Friday 30 March 2012
ကျောက်ကွင်းအရေးတော်ပုံ (ဖြစ်ရပ်မှန်) အပိုင်း ၁၃
ဦးရွေမှန် သဘာပတိမိန့်ခွန်း............
         "ကြွရောက်လာကြတဲ့ ဆရာတော်သံဃာတော်များနှင့် ပရိတ်သပ်အပေါင်းတို့ခင်ဗျား။ အားလုံးသာဒီနေ့ဒီနေရာမှာဘုရားသခင်အလိုတော်အရလာရောက်စုဝေးနေကြပါပြီ။အများသိကြတဲ့အတိုင်း
ဒီပွဲဟာဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာဘယ်ဟာကောင်းတယ်၊မှန်တယ်ဆိုတာကိုယှဉ်ပြိုင်ဟောပြောကြမှာ
ဖြစ်ပါတယ်။အဲဒီလိုပဲ ဟောပြောကြတဲ့အခါမှာ တစ်ဘက်ဘာသာက တစ်ဘက်ဘာသာရဲ့ ချီု့ယွင်းချက်ကို ထုပ်ဖော်ပြီးပြောရပါလိမ့်မယ်၊ ဝေဖန်ရပါလိမ့်မယ်၊တစ်ဘက်နှင့်တစ်ဘက်အနိုင်ပြောကြရမှာဆိုတော့တစ်ခါ
တစ်ရံပြင်းထန်တာပါချင်ပါသွားပါလိမ့်မယ်၊အဲဒါကိုကြီုတင်ပြီးသိထားပါမှနားထောင်တဲ့ပရိတ်သပ်ကခွင့်လွတ်
နိုင်ကြမှာပါ။နှစ်ဘက်ဟောပြောမဲ့ ပုဂ္ဂိုလ်တွေကလည်း ယဉ်ယဉ်ကျေးကျေးဟောပြောကြပါလိမ့်မယ်။ တစ်ဦးနှင့်တစ်ဦးမုန်းတီးနေကြတဲ့သူတွေမဟုပ်တဲ့အတွက်ပုဂ္ဂိုလ်ရေး ပုတ်ခတ်ကြမှမဟုပ်ပါဘူး။ ၀ါဒရေးဘာ
သာရေးကိုသာပြောကြမှာပါ။အထူးသဖြင့် ခရစ်ယာန်ပရိတ်သပ်ကိုပြောလိုပါတယ်။ခရစ်တော်ဟာအလွန်ပင်
ယဉ်ကျေးသိမ်မွေ့ပြီးတော့ သူ့ရဲ့တရားတော်ဟာ သူ့ကိုကားစင်တင်ပြီး သတ်တဲ့သူတွေကိုတောင်မှခွင့်လွတ်
တော်မူခဲ့ပါတယ်။ အဲဒီယေရှူ့ခရစ်တော်၇ဲ့ဖြစ်ရပ်ကို စံနမူနာထားပြီးယဉ်ကျေးကြပါ။ သီးခံကြပါ၊ မခ့ချင်စိတ်
ဒေါသစိတ်မထားကြပါနဲ့ ဒါမှလည်းခရစ်ယာန်ကောင်းပိသပါတယ်။တစ်ဘက်ပုဂ္ဂိုလ်က ဟောတာကို ဗုဒ္ဓဘာ
သာဝင်ရော၊ ခရစ်ယာန်ဘာသာဝင်တွေကပါ အေးအေးဆေးဆေး လေးလေးစားစားနားထောင်ကြဖို့မေတ္တာ
ရပ်ခံပါတယ်။ ထာဝရဘုရားနှင့် ယေရှူခရစ်တော်၏ မေတ္တာသည် အားလုံးအပေါ် လွမ်းခြုံကျရောက်ပါစေ"
စသည့်ဖြင့် ဦးရွေမှန်က သဘာပတိ မိန့်ခွန်းပြောကြားသည်။
                   ထို့နောက် ဗုဒ္ဓဘာသာ သဘာပတိ ဆရာတော် အရှင်ကုဏ္ဍလကလည်း သဘာပတိမိန့်ခွန်း
ကိုမြွတ်ကြားသည်။
                     ဆရာတော်အရှင်ကုဏ္ဍလ သဘာပတိမိန့်ခွန်း.........................
