Monday 19 December 2011

အမေရိကန်နိုင်ငံမှ (ဒုတိယ၀ိသာခ) သို့မဟုတ် သဒ္ဒါသူဌေးမိသားစု

အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီဆိုတဲ့အတိုင်း အိန္ဒိယနိုင်ငံဒီဇင်ဘာလရဲ့ အအေးဓာတ်က လူတိုင်းရဲ့ ရင်ခွင်နွေးနွေးလေးထဲကို တိုးတိုးပြီးတော့ ၀င်လာနေသည်။ ဒီဇင်ဘာလရဲ့ပထမအပတ်လေးပေါ့ မြန်မာနိုင်ငံမှ
ရောက်ရှိပြီးတော့ ပညာသင်ကြားနေကြတဲ့ မာဂဓတက္ကသိုလ် Hostel,no3 မှ မြန်မာကျောင်းသားရဟန်းတော်
များ မနက်မိုးလင်းဆောင်းရာသီ ဒိဇင်ဘာလရဲ့ အအေးဓာတ်နှင့်အတူ မနက် ၆း၀၀ လောက်ကတည်းက သုံး
ဘီး ကားလေးတွေကိုယ်စိငှားပြီးတော့ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိစေတိတော်သို့ အစုလိုက်အဖွဲလိုက်
သွားနေကြသည်။

ဒီရဟန်းသံဃာတော်တို့သည် အဘယ်အတွက်ကြောင့်ဒီဇင်ဘာရဲ့ဆောင်းရာသီကို အန်တုကာမြတ်ဗုဒ္ဓပွင့်တော်
မူရာ မဟာဗောတိစေတိတော်ကြီးအား သွားနေကြသလဲဆိုရင် မြတ်ဗုဒ္ဓ ၄၅ ၀ါ တိုင်တိုင်ဟော ကြားတော်မူခဲ့သော
သုတ္တန် ၀ိနည်း အဘီဓမ္မာ ပိဋကတ် ၃ ပုံကိုရွက်ဖတ် ပူဇော်ဖို့ မဟာဗောဓိစေတိတော် မြတ်ကြီးရဲ့ ရင်ပြင်တော်
ဆီကို သွားရောက်နေခြင်းသာ..........ဘာကြောင့်ဒီပိဋကတ်တော်တွေကို ရွက်ရသလည်းဆိုတော့ အိန္ဒိယနိုင်ငံမှာ
ပိဋကတ်စာပေတွေ ပျောက်ကွယ်လုနိးပါးဖြစ်နေတဲ့အတွက်ကြောင့် အလွန်တရာမှဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်
တဲ့ အမေရိကန်နိုင်ငံမှ မိသားတစုရဲ့ထောက်ပံ့ ပူဇော်လှူတန်းခြင်းတခုဖြစ်တယ်။ မြတ်ဗုဒ္ဓပွင့်တော်မူရာ ဒီအိန္ဒိယနိုင်ငံ
မှာ ပြန်လည်၍တဖန် ပိဋကတ်စာပေတွေ ဗုဒ္ဓသာသနာပြန်လည်ထွန်းကားရန်နှင့် တကမ္ဘာလုံးမှာမြတ်ဗုဒ္ဓရဲ့အေးချမ်း
လှတဲ့ တရားတော်တွေကို နားလည်သဘောပေါက်ရန် တိပိဋကချန်တိန်ဆိုတဲ့ ပွဲတော်ကြီးကိုကျင်းပပူဇော် ဗုဒ္ဓဘာသာ
နိုင်ငံများမှာ သံဃာတော်များကိုပင့်ဖိတ်၍ ရွက်ဖတ်ပူဇော်တဲ့ပွဲကြီးပါ။

