Sunday 22 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်)အပိုင်း ၂၁

"ပထမနေ့မှာ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတယ်။ ဒုတိယနေ့ကျတော့ မိုးမျက်နှာကျက်ဖြစ်စေ၊ရေနှင့်
ရေချင်း ခြားနားစေဆိုတဲ့ စကားမိန့်ကြားပြီး၊ တတိယနေ့မှာ သစ်ပင်အမျီုးမျီုးကိုဖန်ဆင်းတယ်စတုတ္ထနေ့မှာ
နေကိုဖန်ဆင်းတယ်။ အဲဒါမိတ်ဆွေတို့ရဲ့ဓမ္မဟောင်းကျမ်းထဲမှာပါတဲ့အတိုင်းပဲ။အဲဒီအထဲမှာ နေကိုမဖန်ဆင်း
မိ သစ်ပင်အမျီုးမျီုးကိုဖန်ဆင်းတယ်ဆိုတာဆန်းမနေဘူးလား?ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြပါ။သစ်ပင်များဟာ
နေရဲ့အလင်းရောင်ကိုမရပဲမဖြစ်ဘူးဆိုတာကို ဟောဒိပရိသတ်ထဲက တောင်သူလယ်သမားတိုင်းသိပါတယ်။
အဲဒီတော့ မိတ်ဆွေတို့ရဲ့ ထာဝရဘုရားဟာဒီအစိအစဉ်ကိုမှ နားမလည်ရာမရောက်ပေဘူးလားစဉ်းစားကြပါ
ပြီးတော့ နေမရှိပဲနှင့် အလင်းရောင်ဖန်ဆင်းတယ်တဲ့ ပီးတော့သစ်ပင်မျက်ပင်များရှူရှိုက်ဖို့ အောက်ဆီဂျင်+
နှိုက်ထရိုဂျင်ဓါတ်များကိုလည်း မဖန်ဆင်းခဲ့ဘူး။ နောက်တတိယအချက်က ထာဝရဘုရားရဲ့ ပုံသဏ္ဌာန် ဖြစ်
ပါတယ်။ ဓမ္မဆရာတစ်ယောက်က ထာဝရဘုရားဟာ ပုံသဏ္ဌာန်မရှိ ဂေါတမဘုရားမှာသာသဏ္ဌာန်ရှာလို့ရ
တယ်လို့ဆိုသွားပါတယ် ထာဝရဘုရားဝိညာဉ်တော် သက်သက်ဖြစ်ပါတယ်တဲ့ ဒီမိတ်ဆွေတစ်ယောက်သာ
မဟုပ်ဘူး ခရစ်ယာန်တိုင်း အဲဒါကိုပဲ ပြောလေ့ပြောထရှိကြပါတယ်ဝိညာဉ်တော်သက်သက်သာရှိတဲ့ထာဝရ
ဘုရားကိုမိတ်ဆွေတို့ပြောသလိုမဟုတ်မဟုတ်စဉ်းစားသာကြည့်ကြပါစို့ကမ္ဘာဦးကျမ်းမှာဆိုထားတာကတော့
(အာဒံနှင့်ဧ၀)ဟာ မိတ်ဆွေတို့ပြောတဲ့ ထာဝရဘုရားကိုမြင်ဖူးကြသတဲ့။(နောဧ) ဟာလည်း သေသေချာချာ
မြင်ရသတဲ့။(ယာကုတ်)ကတော့မြင်ယုံတင်မကဘူး ထာဝရဘုရားနှင့် နပန်းချကြသေးသတဲ့။မီုးလင်းခါနီး
ကြတော့ ထာဝရဘုရားကလွတ်ခိုင်းတာကို မလွတ်တာ နှင့် ၀ိညာဉ်တော်သက်သက်ရှိတဲ့ ထာဝရဘုရား
ကလက်သီးနှင့် ထိုးလိုက်လို့ ပေါင်ကျီုးသွားသေးသတဲ့။  ကဲ..အဲဒါ ၀ိညာဉ်သက်သက်ထာဝရဘုရားမှာ
လက်သီးဘယ်ကရသလဲစဉ်းစာကြပါ။ အီဘရာဟင်ဆိုတဲ့လူက သူလည်းတွေ့ဖူးပါသတဲ့။ ဒါတင်မကဘူး
တစ်နေ့မှာ ထာဝရဘုရားဟာ အီဘရာဟင်ရဲ့ အိမ်ကိုလာပြီး ညစာတောင်စားသွားပါသေးသတဲ့။မောရှေက
လည်း သေသေချာချာမြင်ရတဲ့လူပဲ။ အဲဒီတော့ဓမ္မကျမ်းက ထာဝရဘုရားကို မြင်ဖူးတွေ့ဘူးသူ ငါးယောက်
ရှိမနေဘူးလား။ ဒီလိုဆိုရင် ၀ိညာဉ်သက်သက်ဖြစ်တယ်ဆိုတဲ့စကားကို မစဉ်းစားထိုက်ဘူးလား စဉ်းစားကြ
ပါ အရမ်းမယုံကြပါနဲ့။
            ပြီးတော့နာမ်ဝိညာဉ်သက်သက်ဖြစ်လို့ပုံသဏ္ဌာန် မရှိဘူးတဲ့။အဲဒါသီရက်သားနှင့်တမင်သက်သက်
ပြောတာ သူတို့ထာဝရဘုရားရဲ့ပုံသဏ္ဌာန်ကို ဓမ္မဟောင်းကျမ်းမှာ ပါတဲ့အတိုင်း ပြောရမှာနည်းနည်းတော့