" အလိုတော်ရဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်အရှင်မြတ်များ၊ဗုဒ္ဓဘာသာဝင် ဒကာ၊ ဒကာမ
များနှင့် ခရစ်ယာန်ဘာသာဝင် ဒကာ၊ ဒကာမအပေါင်းတို့.....................ဦးပဉ္ဖင်းတို့ရဲ့ဗုဒ္ဓမြတ်စွာဘုရားဟာ
မိမိအား ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ၊ လူမျီုးမရွေး၊ ဆူးကြုံနိမ့်မြင့် မရွေး အားလုံးသော
သတ္တ၀ါများ အပေါ် မဟာဂရုဏာတော်ကို ထားတော်မူပါတယ်။ အားလုံးသားတော်အရင်း၊ ရာဟုလာနှင့်မ
ခြား တတန်းတစားတည်းထားပြီး တပြေးညီသဘောထားပြီး ဒုက္ခလွတ်မြောက်ရာ၊လွတ်မြောက်ကြောင်းတ
ရားဒေသနာတော်များကို ဟောဖော်ညွန်ပြ၍ သြ၀ါဒပေးတော်မူခဲ့ပါတယ်။ ကိုယ်တော်တိုင်လည်း မြင့်မြတ်
စင်ကြယ်တဲ့အကျင့်စာရိတ္တရှိပြီးတော့ သတ္တ၀ါများလည်း မြင့်မြတ်ကြီးမားတဲ့ မေတ္တာတရားထားတော်မူခဲ့
ပါတယ်.။ကိုယ်တော်တိုင်သီးခံတော်မူတယ်၊ ခန္တိပရမံတပေါတိတိက္ခာ အစရှိသည်အားဖြင့်သီးခံခြင်းဟာ
အလွန်မွန်မြတ်တဲ့အကျင့်ဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာကိုအဦး
ထားပြီး ဟောတော်မူပါတယ်။ ဗုဒ္ဓရဲ့တပည့်သားဖြစ်ကြတဲ့ပုဂ္ဂိုလ်ဟာ သီးခံတတ်ရမယ်၊မေတ္တာထားရမယ်
စိတ်သဘောထားသိမ်မွေ့နုညံ့ရမယ်၊ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ခွင့်လွတ်တတ်ရမယ်၊ခုဆရာကြီးဦး
ရွေမှန်ပြောသလိုပေါ့လေ ယှဉ်ပြိုင် ဟောပြောပွဲဆိုတော့ မိမိရဲ့ဘာသာအယူဝါဒကောင်းမွန် မှန်ကန်ကြောင်း
အမွမ်းတင်ပြီးတော့ သူတပါးဘာသာရဲ့ ချီု့ယွင်းချက်ကို ဝေဖန်ကြမှာမို့ နှစ်ဘက်စလုံးကဟောပြောတာကို
သေသေချာချာနားထောင်ပြီင်္းတော့ ယူသင့်ယူထိုက်တာ ၀ယ်သင့်ဝယ်ထိုက်တာတွေကို မိမိရဲ့ကိုယ်ပိုင်အသိ
ဥာဏ်နှင့်စဉ်းစားဆုံးဖြတ်ပြီးမှ မိမိနှစ်သက်ရာကို ယူကြပါရန် အလေးအနက်မေတ္တာရပ်ခံလိုပါတယ်၊ဒကာ၊
ဒကာမ အပေါင်းတို့.........စသည်ဖြင့်မြွတ်ကြားသည်။
              ခရစ်ယာန်ဆရာကြီး ဦးသာဒင်(မန္တလေး)က စတင်ဟောပြောသည်။ဦးသာဒင်သည်ဗုဒ္ဓဘာသာ ဘုန်းကြီးလူထွက်ဖြစ်၍ ပထမကြီးတန်းအောင်မြင်ခဲ့ပြီး ပါဠိစာပေကျွမ်းကျင်သည်ဟုနာမည်ာကီးသည်။
ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ပြီး တရားဟောအလွန်ကောင်းသည်ဟုနာမည်ကြီးသူဖြစ်
လေသည်။ သူကဓမ္မကထိကဆရာတော်ဦးညေယျရေးသားခဲ့တဲ့ "လောကမျက်မှန်" အမည်ရှိစာအုပ်ကိုစ
တင် တိုက်ခိုက်ဟောပြောသည်။ ခရစ်ယာန်ဘာသာကိုနှိမ်နင်းရေးသားထားသော ထိုစာအုပ်ပါ အချက်အ
လက်များကို ချေပ၍ရှင်းလင်းသည်။ မူလက ဦးညေယျကိုယ်တိုင် ကြွရောက်၍ဗုဒ္ဓဘာသာဘက်မှယှဉ်ပြိုင်
ဟောပြောမည်ဟု သတင်းကြီးနေရာ ခရစ်ယာန်ဓမ္မဆရာ အုပ်စုသည် ဦးညေယျရေးသည့် "လောကမျက်
မှန်"ကိုတိုက်ခိုက်ချေပရန် အကြောင်းအချက်များရှာဖွေစုဆောင်း၍စီစစဉ်လာခဲ့ကြသည်။ ကြီုတင်ပြင်ဆင်
ခဲ့သောကြောင့် ပိုင်ပိုင်နိုင်နိုင်လည်း ဟောပြောနိုင်ရာ ခရစ်ယာန်ပ၇ိတ်သပ်များ တပြုံးပြုံးနှင့် အားတက်ရွင်
ပြနေကြလေသည်။
             ဦးသာဒင်၏တင်ပြချက်...................
