Saturday 15 June 2013
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၄ )
သာဝတ္ထိရှီအခြားအခြားဥယျာဉ်နေရာများကို ဗုဒ္ဓ၏တရားဟောပွဲများကျင်းပရန် အလိုမကျသည့်နောက်ဆုံး
တွင်ဇေတမင်းသားတို့၏ ဇေတဥယျာဉ်နေရာကို မျက်စီကျသဖြင့် အနာထပိဏ္ဍိတသည် ထိုဥယျာဉ်နေရာ
ကိုသူအားရောင်ချပေးရန်တောင်းဆိုသည်။ ဇေတမင်းသားကလည်း သူ့ဥယျာဉ်ကိုမရောင်းချလိုသည့်စိတ်
ဖြင့်ဥယျာဉ်မြေနေရာ အစဆုံးကို ရွှေအပုဒရ(အသပြာ)အဖြည့်ဖြင့် ဖုံးခင်းပေးပါလျှင်ရောင်းနိုင်မည်ဖြစ်ကြော
င်းပြောခဲ့လေသည်။အနာတပိဏ္ဍိတသူဋ္ဌေးကြီးက မိမိဘဏ္ဍာတိုက်မှ ရွှေအသပြာများကိုလှည်းဖြင့်တိုက်လာ
ကာ ဥယျာသ်မြေနေရာကို ထိုမုဒရာများဖြင့်ခင်းကျင်းလေသည်။ အစွန်းအစ တစ်ခုတစ်ခုမှာမြေနေရာကို
ဆက်လက်ခင်းကျင်းတော့မည်ပြုလုပ်သည့်အခါ ထိုမြေနေရာကိုမရောင်းနိုင်သည့်အကြောင်း ဇေတမင်း
သားကပြောလာခဲ့သည်။
               ဇေတကုမာရကမည့်သည့်အကြောင်းကစ္စနှင့်ပတ်သက်ပြိး၊ဤမျှရွှေမုဒရများကို အကုန်ခံနေရ
ပါသနည်း။ဟူ၍ သုဒတ္တအားမေးလေသည်။ထိုအခါသုဒတ္တကဤသို့ဖြေကြားလေသည်။"ငါသည်ဤဥယျာဉ်
နေရာတွင်အရှင်မြတ်ဗုဒ္ဓအားသီတင်းသုံးနေထိုင်၊တရားဟောပေးနိုင်ရန်အတွက် ၀ိဟာရကျောင်းတစ်ကျော
င်းတည်ဆောက်ကာလှူဒါန်း၍ ကုသိုလ်ရလိုကြောင်းပြောပြခဲ့သည်။ရှင်ဗုဒ္ဓ၏တရားမြတ်ကို လိုက်နာကျင့်
သုံးခြင်းဖြင့် လောကတစ်ခုလုံး၏အကျီုးအမြတ်ဖြစ်ကြောင်း သူဋ္ဌေးသုဒတ္တထံမှ ထိုစကားကြားရ၍မင်္ဂလာ
ရှိသည့်အမှူကိစ္စတွင်ဇေတကုမာရကလည်း ပါဝင်လိုသည့်စိတ်ဆန္ဒဖြစ်လာခဲ့သည်။ ကျန်ရှိသည့်မြေနေရာ
ကို ရွှေအသပြာနှစ်ဆလျော်ကြေးအဖြစ်ပေးဆပ်ကာဇေတမင်းသားသည် ထိုမြေနေရာကို သုဒတ္တထံမှပြန်
ဝယ်ယူသည်။ တစ်ဆယ့်ရှစ်ကုဋေသော ရွှေအသပြာအကုန်ကျခံကာ အနာထပိဏ်သည်ဇေတ၀န်ကျောင်း
တော်ကိုတည်ဆောက်ပြီး ရှင်တော်ဗုဒ္ဓအားသီတင်းသုံးရန်လှူဒါန်းခဲ့ပါသည်။
