Friday 30 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၃
ဦးရွေမှန် သဘာပတိမိန့်ခွန်း............
         "ကြွရောက်လာကြတဲ့ ဆရာတော်သံဃာတော်များနှင့် ပရိတ်သပ်အပေါင်းတို့ခင်ဗျား။ အားလုံးသာဒီနေ့ဒီနေရာမှာဘုရားသခင်အလိုတော်အရလာရောက်စုဝေးနေကြပါပြီ။အများသိကြတဲ့အတိုင်း
ဒီပွဲဟာဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာဘယ်ဟာကောင်းတယ်၊မှန်တယ်ဆိုတာကိုယှဉ်ပြိုင်ဟောပြောကြမှာ
ဖြစ်ပါတယ်။အဲဒီလိုပဲ ဟောပြောကြတဲ့အခါမှာ တစ်ဘက်ဘာသာက တစ်ဘက်ဘာသာရဲ့ ချီု့ယွင်းချက်ကို ထုပ်ဖော်ပြီးပြောရပါလိမ့်မယ်၊ ဝေဖန်ရပါလိမ့်မယ်၊တစ်ဘက်နှင့်တစ်ဘက်အနိုင်ပြောကြရမှာဆိုတော့တစ်ခါ
တစ်ရံပြင်းထန်တာပါချင်ပါသွားပါလိမ့်မယ်၊အဲဒါကိုကြီုတင်ပြီးသိထားပါမှနားထောင်တဲ့ပရိတ်သပ်ကခွင့်လွတ်
နိုင်ကြမှာပါ။နှစ်ဘက်ဟောပြောမဲ့ ပုဂ္ဂိုလ်တွေကလည်း ယဉ်ယဉ်ကျေးကျေးဟောပြောကြပါလိမ့်မယ်။ တစ်ဦးနှင့်တစ်ဦးမုန်းတီးနေကြတဲ့သူတွေမဟုပ်တဲ့အတွက်ပုဂ္ဂိုလ်ရေး ပုတ်ခတ်ကြမှမဟုပ်ပါဘူး။ ၀ါဒရေးဘာ
သာရေးကိုသာပြောကြမှာပါ။အထူးသဖြင့် ခရစ်ယာန်ပရိတ်သပ်ကိုပြောလိုပါတယ်။ခရစ်တော်ဟာအလွန်ပင်
ယဉ်ကျေးသိမ်မွေ့ပြီးတော့ သူ့ရဲ့တရားတော်ဟာ သူ့ကိုကားစင်တင်ပြီး သတ်တဲ့သူတွေကိုတောင်မှခွင့်လွတ်
တော်မူခဲ့ပါတယ်။ အဲဒီယေရှူ့ခရစ်တော်၇ဲ့ဖြစ်ရပ်ကို စံနမူနာထားပြီးယဉ်ကျေးကြပါ။ သီးခံကြပါ၊ မခ့ချင်စိတ်
ဒေါသစိတ်မထားကြပါနဲ့ ဒါမှလည်းခရစ်ယာန်ကောင်းပိသပါတယ်။တစ်ဘက်ပုဂ္ဂိုလ်က ဟောတာကို ဗုဒ္ဓဘာ
သာဝင်ရော၊ ခရစ်ယာန်ဘာသာဝင်တွေကပါ အေးအေးဆေးဆေး လေးလေးစားစားနားထောင်ကြဖို့မေတ္တာ
ရပ်ခံပါတယ်။ ထာဝရဘုရားနှင့် ယေရှူခရစ်တော်၏ မေတ္တာသည် အားလုံးအပေါ် လွမ်းခြုံကျရောက်ပါစေ"
စသည့်ဖြင့် ဦးရွေမှန်က သဘာပတိ မိန့်ခွန်းပြောကြားသည်။
                   ထို့နောက် ဗုဒ္ဓဘာသာ သဘာပတိ ဆရာတော် အရှင်ကုဏ္ဍလကလည်း သဘာပတိမိန့်ခွန်း
ကိုမြွတ်ကြားသည်။
                     ဆရာတော်အရှင်ကုဏ္ဍလ သဘာပတိမိန့်ခွန်း.........................
" အလိုတော်ရဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်အရှင်မြတ်များ၊ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမ
များနှင့် ခရစ်ယာန်ဘာသာဝင် ဒကာ၊ ဒကာမအပေါင်းတို့.....................ဦးပဉ္ဖင်းတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားဟာ
မိမိအား ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ၊ လူမျီုးမရွေး၊ ဆူးကြုံနိမ့်မြင့် မရွေး အားလုံးသော
သတ္တ၀ါများ အပေါ် မဟာဂရုဏာတော်ကို ထားတော်မူပါတယ်။ အားလုံးသားတော်အရင်း၊ ရာဟုလာနှင့်မ
ခြား တတန်းတစားတည်းထားပြီး တပြေးညီသဘောထားပြီး ဒုက္ခလွတ်မြောက်ရာ၊လွတ်မြောက်ကြောင်းတ
ရားဒေသနာတော်များကို ဟောဖော်ညွန်ပြ၍ သြ၀ါဒပေးတော်မူခဲ့ပါတယ်။ ကိုယ်တော်တိုင်လည်း မြင့်မြတ်
စင်ကြယ်တဲ့အကျင့်စာရိတ္တရှိပြီးတော့ သတ္တ၀ါများလည်း မြင့်မြတ်ကြီးမားတဲ့ မေတ္တာတရားထားတော်မူခဲ့
ပါတယ်.။ကိုယ်တော်တိုင်သီးခံတော်မူတယ်၊ ခန္တိပရမံတပေါတိတိက္ခာ အစရှိသည်အားဖြင့်သီးခံခြင်းဟာ
အလွန်မွန်မြတ်တဲ့အကျင့်ဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာကိုအဦး
ထားပြီး ဟောတော်မူပါတယ်။ ဗုဒ္ဓရဲ့တပည့်သားဖြစ်ကြတဲ့ပုဂ္ဂိုလ်ဟာ သီးခံတတ်ရမယ်၊မေတ္တာထားရမယ်
စိတ်သဘောထားသိမ်မွေ့နုညံ့ရမယ်၊ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ခွင့်လွတ်တတ်ရမယ်၊ခုဆရာကြီးဦး
ရွေမှန်ပြောသလိုပေါ့လေ ယှဉ်ပြိုင် ဟောပြောပွဲဆိုတော့ မိမိရဲ့ဘာသာအယူဝါဒကောင်းမွန် မှန်ကန်ကြောင်း
အမွမ်းတင်ပြီးတော့ သူတပါးဘာသာရဲ့ ချီု့ယွင်းချက်ကို ဝေဖန်ကြမှာမို့ နှစ်ဘက်စလုံးကဟောပြောတာကို
သေသေချာချာနားထောင်ပြီင်္းတော့ ယူသင့်ယူထိုက်တာ ၀ယ်သင့်ဝယ်ထိုက်တာတွေကို မိမိရဲ့ကိုယ်ပိုင်အသိ
ဥာဏ်နှင့်စဉ်းစားဆုံးဖြတ်ပြီးမှ မိမိနှစ်သက်ရာကို ယူကြပါရန် အလေးအနက်မေတ္တာရပ်ခံလိုပါတယ်၊ဒကာ၊
ဒကာမ အပေါင်းတို့.........စသည်ဖြင့်မြွတ်ကြားသည်။
              ခရစ်ယာန်ဆရာကြီး ဦးသာဒင်(မန္တလေး)က စတင်ဟောပြောသည်။ဦးသာဒင်သည်ဗုဒ္ဓဘာသာ ဘုန်းကြီးလူထွက်ဖြစ်၍ ပထမကြီးတန်းအောင်မြင်ခဲ့ပြီး ပါဠိစာပေကျွမ်းကျင်သည်ဟုနာမည်ာကီးသည်။
ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ပြီး တရားဟောအလွန်ကောင်းသည်ဟုနာမည်ကြီးသူဖြစ်
လေသည်။ သူကဓမ္မကထိကဆရာတော်ဦးညေယျရေးသားခဲ့တဲ့ "လောကမျက်မှန်" အမည်ရှိစာအုပ်ကိုစ
တင် တိုက်ခိုက်ဟောပြောသည်။ ခရစ်ယာန်ဘာသာကိုနှိမ်နင်းရေးသားထားသော ထိုစာအုပ်ပါ အချက်အ
လက်များကို ချေပ၍ရှင်းလင်းသည်။ မူလက ဦးညေယျကိုယ်တိုင် ကြွရောက်၍ဗုဒ္ဓဘာသာဘက်မှယှဉ်ပြိုင်
ဟောပြောမည်ဟု သတင်းကြီးနေရာ ခရစ်ယာန်ဓမ္မဆရာ အုပ်စုသည် ဦးညေယျရေးသည့် "လောကမျက်
မှန်"ကိုတိုက်ခိုက်ချေပရန် အကြောင်းအချက်များရှာဖွေစုဆောင်း၍စီစစဉ်လာခဲ့ကြသည်။ ကြီုတင်ပြင်ဆင်
ခဲ့သောကြောင့် ပိုင်ပိုင်နိုင်နိုင်လည်း ဟောပြောနိုင်ရာ ခရစ်ယာန်ပ၇ိတ်သပ်များ တပြုံးပြုံးနှင့် အားတက်ရွင်
ပြနေကြလေသည်။
             ဦးသာဒင်၏တင်ပြချက်...................
   "ဆရာတော်...ဦးသာဒင်ဟောပုံလည်းတယ်၊ ခရစ်ယာန်တရားဟောသံတေါလုပ်နေတာတဲ့နဲ့အချိန်ဖြုန်း
သလိုဖြစ်နေသည်။ အချက်အလက်စုစည်းပြီး ပြန်ချေပတာ ကွာဟပြီး ဝေနေတယ်ဘုရား"ဟူ၍ ဆရာတော်
၏အနီးတွင်ရှိသော ဆရာဦးကိုကိုကြီးက ဆရာတော်အား တိုးတိုးလျှောက်ထားရာ ဆရာတော်က ဦးသာဒင်
ဟောသမျှကို ရေးမှတ်နေရာမှ ပြုံးပြီး ခေါင်းငြိမ့်လိုက်လေသည်။
           "လောကမျက်မှန်မှာ"စာအုပ်တွင်ပါသော အချက်အလက်များကို ချေပပြီးနောက် ဦးသာဒင်သည်
"ဗုဒ္ဓ၀င်"ကို ဝေဖန်တိုက်ခိုက်လေသည်။       ဗုဒ္ဓ၀င်ဟာ ဂေါတမရဲ့ဖြစ်စဉ်ကို ဖော်ညပတဲ့ကျမ်းပဲ။ အဲဒီအ
ထဲမှာပါတာတွေဟာ ဘယ်လောက်ယုတ္တိကင်းမဲ့သလဲဆိုတာ စဉ်းစားကြည့်ပါ။ ကျွန်တော်တင်ပြပါ့မယ်စ
ထွက်ကတည်းက တုသိတာနတ်ပြည်မှာ နေတဲ့ဘုရားအလောင်း သေတကေတုနတ်သားကို တခြားနတ်
ဗြဟ္မာတွေက လူ့ပြည်ဆင်းပြီး ဘုရားဖြစ်ဖို့ ပဋိသန္ဓေ ယူဖို့ တောင်းပန်မှမယ်တော်မာယာရဲ့ဗိုက်ထဲဝင်သတဲ့
ဗျ၊ ဘုရားဖြစ်ရမဲ့သူက ဘာမှမသိရပဲ၊ ဘုရားမဖြစ်မဲ့သူတွေကပြောမှ သိရသတဲ့လား၊ပြီးတော့ ပဋိသန္ဓေယူ
တဲ့နေ့က ၀ါဆိုလပြည်နေ့ကြီးမှာတောင် မေထုနသံဝါသ ကိစ္စဆိုတဲ့ အဲ....ဟိုကိစ္စကို ရှောင်ကြဉ်ကြဟန်မ
တူကြပါဘူး၊ မယ်တော်မာယာကပဲ လွန်သလား၊ ဒါမှမဟုပ် နှစ်ဦးစလုံး အတူတူပလြားတော့ မဆိုနိုင်ပါဘူး
မိဘနှစ်ပါးရဲ့ အကျင့်အရ ဂေါတမဟာလည်း ပဋိသန္ဓေကစပြီး လူလွန်ဖြစ်တယ်"
ခရစ်ယာန်ပရိတ်သပ်များအားတက်သလောက်ဗုဒ္ဓဘာသာပရိတ်သပ်များမျက်နှာမကောင်းလှ၊ ရဟန်းများမှာ
မျက်နှာပျက်နေကြသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌကား ပြုံး၍ ဦးသာဒင်ကိုကြည့်နေလေသည်။ဦးသာဒင်က
ဆက်၍ဟောပြန်သည်။   " ဘုရားလောင်းရဲ့ဖွားတော်ဖက် ခုနှစ်ဦးတဲ့ဗျာ၊အာ-ဗော-ကာ-ယ-ရွေ-ဆန်တဲ့။
ဖွားဖက်တော်တွေထဲမှာ ကဏ္ဍိက ဆိုတဲ့မြင်း၊ အဲတိရိစ္ဆာန်လည်းပါတယ်။ ဗောဒိပင်ဆိုတဲ့ သစ်ပင်လည်းပါ
တယ်။ သက်မဲ့ဖြစ်တဲ့ ရွေအိုးကြီးလေးလုံးဆိုတာလည်းပါလိုက်သေးတယ်။ ဘယ်လောက်ယုတ္တိကင်းမဲ့သ
လဲဗျ၊ အာနန္ဒာဟာ ဖွားဘက်တော်တဲ့ ဖွားဘက်တော်ဆိုတာ တစ်နေ့တည်း တစ်ချိန်တည်း မွေးဖွားတာကို
ခေါ်တာဗျ။ နောက်ပိုင်းကျတော့ ညီတော်အာနန္ဒာတဲ့ဗျ။ ဖွားဘက်တော်လည်းဆိုသေး၊ ညီတော်အာနန္ဒာ
လဲဆိုသေး ဘယ်လောက်များ ကမောက်ကမနိုင်သလဲဆိုတာစဉ်းစားကြည့်ကြပါ။ တဂါဝုတ်ကမာဏရှိသတဲ့ဗျ၊ ဧဠမည်တဲ့ ရွေအိုးကြီးက ယူဇနာဝက်လောက်ရှိတယ်လို့ဆိုတယ်ဥပ္ပလမည်တဲ့
ရွေအိုးကြီးဟာသုံးဂါဝုတ်ပမာဏရှိသတဲ့၊ပုဏ္ဏရိက အမည်ရှိတဲ့ ရွေအိုးကြီးက တစ်ယူဇာနာမှရှိတယ်လိုဆို
တယ် စုစုပေါင်းနှစ်ယူဇနာခွဲရှိတယ်။ခုခေတ်သုံး မိုင်နှင့်ဆိုလျှင် တစ်ယူဇနာဟာ ၁၃ မိုင်ခွဲလောက်ရှိပါတယ်
ဒီရွေအိုးကြီးလေးလုံးရဲ့ အတိုင်းအတာဟာ ပမာဏဟာ မိုင် ၃၀ ကျော်ရှိနေပြီးဒီရွေအိုးတေါပေးတယ်ဆိုတာ
တကယ်ဟုပ်ရီုးမှန်ခဲ့ရင် ရှေ့ခေတ်က မသကာ လူဦးရေ ငါးသိန်းလောက်ရှိတဲ့ ကပ္ပိလ၀တ်ပြည်လေးမှာ လူ
နေတိုက်တာအိမ်တွေဟာ ဒီရွေအိုးကြီးလေးလုံးပေါ်တာနဲ့ပဲပျက်စီးသွားစရာရှိပါတယ်။အဲလောက်အပြောကြီး
ကြီးနဲ့ပလွှားဝင့်ကြွားထားတဲ့ ဗုဒ္ဓ၀င်မှာပါတဲ့ ဂေါတမဘုရား ထင်ရာလျှောက်ပြီး ဟောထားတဲ့တရားတွေကို
စဉ်းစားဥာဏ်ရှိတဲ့ လူတွေကယုံလို့ဖြစ်ပါ့မလား။    ဦးသာဒင်က ပရိတ်သပ်ကို မေးခွန်းထုပ်ရင်း အကဲခတ်
ကြည့်လိုက်၏ ထို့နောက်ဆက်လက်ပြောပြန်သည်။ " စိဉ္ဖမာန်ကိုလည်း ကြည့်ပါဦး သိကြားမင်းက စိဉ္ဖမာန်
ရဲ့ထဘိအတွင်းဝင်ပြီးကြွက်ယောင်ဆောင် ကိုက်တယ်လိုဆိုထားပါတယ်။ သကြားတန်မဲ့ မိန်းမထဘိအတွင်း
ဝင်ရသလားတဲ့လားဗျာ၊ ထဘိတွင်းဆိုတာဟာ သာမန် လူယောင်္ကျားများဝင်ရင်တောင် ဘုန်းကျက်သရေ
ပျက်တယ်လို့ ဗုဒ္ဓဘာသာတွေက ယူဆထားတာနဲ့ တက်တက်စင် ကွဟနေပါတယ်။ ဂေါတမရှေ့မှာ တရား
နာနေတဲ့ ပရိတ်သပ်အလယ်မှာ မိန်းမတွေအများကြီး ရှိနေနိုင်ပါလျှက်နဲ့ အဲဒီမိန်းမတွေက ဗိုက်ကိုယ်ထမ
စမ်းပါပဲနဲ့ ဧရာမ နတ်တို့ဘုရင် သိကြားမင်းကလာပြီး ကိုယ်တိုင်ထဘီထဲဝင်ကိုက် ရတယ်ဆိုတာဟာလည်း
ယုတ္တိမတန်ပါဘူးဗျာ...။ပြီးတော့နန္ဒောပနန္ဒနဂါးမင်းချွတ်ထန်းဆိုတာ ကြည့်ပါဦး။ ဘုန်းတော်အနန္ဒဥာဏ်
တော်အနန္ဒ တန်ခိုးတော်အနန္ဒဆိုတဲ့ ဂေါတမဟာ သူကိုယ်တိုင်တော့ နဂါးကိုရင်မဆိုင်ရပဲနဲ့ တပည့်ဖြစ်တဲ့
ရှင်မောဂ္ဂလန်က သူထက်ပိုပြီး တန်ခီုးရှိရာကြမနေဘူးလား အ၀ိဟိံသာ သူတစ်ပါးကု မညှင်းဆဲ ရဘူးလို့
ဟောပြောနေတဲ့ ရှင်ဂေါတမဟာ ဘာကြောင့် နဂါးကို ညှင်းဆဲခိုင်းရတာလဲ၊သူတပါးကို ထိခိုက်နစ်နာ
အောင်မလုပ်ရဘူးတဲ့ ရဟန္တာ ရှင်မောဂ္ဂလန်ဟာ နဂါးကိုဘာကြောင့် မြင့်မိုရ်တောင်နှင့် ဖီညှပ်ပြီးနှိပ်စက်
ရတာလဲ၊အဲလိုတန်ခိုး အင်မတန်ကြီးတဲ့ ရှင်မောဂ္ဂလန်ကို ဘာတန်ခီုးမှမရှိတဲ့ခိုးသားတွေက ရိုတ်သပ်သတဲ့
ဗျ၊တန်းခိုးတွေ ဘယ်ရောက်ကုန်သလဲ၊ ဘယ်လောက်ယုတ္တိကင်းမဲ့သလဲ ရှေ့စကားနှင့် နောက်စကား မညီ
ဘူးဆိုတာတွေ့ကြပြီမဟုပ်ပါလား။    ဦးသာဒင်သည် ပရိတ်သပ်များကို မေးခွန်းထုပ်သလိုလုပ်၍ ဆက်လက်
ဝေဖန်တင်ပြပြန်သည်။ ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Wednesday 28 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၂
ဟောပြောပွဲလိုက်နာရန်စည်းမျဉ်း..................
