Tuesday 3 April 2012

ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၅

ဦးသာဒင်၏ စကားအဆုံးတွင် ကောင်းချီးသြဘာပေးလိုက်သော ခရစ်ယာန်ပရိသတ်၏လက်ခုပ်သံကားမြည်
ဟီး၍ ထွက်လာသည်။   ဦးသာဒင် ဆင်းသွားပြီးနောက် ဗုဒ္ဓဘာသာ သာဘာပတိ တောင်ငူမြီု့ လောကုတ္တရာ
ဆရာတော်က အရှင်ဥက္ကဋ္ဌအား ပင့်ဖိတ်လိုက်လေသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌသည် မှတ်စု မှတ်တမ်းများ
ကို ကိုင်ယူပြီးဟောပြောရမည့် နေရာသို့သွားသည်။ ရောက်လျှင် ပရိသတ်ကို တည်ကြည်ခန့်ညားစွာ ကြည့်
လိုက်သည်။ ထောင်သောင်းချီသော ပရိသတ်မှာ အပ်ကျသံပင်လျှင်ကြားရမတတ်၊ ငြိမ်သက်တိတ်ဆိတ်နေ
ကြလေသည်။အထူးသဖြင့် ဗုဒ္ဓဘာသာပရိသတ်မှာဆရာတော်ကို အားကိုးတကြီးဖြင့် ကြည့်နေကြလေသည်
ဦးသာဒင် တင်ပြသွားသော အချက်အလက်များမှာ လူပြိန်းတွေး တွေးလျှင် အလွန်အချက်ပိုင်နေသည်တော်
ရုံတန်ရုံ ဗဟုသုတကြွယ်ဝသူမျီုး စာပေပရီယတ္တိမကျွမ်းကျင်သူတို့အဖို့ ပြန်လည်ချေပရန်မလွယ်ကူပေ။
ဆရာတော်အရှင်ဥက္ကဋ္ဌပြန်လည်ချေပနိုင်မည်လားဟူ၍ စီုးရိမ်နေကြပြီး သံသယစိတ်လည်းဝင်နေကြလေ
ကြသည်။ချင်းခရစ်ယာန်ပရိသတ်ကားဦးသာဒင်၏တင်ပြချက်များကိုဆရာတော်အရှင်ဥက္ကဋ္ဌမည်သည့်နည်း
နှင့်မျှ ချေပနိုင်မည် မဟုပ်ဟုတစ်ထစ်ချယုံကြည်နေပုံရသည်။ သို့သော် ဘယ်လိုချေပမလည်း ဆိုတာကို
လည်း သိချင်နေကြသည် ထို့ကြောင့် မဏ္ဍပ်ကြီးတစ်ခုလုံး အပြည့်ရှိသောပရိသတ်ကြီးမှာ ငြိမ်သက်နေကြ
လေသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌသည် ရှေ့ဦးစွာအသံတိုးတိုးဖြင့်စတင်ပြီးတဖြည်းဖြည်းနှင်အသံကိုမြှင့်တင်
ပြီး ပြောသည်။ ကြည်လင်ပြတ်သားသော အသံဝါကြီးက ပရိသတ်ကိုလွမ်းခြုံထားလေသည်။
        ဆရာတော်အရှင်ဥက္ကဋ္ဌချေပချက်.......