ဒီပွဲကြီးကို ကြွရောက်ဖို့ရန် ဗုဒ္ဓဘာသာနိုင်ငံမှာ နိုင်ငံကိုယ်စားပြု ဆရာတော်ကြီး ၂ပါးကို နိုင်ငံအလိုက်ပင့်ပြီး တပါး
လျှင် အသွားအပြန်စရိတ်ငြိမ်း ဟိုတည်တည်းခိုစရိတ်အပြင် န၀ကမ္မအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀၀ စီကပ်လှူ
ပြီးတော့ ဖွင့်ပွဲကြီးကို ကျင်းပလာခဲ့တာ ယ္ခု  ၂.၁၂.၂၀၁၁ မှ ၁၂.၁၂.၂၀၁၁ ဆိုရင် ၇ ကြိမ် မြောက်ရှိခဲ့လေပြီ
ဗုဒ္ဓဘာသာနိုင်ငံများမှာ ရဟန်းရှင်လူ စုစုပေါင်း ၁၀၀၀၀ ကျော်ကို ၁၀ ရက်တိုင်တိုင် ဆွမ်းဘောစင်အဟာရများနှင့်
သင်္ကန်း စောင် န၀ကမ္မ၀တ္ထုငွေများကိုလည်း ရဟန်းသံဃာတော် သီလရှင် များအား လှူတန်းခြင်း ဆွမ်းကွမ်း
ဝေယာဝိစ္စမျာအား လုပ်ဆောင်ချင်းစသော ကိစ္စများကိုလည်း လုပ်ကိုင်ကြရပါသည်။ ထိုသို့ဆွမ်းကွမ်း ဝေယာဝိစ္စ
များအား လုပ်ဆောင်ကြရသည့်က ဗုဒ္ဓဘာသာနိုင်ငံမှာက နိုင်ငံအလိုက် တာဝန်ယူလုပ်ဆောင် ပေးကြရပါသည်။
ထို့သို့နိုင်ငံအလိုက် လုပ်ဆောင်တဲ့နေရာမှာ လူအင်အားရော ငွေအင် အားပါထည့်သွင်းလုပ်ဆောင်ကြသည်က
ဗုဒ္ဓဘာသာနိုင်ငံများ၏ ချစ်စရာသဒ္ဒါတရားပင်ဖြစ်ပေသည်။