(၁) နံနက် ၇ နာရီတွင် ယှဉ်ပြီုင်ဟောပြောပွဲကိုစတင်ဖွင့်လှစ်ရန်။
(၂)သဘာပတိအဖြစ် ခရစ်ယာန်တို့ဘက်မှတစ်ဦး ဗုဒ္ဓဘာသာဘက်မှတစ်ဦး နှစ်ဦးတင်ရန်။
(၃)၇ နာရီမှာ ၇ နာရိ ၁၅ မိနစ်အထီ ခရစ်ယာန်သဘာပတိကမီန့်ခွန်းပြောကြားရန်။  (၁၅ မိနစ်)
(၄)၇ နာရိ ၁၅ မိနစ်မှ ၇ နာရိ ၃၀ အထိ ဗုဒ္ဓဘာသာဝင် သဘညပတိက မိန့်ခွန်းပြောကြားရန်။ (၁၅ မိနစ်)
(၅)၇ နာရိမိနစ် ၃၀ မှ ၈ နာရိ ၁၅ မိနစ်အထိ ခရစ်ယာန်ဘာသာတို့ဘက်မှ ဗုဒ္ဓဘာသာကိုဝေဖန်ဟောပြောရန်။
(၆)၈ နာရိ ၁၅ မိနစ်မှ ၉ နာရိအထိ  ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာဘက်ကိုဝေဖန်ဟောပြောရန်။
(၄၅ မိနစ်)
(၇)၉ နာရိမှ ၁၂ နာရိ အထိ ဟောပြောပွဲကြီးကိုရပ်နားရန်။
(၈) နေ့လည် ၁၂ နာရီတွင် ဟောပြောပွဲကိုပြန်လည်ဖွင့်လှစ်ရန်။
(၉)၁၂ နာရိမှ နေ့ ၂ နာရိအထိ ဗုဒ္ဓဘာသာဘက်မှဝေဖန်ဟောပြောရန်။
(၁၀)နေ့လည် ၂ နာရီမှ ညနေ ၄ နာရီ အထိ ခရစ်ယာန်ဘက်မှဝေဖန်ဟောပြောရန်။ (အချိန် ၂ နာရီတိတိ)
(၁၁)ညနေ ၄  နာရီတွင် နှစ်ဘက်သဘာပတိများ လက်မှတ်ရေးထိုးထားသောဟောပြောပွဲရုတ်သိမ်းစာကို
ဖတ်၍ဟောပြောပွဲကြီးပြီးဆုံဒကြောင်းကြေညာရန်။
ဆရာတော်အရှင်ဥက္ကဋ္ဌ သဘောတူလက်ခံ၍ လက်မှတ်ထိုးပေးလိုက်သည်။ ညနေဘက်တွင် ပြည်၊ ပေါင်း
တည် ရွှေတောင်စသည့် အရပ်ဒေသများမှ သံဃာတော်အချီု့ လှည်းများနှင့်ရောက်လာကြသည်။ ထိုအထဲ
တွင် တောင်ငူမြီု့၊ လောကုတ္တရာသိမ်ကျောင်းဆရာတော် အရှင်ကုဏ္ဍလလည်းပါလာလေသည်။ အလိုတော်
ရဂိုဏ်းသံဃာတော်များနှင့် ဂိုဏ်းချုပ်ဆရာတော်ကြီးကပါ  သဘောတူနှစ်သက်ကြသဖြင့် ဟောပြောပွဲကြီး
တွင် ဗုဒ္ဓဘာသာတို့ဘက်မှ သဘာပတိလုပ်ရန် တောင်ငူဆရာတော်အားရွေးချယ်လိုက်သည်။ ဆရာတော်
အရှင်ဥက္ကဋ္ဌသည်မနက်ဖြန်ပွဲ၌ သဘာပတိမိန့်ခွန်း ၁၅ မိနစ်စာကို လေကုတ္တရာဆရာတော်နှင့် တိုင်ပင်ဆွေး
နွေး၍ အစီအစဉ်ပြုလုပ်နေကြသည်။ မဏ္ဍပ်ကြီး၏ ခပ်လှမ်းလှမ်းတွင်ကား နက်ဖန်ပွဲအတွက် ရောင်းချရန်
စားသောက်ဆိုင်များ၊ လ္ဘက်ရည် ဆိုင်များ၊ ဈေးဆိုင်များဖြင့်စည်ကားနေလေသည်။ ခရစ်ယာန်ဆရာကြီးများ
ကလည်း ဓမ္မဆရာ ဦးအောင်ရွေ၏ နေအိမ်တွင် ဗုဒ္ဓဘာသာကို ဆော်နှက်ရန်၊ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓကျမ်းစာ
အချီု့မှ အချက်အလက်များကို စုပေါင်းတိုင်ပင်၍ ရှာဖွေထုပ်နုတ်မှတ်သားချက်များကို ရေးကူးနေကြသည်။
အထူးသဖြင့် " လောကမျက်မှန်" စာစောင်တွင်ပါရှိသော ဆရာတော်ဦးညေယျ၏ ရေးသားချက်များကိုအဓိ
ကထား၍ ထိုးနှက်ကြရန်မှတ်သားနေကြသည်။အရှင်ဥက္ကဋ္ဌသည် ဦးညေယျကဲ့သို့ပင် ပြောဆိုလိမ့်မည်ဟုယူ
ဆနေကြဟန်ရှိသည် ဤအတိုင်းဆိုလျှင် သူတို့ဘက်မှ နိုင်ဖို့သေချာပြီ၊ဤသို့တွက်ဆ၍ ပြောနေရာ ခရစ်ယာ
န်ပရိတ်သပ်မှာအလွန်တက်ကြွနေလေတော့သည်။
                အရှင်ဥက္ကဋ္ဌ၏အကြောင်းနှင့် အရည်အချင်းတို့ကို တိတိကျကျမသီရှိကြဘဲအထင်အမြင်သေး
နေခြင်းသည် သူတို့အဖို့ နောက်တစ်နေ့တွင် မဟာအမှားကြီးဖြစ်ကြောင်းသီရှိရတော့မည်ဖြစ်သည်။
                                  မြန်မာသက္ကရာဇ် ၁၂၉၈ခု၊ ကဆုန်လ္ဆန်း ၁၂ ရက်၊
                                 ခရစ်သက္ကရာဇ် ၁၉၆၃၊ မေလ ၁ ရက် သောကြာနေ့၊
ဤနေ့ကားမြန်မာနိုင်ငံ ဗုဒ္ဓဘာသာသနာသမိုင်းတွင် အမှု့ကွန်းတင်ရမည့်နေ့ဖြစ်သည်။ခရစ်ယာန်တို့၏ဖန်
ဆင်းရှင် က္ကုဿရနိဗ္ဗာန၀ါဒနှင့် ဗုဒ္ဓမြတ်စွာ၏ အနတ္တ၀ါဒတို့ ယှဉ်ပြီုင်ပြိုင်ကြမည့်နေ့ကြီးဖြစ်သည်။ထောင်
သောင်းမကသောပရိတ်သတ်ကြီး၏ ရှေ့မှောက်တွင် တရားဝင်ယှဉ်ပြိုင် ဟောပြောကြခြင်းဖြစ်၏ တစ်ဘက်
နှင့်တစ်ဘက် ပဋိပက္ခမဖြစ်ကြဘဲ ပျော်ပျော်ပါးပါးကြီး ယှဉ်ပြိုင်ောပြောကြရာ ဤပြိုင်ပွဲမျီုးကား မြန်မာနိုင်ငံ
သမိုင်းတွင် တစ်ကြိမ်တည်းသာ ပေါ်ပေါက်ခဲ့ဖူးသော ပထမနှင့် နောက်ဆုံးယှဉ်ပြိုင်ဟောပြောပွဲကြီးပင်ဖြစ်
လေသည်။         (ပရိတ်သတ် တစ်သောင်းကျော်)
ထို့နေ့အာရုစ်တက်မှစ၍ ကျောက်ကွင်းရွာပတ်ဝန်းကျင်ရှိ ရွာများမှ ကျောက်ကွင်းမဏ္ဍပ်ကြီးဆီသို့ ဦးတည်၍
 လာနေကြသည့်လှည်းသံ လူသံတို့မှာ ဆူညံ၍နေကြသည်။ ၀က်ထီးကန်မြီု့မှ ခြေလျှင်လာကြသော လူတန်း
ကြီးမှာလည်း အဆက်မပြတ်ဖြစ်နေသည်။ နံနက်  ၅ နာရီခွဲချိန်တွင် မဏ္ဍပ်ကြီးတစ်ခုလုံးပြန့်သွားလေသည်။
နောက်ထပ်ရောက်လာကြသော လှည်းများနှင့် လူများမှာ မဏ္ဍပ်အပြင်ဘက်ဝန်းကျင်တွင်နေရာယူကြသည်
အချီု့မှာထိုင်ဖို့ပင် နေရာမရ၍ မတ်တပ်ရပ်နေကြရသည်။ ရွေတောင်၊ ပြည်၊ ပေါင်းတည်၊ပေါင်းတလည်၊ပေါ
က်ခေါင်း၊ မြန်အောင်၊ ဟင်္သတ စသော ရပ်ဝေးဒေသမှာလူများပါ ရောက်လာကြသဖြင့် ပရိတ်သပ်တစ်သော
င်းကျော်ရှိမည်ဟုခန့်မှန်းရပါသည်။ သံဃာစင်ပေါ်တွင်လည်း အာဂန္တုကရဟန်းများနှင့် အလိုတော်ရဂိုဏ်းဝင်
သံဃာတော်များပါ နောက်ထပ်ရောက်ရှိလာသဖြင့် စုစုပေါင်းသံဃာ ၂၀၀ ကျော်ဖြစ်သွားသည်။ ရန်ကုန်မှ
ညွန်ကြားချက်အရ ပြည်မြီု့မှ ရာဇ၀တ်ဝန်ကြီး ဦးကြင်၊ တရားသူကြီးနှင့် ပုလိပ်များသည် လာရောက်၍ စောင့်
ရှောင့်ပေးနေကြသည်။ မဏ္ဍပ်အနီးတွင် ယာယီစခန်းဖွင့်၍ အရာရှိများကပါစောင့်ရှောက်ပေးနေကြသည်။
                                                (ပြိုင်ပွဲကြီးစပြီ)
၇ နာရီထိုးရန် ၁၅ မိနစ်အလိုတွင် ခရစ်ယာန်ခေါင်းဆောင်များက သံဃာစင်၏ရှေ့တွင် မဏ္ဍပ်အတွင်းမြေပြင်
ပေါ်၌ စီတန်းခင်းထားသော ကုလားထိုင်များပေါ်သို့ရောက်ပြီး စီ၍ထိုင်နေကြသည်။ ဗုဒ္ဓဘာသာအဖွဲ့ဝင်များ
ကလည်း မြောက်ဘက်ခြမ်းရှိသံဃာစင်ရှေ့ မြေပြင်ပေါ်တွင်တန်းစီခင်းထားသည့်ကုလားထိုင်များပေါ်သို့သွား
ရောက်ထိုင်နေကြသည်.သဘာပတိများအတွက်နေရာကိုနှစ်ဘက်ခေါင်းဆောင်များ၏ အတန်းအလယ်တွင်
စားပွဲတစ်လုံးချ၍ စားပွဲ၏ တစ်ဘက်တစ်ချက်တွင်ကုလားထိုင်တစ်လုံးစီချထားသည်။ သဘာပတိများ၏ စားပွဲရှေ့တွင် ခုံမြင့်တစ်ခုချထား၍ ခုံမြင့်၏ရှေ့တွင် စားပွဲတစ်လုံးရှိသည်။ စားပွဲပေါ်တွင်ရေချိုင့်၊ဖန်ခွက်နှင့်
စားပွဲတင်နာရိတစ်လုံးကိုတင်ထားသည်။ သာဘာပတိ၏စားပွဲပေးတွင်လည်း ရေချိုင့်နှင် နာရီတစ်လုံးရှိသည်
        ၇ နာရီအချိန်တွင် ခရစ်ယာန်သာဘာပတိ ဦးရွေမှန်နှင့် ဗုဒ္ဓဘာသာ သဘာပတိဆရာတော်ဦးကုဏ္ဍလ
တို့သည် သဘာပတိများနေရာသို့ ကြွရောက်လာကြပြီး နေရာယူထိုင်နေကြသည်။ ဦးရွေမှန်က ၀ါဒယှဉ်ပြိုင်
ဟောပြောပွဲဖွင့်လှစ်ကြောင်း ကြေညာ၍ သဘာပတိမိန့်ခွန်းကိုစတင်ပြောကြားသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Monday 26 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၁
တပည့်တော်ခုလို ဝေဖန်တာကို ဆရာတော်မဆိုင်းမကွ သွက်သွက်လက်လက်နှင့် အထောက်အထားခိုင်ခိုင် လုံလုံနဲ့ ပြန်ချေပနိုင်တာကိုကြားရတော့..အဲ..ဟိုပွဲမှာဆရာတော်နိုင်ပြီလို့တပည့်တော်ကျိမ်းသေပြောရဲတယ်
ဘုရား၊ ဆရာတော်နိုင်မှာသေချာပါတယ်။ ဟိုဘုန်းကြီးလူထွက်ခရစ်ယာန်တွေဟာတပည့်တော်အခုလိုဝေဖန်
သလောက် မဝေဖန်နိုင်ပါဘူး။ ရင်အေးရတော့တယ်ဝမ်းသာလှပါတယ်ဘုရား ဟုပြောရင်းဆရာတော်အားဦး
သုံးကြိမ်ချ၍ ကန်တော့လေသည်။
                   အလိုတော်ရရွာသို့.....
