Tuesday 4 February 2014

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅ ၂ )

                                                            သင်္ကဿ
သင်္ကဿမှာ သေးငယ်သည့် နေရာအရပ်ဖြစ်သော်လည်း ဗုဒ္ဓဘာသာသမိုင်းနှင့် လောကတွင်အလွန်အရေး
ပါ၍ ထင်ပေါ်ကျော်ကြားသည့်နေရာတစ်ခုဖြစ်ပါသည်။ ဤဘာဆန်ပူရ်သည်ဖရူခါဗာဒ်တိုက်နယ်(ဇနပဒ)မှ
ကီလိုမီတာ ၇၄ အကွာအဝေးရှိသည့်နေရာတွင် မုဟာမ္ဒယဗာဒ်ကိုသွားသည့် ကားလမ်းနဘေးတွင်တည်ရှိ
နေပါသည်။ ဤမြို့နေရာမှ မလှမ်းမကမ်းတွင် ကာလီနဒီ(မြစ်)စီးဆင်းလျက်ရှိသည်။ ပခနာမီးရထားဘူတာမှ
သင်္ကဿမှာ တစ်ကီလိုမီတာခန့်သာဝေးသည်။ သင်္ကဿပတ်ဝန်းကျင်ရှိလယ်မြေများ အလွန်တစ်ရာမြေ
သြဇာကောင်းသည်။ ၁၂ ရာသီစိမ်းလန်းစိုပြေနေသည့်မြင်ကွင်းများကိုမြင်တွေ့နိုင်သည်။ သင်္ကဿပတ်
ဝန်းကျင်သည် စည်ပင်သာယာဝပြော၏။
               သင်္ကဿထင်ပေါ်ကျော်ကြားရခြင်းရဲ့အကြောင်းမှာ မြတ်စွာဘုရားဟောကြားခဲ့သည့်အဘိဓမ္မာ
ပိဋကတ်ကျမ်းတွင် စုစည်းဖော်ပြထားသည့်တရားဒေသနာတို့ကို ဘုရားရှင်သည် သင်္ကဿ၌ ဟောကြားခဲ့
လိုပင်ဖြစ်၏ အဘိဓမ္မာတရားတော်ကို မြတ်ဗုဒ္ဓသည် မိခင်မဟာမာယာဒေ၀ီ၏အမှတ်တရအဖြစ်ဟောကြား
ခဲ့ပါသည်။ ၀ိနယပိဋက နှင့် သုတ္တပိဋကတို့တွင် ဖော်ပြသည့်တရားများကိုဗုဒ္ဓသည်အခါအားလျော်စွာအခြား
အခြားနေရာမျာတွင် ဟောကြားခဲ့ဘူးသည်။ သို့သော် အဘိဓမ္မာတရားကို သင်္ကဿတွင်သာဟောကြားခဲ့
ပါသည်။ အဘိဓမ္မာတရားတို့သည် ဗုဒ္ဓဒဿန၏အရေးပါမူနှင့် လူတကာမြတ်နိုးကြည်ညိုစရာကောင်း၍
လောကအကျီုးကို စွမ်းဆောင်နိုင်သည့် ဒဿနတရားမြတ်ဖြစ်သည်။ သမိုင်းဝင်တရုတ်ခရီးသည်များဖြစ်
ကြသည့် ဖာယီယန်နှင့် ဟုအင်ဆန်းတို့က မိမိတို့ခရီးသွားမှတ်တမ်းတို့တွင်သင်္ကဿ၏အရေးပါပုံနှင့်
ခေတ်ဟောင်းအခါကသင်္ကဿတွင် တည်ဆောက်ထားခဲ့သည့် အဆောက်အဦး ဘုရားကျောင်းစေတီပုထိုး
များအကြောင်းတို့ကိုလည်း စုံလင်စွာရေးသားမှတ်တမ်းတင်ထားသည်ကိုတွေ့ရှိနိုင်ပါသည်။
