ဒီလိုနဲ့ တရားစခန်းဝင်လို့ သုံးလေးရက်အတွင်းမှာတော့ အခံခက်လှတဲ့ဝေဒနာများ တစ်မျိုးပြီးတစ်မျိုးပေါ်လာလို့ သတိကြီးစွာထားပြီး လိုက်ရှုမှတ်နေရပါတယ်။ ခံစားရတဲ့ဒုက္ခဝေဒနာတစ်မျိုး ပေါ်လာလို့ ရှုမှတ်နေတုန်း နောက်တစ်မျိုးထပ်ပေါ်လာလို့ အရင်မှတ်နေကျ ဒုက္ခဝေဒနာကို ထားကာ အသစ်ပေါ်လာတဲ့ဒုက္ခဝေဒနာကို ရှုမှတ်နေရပါတယ်။ ဒီအတောအတွင်းမှာ တပည့်တော်ဟာ ဝေဒနာနဲ့ နှပမ်းလုံးနေရပါတယ်။ ဝေဒနာတွေကလဲ ခန္ဓာကိုယ်တစ်ခုလုံးမှာ ဟိုနားကတစ်ခု ဒီနားကတစ်မျိုး မပြတ်မလပ်ကို ပေါ်နေတော့တာပဲ။ ဒါကိုလဲ မလွတ်အောင်ရှုမှတ်နေရပါတယ်။ ဆင်းရဲတဲ့ဝေဒနာတွေက ပြင်းထန်လွန်းတော့ မရှုမှတ်နိုင်လောက်အောင်ဖြစ်ခဲ့ရတယ်။
ဒီမှာဘာတွေးမိတုန်းဆိုတော့ အမှတ်သတိနဲ့ မလွတ်တမ်းမှတ်နိုင်ရင်တော့ ဆင်းရဲတဲ့ဝေဒနာတွေ ပျောက်ကုန်မှာပဲ၊ ဝေဒနာတွေပျောက်အောင်မှတ် မယ် လို့ တွေးပြီး တရားရှုမှတ်ခဲ့ပါတယ်။ ဒီအကြောင်းကို ဆရာတော်အား လျှောက်တော့ ဆရာတော်က “ဟဲ့…ဒကာဦးမောင်ဖြူ....ဝေဒနာကို ပျောက်ချင်တဲ့စိတ်နဲ့ တရားမရှုမှတ်ရဘူး၊ ဝေဒနာပျောက်တာ မပျောက်တာ ကိုယ့်အလုပ်မဟုတ်၊ ပေါ်ရာပေါ်ရာကို ရှုမှတ်ဖို့က ကိုယ့်အလုပ်၊ သည်းခံရင်နိဗ္ဗာန်ရောက်တယ်၊ ဒါကြောင့် သည်းခံပြီး ပေါ်ရာကိုသာ စူးစိုက် ရှုမှတ်ပါလေ၊” လို့ မိန့်တော်မူတဲ့အတွက် တပည့်တော် သည်းခံကာ တရားရှုမှတ်ခဲ့ပါတယ်။
အထက်ကပြောခဲ့သလို ထိုင်တဲ့ဣရိယာပုထ်နဲ့ တရားရှုမှတ်ရတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ စင်္ကြန်လျှောက်တဲ့အခါ ရောဂါကြောင့် ခြေက လေးလံနေတော့ အလွန်လေးတဲ့ သံတုံးကြီးကို ဆွဲမနေရသလိုမျိုး ခံစားခဲ့ရပါတယ်။ ဒါကို လေးရင်လဲ လေးတဲ့သဘောကို မြင်အောင်ကြည့်ပြီး သတိနဲ့ရှုမှတ်ခဲ့ပါတယ်။ လမ်းလျှောက်တာအဆင်ပြေမှုနည်းတဲ့အတွက်ကြောင့် ထိုင်တဲ့ဣရိယာပုထ်ကို ဦးစားပေးပြီး ရှုမှတ်ခဲ့ပါတယ်။
ဒီလိုနဲ့ ခြောက်ရက်ခန့်ရှိတဲ့အခါမှာ နေ့လည်ဘက် တရားရှုမှတ်ရတာလဲ ခါတိုင်းနဲ့မတူ ပိုပြီးအဆင်ပြေလာတယ်။ အာရုံနဲ့မှတ်တဲ့စိတ်ကို တစ်ထပ်ထဲ ကျအောင် မှတ်နိုင်လာတယ်။ ရှုမှတ်ခါစတုန်းကတော့ ပေါ့ပေါ့ပျက်ပျက် မှတ်နေရသလိုပါပဲ၊ အခုကျတော့ လက်နဲ့ဆုတ်ကိုင်ပြီး မှတ်ရသလို အာရုံကို ထင်ရှားစွာ ထိထိမိမိရှုမှတ်လာနိုင်တယ်။ ပေါ်လာတာနဲ့ ပျောက်သွားတာတွေကို ထင်ရှားပြတ်သားစွာ ရှုမှတ်နေရလို့ တရားမှတ်ရတာ ပျော်လာပါတော့တယ်။ တရားမှတ်လို့ကောင်းကောင်းနဲ့ ဆက်လက်ရှုမှတ်ခဲ့ရာ ခန္ဓာကိုယ်ကြီးဟာ အရင်ကနဲ့မတူဘဲ လေထဲရောက်နေသလို ပေါ့ပါးပြီးနေတယ်။ စိတ်ကလဲအထူးကြည်လင်ပြီး စိတ်ရောကိုယ်ပါ ချမ်းသာနေတာကိုတွေ့ရပါတယ်။ ဆင်းရဲတဲ့ဝေဒနာလဲ အရင်ကလို မဟုတ်တော့၊ အကြာကြီးထိုင်မှတ်လာနိုင်ပါတယ်ဘုရား။ ဒီလိုနဲ့စင်္ကြန်အချိန်မှာ ရပ်ပြီး ရှုမှတ်နေခိုက် အောက်ပိုင်းက ပေါ့ပါးနေတာကိုလဲ ခံစားရပါတယ်။ မသင်္ကာလို့ လေးနေတဲ့ ညာဘက်ခြေထောက်ကို နဲနဲလေးကြွကြည့်တဲ့အခါမှာတော့ အံ့သြလောက်အောင် ကြွတက်လာတယ်။ ထပ်ပြီး အပေါ်ကို ကြွကြည့်တော့လဲ ကြွတက်လာတာပဲ။ လမ်းလျှောက်ကြည့်တော့ ညာခြေက အရင်လို ဒရွတ်တိုက် မဆွဲတော့ဘဲ အနည်းငယ် စင်္ကြန်လျှောက်လာနိုင်တယ်။ ဒီလိုနဲ့ အားတင်းပြီး ကြိုးစားတရားရှုမှတ်လာရာ (၉) ရက်မြောက်ရောက်တော့ ဆွမ်းစားရန်အတွက် ဆွမ်းစားကျောင်းကို ကိုယ်တိုင်သွားလာနိုင်ပါတယ်။ တပည့်တော်ရဲ့ခန္ဓာကိုယ်ဟာ အရင်ကလိုလဲ လေးလံမှုမရှိတော့ဘဲ ပေါ့ပါးနေတယ်၊ တပည့်တော်လဲ ၀မ်းသာပြီး စိတ်ဓါတ် တက်ကြွလာတယ်၊ တရားအားထုတ်ရတာ နောက်ကျလေခြင်းလို့ တွေးမိပါတယ်ဘုရား” လို့ ဦးမောင်ဖြူက တရားရှုမှတ်တဲ့အတွေ့အကြုံကို ပြောပြပါတယ်။
