Wednesday 28 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၂
ဟောပြောပွဲလိုက်နာရန်စည်းမျဉ်း..................
(၁) နံနက် ၇ နာရီတွင် ယှဉ်ပြီုင်ဟောပြောပွဲကိုစတင်ဖွင့်လှစ်ရန်။
(၂)သဘာပတိအဖြစ် ခရစ်ယာန်တို့ဘက်မှတစ်ဦး ဗုဒ္ဓဘာသာဘက်မှတစ်ဦး နှစ်ဦးတင်ရန်။
(၃)၇ နာရီမှာ ၇ နာရိ ၁၅ မိနစ်အထီ ခရစ်ယာန်သဘာပတိကမီန့်ခွန်းပြောကြားရန်။  (၁၅ မိနစ်)
(၄)၇ နာရိ ၁၅ မိနစ်မှ ၇ နာရိ ၃၀ အထိ ဗုဒ္ဓဘာသာဝင် သဘညပတိက မိန့်ခွန်းပြောကြားရန်။ (၁၅ မိနစ်)
(၅)၇ နာရိမိနစ် ၃၀ မှ ၈ နာရိ ၁၅ မိနစ်အထိ ခရစ်ယာန်ဘာသာတို့ဘက်မှ ဗုဒ္ဓဘာသာကိုဝေဖန်ဟောပြောရန်။
(၆)၈ နာရိ ၁၅ မိနစ်မှ ၉ နာရိအထိ  ဗုဒ္ဓဘာသာဘက်မှ ခရစ်ယာန်ဘာသာဘက်ကိုဝေဖန်ဟောပြောရန်။
(၄၅ မိနစ်)
(၇)၉ နာရိမှ ၁၂ နာရိ အထိ ဟောပြောပွဲကြီးကိုရပ်နားရန်။
(၈) နေ့လည် ၁၂ နာရီတွင် ဟောပြောပွဲကိုပြန်လည်ဖွင့်လှစ်ရန်။
(၉)၁၂ နာရိမှ နေ့ ၂ နာရိအထိ ဗုဒ္ဓဘာသာဘက်မှဝေဖန်ဟောပြောရန်။
(၁၀)နေ့လည် ၂ နာရီမှ ညနေ ၄ နာရီ အထိ ခရစ်ယာန်ဘက်မှဝေဖန်ဟောပြောရန်။ (အချိန် ၂ နာရီတိတိ)
(၁၁)ညနေ ၄  နာရီတွင် နှစ်ဘက်သဘာပတိများ လက်မှတ်ရေးထိုးထားသောဟောပြောပွဲရုတ်သိမ်းစာကို
ဖတ်၍ဟောပြောပွဲကြီးပြီးဆုံဒကြောင်းကြေညာရန်။
ဆရာတော်အရှင်ဥက္ကဋ္ဌ သဘောတူလက်ခံ၍ လက်မှတ်ထိုးပေးလိုက်သည်။ ညနေဘက်တွင် ပြည်၊ ပေါင်း
တည် ရွှေတောင်စသည့် အရပ်ဒေသများမှ သံဃာတော်အချီု့ လှည်းများနှင့်ရောက်လာကြသည်။ ထိုအထဲ
တွင် တောင်ငူမြီု့၊ လောကုတ္တရာသိမ်ကျောင်းဆရာတော် အရှင်ကုဏ္ဍလလည်းပါလာလေသည်။ အလိုတော်
ရဂိုဏ်းသံဃာတော်များနှင့် ဂိုဏ်းချုပ်ဆရာတော်ကြီးကပါ  သဘောတူနှစ်သက်ကြသဖြင့် ဟောပြောပွဲကြီး
တွင် ဗုဒ္ဓဘာသာတို့ဘက်မှ သဘာပတိလုပ်ရန် တောင်ငူဆရာတော်အားရွေးချယ်လိုက်သည်။ ဆရာတော်
အရှင်ဥက္ကဋ္ဌသည်မနက်ဖြန်ပွဲ၌ သဘာပတိမိန့်ခွန်း ၁၅ မိနစ်စာကို လေကုတ္တရာဆရာတော်နှင့် တိုင်ပင်ဆွေး
နွေး၍ အစီအစဉ်ပြုလုပ်နေကြသည်။ မဏ္ဍပ်ကြီး၏ ခပ်လှမ်းလှမ်းတွင်ကား နက်ဖန်ပွဲအတွက် ရောင်းချရန်
စားသောက်ဆိုင်များ၊ လ္ဘက်ရည် ဆိုင်များ၊ ဈေးဆိုင်များဖြင့်စည်ကားနေလေသည်။ ခရစ်ယာန်ဆရာကြီးများ