                 ခရစ်သက္ကရာဇ် ၅ ရာစုနှစ်၏ ပထမ ၁၀ ရာစုအတွင်း သင်္ကဿသို့ရောက်ရှိလာခဲ့သည့်တရုတ်
ခရီးသာ် ဖာယိယန်းက သူ၏ခရီးသွားမှတ်တမ်းတွင်သင်္ကဿအကြောင်းကိုအောက်တွင်ဖော်ပြထားသည့်
အတိုင်း ရေးသားဖော်ပြထားသည်။    ဤနေရာတွင် ဘိက္ခူနှင့် ဘိက္ခူဏီ သံဃာအပေါင်းတစ်ထောင်ခန့်
နေထိုင်သိတင်းသုံးခဲ့ကြသည်။ ၎င်းတို့အားလုံးသည်ဘာဏ္ဍရတစ်ခုတည်းမှာ အစားအသောက်ဆွမ်းတို့ကို
ရရှိခဲ့ကြသည်။ အချီု့သိုံ ဘိက္ခူ ဘိက္ခူဏီတို့မှာ ဟိနယာနီဖြစ်၍ တချီု့သို့ သီလရှင်နှင့် ဘိက္ခူတို့မှာ မဟာ
ယာနီများဖြစ်ကြသည်။
                တထာဂတ ဗုဒ္ဓသည် ကဆုန်လပြည့်မှ ၀ါခေါင်လပြည့်(သီတင်းကျွတ်လပြည့်) အထိ သုံးလတိ
တိတရားဒေသနာဟောကြားမည်ပွဲတော်ကိုသင်္ကဿ၌ ကျင်းပသွားမည်ဖြစ်ကြောင်းဃေဿဏ(ကြေငြာ)
ပြုသည်ကိုကြားသိ၍ ဿရိပုတ္တရာ၊ မောဂ္ဂလန် ၊ ရှင်အာနန္ဒာစသော ရဟန်းသံဃာများသည်သင်္ကဿသို့
စုဝေးရောက်ရှိလာခဲ့ကြလေသည်။ အဘိဓမ္မာတရားတို့သည် ခက်ခဲလှပေသည်။ ရှင်ဿရိပုတ္တရာမှလွဲ၍
အခြား ရဟန်းပုဂ္ဂိုလ်များမှာ ဤမျှခက်ခဲလှသည့် တရားများကို သဘောပေါက်နားလည်ရန်ခက်ခဲသည်ကို
ဗုဒ္ဓကကြိုတင်သိထားလေသည်။ ထိုသို့သော အကြောင်းများကြောင့်မြတ်ဗုဒ္ဓသည် သင်္ကဿတွင်တရား
နာသော ပရိဿတ်အား ရှင်သာရိပုတ္တရာမှတဆင့် အဘိဓမ္မာတရားများကို ဟောကြာဒစေခဲ့သည်။ ထိုတ
ရားဒေသနာတော်မြတ်ကို သင်္ကဿနေ  နယ်သူနယ်သားများက လောကတွင် ပထမဦးဆုံးနာကြားခွင့်ရခဲ့
ကြသည့်သူများဖြစ်ခဲ့ရပါသည်။ ဒေသခံလူများသည် သင်္ကဿလို သေးငယ်ပြီး ကျော်ကြားမူ့ရှိခဲ့သည့်နေ
ရာမျီုးတွင် အဘိဓမ္မာတရားများကိုဦးစွာပထမနားကြားခဲ့ရသည်။ ရှင်တော်မြတ်ဗုဒ္ဓ၏ ၎င်းတို့အပေါ်ထား
ရှိသည့် မေတ္တာကို အောက်မေ့၍ ဗုဒ္ဓအား နည်းမျီုးစုံတို့ဖြင့် ဂါရ၀ပူဇော်ခြင်းတို့ကို ခင်းကျင်းပြုလုပ်ခဲ့ကြပါ
သည် သုံးလကြာအောင်ပြုလုပ်ခဲ့ကြသည် တရားဒေသနာ ဟောကြားပွဲပြီးသည့်ပွဲအပြီးတွင် ဒေသခံတို့က