ဒီလိုနဲ့ဦးမောင်ဖြူဟာ တရားစခန်းပြီးလို့ မြိတ်ကိုပြန်ဆင်းလာပြီး စာရေးသူတို့ရိပ်သာမှာပဲ တည်းခိုပါတယ်။ သူ့ရဲ့ညာဖက်ခြေ ထောက်ဟာ အရင်ကဆိုရင် ထုံတာကျင်တာ ညောင်းညာတာတွေ ဘာမှမခံစားရဘူး၊ အခုတော့ ထုံတာ ကျင်တာ၊ ညောင်းညာတာတွေကို ခံစားလာရတယ်။ ဒါဟာ သွေးလေလည်ပတ်မှု မှန်ကန်လာတဲ့သဘောလို့ ယူဆရပါတယ်။ အရင်ကဆို ဆိုင်ကယ်နောက်ကထိုင်လိုက်ရင် လိမ့်ကျမလိုချည်း ဖြစ်နေတယ်။ အခုတော့ ဆိုင်ကယ်အနောက်ထိုင်လိုက်ရတာ ကိုယ့်ကိုယ်ကိုလဲ ထိန်းနိုင်လာတယ်။ ဆက်လက်ပြီး ဦးမောင်ဖြူက “ အရှင်ဘုရား…တပည့်တော် ထီပေါက်တာထက် အဆတစ်ရာမကဘူးလို့ ထင်မိပါတယ်ဘုရား၊ လေမိလို့ ခြေတရွတ်တိုက်ဆွဲနေရာကနေ အခုတော့ ချက်ခြင်းဆိုသလို ယူပစ်သလိုမျိုး ကောင်းလာတာတွေ့ရပါတယ်ဘုရား၊ တပည့်တော်ဝမ်းသာလွန်းလို့ မျက်ရည်တောင် လည်မိပါတယ်ဘုရား၊ ဒါတွေဟာ အေးရိပ်ချောင်ဆရာတော်ကြီးနဲ့ အရှင်ဘုရားတို့ရဲ့ ကျေးဇူးတွေ ပေါ့ဘုရား၊
တပည့်တော် လေမိရောဂါကို ခံစားခဲ့ရတာ ငါးနှစ်ခန့်ရှိခဲ့ပါပြီဘုရား၊ဒီကြားထဲ ရန်ကုန်မှာ နာမည်ကြီးဆရာဆီမှာ သွားရောက် ကုသခဲ့ပါတယ်ဘုရား၊ နာမည်ကြီးဆရာကြီးက သူကုရင် တစ်ပါတ်နဲ့သိသာတယ်လို့ပြောပါတယ်ဘုရား၊ ဒါပေမဲ့ တပည့်တော် ရောဂါကျတော့ တစ်ပါတ်နဲ့မသက်သာ၊ နှစ်ပါတ်လဲမသက်သာခဲ့ဘူး၊ ဒါကြောင့် ဆေးဆရာကြီးက “ခင်ဗျားရောဂါ ပျောက်တော့မှာမဟုတ်ဘူး၊ ၀ဋ်နာကံနာပဲလို့ ပြောပါတယ်ဘုရား၊ ဒါနဲ့တပည့်တော်လဲ စိတ်မပျက်ဘဲ မော်လမြိုင်ဘက်မှာ နာမည်ကြီး ဆေးဆရာတွေထံ သွားရောက်ကုသခဲ့ပါသေးတယ်။ အဲဒီမှာလဲ ရောဂါ မပျောက်ဘဲ ကော့သောင်းပြန်ခဲ့ရပါတယ်ဘုရား၊ အခုတော့ တပည့်တော်မှာ ဘုရားရှင်ရဲ့ သတိပဋ္ဌာန်ဆေးကို စနစ်ကျစွာ သောက်သုံးခဲ့ရတဲ့ အတွက် ရောဂါပျောက်ကင်းသွားပါပြီဘုရား၊ တပည့်တော် ကော့သောင်းပြန်ရောက်ရင်တော့ ခင်ဗျားရောဂါ ဘယ်လိုကောင်းသွားတာလဲ လို့ မိတ်ဆွေတွေ မေးမှာကို မြင်ယောင် မိပါသေးတယ်ဘုရား” ဆိုပြီး စာရေးသူအား ၀မ်းသာအားရ ပြောလာတာကြောင့် လူအများ သဒ္ဓါတရားဖြစ်စေဖို့အတွက် စာရေးမယ်လို့ တွေးမိရာက ဆောင်းပါးရေးဖြစ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော်တုန်းကလဲ သက်တော်ထင်ရှား ဘုရားရှင်ကိုယ်တော်တိုင် အနာရောဂါစွဲကပ်လာတဲ့အတွက် ရှင်စုန္ဒမထေရ်ကို ဗောဇ္ဈင်သုတ် အရွတ်ခိုင်းတော်မူပါတယ်။ ထိုဗောဇ္ဈင်သုတ် ရွတ်ပြီးတဲ့အခါမှာ ဘုရားရှင်လဲ အနာရောဂါမှ ယူပစ်သလို ပျောက်တော်မူခဲ့ တယ်။ ထို့အတူပဲ အရှင်မဟာကဿပ၊ အရှင်မဟာမောဂ္ဂလာန် စတဲ့ အဂ္ဂသာဝက ၊ မဟာသာဝကကြီးများလဲ ရောဂါဖြစ်တော်မူကြတဲ့အခါ ထိုဗောဇ္ဈင် သုတ်ကို နာယူကြရလို့ ရောဂါအသီးသီးပျောက်ကင်းတော်မူခဲ့ကြပါတယ်။
ဗောဇ္ဈင်တရားနာယူရုံနဲ့ဘာ့ကြောင့် ရောဂါပျောက်ရတာလဲလို့ မေးစရာရှိပါတယ်။ အမှန်က ဗောဇ္ဈင်တရားကို နာယူရုံမက မိမိသန္တာန်မှာလဲ ဗောဇ္ဈင်တရားများ ဖြစ်ပွားစေတဲ့အတွက်ကြောင့် ရောဂါပျောက်ရခြင်းဖြစ်ပါတယ်။ ဘယ်လိုမျိုး ဖြစ်ပွားစေတာလဲဆိုရင်……
နည်းစနစ်မှန်ကန်စွာနဲ့ တရာအားထုတ်တဲ့ ယောဂီများမှာ ပေါ်ရာအာရုံကို အမှတ်သတိဖြင့် ရှုမှတ်နေရတယ်။ အချိန်တိုင်းမှာ အမှတ်သတိ မလွတ်စေဘဲရှုမှတ်နေတဲ့အခါမှာ ‘သတိသမ္ဗောဇ္ဈင်’ ဖြစ်နေပါတယ်။ ရှုမှတ်တိုင်းမှာ ပေါ့တာ လေးတာ၊ အေးတာ ပူတာ စတဲ့ အရှိကိုအရှိအတိုင်း သိမှတ်နေရတယ်၊ မှတ်စရာအာရုံနဲ့မှတ်တဲ့စိတ်နှစ်ပါးကလွဲလို့ ဘာမှမရှိ စတဲ့ အမှန်ကိုအမှန်အတိုင်း တရားမှတ်ရင်း သိမြင်လာပါတယ်၊ အဲဒီအခါမှာ ‘ဓမ္မာဝိစယသမ္ဗောဇ္ဈင်’ ဖြစ်နေပါတယ်။ ဖြစ်ပေါ်တဲ့အာရုံပေါ်မှာ မလွတ်တမ်းရှုမှတ်နိုင်အောင် ကြောင့်ကြစိုက်ပေးနေရပါတယ်။ အဲဒီအခါမှာ ‘၀ီရိယသမ္ဗေဇ္ဈင်’ ဖြစ်နေပါတယ်။ တရားရှုမှတ်မှုအားကောင်းလာတဲ့အခါမှာ ရှုမှတ်မှုအပေါ် နှစ်သိမ့်အားရမှုပီတိတွေ ဖြစ်နေတယ်။ အဲဒီအခါမှာ ‘ပီတိသမ္ဗောဇ္ဈင်’ ဖြစ်နေပါတယ်။