               ထိုသမိုင်းဝင်မဟာဝိဟာရကျောင်းတော်ကိုဇေတ၀န်ကျောင်းဟူ၍ခေါ်ခဲ့ကြသည်  ဗုဒ္ဓနှင့်သံဃာ
များအတွက်အလှူဒါနအဖြစ် ပထမဦးဆုံးရရှိသည်။ ထိုကျောင်းတော်ကြီးသည်ဗုဒ္ဓသာသမိုင်းတွင်ထင်ပေါ်
ကျော်ကြားလာခဲ့သည့်ဝိဟာရကျောင်းတော်ကြီးဖြစ်လာခဲ့သည်။ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံတွင်ဇေတ
ဝန ၀ိဟာရအမည်ဖြင့် ကျောင်းပေါင်းများစွာပေါ်ပေါက်လျှက်၇ှိသည်။
သာဝတ္တိ၌ တိုးတက်ဖြန်ပချိလာသည့်ဗုဒ္ဓနှင့်ဗုဒ္ဓဘာသာ၏ ဂုဏ်သတင်းကို ဂျိန်းဘာသာဝင်တို့မှ မနာလိုမှူ
ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏အသရေကိုဖျက်စီးရန် စိဉ္စမာန အမည်ရှိသောပြည်တန်းဆာမ
တစ်ဦးအား ငွေကြေးပေးကာ ဗုဒ္ဓသီင်္တင်းသုံးသည့် ဇေတ၀န်ကျောင်းတော်သို့စေလါတ်ခဲ့ကြသည်။စိဉ္စမာန
ဆိုသည့် အမျီုးသမီးမှာ ကျောင်းတော်သို့အ၀င်အထွက် တစ်စတစ်စများလာခဲ့သည်။တစ်နေ့တွင်သူမသည်
မိမိဝမ်းဗိုက်ပေါ် ပိတ်စများပတ်လာကာ ကိုယ်ဝန်ဆောင်ထားပုံဟန်ဖြင့် ကျော်တော်၌တရားသဘင်ရှိနေသ
ည့်အချိန်တွင် အများရှေ့၌ မတ်တပ်ရပ်ကာ ယခုကျမဆောင်ထားသည့် ကိုယ်ဝန်သည်ဗုဒ္ဓနှင့်ရလာသည့်
ကိုယ်ဝန်ဖြစ်ကြောင်းစွပ်စွဲလေသည်။ ထိုအချိန် တရားသဘင်၌ ပရသေနဇီတဘုရင်မင်းမြတ်နှင့်အတူသာ
ဝတ္ထိနေပြည်တော်မှ သူဋ္ဌေးကြီးအနာထပိဏ္ဍိတနှင့်  ဥပသီကာမ ၀ိသာခါကဲ့သို့ ဂုဏ်သေ၇မြင့်မြတ်သောပု
ဂ္ဂိုလ်ထူးများရှေ့မှောက်တွင် စိဉ္စမာနက ထိုကဲ့သို့စွတ်စွဲလာသည်ကို ကြားရ၍ ရှင်တော်ဗုဒ္ဓကစိဉ္စမာန၏ပြော
ဆိုချက်များ မှန်မ မှန်ကို ငါဘုရားနှင့် ထပ်တူထပ်မျှစိဉ္စမာနက သိရှိကြသည်ဟု မြွတ်ကြားသည့်အခါတရား
နာပရိတ်သပ်က အံ့အားသင့်ကာ ခပ်မဆိတ်ဖြစ်နေကြသည်။ ထိုခဏမှာပင် ၎င်းအမျီုးသမီး၏၀မ်းဗိုက်ပေါ်
စည်းထားသောအ၀တ်စတို့သည် လျော၍ မြေပေါ်သို့ကျလာသည်။ထိုအဖြစ်အပျက်ကိုမြင်တေါ့၍ လူတို့
သည်စိဉ္စမာနကို ထိုနေရာ၌ပင် သတ်ဖြတ်ပစ်ကြရန်ပြေးလာကြကုန်၏ ရှင်တော် ဗုဒ္ဓသည် ထိုပရိဿ်အား
