Friday 7 February 2014
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅ ၅ )
သင်္ကဿအနီးအနားမှာ ရှိကြသော မြေစား ၊မြေပုံ ၊ကုန်းကမူ၊တောင်ကမူ၊ တောင်ပို့များမှ ရှာဖွေတွေ့ရှိ
သော ရွှေ ငွေ ကြေး ဒင်္ဂါး မြောက်များစွာတို့ကိုလည်း သက်ဆိုင်ရာ ပြတိုက်များမှာ ထိန်းသိမ်း၍ပြသထား
သည်။ ပဉ္စာလမင်းများလက်ထက် ဌာန တိုင်းရင်းသားတို့ သုံးစွဲလေ့ရှိသော ဒင်္ဂါးများနှင့် ကုဿဏမင်းများ
လက်ထက်သုံးစွဲလေ့ရှိသောေ
ကြးဒင်္ဂါး အများအပြားကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ သင်္ကဿသည် ကာလတာ
ရှည်စွာ ပဉ္စာလမင်းများ အုပ်ချုပ်မူအောက်တွင်ရှိခဲ့သည်။ ထိုမင်းများ၏ ရာဇဌာနိမြို့မှာ အဟိစ္ဆတရဖြစ်ခဲ့ပါ
သည်။ ယနေ့တိုနေရာသည် ယူပိပြည်နယ် ဗရေလီခရိုင်အတွင်းတည်ရှိပါသည်။ မကြာသေးမှိအချိန်ကာလ
အတွင်းကသင်္ကဿနားရှိ တောင်ကမူ တစ်အတွင်းမှ ၁၁ လက္မ ၆ လက္မ ပမာဏရှိသော အုတ်ခဲတစ်ခဲကို
ရရှိခဲ့ပါသည်။ ထိုအုတ်ခဲပြားပေါ်မှာ ခရစ်မပေါ်မှိ ၂ ရာစုနှစ်များကဗြာဟ္မီအက္ခရာတို့ဖြင့် ကမ္ဗည်းထိုးရေးသား
ထားသောအောက်တွင်ဖော်ပြထားသည့်အနက်အဓိပ္ပါယ်ကိုဆောင်သည့်စာကြောင်းနှစ်ကြောင်းရေးသား
ထားပါသည်။
            "ဘဒသမဆ သဗဇသလော်ကေ ပုထဂိုရထသ ဘတိကပုတ္တ ဇေထသ ဘဂတိပုတသ"
ထိုကျောက်စာကိုပရကရိတ် ဘာသာဖြင့်ရေးသားထားသည်။ ဘာရဂရ၀ီနှင့် ဘတိကတို့၏ သားကြီးကပေး
လှူထားသော အလှူဒါနအကြောင်း ရေးသားဖော်ပြထားသည်။ လက်ရှိသင်္ကဿရွာသည်တောင်ကုန်းတစ်
ခုပေါ်တွင်တည်ရှိနေသည်။အခြားအခြားတောင်ပို၊ တောင်ကုန်းများသည် ရွာအပြင်ဘက်မှတန်းစီ၍တည်ရှိ
လျက်ရှိပါသည်။ လက်ရှိရွာတည်ထားသည့်တောင်ကုန်း၏ အလျား ၁၅၀၀ ပေရှိ၍ အနံမှာ ပေ ၁၀၀၀ကျယ်
ဝန်းသည်။ သင်္ကဿရွာအပြင်ဘက် အရှေ့အရပ်၌ နှစ်ဖာလုံအကွာတွင် စတုလန္ဒီမည်သော နေရာတစ်ခုရှိ
ပါသည်။ဤနေရာတွင် အရွယ်အစားကြီးမားသည့် ရှေးခေတ်က သုံးစွဲခဲ့ကြသော အုတ်ခဲမြောက်များစွာကို
ရှာဖွေရရှိခဲ့သည်။ ထိုအုတ်ခဲကြီးများကို ဒေသခံတို့က သယ်ယူသုံးစွဲခဲ့သည်။ ယ္ခုအချိန်တွင် ထိုအုတ်ခဲများ
ကို မည်သူမျှယူသွားပိုင်ခွင့်မရှိတော့ပေ။
          သင်္ကဿသို့လာရောက်ဖူးမြော်ကြသည့် ခရီးသည်များ၏ဦးရေမှာ တစ်နှစ်မှတစ်နှစ် တိုးမြင့်လာနေ
သည်။ စတုခန္ဒီ၏ ညာဘက်ရှိနေရာကိုသယ်ယူသုံးစွဲခဲ့သည်။ ယက္ခုအချိန်တွင် ထိုအုတ်ခဲများကို မည်သူမျှ
သယ်ယူပိုင်ခွင့်မရှိတော့ပါ။ သင်္ကဿသို့လာရောက်ဖူးမြော်ကြသည့် ခရီးသည်များ၏ ဦးရေမှာ တစ်နှစ် တစ်
နှစ်တိုးမြင့်လာနေသည်။ စတုခန္ဒီ၏ ညာဘက်ရှိနေရာကို ပန္နထာဝလိဟုခေါ်သည်။ ယင်းအောက်ဘက်တွင်
"နိဝိကာကိုဋ"အမည်ရှိသောနေရာရှိသည်။ စတုခန္ဒီ၏အရှေ့မြောက်အရပ်တွင် မြောစာပုံ၊တောင်ကုန်း၊
တောင်ပုံ အမြောက်အများရှိကြသည်။ ထိုနေရာများမှ များပြားသောရှေးဟောင်း ပစ္စည်းများ ရရှိခဲ့ပါသည်။
ရှေးဟောင်းပစ္စည်းများဖြစ်သည့်အားလျှော်စွာ တန်ဘိုးကြီးမားသည်။ ဝေဒိကာ ကျောက်တိုင်ကိုမထုရာမှ
သဲကျောက်တို့ဖြင့်တည်ဆောက်ထားသည်။ဤကျောက်တိုင်မှာ ၂ ပေ ၉ လက္မခန့် အမြင့်ရှိသည်။ထို
ကျောက်တိုင်ကို ခရစ်မမွေးခင် ၁ ရာစုနှစ်များက သင်္ကဿတွင်လုပ်ထားသော ကျောက်တိုင်ဖြစ်သည်။
                                         အဂဟတကီး ဆရာယ
ထုပ၏အနောက်မြောက်အရပ် ၄ ကီလိုမိတာခန့် ကွာဝေးသည့်နေရာတွင် တည်ရှိသောရွာကို အဂဟတကီး
ဆရာယရွာဟုခေါ်သည်။ပခါနာဘူတာနားမှာ တည်ရှိသောရွာကို အဂဟတရွာဟုခေါ်သည် ခေတ်ကာခတစ်
ခုတွင် ဤရွာ၌ "အရဟတ္တ"တွင်တည်ရှိသော ဘိက္ခူရဟန်းများ နေထိုင်ရာရွာဖြစ်ခဲ့သည်။ သို့သော် ကာလ
ကြာမြင့်လာသည့်အခါ ထိုရွာကို အဂ္ဂဟသာကီးဆရာယ ဟုနာမည်ပေးလာခဲ့သည်။ အဂ္ဂဟသမှာအရဟတ္တ
ဖြစ်၍ "ဆရာယ"မှာနေထိုင်ရာဌာနဟုအဓိပ္ပါယ်ရသည်။ ထိုရွာနေရာ တစ်နေရာတွင် တူးဖော်သည့်အခါရှေး
ဟောင်းက တည်ဆောက်ခဲ့သည့် ရေတွင်းတစ်တွင်းနှင့် သံပြားအချို့တို့ကို ရှာဖွေတွေ့ခဲ့သည်။
