Saturday 15 June 2013

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၄ )

သာဝတ္ထိရှီအခြားအခြားဥယျာဉ်နေရာများကို ဗုဒ္ဓ၏တရားဟောပွဲများကျင်းပရန် အလိုမကျသည့်နောက်ဆုံး
တွင်ဇေတမင်းသားတို့၏ ဇေတဥယျာဉ်နေရာကို မျက်စီကျသဖြင့် အနာထပိဏ္ဍိတသည် ထိုဥယျာဉ်နေရာ
ကိုသူအားရောင်ချပေးရန်တောင်းဆိုသည်။ ဇေတမင်းသားကလည်း သူ့ဥယျာဉ်ကိုမရောင်းချလိုသည့်စိတ်
ဖြင့်ဥယျာဉ်မြေနေရာ အစဆုံးကို ရွှေအပုဒရ(အသပြာ)အဖြည့်ဖြင့် ဖုံးခင်းပေးပါလျှင်ရောင်းနိုင်မည်ဖြစ်ကြော
င်းပြောခဲ့လေသည်။အနာတပိဏ္ဍိတသူဋ္ဌေးကြီးက မိမိဘဏ္ဍာတိုက်မှ ရွှေအသပြာများကိုလှည်းဖြင့်တိုက်လာ
ကာ ဥယျာသ်မြေနေရာကို ထိုမုဒရာများဖြင့်ခင်းကျင်းလေသည်။ အစွန်းအစ တစ်ခုတစ်ခုမှာမြေနေရာကို
ဆက်လက်ခင်းကျင်းတော့မည်ပြုလုပ်သည့်အခါ ထိုမြေနေရာကိုမရောင်းနိုင်သည့်အကြောင်း ဇေတမင်း
သားကပြောလာခဲ့သည်။
               ဇေတကုမာရကမည့်သည့်အကြောင်းကစ္စနှင့်ပတ်သက်ပြိး၊ဤမျှရွှေမုဒရများကို အကုန်ခံနေရ
ပါသနည်း။ဟူ၍ သုဒတ္တအားမေးလေသည်။ထိုအခါသုဒတ္တကဤသို့ဖြေကြားလေသည်။"ငါသည်ဤဥယျာဉ်
နေရာတွင်အရှင်မြတ်ဗုဒ္ဓအားသီတင်းသုံးနေထိုင်၊တရားဟောပေးနိုင်ရန်အတွက် ၀ိဟာရကျောင်းတစ်ကျော
င်းတည်ဆောက်ကာလှူဒါန်း၍ ကုသိုလ်ရလိုကြောင်းပြောပြခဲ့သည်။ရှင်ဗုဒ္ဓ၏တရားမြတ်ကို လိုက်နာကျင့်
သုံးခြင်းဖြင့် လောကတစ်ခုလုံး၏အကျီုးအမြတ်ဖြစ်ကြောင်း သူဋ္ဌေးသုဒတ္တထံမှ ထိုစကားကြားရ၍မင်္ဂလာ
ရှိသည့်အမှူကိစ္စတွင်ဇေတကုမာရကလည်း ပါဝင်လိုသည့်စိတ်ဆန္ဒဖြစ်လာခဲ့သည်။ ကျန်ရှိသည့်မြေနေရာ
ကို ရွှေအသပြာနှစ်ဆလျော်ကြေးအဖြစ်ပေးဆပ်ကာဇေတမင်းသားသည် ထိုမြေနေရာကို သုဒတ္တထံမှပြန်
ဝယ်ယူသည်။ တစ်ဆယ့်ရှစ်ကုဋေသော ရွှေအသပြာအကုန်ကျခံကာ အနာထပိဏ်သည်ဇေတ၀န်ကျောင်း
တော်ကိုတည်ဆောက်ပြီး ရှင်တော်ဗုဒ္ဓအားသီတင်းသုံးရန်လှူဒါန်းခဲ့ပါသည်။
               ထိုသမိုင်းဝင်မဟာဝိဟာရကျောင်းတော်ကိုဇေတ၀န်ကျောင်းဟူ၍ခေါ်ခဲ့ကြသည်  ဗုဒ္ဓနှင့်သံဃာ
များအတွက်အလှူဒါနအဖြစ် ပထမဦးဆုံးရရှိသည်။ ထိုကျောင်းတော်ကြီးသည်ဗုဒ္ဓသာသမိုင်းတွင်ထင်ပေါ်
