Thursday 23 August 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ ၁ )

                                            ဝေသာလီ

                                                     Vaishali
ဝေသာလီသည် အိန္ဒိယနိုင်ငံ၏ အလွန်ရှေးကျသော(ပရစီန)သမိုင်းဝင်ရှေ့ဟောင်းမြီု့တစ်မြီု့ဖြစ်ခဲ့လေသည်။
ဗုဒ္ဓဘာသာစာပေကျမ်းများတွင် ဤမြီု့၏သမိုင်းဝင်နေရာများနှင့် ကြီးမားမြင့်မားသည့်ကျဉ်ကျေးမှူ့ထုံးတမ်းစဉ်
လာများကို အနှံ့ရေးသားဖော်ပြထားသည်။ ခရစ်မပေါ်မိ (၆)ရာစုနှစ်များတွင် ဤမြီု့သည်အလွန်တရာစည်ပင်
သာယာကြွယ်ဝခဲ့သည့် မြီု့တစ်မြီု့ဖြစ်ပြီး လိစ္ဆ၀ီဂဏမင်းများ၏ ရာဇာဌာနီ(မြီု့တော်)ဖြစ်ခဲ့ဘူးသည်။ဝေသာလီ
မြီု့၏ထင်ပေါ်ကျော်ကြားမှူ့တို့၏အဓိကအကြောင်းမှာရှင်တော်မြတ်ဗုဒ္ဓပင်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော်
မြတ်ဗုဒ္ဓသည်ဝေသာလီ၌ မြင့်မြတ်သည့်တရားတို့ကို ဖော်ကျူးထုတ်ဖော်ဟောပေးခဲ့သည့်အကြောင်းတို့ကြေ
ာင့်ပင်ဖြစ်သည်။ထိုအပြင်ဝေသာလီမြီု့၏ ဒုတိယအရေးကြီးမားမှူ့မှာဤမြီု့၌ ဂျိန်း ဘာသာဝင်တို့၏(၂၁)ကြိမ်
မြောက် တြီ့ထံကရ(ဘုရား)မဟာဝိဟာရသည်မွေးဖွားခဲ့ဘူးသည့်အကြောင်းတို့ကြောင့်လည်းဖြစ်သည်။
            ခရစ်သက္ကရာဇ် ၆၃၅ ခုနှစ်တွင်တရုတ်ဘုန်းကြီးဟုယေ(န်)ရှန်းသည် ဝေသာလီမြီု့ကို လာရောက်ဖူး
မြော်သည့်အချိန်ကာလတွင် မြီု့တော်မှာ ပျက်သုန်းနေပြီးဖြစ်၍ လူသူကင်းမဲ့နေသည့်အရပ်ဖြစ်နေကြောင်းကို
တွေ့ရကြောင်း၎င်း၏မှတ်တမ်း ခရီးသွားမှတ်တမ်းမှာ မှတ်တမ်းတင်ထားခဲ့သည်။ ၎င်းမှတ်တမ်းအရ၊တချိန်က
အင်မတန်ကြွယ်ဝစည်ပင်သာယာခဲ့သည့်အရပ်၌ အစုစုလိုက်ရှိနေသောဆင်းရဲနွမ်းပါးနေသည့်လယ်ယာလုပ်
ကိုင်သူတို့၏တဲများရှိနေကြောင်းကိုသာတွေ့ရှိခဲ့ရပါကြောင်းဒိုင်ယာရီမှတ်တမ်း၌ရေးသားထားကြောင်းကိုလေ့
လာတွေ့ရှိခဲ့ရပါသည်။တရုတ်ခရီးသည်၏ထိုမှတ်တမ်းကိုအခြေခံ၍ဦးစွာပထမ(Gen.Cunnigham)ကဝေသာ
လီမြီု့ဟောင်းတည်ရှိခဲ့ရာနေရာကိုဘိဟာပြည်နယ် ဗဿပ နှင့်ကိုလ္ထုအာရွာ(ဗခီးရရွာ)နားရှိဗုဒ္ဓနှင့်သက်ဆိုင်
နေသည့်ရှေးဟောင်းပစ္စည်းများ၏အကြွင်းအကျန်များကိုထောက်ရှူ့ကာသတ်မှတ်ခဲ့ပါသည်။ထိုနေရာသည်
ဂန္ဒကမြစ်၏အရှေ့အရပ်၌တည်ရှိလျှက်ရှိသည်။ဝေသာလီမြီု့ဟောင်းသည် လက်ရှိ မုဇဖ္ဖရပူ(ရ်)မြီု့မှ ကီလိုမိ
တာ ၄၀ အကွာ၊တောင်အရပ်နှင့် ဟာဇီပူ(ရ်)မြီု့မှ ၃၅ ကီလိုမိတာအကွာ၊အရှေ့အရပ်တွင်တည်ရှိခဲ့သည်။ပြည်