တားမြစ်လိုက်ပြီး စိဉ္စမာနအားခွင့်လါတ်ပေးကြရန် ပြောတော်မူလေသည်။ စိဉ္စမာနသည်လည်းများစွာအရှ
က်ကွဲလာ၍ ရေကန်တစ်ကန်အတွင်းခုန်ဆင်းကာ မိမိကိုယ်ကို အဆုံးစီရင်သွားလေသည်။ဒီနေရာကိုယခု
တိုင်တွေ့ရှိနိုင်ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၃ )
                                                 ကစ္စိကုဋိ(အင်္ဂုလီမာလ၏ထုပ)
        GEN.CUNNINGHUM ကတရုတ်ခရီးသည်များ၏မှတ်တမ်းကို အကိုးအကားများဖြင့်ကစ္စိကုကျပ်ီကို အင်္ဂုလီမာလထုပ ဟူ၍သတ်မှတ်ကြေငြာခဲ့သည်။ ၍ထုပမှမြို့၏ အမြင့်ဆုံးကုန်များအနက်လမ်းတစ်လျောက်
တစ်လျောက်တွင် ပထမ ဆုံးတွေ့ရသည့်ကုန်းပေါ်မှာတည်၇ှိပါသည်။ မြေစိမ်းဖြင့်တည်ဆောက်ထားသည်
ဖြစ်၍၎င်းကုဋီကို ကစ္စီကုဋီဟူ၍ခေါ်ထားသည်။အင်္ဂုလီမာလဟူသည့်အမည်နာမသည် ယနေ့အထိကြောက်
မတ်ဖွယ်ရာကောင်းသော နာမည်တစ်ခုဖြစ်နေသည့်ပမာ ကစ္စိကုဋီတည်ရာနေရာသည်လည်းလျိုကြီးတစ်
ခုဖြစ်သည်။ထပ်၌ ထုပပမာချွန်ထွက်နေသောဤ အင်္ဂုလီမာလထုပသည် ကြောက်စရာကောင်းနေသောနေ
ရာဖြစ်နေသည်။အောက်မြေနေရာတွင် လျိုမြောင်ကို အင်္ဂုလီမာလ လျိုဟုခေါ်သည်။ခရီးသည်များကမူထို
လျိုထဲသို့မည်သူမျှမ၀င်ရဲ့ဝံ့ချေ။
                                                  ပက္ကီးကုဋီ(အနာထပိဏ္ဍ-တုပ)
ကစ္စိကုဋိမှ အနည်းငယ်ဝေးကွာသည့် ကုန်းမြေတစ်ခုပေါ်မှာအုတ်တို့ဖြင့်တည်ဆောက်ထားသောကုဋီတစ်ခု
ရှိနေပါသည်။၎င်းကို ပက္ကီကုဋီဟုဒေသခံများကခေါ်ဝေါ်ကြသည်။
          ဤကုဋီကိုတရုတ်ခရီးသည်ဖာဟိယာန်က အနာထပိဏ္ဍိက(အနာထပိဏ်)တူပဟူ၍မှတ်တမ်းတင်ခဲ့
သည်ဤတူပအတွင်းပိုင်းတွင်အနာထပိဏ္ဍီကသူဋ္ဌေးကြီး၏ ရွှေအသပြာများသိုလှောင်သည့်(ဘဏ္ဍာတိုက်)
ဂိုဒေါင်းကြီးတစ်ခုရှိသည်။ ဤနေရာကိုလာရောက်ကြည့်ရှူကြသည့်ပြည်တွင်းပြည်ပခရီးသည်တို့သည်ထိုဂို
ဒေါင်ထဲသို့ ငွေင်္ဒါးများပစ်ချကာ အနာထပိဏ် သူဋ္ဌေးကြီးပမာ စီးပွါးချမ်းသာရရှိလိုကြောင်းဆုတောင်းကြပါ