ကျော်ကြားလာခဲ့သည့်ဝိဟာရကျောင်းတော်ကြီးဖြစ်လာခဲ့သည်။ လက်ရှိအချိန်တွင် အိန္ဒိယနိုင်ငံတွင်ဇေတ
ဝန ၀ိဟာရအမည်ဖြင့် ကျောင်းပေါင်းများစွာပေါ်ပေါက်လျှက်၇ှိသည်။
သာဝတ္တိ၌ တိုးတက်ဖြန်ပချိလာသည့်ဗုဒ္ဓနှင့်ဗုဒ္ဓဘာသာ၏ ဂုဏ်သတင်းကို ဂျိန်းဘာသာဝင်တို့မှ မနာလိုမှူ
ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာ၏အသရေကိုဖျက်စီးရန် စိဉ္စမာန အမည်ရှိသောပြည်တန်းဆာမ
တစ်ဦးအား ငွေကြေးပေးကာ ဗုဒ္ဓသီင်္တင်းသုံးသည့် ဇေတ၀န်ကျောင်းတော်သို့စေလါတ်ခဲ့ကြသည်။စိဉ္စမာန
ဆိုသည့် အမျီုးသမီးမှာ ကျောင်းတော်သို့အ၀င်အထွက် တစ်စတစ်စများလာခဲ့သည်။တစ်နေ့တွင်သူမသည်
မိမိဝမ်းဗိုက်ပေါ် ပိတ်စများပတ်လာကာ ကိုယ်ဝန်ဆောင်ထားပုံဟန်ဖြင့် ကျော်တော်၌တရားသဘင်ရှိနေသ
ည့်အချိန်တွင် အများရှေ့၌ မတ်တပ်ရပ်ကာ ယခုကျမဆောင်ထားသည့် ကိုယ်ဝန်သည်ဗုဒ္ဓနှင့်ရလာသည့်
ကိုယ်ဝန်ဖြစ်ကြောင်းစွပ်စွဲလေသည်။ ထိုအချိန် တရားသဘင်၌ ပရသေနဇီတဘုရင်မင်းမြတ်နှင့်အတူသာ
ဝတ္ထိနေပြည်တော်မှ သူဋ္ဌေးကြီးအနာထပိဏ္ဍိတနှင့်  ဥပသီကာမ ၀ိသာခါကဲ့သို့ ဂုဏ်သေ၇မြင့်မြတ်သောပု
ဂ္ဂိုလ်ထူးများရှေ့မှောက်တွင် စိဉ္စမာနက ထိုကဲ့သို့စွတ်စွဲလာသည်ကို ကြားရ၍ ရှင်တော်ဗုဒ္ဓကစိဉ္စမာန၏ပြော
ဆိုချက်များ မှန်မ မှန်ကို ငါဘုရားနှင့် ထပ်တူထပ်မျှစိဉ္စမာနက သိရှိကြသည်ဟု မြွတ်ကြားသည့်အခါတရား
နာပရိတ်သပ်က အံ့အားသင့်ကာ ခပ်မဆိတ်ဖြစ်နေကြသည်။ ထိုခဏမှာပင် ၎င်းအမျီုးသမီး၏၀မ်းဗိုက်ပေါ်
စည်းထားသောအ၀တ်စတို့သည် လျော၍ မြေပေါ်သို့ကျလာသည်။ထိုအဖြစ်အပျက်ကိုမြင်တေါ့၍ လူတို့
သည်စိဉ္စမာနကို ထိုနေရာ၌ပင် သတ်ဖြတ်ပစ်ကြရန်ပြေးလာကြကုန်၏ ရှင်တော် ဗုဒ္ဓသည် ထိုပရိဿ်အား
တားမြစ်လိုက်ပြီး စိဉ္စမာနအားခွင့်လါတ်ပေးကြရန် ပြောတော်မူလေသည်။ စိဉ္စမာနသည်လည်းများစွာအရှ
က်ကွဲလာ၍ ရေကန်တစ်ကန်အတွင်းခုန်ဆင်းကာ မိမိကိုယ်ကို အဆုံးစီရင်သွားလေသည်။ဒီနေရာကိုယခု
တိုင်တွေ့ရှိနိုင်ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)

No comments:

Post a Comment