ဧပြိလ၂၉ရက်နေ့တွင်ဆရာတော်အရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည်မြ၀တိဆရာကြီးဦးအုံးပို့လှူသည့်ဆွမ်းကိုအရှင်မဟာ
နန္ဒ၏ ဗုဒ္ဓသာသနာပြုကျောင်းတွင်ပင်ဘုန်းပေးပြိး နေ့လည် ၁၂ နာရိတွင်အောင်လံမှထွက်ခဲ့လေသည်။
အရှင်မဟာနန္ဒလည်းလိုက်ပါလာခဲ့သည်။ ၀က်ထီးကန်သို့ ညနေအချိန်ရောက်သည်။ဝက်မြေတောကျောင်း
တွင် စတည်းချကြသည် ၀က်မြေတောရကျောင်းတွင် အလိုတော်ရဂိုဏ်းဝင် သံဃာတော်အပါး ၃၀ ခန့်
ရောက်ရှိနေကြသည်။ ၀က်ထီးကန်မြီု့တွင်းမှ ဒကာ၊ဒကာမများလည်းရောက်ရှိလာကြသည်။ဆရာတော်
သည် ရဟန်းရှင်လူပရိတ်သပ်တို့အား ခရစ်ယာန်ဘာသာပေါ်ပေါက်လာပုံ သမ္မာကျမ်းစာအကြောင်ျးနှင့်
ဂီုဏ်းကွဲပုံတို့ကို အကျဉ်းချုပ်၍ဟောပြောသည်။.....နောက်တစ်နေ့ဧပြိလ ၃၀ ရက် နံနက် ၅-နာရိအချိန်
လောက်တွင် အလိုတော်ရဂိုဏ်းဝင်ဆရာတော်များ တစ်ကျောင်းလျှာင်လှည်းတစ်စီးနှင့်လာရောက်ကြီုဆို
ကြရာ လှည်းအစီးပေါင်း ၁၀၀ ကျော်ရှိလေသည်။ နေမထွက်မိပင် ဆရာတော်အရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ စီးနှင်း
လိုက်ပါသောလှည်းကို ရှေ့ဆုံးမှာထား၍ သံဃာတော်များစီးသည့်လှည်းများ ၁၀၀-ကျော်လှည်းတန်းကြီး
သည်ဝက်ထီးကန်မြီု့တွင်းမှဖြတ်၍ အလိုတော်ရရွာဘက်သို့ ဦးတည်မောင်းနှင်လာရာ တစ်မြီု့လုံးအုံးအုံး
ကျွတ်ထွက်၍ကြည့်ကြလေသည်။ ကားဂိတ်တွင် ကော်ဇောခင်းထားသော လှည်းအစီး ၃၀-ခန့်ကိုတွေ
ကြရသည် ပြည်မြီု့မှ ခရီးဆက်လာမည့် ခရစ်ယာန်ဓမ္မဆရာအဖွဲ့ကိုကြီုဆိုရန်စောင့်ဆိုင်းနေသည့်ဥိးရွေ
အောင် ခေါင်းဆောင်သည့် ခရစ်ယာန်တို့၏လှည်းအုပ်စုဖြစ်သည်။ နံနက် ၆-နာရိခန့်တွင် အလိုတော်ရ
ဂိုဏ်းချုပ်ကြီး၏ကျောင်းသို့ ဆရာတော်အရှင်ဥက္ကဋ္ဌတို့အဖွဲ့ရောက်ရှိကြ၍ ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီး
အား ရှိခိုးဝတ်ပြုကြသည်။ ဂိုဏ်းချုပ်ဆရာတော်ကြီး၏၀မ်းမြောက်မှူကားအတိုင်းအတာမရှိလောက်အောင်
ပင်ရှိလေတော့သည်။ ဆရာတော်အရှင်ဥက္ကဋ္ဌ၏ ပခုံးပေါ်လက်တင်၍ နှစ်လိုဖွယ်သော ရဏိယကထာများ
ကိုမြွတ်ကြားလေသည်။
ထို့နောက်ဂိုဏ်းချုပ်ဆရာတော်ဘုရားကြိးဦးဆောင်သော လှည်းတန်းကြိးသည်ကျောက်ကွင်းရွာဝါဒပြီုင်ပွဲ
မဏ္ဍပ်ဆီသို့ ဦးတည်ထွက်ခွာလာကြလေသည်။ နံနက် ၉-နာရိကျော်တွင်ရောက်ရှိပြိး မဏ္ဍပ်ကြီးအတွင်းရှိ
ဗုဒ္ဓဘာသာဘက်သံဃာစင်ပေါ်တွင် ဒကာများက ပင့်ဆောင်နေရာချထားပေးကြသည်။ဗုဒ္ဓဘာသာဝင်များ
အထူးပင်ရွှင်လန်းဝမ်းမြောက်နေကြသည်။ ရွာသူကြီးဦးလှောင်နှင့် ဗုဒ္ဓဘာသာဝင်လူကြီးများစိတ်အေးရပေ
ပြီ ဦးလှောင်၏နှမများဖြစ်ကြသည့် ဒေါ်အေး၊ ဒေါ်ခင်တို့ ခေါင်းဆောင်၍သံဃာတော်များအတွက်ဆွမ်းကွမ်း
ဝေရာဝစ္စကိုချွေးတလုံးလုံးနှင့်စီမံချက်ပြုတ်နေကြသည်။ သူတို့ကားဗုဒ္ဓသာသနာတော်အတွက်မို့ ပင်ပန်းကြ
သည်ဟုပင်မထင် ရွှင်ပြ၀မ်းသာစွာ အားတက်သရောလုပ်ကိုင်နေကြသည်။ သံဃာတော်များကိုမြင်ရသည့်
အပြင်သာသနာ့အာဇာနည် ဘွဲ့ထူးချီလောက်သည့် တောင်တွင်းဆရာတော် အရှင်ဥက္ကဋ္ဌကိုယ်တိုင်ဝါဒပြီုင်
ပွဲဆင်နွဲ့မည်ဟု ကြားသိရသောကြောင့် အားတက်နေကြသည်။ဗုဒ္ဓသာသနာတော်အတွက် အသက်ပင်သေ
စေဟူသော စိတ်ဓါတ်ဖြင့် အပင်ပန်းခံ၍လုပ်ကိုင်ဆောင်၇ွက်နေကြခြင်းဖြစ်သည်။ ဆရာတော်များဆွမ်းဘုန်း
ပေးချိန်တွင် ဗုဒ္ဓဘာသာဝင်ဒကာအချို့ရောက်လာကြ၍ ခရစ်ယာန် ခေါင်းဆောင်ဆရာများက ဟောပြောပွဲ့
အတွက် ညှိ့နှိုင်းဆွေးနွေးလိုကြောင်း လျှောက်ထားသည်။ ထို့နောက် ကျောက်ကွင်း၇ွာမှ ဓမ္မဆရာ ဦးရွေ
အောင်ရေးသားထားသောဗုဒ္ဓဘာသာစစ်တမ်းဟူသော စာအုပ်ကိုဆက်ကပ်ကြသည်။ ထိုနေ့ညနေဘက်
တွင် ခရစ်ယာန်ဓမ္မဆရာခေါင်းဆောင်များလာရောက်၍ ဆရာတော်ကိုနုတ်ဆက်သည်။ သူတို့သည် သာ
ယာဝတီဦးညေယျကို တွေ့ရမည်ထင်မှတ်ထားကြရာ ယ္ခုမူ တောင်တွင်းဆရာတော်အရှင်ဥက္ကဋ္ဌကိုတွေ့
ကြရသောအခါ အလွန်ပင်အံ့အားသင့်နေကြလေသည် သို့သော်သူတို့သည် တိုးတက်ရေးမဂ္ဂဇင်းတွင်ဆ
ရာတော်ဆောင်းပါးများကို ဖတ်ဖူးကြသည်။လူချင်းတစ်ကြိမ်မျှပင်မတွေ့ဖူးပေ.....စကားအနည်းငယ်ပြော
ပြီးနောက်.......ဟောပြောပွဲ့အတွက်သဘောတူညီချက်များရေးဆွဲရန် လျှောက်ထားရာ ဆရာတော်အရှင်
ဥက္ကဋ္ဌက ခရစ်ယာန်ခေါင်းဆောင်များကြိုက်နှစ်သက်သလို ရေးဆွဲရန်လွဲအပ်လိုက်သည်။ ခရစ်ယာန်ခေါင်း
ဆောင်တို့က အောက်ပါစည်းမျဉ်းများကိုရေးဆွဲတင်ပြကြသည်။ ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Saturday 24 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၀
ထိုနေ့တွင်အောင်လံမြီု့ဗုဒ္ဓသာသနာပြုကျောင်းအရှင်မဟာနန္ဒထံတွင်ရပ်နားကြသည်ထိုအချိန်ကဆရာတော်
အရှင်ဥက္ကဋ္ဌသည်ဘားမားဂျာနယ်တိုးတက်ရေးမဂ္ဂဇင်းတို့တွင်အမျီုးသားရေးနှင့်ဘာသာရေးဆောင်းပါးများကို
ရေးသားနေရာ အောင်လံမြီု့မှစာပေလိုက်စားသူတို့ကကြားဖူးနေကြသည်ဆရာတော်ရောက်လာကြောင်းကြား
သိသောအခါလာရောက်ဖူးမျှော်ပြီးမေးမြန်းလျှောက်ထားရာဆရာတော်ကလည်းပြန်လည်ဖြေကြားလေသည်။
                    မြ၀တိ လူထွက်ကြီး ဆရာအုံး
တချိန်ကတရားပွဲများဖြင့်အုတ်အုတ်ကျက်ကျက်စည်ကားကျော်ကြားခဲ့သောစစ်ကိုင်းတောင်ရီုးတွင်သီတင်း
သုံးသည့်နိုင်ငံကျော်ဓမ္မကထိက၀ိပဿနာနည်းပြ"မြ၀တိဆရာတော်"ဟူသောဆရာတော်တစ်ပါးပေါ်ပေါက်ခဲ့
ဘူးသည်။ ထိုဆရာတော်သည် လူထွက်ပြီးသည့်နောက်ပိုင်း အောင်လံမြီု့တွင်လာရောက်၍ အခြေချနေထိုင်
သည်။       ထိုသူကား ဆရာကြီးဦးအုံး ထိုဆရာကြီးသည် ဆရာတော်အရှင်မဟာနန္ဒနှင့် ရင်းနှီးကွိမ်းဝင်၍
ကျောက်ကွင်းဝါဒပြီုင်ပွဲ အကြောင်းကို အလုံးစုံသိရှိပြီးဖြစ်သည်။ သူသည်လည်းဗုဒ္ဓသာသနာကို ချစ်မြတ်
နိုးသူ တစ်ဦးဖြစ်၍ ဗုဒ္ဓဘာသာ ဘက်ကို နိုင်စေချင်သည်။ ပိဋကတ်စာပေတတ်ကျွမ်းသူဖြစ်၍ပိဋကတ်စာ
ပေတချီု့တွင် ချီု့ယွင်းချက်များ ရှိနေသည်ကိုလည်း မကျေနပ်သူဖြစ်သည်။ ဤချီု့ယွင်းချက်များကိုထောက်
ပြ၍ ခရစ်ယာန်တို့က အနိုင်ယူသွားမည်ကိုလည်း စီုးရိမ်သည်။
            ထို့ကြောင့် ဆရာတော်အရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးပြီး ပြီုင်ပွဲအတွက် ကြီုတင်လေ့ကျင့်ရန်
ဆုံးဖြတ်လေသည်။
                   တိုက်ပွဲလေ့ကျင့်ခန်း
ဆရာတော်နှင့် အလာပ  သလာပ အနည်းငယ်ပြောပြီးနောက်၊ ဆရာကြီးဦးအုံးက ပိဋကတ်တော်များအ
ကြောင်းကိုစတင်ဆွေးနွေးသည်။ ဆရာတော်ကလည်းပြန်လည်ဆွေးနွေးသည်...ဆရာတော်ယ္ခုသွားပြီး
ယှဉ်ပြီုင်ဟောပြောရမဲ့ကိစ္စကအတော်မလွယ်ဘူးထင်တယ်ဘုရား၊တဖက်ကလည်းပိဋကတ်စာပေတတ်
ကျွမ်းတဲ့ ဘုန်းကြီးလူထွက်ကြီးတွေပါတယ်ဆိုတာကိုး တပည့်တော်စောစောကလျှောက်ထားခဲ့သလိုပဲ
ပိဋကတ်တော်ထဲမှာ ရှေ့နောက် မညီညွတ်တာတွေ အစပ်အဟတ်မတည့်တာတွေက ကွက်ကြားကွက်
ကြားပါနေတယ်ဘုရား၊ အဲဒါတွေဟာ ဘုရားဟောတွေပဲဆိုပြီး သူတို့က ထောက်ပြဝေဖန်ရင် ဆရာတော်
ဘယ်လိုပြန်ချေပမလဲဘုရား...
အဲလိုဆိုတော့လည်း ဖွတ်မြီးနှင့် ဖွတ်ချည်ဆိုတာမျီုးလိုသူဝေဖန်တဲ့မေးတဲ့အထဲကပဲ အဖြေပြန်ရှာပြီးချေ
ပရမှာပေါ့ ဒကာကြီးရယ်....သိပ်မလွယ်ဘူးထင်တယ်ဆရာတော်...ဒါက ကိုယ်လက်ခံယုံကြည်ဖို့မှမဟုပ်
တာပဲ ပြေလေအောင်ရှင်းရမဲ့သဘောဆိုတော့ အဲဒီပိဋကတ်စာပေကိုပဲ ပြန်ပြီးခံတပ်လုပ်ရမှာပေါ့ဒကာ
ကြီးရယ်...ဒါဖြင့်ရင်ဒီလိုလုပ်ဘုရား...တပည့်တော်က ခရစ်ယာန်ဘက်ကနေပြီး ပိဋကတ်တော်နှင့် ဆရာ
တော်တွေကိုဝေဖန်မယ် အဲဒါဆရာတော်က သူဟာနဲ့သူပြေလေအောင် ပြန်ပြီးချေပကြည့်ပေါ့ဆရာတော်
တိုက်ပွဲအတွက် လေ့ကျင့်ခန်းမျီုးပေါ့ဘုရား...ဘယ့်နှယ်လေးပါဘုရား...သိပ်ကောင်းတာပေါ့ ဒကာအုံးရာ
ဒါမှ ဦးပဉ္ဖင်းလည်း ဟိုမှာ တကယ်တမ်း ဝေဖန်ချေပရတဲ့အခါ တက်နည်း ဆုတ်နည်း ကွေ့နည်း ၀ိုက်နည်း
တိုက်နည်းတွေအကျင့်ရတာပေါ့....ပွဲမ၀င်ခင်အပြင်ကကျင်းပဆိုသလို ဇာတ်တိုက်ကြည့်တဲ့သဘောပေါ့
ဆရာတော်..လုပ်လေ...ကဲကြာတယ်ဗျာ ဒကာအုံး  စလေ  ဤတွင်ဆရာအုံးသည် ပိဋကတ်တွင်တွေ့ရှိ
ရသော ပျော့ကွက်ဟာကွက်များကို စတင်ထိုးနှက်၍ တိုက်ခိုက်ဝေဖန်လေသည်။ ဆရာတော်ကလည်းအ
ညံ့မခံပဲ ပြန်လှန်ခုခံချေပသည် ဆရာကြီးဦးအုံးသည်  ပိဋကတ်စာပေကို နှီုပ်နှိုက်ချွတ်ချွတ် လေ့လာထား
သူဖြစ်သည် စာမှတ်မဟုပ်ပဲတကယ့်စာတတ်ဖြစ်သည် မြ၀တိဆရာတော်ဘ၀ မြန်မာနိုင်ငံ တနံတလျား
တရားပွဲကြီးများကိုပင် အောင်မြင်စွာ ဟောပြောခဲ့သူဖြစ်၍ စကားလည်း တတ်လှသည် အပြောလည်း
ကောင်းလှသည်။အနယ်နယ်အရပ်ရပ်တွင်ရဟန်းရှင်လူမျီုးစုံတို့နှင့်တွေထိခဲ့ရ၍မေးခွန်းပေါငက်းစုံတို့နှင့်
လည်းရင်ဆိုင်ခဲ့ဘူးသူဖြစ်သည်။ဆရာတော်နှင့်ဆရာဦးအုံးတို့၏ပိဋကတ်တိုက်ပွဲကား သူရဲကောင်းနှစ်ဦး
စီးချင်းထိုးသည့် ပွဲနှင့်ပင် တူတော့သည် တစ်ဦးကတင်လိုက် တစ်ဦးကချေပလိုက် အထောက်အထား
အကိုးအကားများပြလိုက်နှင့် ပါဠိတော်၊ အဌကထာ ဋိကာ၊ အနု၊ မဓု၊ယောဇနာ၊ဂဏ္ဍိ၊ စုံတကာစီပြည့်
ဝလှဘိသည်၊ ဘေးမှနားထောင်နေသည့် ပရိတ်သတ်ပင် အသက်မရှူနိုင်အောင်ဖြစ်ရသည်။ ယ္ခုခေတ်
ကဲ့သို့ ရိကော်ဒါ ကက်ဆက်တို့ ပေါ်ပေါက်သည့် အခါသာဖြစ်ခဲ့လျှင် အသံဖမ်းထားလိုက်ပါက ဗုဒ္ဓသာသ
နာအတွက် အလွန်အကျီုးရှိမည့် ပိဋကတ်စစ်တမ်းကြီးကိုရရှိလိမ့်မည်။ ဆရာအုံးမှာလည်း ပြောရင်းပြော
ရင်းစိတ်ပါလာကာ မရပ်မနား တရစပ် တိုက်ခိုက်ဝေဖန်လေရာ နေ့လည်မှသည်  ညနေထမင်းစားချိန်တိုင်
အောင် ကြာမြင့်လာခဲ့ရာ အိမ်သို့ပင်မပြန်ချေ။ အရှင်မဟာနန္ဒ၀ယ်ကျွေးသည့် ချောက်ဆွဲကြော်ကိုစားချိန်
လောက်သာအနားယူလေသည်။ ညနေစားပြီးနောက် ဆက်လက်၍ ဆွေးနွေးဝေဖန်ပြန်သည် ည ၁၂ နာရိ
အချိန်ရောက်သော်မှ နံနက်ဆက်ရမည့် ခရိးအတွက် နတ်မှိဆရာတော် ဦးကလျှာဏက သတိပေးတော့