(၂) ရက်ကြာပွဲလမ်းသဘင်ကိုကျင်းပ၍ မိမိတို့ဝမ်းမြောက်ဝမ်းသာကြောင်းဖော်ပြခဲ့ကြလေသည်။ထိုအချိန်
မှစ၍ ဤနယ်မြေတွင် (၂) ရက်ကြာပြုလုပ်သည့် ပွဲလမ်းသဘင်ကျင်းပခြင်းအစဉ်အလာတစ်ခုဖြစ်လာခဲ့ရာ
ယနေ့အထိ ထိုနေ့ရက်များတွင် ဒေသခံလူများသည် ထိုပွဲလမ်းသဘင်ကိုနှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိကြ
ပါသည်။ ထိုနှစ်ရက်တွင် ဒေသခံတို့သည် မိမိတို့တရား ဘာဝနာနှင့်အတူ ထုံးတမ်းစဉ်လာနှင့်အညီ ပူဇော်
ခြင်း ပတ္တနာပြုခြင်း စသည့်ကိစ္စများကို လုပ်ကြသည်။ ဒေသခံလူများမှာ အများအားဖြင့် မောရိယ၊ဿကျ
ကုသ၀ါဟာ၊သေနိယ၊ မာလီမျီုးနွယ်စုမှဖြစ်ကြသည်။ဤပွဲတော်ကို (၂ )ရက်ကြာကျင်းပပြီး၎င်းတို့သည်
ဗုဒ္ဓနှင့်ဗုဒ္ဓဘာသာတရားတို့ကိုလေးစားသမူပြုပြုခြင်းကိုအကြောင်းခံ၍ ဤပွဲတော်ကိုကျင်းပရသည်ဟုဆို
ကြသည်။ဧကရာဇ် အာသောကမင်းတရားကြီးသည် မိမိ၏ ဂုရု(ဆရာ)ရှင်မောဂ္ဂလိပုတ္တတိဿနှင့်အတူ
သင်္ကဿသို့ ကြွရောက်လာခဲ့ဘူးသည်။ အဘိဓမ္မာတရားတို့ကို ဤနေရာတွင် ဟောကြားခဲ့သည်ကိုအမှတ်
တရပြုရန်သင်္ကဿ၌ ကြီးကျယ်ခန်းနားလှသည့် ဗုဒ္ဓ၀ိဟာရကျောင်းတစ်ကျောင်းကို တည်ဆောက်ပေးခဲ့
သည်။ ထိုကျောင်းနေရာမှ မလှမ်းမကမ်းနေရာတွင် ဘုရားလောင်း ဆင်ဖြူတော်၏ရုပ်ထုတော်ကိုကျောက်
တိုင်တစ်ခုပေါ်တွင်တည်ဆောက်ခဲ့သည်။ ထိုကျောက်တိုင်ကို"ဟာထီဆာသမ္ဘ"ဆင်ဖြူတော်ကျောက်တိုင်
ဟုခေါ်သည်။ဗုဒ္ဓ ဓမ္မသာသနာတော်၏ ၀ိရောဓိမင်းပုပ်ချုပ်စဉ်ကာလတွင် ဗုဒ္ဓ၏အမှတ်တရဖြစ်သည့် ဆင်
ဖြူကျောက်တိုင်နှင့် အခြားဘာသာရေးဆိုင်ရာ အမှ်သင်ညာများ ဖြိုဖျက်  ဖျက်ဆီးခဲ့ကြလေသည်။ထိုသို့
ရှေးဟောင်း သုတေသန၏ ကြိုးစားထုပ်ဖော်မူ့ကြောင့် ယင်းတို့ကိုရှာတွေ့နိုင်ခဲ့သည်။ကျီုးပျက်နေသည့်အ
တိုင်း ပြန်လည်တည့်မတ်ပေးထားပါကြောင်းမြင်တွေ့နိုင်သည်။ ကျောက်တိုင်ထိပ်တွင်တင်၍တည်ဆောက်
ထားသည့် ဆင်းထုရုပ်ထုကလည်း ပြိုပျက်နေကြောင်းတွေ့ရှိနိုင်သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)

No comments:

Post a Comment