တရားရှုမှတ်ရင်း ကိုယ်ရောစိတ်ပါ ငြိမ်းအေးလာတဲ့အခါ ‘ပဿဒ္ဓိသမ္ဗောဇ္ဈင်’ ဖြစ်နေတယ်။ ထင်ရှားတဲ့အာရုံအပေါ်မှာ ရှုမှတ်တဲ့စိတ်ကလေးက သွားတည်နေတယ်၊ အဲဒီအခါ ‘သမာဓိသမ္ဗောဇ္ဈင်’ ဖြစ်နေပါတယ်။ စူးစိုက်မှုသမာဓိအားကောင်းလာတဲ့အခါ ပုံသဏ္ဍာန်ရယ်လို့မထင်ရှားတော့ဘဲ သဘောမျှသာ ရှုမှတ်နေရတဲ့အခါ မိမိခန္ဓာကိုယ်အပေါ်မှာ ချစ်ခြင်းမုန်းခြင်း၊ နှစ်သက်ခြင်းစတာတွေ မရှိတော့ဘဲ အာရုံက ပေါ်လာလိုက် ၊ ရှုမှတ်လိုက်၊ ပျောက်သွားလိုက်နဲ့ ရှုမှတ်ရုံသာ မှတ်နေတော့တယ်။ အဲဒီအခါမှာ ‘ဥပေက္ခာသမ္ဗောဇ္ဈင်’ ဖြစ်နပါတယ်။ ဘုရားအစ အရိယာသူတောက်ကောင်းများဟာ ဗောဇ္ဈင်တရားကို မိမိသဏ္ဍာန်မှာ ဖြစ်ပွားစေတဲ့အတွက် ရောဂါပျောက်ကင်းကြတာပါ။
ထို့အတူ ဦးမောင်ဖြူရဲ့သဏ္ဍာန်မှာ တရားရှုမှတ်ရင်း ဗောဇ္ဈင်တရားများ ဖြစ်ပွားနေတဲ့အတွက် ငါးနှစ်တာခံစားလာရတဲ့ ကိုယ်တစ်ခြမ်းလေးလံတဲ့ဝေဒနာဟာ ပျောက်ကင်းခဲ့ရပါတယ်။ အခုဆိုရင် ဦးမောင်ဖြူဟာ တော်ရုံလမ်းခရီးကို ခြေလျင်ဖြင့် အမြန်သွားလာနိုင်ပါပြီ။
နိဂုံးချုပ်ပြောချင်တာက စာချစ်သူများလဲ ကိုယ်တိုင်ဗောဇ္ဈင်တရားကို ပွားဖြစ်စေမယ်ဆိုရင် ခံစားနေရတဲ့ရောဂါဝေဒနာများ အများအားဖြင့် ပျောက်ကင်းကြမှာအမှန်ပါ။ သိထားရမှာက ဘုရားရှင်ရဲ့တရားတော်ဟာ ရောဂါပျောက်ရုံသက်သက်မဟုတ်ဘဲ အို၊နာ၊သေဆိုတဲ့ ဆင်းရဲအလုံးစုံမှ ကင်းဝေးပြီး နိဗ္ဗာန်တိုင်အောင် ရောက်နိုင်တယ်ဆိုတာပါပဲ၊ စာချစ်သူများအားလုံး ဘေးရန်ကင်းပျောက် ချမ်းသာရောက်နိုင်ကြပါစေ။
>>>ဆက်ဖတ်ရန်>>> >>

Thursday 5 January 2012

ကြည်ညိုကြည့်လိုက်ပါ

လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိသည်။ အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ၊ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခ သံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။
သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အပေါ်ဝယ် မိဘမေတ္တာ အပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည် တည်တန့်ရေးကို လိုလားသည့် ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေ ရဟန်းငယ် များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစု အတွက် ဖေါ်ပြလို ပါသည်။
မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါပေသည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်း တစ်ခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအစ်မကြီးသည် မိခင်မေတ္တာ အပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စီစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီး ဖြစ်သည်။
သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ် အရွယ်ထိဖြစ်သည်။ ရဟန်းငယ် များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော် ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။
လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လိုကြ အငြိမ်မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နူတ်အမူအရာ လေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာ ရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။ စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သားရေကွင်း ထုတ်ကာ သားရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။
နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည် တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာ ဘောလုံးကန်ကြ သည်ကိုလည်း တွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြ သည်ကိုလည်း တွေ့မြင်ရသည်။
သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ်သည်။ ကျောင်းရှိ ကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။
သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့် သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….
ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက် စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။
ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်က ရှိနေတော့ ပုထုဇဉ် ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ ရတာပေါ့ ကပ္ပိယကြီးရယ်။
စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီးလို သဘောထားပြီးး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။
နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားက ထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာ စိုးရတယ်။ အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေး ဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်း မှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ ကောင်းတာပေါ့။
စိတ်ကစားတဲ့ အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေး ရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။
တနေ့က ကိုရင်ကြီး တပါး အုတ်တံတိုင်းခုန်ပြီး ဘောလုံးပွဲ သွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါး မက်ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာ ထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။
ကျွန်မ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။
နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်း သားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လို သာသနာပြုလို့ ရတော့မလဲ။ အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော် ကြီးမျိုးတွေ ဘယ်ပေါ်ထွက် တော့မလဲ။
တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီး တွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများ လောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။
အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေးပြီး သာသနာ တော်အတွက် ဆရာတော်ကြီး တွေဖြစ်ဖို့ သာသနာ့ဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ် လေးတွေကို ကြည်ညို လိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။
စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စ တွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့ လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေး ပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာ ကြီးဖြစ်၍ နေလေတော့သည်။
ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာ ခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရား အားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသား များကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင့် ကျက်မှတ်ကာ သာသနာစိတ် ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေ တို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ် နေ၏ဟု ဝေဖန်လေကန် မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်း ကြသူများ မဟုတ်ပေ။
မစိုးရိမ် ဆရာတော် မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါရစေ…..
မန္တလေးမြို့က ဒကာကြီး တယောက်သည် ကိုရင်များ ဘောလုံးကန် နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံ သွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူး ဘုရားဟု လျှောက်ထားလေ၏။
ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။
ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်း တွေအပေါ် ရူ့မြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင် ကြီးများမို့ သိရှိကြ လိမ့်မည်ဟု ယုံကြည်မိပါကြောင်း …။

အရှင် နာယကာလကာင်္ရ
>>>ဆက်ဖတ်ရန်>>> >>

Monday 2 January 2012

ဗုဒ္ဓဘာသာ နှင့် ၀တ်စားဆင်ယင်မှူ့


ဦးဇင်းတို့ရဲ့အမိမြန်မာပြည်ကြီးဟာကမ္ဘပေါ်မှာ ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုရင်ဖြင့် မြန်မာပြည်နှင့် တွဲပြီးမှမှတ်သားလာရသည့်အထိအခြားသောနိုင်ငံတွေမှာဖြစ်ကြရတယ်မြန်မာပြည်ကြီးကသာသနာ့
တံခွန်လွှင့်တင်နိုင်ခဲ့တာသမိုင်းအစဉ်အလာကြီးမားတဲ့နိုင်ငံဖြစ်ပါသည်။ရွှေရောင်တွေတဝင်းဝင်းနှင့်သာသ
နာ့ရောင်ဝါထွန်လင်းတောက်ပလှသောမြန်မာပြည်ကြီးတွင်မှီတင်းနေထိုင်ကြကုန်သောမြန်မာပြည်သူ
ပြည်သားတို့မှာလည်းမြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီး၏အဆုံးအမအောက်တွင်ယဉ်ကျေးသိမ်မွေ့စွာ၊ဖေးမ
ကြင်နာစွာ၊ပျော်ရွှင်ကြည်နူးစွာ၊နားလည်စာနာမူရှိစွာ၊အားပေးကူညီတက်စွာနှင့်တစ်ဦးကိုတစ်ဦးဆွေမျီုးသား
အချင်းပမာမေတ္တာတရား၊ထားတက်ကြပုံမှာကမ္ဘာတွင်အံ့သြမခန်းကိုယ့်ကြငှန်းနှင့်ကိုယ်ပိုင်ယဉ်ကျေးမူ၊
ကိုယ်ပိုင်ဝတ်စားဆင်ယင်မူများတို့ဖြင့်ကမ္ဘာ့ကြီးရဲ့အလယ်တွင်တင့်တယ်ခဲ့ကြသည်။ထိုသို့ယဉ်ကျေးသိမ်
မွေ့စွာပြောဆိုနေထိုင်ဝတ်စားသွာလာမူတို့သည်မြတ်ဗုဒ္ဓရဲ့ဘာသာတရား၏အဆုံးအမအောက်တွင
်တည်နေကြသည်မှာမလွဲဧကန်အမှန်ပင်ဖြစ်ပါသည်။
သူတော်ကောင်းတရားတွေများနှင့်နားဝင်ယဉ်ကျေးသိမ့်မွေ့စွာနေခဲ့ကြတဲ့ဦးဇင်းတို့ရဲ့မန်မာ
တွေမှမယဉ်ကျေးလျှင်မည်သူတွေကများယဉ်ကျေးနိုင်ပါ့တော့မလည်း။မကောင်းမှုလုပ်ရမှာ၊
မကောင်းတာပြောရမှာကိုရှက်ခြင်း၊မကောင်းသောအပြုအမှုအပြောအဆိုအလုပ်အကိုင်တို့ကို
ပြုမှုပြောဆိုလုပ်ကိုင်ရမှာတို့ကိုကြောက်တတ်ခြင်းဆိုသည့်တရားနှစ်ပါးကမယဉ်ကျေးယဉ်ကျေးလာလေ
အောင်မသိမ်မွေ့သိမ်မွေ့လာလေအောင်သတိပေးပြောဆိုညွန်ကြားဆုံးမနေသလိုပင်ဖြစ်နေသည
်မဟုပ်ပါလား။မိမိတို့ရဲ့ကိုယ်ပိုင်ဝတ်စားဆင်ယင်မမှုများနှင့်ကိုယ်ပိုင်ယဉ်ကျေးမှုများတို့ဖြင့်ကမ္ဘာကြီးရဲ့အလယ်တင့်
တယ်ခဲ့သောဦးဇင်းတို့မြန်မာတိုင်းရင်းသားအားလုံးတို့သည်ရေမြေဥတုယဉ်ကျေးမှုနှင့်ဘာသာ
တရားကွဲပြားခြားနားလှသောအနောက်နိုင်ငံသားတို့၏ထုံးစံ(စတိုင်လ်)ဟန်ပန်တို့ကိုအတုခိုးယူကာသ
ုံးစွဲဝတ်စားဆင်ယင်လာကြသည်မှာရှက်စရာကြောက်လန့်စရာကောင်းရုံသာမကပဲအမျိုးဘာသာသာသနာ
တော်ကြီးညှိုးနွမ်းသွားမှာကိုပင်စိုးမိလှပါတယ်။ထိုကဲ့သို့အနောက်တိုင်းယဉ်ကျေးမှုများစိုးမိုးချယ်လှယ
်မှုမျီုးကိုဦးဇင်းတို့ရဲ့မန်မာပြည်သူလူငယ်လူရွယ်အများစုတို့ဝတ်စားဆင်ရင်နေကြသည်မှာအဘယ်ကြောင့်ဖြစ်
သနည်းဟုဆန်းစစ်ကြည့်လျှင်အတုမြင်အတက်သင် မှုတို့ကြောင့် ဖြစ်ပါသည်။ရှေးတုန်းက မြန်မာလူမျိုးတို့သည်မိမိတို့ရဲ့သားသမီးများကိုငယ်စဉ်တောင်ကျေးကလေးဘဝကတည်းကဗုဒ္ဓဘာသာ
တရားရဲ့အဆုံးအမ၊သာသနာ၏အဆုံးအမအောက်တွင်ယဉ်ကျေးသိမ်မွေ့စွာလူငယ်လူရွယ်များဖြစ်လာအော
င်ဘုန်းတော်ကြီးကျောင်းများသို့သွား၍စာချစာသ်ဆရာတော်တွေထံမှာအပ်ကာဗုဒ္ဓစာပေပညာသင်ကြားခြင်း ၊ဥပုသ်သီတင်းဆောက်တည်ခြင်းတို့ကိုမမေ့မလျော့ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့်ပန်းပွင်များအားထုပထာ်း
သောဖက်ပမာ မွှေးပျံ့ခဲ့ကြလေသည်။
အမျိုးသားများ ဆိုလျှင်လည်း ပုဆိုး၊ ရှပ်အကျိင်္အဖြူနှင့် တင့်သကဲ့သို့ အမျိုးသမီးများသညပင်လည်း ထမီ ရင်ဖုံးရင်စေ့ ခါးတို ခါးရှည်စသည်တို့ဖြင့် ရိုးရှင်းလှပကာခုန်မင်နှစ်သက်ဖွယ်ကောင်းသည်ဟုကြားဖူးပါသည်။
ယ္ခုမူကားထိုကဲ့သို့မဟုတ်ခဲ့ပြီးတကား။လူကြီးမိဘများလည်းမိမိတို့ရဲ့သားသမီးများ၏ဝတ်စားဆင်ယင်ပြောဆို
ပုံမှစ၍ယဉ်ကျေးသိမ်မွေ့မှုပျောက်နေပုံကိုသတိမမူတော့ပဲခေတ်စနစ်ကိုလွဲချကာဥပေက္ခာပြုလျက် ရှိနေတက်ကြပေလေသည်။