မှပင် ဆရာအုံးမှာ မချင့်မရဲနှင့် အဆုံးသတ်လိုက်ရသည်။ ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Thursday 22 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၉
ဧပြီလ  ၂၈ ရက် နံနက်တွက် တောင်တွင်းကြီးမှထွက်၍ အောင်လံသို့နေ့ဆွမ်းစားအမှိရောက်၊အရှင်မဟာနန္ဒ
၏ဗုဒ္ဓသာသနာပြုကျောင်းတွင် ထို့နေ့၌ရပ်နားရန်....။ ဧပြိလ  ၂၉ ရက်တွင် နေ့ဆွမ်းစားပြီးအောင်လံမှထွက်
ဝက်ထီးကန်သို့ညနေရောက် ၀က်မြေတောကျောင်းတွင် ထိုညရပ်နားရန်၊   ဧပြိလ ၃၀ရက်နေ့(ကဆုန်လ္ဆန်း)
၁၀ ရက်နေ့ ကြာသပတေးနေ့ နံနက်စောစော ၀က်ထီးကန်၊၀က်မြေတောကျောင်းမှထွက်၊အလိုတော်ရဂိုဏ်း
ချုပ်ဆရာတော်ကြီး၏ကျောင်းသို့ခေတ္တ၀င်ရောက်၍ ဂါဝရပြု ၀တ်ဖြည့်ပြီး၈နာရိခွဲ့ခန့်တွင်ပြန်ထွက်၍ကျောက်
ကွင်းရွာဝါဒပြီုင်ပွဲမဏ္ဍပ်ကြီးသို့ နေ့ဆွမ်းစားချိန်အမှိရောက်။ ထို့နေ့တွင်မဏ္ဍပ်ကြီး၌ရပ်နား၊ မေလ ၁ ရက်နေ့
ဝါဒပြီုင်ပွဲရက်။ ထို့မဏ္ဍပ်ကြီးမှာပင် ကျင်းပမည့် ယှဉ်ပြီုင်ဟောပြောပွဲကြီးသို့တက်ရောက်ရန်။အစိအစဉ်တို့ကို
စနစ်တကျရေးဆွဲ၍အတည်ပြုလိုက်လေသည်။
အရှင်မဟာနန္ဒကလည်း မိမိ၏ခရီးစဉ်ကိုဤသို့ရေးဆွဲသည်.......။
 နောက်တနေ့ကဆုန်လ္ဆန်း  ၆ ရက်နေ့ နံနက်ဆွမ်းဘုန်းပေးပြီးတောင်တွင်းကြီးမြီု့မှထွက် အောင်လံမြီု့ မိမိ
ကျောင်းသို့ခေတ္တ၀င်ပြီး ပြန်ထွက်၍ ညနေ၀က်ထီးကန်အရောက်သွားရန်။ ကဆုန်လ္ဆန်း ၇ ရက် ဧပြိလ ၂၆
ရက်နေ့ဆွမ်းစားအမှိ အလိုတော်ရကျောင်းအရောက်သွားပြိး ဂီုဏ်းချုပ်ဆရာတော်ကြီးအားလျှောက်ထားရန်
ပြီးလျှင် ကျောက်ကွင်းသို့ ဆက်သွား၍ သူကြီးနှင့် ဗုဒ္ဓဘာသာဝင်လူကြီးများအား အကြောင်းစုံပြောဆိုပြီးအ
လို့တော်ရကျောင်းသို့ပြန်လာရန် ထို့ညအလိုတော်ရဂိုဏ်း သံဃာများနှင့်ဆွေးနွေးရန်။ ဧပြိလ ၂၈ ရက်နေ့
တွင် ဆရာတော်တို့အဖွဲ့ အောင်လံမှ စောင့်ကြီုရန်။
       ဗုဒ္ဓသာသနာတော်အတွက် အသက်စွန့်ရဲသူ.....။
အရှင်မဟာနန္ဒ၏ခရိးစဉ်ကား လွန်းပျံခရိးစဉ်ဖြစ်၍ အလွန်ပင်ပန်းခရီးကြမ်းလှသည်။သို့သော်အရှင်မဟာနန္ဒ
ကား ဗုဒ္ဓသာသနာတော်ကို အလွန်ချစ်မြတ်နိုးသည့် ဗုဒ္ဓသာသနာပြုကျောင်း(အောင်လံ)ကျောင်းထိုင်ဆရာ
တော်ဖြစ်၍ ပင်ပန်းသည်ဟုပင်မထင်ပေ၊ ဆရာတော်အရှင်ဥက္ကဋ္ဌကို ကိုယ်တိုင်တွေ့ရပြီး ဆရာတော်ကိုယ်
တိုင် ဦးဆောင်ဟောပြောမည်ဟူသော ကတိကိုရရှိသဖြင့် အလွန်ကျေနပ်ဝမ်းသာနေသည် ခရီးကြမ်းပါစေ
 ပင်ပန်းပါစေ၊ ဗုဒ္ဓသာသနာတော်အတွက် အသက်သေချင်သေပါစေဟုပင် ဆုံးဖြတ်ထားပြီးဖြစ်၏ နောက်
တနေ့ကျောင်းတွင် အရှင်မဟာနန္ဒသည် မိမိရေးဆွဲထားသော ခရီးစဉ်အတိုင်းတောင်တွင်းကြိးမြို့မှထွက်ခဲ့
၍ အလိုတောင်ရကျောင်းသို့ အရောက်သွားပြိး ဆရာတော်ဘုရားကြီးအားအကြောင်းစုံလျှောက်ထား၏
ဆရာတော်ဘုရားကြီး၏၀မ်းမြောက်မှူကား ဆိုဖွယ်ရာမရှိပြိ၊ ထို့နောက် ကျောက်ကွင်းရွာသို့ထွက်ခဲ့ပြိးသူ
ကြီး ဦးလှောင်နှင့် ဗုဒ္ဓဘာသာဝင်လူကြီးများအားအကြောင်းစုံကိုပြောကြားသည်။ဗုဒ္ဓဘာသာဝင်လူကြီးများ
၏၀မ်းသာမှူမှာလည်း အတိုင်းအတာမရှိပြိ၊ ထို့နောက်အလိုတော်ရကျောင်းတွင် ကျိမ်းစက်ပြီး အောင်လံသို့
ပြန်၍ ဆရာတော်တို့အဖွဲ့ကိုစောင့်ကြီုနေခဲ့သည်။ အရှင်မဟာနန္ဒကြွသည့်နေ့တွင် နေရှင်နယ်ကျောင်းသို့
နတ်မှိတောရဆရာတော်ဦးကလျာဏညီမ ကောင်းမှူ့ကျောင်း ဆရာတော်ဦးကေလာသ နှင့် ဆရာတော်အချီု့
သတင်းကြား၍ လာရောက်မေးမြန်းကြသည်။ ဆရာတော်ဥက္ကဋ္ဌက အကြောင်းစုံကိုပြောပြရာမိမိတို့လည်း
လိုပါမည်ဟုပြောကြားသည် ဆရာတော်က မိမိအား အရှင်မဟာနန္ဒကို အလိုတော်ရဂိုဏ်းသံဃာများက
ထောက်ပံ့လိုက်သည့် ငွေ ၅၀ ကိုခရိးစရိတ်အဖြစ်ပေးပါကြောင်း မိမိတို့  ၅ ဦးတည်းသာသွားမည်ဟုဆုံးဖြတ်
ထားသဖြင့် စရိတ် ၅ ကျပ်ကိုသာမိမိလက်ခံယူလိုကြောင်း တည်းခိုရေးစသည်တို့တွင် ၀န်မတက်စေလို့သ
ဖြင့် ၅ ဦးတည်းသာသွားမည်ဟု ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။ နတ်မှိဆရာတော် ဦးကလျာဏ
က မိမိစရိတ်ဖြင့်လိုက်မည် လက်ခံပါဟုအတင်းအကြပ်တောင်းဆိုသဖြင့် လက်ခံလိုက်၇လေသည် ထို့တနေ့
လုံးဆရာတော်နှင့် အရှင်အရိယဓမ္မ ဆရာကြီးဦးကွန့် ဆရာဦးကိုကိုကြီးတို့မှာခရစ်ယာန်ဘာသာနှင့်ပတ်
သက်သည့်မှတ်စု မှတ်တမ်းများကို ရေးကူးရင်းအလုပ်ရှုပ်နေသည် ထို့အချိန်တွင် ဆရာတော်အရှင်ဥက္ကဋ္ဌ
အား ရှုံ့ချခဲ့ကြ ကျဉ်ပယ်ခဲ့ကြသော နေရှင်နေကျောင်းတွင် မိမိ၏ သားသမီးများကို ကျောင်းထားလျှင်ထား
သည့်ဒကာ ဒကာမတို့အား သပိတ်မှောက်မည်ဟု ခြိမ်းခြောက်ရဲသည့် သတ္တိထူးရှိတော်မူကြသောတောင်
တွင်းကြီးမြီု့မှ သာသနာ့အာဇာနည် ဆရာတော်တို့ကား တုပ်တုပ်မျှမလှူပ်ကြ၊ သတင်းကြားသိသော်လည်း
မသိဟန်ဆောင်နေကြသည် ချီးကျူးကြည်ညီုဖွယ် သာသနာ့အာဇာနည်သူရဲကောင်းကြီးတို့ပေတည်း။
        ဗုဒ္ဓဘာသာသနာအဖွဲ့ခရိးထွက်ပြိ.....
 ဧပြိ  ၂ ၈ ရက်နေ့တွင် ဆရာတော်အရှင်ဥက္ကဋ္ဌ ချောင်းဆောင်သော အဖွဲ့ဝင် ၆ ဦးပါဝင်သည့်ဗုဒ္ဓဘာသာ
အဖွဲ့သည်၊ မည်သည့်အခမ်းအနားအဆောင်အယောင်မျှမပါဘဲ စာအုပ်ထုပ်တစ်ထုပ်နှင့် လွယ်အိတ်ကိုယ်
စိလွယ်လျှက် ခရိးသည်တင်ဘတ်(စ်)ကားဖြင့်ပင် တောင်တွင်းကြီးမြီု့မှ အောင်လံမြီု့သို့ စတင်ခရီးထွက်ခဲ့
ကြလေသည်။ နံနက်  ၉  နာရိတွင် အောင်လံသို့ရောက်ရှိရာ၊ ကားဂိတ်တွင် အရှင်မဟာနန္ဒ နှင့်ရဟန်း
(၃-၄) ပါး ကျောင်းသား(၃-၄)ဦးတို့ ကြီုဆိုနေသည်ကိုတွေ့ရလေသည်။ ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Monday 19 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၈
ခရစ်ယာန်ဘက်က  ပထမကြီး၊ ပထမကျော်အောင်ထားတဲ့ ဘုန်းကြီးလူထွက် သင်းအုပ်ဆရာကြီးတွေ၊ဓမ္မဆ
ရာကြီးတွေပါတယ်တဲ့ဆရာတော်  အဲဒါတော့ ဆရာတော်ကြီုတင်သိထားအောင်လျှောက်ထားတာပါဘုရား။
အဲဒါပိုပြီးတော့ကောင်းတာပေါ့ ကိုယ်တော်....မှန်ပါ့ အမိန့်ရှိပါဘုရား....ပါဠိမတတ်တဲ့ခရိယာန်ကျမ်းစာသပ်
သပ်သာတတ်တဲ့လူမျီုးနဲ့ ယှဉ်ပြီုင်ပြောလို့  တပည့်တော် တို့ကနိုင်ဦးတော့ ပါဠိမတတ်လို့ခံလိုက်ရတယ်ဆို
တာမျီုး ဖြစ်နေဥိးမယ်..။တပည့်တော်ကလည်းအလြို ဘုန်းကြိးလူထွက်ခရစ်ယာန်မျီုးနှင့်တွေ့ချင်နေတာအ
တော်ပဲကိုယ်တော်..ဘာဖြစ်လို့လည်းဆရာတော်...အဲဒီလူမျီုးတွေက ဥသြလည်းမဟုပ်ကျီးကန်းလည်းမဟုပ်
တဲ့(အောက်တလိအာ) ဆိုတဲ့လူမျီုးတွေ ပိဋကတ်ကို ကုန်စင်အောင် နှိုက်နှိုက်ချွတ်ချွတ်တတ်မြောက်ထား
တာလည်းမဟုပ်ဘူး လေ့လာထားတာလည်းမဟုပ်ဘူး ပါဠိတတ်တာနဲ့ ပိဋကတ်ကျမ်းစာအနည်းအကျဉ်း
သင်ဖူးတာကို သူတို့ကိုယ်သူတို့ ပိဋကတ်ပါရဂူလို့ထင်နေကြတာ ပထမကြီး၊ ပထမကျော်အောင်တာကိုအ
ဟုပ်ကြီးမှတ်နေကြတာ၊ အကြီးမားဆုံးချွတ်ယွင်းချက်က ဝေဖန်ဆန်းစစ်မှူ့မရှိဘူးအဲဒီလိုဥာဏ်မျီုးလည်းမရှိ
ကြဘူး ဇိနတ္ထပကာသနိလောက် တထာဂတဥဒါနဒီပနိလောက်ကို အပြစ်ပြောနိုင်တာကိုဟုပ်လှပြီလိုထင်
နေကြတာ ဗုဒ္ဓ၀ါဒအစစ်အမှန်ကို သူတို့နားမလည်ကြဘူး။ဒီအထဲအဆီုးဆုံးတစ်ခုရှိသေးတယ်.......။
မှန်ပါ့ဘယ်ဟာပါလဲဘုရား..........ကိုယ့်ယုံကြည်ချက်ကို ငွေကြေးနှင့် အခွင့်အရေးနှင့်လဲလှယ်ရောင်းစား
ပစ်တဲ့အချက်ပေါ့။ ကိုယ်တော်  တပည့်တော်တို့ ပါဠိစာပေမှာ (ဥဒရဟေတု) ၀မ်းရေးဟူသောအကြောင်း
ကြောင့် ခရစ်ယာန်ဘက်ပြောင်းသွားတဲ့သူတွေ ကိုယ်တော်။ ခရစ်ယာန်ကလည်း အပေးအကမ်းအချီးအ
မြှောက် အလွန်ရက်ရောတယ်မဟုပ်လား...။အဲဒီကြားထဲ ဟိုခရစ်ယာန်အင်္ဂလိပ်အစီုးရကလည်းနောက်ခံ
ရှိနေလေတော့ အခွင့်အာဏာပါရှိနေတာပေါ့ ရာထူးနှင့်မျှားပြီးဆွယ်လို့ ခရစ်ယာန်ဖြစ်သွားကြတာတပုံကြီး
ပဲ၊ တပည့်တော်တို့ရဲ့ တောင်ခွင်သာသနာပိုင်ဆရာတော်ကြီးရဲ့ တူတစ်ယောက်ဆိုရင်ရာထူးကြီးရတာနဲ့ခရစ်
ယာန်ဘက်ဝင်သွားတယ်။ ဟော...အခုသူတို့သားဆိုရင် အင်္ဂလန်ပြန်ဘွဲ့တွေဘာတွေနှင့် အခုရန်ကုန်တက္က
သိုလ်မှာ ပါမောက္ခတောင်ဖြစ်နေတယ်...ဒါကြောင့်တပည့်တော်ကအဲဒီလိုဗုဒ္ဓဘာသာကို စွန့်ပြီးခရစ်ယာန်
ဘက်ဝင်သွားတဲ့လူများများပါစေချင်နေတာ။ ပြောရတာလည်းအားနာစရာမလိုဘူး..မခက်ပါဘူးကိုယ်တော်
သူတို့က အိန္ဒိယမှာ တပည့်တော်တွေ့ဆုံ ကြုံကြီုက်ခဲ့ရတဲ့ ခရစ်ယာန်ပါရဂူကြီးတွေလောက် မတော်ပါဘူး
အဲဒီလူတွေကိုတောင် အနိုင်ကြဲနိုင်ခဲ့တာပဲ....။
တပည့်တော်ကတော့  ဆရာတော်ကို ယုံကြည်ပြီးသားပါဘုရား...ထိုနေ့ညက ဒုတိယကျောင်းအုပ်နာယက
ဆရာတော် အရှင်ဇ၀န၏ စီစဉ်ပေးချက်အရ နေရှင်နယ်ကျောင်းအပေါ်ထပ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်ဆရာ
တော်များ၊ဆရာများ ကိုရင်ကြီးများ၊ ကျောင်းသားကြီးများ စည်ကားနေသည်။ အရှင်မဟာနန္ဒက ရောက်လာ
သူများအား ကျောက်ကွင်းဝါဒပြီုင်ပွဲအကြောင်းကို အသေးစိတ်ပြန်လည်ပြောပြနေသည် အားလုံးမှာဆရာ
တော်ကိုယ်တိုင် ဦးဆောင်ဟောပြောမည်ကိုသိရသောအခါ အလွန်အားတက်၍ ကျေနပ်နှစ်သက်ကြသည်
ဆရာကြီး ဦးကွန့် ဆရာဦးကိုကိုကြီးနှင့် အရှင်အရိယဓမ္မတို့သည်။ ဆရာတော်ညွန်ကြားသည့်စာများကိုခေါင်း
စဉ်တွဲ၍ ရေးကူးနေကြသည်။  ဆရာတော်ကမူ အရှင်ဇ၀နအမှူးရှိသော နာယကဆရာတော်များနှင့် သွား
လာရေး ကိစ္စရပ်များကိုဆွေးနွေး တိုင်ပင်နေလေသည်...၀ါဒပြီုင်ပွဲသို့ လိုက်ချင်သူကများနေလေသည်သွား
လာရေးစရိတ်စကနှင့် တည်းခိုနေထိုင်ရေး အဆင်ပြေနိုင်ရန်အတွက် အကျဉ်းချံ့ရန် ဆုံးဖြတ်ပြီး(၅)ဦးသာ
လိုက်ပါရန် အတည်ပြုကြသည်။ အဖွဲ့ခေါင်းဆောင်မှာ အရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးမှာ ဆရာဦးကိုကိုကြီးဖြစ်
၍ဆရာကြီးဦးကွန့်က ဆရာတော်အားကူညီရန် အဖွဲ့ဝင်အဖြစ်အရှင်အရိယဓမ္မ(အင်္ဂလိပ်ကပြား)နှင့် အရှင်
သုတ တို့လိုက်ပါကြရန် စုစုပေါင်း(၅)ဦးသာသွားရန် အတည်ပြုလိုက်ကြသည်။ 
ခရီးအစိအစဉ်......