ယ္ခု ၂၀၁၂ မှ ၂၀၁၃ အထိကိုတော့ မြန်မာနိုင်ငံမှတာဝန်ယူလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ထို့အတွက် ကြောင့်
ဦးဇင်းတို့ရဲ့အမိမြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ သဒ္ဒါတရားတိုးပွားကြပါ၇န်နှင့် မိမိတို့တတ်နိုင်တဲ့ဘက် ကနေ
တာဝန်ယူ လုပ်ဆောင်ပေးကြရန်ပင်ဖြစ်ပါသည်။ ဦးဇင်းတို့ရဟန်းသံဃာတော်တွေဘက် က အိန္ဒိယနိုင်ငံတက္ကသိုလ်
အသီးသီးမှာ B.A M.A.P hD. စသောပညာရပ်တွေကို သင်ကြားနေကြသော မြန်မာပါ့စ်ပို့စ်ကိုင်ဆောင်သူ ကျောင်း
သား၊ ရဟန်း၊ သီလရှင် ၅၂၈ ပါးတို့ကလည်း စိတ်အားထက်သန်စွာနှင့် ကမ္ဘာကအသိအမှတ် ပြုထားသော ဗုဒ္ဓ
ဘာသာအထွန်းကားဆုံး နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေနိုင်ရန် ဒီတိပိဋကချန်တိန်ပွဲကြီးအား စိတ်တူလုပ်ကြ
ဖို့ပါပဲ....မြတ်ဗုဒ္ဓပွင့်တော်မူရာ မြေမြတ်မဟာမှာ ကြုံတောင့် ကြုံခဲယ္ခုလို ဗုဒ္ဓဘာသာနိုင်ငံအလိုက် ပိဋကတ်တော်တွေ
ကို ရွက်ဖတ်ပူဇော်ပွဲကြီးကတော့ မနက်စောစော အိပ်ယာမှထကြရပါသည်။ မိမိတို့သီတင်းသုံးရာ အဆောင် ဘုန်းကြီး
ကျောင်းစသည်တို့မှ ၆း၃၀ ကတည်းက မြတ်ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိစေတိတော်ရင်ပြင် မဏ္ဍပိကြီးသောသွား
ကြရပါသည်။ မိမိတို့နိုင်ငံမဏ္ဍပ် ကြီးသော ရောက်သောအခါ မနက်စာအဖြစ် ကော်ဖိပူပူလေးအား လာရောက်ကပ်ပါ
သည်။ ကော်ဖီဘုန်းပေး ပြီးတာနဲ့ ၇း၃၀ မှစ၍ နိုင်ငံအလိုက် ပိဋကတ်စာပေတွေကို ၁၀း၃၀ အထိ ရွက်ကြရပါတယ်။
မနက်ပိုင်းရွက်ဖတ် အပြီးမှာတော့ ချန်တိန်မဏ္ဍပ်ကြီးတည်ရှိရာနေရာသို့ နေ့ဆွမ်းဘုန်းပေးရန် ကြွကြရပါသည်။
ထိုသို့သွားသို့ အခါမှာလည်း ချန်တိန်မရွက်မည် ၃ ရက်လောက်ကတည်းက ပြုလုပ်ပေးထားသော ကဒ်ကလေးကို
မိမိရဲ့ လည်ပင်းမှာချိတ်ဆွဲသွားရပါသည်။ သို့မှာသာမဏ္ဍပ်ကြီးရဲ့အ၀င်ဝမှာ ကြိုဆိုစောင့်နေသောသူက တံခါးဖွင့် ပေး
မှာဖြစ်ပါတယ်။ ဒီလိုဘာကြောင့်လုပ်ရသလည်းဆိုတော့ များပြားလှတဲ့လူတွေ စည်းကမ်းရှိရှိနှင့် အေးချမ်းသာယာစွာ
ဘုန်းပေးနိင်၇န်ဖြစ်ပါတယ်။ မဏ္ဍပ်ကြီးရဲ့အတွင်းကိုရောက်ပြန်တော့ နိုင်ငံအလိုက်ဆိုင်း ပုတ်လေးတွေကိုတွေ့ရပါမယ်။
မြန်မာပြည်က မြန်မာဆိုင်းပုတ်မှာ ထိုင်ကြရသလို ကျန်နိုင်ငံများကလည်း မိမိတို့နိုင်ငံရဲ့ ဆိုင်းပုတ်မျာထိုင်ကြရပါတယ်
၁၀း၄၅ ရောက်တော့ တနေ့တာဆွမ်းအလှူရှင်တွေက နိုင်ငံအလိုက်ပင့်ဖိတ်ထားတဲ့ VIP နေရာတွေက ဆရာတော်ကြီး
တွေထံမှာ ငါးပါးသီလယူကြရပါတယ်။ ငါးပါးသီလ ယူပြီးတဲ့နောက်မှာတော့ VIP ဆရာတော်ကြီးတွေကို ဆွမ်းကပ်ပြီးမှ
သံဃာတော်တွေက ပဏိသခါင်္ယောနိသောစသော ဂါထာကိုသံပြီုင်ပစ္စ၀က္ခဏာဆင်ခြင်ကြပါတယ်။ ပြီးရင် တန်းစီပြီး
တော့ ဆွမ်းများကိုယူဆောင်ကာ ဘုန်းပေးကြရပေသည်။ နေ့လည်ခင်း ဆွမ်းဘုန်းပေးပြီးသောအခါ ရဟန်းသံဃာများ
သည်မိမိတို့အဖွဲ့အလိုက်အဆင်ပြေတဲ့နေရာတခုမှာ အနားယူကြသည်။ တချီု့က မိမိတို့မဏ္ဍပ်မှာ တချို့ကမဟာဗောဓိ
ညောင်ပင်အောက်မှာ တချို့ ကစေတိတော်ကြီးရဲ့ ခြေရင်းမှာတရားထိုင် တချို့ ကြတော့နိုင်ငံတကာမှ ဘုရားဘူးရောက်
လာကြကုန်သော သူများကိုဘုရား၇ဲ့သမိုင်းကြောင်းအား မိမိတို့သင်အံလေ့ကျင့်ထားတဲ့ အသိပညာဥာဏ်လေးနှင့်
English လို့ရှင်းပြနေကြတယ်။ အလွန်တရာမှကြည့်ညိုစရာလည်းကောင်းလှပါတယ။်ရခဲလှတဲ့ လူဘ၀မှာ အလွန်
တရာမှ မွန်မြတ်လှတဲ့မြတ်ဗုဒ္ဓရဲ့သာသနာတော်ကြီးနှင့် လာကြုံရတဲ့အခိုက်ဘုရားပွင့်တော်မူတဲ့ မဟာဗောဓိပင်ရဲ့
အနား မြတ်ဗုဒ္ဓရဲ့တရားပိဋကတ်တော် တွေကိုရွက်ဖတ်ရသည် မဟုတ်ပါလား...ဒီလိုတွေးတောရင်းကြည့်ညိုရင်း မိမိ
အားမွေးဖွားပေးသော အမိ၊အဖ စာပေကျမ်းကန်တွေကို သင်ကြားပေးခဲ့သော ဆရာသမား ဒီနိုင်ငံမှာပညာသင်ရန်
ထောက်ပံ့ပေးသော ဒကာ၊ဒကာမများကို အထူးပင်ကျေးဇူးတင်နေမိပါသည်။ ထို့သို့မေတ္တာပို့သရင်း မိမိတို့မဏ္ဍပ်မှာ
နေ့လည်ခင်းအစီအစဉ်အား ပြန်လည်စတင်ရွက်ဖတ်ရန် ခေါ်နေလေပြီ အချိန်အားဖြင့်နေ့လည် ၁း၃၀ ဖြစ်လေပြီ
သံဃာတော်များသည်လည်း မိမိတို့ရဲ့မဏ္ဍပ်မှာနေရာယူကာ မြတ်ဗုဒ္ဓရဲ့ပိဋကတ်စာပေများကို ရွက်ကြရပြန်သည်။
ညနေ ၅း၃၀ ရောက်တော့ တနေ့တာရွက်ဖတ်ခြင်းပြီးခဲ့လေပြီ မိမိတို့ရဲ့ လွယ်အိပ်ကလေးကိုကိုင်ကာ အဆောင်သို့ပြန
်လာ ကြရပါသည်။ နောက်နေ့မနက်မိုးလင်ပြန်တော့လည်း အရင်နေ့တွေက နည်းတူ ရွက်ဖတ်ရပြန်ပါတယ်။ ဒီလို့နှင့်
ပိဋကတ်တော်တွေကို ရွက်ဖတ်တာ ၁၀ ရက် ပြတ်ခဲ့လေပြီ..နောက်ဆုံးနေ့မှာတော့ အခမ်းအနားသိမ်း၇န် မဟာ
ဗောဓိစေတီ မဟာဗောဓိပင်ရဲ့အောက်ခြေမှာ နိုင်ငံအလိုက် နေရာယူကြရသည်။ လူစုံသည်နှင့်တပြီုင်တည်း ကျေးဇူး
တင်စကားပြောပြီးတော့ တရားထိုင်ကြရသည်။