ဗုဒ္ဓဘာသာတရား၏ကျောင်းတော်ကြီးများဖြစ်သောဘုန်းကြီးကျောင်းများသို့မိမိတို့မိဘများကိုယ်တိုင်ပင်လည်း တစ်ခါတစ်ရံမှသာသွားလာဘိသကဲ့သို့မိမိတို့ရဲ့သားသမီးများကိုလည်းစေလွှတ်ခြင်းများမပြုလုပ်ကြတော့
သည်မျာအလွန်ပင်ဝမ်းနည်းစရာကောင်းလှပေတယ်။မြန်မာတို့နှင့်ဖီလာဆန့်ဘက်ဖြစ်သောအနော
က်တိုင်းနိုင်ငံတို့ရဲ့ယဉ်ကျေးမူတို့သည်ထိုနယ်ပယ်များမှတဆင့်လူငယ်လူရွယ်များ၏အတုယူစိတ်ကိုလမ်းလွှဲ
သို့ဆွဲဆောင်ခေါ်ယူနိုင်ခဲ့ပေသည်။အထူးသဖြင့်မြန်မာအမျိုးသမီးများကအဓိကကျလှပါသည်ဟု
ထင်သည်။အချို့သောမြန်မာအမျိုးသမီးများသည်မြန်မာပြည်မှာနေပြီးမြန်မာလူမျီုးမိဘများတို့မှပေါက်ဖွား
ကြီးပြင်းလာသောကြောင့်မြန်မာအမျိုးသမီးများဟုခေါ်တွင်မှတ်ယူကြပါသည်။ထိုအမျိုးသမီးတို့၏ဝတ်စား
ဆင်ယင်မူဟန်ပန်မူယာတို့မှာမြန်မာလူမျိုးတို့၏ယဉ်ကျေးမူဟန်ပန်များနှင့်ဆန့်ကျင်ဘက်ဖြစ်နေတာတွေကု
ိတွေရပါသည်။
အရှက်အကြောက်တရားတို့ကိုလုံးဝမေ့ထားကြဟန်ရှိသည်ဗုဒ္ဓဘာသာတရား၏အဆုံးအမများနှင့်ဝေးကွာ
ခဲ့ကြလေပြိလားလို့တွေးဆမိသည်။ရိုးရိုးရှင်းရှင်းနှင့်မြန်မာဆန်ဆန်ဝတ်စားဆင်ယင်သူများလည်းရှိကြပါသည်။ အများစုမှာတိုတောင်းသောစကပ်၊ကောက်ညှင်းထုပ်စည်းသကဲ့သို့ကြပ်ညှပ်လှသောထမီစကပ်ဆိုလား
(သေချာတော့မသိပါ)ရင်ဟိုက်ကိုယ်ကြပ်ချက်ပေါ်ကြိုးပျောက်တို့နှင့်ရှက်စရာအလိလိများကိုပင်တွေ့မြင်
ဘူးပါသည်။ငွေကြေးတစ်ခုတည်းကိုသာကြည့်ကာလူမျိုးဘာသာယဉ်ကျေးမှုစရိုက်စတာတွေကွဲပြားလှသော နိုင်ငံခြားသားများကိုပေါင်းသင်းလက်ထပ်နေကြသည်မှာလည်းအလွန်ပင်ဝမ်းနည်းစရာစိတ်မကောင်း
စရာဖြစ်ရပြန်ပါသည်။
မြေမျိုပြီး လူမျိုးမကုန်နိုင်ပါ။လူမျိုမှသာလူမျိုးကုန်နိုင်သညမဟုပ်ပါလား။ဦးဇင်းတို့ရဲ့မြန်မာ့ယဉ်ကျေးမှု မြန်မာလူမျိုးမြန်မာ့ဓလေ့တို့သည်ကားကမ္ဘာအလယ်မှာထင်ရှားစွာဆက်လကပြိးတော့်တည်ရှိနေရန်မှာမြန်မာ
အမျိုးသားအမျီုးသမီးထု၏ကြီးမားသောသမိုင်းပေးတာဝန်တရပ်ပင်ဖြစ်ပါသည်။ယ္ခုကားကြောက်စရာကောင်း
သောယဉ်ကျေးမှုတို့ကြောင့်ဗုဒ္ဒသာသနာ့နယ်မြေတို့သည်လည်းပန်းခြံကဲ့သို့ဖြစ်ချင်တိုင်းဖြစ်နေေ
လပြီ။"မြက်ခင်းပေါ်မနင်းရ"ဆိုတဲ့စာသားများသည်စည်းကမ်းမရှိသော၊ယဉ်ကျေးမှုသိမ်မွေ့မှုမရှိသော
သူတွေရှိနေကြတဲ့အတွက် ရေးထားရခြင်းသာ ဖြစ်ပါသည်။
မိမိတို့ရဲ့ကိုယ်ပိုင်အသိစိတ်ဓာတ်နှင့်ဆင်ခြင်တုံတရားရှိနေမည်ဆိုပါကထိုသို့သောစာတန်းများကိုရေး
သားရလိမ့်မည်မဟုတ်ချေ။ထိုနည်းတူစွာဘုရားစေတီစောင်းတန်းစသောဗုဒ္ဓသာသနာပိုင်နယ်မြေများ
ပေါ်တွင်အတွဲများမဖွယ်မရာပြုမှုခြင်းများကိုဖမ်းဆီးဖယ်ရှားနေရသည်မှာလည်းဗုဒ္ဓဘာသာတရားအထွန်း
ကားဆုံးနိုင်ငံဖြစ်သောအမိမြန်မာနိုင်ငံအနေဖြင့်ရှယ်စရာအလိလိပင်ဖြစ်ပါသည်။အခြားအခြားသောဘာ
သာကြီးများ၏အဆောက်အဦးများဖြစ်သောဗလီ၊ချပ်ကျောင်းများတို့တွင်ထိုဘာသာဝင်တို့သည်ယင်းသို့ပြုမှု
ဆောင်ရွက်ခြင်းများမရှိသည်ကိုလေ့လာတွေ့ရှိရလေလေရှက်ရွံ့ဝမ်းနည်းစိတ်မကောင်းဖြစ်ရလေလေ
ဖြစ်မိပါသည်။ထိုကြောင့်မိမိတို့ရဲ့ကိုယ်ပိုင်အသိစိတ်ဓာတ်နှင့်ဆင်ခြင်ကြလျှင်အကောင်းဆုံးဖြစ်မည်ဟုဦးဇင်း
ထင်မိပါသည်။
ဝတ်စားဆင်ယင်မှုကိုလုံခြုံစွာဝတ်စားဆင်ယင်သင့်ကြပေသည်။အကွဲအပြဲအဖော်အဟိုက်များသည်မလိုလားအပ
်သောဘေးရန်များဝင်ရောက်စေနိုင်သလိုရန်သူတို့ကိုဖိတ်ခေါ်နေသကဲ့သို့ဖြစ်နေသည်မဟုပ်ပါလား။”
ဖုံးကွယ်ထားသောအရာသည်လှစ်ဟဖော်ထုတ်ထားသောအရားများထက်များစွာတန်ဖိုးကြီးမားလှပါသည်ဟုဦးဇင်း
ထင်မိပါသညိ။ရွှေထက်ပင်တန်ဖိုးကြီးမှားလှသောမိန်းမတို့၏အိဒြေ္ဒသိက္ခာတရားများကိုဖော်ထုတ်ပြသနေ
ခြင်းသည် လှပလာခြင်းမဟုတ်ပဲ ပျက်စီးလာခြင်းပင် ဖြစ်နေပေမည်။