သည်။ဒေသခံကလေးများကခရီးသည်များပစ်ချသွားခဲ့ကြသည့် ချက်ချင်းထုပ်ယူသွားကြသည်။
သူဋ္ဌေးကြီးအနာထပိဏ်၏ ငယ်နာမည်မှာ(သုဒတ္တ)ဖြစ်သည် သူသည်မိဘမဲ့ကလေးများနှင့် သူဆင်းရဲများ
ကိုပိဏ္ဌ(ဘောဇဉ်)နှင့်အ၀တ်စသည့်ပစ္စည်းများကိုလှူဒါန်းသည်။ထို့ကြောင့် သုဒတ္တသည်နောက်ပိုင်းတွင်
အနာထပိဏ္ဍိက သူဋ္ဌေးကြီးအဖြစ်ကျော်ကြားလာခဲ့ရပါသည်။
သူဋ္ဌေးအနာထပိဏ္ဍိကသည် ကိစ္စတစ်ခုခုနှင့် သူ၏ယောက်ဖတော်သူ ရာဇာဂိရဟ(ရာဇဂြိုလ်)မြို့နေဓနပါ
လထံသွားရောက်ခဲ့သည်။ယောက်ဖဓနပါလနေအိမ်မှ ကြီးကြယ်ခမ်းနားလှသည့်အခမ်းအနားတစ်ခုကိုကျင်း
ပကြရန် နေရာထိုင်ခင်းများကိုစိစသ်နေကြသည်ကိုမြင်၍"အဆွေတော်တို့ ရာဇဂြိုလ်-ဘုရင်မင်းမြတ်များ
အခမ်းအနားသို့ကြွရောက်ရန်အစိအစသ်များရှိပါသလား-ဟူ၍မေးမြန်းစုံစမ်းသည့်အခါ သူ၏ယောက်ဖဒန
ပါလက မဟုပ်ပါ ရှင်တော်မြတ် တထာဂတ ဗုဒ္ဓက တရားဟောကြွမည်ဖြစ်ကြောင်းပြောပြလေသည်။
ဓနပါလထံမှ ထိုသတင်းကိုကြားရ၍ အနာထပိဏ္ဍီတသည် သာဝတ္ထိသို့မပြန်ပဲ ထိုနေရာမှာပင် ဆက်လက်
နေ၍ မြတ်စွာဘုရား၏တရားဒေသနာတော်ကို နာကြားခဲ့သည်။ဗုဒ္ဓမြတ်စွာဘုရား ဟောကြားပေးသည့်တ
ရားတို့ကို အားကျ၍ အနာထပိဏ္ဍိတသည် ဘုရားအားသာဝတ္ထိသို့ကြွ၍ တရားချီးမြှင့်ပေးပါရန် ဖိတ်မံတက
ပြုခဲ့သည်။ဘုရားရှင်သည်လည်း သူဋ္ဌေးကြီး၏ ဖိတ်မံတကပြုညခင်းကို ခပ်ဆိတ်ဆိတ်နေ၍လက်ခဲ့လေ
သည်။ သာဝတ္ထိသို့ပြန်လာပြီး ဗုဒ္ဓသိတင်းသုံးနိုင်မည့်နေရာဌါနကောင်းတစ်ခုကိုအနာထပိဏ္ဍီတရှာဖွေလေ
တော့သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
Thursday 13 June 2013
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၂ )
အရှင်မြတ်ဗုဒ္ဓဤနေရာသို့ မရောက်ခင်ကာလက ဆဟေ့(ထ်) (ဇေတ၀န)မှာသမိုင်းဝင်ဌာနတစ်ခုဟူ၍
ကျော်ကြားမူမရှိခဲ့ချေ။ ထိုနေရာသို့ဗုဒ္ဓမရောက်မိကာလက ဂျိန်းဘာသာဝင်တို့သာ သြဇာဘောင်းခဲ့ပြီး