(၁နာရိခန့်) တရားထိုင်ပြီးသောအခါ..........ချန်တိန်အလှူရှင်
ဒကာ၊ဒကာမမိသားစုက ကြွရောက်တော်မူလာကြကုန်သော ရဟန်းသံဃာတော်များအား သင်္ကန်းတစုံစီ လှူတန်း
ပါသည်။ ထိုသို့မဟာဗောဓိပင်အောက်မှ လှူတန်းပြီးတော့ ချန်တိန်မဏ္ဍပ်ကြီး တည်ရှိရာသို့ နေ့ဆွမ်းဘုန်းပေး ရန်
သွားကြရပြန်သည်။ မဏ္ဍပ်ကြီးရဲ့အ၀င်တံခါးဝမှာန၀ကမ္မအလှူရှင်များက ကြွရောက်တော်မှူလာကြကုန်သော နိုင်ငံ
အသီးသီးမှ ရဟန်းတော်၊သီိလရှင်များအား န၀ကမ္မ၀တ္ထများ ဆပ်ကပ်လှူတန်းပါသည်။ ပြီးနောက် ယခင် နေ့ကလိုပဲ
ဆွမ်းကပ်၊ဆွမ်းစား ကြရပြန်ပါတယ်။ ဒီလိုဆွမ်းစားနေတဲ့အချိန်မှာ ချန်တိန်ဒကာမကြီးက မနက်ဖန် ဗာရဏသိသို့
သွားမည့်အကြောင်းနှင့် လိုက်ပါမည့်သူများ မနက်စောစော ၄ နာရီအရောက်လိုက်ပါမည့်ဆိုတဲ့ နေရာမှာလည်း
 ၈ ရက်နေ့လောက်ကတည်းက စရင်းပေးထားသူများကိုသာ လိုက်ပါ့ခွင့်ပြုမှာဖြစ်ပါတယ်။ ဒီလို့နှင့် ၁၃၇က် နေ့
မနက်သို့ရောက်ခဲ့လေပြီ မနက်စောစော ၃ နာရီကတည်းက အိပ်ယာမှထ၊မျက်နှာသစ် သွားတိုက် ဘာညာလုပ်ပြီး
ရော ၃း၃၀ လေပြီ ၁၂ ရက်နေ့က မှာထားသော ၃ ဘီးကားလေးကအ ဆောင်ရှေ့သို့ရောက်လာလေသည်
အဆောင်မှလိုက်ပါမည် သံဃာတော်များ ၃ ဘီးကားလေးပေါ်သို့တက် ကာချန်တိန်မဏ္ဍပ်ကြီးဆီသို့ တဖန်သွားကြ
ရလေသည်။ မဏ္ဍပ်ကြီးရောက်တော့ တနေ့ကနှင့်အတူပဲ ဗာရာဏသိလိုက်ပါ မည့် ကဒ်ပြားလေးအား စစ်ဆေးနေ
တာကိုတွေလိုက်ရပါတယ်။ ဖြစ်ချင်တော့ဦးဇင်းကလည်မှာ မှဆွဲပြီးသားအဆင်သင့်ဖြစ်နေတယ်။ ဒါနှင့်ချန်တိန်မဏ္ဍပ်
ကြီးအထဲသို့ဝင်လိုက်သည်။ မဏ္ဍပ်ထဲရောက်တော့ တဖန်နိုင်ငံအလိုက်တန်းစီရပြန်တယ်။