 ထို့နောက် အရှင်မဟာနန္ဒနှင့် ညှိ့နှိုင်း တိုင်ပင်ပြီးကြွရောက်မည့်အစီအစဉ်ကို အောက်ပါအတိုင်းရေးဆွဲသပ်
မှတ်ကြလေသည်။  ဆက်လက်ရေးသားပါဦးမည်...။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Saturday 17 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၇
အရှင်မဟာနန္ဒရဲ့ကြီုးပမ်းချက်....
နောက်တနေ့နံနက်စောစောတွင် အရှင်မဟာနန္ဒသည်။ ဂိုဏ်းချုပ်ဆရာတော်ဘုရားကြိးအား ကန်တော့ခဲ့ပြိး
ဝက်မြေတောရွာ သို့ထွက်ခဲ့သည်။ ၀က်မြေတောကျောင်းတွင် ဆွမ်းစားပြိးနောက် လှည်းဖြင့် တိတွတ်လမ်း
ကွဲသို့သွားခဲ့သည်။ ပြည်မြီု့မှ ထွက်လာသော တောင်းတွင်းကြိးသွားခ၇ိးတင် ဘတ်စ်ကားစီးပြိးတောင်တွင်း
ကြီးမြီု့သို့ တိုက်ရိုက်ပင်ထွက်ခဲ့သည် အာလံမြီု့ရှိမိမိ၏ကျောင်းသို့ပင် မ၀င်ခဲ့ပေ။ ဆရာတော်အရှင်ဥက္ကဋ္ဌနှင့်
တွေ့ဆုံရန်မှာအဓိကဖြစ်နေသည်။အရှင်ဥက္ကဋ္ဌသည် ဗုဒ္ဓသာသနာတော်အတွက် ဟောပြောပွဲဆိုလျှင်မည်
သည့်အခါမှ အငြင်း နေရာမရွေးလိုက်လေ့ရှိကြောင်း အရှင်မဟာနန္ဒသိရှိပြိးဖြစ်၏သို့သော် နွေရာသီကျောင်း
ပိတ်ရက်တွင်ကျောင်း၌ ရှိ/မရှိ မိမိမသိပေ၊ဆရာတော်သည် ကျောင်းပိတ်ရက်တွင်အခြားမြီု့ရွာများမှပင့်ဖိတ်
လျှင်ကြွလေ့ရှိသည်။  ယနေ့ပင် ကဆုန်လဆန်း  ၅ ရက်ရှိလေပြီ။ပြီုင်ပွဲရက်သည် ကဆုန်လဆန်း  ၁၂ ရက်
နေ့ဖြစ်နေသဖြင့်  ၇ ရက်မျှသာလိုတော့သည်။ အကယ်၍ တောင်တွင်းကြီးမြီု့မှာသာ ဆရာတော်မရှိရင်ဖြင့်
ဆရာတော်ရှိရာမြီု့သိုဖြစ့်သည့် နည်းဖြင့်လိုက်၍ ပင့်ရဦးမည်။
၇ ရက်အတွင်းဆိုလျှင်အချိန်မှိပါသေးသည်  သည်ထက်ရက်နည်းရင်တော့မှိဖို့မလွယ်၊ မမှိလျှင်စချုပ်အရဖြင့်
ဗုဒ္ဓဘာသာက အလိုလိုရှုံးပေတော့မည်။ ဒီနေ့တောင်တွင်းကြီးကိုရောက်မှဖြစ်ပေတော့မည်ဤအတွေးဖြင့်
တိုက်ရိုက်လာခဲ့ရာ။ ညနေ  ၃ နာရိတွင်တောင်တွင်းကြီးမြီု့ နေရှင်နယ်ကျောင်းသို့ရောက်ရှိပြီး ဆရာတော်
နှင့်အဆင်သင့်ပင်တွေ့ရာ ၀မ်းမြောက်မှူ့မှာအတိုင်းအဆမရှိပင်ဖြစ်ရလေတော့သည်။
                 တိုက်ပွဲအတွက်လက်နက်စုပြီ.......
ဆရာတော်အရှင်ဥက္ကဋ္ဌသည် ဒကာတစ်ဦးနှင့် ဗုဒ္ဓရေားရာကို ဆွေးနွေးနေရာ အရှင်မဟာနန္ဒသည်ဆရာ
တော်အား ရှိခီုးဦးချပြီးနောက် ၀င်ရောက်နားထောင်၏ ဆရာတော်နှင့်အရှင်မဟာနန္ဒ၏ ဆက်ဆံရေးမှာ
ဆရာတပည့် သိတင်းသုံးဖော် အပေါင်းအသင်း ဆက်ဆံရေးဖြစ်၏ တစ်ဦးနှင့်တစ်ဦးအကြားတွင် ဘာအ
ဟန့်အတားမအဆင့်အတန်း အားနာစရာဟူ၍မရှိ အရှင်မဟာနန္ဒကလည်း ဆရာတော်အကြောင်းကိုသိ
ရှိပြီးသားဖြစ်၍ ဆွေးနွေးခန်းပြီးအောင် ထိုင်၍ နားထောင်နေသည်။ ဆွေးနွေးခန်းပြီးသောအခါတွင်မှ
ကျောက်းကွင်းအရေးတော်ပုံ၏ အကြောင်းကို အသေးစိတ်လျှောက်ထား၍မီမီ ကူးယူလာသော စာသာချုပ်
ကိုဆက်ကပ်၏ ဆရာတော်သည် စာချုပ်ကို သေချာဖတ်ပြီးနောက် နာယကဆရာတော် အရှင်ဇ၀နကိုအ
ခေါ်ခိုင်း၍ အကျီုးအကြောင်းပြောပြသည်။ ဆရာတော်အရှင်ဇ၀နကမှတဆင့် ဆရာဦးကိုကိုကြီးနှင့်ဆရာ
ကြီးဦးကွန့်တို့ကို ခေါ်ခိုင်းလိုက်ရာ၊မကြာမှိရောက်လာကြ၏စာချဆရာဦးပဉ္ဖင်းများလည်း။ရောက်လာကြသည် ထိုအထဲတွင်ခရစ်ယာန်မှဗုဒ္ဓဘာသာသို့ကူးပြောင်းလာသောအင်္ဂလိပ်ကပြားအရှင်အရိယဓမ္မလည်းပါဝင်လေ
သည်။ ဆရာတော်သည် မီမီ၏အခန်းတွင်း၌ အသင့်ရှိနေသော သမ္မာကျမ်းစာ၊ မူဟောင်း၊မူသစ်များသမ္မာ
ကျမ်းစာ၊အဖွင့်ကျမ်းများ ဘာသာရေးဝေဖန်ထားသည့် မဂ္ဂဇင်းများနှင်ယုဒဿန်ဘာသာပြန်သမ္မာကျမ်းစာ
များကိုထုပ်ပေး၍ မည်သည့်ကျမ်း မည့်သည့်အခန်းက မည်သည့်စညပိုဒ်ကိုကူးဟု..ညွန်ကြားပေလေသည်။
ကျမ်းအမည် အပိုဒ်ရေ၊ စာမျက်နှာ၊စာကြောင်းရေတို့ကိုလည်း အောက်ဘက်တွင်အတိအကျရေးကူးခိုင်း
လိုက်လေသည်။ ဆရာတော်ကိုယ်တိုင်တေးမှတ်ထားပြီးသော စာအုပ်များဖြစ်၍ ရှာဖွေသူများသိပ်ပြီးတော့
မပင်ပန်းလှပေ။
           ဒီလူမျီုးနှင့်တွေ့ချင်တာ.....
အင်္ဂလိပ်ဘာသာစာကိုဆရာဦးကိုကိုကြီးနှင့်အရှင်အရိယဓမ္မတို့ကရေးကူး၍ မြန်မာစာကို ဆရာကြီးဦးကွန့်
ကရေးကူးလေသည်။ အရှင်မဟာနန္ဒသည် ဆရာတော်အရှင်ဥက္ကဋ္ဌ ညွန်ကြားနေသမျှကို ဘာတခုမှဝင်
ရောက်ပြောဆိုဝေဖန်ခြင်းမပြုဘဲ ၀မ်းသာသောမျက်နှာထားဖြင့်ကြည့်နေသည်။ ဆရာတော်၏အရည်အချင်း
ကိုသီပြီးဖြစ်၍ အကြွင်းမဲ့ ယုံကြည့်ထားပြီဖြစ်သည်။ ခရစ်ယာန်ဘာသာစာပေတို့ကိုသာရေးကူးခိုင်းခြင်းသည်
အကြောင်းရှိ၍သာဖြစ်၏ ဖွတ်မြီးနှင့် ဖွတ်ချည်သည့် သဘောပေလား၊ မီမီဥာဏ်မမှိနိုင်၊ပိဋကတ် ပါဋိကျမ်း
များကား ဆရာတော်ဦးနှောက်တွင်းရေးကူးပြီးသားဖြစ်လိမ့်မည်။ သို့သော် အရှင်မဟာနန္ဒက စကားတခွန်း
တော့ ဆရာတော်အားလျှောက်ထားလိုက်သည်။ ဆက်လက်ရေးသားပါဦးမည်..။ အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Friday 16 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၆
ဘယ်သူတုန်းကွဲ  ဘယ်မြီု့ကလဲ  မှန်ပါ တောင်တွင်းကြီးမြီု့ ဗုဒ္ဓသာသနာပြုကျောင်း ကျောင်းအုပ်ဆရာတော်
အရှင်ဥက္ကဋ္ဌ ပါဘုရား..သြော်တောင်တွင်းကြီးကကိုး...သိက္ခာ  ၀ါ ဘယ်လောက်ရှိပြီလဲကွယ့် မောင်နန္ဒရဲ့...
သိက္ခာ ၀ါ  ၂၀ မပြည့်သေးဘူးဘုရား..ဒီနှစ်လောက်မှ ပြည့်မယ်ထင်ပါတယ်ဘုရား..သက်တော် ၃၉ နှစ်
လောက်ရှိပါပြီဘုရား..စာပေ ပရိယတ္တိဘက်ကကောကွဲ့...အသက်မကြီးသေးပေမဲ့ ပညာဂုဏ်တော့မငယ်
ပါဘူးဘုရား..၀ိသုဒ္ဓါရုံထွက်ပါဘုရား...။ ကိုရင်ဘ၀ထဲက ပိဋကတ် သင်ရီုးကုန်ပြီးတော့.ရဟန်းတ၀ါ အရမှာ
စာချပုဂ္ဂိုလ်ဖြစ်ခဲ့ပါတယ်ဘုရား..ပါဠိတ်ာတွေ နှင့် အဌကထာကြီးတွေရော..နိုင်နင်းရဲ့လား...အဲဒါတွေက
အရေးကြီးတယ်ကွဲ့..မှန်ပါ..ပါဠိတော် အဌကထာ  ​​​​ဋိကာ အနုမဓုယောဇနဂဏ္ဍိ  အားလုံးကို အဓိပ္ပါယ်အ
ကောက်အယူ..စုဒ်စေဒနာသောဓနာ နည်းလေးဆယ် သံဝဏ္ဏနာဥာတ်ကောက် ဥပစာဆယ်ပါးနေတ္ထိနည်း
အားလုံးကိုပဲ နိုင်နင်းကျွမ်းကျင်လှပါတယ်ဘုရား...။
အင်းဒီလိုဆိုရင်...ပိဋကတ်အရာတော့ကျမ်းဂန်စွယ်စုံ မုံသောက်မာတင် ပညာရှင်လေးပဲကွယ့် ဟိုကုလား
ဖြူစာဘာသန္တရကောတတ်ရဲ့လားကွယ့်..မှန်ပါ...ကုလားဖြူစာ အင်္ဂလိပ်စာသာမက သက္ကတဘာသာ၊ဟင်ဒိ
ဘာသာ ဘင်္ဂလီ နာဂရိဘာသာ  အူရဒူဘာသာစတဲ့  ဘာသာစာပေစကားများလည်း ဆရာတဆူ ပါရဂူ
ရောက်တတ်မြောက် ကျွမ်းကျင်ပါတယ်ဘုရား..အနောက်ဘက်မဇ္ဈိမ အိန္ဒိယနိုင်ငံမှာ(ရ)နှစ်ကျော်နေပြီး
ဆရာမျီုးစုံထံမှာသင်ယူခဲ့တာပါဘုရား..။ အင်း..သာဓု  သာဓု  သာဓု ၀မ်းမြောက်ပါဘီတော့ မောင်နန္ဒရယ်
မဟုပ်ရင်  သူတို့ရဲ့စာဖြူဘာသာ ကျမ်းတွေရောနိုင်နင်းရဲ့လားကွယ့်..မှန်ပါ..စာဖြူဘာသာကျမ်းစာဖြစ်တဲ့
သမ္မာကျမ်းတွေတင်မကပဲ ၀သီဘာသာ ကိုရန်ကျမ်းနှင့် ဟိန္ဒူဘာသာ မဟာဘာရကျမ်းကြီးတွေကိုပါတတ်
မြောက်နိုင်နင်းပါတယ်ဘုရား..အိန္ဒိယနိုင်ငံမှာ  ဘာသာပေါင်းစုံ ဟောပြောဆွေးနွေးပွဲတွေမှာလည်းဝင်
ရောက်ဟောပြောဆွေးနွေးခဲ့ပါသူဘုရား..ဆရာတော်ဘုရားကြီး သတိမလားမိလို့ပါဘုရား လွန်ခဲ့သော
(၈)နှစ်ကျော် (၉)နှစ်လောက်က(လေတီတရားသတင်းစာကြီး)ထဲမှာဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာသိန္ဒိ
ဘာသာ ပသီဘာသာတွေရဲ့အကြောင်းဆောင်းပါးရေးခဲ့ပါတယ်ဘုရား...။အခုလည်း(တိုးတက်ရေးမဂ္ဂဇင်း)
မှာစာဖြူတို့  ပသီတို့နှင့် အပြီုင်အဆိုင် ဆောင်းပါးတွေရေးနေပါတယ်ဘုရား..သူကိုဘယ်သူမှ နိုင်အောင်
မရေးနိုင်ပါဘုရား.။
ဟာဒီအတိုင်းသာဆိုရင်တော့ ဒို့ဗုဒ္ဓဘာသာဘက်ကအောင်ပွဲခံပြီဟေ့...၀မ်းသာလိုက်တာ  မောင်နန္ဒရယ်
အဲဒီကိုယ်တော်ဘွဲ့က...ဘယ်သူကွဲ့.... ဆရာတော်အရှင်ဥက္ကဋ္ဌပါဘုရား..အေး..အေး..အဲဒီမောင်ဥက္ကဋ္ဌကို
အမြန်ဆုံးသာရအောင်ပင့်ပေတော့ကွယ်...ဂီုဏ်းသံဃာများလည်း မောင်မဟာနန္ဒလိုအပ်သမျှအားလုံးအကူ
အညီပေးကြကွယ့်  ကဲကဲအားလုံးဆွမ်းဘုန်းပေးကြမယ်။..အခုမှပဲရင်ထဲက အလုံးကြီးကျသွားတော့တယ်..
အရှင်မဟာမောင်နန္ဒရောက်ရှိလာသောသတင်းသည် ဦးပဉ္ဖင်း  ကိုရင် ကျောင်းသားများမှတဆင့်ပျံ့နှံ့သွား
ရာ အလိုတော်ရရွာသာမက အနီးအနားရှိရွာများကပါ လူရှင် ရဟန်းတို့ရောက်ရှိလာကြသဖြင့် အလိုတော်
ရကျောင်းတွင်စည်ကားနေသည်။ အရှင်မဟာနန္ဒလည်း  ဆရာတော်အရှင် ဥက္ကဋ္ဌအကြောင်းပြောရမေးသမျှ
ဖြေရနှင့် တနေ့လုံးမနားရပေ ညဘက်တွင်လည်း။ ဂီုဏဉ်းချုပ်ဆရာတော်ဘုရားကြီးမေးသမျှဖြေကြားရ၏
ဆရာတော်ကြီးကား အရှင်ဥက္ကဋ္ဌကဲ့သောသို့ စွယ်စုံတိုက်စစ်မှူးတဦးကိုရရှိတော့မည်ဖြစ်၍ ၀မ်းသာရှင်ပြနေ
လေသည်။ အရှင်မဟာနန္ဒသည် ၀ါဒပြီုင်ပွဲစာချုပ်မူရင်းကို  ကူးယူလိုက်ပြီး အိပ်ယာသို့ဝင်ခဲ့လေသည်။
  ဆက်လက်ရေးသားပါဦးမည်..။ အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Thursday 15 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၅
ဓမ္မဆရာ ဦးရွေအောင်နှင့် ခရစ်ယာန်အုပ်စုမှာကျိမ်းသေနိုင်ပြီဟုတွက်ဆကာ ပျော်တပြုံးပြုံး မော်မဆုံးဖြစ်
နေကြလေသည်။ မိမိတို့တာဝန်ယူထားသည့် မဏ္ဍပ်အစိတ်အပိုင်းကိုအစွမ်းကုန်မွန်းမန်ချယ်လှယ်နေကြ
လေသည်။ ခရစ်ယာန်တို့ဘက်မှ ယှဉ်ပြီုင်ဟောပြောမည့်ပုဂ္ဂိုလ်များစရင်းတွင် ဦးရွေမှန်၊ ဦးသာဒင်(ရန်ကုန်)
နှင့်နောက်နာမည်တူ ဦးသာဒင် မန္တလေးတို့၏အမည်များမှာ ထိပ်ဆုံးမှာပေါ်ထွက်လာ၏။ ဦးရွေမှန်သည်
အင်းစိန် ကျမ်းစာသင်ကျောင်းမှ ကျောင်းအုပ်ကြီးဖြစ်ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်ဂိုဏ်းပေါင်း
စုံအဖွဲ့ချုပ်ကြီး၏ နာယကကြီးလည်းဖြစ်သည်။ပါဋ္ဋိပိဋကတ်အရာတွင် ပထမကျော်အောင်ခဲ့သည့်ဘုန်းကြီး
လူထွက်ဖြစ်သည်။ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းလာသောသူဖြစ်သည်။ဦးသာဒင်နှင့်ဦးစ
လုံးမှာလည်း ထိုခေတ်က ပထမကြီးအောင်ခဲ့သော စာချဘုန်းကြီးလူထွက်များဖြစ်ကြ၏ ပိဋကတ်ကို ထုံး
လိုချေ ရေလိုနှောက်၍ မွေနိုင်သူများဟု နာမည်ကျော်နေသူများဖြစ်၏ ဦးရွေမှန်နည်းတူ ဗုဒ္ဓဘာသာမှ ခရစ်
ယာန်ဘာသာသို့ကူးပြောင်းခဲ့သူများဖြစ်၍ အဟောအပြောအလွန်ပင်ကောင်းသည့်ဓမ္မဆရာကြီးများဖြစ်သည်
              ဤပုဂ္ဂိုလ်ကြီးသုံးဦးသည် ဗုဒ္ဓဘာသာကိုယှဉ်ပြီုင်ချေဖျက်ရာ၌စံပြစရာအကောင်းဆုံး ပုဂ္ဂိုလ်ကြီး
ပင်ဖြစ်ပေသည်။အင်္ဂလိပ်စာပေနှင့် သမ္မာကျမ်းစာများကိုပါ ကျွမ်းကျင်ကြသဖြင့် ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်
ဘာသာတို့ကို ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များဖြစ်သောကြောင့် မိမိတို့ကျိမ်းသေအောင်ပွဲဆင်ရမည်ဟုဓမ္မဆရာ
ဦးရွေအောင်တို့ဘက်မှ ဟိန်းဟောက်ထားသည်မှာ ဟိန်းဟောက်လောက်ပါ၏။
                     ဂီုဏ်းချုပ်ဆရာတော်ဘုရားကြီး၏သောက......
ဂီုဏ်းချုပ်ဆရာတော်ဘုရားကြီးကား ဆွမ်းဘုန်းမပေးနိုင်သည်အထိဗုဒ္ဓသာသနာတော်အတွက်စိတ်ထိခိုက်
နေလေသည်။ဗုဒ္ဓသာသနာတော်သည်စစ်မှန်သော ၀ါဒဖြစ်ပါလျှာက်ယှဉ်ပြီုင်ဟောမည့်သူမရှိသောကြောင့်
သာအရေးနိမ့်ရလျှင် သာသနာတော်၌ အသက်ရှင်လျှက်နေဖို့မကောင်းတော့ပေ သေသောမှာသော်"သြော်"
ကောင်၏ ဟူသောအဖြစ်မျီုးသို့ ဆိုက်ရောက်နေချေပြီဟု တွေးတောကာ စိတ်မောနေရလေသဖြင့်အဟာရ
ကိုပင်ကောင်းစွာမဘုန်းပေးနိုင်တော့ချေ။ ပြီုင်ပွဲသတင်းကားမြန်မာပြည်အလယ်ပိုင်းတ၀ိုက်နှင့်မြစ်ဝကျွန်း
ပေါ်ဟင်္သတ၊ မြန်အောင်၊ကြံခင်း၊အနောက်ဘက်အထိပျံ့နှံ့၍နေသည်။ပြီုင်ပွဲရက်ကလည်း တစ်နေ့ထက်တစ်
နေ့နီးက်၁ငနေချေပြီ။
                      ဓမ္မသောကအေးရလေပြီ........
 ၁၂၉၈ ခုနှစ်ကဆုန်လဆန်း ၄ ရက်/ ၁၉၃၆ခုနှစ် ဧပြီလ ၂၃ ရက်၊ ကြာသာပတေးနေ့ထိုနေ့ကားရက်ပေါင်း
များစွာသောကရောက်နေရရှာသော အလိုတော်ရဂီုဏ်းချုပ်ဆရာတော်ဘုရားကြီးအဖို့သောကထွက်ပြေးဘ
ဝင်အေးရမည့်နေ့ဖြစ်ပေသည်။အာလန်(ယ္ခုအောင်လံမြီု့) ဗုဒ္ဓသာသနာပြုကျောင်း ကျောင်းအုပ်ဆရာတော်
လေးရှင်မဟာနန္ဒသည် ၀က်ထီးကန်သို့ ကိစ္စတစ်ခုအတွက် ဆိုက်ရောက်လာသည်။ဝါဒယှဉ်ပြီုင်ပွဲကိုကြား
သည့်ပြီးဖြစ်သဖြင့် အခြေအနေကို စနည်းနာကြည့်ရာ မရေရာသည့်အဖြေကိုရရှိသဖြင့် သတင်းအတိအကျ
သိရှိလိုသဖြင့် အလိုတော်ရကျောင်းသို့လာခဲ့သည်၊ ဂီုဏ်းချုပ်ဆရာတော်ကြီးမှာ  မူလကပင် ဆရာတပည့်
ပမာ ရင်းနီးကျွမ်းဝင်ပြီးဖြစ်သဖြင့် အခြေအနေကိုမေးမြန်းလျှောက်ထားကြည့်ရာ ယှဉ်ပြီုင်ဟောပြောမည့်
ပုဂ္ဂိုလ်မရရှိသေးသည့်အကြောင်းကိုကြားသိရလေတော့သည်။
        တပည့်တော်က ဦးညေယျ ကိုယ်တော်ကြီး ခေါင်းဆောင်ဟောပြောမယ်၊ မန္တလေးနဲ့ ပခုက္ကူကကိုယ်
တော်တွေလည်းပါမယ်ဆိုတာနဲ့ အေးနေတာပါဘုရား အခုဒီရောက်မှပဲ ဘယ်သူမှမလာတော့ ဆရာတော်
ရဲ့တာဝန်ဖြစ်နေတယ်ဆိုတာသိရတာပါဘုရား  ' အေးလေ အဲဒိမောင်ညေယျတို့' မန္တလေး၊ ပခုက္ကူတို့အ
ကြောင်းမပြောချင်တော့ဘူး မောင်နန္ဒရယ်...ရက်ကလည်းနီးလှပြီ။ အဲဒါမောင်နန္ဒကူညီနိုင်မယ်မလားကွယ်။
မှန်ပါကူညီနိုင်ပါတယ်ဘုရား..ဒါပေမဲ့...တပည့်တော်ကိုယ်တိုင်တော့ ၀င်ရောက်ဟာပြောမှာ မဟုပ်ဘူးဘုရား
ဟင်.....ဘယ်လိုလဲဟဲ့..မောင်နန္ဒရဲ့....မောင်ပဉ္ဇင်းဟာက ကူညီနိုင်သေးလဲဆိုသေးရဲ့...ရှင်းအောင် လျှောက်
စမ်းပါဦးကွယ့်...တပည့်တော်ထက်တော်တဲ့  တပည့်တော်ရဲ့ဆရာတစ်ပါးရှိပါတယ်ဘုရား......။
ဆက်လက်ရေးသားပါဦးမည်။  အရှင်မုနိန္ဒ..။
>>>ဆက်ဖတ်ရန်>>> >>
Tuesday 13 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၎
အလိုတော်ရဂီုဏ်းဝင်ဆရာတော်တို့ကား..နိုင်ငံကျော်ဓမ္မကထီက သာယာဝတီဦးညေယျ၏ အမည်ကိုကြား
ဖူးကြလေသည်။အဟောအပြောကောင်းကြောင်းကိုလည်းကြားဖူးကြသည် ခရစ်ယာန်ဘာသာကိုရှုံ့ချရေး
သားနိုင်သူဖြစ်ကြောင်း ကြားသိရသောအခါ ပုမိုအားတက်ကြသည်။ ထို့ကြောင့် ဂီုဏ်းချုပ်ဆရာတော်ဘု
ရားကြီးအားအကျီုးအကြောင်းလျှောက်တင်ပြသောအခါ အမြန်ဆုံးပင့်ဖိတ်အကြောင်းကြားရန် အမိန့်ရှိ
တော်မူလေသည်။   ဂီုဏ်းဝင်ဆရာတော်တို့သည် ဦးညေယျထံသို့ အကြောင်းစုံစာရေး၍ လျှောက်ထား
ကြပြန်သည်။  ဆရာတော်ဦးညေယျကို ပင့်ပြီဟူဟောသတင်းသည်ဗုဒ္ဓဘာသာဝင်များဘက်က ဓမ္မကထိက
အကျော် သာယာဝတိ ဦးညေယျ ခေါင်းဆောင်၍ယှဉ်ပြီုင် ဟောမည်ဟူသောသတင်းအဖြစ်သို့ပြောင်းလဲပြီး
 ပျံ့ နှံ့သွားလေသည်။ဗုဒ္ဓဘာသာဝင်များက ဦးညေယျကိုကြားဖူးသဖြင့်အားတက်နေကြလေသည်။
        လောကမှန်ကိုဖတ်ဖူးသူများလည်းဗုဒ္ဓဘာသာဘက်မှနိုင်ပြီဟု တထ်ချတွက်ချနေကြသည်ဤသတင်း
ကခရစ်ယာန်တို့ဘက်အထီပျံ့နှံ့သွားလေသည်။  သို့သော် အမှန်တကယ်ဖြစ်ရန်ကား ဆရာတော်ဦးညေယျ
ထံမှ မည်သည့်သတင်းမှ မရရှိခြင်းပင်ဖြစ်ပေသည်။ အလိုတော်ရဆရာတော်များကနောက်ထပ်ပြန်ပြီးတော့
တောင်းပန်စာရေးပြန်သည် စိတ်ချရအောင်ဆိုပြီး ကြေးနန်းရီုက်၍သတင်းပို့ကြသည်။ ဦးလှောင် တို့ကလည်း
ဦးညေယျကိုပင့်တယ်ုကြားရသဖြင့်ပျော်ရွင်အားတက်နေကြသည်။ အကြမ်ကြိမ် ကြေးနန်းရိုက်၍ပင့်သော်
လည်း ပြန်ကြားချက်ကိုမရကြသောအခါ အလိုတော်ရဂီုဏ်းမှ ဆရာတော်အချီု့ ရန်ကုန်သို့လိုက်သွားကြပြီး
ဆရာတော် ဦးညေယျနဲ့တွေဆုံကာလျှောက်ထားကြ၏  အမျီုးမျီုးလျှောက်ထားကြ၏ ခိုင်လုံသောအကြောင်း
ပြချက်မရှိပဲငြင်းလွတ်လိုက်၏ မန္တလေးပခုက္ကူစသည့်မှပုဂ္ဂိုလ်များကို ပင့်ပါဟုညွန်ကြားလိုက်လေသည်။
ခရစ်ယာန်ဘက်မှ ဘုန်းကြီးလူထွက် ဓမ္မဆရာကြီးများပါဝင်လိမ့်မည်ဟူသော သတင်းကို ဦးညေယျကြား
ပြီးသည်ဟုထင်၏။
               အချင်းချင်းတော့ဆော်ရဲသည်.....
ထိုသည့် ဦးညေယျ ကိုတော်ကြီးသည် သာမန်ပုဂ္ဂိုလ်မဟုပ် ခရစ်ယာန်နှင့်သာ ယှဉ်ပြီုင်ဟောခြင်းမပြုရဲသော်
လည်း'...ကိုယ့်ဘ၀တူ အရန်းအချင်းချင်းကိုသာပြောရဲဆိုရဲသည်ပိဋ္ဋကတ်အရာ မညှည့်သာအောင်မီမီထက်
အများကြီးသာသောအရှင်အာဒိစ္စ၀ံသကိုဂျူဗလီဟော ပကာသနိယ အစည်းအဝေးကြီး၌"ဘုန်းကြီး ဦးတူး
ချီးလူး ပုံပြင်"ဖြင့် ရက်ရက် စက်စက်ပွဲကျအောင်ပြောတတ်သူဖြစ်၏ လူပျံတော် ပညာရှိတစ်ဦးကိုရေးခိုင်း
ပြီး သူကအမည်ခံကာ နေစရာရှာမရ၊မာလကကွင်းပြင်၊ပမာဒစရင်းဝင်တယ်၊အဖျင်းတွင် ထိပ်ဆုံး၊ အာဒိစ္စ
ယောက်ဖကုလာနာ(ကာလနာ)ရယ် ဘောက်ကျတာတွေကိုလျှော့လိုက်ပါဦး"..အစရှိသောတေးထပ်ကဗျာ
ကို သတင်းစာတွင် ထည့်ရေးသူ အာဇာနည်ပုဂ္ဂိုလ်ကြီးပင်တည်း။ အလိုတော်ရဂိုဏ်းဝင်ဆရာတော်များအား
စိတ်ပန်းလူနွမ်းဖြစ်ကာ ရန်ကုန်မှပြန်လာခဲ့ကြ၏ မန္တလေးပခုက္ကူစသော မြီု့ကြီးများမှလည်း ပြန်ကြားချက်ကို
မျှော်လင့်ရန်အသင့်ရှိတော့သည်။သို့သော်လည်း ထိုမြီု့များမှပြန်ကြားချက်ကိုမရခဲ့ပေ။ဦးညေယျရဲ့ငြင်းဆို
လိုက်ကြောင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီးအား မလျှောက်ထားပဲဖုံးကွယ်၍ထားကြ၏..မောင်ညေယျမ
ဂောက်သေးဘူးလား..ဟုနေ့စဉ်မေးနေသောကြောင့် တာရှည်ဖုံးကွယ်ထားရန်မဖြစ်နိုင်တော့ပေ။ အချိန်
မှာလည်း တဖြည်းဖြည်းကုန်သည်ထက်ကုန်လာ၍ ကဆုန်လဆန်းသို့ပင်ဆိုက်ရောက်လာချေပြိ။
ထို့ကြောင့်ဦးညေယျမလာနိုင်ကြောာင်းကို ဖွင့်ဟ၍လျှောက်ထားရလေတော့သည်။ဂိုဏ်းချုပ်ဆရာတော်ကြီး
မှာ အလွန်ပင် စိတ်မချမ်းမသာဖြစ်ရလေရှာသည်။ တပည့်ဆရာတော်များက ပခုက္ကူ မန္တလေးတို့မှအကြောင်
ပြန်ကြားချက်မရသေးကြောင်းလျှောက်ထားကြရသည်။ အလိုတော်ရကျောင်းသို့ အမြဲသတင်းမေးနေသော
ဦးလှောင်တို့မှာလည်း ဦးညေယျမကြွရောက်နိုင်ကြောင်းကို သိသွားကြသဖြင့်အလွန်စိတ်အားငယ်သွားကြ
လေသည်။ဂိုစ်းချုပ်ဆရာတော်ကြီးကဖြစ်အောင်စိစဉ်ပေးမည်ဟူ၍ဟာတွေးတောပြီးစိတ်ကိုဖြေနေရပါသည်။
                    ခရစ်ယာန်တို့အားတက်ပြီ.....
          ခရစ်ယာန်တို့ကလည်း ရန်ကုန်၊မန္တလေး၊ ပုသိမ်၊မော်လမြီုင်၊မေမြီု့၊တော်ငူ စသောမြီု့များ၌ဂိုဏ်းချုပ်
များထံသို့ စာရေး၍၎င်း လူကိုယ်တိုင်သွားရောက်၍၎င်း ကျီုးကြောင်းရှင်းပြ၍ ဆွေးနွေးကြလေတော့သည်။
ခရစ်ယာန်ဂိုဏ်းများကလည်း အချင်းချင်းဆွေးနွေး၍ ယျဉ်ပြီုင်မည့် သူကိုရွေးပေးကြသည်။ အဓိကယှဉ်ပြီုင်
ရမည့်သူများအပြင် အထောက်အကူပြုမဲ့သူများ အရန်လိုက်ပါမည့် သူများကိုပါရွေးချယ်ပေးသည့်အပြင်
ငွေကြေးမအျားပါ ၀ိုင်းဝန်းကူညီ၍ ထောက်ပံ့ကြသည်။ ဆက်လက်ရေးသားပါဦးမည်....။
အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Saturday 10 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၃
အလိုတော်ရဂိုဏ်း....