၎င်းတို့၏ ၂၄ ကြိမ်မြောက် ဘုရားရှင်မဟာဝိဟာရ၏ကမ္မဘူမိ ဖြစ်ခဲ့သည့် ဆဟေ့(ထ်)သည်ဂျိန်းတီင်္တကာရ
ဖြစ်ခဲ့သူသမ္ဘ၀နာထနှင့် စန္ဒပရဘတို့၏ မွေးဖွားရ ဇာတိမြေလည်းဖြစ်ခဲ့သည်။
             သူဋ္ဌေးကြီးအနာထပိန္ဒ၏  ဖိတ်ကြားချက်အရရှင်တော်ဗုဒ္ဓသည် ပထမဦးဆုံး သာဝတ္ထိသို့ရောက်
ရှိခဲ့ပါသည်။ သာဝတ္ထိသို့ရှင်တော်မြတ်ဗုဒ္ဓကြွရောက်လာခြင်းသည် သမိုင်းဝင်အခြင်းအရာတစ်ခုဖြစ်သည်
ထိုအခြင်းအရာကို ဗုဒ္ဓကျမ်းဂန်များမှာ တိကျစွာဖော်ပြထားသည်ကို တွေ့မြင်နိုင်သည်။ ထိုစဉ်ကာလက
သာဝတ္ထိပြည့်ရှင်ဖြစ်ခဲ့သူ ပရသေနာဇိတ(ပသေဏဒီ) မင်းကြီးသည်လည်း အစောပိုင်းက ဂျိန်းဘာသာဝင်
တစ်ဦးဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ရှင်တော်မြတ်ဗုဒ္ဓ၏တရားတော်များကို နာကြားရ၍ဗုဒ္ဓဘာသာသို့သက်
ဝင်ယုံကြည်လာပြီး မြတ်ဗုဒ္ဓအားအလွန်အမင်း ကြည်ညိုကိုးကွယ်လာခဲ့သော မင်းကောင်းမင်းမြတ်တစ်ပါး
အဖြစ်ထင်ပေါ်ကျော်ကြားခဲ့သည်။
                  မြတ်ဗုဒ္ဓသည် မိမိဘ၀၏ ၄၅-၀ါအနက်-၂၅ ၀ါကို သာဝတ္ထိ၌သီတင်းသုံးခဲ့သည်။ သို့ဖြစ်ပါ၍
ပိဋကတ်သုံးပုံကျမ်းများ၌ စုစည်းထားသည့် တရားတော်များအနက်အတော်များများတို့ကို ဗုဒ္ဓက သာဝတ္ထိ
ပြည်ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူခဲ့သည် ထိုအချိန်ကာလတွင်ဟောကြားခဲ့သည့်တရား
တော်များဖြစ်ကြသည်။ သံယုတ္တနိကာယ် နှင့်အင်္ဂုတ္တရနိကာယ်များတွင် စုစည်းထားသည့် သုတ္တံများအနက်
၇၅% သော သုတ္တံတို့ကို မြတ်စွာဘုရားက သာဝတ္ထိမြို့ရှိ ဇေတ၀န် နဲ့ ပုဗ္မာရာမ ၀ိဟာရကျောင်းတို့တွင်ဟော
ကြားခဲ့ပါသည်။ဗုဒ္ဓဘာသာဝင်တို့၏ ကျမ်းမြတ်သည် မဇ္ဈိမနိကာယ်ကျမ်း၌ဖော်ပြထားသည့် သုတ္တံပေါင်း-
၁၅၂ တို့အနက်-၆၅ ခုသော သုတ္တံတို့ကို မြတ်ဗုဒ္ဓက သာဝတ္ထိ၌ ဟောကြားခဲ့ပါသည်။ ဘိက္ခုသံဃာများ
လိုက်နာကျင့်သုံးသော ၀ိနယနှင့်သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်း တော်တော်များများကိုဇေတ၀န်နှင့်