                                           ကန္ဒာလအိုင်
တူပ၏အရှေ့အရပ်၌ မီတာဝက်ခန့်အဝေးတွင် ကန္ဒာလအိုင်တစ်ခုရှိနေသည်။ဤရေအိုင်ကြီးသည် ဗုဒ္ဓခေတ်
တွင်တူးဖော်တည်ဆောက်ခဲ့သည့်အိုင်ဖြစ်သည်။ လက်ရှိအချိန်တွင် အိုင်ကြီးပျောက်ကွယ်ပြီး မြေညီသဖွယ်
ဖြစ်နေပြိ။ အချိန်ကာလတစ်ခုတွင် ဗုဒ္ဓ ဘိက္ခူများက ဤရေအိုင်ကြီးတွင် ရေချီုးရန်တည်ဆောက်ခဲ့သည်။
သင်္ကဿမှ ၀ိဟာရရွာသို့သွားသည့်လမ်းဟောင်းကို ယနေ့လည်းတွေ့ရှိနိုင်ပါသည်။ ထိုလမ်းသည် ကန္ဒာလ
အိုင်၏ အရှေ့ဘက်ကနေ၍ ၀ိဟာရရွာသို့သွားသည့်လမ်းဖြစ်သည်။ ဤလမ်းသည် အာဇုနပူရရွာမှတဆင့်
ဝိဟာရရွာသို့ရောက်သည်။ ဤရွာတွင် ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ဘိက္ခူသံဃာ အဖွဲ့ဝင်များ သံဃာ
အပေါင်းတို့စု၍နေထိုင်ခဲ့သည်။  ဘိက္ခူသံဃာ အဖွဲ့ဝင် သံဃာများနေထိုင်ခဲ့သည်ကို အစွဲပြု၍ ဤရွာကို
ဝိဟာရရွာဟုအမည်တွင်ခဲ့သည်။ ဤရွာ၏ လေးဘက်လေးတန်တွင် ခေတ်ဟောင်းကတည်ဆောက်ခဲ့သည့်
ပရိကိုဋာခေါ်နံရံကို ပြိုပျက်နေသည့် အခြေအနေတွင် ယနေ့လည်းတွေ့ရှိနိုင်ပါသည်။ ရွာ၏အရှေ့ဘက်အ
ဝင်တံခါးဝသည် ယနေ့ထိတည်ရှိနေပါသေးသည်။ ထိုနေရာတွင် မြေကိုတူးဖော်သည့်အခါ ငွေ၊ ကြေး၊အသ
ပြာသို့ကို ရှာဖွေတွေ့ရှိလျှက်ရှိသည်။ ၀ိဟာရရွာ၏ အနောက်ဘက်အရပ်မှာ ဗုဒ္ဓခေတ်က တူးဖော်တည်
ဆောက်ခဲ့သည့် ရေတွင်း တစ်တွင်းကို တူးဖော်တွေ့ရှိထားသည်။ ထိုအချိန်ကာလက ဘိက္ခူသံဃအဖွဲ့ဝင်
ဘိက္ခူများသည် ထိုတွင်းရေကိုသောက်သုံးခဲ့ကြသည်။ ထိုစဉ်ကဤရွာသည် ကထေရီခေါ် ဓာနူကီလူမျီုး
တို့၏ရွာဖြစ်ခဲ့သည်။ ထိုရွာမှ လက်ရှိနေထိုင်လျှက်ရှိသော ရွာသူ၊ ရွာသားများထံမှ ဘိက္ခုသံဃာရတနာ
သည် ခေတ်ဟောင်းက ငွေ၊ ကြေး အသပြာအချို့ကိုရရှိထားပါသည်။
                                            "ဘ၀တုသဗ္ဗမင်္ဂလံ"
ဝန်ခံချက်။ ။မူရင်းစာရေးဆရာ အင်ဂျင်နီယာ-စန္ဒြသေနဗော်ဒ္ဓ= မြန်မာဘာသာပြန်-ရမ်းဂျီးဘားမား--
ခိုင်အောင်ကျော်၏  ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန စာအုပ်အား ကုသိုလ်ဖြစ်ပြန်လည်မျှဝေ
ရေးသားပါသည်။  ရွှင်လန်းချမ်းမြေ့ကြပါစေ..... အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
Thursday 6 February 2014
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅ ၄ )
သင်္ကဿသည်တကမ္ဘာလုံးမှ ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမြော်ရာဌာနတစ်ခု ပြန်ဖြစ်လာပါပြီ။ သကျာမျီုးနွယ်
အပါအ၀င်ဖြစ်ကြသည့် လူများသည် မိမိတို့တောက်ပြောင်ခဲ့သော အတိတ်ကိုအောက်မေ့လျှက်ဂုဏ်ယူ
ဝင့်ကြွားကာ ဗုဒ္ဓဘာသာကို ပြန်လည်ခိုလှုံလာကြပြီး။ အရှင်ဂေါတမ သိဒ္ဓတ္ထ၏ မျီုးနွယ်စုများနှင့်ဧကရာဇ်
ဘုရင် အာသောက၏ အမျီုးအနွယ်များဖြစ်ကြသော ဿကီ၊ မော်ရိယကုဿဝါဟ၊သေနိယနှင့်မာလီအမျီုးမှ
လူတို့၏လက်များ
မှ သင်္ကဿကိုဗြဟ္မဏတို့၏လက်အောက်မှလွတ်မြောက်လာစေနိုင်ရန် ဘာသာရေးတိုက်
ပွဲကိုဆင်းနွဲနေကြပြိ။ ယ္ခုနှစ်သိတင်းကျွတ်လပြည့်နေတွင်ကျင်းပခဲ့ကြသည်။ဗုဒ္ဓညီလာခံတစ်ရပ်တွင်တက်
ရောက်လာခဲ့ကြသည့် သိန်းနှင့်ချီ၍ လူထုပရိဿပ်သည် သင်္ကဿလွတ်မြောက်ရေးကို အစီုးရထံတညီတ
ညွတ်အဆိုပြုတောင်းခံလွာပို့ပေးကြောင်းသိရှိရပါသည်။ ဤဘုမ္မိမြေကို ဿကျအနွယ်ဗုဒ္ဓဘာသာလှုပ်ရှား
မှူတစ်ရပ်ဖြင့်ဗြာဟ္မဏတို့၏ဘာသာရေးချုပ်ချယ်မှူ့အောက်မှာ သင်္ကဿက မကြာမှိအနာဂါတ်တွင်လွတ်
မြောက်လာမည်ဟု ယုံကြည်ရပါသည်။ ခမည်းတော်မင်းကြီး သုဒ္ဓေါဓနနှင့်တကွ မယ်တော် မဟာမာယာဒေ
ဝီတို့အားမွန်မြတ်သည့် အမှတ်တရအဖြစ် ရှင်ဗုဒ္ဓသည် သစ္စာဓမ္မတရားကို ဟောကြားခဲ့လေသည်။သင်္ကဿ
တွင် ပြိုပျက် ပျက်စီးနေပြီး ၀ိဟာရနေရာတွင်ဟနုမာန်နှင့် သျှိဝတို့၏ရုပ်ထုတည်လိုက်ပေးခြင်းမှာ ဗြာဟ္မဏ
တို့လှည့်ကွက်များဖြစ်ကြောင်းယူဆရပါသည်။ ဗုဒ္ဓဓမ္မပျက်သုန်းရပြီးနောက် ဗုဒ္ဓဘာသာလောကတွင်စံပြုစံ
