Tuesday 22 January 2013

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ ၇ )

                                                          အာမ္ဗပါလီ
ဗုဒ္ဓသက်တော်ထင်ရှားရှိနေသည့် အချိန်ကာလတွင် လိစ္ဆ၀ီတို့၏ အုပ်ချုပ်မူသည်အလွန်တရာတောင့်တင်းခဲ့
ပါသည်။ ထိုအုပ်ချုပ်မူ၏ထူးဆန်းသည့် အုပ်ချုပ်ဥပဒေမူတစ်ခုမှာ-၁၈နှစ်အရွယ်ရောက်သော အလှဆုံး လိစ္ဆ
ဝီ ကညာပျိုသည်သူ့တစ်ဦးတယောက်၏ ဇနီးမယားမဖြစ်နိုင်၊၎င်းအလှဆုံးအပျီုကညာသည်"ပြည်တန်ဆာ"
အဖြစ်ရွေးချယ်ခံရပြီး လိစ္ဆ၀ီမင်းတို့အား ဖျော်ဖြေသူတဦးဖြစ်ရပါသည်။ ထိုဥပဒေသည်လိဈှဝီအုပ်ချုပ်မူ၏အ
မှတ်အသားလက္ခဏာတခုဟုဆိုပါလျှင်မမှားနိုင်ချေ။ လူမူအသိုက်အ၀န်းမှ မရှိဆင်းရဲသားမိဘများသည်ပင်
မိမိတို့မွေးဖွားထားသည့် ကညာကိုအချိန်တန်သည့်အခါ ထုံးတမ်းစဉ်လာနှင့်အညီင်္အိမ်ထောင်ပြုပေးလိုက်
ကြသည်။လိစ္ဆ၀ီတို့ ဂဏနိုင်ငံတွင် သမ္မတဖြစ်သူ မဟာနာမ၏သ္မီးကညာအမ္ဗပါလီသည် ဝေသာလီပြည်၏
အလှဆုံးအမျီုးသမီးအဖြစ်ရွေးချယ်ခံခဲ့ရာ၊၎င်း အမ္ဗပါလီကို"ပြည်တန်ဆာ"သို့မဟုပ်ဇနကလျာဏီဘွဲ့ဖြင့်ကျမ်
းကျိန်ပေးသည့်နေ့တွင် မဟာနာမမှာကြီးစွာစိတ်သောကဖြစ်ခဲ့ရသည်။သ္မီး၏ဂုဏ်သိက္ခာကိုဝဇ္ဇဂဏနိုင်ငံတေ
ာ်-၄၂ နှစ်တိုင်တိုင်သူအလုပ်အကျွေးပြုခဲ့သည်နှင့် မလဲလှယ်နိုင်ကြောင်းဟုဆိုကာ ရာထူးမှနုတ်ထွက်သွား
ခဲ့လေသည်။ဂဏအုပ်ချုပ်မူ၏အမြင့်ဆုံးကောင်စီထံတွင်သူသည် အမျီုးမျီုးတင်ပြတောင်းဆိုသော်လည်းဥပ
ဒေ၏ အထက်မှာမည်သူမှမရှိစေရဟူ၍ဂဏကောင်စီက မဟာနာမ၏တင်ပြတောင်းဆိုချက်များကိုပယ်ဖျက်
ခဲ့လေသည်။ဝေသာလီပြည်မှာထိုဥပဒေဒါဏ်ကို မခံချင်သောအလှစရင်းဝင်အမျီုးသ္မီးငယ်တချီု့သည်ဘိက္ခူ
သံဃာတွင်ဝင်သွားရှာခဲ့သည့်သာဓကများလည်းရှိခဲ့ပါသည်။ဥပ္ပလ၀ဏသီလရှင်၏ဘိက္ခူနီဝတ်ရခြင်းအကြေ