   "ဆရာတော်...ဦးသာဒင်ဟောပုံလည်းတယ်၊ ခရစ်ယာန်တရားဟောသံတေါလုပ်နေတာတဲ့နဲ့အချိန်ဖြုန်း
သလိုဖြစ်နေသည်။ အချက်အလက်စုစည်းပြီး ပြန်ချေပတာ ကွာဟပြီး ဝေနေတယ်ဘုရား"ဟူ၍ ဆရာတော်
၏အနီးတွင်ရှိသော ဆရာဦးကိုကိုကြီးက ဆရာတော်အား တိုးတိုးလျှောက်ထားရာ ဆရာတော်က ဦးသာဒင်
ဟောသမျှကို ရေးမှတ်နေရာမှ ပြုံးပြီး ခေါင်းငြိမ့်လိုက်လေသည်။
           "လောကမျက်မှန်မှာ"စာအုပ်တွင်ပါသော အချက်အလက်များကို ချေပပြီးနောက် ဦးသာဒင်သည်
"ဗုဒ္ဓ၀င်"ကို ဝေဖန်တိုက်ခိုက်လေသည်။       ဗုဒ္ဓ၀င်ဟာ ဂေါတမရဲ့ဖြစ်စဉ်ကို ဖော်ညပတဲ့ကျမ်းပဲ။ အဲဒီအ
ထဲမှာပါတာတွေဟာ ဘယ်လောက်ယုတ္တိကင်းမဲ့သလဲဆိုတာ စဉ်းစားကြည့်ပါ။ ကျွန်တော်တင်ပြပါ့မယ်စ
ထွက်ကတည်းက တုသိတာနတ်ပြည်မှာ နေတဲ့ဘုရားအလောင်း သေတကေတုနတ်သားကို တခြားနတ်
ဗြဟ္မာတွေက လူ့ပြည်ဆင်းပြီး ဘုရားဖြစ်ဖို့ ပဋိသန္ဓေ ယူဖို့ တောင်းပန်မှမယ်တော်မာယာရဲ့ဗိုက်ထဲဝင်သတဲ့
ဗျ၊ ဘုရားဖြစ်ရမဲ့သူက ဘာမှမသိရပဲ၊ ဘုရားမဖြစ်မဲ့သူတွေကပြောမှ သိရသတဲ့လား၊ပြီးတော့ ပဋိသန္ဓေယူ
တဲ့နေ့က ၀ါဆိုလပြည်နေ့ကြီးမှာတောင် မေထုနသံဝါသ ကိစ္စဆိုတဲ့ အဲ....ဟိုကိစ္စကို ရှောင်ကြဉ်ကြဟန်မ
တူကြပါဘူး၊ မယ်တော်မာယာကပဲ လွန်သလား၊ ဒါမှမဟုပ် နှစ်ဦးစလုံး အတူတူပလြားတော့ မဆိုနိုင်ပါဘူး
မိဘနှစ်ပါးရဲ့ အကျင့်အရ ဂေါတမဟာလည်း ပဋိသန္ဓေကစပြီး လူလွန်ဖြစ်တယ်"
ခရစ်ယာန်ပရိတ်သပ်များအားတက်သလောက်ဗုဒ္ဓဘာသာပရိတ်သပ်များမျက်နှာမကောင်းလှ၊ ရဟန်းများမှာ
မျက်နှာပျက်နေကြသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌကား ပြုံး၍ ဦးသာဒင်ကိုကြည့်နေလေသည်။ဦးသာဒင်က
ဆက်၍ဟောပြန်သည်။   " ