Tuesday 13 March 2012

ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၎

အလိုတော်ရဂီုဏ်းဝင်ဆရာတော်တို့ကား..နိုင်ငံကျော်ဓမ္မကထီက သာယာဝတီဦးညေယျ၏ အမည်ကိုကြား
ဖူးကြလေသည်။အဟောအပြောကောင်းကြောင်းကိုလည်းကြားဖူးကြသည် ခရစ်ယာန်ဘာသာကိုရှုံ့ချရေး
သားနိုင်သူဖြစ်ကြောင်း ကြားသိရသောအခါ ပုမိုအားတက်ကြသည်။ ထို့ကြောင့် ဂီုဏ်းချုပ်ဆရာတော်ဘု
ရားကြီးအားအကျီုးအကြောင်းလျှောက်တင်ပြသောအခါ အမြန်ဆုံးပင့်ဖိတ်အကြောင်းကြားရန် အမိန့်ရှိ
တော်မူလေသည်။   ဂီုဏ်းဝင်ဆရာတော်တို့သည် ဦးညေယျထံသို့ အကြောင်းစုံစာရေး၍ လျှောက်ထား
ကြပြန်သည်။  ဆရာတော်ဦးညေယျကို ပင့်ပြီဟူဟောသတင်းသည်ဗုဒ္ဓဘာသာဝင်များဘက်က ဓမ္မကထိက
အကျော် သာယာဝတိ ဦးညေယျ ခေါင်းဆောင်၍ယှဉ်ပြီုင် ဟောမည်ဟူသောသတင်းအဖြစ်သို့ပြောင်းလဲပြီး
 ပျံ့ နှံ့သွားလေသည်။ဗုဒ္ဓဘာသာဝင်များက ဦးညေယျကိုကြားဖူးသဖြင့်အားတက်နေကြလေသည်။
        လောကမှန်ကိုဖတ်ဖူးသူများလည်းဗုဒ္ဓဘာသာဘက်မှနိုင်ပြီဟု တထ်ချတွက်ချနေကြသည်ဤသတင်း
ကခရစ်ယာန်တို့ဘက်အထီပျံ့နှံ့သွားလေသည်။  သို့သော် အမှန်တကယ်ဖြစ်ရန်ကား ဆရာတော်ဦးညေယျ
ထံမှ မည်သည့်သတင်းမှ မရရှိခြင်းပင်ဖြစ်ပေသည်။ အလိုတော်ရဆရာတော်များကနောက်ထပ်ပြန်ပြီးတော့
တောင်းပန်စာရေးပြန်သည် စိတ်ချရအောင်ဆိုပြီး ကြေးနန်းရီုက်၍သတင်းပို့ကြသည်။ ဦးလှောင် တို့ကလည်း
ဦးညေယျကိုပင့်တယ်ုကြားရသဖြင့်ပျော်ရွင်အားတက်နေကြသည်။ အကြမ်ကြိမ် ကြေးနန်းရိုက်၍ပင့်သော်
လည်း ပြန်ကြားချက်ကိုမရကြသောအခါ အလိုတော်ရဂီုဏ်းမှ ဆရာတော်အချီု့ ရန်ကုန်သို့လိုက်သွားကြပြီး
ဆရာတော် ဦးညေယျနဲ့တွေဆုံကာလျှောက်ထားကြ၏  အမျီုးမျီုးလျှောက်ထားကြ၏ ခိုင်လုံသောအကြောင်း
ပြချက်မရှိပဲငြင်းလွတ်လိုက်၏ မန္တလေးပခုက္ကူစသည့်မှပုဂ္ဂိုလ်များကို ပင့်ပါဟုညွန်ကြားလိုက်လေသည်။
ခရစ်ယာန်ဘက်မှ ဘုန်းကြီးလူထွက် ဓမ္မဆရာကြီးများပါဝင်လိမ့်မည်ဟူသော သတင်းကို ဦးညေယျကြား
ပြီးသည်ဟုထင်၏။
               အချင်းချင်းတော့ဆော်ရဲသည်.....
ထိုသည့် ဦးညေယျ ကိုတော်ကြီးသည် သာမန်ပုဂ္ဂိုလ်မဟုပ် ခရစ်ယာန်နှင့်သာ ယှဉ်ပြီုင်ဟောခြင်းမပြုရဲသော်
လည်း'...ကိုယ့်ဘ၀တူ အရန်းအချင်းချင်းကိုသာပြောရဲဆိုရဲသည်ပိဋ္ဋကတ်အရာ မညှည့်သာအောင်မီမီထက်
အများကြီးသာသောအရှင်အာဒိစ္စ၀ံသကိုဂျူဗလီဟော ပကာသနိယ အစည်းအဝေးကြီး၌"ဘုန်းကြီး ဦးတူး
ချီးလူး ပုံပြင်"ဖြင့် ရက်ရက် စက်စက်ပွဲကျအောင်ပြောတတ်သူဖြစ်၏ လူပျံတော် ပညာရှိတစ်ဦးကိုရေးခိုင်း
ပြီး သူကအမည်ခံကာ နေစရာရှာမရ၊မာလကကွင်းပြင်၊ပမာဒစရင်းဝင်တယ်၊အဖျင်းတွင် ထိပ်ဆုံး၊ အာဒိစ္စ
ယောက်ဖကုလာနာ(ကာလနာ)ရယ် ဘောက်ကျတာတွေကိုလျှော့လိုက်ပါဦး"..အစရှိသောတေးထပ်ကဗျာ
ကို သတင်းစာတွင် ထည့်ရေးသူ အာဇာနည်ပုဂ္ဂိုလ်ကြီးပင်တည်း။ အလိုတော်ရဂိုဏ်းဝင်ဆရာတော်များအား
စိတ်ပန်းလူနွမ်းဖြစ်ကာ ရန်ကုန်မှပြန်လာခဲ့ကြ၏ မန္တလေးပခုက္ကူစသော မြီု့ကြီးများမှလည်း ပြန်ကြားချက်ကို
မျှော်လင့်ရန်အသင့်ရှိတော့သည်။သို့သော်လည်း ထိုမြီု့များမှပြန်ကြားချက်ကိုမရခဲ့ပေ။ဦးညေယျရဲ့ငြင်းဆို
လိုက်ကြောင်းကို ဂိုဏ်းချုပ်ဆရာတော်ကြီးအား မလျှောက်ထားပဲဖုံးကွယ်၍ထားကြ၏..မောင်ညေယျမ
ဂောက်သေးဘူးလား..ဟုနေ့စဉ်မေးနေသောကြောင့် တာရှည်ဖုံးကွယ်ထားရန်မဖြစ်နိုင်တော့ပေ။ အချိန်
မှာလည်း တဖြည်းဖြည်းကုန်သည်ထက်ကုန်လာ၍ ကဆုန်လဆန်းသို့ပင်ဆိုက်ရောက်လာချေပြိ။
ထို့ကြောင့်ဦးညေယျမလာနိုင်ကြောာင်းကို ဖွင့်ဟ၍လျှောက်ထားရလေတော့သည်။ဂိုဏ်းချုပ်ဆရာတော်ကြီး
မှာ အလွန်ပင် စိတ်မချမ်းမသာဖြစ်ရလေရှာသည်။ တပည့်ဆရာတော်များက ပခုက္ကူ မန္တလေးတို့မှအကြောင်
ပြန်ကြားချက်မရသေးကြောင်းလျှောက်ထားကြရသည်။ အလိုတော်ရကျောင်းသို့ အမြဲသတင်းမေးနေသော
ဦးလှောင်တို့မှာလည်း ဦးညေယျမကြွရောက်နိုင်ကြောင်းကို သိသွားကြသဖြင့်အလွန်စိတ်အားငယ်သွားကြ
လေသည်။ဂိုစ်းချုပ်ဆရာတော်ကြီးကဖြစ်အောင်စိစဉ်ပေးမည်ဟူ၍ဟာတွေးတောပြီးစိတ်ကိုဖြေနေရပါသည်။
                    ခရစ်ယာန်တို့အားတက်ပြီ.....
          ခရစ်ယာန်တို့ကလည်း ရန်ကုန်၊မန္တလေး၊ ပုသိမ်၊မော်လမြီုင်၊မေမြီု့၊တော်ငူ စသောမြီု့များ၌ဂိုဏ်းချုပ်
များထံသို့ စာရေး၍၎င်း လူကိုယ်တိုင်သွားရောက်၍၎င်း ကျီုးကြောင်းရှင်းပြ၍ ဆွေးနွေးကြလေတော့သည်။
ခရစ်ယာန်ဂိုဏ်းများကလည်း အချင်းချင်းဆွေးနွေး၍ ယျဉ်ပြီုင်မည့် သူကိုရွေးပေးကြသည်။ အဓိကယှဉ်ပြီုင်
ရမည့်သူများအပြင် အထောက်အကူပြုမဲ့သူများ အရန်လိုက်ပါမည့် သူများကိုပါရွေးချယ်ပေးသည့်အပြင်
ငွေကြေးမအျားပါ ၀ိုင်းဝန်းကူညီ၍ ထောက်ပံ့ကြသည်။ ဆက်လက်ရေးသားပါဦးမည်....။
အရှင်မုနိန္ဒ


No comments:

Post a Comment