ဗုဒ္ဓဘာသာရဲ့ဘာသာရေးတရားအရကြည့်မည်ဆိုလျှင်လည်းတဏှာဆိုသောညစ်ညမ်းမှုကြီးပင်ဖြစ်ပါသည်။”
မြန်မာတို့ပြည်ရှိတိုင်းရင်းသား၏ကိုယ်ပိုင်ဝတ်စားဆင်ယင်မှု၊ကိုယ်ပိုင်ယဉ်ကျေးမှုတို့ကိုမပျေက်မပျက်ရလေေ
အာင်၊တခြားဘာသာဝင်များအနေဖြင့်မိမိတို့ဘုရားကျောင်းကန်သာသနာ့နယ်မြေများကိုလေ့လာ
ဝင်ထွက်မှတ်သားထားကြသည့်အခါမေးငေါ့ရှုတ်ချစရာမဖြစ်ရလေအောင်၊ကမ္ဘာပေါ်တွင်ထေရဝါဒဗုဒ္ဓဘာသာကြီး မကွယ်မပျောက်ရလေအောင်၊ဗုဒ္ဓဘာသာကြီးနှင့်ယှဉ်တွဲမှတ်သားရသောမြန်မာပြည်မြန်မာလူမျိုးတိုင်းရင်းသား
တို့မပျောက်ဆုံးမတိမ်ကောသွားရလေအောင်မြန်မာပြည်သူပြည်သားအားလုံးတို့ရဲ့သမိုင်းပေးတာဝန် တစ်ရပ်အနေဖြင့် လိုက်နာဆောင်ရွက်ကြရမည်မဟုပ်ပါလား။
မြန်မာနိုင်ငံတော်အတွင်းရှိတိုင်းနှင့်ပြည်နယ်တက္ကသိုလ်ကျောင်းသားကျောင်းသူများကိုမြန်မာဆန်ဆန် ဝတ်စားဆင်ယင်စေပြီး မြန်မာ့တက္ကသိုလ် ကျောင်းတော်ကြီးများ၏ အလှပေါ်အယဉ်ဆင့် စေခဲ့သည်မှာ အလွန်တရာမှဝမ်းသာကြည်နှုးဖြစ်ခဲ့ရပါတယ်။ထို့အတွက်ကြောင့် မြန်မာပြည်သူ ပြည်သားများအနေဖြင့် မိမိတို့ရဲ့ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့်မိမိတို့၏ဘာသာသာသနာအကျိုးကိုရှေးရှုပြီးဘုရားကျောင်းကန်စေတ
ီပုထိုးများနှင့်ဗုဒ္ဓဘာသာသာသနိကအဆောက်အဦးများဝတ္တကနယ်မြေများပေါ်တွင်ဝတ်စားဆင်ယင်မှု
မှအစပြုမှုဆောင်ရွက်နေထိုင်မှုများအားမိမိတို့ရဲ့ကောင်းမြတ်သောအသိစိတ်ဓာတ်လေးများဖြင့်ကျောင်းကန်
ဘုရားသွားကြတဲ့အခါမြန်မာဆန်ဆန်ဝတ်စုံလေးများဖြင့်သွားလာကြရန်နှင့်လူကြီးမိဘဆရာသမားတို့၏
ရှေ့တွင်ရိုသေ၀တ်တွားစွာဂရုဂရ၀တရားများဖြင့်မြန်မာလူမျီုးများပိပိထိန်းသိမ်းစောင့်စောင့်ကြပြီးကမ္ဘာ
့အလယ်တွင်ဗုဒ္ဓဘာသာမြန်မာများဆိုတာကိုဗုဒ္ဓဘာသာ၏အဆုံးအမများနဲ့သက်သေပြကြပါလို့တိုက်တွန်းရင်း
ဒိပို့စ်လေးဖြင့်ကုသိုလ်ပြုလိုက်ပါသည်။
အရှင်မုနိန္ဒ(ပန်းထို)M.A.မာဂဓတက္ကသိုလ် အိန္ဒိယ
>>>ဆက်ဖတ်ရန်>>> >>

ကျေးဇူးတရားဆိုသည်မှာ


အလုံးသောလူတို့၏သတ္တလောကကြီးကမ္ဘာလေကကြီးမှာလူရယ်လို့ဖြစ်လာကြကတည်းက
ခုလိုယှဉ်တွဲလာခဲ့ကြပါတယ်။သားသမီးများတို့ကမိဘတို့ရဲ့ပေါ်မိဘတွေကလည်းမိမိတို့ရဲ့သား
သမီးတွေအပေါ်မှာချည်နှောင်ထားကြတဲ့မျှော်လင့်ချက်ငါးချက်ထားကြတယ်။အဲဒီငါးချက်ကို
ပါဠိတော်အထကတာတိကာတွေမှာ“ပယ်မ(၀ါ)ပိယ”လို့ခေါ်ဆိုထားတယ်လောကအနေနဲ
့မေတ္တာလို့ခေါ်ခြင်းပဲဖြစ်ပါတယ်။မေတ္တာနဲ့ပယ်မဟာအဓိပ္ပါယ်ကတော့ဖြင့်နည်းနည်းကွာခြားတယ်
၊မေတ္တာဆိုတာကတော့ဖြင့်ကိုယ့်အတွက်လုံးလုံး မမျှော်လင့်ဘူးသူတပါးတို့ရဲ့ အကျိုးကိုလိုလားတဲ့ စိတ်သည် မေတ္တာဖြစ်တယ်။
ပယ်မဆိုတာက တော့ကိုယ်ချစ်တဲ့လူရဲ့အကျိုးကိုလည်းလိုလားတယ်ကိုယ့်အတွက်မျှော်လင့်ချက် တွေလည်း
ပါတယ်ပေါ့အဲဒါကပယ်မ၊ပိယလို့လည်းခေါ်တယ်။ဒီငါးခုကိုအုပ်စု နှစ်စုခွဲလိုက်ကြရင်အိမ်ရာတည်ထောင်
လူ့တွေမှာတော့မေတ္တာကနည်းပြီးတော့ပယ်မပိယကပိုများနေတယ်။သူများတွအတွက်နည်းပြီးတော့ ကိုယ့်အတွက်ကြတော့များနေတယ်။မိဘများကမိမိတို့ရဲ့သားသမီးများအပေါ်မျှော်လင့်ချက်ထားကြတယ်
သားသမီးတွေကလည်းမိဘမျးရဲ့အပေါ်မျှော်လင့်ချက်ထာ့းပြီးတော့နေကြတယ်။လေးခုတစ်တွဲကတော့
အခုလက်ရှိဘ၀မှာသားသမီးများကမိဘများရဲ့အပေါ်တုန့်ပြန်တဲ့ကျေးဇူးတွေကိုမျှော်တယ်၊ဘ၀တစ်
ပါးပြောင်းသွားတဲ့အခါကျတော့လည်းကျန်ရစ်ခဲ့တဲ့သားသမီးများကမိဘကိုတုန့်ပြန်လာမယ့်ကျေးဇူးကိုတရား
များကိုမျှော်တွေးတာကတစ်ခု၊ဒီလိုငါးခုရှိတယ်။ပါဠိတော်အင်္ဂုတရနိကယ်ပဉ္ဖကနိပါတ်တော်တွေမှာလာတာ
ကတော့ဖြင့်“ဘတောဝါနောဘရိဿတိ၊ကိစ္စံဝါနောကရိဿတိ၊ကုလ၀ံသောစိရံဌဿတိ၊ဒါယဇ္ဇံပဋိပဇ္ဇိဿတိ။
အထ၀ါပနပေတာနံကာလင်္ကတာနံဒက္ဒိဏံအနုပဒဿတိ။အဲဒီငါးချက်ကတော့မိဘတွေကမိမိတို့ရဲ့သား
သမီးတွေအပေါ်မျှော်လင့်ချက်ပါ။