၁ နာရီလောက်ကြာတော့ မြန်မာသံဃာတော်တွေရဲ့ ကားပေါ်တက်၇န် အလှည့်ကျတယ်။ ကားပေါ်သွားတဲ့ လမ်းဝ
အနီးမှာ လမ်းမှာဘုန်းပေးသုံးဆောင်ဖို့ရန် မနက်စာနှင့်နေလည်စာ ဘုန်းပေးမဲ့ဆွမ်းအား တပါးချင်းစီ လိုက်ကပ်ပေး
နေသည်။ ကားပေါ်ရောက်တော့မနက် ၆း၀၀ နာရိထိုးနေပြီ သွားမဲ့ကားအရေအတွက်က ၁၄ စိးကားကြီးတွေတချီု
ကားက လူ ၆၀ ထိုင်လို့ရတယ် အချီုသောကားက လူ ၄၅ ယောက်စာ တချီုကားရှိတဲ့သူတွေကတော့
ကိုယ်ပိုင်ကားတွေနှင့် လိုက်ကြတယ်။

ကားစထွက်တာနှင့် စောစောကလှူလိုက်တဲ့ ဆွမ်းအား မနက်စာဘုန်းပေးလိုက်တယ်။ ဘုန်းပေးပြီး ခဏနေ
စောစောစီးစီးအိပ်ယာကထရတာကတကြောင်း ၁၀ ရက်တိုင်တိုင်ရွက်ဖတ်ထား၇တဲ့ ပင်ပန်းနေတာတွေကြောင့်
တခဏအတွင်းမှာပဲ ကားပေါ်မှာအိပ်ပျော်သွားပါတယ်။ အိပ်ယာမှာနိုးလာတော့ မနက် ၁၀း၄၅မိနစ်ရှိလေပြီ..။
တချီုအနာင်တော်တွေက မနိုးသေး...ဒါနှင့်ကားဆရာအား ကားခဏရပ်ခိုင်းလိုက်တယ် ကျမ္မာရေးဆင်းလိုက်ကြတယ်
ပြီးတော့ ကားပေါ်ပြန်တက်ကားပေါ်မှာပဲ နေ့ဆွမ်းကို ထပ်ဘုန်းပေးရတယ်။ ဆွမ်းဘုန်းပေးပြီးတော့ ဗုဒ္ဓဂယာ ကနေ
ဗရာဏသိမီဂဒါဝုန်ကိုသွားနေတာ နေ့လည် ၁၂း၀၀ ရိထိုးလေပြီ။ မြီုအ၀င်သို့ရောက်လေ ဖြည်း ဖြည်းနှင့်ကားတွေက
ကြပ်ကြပ်လာသည်။ ဟိုဟိုဒီဒီငေးမောကြည့်ရင်း ဗာရာဏီသိမြီု့ရဲ့ ရထားဘူတာအနား ရောက်လေပြီ..။ အချိန်အားဖြစ့်
၁း၁၅ မိနစ်ရှိလေပြီ ဘူတာကိုကြော်ပြီး ကားကို ခက်သွက်သွက်ကလေး မောင်းလိုက်သောအခါ မြတ်ဗုဒ္ဓတရား
ဦးဟောရာမိဂဒါဝုန်သို့ ရောက်လေပြီ ရောက်သည်နှင့်တပြီုင်တည်း အဖွဲ့လိုက်အုပ်စုလိုက်ဓါတ်ပုံတွေ ရိုက်ကြ လွန်ခဲ့
သောနှစ်ပေါင်း ၂၆၀၀ လောက်ကတည်းက တည်ရှိခဲ့သော တရားဦးဟောရာမိဂဒါဝုန်သို့ရောက်ခဲ့လေပြီ.