ထားအပ်သည့် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့ကို ဘာသာဝင်များလုံးဝမေ့သွားအောင် အကြံအစည်ရှိရှိလုပ်သွား
သည့်လုပ်ရပ်များသည် ကဲ့ရဲ့ဖွယ်ရာပင်ဖြစ်ပါသည်။ ၀ိဿရီ-ဟူသည့်စကားလုံးမှာ မေ့ပျောက်ခံရသည့်သူ
ဟူ၍ အဓိပ္ပယ်ရပါသည်။ ၀ိဿရီဟူသောစကားလုံးသည် မယ်တော်မာယာဒေ၀ီကို ကိုယ်စားပြုသည်သို့
သော်"၀ိဿရီဒေ၀ီ"မှာ ဗြာဟ္မဏအနွယ်ဝင် ဒေ၀ီတစ်ဦးဖြစ်ကြောင်းဝါဒဖြန့်၍၎င်းဒေ၀ီရုပ်ထုကို ကိုးကွယ်
ခိုင်းထားပါသည်။ သမိုင်းကိုလှည့်ခြင်း ညာခြင်းတို့မှာ ဆက်လက်တည်ရှိနေလိမ့်မည်မဟုပ်ဟုယုံကြည်ရ
ပါသည်။
              ဗုဒ္ဓဘာသာအဖွဲ့အမျီုးမျီုးနှင့် ဘာသာဝင်ရဟန်းသံဃာများက သင်္ကဿနှင့် ပတ်ဝန်းကျင်တွင်
သာသနာအကျီုးပြု ပြည်သူအကျီုးပြုလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်ကြသည်။ သို့သော် ၀ိရောဓိများထိုး
နှစ်ချက်များကြောင့် ဗုဒ္ဓဓမ္မတိုးတက်ဖွံ့ဖြိုးမှူ့အတွက်လုပ်ငန်းများ အခြေတည်အောင် ယနေ့တိုင်အောင်မ
လုပ်ဆောင်နိုင်သေးပါ။ သို့သော်သီရိလင်္ကာမှ ဆရာတော်ဦးဥာဏ်ရတနာ သင်္ကဿသို့ကြွရောက်လာက
တည်းက အနေကောင်းရာဘက်သို့ ဦးတည်လာနေပြီဖြစ်သည်။ ဆရာတော်၏ ချစ်မြတ်နိုးဘွယ်ရာဖြစ်နေ
သည့်ဆက်ဆံရေးနှင့်ကျင့်ကြံမှူ့ နှောင်ကြိုးမဲ့ အများအကျီုးဖြစ်စေသည့် လုပ်ငန်းများကို နယ်သူနယ်သား
များက အားရသဖြင့်အများ၏ထောက်ပံ့ ကူညီမှူ့များရအောင် စည်းရုံးနိုင်ခြင်းသည် ချီးမွှမ်းစရာကောင်းနေ
ပါသည်။ ဆရာတော်ဦးဥာဏ်ရတနာ၏ မနားမနေကြိုးစားမူကြောင့် သင်္ကဿ၌ ကြီးကျယ်ခန်းနားလှသည့်
ဝိဟာရကျောင်းတစ်ကျောင်းနှင့် ဧည့်ဂေဟာတည်ဆောက်ပြီးသည်ဖြစ်သည်။ နိုင်ငံအတွင်းနှင့် ပြည်ပနိုင်ငံ
မှလာရောက်ကြသည့် ဘုရားဖူးခရီးသည်များ စိတ်ချမ်းသာ ကိုယ်ချမ်းသာ တည်းခိုနိုင်အောင် လိုလေသေး
မရှိအဆောင်အယောင်ပြည့်ပြည့်စုံစုံစိမံထားနိုင်ပြီဖြစ်သည်။
         ကာလရှည်စွာကွယ်ပျောက်နေ့သည့် သင်္ကဿကို ကမ္ဘာ့အလယ်တွင်ပြန်လည်၍ သူ့နေရာနှင့်သူ
ရနိုင်အောင်လုပ်ပေးထားသည့် ပထမလူမှာ Gen Cunnigham ပင်ဖြစ်သည်။ သူသည် ၁၈၇၆ ခုနှစ်တွင်
ဤနေရာကို ပထမဦးစွာ ရှာဖွေတွေ့ခဲ့ပါသည်။ ယနေ့သင်္ကဿသည် ကျောက်ရုပ်ထု မြေရုပ်ထုအကြွင်း
အကြံတို့ဖြင့် ပြည့်လျံလျှက်ရှိသည်။ တရုတ်ခရီးသည်များ၏မှတ်တမ်းတွင်ဖော်ပြထားသည့် အာသောက
ကျောက်တိုင်ကို ယနေ့တိုင်အထိ ရှာမတွေ့ဖြစ်နေသည်။ ပြတ်ကျီုးနေသည့် ထိုကျောက်တိုင်၏ထိပ်တွင်
ဟာထီဆင်တစ်ကောင်၏ရုပ်ထုတစ်ခုတင်ထားကြောင်းတွေ့ရသည်။ ထိုကျောက်တိုင်၏ အစိတ်အပိုင်းနှင့်
ဆင်ရုပ်ထုတို့ကို ၀ိဿရီဒေ၀ီ ဘုရားကျောင်းနားမှာ လုံခြုံစွားသိမ်းဆည်းထားသည်။ ထပ်ပိုင်းမှာ မောရိယ
ခေတ်က သုတ်ထားသည့် ပေါလစ်ဆေးများ ယ္ခုအချိန်အထိ အရောင်ပျက်ခြင်းမရှိပဲ တောက်ပမြဲ တောက်ပ
ဆဲဖြစ်သည်။ သင်္ကဿမှာ တူးဖော်ရရှိထားသည့် ဆင်းတုတော်များနှင့် အခြးရှေ့ဟောင်းသုတေသနပစ္စည်း
များပြည်နယ်အစီုးရရုံးဆိုင်ရာလက်ခနောင်းမြို့အစီုးရပြတိုက် ကလာကတ္တာမြို့ရှိ ဘာရတိယပြတိုက်တို့မှာ
အခြားရှေ့ဟောင်းသုတေသနဆိုင်ရာ ပစ္စည်းများ ပြည်နယ်အစီုးရရုံးဆိုင်ရာ လခနောင်းမြို့ အစီုးရပြတိုက်
ကလကတ္တားမြို့ရှိ ဘာရတိယ ပြတိုက်တို့မှာ ထိန်းသိမ်းပြထားပါသည်။ အချို့အချို့သော တန်ဘိုးရှိသည့်
ဆင်းတုတော်များနှင့်ရှေးဟောင်းအဆက်ဆက်မှ သုံးစွဲခဲ့ကြသည့် ရွှေ၊ငွေ၊ကြေး၊ဒင်္ဂါးများကို သင်္ကဿနေ
စန္ဒီကာပရဆပ် ဒိက္ခီ(သ်)၏ ကိုယ်ပိုင်ပြတိုက်၌ စုစည်းပြသထားပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
Wednesday 5 February 2014
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅ ၃ )
သင်္ကဿတွင် ဗုဒ္ဓဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်တို့အကြား မကြာခဏ ၀ိဝါဒကွဲပြားမူဖြစ်ပွားတတ်သည်
ထိုအခြေအနေကိုထိန်းသိမ်းနူိုင်ရန်လက်ရှိအုပ်ချူပ်မှူဖြင့် ရဲစခန်းတစ်ခုကို ထိုရွာ၌ပင်ဖွင့်လှစ်ပေးထားသည်။
အသောကမင်းတရားကြီးတ်ာဆောက်ပေးခဲ့သော ၀ိဟာရကျောင်းတိုက်သည်ပြိုပျက် ပျက်စီးသွားသဖြင့်
ကျောင်းတည်ရှိရာတွင် အုပ်ခဲပုံကြီးတစ်ခုကိုမြင်တွေ့နိုင်သည်။ ထိုနေရာမှ ဟိန္ဒူဘာသာဝင်တို့သည် မဟာမာယာဒေ၀ီအစား ၀ိဿရီနတ်သမီးဟုအမည်တပ်ကာ ကိုးကွယ်ကြသည်။ဝိဿရီမယ်တော်မန္ဒြိရ်
(ဘုရားကျောင်း)ကိုလည်း ဟိန္ဒူဘာသာဝင် ပူရ်ဇာရီ(မဟန္တာ)တို့မှအုပ်ချုပ်ထားသည် ဤနယ်မြေတစ်ခုလုံး
ကို ရှေးဟောင်းသုတေသနဌာနကအချိန်ပြည့်ကင်းချထားသည်။ အဘယ်ကြောင့်ဆိုသော် နယ်မြေအနှံ
လယ်ကွင်းများ၌ အချိန်အခါအားလျော်စွာ ဗုဒ္ဓရုပ်ပွားတော်များ ဗုဒ္ဓဘာသာဝင်မင်းများလက်ထက်က ဗုဒ္ဓ
ဘာသာဆိုင်ရာ ရှေးဟောင်းပစ္စည်းများရှာဖွေတွေလျက်ရှိသောကြောင့်ဖြစ်သည်။ ရှေးဟောင်းသုတေသန
ပိုင်နယ်မြေအတွင်းမည်သူမှာမဆိုတည်ဆောက်မူအသစ် တစ်ခုခုမပြုလုပ်နိုင်ကြောင်း ဥပေးပြဌာန်း၍တား
မြစ်ထားသည်။လယ်မြေအချို့တို့ကို သုတေသနဌာနလက်အောက်ထားကာ လယ်လုပ်ပိုင်ခွင့်ချမှတ်ပေး
ထားပါသည်။
              ဘာရတနိုင်ငံတွင်ဗုဒ္ဓဘာသာကွယ်ပျောက်ခဲ့ပြီးနောက်ဗုဒ္ဓယဉ်ကျေးမူဆိုင်ရာများ အမှတ်သင်္ညာ
များအကြီးအကျယ်ဖျက်ဆီးခံလိုက်ရပါသည်။ဗြဟ္မဏ၀ါဒီများဥပါယ်တမည်ဖြင့်ဗုဒ္ဓအားပိဿနီုးနတ်မင်းကြီး
၏ ၁၀ ကြိမ်မြောက်ဖွားတော်မူသည့်(ပိဿနိုးဘုရားအလောင်း)ဟူ၍လက္ခဏာပြုသပ်မှတ်ထားခြင်းသည်
လုံးဝမှားယွင်းနေသည့် အကြောင်းဖြစ်ပါသည်။ ဗုဒ္ဓဓမ္မသည် ဟိန္ဒူဓမ္မ၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း
ဟိန‘ူဘာသာ ဗြဟ္မဏအယူကို ထောက်ခံထားသည့် ကျမ်းအချို့၌လည်းဗုဒ္ဓအား ၀ိဿဏုဘုရားလောင်း
ဟူ၍ဖော်ပြထားသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဗုဒ္ဓဘာသာဝင်တို့အားဒိဌအမြင် သွတ်သွင်းထားခြင်းအား
ဖြင့်ဗုဒ္ဓဘာသာ၏ မူလအတွေးအခေါ်ကို နားလည်သဘောပေါက်နိုင်ရန် ခက်ခဲမူဖြစ်ပေါ်စေသည်။
       လက်ရှိအချိန်တွင် သင်္ကဿကဲ့သို့နယ်မြေတွင်ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာဝင်၏အရေးပါမူ့ကိုလျော့တွက်ကြ
ရန်ရည်ရွယ်ချက်မျီုးဖြင့်အသောကမင်းတရားကြီးတည်ဆောက်သွားခဲ့သော မဟာဝိဟာရကျောင်းတိုက်
မျိုးတွင် ၀ိဿရီမာတာခေါ် နတ်ဒေ၀ီပူဇော်ကိုးကွယ်ခြင်းကို အာပေးခြင်းနှင့် နိုင်ငံခြားမှသင်္ကဿသို့လာ
ရောက်သည့် ဘုရားဘူးခရီးသည်များအား ၀ိဿရီဒေ၀ီမန္ဒြိရ်ဘုရားကျောင်းခေါ်ပြခြင်း စသည့်အပြုအမူမှာ
ဗုဒ္ဓဘာသာ၏ အမှန်တရားကို ဖော်ထုပ် မီးမောင်းထိုးပြခြင်းကို တစ်မျီုးရှောင်ကြည်လို့သည့်ဆန္ဒဖြစ်ကြောင်း
သပ်မှတ်ရမည်ဖြစ်သည်။
               အရှင်မြတ်ဗုဒ္ဓသည်" ဆွရဂ"ခေါ်ကောင်းကင်ဘုံတစ်ခုမှဆင်းသက်လာ၍ မယ်တော်မဟာမယာ
ဒေ၀ီ၌ သန္ဓေ ပြုခဲ့သည်ဟူသည့် အပြောအဆိုအရေးအသားတို့မှာ ဗြာဟ္မဏ၀ါဒီတို့၏ လုပ်ကြံထားသည့်
အယူအဆဖြစ်သည်။ ဂေတမမြတ်စွာသည် အဘယ်တာဝတိ့သာနတ်ပြည်ကမှဆင်းသက်လာ၍ သင်္ကဿ
၌ အဘိဓမ္မာတရားများကို ဟောကြားခြင်းမဟုပ်နိုင်ပါ။ဤအယူအဆကို ဒိဌအမြင်မှား ဗြာဟ္မဏတို့ကနည်း
အမျီုးမျီုးဖြင့်ဖြန့်ဝေထားခြင်းဖြစ်သည်။" ဆွရဂ"ဗြဟ္မဏဘုံအထက်ကလောကနှင့်နာရက(ငရဲ)ဘုံ၏အယူ
အဆမှာဗုဒ္ဓဓမ္မကို ဘာရတနိုင်ငံမှ ကွယ်ပျောက်သွားစေရန်နှင့်ဤမြေပေါ်မှာ ဗုဒ္ဓဘာသာပြန်လည်မထွန်း
ကားလာအောင် လုပ်ကြံထားသည့် အယူအဆဖြစ်သည်။ ယနေ့မျက်မှောက် အိန္ဒိယနိုင်ငံတွင် ၁၉၅၆ ခုနှစ်
မှစ၍ ဒေါက်တာအဗ္မေဒ်ကာရ်၏ ဦးဆောင်မူ့ဖြင့် ပေါ်ပေါက်လာခဲ့သည့် ဘာသာရေးတော်လှန့်မှူ့ကြောင့်
သိန်းသောင်းကုဋေချီ၍ လူတို့သည်၎င်းတို့၏ မူရင်းဘာသာဖြစ်သည့် ဗုဒ္ဓဘာသာကို ပြန်လည်ခိုလှုံလာနေ
ကြပြီ။ဗုဒ္ဓဘာသာအတွက် အချက်အချာနေရာဖြစ်သည့် သင်္ကဿ၌လည်းနိုင်ငံခြားမှဘာသာဝင်တို့သည်
ဗုဒ္ဓဘာသာပြန့်ပွားရေးနှင့် ဗုဒ္ဓမြတ်စွာဘုရား၏ကျေးဇူးတော်ကို အောက်မေ့တသဖြစ်၍ ဗုဒ္ဓဘာသာဝိဟာ
ရကျောင်းများ စေတီများစသည်တို့ကို တည်ဆောက်လာခဲ့ကြပါပြီ။အိန္ဒိယနိုင်ငံမှလည်း ဘာရတိယဗုဒ္ဓ