ာင်းရင်းမှာ-၎င်းရူပါရုံကို မက်မော၍ ရာနှင့်ချီသော ဝေသာလီသားယောင်္ကျားတို့က သူရလိုရ၊ငါရလိုဖြင့် ခိုက်
ရန်ပြုလုပ်ကြရန်အဆင်သင့်ဖြစ်နေကြသည်။ထိုအခြင်းအရာကိုမြင်၍ ဥပ္ပလ၀ဏသည် ဘိက္ခူနီဖြစ်ရခြင်းကို
ရွေးချယ်ခဲ့သည်။
  ဗုဒ္ဓဘာသာကျမ်းများအလိုအရတစ်နေ့သောအခါ ရှင်တော်မြတ်ဗုဒ္ဓသည် ရာဇဂိုရ်မှ ရဟန်းပေါင်ဒ-၅၀၀ခြံ
ရံလျှက် ပါဋလိပုတ္တသို့ ကြွချီတော်မူခဲ့သည်။ ထိုမှတဆင့်ဝေသာလီသို့ ခရီးဆက်ကာသီတင်းသုံးတော်မူ၏
ထိုခရီးစဉ်မှာမြတ်စွာဘုရား၏ နောက်ဆုံးဝေသာလီခရီးစဉ်ဖြစ်သည်။အာမ္ဗပါလီသည် ထိုသိတင်းကိုရလျှင်ရ
ချင်း မိမိပိုင်မြင်းရထားကိုစီး၍ဗုဒ္ဓအား ဖူးမြော်ရန် အမ္ဗ၀နသို့ ရောက်လာခဲ့သည်။မြင်းရထားနှင့်သွားလို့ရနိုင်
သည့်နေရာအထိစီးလာခဲ့ပြီး ရထားဖြင့်သွား၍မရနိုင်သည့်လမ်းကိုခြေလျှင်လျောက်ကာဖြင့် နောက်ဆုံးဗုဒ္ဓ
၏အနီးသို့သွားခဲ့ပါသည်။ မြတ်ဗုဒ္ဓအား ရှိခိုးအရိုအသေပြုကာ သင့်လျှော်လျောက်ပတ်သည့်နေရာတွင်ထိုင်
ခဲ့လေသည်။အာမ္ဗပါလီသည် ဘုရားအားလုပ်အုပ်ချီမိုးကာ နောက်တစ်နေ့တွင် ရဟန်းသံဃာများနှင့်အတူ
သူ့မထံတွင်ဆွမ်းခံကြွပါရန်လျှောက်တင်ဖိတ်မန်တကပြုခဲ့လေသည်။
ဗုဒ္ဓသည်လည်း အာမ္ဗပါလီ၏ အလှူကိုလက်ခံခဲ့လေသည်။ထိုအခါအာမ္ဗပါလီသည်နောက်ထပ်တကြိမ်ဘုရာ
းအားဦးချကာအရိုအသေပြုကာထိုနေရာမှထွက်ခွါလာခဲ့ပါသည်။ ဝေသာလီပြည်သို့ ရှင်တော်ဗုဒ္ဓကြွရောက်
လာပြီးအာမ္ဗပါလီ၏သရက်ဥယျာဉ်၌သီတင်းသုံးကြောင်း သတင်းရလာသောအခါ ဝေသာလီဂဏမင်းအသီး
သီးတို့မှာ လှပတင့်တယ်သည့်အ၀တ်အစားများကိုဝတ်ဆင်၍ မိမိတို့ရထားများဖြင့်မြတ်ဗုဒ္ဓသီတင်းသုံးတော်
မူနေသည့်နေရာသို့သွားကြလေသည်။လမ်းခရီးတွင်အာမ္ဗပါလီစီးလာသည့် ရထားကိုတားမြစ်ကာအာမ္ဗပါလီ
ထိုသို့ဝင့်ကြွားပျော်ရွှင်ဝမ်းသာဖြစ်နေရသည့်အကြောင်းကိုသိလိုကြောင်းမေးမြန်းခဲ့ကြလေသည်။ထိုသို့မေး