"သဘာပတိနှင့်တကွ လူကြီးလူကောင်းအပေါင်းတို့"
ဒီနေ့ ဒီအချိန် ဒီဘာသာ ၀ါဒပြီုင်ပွဲကြီးမှာ ခရစ်ယာန်ဓမ္မဆရာများနှင့် အမိမြန်မာပြည်ရဲ့ ရင်သွေး အစစ်ဖြစ်
ကြတဲ့ မြန်မာ၊ ချင်း၊ကရင်၊ကချင်စတဲ့ မျီုးတူဘာသာကွဲများကို ယ္ခုလိုတွေ့ရလို့ ဦးပဉ္ဖင်း အလွန်ပင်ဝမ်းမြေ
ာက်ပါတယ်....အနောက်ဖက်နိုင်ငံများမှာ ဦးပဉ္ဖင်းတို့သွားရောက်ပြီး ဗဟုသုတရှာဖွေနေစဉ်အခါကအင်္ဂလိပ်
အမေရိကန်၊ ကုလားစတဲ့ ခရစ်ယာန်ဘာသာဝင်အတော်ခပ်များများနဲ့ တွေ့ဆုံဖူးပါတယ်။ ဆွေးနွေးခဲ့ဖူးပါ
တယ် ဘာသာရေးနှီးနောပွဲကြီးများကိုလည်း များစွာပဲကြုံကြိုက်ခဲ့ဖူးပါတယ်။ ဒီမြန်မာဆိုတဲ့ ကိုယ့်ပြည်ကို
ပြန်ရောက်တော့ သွေးရင်းသားရင်းဖြစ်တဲ့ ခရစ်ယာန်ဆရာများနဲ့ တွေ့ဆုံရမှူ့ နည်းပါးသွားခဲ့ပါတယ်ဒါကြောင့်
ဘာသာအယူမတူတဲ့ သွေးတူသားတူ မျီုးတူများနှင့် ဆွေးနွေးရလို့ ဦးပဉ္ဖင်းဝမ်းသာပါတယ်။ ဒီပွဲသဘင်ကြီး
မျီုး ပေါ်ပေါက်လာအောင်ပြုလုပ်ပေးကြတဲ့ ဒီကျောက်ကွင်းရွာနှင့် ပတ်ဝန်းကျင်က လူများကိုလည်းအထူး
ဘဲကျေးဇူးတင်မီပါတယ်။ အရှူံးအနိုင်အဖြစ်နဲ့ထားပြီး ယ္ခုလိုပြောရတာတော့ ဘယ်လိုနေမယ်မသိပါဘူး
ဦးပဉ္ဖင်းအဖို့ ပြောရရင် တစ်သက်တစ်ခါ ဒီလိုပွဲမျီုး ကြုံဖို့အလွန်ဖြစ်တောင့်ဖြစ်ခဲ၊ကြုံတောင့်ကြုံခဲ ပွဲကြီးလို့
ထင်ခဲ့ပါတယ် "အယူအဆတူတာ မတူတာအပထားပြီး အမှန်တရားကို ယ္ခုလို တင်ပြဆွေးနွေးရခြင်းကိုပဲ
ဦးပဉ္ဖင်းအနေနဲ့ ၀မ်းမြောက်မဆုံးဖြစ်ရပါတယ် ခုနားက ခရစ်ယာန်ဘာသာဘက်က ဟောပြောသွားတဲ့ ဓမ္မ
ဆရာကြီး ဦးသာဒင်နှင့် ဦးပဉ္ဖင်းတို့ဟာ အရင်ကတစ်ဦးနှင့်တစ်ဦးမသိကျွမ်းခဲ့ကြပါဘူး။ ဒီရောက်မှတွေ့မြင်
ဖူးကြတယပါ ဒါကြောင့် တစ်ဦးနှင့်တစ်ဦး အာဃာတမရှိကြဘူးဆိုတာထင်ရှားပါနေတယ်။အခုပွဲသဘင်ကို
တက်ရောက်လာကြတဲ့ ပရိသတ်ကိုပြောချင်တာက ပုဂ္ဂိုလ်သဘောထက် ဓမ္မသဘောသက်သက်ကိုသာဦး
စားပေးပြီး စဉ်းစားကြဖို့ ဦးပဉ္ဖင်းမေတ္တာရပ်ခံပါတယ်။ လူတိုင်းမှာကိုယ်ပိုင်အသိ၊ ကိုယ်ပိုင်ညဏ်နဲ့ စဉ်းစား
ဆင်ခြင်ဝေဖန်ပြီး ဘယ်တရားဟာဖြင့် သဘာဝကျ/မကျ၊ ယုတ္တိရှိ/မရှိ၊ မှန်/မမှန် ဆိုတာကို ကိုယ်တိုင်သ
ဘောပေါက်ပြီး ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်ယူတာသာ အသင့်တော်ဆုံး အမှန်ကန်ဆုံးဖြစ်ပါလိမ့်မယ်။
ဆရာတော်သည် မိမိရှိတွင်ရှိသော မှတ်စုကိုကြည့်ပြီး ဆက်လက်မိန့်ကြားပြန်သည်။ ခရစ်ယာန်ဓမ္မဆရာ