ဝိဟာရကျောင်းတစ်ကျောင်းတည်ဆောက်ပြီးဖြစ်သည်။ ထိုင်းနိုင်ငံသားတို့၏ ကျောင်းတော်မှာလည်းတည်
ဆောက်နေဆဲဖြစ်သည်။ ဂျပန်ပြည်မှ ဘာသာဝင်တို့က စေတီနှင့် ဘုရားကျောင်းတည်ဆောက်ရန် မြေ
ကွက်ဝယ်ယူပြီးသားဖြစ်နေပါပြီ။ အထက်ဖော်ပြပါ ကျောင်းများပေါ်ပေါက်လာသည့်အတွက်သင်္ကဿ၏
အရေးပါမူကလည်းထင်ရှားလာနေပါပြီ။ တောင်ကိုးရီးယား၊ဂျပန်၊တရုတ်ပြည်မှ ဗုဒ္ဓဘာသာ ဥပသကာများ
ကလည်း မိမိတို့နိုင်ငံမှ ဘုရားကျောင်း၊ဧည့်ဂေဟာစသည်တို့ကို တည်ဆောက်လာနေကြပြီးထိုကျောင်းများ
အပေါ်တိုင်း နိုင်ငံအသီးသီးတို့၏ အလံများလွှင့်ထူထားသည်ကို မြင်တွေ့ရ၍ ဗုဒ္ဓဘာသာဝင်တို့မှာများစွာ
ကြည်နူးပိတိဖြစ်ကြပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
Tuesday 4 February 2014
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅ ၂ )
                                                            သင်္ကဿ
သင်္ကဿမှာ သေးငယ်သည့် နေရာအရပ်ဖြစ်သော်လည်း ဗုဒ္ဓဘာသာသမိုင်းနှင့် လောကတွင်အလွန်အရေး
ပါ၍ ထင်ပေါ်ကျော်ကြားသည့်နေရာတစ်ခုဖြစ်ပါသည်။ ဤဘာဆန်ပူရ်သည်ဖရူခါဗာဒ်တိုက်နယ်(ဇနပဒ)မှ
ကီလိုမီတာ ၇၄ အကွာအဝေးရှိသည့်နေရာတွင် မုဟာမ္ဒယဗာဒ်ကိုသွားသည့် ကားလမ်းနဘေးတွင်တည်ရှိ
နေပါသည်။ ဤမြို့နေရာမှ မလှမ်းမကမ်းတွင် ကာလီနဒီ(မြစ်)စီးဆင်းလျက်ရှိသည်။ ပခနာမီးရထားဘူတာမှ
သင်္ကဿမှာ တစ်ကီလိုမီတာခန့်သာဝေးသည်။ သင်္ကဿပတ်ဝန်းကျင်ရှိလယ်မြေများ အလွန်တစ်ရာမြေ
သြဇာကောင်းသည်။ ၁၂ ရာသီစိမ်းလန်းစိုပြေနေသည့်မြင်ကွင်းများကိုမြင်တွေ့နိုင်သည်။ သင်္ကဿပတ်
ဝန်းကျင်သည် စည်ပင်သာယာဝပြော၏။
               သင်္ကဿထင်ပေါ်ကျော်ကြားရခြင်းရဲ့အကြောင်းမှာ မြတ်စွာဘုရားဟောကြားခဲ့သည့်အဘိဓမ္မာ
ပိဋကတ်ကျမ်းတွင် စုစည်းဖော်ပြထားသည့်တရားဒေသနာတို့ကို ဘုရားရှင်သည် သင်္ကဿ၌ ဟောကြားခဲ့
လိုပင်ဖြစ်၏ အဘိဓမ္မာတရားတော်ကို မြတ်ဗုဒ္ဓသည် မိခင်မဟာမာယာဒေ၀ီ၏အမှတ်တရအဖြစ်ဟောကြား
ခဲ့ပါသည်။ ၀ိနယပိဋက နှင့် သုတ္တပိဋကတို့တွင် ဖော်ပြသည့်တရားများကိုဗုဒ္ဓသည်အခါအားလျော်စွာအခြား
အခြားနေရာမျာတွင် ဟောကြားခဲ့ဘူးသည်။ သို့သော် အဘိဓမ္မာတရားကို သင်္ကဿတွင်သာဟောကြားခဲ့
ပါသည်။ အဘိဓမ္မာတရားတို့သည် ဗုဒ္ဓဒဿန၏အရေးပါမူနှင့် လူတကာမြတ်နိုးကြည်ညိုစရာကောင်း၍
လောကအကျီုးကို စွမ်းဆောင်နိုင်သည့် ဒဿနတရားမြတ်ဖြစ်သည်။ သမိုင်းဝင်တရုတ်ခရီးသည်များဖြစ်
ကြသည့် ဖာယီယန်နှင့် ဟုအင်ဆန်းတို့က မိမိတို့ခရီးသွားမှတ်တမ်းတို့တွင်သင်္ကဿ၏အရေးပါပုံနှင့်
ခေတ်ဟောင်းအခါကသင်္ကဿတွင် တည်ဆောက်ထားခဲ့သည့် အဆောက်အဦး ဘုရားကျောင်းစေတီပုထိုး
များအကြောင်းတို့ကိုလည်း စုံလင်စွာရေးသားမှတ်တမ်းတင်ထားသည်ကိုတွေ့ရှိနိုင်ပါသည်။
                 ခရစ်သက္ကရာဇ် ၅ ရာစုနှစ်၏ ပထမ ၁၀ ရာစုအတွင်း သင်္ကဿသို့ရောက်ရှိလာခဲ့သည့်တရုတ်
ခရီးသာ် ဖာယိယန်းက သူ၏ခရီးသွားမှတ်တမ်းတွင်သင်္ကဿအကြောင်းကိုအောက်တွင်ဖော်ပြထားသည့်
အတိုင်း ရေးသားဖော်ပြထားသည်။    ဤနေရာတွင် ဘိက္ခူနှင့် ဘိက္ခူဏီ သံဃာအပေါင်းတစ်ထောင်ခန့်
နေထိုင်သိတင်းသုံးခဲ့ကြသည်။ ၎င်းတို့အားလုံးသည်ဘာဏ္ဍရတစ်ခုတည်းမှာ အစားအသောက်ဆွမ်းတို့ကို
ရရှိခဲ့ကြသည်။ အချီု့သိုံ ဘိက္ခူ ဘိက္ခူဏီတို့မှာ ဟိနယာနီဖြစ်၍ တချီု့သို့ သီလရှင်နှင့် ဘိက္ခူတို့မှာ မဟာ
ယာနီများဖြစ်ကြသည်။
                တထာဂတ ဗုဒ္ဓသည် ကဆုန်လပြည့်မှ ၀ါခေါင်လပြည့်(သီတင်းကျွတ်လပြည့်) အထိ သုံးလတိ
တိတရားဒေသနာဟောကြားမည်ပွဲတော်ကိုသင်္ကဿ၌ ကျင်းပသွားမည်ဖြစ်ကြောင်းဃေဿဏ(ကြေငြာ)
ပြုသည်ကိုကြားသိ၍ ဿရိပုတ္တရာ၊ မောဂ္ဂလန် ၊ ရှင်အာနန္ဒာစသော ရဟန်းသံဃာများသည်သင်္ကဿသို့
စုဝေးရောက်ရှိလာခဲ့ကြလေသည်။ အဘိဓမ္မာတရားတို့သည် ခက်ခဲလှပေသည်။ ရှင်ဿရိပုတ္တရာမှလွဲ၍
အခြား ရဟန်းပုဂ္ဂိုလ်များမှာ ဤမျှခက်ခဲလှသည့် တရားများကို သဘောပေါက်နားလည်ရန်ခက်ခဲသည်ကို