အလှူရှင်ဒကာမ မိသားစုရဲ့စေတနာကား တန်ဖိုးဖြတ်၍မရ လေပြီ

သူတို့ရဲ့သဒ္ဒါတရား စေတနာတို့သည်ကား ပိဋကတ်ရွက်ပွဲမှာသည် တရားဦးသောရာမီဂဒါဝုန်သို့ လိုက်ပါသူရဟန်း
ရှင်လူ ၇၀၀ကျော်အတွက် အေးချမ်းလှတဲ့ တရားဦးဟောရာကို သူတို့ရဲ့စေတနာသဒ္ဒါ တရားနှင့်ရောက်ခဲ့လေပြီ
မဟုတ်ပါလား.......ဒီလိုနှင့်နေ့လည် ၂း၀၀ ရိထိုးလေပြီ စေတိတော်ကြီးရဲ့နဘေးမှာ ကြွရောက်တော် မူလာကြကုန်
သော ရဟန်းရှင်လူ သီလရှင် ၇၀၀ ကျော်တို့အတွက် နေရာထိုင်ခင်းဘုန်း ပေးရန်အချီုရည်စသည်တို့ကို စီစဉ်ထား
လေသည်။ အလွန်မွန်မြတ်တဲ့အလှူတခုပါပဲ ၂း၁၅ မိနစ်မှာလူစုံ လေပြီ။ လူစုံပြီဆိုတာနှင့် ချန်တိန်အလှူရှင်ဒကာမ
ကြီးက ကြွရောက်တော်မူလာကြကုန်သော ရဟန်း သံဃာတော်တို့အား ဓမ္မစင်္ကြာတရား သံပြီုင်ရွက်ဖတ်ပူဇော်ရန်
လျှောက်ထားလာပါသည်။ ကြွရောက် တော်မူလာကြကုန်သော ရဟန်းသံဃာတော်များက ဓမ္မစင်္ကြာတရားအား
ရွက်ဖတ်ကြပြီးလျှင် သာဓုအနု မောဒနာခေါ်ဆို၍ စေတိတော်ကြီးရင်ပြင်မှတဖန် ကားပေါ်သို့တက်ကြရပြန်ပါသည်။
ကားပေါ်ရောက်တာနှင့် ချန်တိန်မိသားစုကဆောက်လုပ်ထားသော ကျောင်းတော်သို့သွားကြပြန်သည်။