နံပါတ်(၁)
အချက်က ငါတို့သည် သားသမီးတို့ကိုစောင့်ရှောက် ကျွေးမွေးခဲ့ပြီးလေပြိ။သူတို့လည်း ပဲတဖန်ငါတို့ကို စောင့်ရှောက်ကြွေးမွေးကြလိမ့်ပေမည် ငါးမျိုးသောအကျိုးကို လို့လားသောအားဖြင့် မိဘတွေက သားသမီးတွေကို မွေးမြူစောင့်ရှောက်ထားတယ်။ အဲဒီလိုပျော်လင့်ချက်တွေပြည့်စုံရင် ဖြင့်ဒီသားသမီးတွေဟာသားကောင်းသမီးကောင်းပဲ။မိဘတွေကဘယ်လောက်ပဲမိမိတို့ရဲ့သားသမီးတွေ
အပေါ်မှာမေတ္တာတွေ၊စေတနာတွေထားကျွေးမွေးစောင့်ခဲ့ပါစေတဖန်သားသမီးတွေကပြန်ပြီးတော့မကျွေးမွေး
မစောင့်ရှောင့်ရင်တော့သားကောင်းသမီးကောင်းများမဖြစ်ပေဘူး။
နံပါတ်(၂)
အချက်ကမိဘတွေဟာမိမိတို့ရဲ့သားသမီးတွေရဲ့ကိစ္စကြီးငယ်အထွေထွေကိုလူမမည်ကလေးဘ၀ကတည်းက
ပြုစုကျွေးမွေးလာကြတာအသက်တွေကြီးအိပ်ရာပေါ်မှာလဲနေသည့်တိုင်အောင်နှုတ်ကလိုက်လုပ်လိုက်ပြောနေ
ကြရတဲ့အထိဖြစ်တယ်၊အဲဒိလိုပဲငါ့တို့တစ်နေ့ငါ့တို့ကိစ္စတွေမလုပ်နိုင်တဲ့တစ်နေ့ဒီသားဒီသမီးတွေကငါ့တို့ရဲ့
ကိစ္စကြီးငယ်တွေကိုလုပ်ကြလိမ့်မည်ဆိုတဲ့မေတ္တာနဲ့ပိယကိုရောပြီးတော့မိမိတို့ရဲ့သားသမီးတွေအပေါ်
ကျွေးမွေးစောင့်ရှောင့်ထားလာခဲ့ကြတယ်။
နံပါတ်(၃)
ငါတို့မရှိတဲ့နောက်ငါတို့ရဲ့ဘိုး၊ဘွား၊ဘီ၊ဘင်အစဉ်အဆက်ကထိန်းသိမ်းလာတဲ့ဘုရား၊တရား၊သံဃာ့ဝတ်ကြီး
ဝတ်ငယ်တွေကိုအစဉ်မပျက်တည်ရှိအောင်ထိန်းသိမ်းစောင့်ရှောက်ကြလိမ့်မယ်လို့မိဘများကသားအပေါ်
သမီးအပေါ်မှာမျှော်လင့်ထားခဲ့ကြတယ်။
နံပါတ်(၄)
ငါတို့တထွေရှာဖေစုဆောင်းထာွးခဲ့တဲ့ပစ္စည်းဥစ္စာတွေကိုငါ့သားသမီးတွေထိန်းသိမ်းစောင့်ကြလိမ့်မယ်လို့လည်းေ
မျှာ်လင့်ထားကြတယ်။အရပ်ထဲမှာတော့အမွေခံတယ်လို့ပြောကြတယ်၊မိဘတွေရဲ့အမွေကိုသားသမိးတွေက
ဆက်ခံတာဝတ္တရားတစ်ခုလိုဖြစ်နေတယ်။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊လှူမျှဝေ၍
၊စောင့်လေမျိုးနွယ်ဝတ်ငါးသွယ်ကျင့်ဖွင့်သားတို့တာကလည်း“မွေခံထိုက်စေ”ဆိုတာကထိုက်ကိုဖြုတ်လိုက်ရင်
“မွေခံ”လို့သာမန်ပဲတွေးမယ်ဆိုရင်ရတယ်မိဘများရဲ့အမွေကိုဒီအတိုင်းနေရုံနဲ့အမွေခံထိုက်တဲ့သားသမီးမ
ဟုတ်ဘူးအမွေခံထိုက်မှမိဘများရဲ့အမွေတွေကိုခံရတယ်။မိဘကပေးထားတဲ့အမွေကိုယူသုံးနေရင်ဒီသား
သမီးတွေဟာတနည်းအားဖြင့်ပြောမယ်ဆိုရင်ခိုးယူသုံးနေတာပဲ ဘယ်သူတွေအမွေခံထိုက်သလဲဆိုတော့ “ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊လှူမျှဝေ၍၊စောင့်လေမျိုးနွယ်”ဆိုတာကမှတကယ့်ကိုအမွေခံထိုက်ခြင်း
သာဖြစ်ပါတယ်။
နံပါတ်(၅)
ငါတို့ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာငါတို့ရှာဖွေခဲ့တဲ့ပစ္စည်းဥစ္စာရတနာတွေကိုသူတို့လည်းသုံးငါတို့အတွက်
လည်းပဲအလှူအတန်းတွေလုပ်ကြလိမ့်မယ်လို့မျှော်လင့်ကြတယ်။ဒါကတော့နောက်ဆုံးမျှော်လင့်ချက်ပေါ့။
အထက်ကရေးခဲ့သလိုပဲရှေ့လေးပါးကလက်ရှိဘ၀မှာမျှော်လင့်တောင်းတပြီးတော့နောက်ဆုံးတစ်ပါးကတော့
ဖြင့်သံသရာရထားစီးနေတဲ့အချိန်အခါငါတို့ရဲ့သားသမီးတွေဘယ်လေက်များမိဘတွေရဲ့ကျေးဇူးကိုသိတတ်
သလဲဆိုပြီးတော့လှမ်းပြီးတော့သူတို့အတွက်ကောင်းမှုပြုကြလိမ့်မည်လို့သားတွေသမီးတွေဆီကနေနောက်
ဆုံးမျှော်လင့်ချက်ကိုမျှော်လင့်ကြခြင်းသာပါတယ်။မိဘနဲ့သားသမီးဆိုတာအဲဒိလို့နားလည်ကြရမယ်
.အဲလိုသာမိမိတို့ရဲ့မိဘများကသားသမိးတွေအပေါ်သားသမိးတွေကမိမိတို့ရဲ့မိဘများအပေါ်အပြန်အလှန်ကျေး
ဇူးဆပ်နိုင်မယ်ဆိုရင်လောကိအကျီုးလေကုတ္တရာအကျီုးသားသမီးနဲ့မိဘဘယ်လောက်အပြန်အလှန်ကျေးဇူး
များတယ်ဆိုတာကိုနားလည်နိုင်ကြပါစေလို့ဆန္ဒပြုရင်းတဦးကိုတဦးတယောက်အကျီုးကိုတယောက်ကဆောင်
ရွက်ကျိုပြုနိုင်အောင်လုပ်ဆောင်နိုင်ကြပါစေလို့ဒိပို့စ်လေးဖြင့်ဓမ္မဒါနပြုလိုက်ပါသည်။
အရှင်မုနိန္ဒ(ပန်းထို့)
M.A.မာဂဓတက္ကသိုလ်အိန္ဒိယ။
>>>ဆက်ဖတ်ရန်>>> >>