ဗုဒ္ဓကကြိုတင်သိထားလေသည်။ ထိုသို့သော အကြောင်းများကြောင့်မြတ်ဗုဒ္ဓသည် သင်္ကဿတွင်တရား
နာသော ပရိဿတ်အား ရှင်သာရိပုတ္တရာမှတဆင့် အဘိဓမ္မာတရားများကို ဟောကြာဒစေခဲ့သည်။ ထိုတ
ရားဒေသနာတော်မြတ်ကို သင်္ကဿနေ  နယ်သူနယ်သားများက လောကတွင် ပထမဦးဆုံးနာကြားခွင့်ရခဲ့
ကြသည့်သူများဖြစ်ခဲ့ရပါသည်။ ဒေသခံလူများသည် သင်္ကဿလို သေးငယ်ပြီး ကျော်ကြားမူ့ရှိခဲ့သည့်နေ
ရာမျီုးတွင် အဘိဓမ္မာတရားများကိုဦးစွာပထမနားကြားခဲ့ရသည်။ ရှင်တော်မြတ်ဗုဒ္ဓ၏ ၎င်းတို့အပေါ်ထား
ရှိသည့် မေတ္တာကို အောက်မေ့၍ ဗုဒ္ဓအား နည်းမျီုးစုံတို့ဖြင့် ဂါရ၀ပူဇော်ခြင်းတို့ကို ခင်းကျင်းပြုလုပ်ခဲ့ကြပါ
သည် သုံးလကြာအောင်ပြုလုပ်ခဲ့ကြသည် တရားဒေသနာ ဟောကြားပွဲပြီးသည့်ပွဲအပြီးတွင် ဒေသခံတို့က
(၂) ရက်ကြာပွဲလမ်းသဘင်ကိုကျင်းပ၍ မိမိတို့ဝမ်းမြောက်ဝမ်းသာကြောင်းဖော်ပြခဲ့ကြလေသည်။ထိုအချိန်
မှစ၍ ဤနယ်မြေတွင် (၂) ရက်ကြာပြုလုပ်သည့် ပွဲလမ်းသဘင်ကျင်းပခြင်းအစဉ်အလာတစ်ခုဖြစ်လာခဲ့ရာ
ယနေ့အထိ ထိုနေ့ရက်များတွင် ဒေသခံလူများသည် ထိုပွဲလမ်းသဘင်ကိုနှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိကြ
ပါသည်။ ထိုနှစ်ရက်တွင် ဒေသခံတို့သည် မိမိတို့တရား ဘာဝနာနှင့်အတူ ထုံးတမ်းစဉ်လာနှင့်အညီ ပူဇော်
ခြင်း ပတ္တနာပြုခြင်း စသည့်ကိစ္စများကို လုပ်ကြသည်။ ဒေသခံလူများမှာ အများအားဖြင့် မောရိယ၊ဿကျ
ကုသ၀ါဟာ၊သေနိယ၊ မာလီမျီုးနွယ်စုမှဖြစ်ကြသည်။ဤပွဲတော်ကို (၂ )ရက်ကြာကျင်းပပြီး၎င်းတို့သည်
ဗုဒ္ဓနှင့်ဗုဒ္ဓဘာသာတရားတို့ကိုလေးစားသမူပြုပြုခြင်းကိုအကြောင်းခံ၍ ဤပွဲတော်ကိုကျင်းပရသည်ဟုဆို
ကြသည်။ဧကရာဇ် အာသောကမင်းတရားကြီးသည် မိမိ၏ ဂုရု(ဆရာ)ရှင်မောဂ္ဂလိပုတ္တတိဿနှင့်အတူ
သင်္ကဿသို့ ကြွရောက်လာခဲ့ဘူးသည်။ အဘိဓမ္မာတရားတို့ကို ဤနေရာတွင် ဟောကြားခဲ့သည်ကိုအမှတ်
တရပြုရန်သင်္ကဿ၌ ကြီးကျယ်ခန်းနားလှသည့် ဗုဒ္ဓ၀ိဟာရကျောင်းတစ်ကျောင်းကို တည်ဆောက်ပေးခဲ့
သည်။ ထိုကျောင်းနေရာမှ မလှမ်းမကမ်းနေရာတွင် ဘုရားလောင်း ဆင်ဖြူတော်၏ရုပ်ထုတော်ကိုကျောက်
တိုင်တစ်ခုပေါ်တွင်တည်ဆောက်ခဲ့သည်။ ထိုကျောက်တိုင်ကို"ဟာထီဆာသမ္ဘ"ဆင်ဖြူတော်ကျောက်တိုင်
ဟုခေါ်သည်။ဗုဒ္ဓ ဓမ္မသာသနာတော်၏ ၀ိရောဓိမင်းပုပ်ချုပ်စဉ်ကာလတွင် ဗုဒ္ဓ၏အမှတ်တရဖြစ်သည့် ဆင်
ဖြူကျောက်တိုင်နှင့် အခြားဘာသာရေးဆိုင်ရာ အမှ်သင်ညာများ ဖြိုဖျက်  ဖျက်ဆီးခဲ့ကြလေသည်။ထိုသို့
ရှေးဟောင်း သုတေသန၏ ကြိုးစားထုပ်ဖော်မူ့ကြောင့် ယင်းတို့ကိုရှာတွေ့နိုင်ခဲ့သည်။ကျီုးပျက်နေသည့်အ
တိုင်း ပြန်လည်တည့်မတ်ပေးထားပါကြောင်းမြင်တွေ့နိုင်သည်။ ကျောက်တိုင်ထိပ်တွင်တင်၍တည်ဆောက်
ထားသည့် ဆင်းထုရုပ်ထုကလည်း ပြိုပျက်နေကြောင်းတွေ့ရှိနိုင်သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
Monday 3 February 2014
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅ ၁ )
တစ်နေ့တွင် ၀ိသာခါသည် ဇေတ၀န်ကျောင်းတိုက်သို့ ရှင်တော်ဗုဒ္ဓ၏ တရားတော်များကို နာယူရန်အဖိုးတန်
အ၀တ်အစားတန်ဆာပလာများဆင်ယင်ကာ ကျွန်မ သုပိယနှင့်အတူသွားခဲ့သည်။ကျောင်းတော်သို့ရောက်
ရှိသည့်အခါ"လူတို့၏ရူပရုပ်ရည်နှင့်တကွခပ်သိမ်းသောအလှဆင်ယင်မူတို့မှာ အနိစ္စသဘောကိုဆောင်
သည်ဟူသည့်တရားဒေသနာတော်တို့ကိုနာကြားသိရ၍ မိမိဝတ်ဆင်လာခဲ့သောအဖိုးတန်ကျောက်သံ
ပတ္တမြားတို့ကိုချွတ်၍အ၀တ်တို့ဖြင့်ထုပ်ထားကာ ကျောင်းတော်အတွင်းတနေရာမှာထားပြီးတရားပွဲပြီးဆုံး
တဲ့အထိနာကြားခဲ့သည်။ အပြန်တွင် ထိုအထုပ်မှာမေ့၍ကျောင်း၌ပင်ကျန်ခြ့လေသည် နောက်တစ်နေ့တွင်
သတိယသည့်အခါ-သုပီယအားခေါ်၍ဤသို့ဆိုခဲ့၏" အသင်သုပီယာ ယမန်နေ့က သခင်မ တန်ဆာပလာ
အထုပ်ကိုဇေတ၀န်ကျောင်း၌မေ့၍ထားခဲ့ပြီ။ သင်ယ္ခုကျောင်းတော်သို့သွား၍ ထိုအထုပ်ကိုယူလာပေးပါ
ဒါပေမဲ့ ထိုအထုပ်ကို ဘိက္ခုတပါးပါးက သူလက်ဖြင့် ထိမိခဲ့သည်ရှိသော် ပြန်၍မယူလာပါနှင့်တော့ကျောင်း
