Saturday 10 March 2012

ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၃

အလိုတော်ရဂိုဏ်း....
    အလိုတော်ရရွာသည် ကျောက်ကွင်းရွာ၏ အနောက် အနောက်မြောက်စွန်းစွန်း နှစ်မိုင်ခွဲခန့်အကွာတွင်ရှိ
လေသည်။ ထိုရွာတွင် သါတော်(၅၆) ၀ါ သက်တော်(၈၅)နှစ် ရှိတော်မူသော ဂိုဏ်းချုပ်ဆရာတော်ဘုရားကြိး
သိတင်းသုံးတော်မူသည်။ ဆရာတော်ဘုရားကြီး သီတင်းသုံးတော်မူရာ ရွာကိုအစွဲပြု၍ ဆရာတော်ဘုရားကြီး
 ဦးစီးတော်မူသောဂီုဏ်းကို အလိုတော်ရဂီုဏ်းဟုခေါ်ကြသည်။ အလိုတော်ရဂီုဏ်းဝင်ဘုန်းတော်ကြီးကျောင်း
ပေါင်း (၈၀) ကျော်ရှိလေသည်။
    သူကြီးဦးလှောင်နှင့် ကျောက်ကွင်းရွာ၏ ပတ်ဝန်းကျင်မှာ ဗုဒ္ဓဘာသာဝင်လူကြီးများသည် ၀ါဒပြီုင်ပွဲစာချုပ်
ချုပ်ဆိုပြီးနောက် မဏ္ဍပ်ထိုးရေး ဧည့်ခံကျွေးမွေးရေးတို့ကိုသာ အဓိကထား၍ လုံးပန်းနေကြသည်။ ၀ါဒပြီုင်
ပွဲတွင်ဗုဒ္ဓဘာသာဝင်များဘက်မှ ယှဉ်ပြီုင်ဟောမည့် ပုဂ္ဂိုလ်ရှာဖွေရေးအတွက်မူ ပတ်ဝန်းကျင်တွင် ပိဋ္ဋကတ်
စာပေတတ်ကျွမ်းသော ဆရာတော် ရဟန်းများရှိနေသဖြင့် ပူပန်ကြောင့်ကြမှူ့ မရှိကြချေ။ ဘယ်ဆရာတော်
ဖြစ်ဖြစ်ယှဉ်ပြီုင် ဟောပြောနိုင်မည်ဟု ယူဆသောကြောင်ခပ်အေးအေးပင်နေကြသည်။
ခရစ်ယာန်ဘက်ကမူ ယှဉ်ပြီုင် ဟောပြောမည့် ပုဂ္ဂိုလ်ကို အဓိကထား၍ စဉ်းဝေးကြသည်။ အကောင်းဆုံးအ
တော်ဆုံး ဆရာကိုရအောင်ရှာပြီး ပင့်ဖိတ်ရန်ဆွေးနွေးကြသည်။ ငွေဘယ်လောက်ကုန်ပါစေ ဖြစ်သည့်နည်း
ဖြင့်ရှာဖွေထည့်ဝင်ကြသည်။ ဤအရေးသည် ကျောက်ကွင်း တစ်ရွာတည်း၏ အရေးမဟုပ် ခရစ်ယာန်တစ်
ရွာလုံး၏ အရေးဖြစ်သည် နိုင်မှဖြစ်မည်။ ထို့ကြောင့် ဓမ္မဆရာ ဦးရွေအောင်အား ရန်ကုန် မန္တလေး စသော
မြီု့ကြီးများသို့ သွားရောက်ရန် တာဝန်လွဲလိုက်သည်။
ဗုဒ္ဓဘာသာဝင်များဘက်က နီးစပ်ရာ ရွာဦးကျောင်ဆရာတော်များကို လျှောက်ထားကြည့်တော့မှ မလွယ်ကူ
ကြောင်းတွေ့ရှိရသည်။ အများစုမှာ ပိဋ္ဋကတ်တော် တတ်ကျွမ်းကြပါ၏ ခရစ်ယာန်ဘာသာအကြောင်း တစ်
လုံးတစ်ပါဒမျှ မသိရှိကြချေ။စိတ်ဝင်စားမှူ့မရှိသဖြင့်မလေ့လာကြ။ခေတ်ပညာမတတ်ကြ၊ ထို့ကြောင့် ခေတ်
အမြင်လည်းမရှိကြဘဲပိဋ္ဋကတ် တဘက်မြင်များသာဖြစ်ကြလေသည်။
      ဂိုဏ်းချုပ်ကြီးထံသို့......
ဦးလှောင်နှင့် ဗုဒ္ဓဘာသာဝင်တစ်စုသည် ဤကိစ္စအတွက် ဂိုဏ်းချုပ်ဆရာတော်ကြီးကို လျှောက်ထားတိုင်
ပင်မှ ဖြစ်တော့မည်ဟုဆုံးဖြတ်ပြီး စာချုပ်ကိုပါ ယူဆောင်၍ အလိုတော်ရဂီုဏ်းချုပ် ဆရာတော်ကြီးထံသို့
 သွားရောက် လျှောက်ထားကြလေသည်။ စာချုပ်ကိုလည်းပြသကြ၏  ဆရာတော်ကြီးမှာ သက်တော်ကြီး
၍နားလေးနေသဖြင့် ဦးပဉ္ဇင်းကြီးတစ်ပါးမှ တဆင့်အသံကျယ်ကျယ်ဖြင့် လျှောက်ထားရသည်။ဂိုဏ်းချုပ်
ဆရာတော်ဘုရားကြီးသည်လျှောက်ထားချက်ကို နားလည်သွားပြိးနောက် စာချုပ်ကို ဖတ်ရှူ့တော်မူသည်
ထို့နောက် ဂိုဏ်းတွင်းသံဃာအစည်းအဝေးခေါ်ယူပြီး သင့်တော်သလိုစီမံပေးမည် ဖြစ်ကြောင်း ဦးလှောင်
တို့အား မိန့်ကြားတော် မူလိုက်လေသည်။ ဦးလှောင်တို့ လူတသိုက်လည်း ပူပန်မူလျော့နည်းသွားသော်
လည်း စိတ်မောလူမောဖြစ်ကာပြန်လာကြလေသည်။ ရွာတွင် အသင့်စောင့်နေကြသော ဗုဒ္ဓဘာသာဝင်
များအား ဂိုဏ်းချုပ်ဆရာတော် ဘုရားကြိးက စီမံတော်မူမည်ဖြစ်ကြောင်းသာပြန်ကြားရပါတော့သည်။
       တိုက်ပွဲဗိုလ်ချုပ်ရှာပြီ......
ဂိုဏ်းချုပ်ဆရာတော် ဘုရားကြီးသည် ဂိုဏ်းဝင်ကျောင်းပေါင်း(၈၀)ကျော်မှ ချောင်းဆောင်ဆရာတော်များ
ကိုပင့်ဖိတ်စေ၍ အလိုတော်ရကျောင်းတွင် စည်းဝေးစေသည်။ ဂိုဏ်းဝင်ဆရာတော် အသိးသီးက အကြံအ
မျီုးမျီုး လျှောက်ထားကြသော်လည်း ယှဉ်ပြီုင်ဟောပြောမည့် ပုဂ္ဂိုလ်ဂိုဏ်းဝင်ဆရာတော်များထဲမှာပေါ်ထွက်
မလာဘဲဖြစ်နေသည်။ ဤအရေးအခင်းမှာ အလိုတော်ရဂိုဏ်း၏ အရေးအခင်းသာမကဘဲ ဗုဒ္ဓဘာသာ၊ဗုဒ္ဓ
သာသနာ တော်အတွက်အရေးကြီးသော အရေးအခင်းဖြစ်သည်ဟု ဂိုဏ်းဝင်ဆရာတော် အားလုံးကပင်
တညီတညွတ်တည်း သဘောထားကြသည်မီမီတို့ဂိုဏ်းထဲမှာ ယှဉ်ပြီုင်ဟောပြောမည့် ပုဂ္ဂိုလ်များမထွက်
သော်လည်း ရဟန်းသာမဏေ ရှစ်သောင်းကျော်မျှရှိသော မြန်မာနိုင်ငံတွင် ခရစ်ယာန်နှင့် ယှဉ်ပြီုင်ပြော
ရဲမည့် အာဇာနည်ပုဂ္ဂိုလ်ရှိရမည်။ ထိုပုဂ္ဂိုလ်မျီုးကိုတွေ့အောင်ရှာ၍ ရအောင်ပင့်ဆောင်နိုင်ဖို့သာ အရေး
ကြီးသည်။ ထို့ကြောင့် ဂိုဏ်းဝင်ကျောင်းဆရာတော်တို့သည် မြီု့  ရွာကြီးလျှင် ငွေ ၁၀  ငယ်လျှင် ၅ ကျပ်
ကျထောင့်ပံ့ကူညီရမည်ဟုဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးကမိန့်ကြားတော်မူလေသည်။ အားလုံးထောက်
ပံ့ကြရာ ငွေကြေးအတွက် ပူပန်စရာမရှိတော့ပဲ အားလုံးပြည့်စုံသွားလေသည်။
ထို့နောက်ဂိုဏ်းဝင်ဆရာတော်တို့သည် အသိးသီးတာဝန်ယူလိုက်ကြပြီး အလိုတော်ရဂိုဏ်းချုပ်ဆရာတော်
ကြီး၏ကျောင်းတွင် ဥာနချုပ်ပြုလုပ်၍ ရန်ကုန်မန္တလေး ပခုက္ကူ ပုသိမ် မော်လမြီုင်စသော မြီု့ကြီးများရှိဂိုဏ်း
အုပ်ဆရာတော်များထံသို့ ဂိုစ်းဂဏမရွေးချယ်ပဲ စာရေးလျှောက်ထားကြသည်။ကြေးနန်းရိုက်၍ အကြောင်း
ကြားကြသည်။ မီမီတို့ ကိုယ်တိုင်မကြွနိုင်လျှင်လည်း ကြွရောက် ယှဉ်ပြီုင်မည့် ပုဂ္ဂိုလ်ကို ညွန်ကြားကြပါရန်
အကြောင်းစုံစွာဖြင့် လျှောက်ထားကြသည်။
           သာယာဝတိဦးညေယျ......
 သို့ရာတွင်မန္တလေး ပခုက္ကူစသောမြီု့ကြီးများမှ မည်သည့်ပြန်ကြားချက်ကိုမှမရခဲ့ပေ ရန်ကုန်မှ ဆရာတော်
အချီု့ကမူ ဓမ္မကထီက ဦးညေယျကို ပင့်ဖိတ်ရန် အကြံပေးစာပြန်ကြားပြန်သည်။ ဦးညေယျသည် ထို့အချိန်
က နိုင်ငံကျော် ဓမ္မကထီကဆရာတော်ဖြစ်၏ အသံကောင်းသည် အဟောအပြောကောင်းသည် အာဝဇွန်း
ရွင်သည်။ ထို့အပြင်"လောကမျက်မှန်" စာစောင်၌ ခရစ်ယာန်ဘာသာကိုရှုံ့ချသည့်စာများကိုရေးသားနေ
သဖြင့် လူသီများ၍ကြော်ကြားသည်။ ထို့ကြောင့် ယခုခရစ်ယာန်ဘာသာနှင့် ယှဉ်ပြီုင်၍ ဟောပြောရမည့်
ဝါဒပြီုင်ပွဲတွင် ဦးညေယျသည် အသင့်တော်ဆုံးဖြစ်သည်ဟု ယူဆပြီး ရန်ကုန်ဆရာတော်အချီု့ကညွန်ကြား
ကြချင်းဖြစ်လေသည်။ ဆက်လက်ရေးသားပါဦးမည်။   အရှင်မုနိန္ဒ

No comments:

Post a Comment