ကျောင်းတော်ကြီးရဲ့အ၀င်ဝ ရောက်တော့စာရေးသူက ကြည့်လိုက်သည် အလွန်တရာမှ လှပခန့်ညားသော ကျောင်း
တော်ကြီးကိုတွေရပြန်တော့ သာဓုအကြီမ်ကြီမ်ခေါ်ဆိုမိပြန်သည်။ ကျောင်းဝင်းထဲသို့ ကားဆိုက်လေပြီ ကားပေါ်က
ဆင်းကြပြီး ကျောင်းတော်ကြီးအတွင်းမှာ နေရာပြုလုပ်ပေးထားသော နေရာထိုင်ခင်းဆီသို့ ဦးတည်လျှောက်ကြရ
ပါသည်။ ထို့နေရာသို့အသွားလမ်း အ၀င်ကျောင်းနားမှာ ချန်တိန်ဒကာဒကာမရဲ့ သမီးလေး ၁၀ နှစ်အရွယ် သူလေး
ကကြွရောက်လာကြကုန်သော ရဟန်းရှင်လူများအား လက်ဆောင်အဖြစ် ပုဝါစတထည်စီ နှင့် နှင်းဆီပန်းတပွင့်အား
လှူတန်းပြန်ပါသည်။ ဗုဒ္ဓဘာသာနိုင်ငံမှာ မမွေးဖွားပေမဲ့ ဗုဒ္ဓဘာသာမိဘနှစ်ပါးက ပေါက်ဖွားလာတဲ့ ဒီသမီးလေး
က အလွန်တရာမှလိမ္မာယဉ်ကျေးတာကို ဦးဇင်းတို့နှင့်ဓါတ်ပုံတွေ ရိုက်တဲ့အခါရော လှူဖွယ်ဝတ္ထုတွေကို လှူတွကိုလှူ
တဲ့ခါရော တွေရတော့အလွန်မှ ၀မ်းသာရပြန်ပါတယ် ။

မိမိထိုင်ရန်နေရာသို့ရောက်သောအခါ နေရာယူကြရသည်
လူစုံပြီဆိုတာနှင့်ချန်တိန်အလှူချင်ဒကာမက ကျေးဇူးတင်စကားပြောပြီးတော့ ယ္ခုဆောက်လုပ်တဲ့ကျောင်းတော်ကြီး
ဟာ ဗုဒ္ဓဘာသာနိုင်ငံများမှာ ပညာသင်ဘို့ရန်အလို့ငှာ တက္ကသိုလ်ကြီးဆောက်လုပ်လှူတန်းခြင်းသာ ဖြစ်ကြောင်းနှင့်
ဒီသက္ကသိုလ်ကြီးအား အမြန်ဆုံးဖွင့်လှစ်နိုင်မှာဖြစ်ကြောင်း ပြောကြားပြီးတော့ နောင်နှစ်မှာမြန်မာနိုင်ငံမှ
တာဝန်ယူ၍ (အိုဂနိုင်စာ) လုပ်မည့်အကြောင်း နှောင်နှစ်မှပြန်လည်ဆုံစည်းကြပါ၇န် ပြောကြားပြီးတော့ အခမ်းအနား
ကိုမရုပ်သိမ်းမှိ သူရဲ့ညီမဖြစ်သူနှင့်ပါကြွရောက်လာသော ရဟန်းရှင်လူများကို မိတ်ဆက်ပေးပြီးတော့ ဓမ္မစင်္ကြာတရား
သော မြတ်ဗုဒ္ဓ၏ရုပ်ပွားတော်အားလှူတန်းပါသည်။

စာရေးသူတို့သည်လည်းပဲ ၀မ်းမြေက်ဝမ်းသာစွာဖြင့် မြတ်ဗုဒ္ဓ၏သာသနာတော်ဝယ် ဒုတိယ၀ိသာခ တယောက်
ရှိနေသေးပါလားဆိုပြီးတော့ ပိတိတွေ နှင့်အတူအမေရိကန်နိုင်ငံမှဒုတိယ၀ိသာခ မိသားစု သို့သဒ္ဒါသူဌေးတို့အား
ကျမ္မာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သပြီးတော့ပဉ္စ၀ဂ္ဂီငါးဦးတော့အား ဓမ္မစင်္ကြာတရား ဦးဟောရာမိဂဒါဝုန်
ကနေမိမိတို့ စာသင်ရာသိတင်းသုံးရာ အဆောင်သို့ပြန်လည်ကြွလာခဲ့ကြလေသည်။


အရှင်မုနိန္ဒ(ပန်းထို)
M.A မာဂဓတက္ကသိုလ်အိန္ဒိယ။

2 comments:

  1. ဒီပို့စ်အားပေးကွန်မန်းပေးသူများလိုရာဆန္ဒပြည့်ဝကြပါစေ...

    ReplyDelete
  2. ဒီပို့စ်အားကွန်မန်းပေးသူများလိုရာဆန္ဒပြည့်ဝကြပါစေ...

    ReplyDelete