တွင်းပြည်ပမှ ဗုဒ္ဓဘာသာဝင်အတော်များများတို့မှာဧကရာဇ်ဘုရင်မင်းမြတ် မဟာရာဇာအသောက၏ထီးနန်း
စိုက်ခဲ့ရာ ပါဋလိပုတ္တ(လက်ရှိဘိဟာပြည်နယ်ရဲ့မြီု့တော် ပတနား) မြီု့မှ ဂင်္ဂါမြစ်၏ တဘက်ကမ်း ၄၅ ကီလိုမိ
တာအကွာအဝေးတွင်တည်ရှိလျှက်ရှိသည့် နာဂရမြီု့ကိုဝေသာလီမြီု့ဟောင်းဟူ၍သတ်မှတ်ခဲ့ကြပါသည်။ဤ
မြီု့ကလေးကို ဗွိ အေ ဆာမိတ် (V.A.Smith)အမည်ရှိရှေးဟောင်းသုတေသီတစ်ဦးကအကီုးအကားများဖြင့်
ဝေသာလီမြီု့ဟောင်းနေရာဟုသတ်မှတ်ခဲ့သည်။ ထိုသတ်မှတ်ချက်ကိုထောက်ရှူကာ ဘိဟာပြည်နယ်အစီုးရ
သည် ၁၉၅၄ ခုနှစ်တွင်ဤမြီု့ကလေးကို ဝေသာလီဟူ၍ နာမည်(အမည်)သတ်မှတ်ပေးခဲ့သည်။ ထိုသို့ဝေသာ
လီဟုအမည်ပြန်သတ်မှတ်ပေးခြင်းသည်ဗုဒ္ဓမြတ်စွာဘုရား၏ ဝေသာလီပြည်အပေါ်ထားခဲ့သည့် သဒ္ဓါကြည်နူး
မူ့ကိုပြန်လည်ဖော်ထုတ်လိုက်သည့်စိတ်ဆန္ဒများလည်းပါဝင်ပါသည်။ လက်ရှိအချိန်တွင်ဤနေရာ၏အရေးပါ
ပုံကိုဖေါ်ထုတ်လိုက်သည့်စိတ်ဆန္ဒဖြင့် ဝေသာလီဇနပဒဟူ၍မြှင့်တင်ခေါ်ဝေါ်သတ်မှတ်ပြီး သက်ဆိုင်ရာအစီုး
ရရုံးများကိုဟာဂျီပူရ်မြီု့၌ စိုက်ထူထားသည်။ ဗုဒ္ဓစာပေကျမ်းဂန်များ၏အလိုအရ ဝေသာလီမြီု့ကို လိစ္ဆာဝီမင်း
နွယ်တို့က တည်ထောင်သည်ဟုဆို၏လိစ္ဆာဝီအနွယ်တို့၏မိသားစုအဖွဲ့ဝင်များအဆက်မပြတ်လူဦးရေထူထပ်
လာသည်နှင့်အမျှ ထိုမြီု့ကို ၃ ကြိမ် တိုင်တိုင် တိုးချဲ့တည်ဆောက်ခဲ့ရသည်ဟုဆိုသည်။ယင်းသို့တိုးချဲ့တည်
ဆောက်ရသည့်အတွက်ကြောင့်လည်းဝေသာလီဟုခေါ်ဝေါ်ခဲ့ရသည်ဟုလည်းဆိုထားကြောင်းစာပေကျမ်းဂန်
များတွင်တွေ့နိုင်သည်။ နောက်ယူဆချက်တခုမှာ"ဗဆာယ"ရွာနားမှာ ရှေးဟောင်းကုန်ပြင်မြေနေရာတစ်ခုရှိ
သည်၊ယင်းနေရာကို ရာဇာဝိသာလဂဃ တနည်းအားဖြင့်အဓိပ္ပါယ်ရသော ၀ိသလမင်း၏ ခံတပ်ဟုခေါ်သည်
ထိုအချက်ကိုအခြေခံကာဝိသလမင်းက ဝေသာလီမြီု့ကို တည်ခဲ့ကြောင်းပြေဆို ယုံကြည်ကြသူများလည်းရှိ
ကြသည်။ ပုရထာ စာပေမျမ်းဂန်များတွင်လည်း ၀ီသလမင်းအကြောင်းထုတ်ဖေါ်ရေးသားထားကြောင်းကို
တွေ့ရှိရပါသည်။ယ္ခုအချိန်တွင်ဗုဒ္ဓနှင့် စပ်ဆိုင်သည့် ရှေးဟောင်းပစ္စည်းပစ္စယများကို နှစ်မျီုးနှစ်စားခွဲခြား၍
တွေ့မြင်နိုင်သည်။ လက်ရှိ ဝေသာလီမြီု့ရှေ့၌ တည်ဆောက်ထားသော နိုင်ငံတော်ပြတိုက်တစ်ခုရှိသည်။ယင်း
ပြတိုက်အဆောက်အဦးရှေ့တွင် ပုသဗကရဏီ(ရေကန်)တကန်တည်ရှိသည်။ထိုရေကန်ကိုလေးဘက်လေး
ရံစလုံးအုတ်တို့ဖြင့်ကာရံပြုလုပ်ထားသည်။
                                (ဝေသာလီရှိအသောကကျောက်တိုင်တွင်အမှတ်တရ)
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ။

No comments:

Post a Comment