ကြီး ဦးသာဒင်ဟာ စာပေပရီယတ္တိ တတ်ကျွမ်းသူလို့ နာမည်ကြီးနေတော့ ဗုဒ္ဓနဲ့ ဗုဒ္ဓတရားတော် အစစ်ကို
ဝေဖန်ဟောပြောမလားလို့ ဦးပဉ္ဖင်းမျှော်လင့်နေတာ ယ္ခုဦးသာဒင်ဟောပြော ဝေဖန်သွားတာတွေက ဗုဒ္ဓနှင့်
ဗုဒ္ဓတရားတော် အစစ်များကိုဝေဖန်သွားတာမဟုပ်ပဲနှင့် သီဟို၌ စာရေးဆရာတွေရေးသားသွားတဲ့ စာတွေ
ကိုချည်း ဟောပြောဝေဖန်သွားတာကို တွေ့ရတဲ့အတွက် အလွန်ပင်အံ့အားသင့်ရပါတယ်...သဘာပတိကြီး
ဦးရွေမှန်နှင့်တကွ အခုဒီကိုကြွရောက်လာကြတဲ့ ခရစ်ယာန်ဓမ္မဆရာတော်တော်များများဟာ မူလက ဗုဒ္ဓဘာသာဝင်၊အခုဦးပဉ္ဖင်းတို့လို ဘုန်းကြီးများဖြစ်ကြတဲ့အတွက် ပိဋကတ်စာပေများကို သင်ယူလေ့လာခဲ့
ကြသူများလို့ ဦးပဉ္ဖင်းယုံကြည်ပါတယ်။  ဓမ္မဆရာများသိကြတဲ့အတိုင်း ဗုဒ္ဓဘာသာ စာပေလောကမှာ မူလ
ဘုရားဟောဒေသနာတော်များက တစ်ရပ်၊ အဌကထာ၊ဋိကာစတဲ့ သီဟိုဠ်စာရေးဆရာများနှင့် စာပေပညာ
ရှိသူများ ရေးသားထားသော ဒေသနာ အမျီုးမျီုးကတစ်ရပ်၊ အဲဒီလိုဒေသနာနှစ်ရပ်၊နှစ်မျီုးနှစ်စားရှိတယ်ဆို
တာကို ခွဲခြားမသိပဲအားလုံးကိုတစ်မျီုးတစ်စားတည်းထားပြီးတော့အဲဒါတွေအားလုံးဟာဗုဒ္ဓဘုရားရဲ့တရား
တော်ချည်းဖြစ်တယ်လို့ ဓမ္မဆရာများက ယူဆဟန်တူကြပါတယ်။ စာပေသင်ကာ မတ္ထ၊ ဖတ်ကာမျှမတ္ထသာ
ဖြစ်ပြီးတော့ ၀ိမံသ-၀ိစာရဏ-၀ိဘဇ္စဆိုတာတွေ မရှိခဲ့တဲ့ အပြင် မိမိ၏ကိုယ်ပိုင်ဥာဏ်အတွေးအခေါ်ကိုလည်း
အသုံးပြုခဲ့ပုံမရဘူး ဒါကြောင့်လည်း ဒီဆရာကြီးတွေဗုဒ္ဓဘာသာကို စွန့်ပြီး ခရစ်ယာန်ဘာသာထဲကူးပြောင်း
သွားကြတာကို ဦးပဉ္ဖင်း မအံ့သြပါဘူး..ဒီလိုဖြစ်ရတာဘာကြောင့်လည်းဆိုရင် မူလကတည်းက ဒီဆရာကြီး
တွေဟာ ဗုဒ္ဓနှင့် ဗုဒ္ဓရဲ့တရားတော်အစစ်တွေကို မသိနားမလည်ပဲနဲ့ သိနားလည်အောင်လည်း မကြီုးစားကြ
ပဲနဲ့  ဗုဒ္ဓဘာသာဝင် ဒကာ ၊ ဒကာမတွေ့ရဲ့ ဆွမ်းကို ညာစားနေတာထင်ရှားလှပါတယ်။ ဗုဒ္ဓအစစ်ရဲ့ တရားအ
စစ်ကို မသိနားမလည်သလို အခုလည်းပဲ ခရစ်ယာန် ဘာသာရဲ့ တရားအစစ်ကို မသိနားမလည်ဘူးဆိုတာ
သူတို့ရဲ့ဟောပြချက်တွေက သက်သေခံနေပါသည်။ အဲဒီလိုဆိုရင်ဒီ ဆရာကြီးတွေဟာ ခရစ်ယာန်ဘက်ကို
ပါထပ်ပြီး ညာနေကြတဲ့ ဓမ္မဆရာကြီးတွေ ဖြစ်သွားမှာကို ဦးပဉ္ဖင်းစီုးရိမ်မိတယ်..။ ဤနေရာအရောက်တွင် ဆရာတော်က ပြုံးပြုံးကလေးပြောလိုက်ရာ "၀ါး"ခနဲ ပွဲကျသွားလေသည်....။ဗုဒ္ဓဘာသာပရိသတ်ကားအား
တက်လာလေသည်။ ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ

No comments:

Post a Comment