တော်နှင့် ဘိက္ခုသံဃာအဖွဲ သုံးစွဲရန်အတွက်ထားခဲ့ပေတော့ဟူမှာကြားလိုက်သည်။
        သုပီယာသည်ဇေတ၀န်ကျောင်းတော်သို့ဝင်၍ ကြည့်လိုက်သည်တန်ဆာပလာအထုပ်ကြီးကိုမူလ
ထားခဲ့သည့်နေရာမှရွေ၍ နောက်တစ်နေရာတွင် သိမ်းဆည်းထားကြောင်းကိုမြင်တွေ့၍အထုပ်ကိုမယူလာ
ပဲနှင့် သခင်မှာကြားထားသည့်အတိုင်းပြန်လာခဲ့သည်။ ဘိက္ခုအာနန္ဒာသည်ထိုအထုပ်ကို မူလနေရာမှပို
မိုလုံခြုံသည့်နေရာသစ်တစ်ခုသို့ရွေ့ထားသည်။ ဘိက္ခုသံဃာ၏လက်ဖြင့် ထိမိသွားခဲ့သဖြင့် ထိုပစ္စည်းသည်
 ပလှူဒါနဖြစ်သွားပြီဟုဆိုကာ ၀ိသာခါသည် ၉ သန်း ၉၀ဖိုးတန်ဖိုးရှိသည့် ထိုတန်ဆာပလာကို ကျောင်း
တော်နှင့်ဗုဒ္ဓသံဃာအတွက်လှူလိုက်ပြီဟူ၍ ပြန်ယူရန်ငြင်းဆန်ခဲ့သည်။ ထိုငွေတို့ဖြင့် ကျောင်းတိုက်တစ်ခု
ထပ်ဆောက်ရန် မြေ၀ယ်ယူပြီး အရှင်မောဂ္ဂလန်ကြီးကြပ်မူဖြင့်ရာမကျောင်းဆောင်သစ်တစ်ခုကိုတည်
ဆောက်ခဲ့ပါသည်။ ထိုကျောင်းဖြစ်မြောက်လာရန် အစအဆုံးငွေ သန်း ၂၀၀ အကုန်အကျခံခဲ့သည်ဝိသာခါ
မှာ ထိုကျန်ငွေများကိုလည်း စိုက်၍ကျောင်းတော်ကြီးဆောက်ပေးခဲ့ပြီး ဗုဒ္ဓသံဃာအတွက် ရေစက်ချလှူ
ဒါန်းခဲ့သည်။ ရှင်တော်မြတ်ဗုဒ္ဓက ဥပါဿိကာဒါယိကာ ၀ိသာခါ၏ ကုသိုလ်ကောင်းမှူကိုချီးမွမ်းအနုမောဒနာ
ပြု၍ ဗုဒ္ဓသာသနာ၏တိုးတက်ဖွံဖြိုးမူဆိုင်ရာ ကိစ္စများနှင့် ၀ိသာခါဆိုင်ရာကိစ္စတို့တွင် ၀ိသာခါအားကြားထား
၍၎င်း၏တရားဓမ္မဆိုင်ရာ ထောပနာပြုမူကို အသိအမှတ်ပြုကြောင်း ထုပ်ဖော်မြွတ်ကြားတော်မူခဲ့ပါသည်။
တစ်နေ့သောအခါ ၀ိသာခါသည် ဗုဒ္ဓနှင့်ဘိက္ခုသံဃာတို့အား ဆွမ်းကပ်လိုသည့်စိတ်ဆန္ဒဖြင့် မိမိအိမ်သို့
ကြွရောက်ပါရန်ပင့်ဖိတ်ခဲ့လေသည်။ ရှင်တော်မြတ်ဗုဒ္ဓနှင့်တစ်ကွ ကြွရောက်လာကြသော ရဟန်းသံဃာ
အသီးသီးတို့အား ဆွမ်းဘောဇဉ်ကပ်ပြီးနောက်၊ သင့်တော်သောနေရာတွင်ထိုင်လျှက် ရှင်တော်မြတ်ဗုဒ္ဓ
ရှေ့တွင် ဤသို့ဆုပန်လျောက်ထားခဲ့သည်။ ဗုဒ္ဓသာသနာတည်တံ့ခိုင်မြဲရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးအတွက်
 လုပ်နေကြသော ကျောင်ထိုင်  ကျေင်းနေဆရာတော်များ ၊ဘိက္ခုများနှင့် အာဂန္တု-ဘိက္ခူ ဘိက္ခူဏီများ
အားလုံးကို အသက်ထက်ဆုံး ဆွမ်း၊ ကွမ်း၊စီဝရ၊ ဆေးဝါး၊ ပါထေယ( ခရီးထွက်စဉ် ယူဆောင်ရမည့်
ပစ္စည်းပစ္စယ) စသည်တို့ကိုလှူဒါန်းနိုင်ခွင့်ကို ဆုပန်
လိုကြောင်း ထိုဆုပန်ချက်မှာ-
(၁) မိုးတွင်းကာလတွင် ဘိက္ခူများအတွက် သင်္ကန်းကပ်လိုခြင်း
(၂) ပြင်ပသို့ သာသနာပြန့်ပွါးရေးကို ရည်စူး၍ ခရီးထွက်သည့် ဘိက္ခူ ရဟန်းများအား စားဘွယ်ဘေဇဉ်
ကပ်လှူလိုခြင်း
(၃)အာဂန္တု ဘိက္ခူများအား ဘောဇဉ်ကပ်လှူလိုခြင်း
(၄) မမာမကျန်းဖြစ်နေသော ရဟန်းသံဃာများကို ပြုစုကြသည့် ဘိက္ခု သာမဏေတို့အား ဘောဇဉ်အစား
အစာလှူဒါန်းလိုခြင်း
(၅)ရောဂါခံစားနေရသည့် ဘိက္ခုများအတွက် အစားအစာနှင့် ဘောဇဉ်လှူဒါန်းလိုခြင်း
(၆)ရောဂါခံစားနေရသည့် ဘိက္ခုသံဃာများအတွက် လိုအပ်သည့်ဆေးဝါးများလှူဒါန်းလိုခြင်း
(၇)၀ိဟာရကျောင်းတိုက်တွင် နေ့စဉ်နှင့်အမျှရှိနေကြသောဘိက္ခုအပေါင်းတို့အားနို့ဆွမ်းဖြင့်ကပ်လှူလိုခြင်း
(၈)ဘိက္ခူဏီများ ရေချီုးပြီး အ၀တ်လှဲနိုင်ရန် စီဝရသင်္ကန်းများလှူဒါန်းလိုခြင်း စသည်တို့ဖြစ်သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>
Saturday 1 February 2014
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅၀ )
တစ်နေ့သောအခါ ယောက္ခမသူဋ္ဌေး မိဂါရသည် မိမိကိုးကွယ်သည့် ဂျိမ်းဆရာတော်များအားဆွမ်းကပ်ရန်
မိမိအိမ်သို့ပင့်ဖိတ်ခဲ့သည်။ မိသားစုဝင်အသစ်ဖြစ်သူ ၀ိသာခါအား ထိုဆရာတော်မျာအား မိမိလက်ဖြင့်
ဆွမ်းကပ်ခိုင်းသည်။ ကိုယ်လုံးတီးဖြစ်နေသော ထိုဆရာတော်များကိုမြင်၍ ၀ိသာခါသည် ဆွမ်းကပ်မပေး
နိုင်ကြောင်းငြင်းဆိုသည်။ ထိုသို့ငြင်းပယ်ရခြင်းအကြောင်းကိုမေးသည့်အခါ ၀ိသာခါဤသို့ပြန်ပြောခဲ့သည်
အကြင်တရားဓမ္မတို့ကိုဖြန့်ချီပေးသောဆရာ-ဆရာတော်များက ကိုယ်လုံးတိနေကြသူများဖြစ်ပါလျှက်