ပုဗ္မါရာမကျောင်းတို့တွင် သတ်မှတ်ပြဌါန်းခဲ့သည်။
              သာဝတ္ထိမြို့သားအပေါ် "အာဇိဝက" ခေါ်တရားဂိုဏ်းသားတို့၏သြဇာကလည်းညောင်းခဲ့သည်။
၎င်းတို့၏ အာစရိယဖြစ်သူ မောက္ခဂေါဿလသည်း သာဝတ္ထိ၌ပင်မွေးဇါားခဲ့သည်။ သူသည် မိမိ၏တရား
ဒေသနာကို အများအားဖြင့်"ကုမ္ဘရ"ခေါ်အိုးသည်တို့၏ မျီုးနွယ်စုများအကြား သွန်သင်ဖြန့်ချိခဲ့သည်။သာ
ဝတ္ထိ၏ဓမ္မသမိုင်းတွင်"ပုံဏပဿပ"သည် အရှင်မြတ်ဗုဒ္ဓနှင့် တရားဓမ္မအခြေအတင်ပြောဆိုမူ ပြိုင်ပွဲတစ်ခု
ပြုခဲ့သည်။ ယင်းပြိုင်ပွဲတွင်ပုံဏကဿပ ရှုံးနိမ့်သွားခဲ့ရသဖြင့် နောက်ပိုင်းကာလတွင် သူကိုယ်သူ သတ်
သေသွားကြောင်း အချို့စာပေကျမ်းဂန်များတွင် ရေးသားဖော်ပြထားကြောင်းတွေ့ရှိရသည်။
                                               မဟေ့(ထ်)
 မဟေ့၉ထ်)မှာ ဿရ၀တိမြို့ဟောင်းတည်၇ှိခဲ့ရာ နေရာဖြစ်သည်။ဤနေရာသည် အဓိရာဝတီလက်ရှိ
(ရာပဒေတီ)မြစ်၏ တောင်ဘက်တွင်တည်ရှိခဲ့ပါသည်။ ယခုဇေတ၀န်ကျောင်းတော်၏မြောက်အရပ်တွင်
မြို့ကို ၅ . ၃ ကိလိုမိတာခန့်ရှည်လျားသည်မြေနံရံတွင် အ၀င် အ၀များဖြင့် တည်ဆောက်ထားကြောင်း မြင်တွေပေနိုင်သည်။ယင်းအ၀င်ဝတံခါးများကို အီမလီတံခါးဝ၊ ရာဇဂဎတံခါးဝ၊နော်ဆဟ၀ါ တံခါးဝ၊ကာန္ဒ
ဘာရီတံခါးဝနှင့် သောမနာထတံခါးဝ စသည့်အမည်နာမများဖြင့် ခေါ်ဝေါ်ကြပါသည်။ လက်၇ှိအချိန်အထိ ထိုရှေးဟောင်ဿးရ၀တိမြို့နေရာအတွင်း ဂျိန်းဘာသာဝင်တို့၏ ဘုရားကျောင်းတစ်ခုနှင့် ဗုဒ္ဓဘာသာဝင်
တို့၏ဘုရားကျောင်း နှစ်ခုနေရာတို့ တူးဖော်တွေ့ရှိထားပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
Wednesday 12 June 2013
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၁ )
                                               သာဝတ္ထိ( သာရသသ္တထီ)
                                                      -Sarawasthi