ကလည်း ဓမ္မဆရာ ဦးအောင်ရွေ၏ နေအိမ်တွင် ဗုဒ္ဓဘာသာကို ဆော်နှက်ရန်၊ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓကျမ်းစာ
အချီု့မှ အချက်အလက်များကို စုပေါင်းတိုင်ပင်၍ ရှာဖွေထုပ်နုတ်မှတ်သားချက်များကို ရေးကူးနေကြသည်။
အထူးသဖြင့် " လောကမျက်မှန်" စာစောင်တွင်ပါရှိသော ဆရာတော်ဦးညေယျ၏ ရေးသားချက်များကိုအဓိ
ကထား၍ ထိုးနှက်ကြရန်မှတ်သားနေကြသည်။အရှင်ဥက္ကဋ္ဌသည် ဦးညေယျကဲ့သို့ပင် ပြောဆိုလိမ့်မည်ဟုယူ
ဆနေကြဟန်ရှိသည် ဤအတိုင်းဆိုလျှင် သူတို့ဘက်မှ နိုင်ဖို့သေချာပြီ၊ဤသို့တွက်ဆ၍ ပြောနေရာ ခရစ်ယာ
န်ပရိတ်သပ်မှာအလွန်တက်ကြွနေလေတော့သည်။
                အရှင်ဥက္ကဋ္ဌ၏အကြောင်းနှင့် အရည်အချင်းတို့ကို တိတိကျကျမသီရှိကြဘဲအထင်အမြင်သေး
နေခြင်းသည် သူတို့အဖို့ နောက်တစ်နေ့တွင် မဟာအမှားကြီးဖြစ်ကြောင်းသီရှိရတော့မည်ဖြစ်သည်။
                                  မြန်မာသက္ကရာဇ် ၁၂၉၈ခု၊ ကဆုန်လ္ဆန်း ၁၂ ရက်၊
                                 ခရစ်သက္ကရာဇ် ၁၉၆၃၊ မေလ ၁ ရက် သောကြာနေ့၊
ဤနေ့ကားမြန်မာနိုင်ငံ ဗုဒ္ဓဘာသာသနာသမိုင်းတွင် အမှု့ကွန်းတင်ရမည့်နေ့ဖြစ်သည်။ခရစ်ယာန်တို့၏ဖန်
ဆင်းရှင် က္ကုဿရနိဗ္ဗာန၀ါဒနှင့် ဗုဒ္ဓမြတ်စွာ၏ အနတ္တ၀ါဒတို့ ယှဉ်ပြီုင်ပြိုင်ကြမည့်နေ့ကြီးဖြစ်သည်။ထောင်
သောင်းမကသောပရိတ်သတ်ကြီး၏ ရှေ့မှောက်တွင် တရားဝင်ယှဉ်ပြိုင် ဟောပြောကြခြင်းဖြစ်၏ တစ်ဘက်
နှင့်တစ်ဘက် ပဋိပက္ခမဖြစ်ကြဘဲ ပျော်ပျော်ပါးပါးကြီး ယှဉ်ပြိုင်ောပြောကြရာ ဤပြိုင်ပွဲမျီုးကား မြန်မာနိုင်ငံ
သမိုင်းတွင် တစ်ကြိမ်တည်းသာ ပေါ်ပေါက်ခဲ့ဖူးသော ပထမနှင့် နောက်ဆုံးယှဉ်ပြိုင်ဟောပြောပွဲကြီးပင်ဖြစ်
လေသည်။         (ပရိတ်သတ် တစ်သောင်းကျော်)
ထို့နေ့အာရုစ်တက်မှစ၍ ကျောက်ကွင်းရွာပတ်ဝန်းကျင်ရှိ ရွာများမှ ကျောက်ကွင်းမဏ္ဍပ်ကြီးဆီသို့ ဦးတည်၍
 လာနေကြသည့်လှည်းသံ လူသံတို့မှာ ဆူညံ၍နေကြသည်။ ၀က်ထီးကန်မြီု့မှ ခြေလျှင်လာကြသော လူတန်း
ကြီးမှာလည်း အဆက်မပြတ်ဖြစ်နေသည်။ နံနက်  ၅ နာရီခွဲချိန်တွင် မဏ္ဍပ်ကြီးတစ်ခုလုံးပြန့်သွားလေသည်။