ထိုဓမ္မကိုလိုက်နာကြသည့် သူများမှာလည်း လူယုတ်မာများသာဖြစ်နိုင်ကြမည်ဟုမကြောက်မရွံ့ဘဲတုန့်
ပြောဆိုပြီးဝိသာခါသည်ချက်ချင်း မိမိအိပ်ခန်းသို့ဝင်သွားလေသည်။ဝိသာခါ၏ထိုအပြုအမူတို့ကြောင့်
မိရဂါတို့အိမ်၌ ဗုဒ္ဓဘာသာဝင်တို့အပေါ် မနာလိုစိတ်ပေါက်ဖွားလာလေသည်။
           သူဋ္ဌေးမိရဂါမှာ သူချွေးမ၀ိသာခါသည် သူရှေ့မှောက်တွင် သူကိုးကွယ်ခဲ့သည့်ဆရာများအား
ပမာမခန့် မလေးမစားလုပ်သွားသည်ကို လုံးဝစိတ်မကောင်းဖြစ်နေသည်။ ထို့အပြင် ၀ိသာခါနှင့် မိဂါရတို့
သမီးယောက္ခမကြားမှာလည်းတရားအကြောင်း ဓမ္မအကြောင်းအချိန်အခါအားလျော်စွာအချေအတင်ပြော
ဆိုမူများလည်းဖြစ်ပွားကြသည် ယောက္ခမ မိဂါရမှ ချွေးမ ၀ိသာခါ၏ တရားဓမ္မ အသိဥာဏ်ကိုလည်းမနာ
လိုသူတစ်ဦးဖြစ်ခဲ့သည်။ တစ်နေ့တွင် ဗုဒ္ဓဘာသာဝင် ဘိက္ခုတစ်ပါးသည် ဆွမ်းခံရန် သဗိတ်ကိုလွယ်၍
 သူဋ္ဌေးမိဂါရ၏ အိမ်ရှေ့တံခါးဝတွင်ရပ်နေလေသည်။ သူဋ္ဌေးမိဂါရသည် ဆွမ်းခံကြွသည့် ဘိက္ခူကိုစိတ်မ၀င်
စားသည့်ဟန်ဖြင့် အိမ်ထဲမှာ နေ့လည်စာ စား၍နေခဲ့သည်။ ဆွမ်းခံဘိက္ခူ အိမ်ရှေ့တံခါးဝ၌ရပ်နေသည်ကို
မြင်၍ ၀ိသာခါ ဤသို့ဆိုခဲ့၏ " အရှင်ဘန္တေဘုရား တပည့်တော်မ၏ ယောက္ခမကြီးကိုယ်တိုင်က သိုးဟင်း
သိုးထမင်းကို မှီဝဲလျက်ရှိသည်။ ထို့ကြောင့် ဘန္တေကြီးအား ကန်တော့ဆွမ်းပါဘုရား"။ ၀ိသာခါ၏ထိုစကား
ကိုကြား၍ သူဋ္ဌေးမိရဂါသည် ချွေးမတော်အပေါ် ဒေါ်သကြီးစွာထွက်ခဲ့ရသည်။သူဋ္ဌေးကြီးမှာဝိသာခါအား
သူနှင့်သူဆရာများအပေါ် မထီလေးစားပြုသည်ဟုစွပ်စွဲကာ နေအိမ်မှထွက်သွားရန် တောင်းဆိုခဲ့သည်။
ထိုအခြေအနေမျီုးတွင်" ပဉ္စယသ"ခေါ် သတိသမာဓိနှင့်ပြည့်စုံသောလူကြီး(ငါးဦးကော်မတိ)တိုအားဆင့်
ခေါ်ခဲ့သည်။ ငါးဦးကော်မတိမှ လူကြီးများသည်အခြင်းဖြစ်ရာကို ဖြေရှင်းပေးသည့်အခါ ၀ိသာခါ၏ ဖခင်ကို
လည်းထို"ပဉ္စာယသ"တွင် တက်ရောက်လာရန်ဖိတ်ခဲ့ပါသည်။
               "ပဉ္စာယသ" အစည်းအဝေးမှ ယောက္ခမဖြစ်သူ မဂါရ၏ စွပ်စွဲချက်များ နာကြားပြီးလျှင်ဝိသာခါ
အားဖြေရှင်းချက်ပေးခိုင်သည်။"ပဉ္စာယသ"မှ လူကြီးမိဘများအား ရှိခိုးလေးစားသမူပြုပြီးနောက် ၀ိသာခါမှာ
ဤသို့ ဖြေရှင်းချက်ပေးခဲ့ပါသည်။"ကျမယောက္ခမကြီးမှာ မိဘဘိုးဘေးများပြုခဲ့သည့် ကုသိုလ်ကောင်းမူ့တို့
၏ အကျီုးပေး ဥစ္စာစည်းစိမ်များကိုသာ စားသုံးခံစားလျှက်ရှိနေသည်။ ထို့ကြောင့် အသစ်အသစ်သောဥစ္စာ
စည်းစိမ်ကို ပွါားများခြင်းမရှိ အားထုတ်ခြင်းလည်းမရှိပါ။ ၀ိသာခါပြောပြသည့် နက်ရှိုင်းသော စကားများနှင့်
သဘောတရားကို နားလည်သဘောပေါက်ခဲ့ကြသည့်"ပဉ္စာယသ"မှ လူကြီးမိ
ဘများက ၀ိသာခါ၏စဉ်းစား
ဥာဏ်ကို ချီးမွမ်းထောပနာပြုခဲ့ကြပြီး အခြင်းဖြစ်ရာတွင် သူဋ္ဌေးမိဂါရမှာအပြစ်ရှိကြောင်း သတ်မှတ်ခဲ့သည်။
             "ပဉ္စာယသ"မှလူကြီးများ၏အပြောအဆိုနှင့် ၀ိသာခါ၏ဂုဏ်ကျက်သရေရှိရှိပြောဆိုခဲ့သည့်စကား
များကိုကြားရ၍ သူဋ္ဌေးကြီး မိဂါရမှာ ကိုယ့်ချွေးမအား အပြစ်တင်ချုံ့ချခဲ့ခြင်းကို လွန်စွာဝမ်းနည်းမိခဲ့သည်။
အ၀ိဇ္ဇာ ဖုံးလွမ်းနေသော မိဂါရသည် ၀ိသာခါ၏ စကားကိုကြားရ၍ ၀ိဇ္ဇာပွင့်လန်းလာခဲ့ပြီး "ပဉ္စာယသ"မှ
လူကြီးများရှေ့တွင် ဤသို့ဆိုခဲ့လေ၏  "ပဉ္စာယသ"မှ အရီယာလူကြီးများ-ဤနေ့ဤအချိန်ကစ၍ ကျွန်မ
ဘ၀မှာမှောင်မဲနေသမျှကို ဖြိုခွင်းပြီး အလင်းကိုဆောင်ခွင့်ပေးခဲ့သည့် ၀ိသာခါသည် ကျွန်မ၏ ဂုရု(ဆရာ)
နှင့်မာတာ(မိခင်)နှင့် ပမာတူခဲ့ပါပြီ။ ၀ိသာခါသည်ဤနေ့မှစ၍ ကျွန်မ၏ချွေးမတင်မက ကျွန်မ၏ ဆရာနှင့်
မိခင်ဖြစ်နေပါပြီ ဟုပြောဆိုလေသည်။ မိခင်များမှာ၎င်း၏ သားသမီးများအတွက် လက်ဦးဆရာဖြစ်ကြသည်
မဟုပ်ပါလား။ ထိုအကြောင်းကြောင့်နောင်တစ်ချိန်တွင် ဗုဒ္ဓဘာသာသမိုင်းတွင် ၀ိသာခါသည်"မိဂါရမာတာ"
အမည်ဖြင့် ထင်ပေါ်ကျော်ကြားခဲ့သည့် အမျီုးသ္မီးကောင်း အမျီုးသ္မီးမြတ်တစ်ဦးအဖြစ် မှတ်တမ်းတင်ခံခဲ့ရ
လေသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
>>>ဆက်ဖတ်ရန်>>> >>