သမိုင်းတွင်ထင်ပေါ်ကြော်ကြားခဲ့သည့် သာဝတ္ထိသည်ဗုဒ္ဓဘာသာဝင်တို့အတွက်ကြာ်ညိုဖူးမျော်ရာနေရာတစ်
ခုဖြစ်ပါသည်။ သာဝတ္ထိမြို့မှာ ဗုဒ္ဓလက်ထက်၌ ကောသလမင်းကြီး၏ထိးနန်းစိုက်ရာရာဇဌာနီမြို့တော်ဖြစ်ခဲ့သ
ည်။ကောသလမင်းကြီးအား ပရသေနာဇိတ ဟုခေါ်ခဲ့ကြသည်သာဝတ္ထိဟူသည့်အမည်နာမအကြောင်းကိုဗုဒ္ဓ
စာပေများအလိုအရ -"သဗ္မ၀သ္ထီ၊ အလုံးစုံပြည့်စုံသည့် နေရာဟူ၍ အဓိပယ်ဖွင့်ကြသည် သာဝတ္ထိမှာစည်ပင်
သာယာဝဖြောသော မြို့တော်တစ်ခုဖြစ်ခဲ့ကြောင်း သမိုင်းတင်ခံထားရသည်။
       လက်ရှိအချိန်တွင် ထိုနေရာကို ဆဟေ့ထ-မဟေ့ထ ဟူ၍ခေါ်ဝေါ်ကြသည် အထက်ဖော်ပြပါနေရာနှစ်
ခုလုံး၌ ရှေးဟောင်းကာလကတည်ဆောက်နိုင်ခဲ့ပါသည် အဆောက်အသီး ပြိုပျက်နေခဲ့သည့်အဆောက်အ
ဦးများတွေ့ရှိနိုပါသည်။ ဤမြို့ကလေး နှစ်ခုစလုံးသည် လက်ရှိအချိန်တွင် ဘလရမ်းပူရ်ဇနပဒ(တိုက်နယ်)
အတွင်းတည်၇ှိနေပါသည်။ဤနေရာများသည်ဘလရမ်းပူရ်မှ ၁၄ ကီလိုမိတာ နှင့် ဘဟရအိ(ရ်)မြို့မှ ကီလို
မိတာ-၄၀ ခန့်ဝေးကွာပါသည်။  ဆဟေ့ထ် ဟုခေါ်သည့်နေရာသည် ဗုဒ္ဓသက်တော်ထင်းရှားရှိစဉ်ကာလက
ထင်ပေါ်ကြော်ကြားခဲ့သည့် ဇေတ၀န်တည်ရှိရာနေရာဖြစ်သည်။ အနာထပိန္ဒက သူဋ္ဌေးကြီးသည် ထိုဥယျဉ်
နေရာကို ဇေတမင်းသားတို့ထံမှဝယ်ယူခဲ့ပြီး ဇေတ၀န်ကျောင်းတော်ကြီးကိုတည်ဆောက်၍ အရှင်ဗုဒ္ဓအား
လှူဒါန်းခဲ့သည်၊ လမ်းမကြီးမှမီတာ-၄၀၀ခန့်ဝေးသည့်နေရာတွင် ဇေတ၀န်ဥယျာဉ်ကို ယနေ့ထက်တိုင်တွေ့
နိုင်ပါသည်။ ဇေတ၀န်ကျောင်းတော်၏ မုခ်တံခါးဝကို ထိုအချိန်ကကောဋထကဒွါရဟုခေါ်သည်။ထိုဒွါရမုခ်
ကိုဇေတမင်းသားက အကုန်အကျခံ၍တည်ဆောက်ခဲ့ကြောင်းစာပေများ၌ရေးသားဖော်ပြထားသည်။
ကျောင်းတော်အ၀င်ဝ၌ အာနန္ဒာဗောဓိပင်ကိုတွေ့ရှိနိုင်ပါသည်။ ထိုဗောဓိပင်ကို ဗုဒ္ဓဂယာမှ ဗောဓိညောင်ပင်
၏အစေ့ကိုယူ၍ ရှင်အာနန္ဒက မျီုးပွါး၍စိုက်ပျီုးခဲ့သည် ဘန္တေအာနန္ဒာကစိုက်ပျီုးခဲ့သည့်အတွက် ထိုအပင်ကို