    အလိုတော်ရရွာသည် ကျောက်ကွင်းရွာ၏ အနောက် အနောက်မြောက်စွန်းစွန်း နှစ်မိုင်ခွဲခန့်အကွာတွင်ရှိ
လေသည်။ ထိုရွာတွင် သါတော်(၅၆) ၀ါ သက်တော်(၈၅)နှစ် ရှိတော်မူသော ဂိုဏ်းချုပ်ဆရာတော်ဘုရားကြိး
သိတင်းသုံးတော်မူသည်။ ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရာ ရွာကိုအစွဲပြု၍ ဆရာတော်ဘုရားကြီး
 ဦးစီးတော်မူသောဂီုဏ်းကို အလိုတော်ရဂီုဏ်းဟုခေါ်ကြသည်။ အလိုတော်ရဂီုဏ်းဝင်ဘုန်းတော်ကြီးကျောင်း
ပေါင်း (၈၀) ကျော်ရှိလေသည်။
    သူကြီးဦးလှောင်နှင့် ကျောက်ကွင်းရွာ၏ ပတ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာဝင်လူကြီးများသည် ၀ါဒပြီုင်ပွဲစာချုပ်
ချုပ်ဆိုပြီးနောက် မဏ္ဍပ်ထိုးရေး ဧည့်ခံကျွေးမွေးရေးတို့ကိုသာ အဓိကထား၍ လုံးပန်းနေကြသည်။ ၀ါဒပြီုင်
ပွဲတွင်ဗုဒ္ဓဘာသာဝင်များဘက်မှ ယှဉ်ပြီုင်ဟောမည့် ပုဂ္ဂိုလ်ရှာဖွေရေးအတွက်မူ ပတ်ဝန်းကျင်တွင် ပိဋ္ဋကတ်
စာပေတတ်ကျွမ်းသော ဆရာတော် ရဟန်းများရှိနေသဖြင့် ပူပန်ကြောင့်ကြမှူ့ မရှိကြချေ။ ဘယ်ဆရာတော်
ဖြစ်ဖြစ်ယှဉ်ပြီုင် ဟောပြောနိုင်မည်ဟု ယူဆသောကြောင်ခပ်အေးအေးပင်နေကြသည်။
ခရစ်ယာန်ဘက်ကမူ ယှဉ်ပြီုင် ဟောပြောမည့် ပုဂ္ဂိုလ်ကို အဓိကထား၍ စဉ်းဝေးကြသည်။ အကောင်းဆုံးအ
တော်ဆုံး ဆရာကိုရအောင်ရှာပြီး ပင့်ဖိတ်ရန်ဆွေးနွေးကြသည်။ ငွေဘယ်လောက်ကုန်ပါစေ ဖြစ်သည့်နည်း
ဖြင့်ရှာဖွေထည့်ဝင်ကြသည်။ ဤအရေးသည် ကျောက်ကွင်း တစ်ရွာတည်း၏ အရေးမဟုပ် ခရစ်ယာန်တစ်
ရွာလုံး၏ အရေးဖြစ်သည် နိုင်မှဖြစ်မည်။ ထို့ကြောင့် ဓမ္မဆရာ ဦးရွေအောင်အား ရန်ကုန် မန္တလေး စသော
မြီု့ကြီးများသို့ သွားရောက်ရန် တာဝန်လွဲလိုက်သည်။
ဗုဒ္ဓဘာသာဝင်များဘက်က နီးစပ်ရာ ရွာဦးကျောင်ဆရာတော်များကို လျှောက်ထားကြည့်တော့မှ မလွယ်ကူ
ကြောင်းတွေ့ရှိရသည်။ အများစုမှာ ပိဋ္ဋကတ်တော် တတ်ကျွမ်းကြပါ၏ ခရစ်ယာန်ဘာသာအကြောင်း တစ်
လုံးတစ်ပါဒမျှ မသိရှိကြချေ။စိတ်ဝင်စားမှူ့မရှိသဖြင့်မလေ့လာကြ။ခေတ်ပညာမတတ်ကြ၊ ထို့ကြောင့် ခေတ်
အမြင်လည်းမရှိကြဘဲပိဋ္ဋကတ် တဘက်မြင်များသာဖြစ်ကြလေသည်။
      ဂိုဏ်းချုပ်ကြီးထံသို့......
ဦးလှောင်နှင့် ဗုဒ္ဓဘာသာဝင်တစ်စုသည် ဤကိစ္စအတွက် ဂိုဏ်းချုပ်ဆရာတော်ကြီးကို လျှောက်ထားတိုင်
ပင်မှ ဖြစ်တော့မည်ဟုဆုံးဖြတ်ပြီး စာချုပ်ကိုပါ ယူဆောင်၍ အလိုတော်ရဂီုဏ်းချုပ် ဆရာတော်ကြီးထံသို့
 သွားရောက် လျှောက်ထားကြလေသည်။ စာချုပ်ကိုလည်းပြသကြ၏  ဆရာတော်ကြီးမှာ သက်တော်ကြီး
၍နားလေးနေသဖြင့် ဦးပဉ္ဇင်းကြီးတစ်ပါးမှ တဆင့်အသံကျယ်ကျယ်ဖြင့် လျှောက်ထားရသည်။ဂိုဏ်းချုပ်
ဆရာတော်ဘုရားကြီးသည်လျှောက်ထားချက်ကို နားလည်သွားပြိးနောက် စာချုပ်ကို ဖတ်ရှူ့တော်မူသည်
ထို့နောက် ဂိုဏ်းတွင်းသံဃာအစည်းအဝေးခေါ်ယူပြီး သင့်တော်သလိုစီမံပေးမည် ဖြစ်ကြောင်း ဦးလှောင်
တို့အား မိန့်ကြားတော် မူလိုက်လေသည်။ ဦးလှောင်တို့ လူတသိုက်လည်း ပူပန်မူလျော့နည်းသွားသော်
လည်း စိတ်မောလူမောဖြစ်ကာပြန်လာကြလေသည်။ ရွာတွင် အသင့်စောင့်နေကြသော ဗုဒ္ဓဘာသာဝင်
များအား ဂိုဏ်းချုပ်ဆရာတော် ဘုရားကြိးက စီမံတော်မူမည်ဖြစ်ကြောင်းသာပြန်ကြားရပါတော့သည်။
       တိုက်ပွဲဗိုလ်ချုပ်ရှာပြီ......
ဂိုဏ်းချုပ်ဆရာတော် ဘုရားကြီးသည် ဂိုဏ်းဝင်ကျောင်းပေါင်း(၈၀)ကျော်မှ ချောင်းဆောင်ဆရာတော်များ
ကိုပင့်ဖိတ်စေ၍ အလိုတော်ရကျောင်းတွင် စည်းဝေးစေသည်။ ဂိုဏ်းဝင်ဆရာတော် အသိးသီးက အကြံအ
မျီုးမျီုး လျှောက်ထားကြသော်လည်း ယှဉ်ပြီုင်ဟောပြောမည့် ပုဂ္ဂိုလ်ဂိုဏ်းဝင်ဆရာတော်များထဲမှာပေါ်ထွက်
မလာဘဲဖြစ်နေသည်။ ဤအရေးအခင်းမှာ အလိုတော်ရဂိုဏ်း၏ အရေးအခင်းသာမကဘဲ ဗုဒ္ဓဘာသာ၊ဗုဒ္ဓ
သာသနာ တော်အတွက်အရေးကြီးသော အရေးအခင်းဖြစ်သည်ဟု ဂိုဏ်းဝင်ဆရာတော် အားလုံးကပင်
တညီတညွတ်တည်း သဘောထားကြသည်မီမီတို့ဂိုဏ်းထဲမှာ ယှဉ်ပြီုင်ဟောပြောမည့် ပုဂ္ဂိုလ်များမထွက်
သော်လည်း ရဟန်းသာမဏေ ရှစ်သောင်းကျော်မျှရှိသော မြန်မာနိုင်ငံတွင် ခရစ်ယာန်နှင့် ယှဉ်ပြီုင်ပြော
ရဲမည့် အာဇာနည်ပုဂ္ဂိုလ်ရှိရမည်။ ထိုပုဂ္ဂိုလ်မျီုးကိုတွေ့အောင်ရှာ၍ ရအောင်ပင့်ဆောင်နိုင်ဖို့သာ အရေး
ကြီးသည်။ ထို့ကြောင့် ဂိုဏ်းဝင်ကျောင်းဆရာတော်တို့သည် မြီု့  ရွာကြီးလျှင် ငွေ ၁၀  ငယ်လျှင် ၅ ကျပ်
ကျထောင့်ပံ့ကူညီရမည်ဟုဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးကမိန့်ကြားတော်မူလေသည်။ အားလုံးထောက်
ပံ့ကြရာ ငွေကြေးအတွက် ပူပန်စရာမရှိတော့ပဲ အားလုံးပြည့်စုံသွားလေသည်။
ထို့နောက်ဂိုဏ်းဝင်ဆရာတော်တို့သည် အသိးသီးတာဝန်ယူလိုက်ကြပြီး အလိုတော်ရဂိုဏ်းချုပ်ဆရာတော်
ကြီး၏ကျောင်းတွင် ဥာနချုပ်ပြုလုပ်၍ ရန်ကုန်မန္တလေး ပခုက္ကူ ပုသိမ် မော်လမြီုင်စသော မြီု့ကြီးများရှိဂိုဏ်း
အုပ်ဆရာတော်များထံသို့ ဂိုစ်းဂဏမရွေးချယ်ပဲ စာရေးလျှောက်ထားကြသည်။ကြေးနန်းရိုက်၍ အကြောင်း
ကြားကြသည်။ မီမီတို့ ကိုယ်တိုင်မကြွနိုင်လျှင်လည်း ကြွရောက် ယှဉ်ပြီုင်မည့် ပုဂ္ဂိုလ်ကို ညွန်ကြားကြပါရန်
အကြောင်းစုံစွာဖြင့် လျှောက်ထားကြသည်။
           သာယာဝတိဦးညေယျ......
 သို့ရာတွင်မန္တလေး ပခုက္ကူစသောမြီု့ကြီးများမှ မည်သည့်ပြန်ကြားချက်ကိုမှမရခဲ့ပေ ရန်ကုန်မှ ဆရာတော်
အချီု့ကမူ ဓမ္မကထီက ဦးညေယျကို ပင့်ဖိတ်ရန် အကြံပေးစာပြန်ကြားပြန်သည်။ ဦးညေယျသည် ထို့အချိန်
က နိုင်ငံကျော် ဓမ္မကထီကဆရာတော်ဖြစ်၏ အသံကောင်းသည် အဟောအပြောကောင်းသည် အာဝဇွန်း
ရွင်သည်။ ထို့အပြင်"လောကမျက်မှန်" စာစောင်၌ ခရစ်ယာန်ဘာသာကိုရှုံ့ချသည့်စာများကိုရေးသားနေ
သဖြင့် လူသီများ၍ကြော်ကြားသည်။ ထို့ကြောင့် ယခုခရစ်ယာန်ဘာသာနှင့် ယှဉ်ပြီုင်၍ ဟောပြောရမည့်
ဝါဒပြီုင်ပွဲတွင် ဦးညေယျသည် အသင့်တော်ဆုံးဖြစ်သည်ဟု ယူဆပြီး ရန်ကုန်ဆရာတော်အချီု့ကညွန်ကြား
ကြချင်းဖြစ်လေသည်။ ဆက်လက်ရေးသားပါဦးမည်။   အရှင်မုနိန္ဒ
>>>ဆက်ဖတ်ရန်>>> >>
Monday 5 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၂
ထိုနေ့တွင် ဦးရွေအောင်ရောက်လာသောအခါ၌ သူကြီးမင်းဦးလှောင်က မိမိ၏အကြံအစည်ကိုထုပ်ဖော်၍
ပြောကြားလေသည်။  ဒီမယ်ဆရာအောင် ခင်ဗျားနှင့်ကျုပ်တို့  ကိုယ့်ဘာသာတရားကောင်းကြောင်းငြင်း
ခုံနေတာလည်းကြာလှပါပြီ။ ဘာမှလည်းအဖြေမထွက်ဘူး လ္ဘက်ရည်းကြမ်း နဲ့ လ္ဘက်သုပ်သာကုန်ပြီး လူ
မောတာပဲအဖတ်တင်သည်၊ ဘာမှလည်းအကျီုးမထူးပါဘူး၊အဲဒီတော့တခုခုအပြေညင်းအလဲလုပ်မှဖြစ်
မယ်ထင်တယ်……ဟေ့…လူကြီးမင်းကဘယ်လိုဖြစ်ရပြန်တာလည်းဗျ  တနေ့  နေ့တော့အဖြေထွက်လာ
မှာပေါ့ဗျာ…။လူကြီးမင်းက ဘယ်လိုများပြောင်းလဲချင်တာလည်းဗျ…၊ဒီလိုရှိတယ်ဗျ ဦးရွေအောင်ပြောတာ
လဲကျနော်မယုံနိုင်  ကျနော်ပြောတာလည်း ဦးရွေအောင်ကလက်မခံနိုင်ဆိုတော့ဒီအတိုင်းသွားနေလို့တော့
မဟန်ဘူးဗျ အဲဒါသူကြီးမင်းက ဘယ်လို လုပ်ချင်တာလဲဗျ ပြောပါအုံး။
ဒီလိုဗျ ဆရာအောင်ကလည်းခရစ်ယာန်တရားနှင့်ပတ်သက်ပြီး ကိုယ့်ထက်သာတဲ့ဆရာတဦးကိုရှာဗျာ ကျ
နော်ကလည်းဗုဒ္ဓဘာသာ တရားဓမ္မနှင့် ပတ်သက်ပြီးဆရာတဦးရှာမယ်.. အင်းလေ..ပြောပါဦး အဲဒီဆရာ
နှစ်ယောက်အပြီုင်အဆိုင်ပြောပစေဗျာ ငြင်းကြခုန်ကြစေဗျာ သူတို့ကဆရာအောင်နှင့် ကျနော်ထက်တော်
တဲ့  တတ်တဲ့သူတွေဆိုတော့  သူတို့နှစ်ယောက်ပြောကြရင်တခုခုတော့အဖြေထွက်မှာပဲဗျ အဲလိုဆိုရင်မ
ကောင်းဘူးလားဆရာအောင်ရဲ့…ကောင်းသားပဲသူကြီးရဲ့ ဒါပေမဲ့ အဲဒီဆရာတွေဒီကိုလာဖို့ ကျွေးဖို့စရိတ်
တွေကအစခံမှဖြစ်မယ်…အဲဒါဟုပ်တာပေါ့ကျွန်တော်ကခေါ်တာဆိုတော့ ကျနော်တို့ကပဲစရိတ်ခံရမှာပေါ့
ဆရာအောင်ရဲ့…ဒီလိုဆိုရင်စ၇ိတ်အတွက် ဒီလို လုပ်ရင်ကောင်းမယ်ထင်တယ်  သူကြီးတို့ဘာသာအတွက်
သူကြီးတို့ ဗုဒ္ဓဘာသာကပဲတာဝန်ယူဗျ  ကျနော်တို့ခရစ်ယာန်ဘာသာအတွက် ခရစ်ယာန်ဘာသာဝင်တွေ
ကတာဝန်ယူမယ်ဗျာ…ဦးရွေအောင်ရဲ့ ပြောပြချက်မှာ မျှတသဖြင့်သူကြီးကသဘောကျသည်။
ဦးရွေအောင်နှင့် သူကြီးအိမ်တွင်ရောက်နေကြသည့်  ချင်းအမျီုးသား ခရစ်ယာန်ပရိသတ်ကလည်းသဘော
ကျသည်။  သို့သော် သူကြီးမှာ တယောက်တည်းဖြစ်နေသဖြင့် ရွာထဲရှိဗုဒ္ဓဘာသာ  သုံးအိမ်မှ လူကြီးများ
ကိုခေါ်ခိုင်းလိုက်သည်။  ထိုသူများရောက်လာသောအခါကျောက်ကွင်းရွာ၏ မြာက်ဘက်နှင့် တောင်ဘက်တွင်ရှိသော ဗမာရွာများမှာ  လူကြီးများကိုခေါ်ခိုင်းလိုက်သည်။ တစ်နာရိခန့်ကြာသောအခါ ထိုရွာမှားမှ ဗုဒ္ဓဘာသာ  လူကြီး ( ၈ )ဦးလိုက်ပါလာကြသည်.။
သူကြီးဦးလှောင်ကား အင်္ဂလိပ်အစီုးရက ခန့်အပ်ထားသောဒိုင်နယ်သူကြီးဖြစ်သဖြင့် စဉ်းစနစ်ရှိသူတဦး
ဖြစ်လေသည်  ပြောဆို လုပ်ကိုင်ရာတွင် တိကျစေ့စပ်သည်။  ထို့ကြောင့် နှစ်ဘက်သောလူကြီးများနှင့်
အကြေအလည်ဆွေးနွေးကြပြီးနောက်၊  သူကြီးကတော်ထံတွင်စာရွက်တောင်းပြီး ဦးရွေအောင်အား
ရေးသားစေ၍ အောက်ပါအချက်များပါဝင်သည့် သဘောတူညိချက်ကို စာချုပ်အဖြစ်ချုပ်ဆိုလိုက်သည်။
                    “သဘောတူညီချက်တွင်ပါဝင်သောအချက်များ”