ရှက်တာနဲ့တူတယ်လို့ ယူဆနိုင်စရာရှိပါတယ်။ ဒါကြောင့် သိရဲ့သားနှင့် တမင်သက်သက် ဖုးံထားတယ်လို့
ဆိုရမှာပဲ ဘာကြောင့်လည်းဆိုတော့......ဗျာဒိတ်ကျမ်း အခန်း ၁ အပိုဒ် ၁၄၊ ၁၅၊ ၁၆၊ မှာထာဝရဘုရားရဲ့
ပုံသဏ္ဌာန်ကို သေသေချာချာဖော်ပြထားပါတယ်။ ပြီးတော့...အခန်း ၅၊ အပိုဒ် ၆ မှာလည်းပါပါသေးတယ်
အဲဒီကျမ်းဆိုရင်(ထာဝရဘုရားရဲ့ပုံသဏ္ဌာန်ဟာ ခေါင်းမွေးက နှင်းကဲ့သို့ဖြူတယ်။ မျက်လုံးက မီးရောင်ကဲ့
သို့ တောက်ပတယ်။ခြေထောက်က မီးရဲရဲဖုတ်ထားတဲ့ ကြေးနီဝါနဲ့တူတယ်။ ညာဘက်လက်ကကြယ်ခုနှစ်
လုံးကိုကိုင်ထားတယ်။ ပါးစပ်မှာ နှစ်ဘက်ဓါးသွားရှည်ကြီးနှစ်ချောင်း ထွက်နေတယ်။ဦးချီုခုနှစ်ချောင်းရှိ
တယ်။မျက်လုံးခုနှစ်လုံးရှိတယ်) အဲဒါထာဝရဘုရားရဲ့ပုံပါပဲ..အခုနေများအဲဒီပုံရှိတဲ့ လူတစ်ယောက်ကိုများ
တွေ့ရင်မိတ်ဆွေဖြစ်တဲ့ ဓမ္မဆရာတွေ အရင်ပြေးကြခိမ့်မယ်ထင်ပါတယ်.....။ဦးပဉ္ဇင်းကတော့ ကြည့်ချင်
တာနှင့်မပြေးပါဘူး....ဘယ့်နှယ်လဲဆရာကြီးဦးသာဒင်၊ ဆရာရှုံ့ချသွားတဲ့ ဂေါတမဘုရားရဲ့လက္ခဏာ
တော်ကြီး ၃၂-ပါး လက္ခဏာတော်ငယ် ၈၀-ဆိုတဲ့ပုံအဆင်းတော်နှင့် ဘယ်လိုကွာခြားတယ်ဆိုတာတွေ့
ပြီမဟုပ်လား။ စတုတ္ထအချက်က ထာဝရဘုရားနေတဲ့အရပ်ဒေသပါ....ထာဝရဘုရားရဲ့နေရာနှင့်ပတ်သက်
လို့ မိတ်ဆွေဓမ္မဆရာတို့ကမပြောခဲ့ဘူး။ မပြောခဲ့ကြတာကတော့ မသိကြလို့နဲ့တူပါတယ်။ မိတ်ဆွေတို့မ
သီကြသေးရင်.....ဦးပဉ္ဇင်းကပဲပြောပြရသေးတာပေါ့ထာဝရဘုရားဟာ တန်ခိုးကြီးဖြစ်တဲ့အတွက်ကောင်း
ကင်တခွင်မှာ အလှဆုံး အတောက်ပဆုံးဖြစ်တဲ့ မြောက်ဘက် ကောင်းကင်တစ်ခွင်မှာဖြစ်တဲ့(အိုရီယင်)လို့
ခေါ်တဲ့ခုနှစ်စင်ကြယ်ရဲ့ အလယ်ဗဟိုမှာနေသတဲ့။ အဲဒါဟာ ဦးပဉ္ဇင်းရမ်းပြောတာမဟုပ်ဘူး(လူးကပ်စ်အာ
ရိဒ်) ရေးတဲ့(အက်စ်ထရော် နောမိအင်တိုင်ဘဲလ်)လို့ခေါ်တဲ့ နက္ခတ္တဗေဒနှင့် သမ္မာကျမ်းစာဆိုတဲ့စာအုပ်
(ဂေါ့ဒ်စ်ဒွဲလင်းပလေ့စ်) ဆိုတဲ့အခန်းမှာပါပါတယ်။ အဲဒီတော့ ထာဝရဘုရားနေတဲ့ နေရာထင်ရှားသွားပြန်
တာပေါ့လေ။ အဲဒီစာအုပ်ကို ခရစ်ယာန်မိတ်ဆွေများ ၀ယ်ပြီးဖတ်ကြပါ။ အမေရိကန်ပြည် ကာလ်လီဖိုးနီး
ယားက ထုပ်ဝေပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးကိုတော့ ဟောဒီထာဝရဘုရားရဲ့ နေရာကိုမပြောတတ်တဲ့ ဓမ္မဆ
ရာတွေက ကျေးဇူးအများကြီးတင်ဖို့ကောင်းတယ်။ မိတ်ဆွေတို့ပြောကြတဲ့အတိုင်းသာဆိုရင်မိတ်ဆွေတို့
အင်မတန်အထွဋ်အမြတ်ထားတဲ့ ထာဝရဘုရားမှာ နေစရာ နေရာမရှိသေးပဲ အိုးမဲ့အိမ်မဲ့အခြေမဲ့အနေမဲ့
ဖြစ်သွားပါလိမ့်မယ်။
ဆက်လက်ရေးသားပါဦးမည်...။
အရှင်မုနိန္ဒ




No comments:

Post a Comment