အာနန္ဒဗောဓိပင်ဟူ၍ ခေါ်ကြသည်။ရှေးဟောင်ဇေတ၀န်ကျောင်းပျက်အုတ်ပုံ၏ အရှေ့ဘက်အရပ်တွင်
ယနေပတိုင်တွေ့ရှိနိုင်ပါသည်ယနေ့တိုင်တွေ့ရှိရသည့်ညောင်ပင်မှာ မူလအာနန္ဒာဗောဓိပင်၏ဆင့်ပွါးအပင်
အဖြစ်ဘာသာဝင်တို့ကကိုးကွယ်ကြပါသည်။ဤအပင်သည်အလွန်တရာရှေးကျ၍ကြီးမားသည်အပင်ဟောင်း
တစ်ခု ဖြစ်နေပါသဖြင့်၎င်းအပင်၏ ကိုင်းကြီးများကို သံတိုင်များဖြင့်ထောက်ထားကာ သဘာဝလေဘေး
မုန်တိုင်းဘေးတို့မထိရလေအောင် အကာအကွယ်ပေးထားသည်။
        ရှင်အာနန္ဒာသည်မြတ်စွာဘုရားနှင့် အနီးကပ်ဆုံးနေခဲ့ရပြီးရှင်ဗုဒ္ဓအား အများဆုံးပြုစုလုပ်ကျွေးခွင့်ရ
ခဲ့သူအဖြစ်ဗုဒ္ဓစာပေကျမ်းဂန်တို့တွင်ဂုဏ်ရောင်ထွန်းလင်း တောက်ပြေင်သူ တဦးအနေညဖင့်တင့်တယ်
သည့်နေရာရရှိထားသည်။ အာနန္ဒာဗောဓိပင်သည်လည်း ဗုဒ္ဓဂယာရှိ ဗေဓိညောင်ပင်၏ မျီုးစေ့မှ အမွေ
ဆက်ခံထားသည့် အပင်ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့၏ သဒ္ဓါကြည်ညိုမူခံရသည့် သမိုင်းဝင်ညောင်ပင်
တစ်ပင်အဖြစ်တင့်တယ်ညခင်းဆောင်ထားလေသည်။
ဤဗောဓိပင်သည် လက်ရှိဝိဟာရကျောင်းတိုက်သို့ လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးခ၇ီးသည်တို့အ
တွက် အဓိကဆွဲဆောင်မူဖြစ်နေသည်။-၁၈၆၂-၆၃ ခုနှစ်များတွင် သာဝတ္ထိမြို့ဟောင်းကို ပထမဦးစွာသုတေ
သီ(GENERAL CUNNIGHAM) ကရှာဖွေတွေ့ရှိခဲ့သည်။ ထိုနေရာကိုတူးဖော်သည့်အခါ တောတောင်လှို
မြောင်ဖြစ်နေပြီး အညမင့်ခုနှစ်ပေလေးလက်မခန့်ရှိသော ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူကို၇၇ှိခဲ့ပါသည်။၎င်းရုပ်ပွါး
တော်တွင် ကမ္မည်းကျောက်စာထိုးထားသည့်အဆိုအရ ထိုဆင်းတုတော်ကို မထုရာမြို့နယ် ဘိက္ခုဗလက
ထိုနေရာတွင်တည်ထောင်ခဲ့ကြောင်းသိ၇ှိရပါသည်။ဤရုပ်ပွါးတော်ရှာဖွေတွေ့ရှိခဲ့သည့်နေရာကိုဆာဟေ့ထ
(ဇေတ၀န်)ဟုခေါ်သည်။
ဆက်လက်ရေးသားပါဦးမည်.
အရှင်မုနိန္ဒ(ပန်းထော်) (သာဝတ္ထိဇေတ၀န်ကျောင်းတော်အနီးက အာနန္ဒဗောဓိပင်ကြီး)
>>>ဆက်ဖတ်ရန်>>> >>