(၁) ကျောက်းကွင်းရွာသူကြီးဦးလှောင်ပါ ဗုဒ္ဓဘာသာဝင်များနှင့် ၎င်းရွာနေဓမ္မဆွှာဦးရွေအောင်ပါခရစ်ယာန်
များကအောက်ပါအတိုင်းသဘောတူစာချုပ်ပြုလုပ်၍လက်မှတ်ရေးထိုးကြသည်။
(၂ ) ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာနှစ်မျီုး၌ မည်သည့်တရားက  ကောင်းသည်မှန်သည့်ဟု ယှဉ်ပြီုင်ဟော
ပြောပွဲကိုကျင်းပရန်။
(၃)ဤသိုယှဉ်ပြီုင်ပွဲကြီးပြုလုပ်၇န်အတွက် ကျောက်ကွင်းရွာ၏ အနောက်ဘက်လယ်ကွင်းကြီးထဲ၌မဏ္ဍပ်ကြီး
တခုထီုးရန်။
(၄)ထိုမဏ္ဍပ်ကြီးထိုးရန်အတွက်ခရစ်ယာန်များနှင့်ဗုဒ္ဓဘာသာဝင်များက အညီအမျှတ၀က်စီကုန်ကျခံ၍ပြုလုပ်
ကြရန်။
(၅)မဏ္ဍပ်ကို  ၁၅ ပင်  ၁၄ ခန်းထီုးရန် ဤမဏ္ဍပ်ကို ခရစ်ယာန်များက   ၇ ခန်း ဗုဒ္ဓဘာသာတို့က  ၇ ခန်းစီအညီ
အမျှထိုးကြရမည်။
(၆)ခေါင်းဆောင်ဖိတ်ကြားသော  ဘာသာဆိုင်ရာ ဆရာများကို ဗုဒ္ဓဘာသာအတွက် ဗုဒ္ဓဘာသာဝင်တို့ကစရိတ်ခံ
၍ ခရစ်ယာန်ဘာသာအတွက် ခရစ်ယာန်ဘာသာဝင်များကကျခံရမည်။
(၇)မိမိတို့အဖွဲ့ သဘောကျရာဆရာများကို မိမိတို့သဘောအတိုင်း ကြီုက်နှစ်သက်သလိုရှာဖွေခေါ်ဆောင်ကြရန်။
(၈)ဟောပြောသောအခါဟောပြောချိန်နာရိကို အညီအမျှထား၍ဟောပြောကြရန်။
(၉)ထိုသောဟောပြောပြီးသောအခါ တဘက်မှတဘက်  ဘာသာသို့တစ်အိမ်ထောင်ပြည့်ပြည့် ကူးပြောင်းကြောင်းကြော်ငြာနိုင်လျှင် ထိုသိုကြေငြာနိုင်သောဘာသာဘက်က နိုင်သည်ဟု ဆုံးဖြတ်ရန်။
(၁၀)ရှူံးသောဘာသာဘက်မှ လူကြီးများက နိုင်သောဘာသာဘက်မှ လူကြီးများသို့ ငွေကျပ် ငါးဆယ်ကျပ်
တိတိပေးရန်။
(၁၁)ငါးဆယ်ကျပ်အနိုင်ရရှိသောဘက်က ထိုငွေဖြင့် အောင်ပွဲအဖြစ်ရွာပြင်၌ဇာတ်ပွဲတချီကစေ၍ ရွာရှိလူကုန်
ပွဲကြည့်စေရန်။
(၁၂)ယှဉ်ပြီုင်ဟောပြောပွဲကြီး ကျင်းပမည့်ရက်ကို ခရစ်သက္ကရဇ် ၁၉၃၆ ခု မေလ (၁)ရက်နေ့ ဗမာသက္ကရဇ်
၁၂၉၈ ခု ကဆုန်လဆန်း ( ၁၂)ရက် သောကြာနေ့ကို  သဘောတူ သပ်မှတ်ရန်။
(၁၃)ယခုသပ်မှတ်သောပွဲကြီးနေ့၌ ခေါင်းဆောင်တရားဟောဆရာ မလာနိုင်သောဘက် အရှုံးဖြစ်စေရမည်။
ဗုဒ္ဓဘာသာဝင်တို့ ကိုယ်စား  သူကြီးဦးလှောင် လက်မှတ်ရေးထိုး၍ ခရစ်ယာန်တို့ ကိုယ်စား ဓမ္မဆရာက ဦးရွေ
အောင်က လက်မှတ်ရေးထီုးကြလေသည်။
             ထိုစာချုပ်  ချုပ်ဆိုသောနေ့ကား  မြန်မာသက္ကရာဇ် ၁၂၉၇  ခုနှစ် နှောင်းတန်းခူးလဆန်း ( ၁၄ ) ရက်
ခရစ်သက္ကရာဇ် ၁၉၃၆  ခု၊ ဧပြီလ ( ၄ ) ရက်စနေနေ့ဖြစ်ပါသည်။  ဆက်လက်ရေးသားပါဦးမည် အရှင်မုနိန္ဒ….။
>>>ဆက်ဖတ်ရန်>>> >>
Sunday 4 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁
အဓိကကျသည့်   ဆရာတော်အရှင်ဥက္ကဌ၏ ၀ါဒရေးရာဟောပြောချက်များကို အပြည့်အစုံဖော်ပြနိုင်သဖြင့်
ဤ အချက်တွင် ( ကျောက်ကွင်းအရေးတော်ပုံ) စာအုပ်ထက်ပိုမိုပြည့်စုံပါသည်...။
  ဤ၀ါဒပြီုင်ပွဲ သည်ဆရာတော်ဥက္ကဌ၏ဘ၀သက်တမ်းတွင်စတုတ္ထဆယ်စုနှစ်ကုန်းဆုံးကာနီး၌အလွန်ထူး
ရှားထင်ရှား၍ မော်ကွန်းထိုးလောက်သည့်မှတ်တိုင်ကြိးဖြစ်သည်။ မြန်မာနိုင်ငံဗုဒ္ဓသသာနာသမိုင်းတွင်လည်း
 တစ်ကြိမ်တည်းသာပေါ်ပေါက်ခဲ့ဖူးသဖြင့်မော်ကွန်းတင်လောက်တဲ့ဗုဒ္ဓသာသနာပြုမှတ်တိုင်ကြိးလည်းဖြစ်
သည်။ ထိုအချိန်ကဆရာတော်၏သက်တော်မှာ  ၃၉ နှစ်ပင်မပြည့်သေးပေ။
   ဤ၀ါဒပြီုင်ပွဲ အတ္ထုပ္ပတ္တိကို ဆရာကြိးသခင်မြတ်ခိုင်က ဦးကိုကိုကြိး(တောင်းတွင်း)၏ မှတ်တမ်းများကို
မှိငြမ်း၍" ကျောက်ကွင်းအရေးတော်ပုံ" ဟူသောအမည်ဖြင့် စအုပ်ရေးသားခဲ့ပါတယ်...။ဤစာအုပ်ကိုဖတ်
မိသဖြင့် အခြားဘာသာများမှဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့သူများပေါ်ပေါက်ခဲ့သည်။သာသနာပြုစာအုပ်လို့
ဆိုရပါမည်။ဤ၀ါဒပြီုင်ပွဲအခန်းတွင်ကျာက်ကွင်းအရေးတော်ပုံစာအုပ်ကဲ့သို့ဖြစ်ရပ်စုံကိုအသေးစိတ်မဖော်
ပြနိုင်ပါ တစ်ကြောင်းဆွဲပန်းချိကဲ့သောသို့ ပေါ်ရုံသာဖော်ပြနိုင်ပါသည်။
သို့သော် အဓိကကျသည့် ဆရာတော်အရှင်ဥက္ကဌ၏၀ါဒရေးရာဟောပြောချက်များကိုအပြည့်အစုံဖော်ပြ
နိုင်သဖြင့် ဤအချက်တွင် ကျောက်းကွင်းအရေးတော်ပုံစာအုပ်ထက်ပိုမိုပြည့်စုံပါသည်.....။
                ( ကျောက်းကွင်းအရေးတော်ပုံ ရဲ့အစ)
 ပြည်ခရိုင်၊၀က်ထီးကန်မြီု့ပကလေး ၄ မိုင်ခန်းဝေးကွာသေနေရာ၌မြေပြန့်  ချင်း အမျီုးသားများနေထိုင်
သော ကျောက်ကွင်း အမည်ရှိ ချင်းရွာကလေးတစ်ရွာရှိလေသည်။ အိမ်ခြေ  ( ၇၀ )ကျော်မျှရှိ၏ ပတ်
ဝန်းကျင်ရွာများသည် မြန်မာရွာများဖ်ြသော်လည်း ကျောက်ကွင်းရွာနှင့် ၎င်း၏အနီးတွင်ရှိသော ညောင်
ပင်သာရွာ တို့မှာ ချင်းအမျီုးသားများနေထိုင်သော ချင်းရွာနှစ်ရွာဖြစ်လေသည်။ ၎င်းရွာနှစ်ရွာလုံးသည်
ခရစ်ယာန်ဘာသာဝင်များ နေထိုင်သောရွာများဖြစ်၍ ကျောက်းကွင်းရွာ၍ ကျောက်ကွင်းရွာ၌ခရစ်ယာန်
ဘုရားရှိခိုးကျောင်းရှိပြိးဓမ္မဆရာ ဦးရွေအောင်နေထိုင်သည်။ဗုဒ္ဓဘာသာဝင် ချင်းအမျီုးသားအိမ်ထောင်
စု ( ၅ )ခုမျှသာရှိလေသည်။ကျန်အိမ်ထောင်စုများမှာခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။
ကျောက်ကွင်းရွာမှာ သေးငယ်သော်လည်းသူကြိးမင်းနေထိုင်သောရွာဖြစ်သောကြောင့်ထင်ရှားလေ
သည်။အခြားအကြောင်းတစ်ခုမှာလည်းရွာသူကြိး ဦးလှောင်မှာဗုဒ္ဓဘာသာဝင် ချင်းအမျီုးသားဖြစ်၍
ဇနီးမှာ ခရစ်ယာန်ဘာသာဝင် ချင်းအမျီုးသမီးဖြစ်လေသည်။ အိမ်ထောင်ရေးကိုဦးစားပေးထားကြ
သောကြောင့် ဇနီးမောင်နံနှစ်ဦးမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိကြသည်။တနင်္ဂနွေ နေ့တွင်ဇနီးက
ဘုရားကျောင်းတက်သည်။ ဥပုသ်နေ့တွင်လင်င်္ကျေားကအခြားရွာရှိမြန်မာဘုန်းကြိးကျောင်းသို့သွား၍
 ဥပုသ်-သီလဆောက်တည်သည်။ နာတာလူးပွဲ ခရစ်စမတ် ပွဲများကို ဇနီးကဆင်နွဲပြိး ကထိန်ပွဲ ၀ါဆိုပွဲ
 ညောင်ရေသွန်းပွဲများကို လင်ယောင်္ကျားကဆင်နွဲလေသည်။
ဇနီး၏ဘာသာရေးအလှူကိုလင်ယောင်္ကျားကလိုက်လျှော့၍လင်ယောင်္ကျား၏ဘာသာရေးအလှူကိုလည်း
ဇနီးသည်ကလိုက်လျှော့လေ၏ပဋိပက္ခမရှိသည့် သဘောထားကြိးကြသည့်ဇနီးမောင်နှံပင်တည်း သို့သော်
ဦးလှောင်မှာရပ်ရွာ၏အကြီးအကဲ  သူကြိးဖြစ်သောကြောင့်ဗုဒ္ဓဘာသာဘက်ကလည်းအရေးကိစ္စရှိလျှင်ကား
ဦးလှောင်ထံသို့သာဦးတည်၍လာလည်။ခရစ်ယာန်ဘက်ကလည်း ထိုနည်းတူပင်နှစ်ဘက်ဘာသာရေးမှ 
ပုဂ္ဂိုလ်တို့သည်ဦးလှောင်အိမ်တွင်သာတည်းခိုကြ၏ဦးလှောင်တို့ဇနီးမောင်နံကကျွေးမွေးဧည့်ခံရသည်။
ဦးလှောင်မှာသူကြီးမင်းဆိုပေမဲ့ချမ်းသာကြွယ်ဝလှသူမဟုပ် အစီုးရကခွင့်ပြုထားသော  ခိုင်းကြေးလေးဖြင့်
စားဝတ်နေရေးကို ဖန်တီးနေရသူဖြစ်ပေရာကြာသော်စီးပွားရေးထိခိုက်လာသည်။ဤအတိုင်းသာဘာသာ
ရေးနှစ်ခုအတွက် နှစ်ဘက်ကုန်ကျနေရလျှင်ရေရှည်မတတ်နိုင်။လင်မယားနှစ်ယောက်စလုံးဘာသာတစ်ခု
တည်းကို ကူးပြောင်းကိုးကွယ်ကာမှ သက်သာချေမည်။
  ဤအတွေးဖြင့်မိမိ၏အတွေးအား ဇနီးကိုဖွင့်ဟတိုင်ပင်ရာ သူကြီးကတော်ကဘာသာတစ်ခုတည်းကို ကိုး
ကွယ်ရန်မူသဘောတူသည်။ သို့သော် မိမိကိုးကွယ်သည့်  ခရစ်ယာန်ဘာသာကို မိမိလင်ယောင်္ကျားသူကြီး
ကို ပြောင်းလည်း ကိုးကွယ်စေချင်သည်။ ကိုယ့်ဘာသာဘက်ကိုကူးပြောင်းကိုးကွယ်စေချင်သည် ဆန္ဓချင်း
တူးပြီးနေသဖြင့် မိမိကိုးကွယ်သည့်ဘာသာကောင်းကြောင်း မှန်ကြောင်းနှစ်ဦးစလုံးပြောကြသည်။ သို့ရာ
တွင် ဇနီးပြောသည်ကိုလည်း လင်ယောင်္ကျားက သဘောမကျနိုင် လင်ယောင်္ကျားပြောသည်ကိုလည်း ဇနီး
ကသဘောမကျနိုင်လုံးလေလိုက်၍လေနသည်။
                        ( သူကြီးနှင့်ဓမ္မဆရာ)
ဤတွင်သူကြီးကတော်က မိမိလင်ယောင်္ကျားမိစ္ဆာဒိဋ္ဌိကြီးအား ကယ်တင်ပေးပါဟု ဓမ္မဆရာကြီးဦးရွေအောင်
အားအကူအညီတောင်းတော့သည်။ထို့ကြောင့်ဦးရွေအောင်သည် ညဘက်တွင်သူကြီးအိမ်သို့လာ၍ခရစ်
ယာန်တရားကိုဟောသည်။သူကြီးဦးလှောင်သည် ပရိယတ္တိစာပေမတတ်ကျွမ်းသော်လည်းဆရာတော်များ
ထံမှရရှိထားသောပညာဗဟုသုတဖြင့် ဦးရွေအောင်ဟောသမျှကိုပြန်လှန်၍ငြင်းချက်ထုပ်သည်။ဗုဒ္ဓဘာသာ
မှန်ကန်ကြောင်းကိုမိမိတတ်သမျှပြောပြသည်။ဦးရွေအောင်ကလည်း ဦးလှောင်ပြောသမျှကိုချေဖျက်၍ငြင်း
ချက်ထုပ်လေသည်။
    ဤသို့ဖြင့်ဓမ္မဆရာဦးရွေအောင်နှင့် သူကြီးမင်း ဦးလှောင်တို့၏အငြင်းအခုံသည်ထင်ရှားလာ၍ညဘက်
တွင်ရွာသားများပင်လာေ၇ာက်နားထောင်ကြသည်။ သို့သော် အဖြေကားထွက်မလာချေ။ဦးရွေအောင်က
လည်းသူကြီးမင်းသဘောကျအောင် မပြောနိုင်၊ သူကြီးမင်းကလည်းဦးရွေအောင်ကို နိုင်အောင်မပြောနိုင်
သူတို့နှစ်ဦးလုံးလည်း လုံးလေလိုက်၍နေကြပြန်သည်။ ရက်မှသည်  လသို့ လမှသည်နှစ်သို့ကူးပြောင်း
လေခဲ့သည်။ အကြောင်းကားမထူးသေးပေ။နှစ်ဘက်ထောင့်ပံ့ကြေးကြောင့် စီးပွားရေးမဟန်သည့်အပြင်
အကြွေးပင်အနည်းငယ်တင်လာလေသည်။ဒီအတိုင်းမဖြစ်သေးဤကိစ္စကိုဖြစ်အောင် လုပ်မှ ဖြစ်တော့
မည် သူကြီးမင်းတွေးရလေတော့သည်။  တနေ့တွင် သူကြီးသည်အကြံကောင်း တစ်ခုကိုတွေးမိလေသည်။
ဦးရွေအောင်သည်  ညအိမ်သို့လာလှင်တင်ပြရမည်....။ 
         ဆက်လက်ရေးသားပါဦးမည်. အရှင်မုနိန္ဒ M.A မာဂဓတက္ကသိုလ်ဗုဒ္ဓဂယာအိန္ဒိယနိုင်ငံ။
>>>ဆက်ဖတ်ရန်>>> >>