မြန်းခြင်းကို အာမ္ဗပါလီကမြတ်ဗုဒ္ဓသည် ရဟန်းအပေါင်းခြံရံလျက် ဆွမ်းဘုန်းပေးရန်သူ၏ဖိတ်မံတကပြုခြင်း
ကိုလက်ခံတော်မူသည်ဖြစ်၍ သူမသည်ယ္ခုကဲ့သို့ ၀မ်းမြောက်ဂုဏ်ယူဝင့်ကြွားစွာအားရ၀မ်းသာဖြစ်နေရကြေ
ာင်းဖြေဆိုပြောကြားလေသည်။အာမ္ဗပါလီကဲ့သို့ပြည်တန်ဆာတဦးက မြတ်စွာဘုရားနှင့် ရဟန်းပေါင်း-၅၀၀
ကျော်တို့အားဆွမ်းဘောဇာဉ်များကို လှူဒါန်းမည့်အဖြစ်ကိုကြားသိရ၍ လိစ္ဆ၀ီမင်းသားအချီု့တို့မှာများစွာစိတ်
ပျက်သွားခဲ့လေသည်။ထိုအခွင့်အရေးကို အချို့ အချို့သောလိစ္ဆ၀ီမင်းတို့ကအာမ္ဗပါလီထံမှ ရွှေအသပြာထော
င်သောင်းမက ပေးဆပ်၍၀ယ်ယူရန်တေင်းဆိုလာကြသည်။သူမအား ဗုဒ္ဓပေးသနားတော်မူခဲ့သည့် ယင်းအခွ
င့်အလမ်းကို ဝေသာလီပြည်ရှိ စည်းစိမ်အားလုံးနှင့်တောင် အလဲလှယ်နိုင်ပါကြောင်းအာမ္ဗပါလီက ပြောဆို
ကာ၎င်းတို့၏ တောင်းဆိုမူများကို ပယ်ဖျက်ခဲ့လေသည်။လိစ္ဆ၀ီကုမာရတို့သည် ရှင်တော်ဗုဒ္ဓအပေါ်ထားသ
ည့်အာမ္ဗပါလီ၏သဒ္ဓါကြည်ညိုမူ့ကို အံ့သြမိပေသည်ဟု ထိုသို့အချင်းချင်းစကားပြောဆိုလျှက်၎င်းတို့၏ဗုဒ္ဓ
သီတင်းသုံးတော်မူရာအရပ်ကိုရောက်ရှိလာ၍ဗုဒ္ဓအား ရှိခိုးပူဇော်ကာတရားနာယူခဲ့ကြသည်။လိစ္ဆ၀ီဂဏမင်း
သားတို့၏စိတ်ခံစားမူများကို ကြိုတင်သိရှိ၍ ရှင်တော်ဗုဒ္ဓသည် မိမိ၏တရားဒေသနာဖြင့် ၎င်းတို့အားကျေနပ်
အောင်ဖြေပေးတော်မူခဲ့သည်။ တရားဒေသနာ၏အဆုံး၌ လိစ္ဆ၀ီမင်းသားတို့ကနက်ဖန်ဆွမ်းဘုန်းပေးကြွရန်
လက်အုတ်ချိကာ ဗုဒ္ဓအားလျောက်ထားလေသည်။ ထိုအခါနက်ဖန်ဆွမ်းဘုန်းပေးရန် ငါဘုရားသည်ဂဏီက
အာမ္ဗပါလီ၏ဖိတ်မံတကပြုခြင်းကိုလက်ခံပြီးကြောင်းပြန်ပြောပြခဲ့သည်။ငါ့တို့ တော့ဖြင့်အာမ္ဗပါလီထံမှာအရုံး
ပေးခဲ့ရပြီဟုပြောကာမိမိအိမ်သို့အသီးသီးပြန်ကြကုန်လေသည်။
နောက်တစ်နေ့တွင်ရှင်တော်ဗုဒ္ဓသည် ရဟန်းအပေါင်းခြံရံလျှက် အာမ္ဗပါလီနေအိမ်သို့ကြွချီခဲ့သည်။အာမ္ဗပါ
လီသည်လည်းဗုဒ္ဓနှင့်ရဟန်းအပေါင်းတို့ကို သင့်တင့်လျောက်ပတ်စွာ ခရီးဦးကြိုဆိုသမူပြုခဲ့လေသည်။ထို့
နောက်ရဟန်းအပေါင်းတို့သည် တင့်တယ်လှပစွာခင်းကျင်းထားသည့်ကော်ဇောအခင်းများအပေါ်နေရာယူ
ထိုင်ကြလေသည်။ အာမ္ဗပါလီသည်ဆွမ်းဘောဇာဉ်များကို ခုနှစ်မျီုးခုနှစ်သွယ် ချက်ပြုတ်ထားသည်။ဘိက္ခူ
နီသံဃာအပေါင်းတို့အားဆွမ်းဘောဇာဉ်များကို မိမိလက်ဖြင့်တရိုတသေကပ်ခဲ့သည်။ဘိက္ခူများဆွမ်းကွမ်း
ဘုန်းပေးတော်မူပြီးနောက်အာမ္ဗပါလီသည် သင့်တော်ရာနေရာတစ်ခုတွင်ထိုင်လေသည်။ရှင်တော်မြတ်ဗုဒ္ဓ
သည်အာမ္ဗပါလီပြုခဲ့သည့်(ပုညမောဒန)ကုသိုလ်ကောင်းမူ့တို့ကိုအနုမောဒနာပြုလျှက်မိမိဟောကြားသည့်
တရားတော်၌ ရုပ်ရည်၊ငွေကြေး၊ဥစ္စဓနအားလုံးသည် အနိစ္စသဘောကိုဆောင်၏။မြင့်မြတ်သောယောင်္ကျား
မိန်းမတို့အတွက် သမာအာဇီဝသည်သာလျှင်အမြတ်ဆုံးဥစ္စဓနဖြစ်သည်ဟူ၍ဟောကြားသွင်သင်ဆုံးမခဲ့
သည်။ဘုရား၏တရားတော်တို့မှာအာမ္ဗပါလီ၏စိတ်နှလုံးကိုနက်ရှိုင်းစွာစွဲမြဲစေခဲ့သည်။အာမ္ဗပါလီသည်ဥစ္စ
ဓနကိုတွယ်တာမူကင်းမဲ့လာကာ မိမိပိုင်သရက်ဥယျာဉ်ကြီးကိုဘိက္ခူနီသံဃာအားလှူဒါန်းခဲ့လေသည်။
ထိုဥယျာဉ်၏တန်ဖိုးမှာလိစ္ဆ၀ီဂဏမင်းတို့၏ဥယျာဉ်တန်းဘိုးထက်မည်သို့မျှမလျော့ပါ။ဝေသာလီပြည်မှာဘိက္ခူ
သံဃာသည်ထိုမျှတန်ဘိုးကြီးသည့်အလှူဒါနကို ပထမဆုံးလက်ခံရခဲ့ကြောင်းဗုဒ္ဓကျမ်းတို့ကဆို၏နောက်ပို
င်းအချိန်ကာလတွင် အာမ္ဗပါလီသည်လောကီစည်းစိမ်ကိုတပ်မက်မူကင်းမဲ့လာကာ ဘိက္ခူနီအဖြစ်ကိုခံယူ
သွားလေတော့သည်။တရားဓမ္မတို့၌ပျော်မွေ့လာ၍အာမ္ဗပါလီသည်ထေရီမအဖြစ်ကိုရသွားလေတော့သည်။
ဗုဒ္ဓဓမ္မလောကတွင် အာမ္ဗပါလီထေရီမကိုယနေ့အထိ ဗုဒ္ဓဘာသာဝင်တို့ကကြည်ညိုလေးစားကြသည်။ဓမ္မ
အတွက်ဆောင်ရွက်မူများကိုမေ့ပ်၍မဖြစ်နိုင်တော့ချေ။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)M.A မာဂဓတက္ကသိုလ်.Waiting for PhD.။

No comments:

Post a Comment