နောက်ထပ်ရောက်လာကြသော လှည်းများနှင့် လူများမှာ မဏ္ဍပ်အပြင်ဘက်ဝန်းကျင်တွင်နေရာယူကြသည်
အချီု့မှာထိုင်ဖို့ပင် နေရာမရ၍ မတ်တပ်ရပ်နေကြရသည်။ ရွေတောင်၊ ပြည်၊ ပေါင်းတည်၊ပေါင်းတလည်၊ပေါ
က်ခေါင်း၊ မြန်အောင်၊ ဟင်္သတ စသော ရပ်ဝေးဒေသမှာလူများပါ ရောက်လာကြသဖြင့် ပရိတ်သပ်တစ်သော
င်းကျော်ရှိမည်ဟုခန့်မှန်းရပါသည်။ သံဃာစင်ပေါ်တွင်လည်း အာဂန္တုကရဟန်းများနှင့် အလိုတော်ရဂိုဏ်းဝင်
သံဃာတော်များပါ နောက်ထပ်ရောက်ရှိလာသဖြင့် စုစုပေါင်းသံဃာ ၂၀၀ ကျော်ဖြစ်သွားသည်။ ရန်ကုန်မှ
ညွန်ကြားချက်အရ ပြည်မြီု့မှ ရာဇ၀တ်ဝန်ကြီး ဦးကြင်၊ တရားသူကြီးနှင့် ပုလိပ်များသည် လာရောက်၍ စောင့်
ရှောင့်ပေးနေကြသည်။ မဏ္ဍပ်အနီးတွင် ယာယီစခန်းဖွင့်၍ အရာရှိများကပါစောင့်ရှောက်ပေးနေကြသည်။
                                                (ပြိုင်ပွဲကြီးစပြီ)
၇ နာရီထိုးရန် ၁၅ မိနစ်အလိုတွင် ခရစ်ယာန်ခေါင်းဆောင်များက သံဃာစင်၏ရှေ့တွင် မဏ္ဍပ်အတွင်းမြေပြင်
ပေါ်၌ စီတန်းခင်းထားသော ကုလားထိုင်များပေါ်သို့ရောက်ပြီး စီ၍ထိုင်နေကြသည်။ ဗုဒ္ဓဘာသာအဖွဲ့ဝင်များ
ကလည်း မြောက်ဘက်ခြမ်းရှိသံဃာစင်ရှေ့ မြေပြင်ပေါ်တွင်တန်းစီခင်းထားသည့်ကုလားထိုင်များပေါ်သို့သွား
ရောက်ထိုင်နေကြသည်.သဘာပတိများအတွက်နေရာကိုနှစ်ဘက်ခေါင်းဆောင်များ၏ အတန်းအလယ်တွင်
စားပွဲတစ်လုံးချ၍ စားပွဲ၏ တစ်ဘက်တစ်ချက်တွင်ကုလားထိုင်တစ်လုံးစီချထားသည်။ သဘာပတိများ၏ စားပွဲရှေ့တွင် ခုံမြင့်တစ်ခုချထား၍ ခုံမြင့်၏ရှေ့တွင် စားပွဲတစ်လုံးရှိသည်။ စားပွဲပေါ်တွင်ရေချိုင့်၊ဖန်ခွက်နှင့်
စားပွဲတင်နာရိတစ်လုံးကိုတင်ထားသည်။ သာဘာပတိ၏စားပွဲပေးတွင်လည်း ရေချိုင့်နှင် နာရီတစ်လုံးရှိသည်
        ၇ နာရီအချိန်တွင် ခရစ်ယာန်သာဘာပတိ ဦးရွေမှန်နှင့် ဗုဒ္ဓဘာသာ သဘာပတိဆရာတော်ဦးကုဏ္ဍလ
တို့သည် သဘာပတိများနေရာသို့ ကြွရောက်လာကြပြီး နေရာယူထိုင်နေကြသည်။ ဦးရွေမှန်က ၀ါဒယှဉ်ပြိုင်
ဟောပြောပွဲဖွင့်လှစ်ကြောင်း ကြေညာ၍ သဘာပတိမိန့်ခွန်းကိုစတင်ပြောကြားသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
No comments:
Post a Comment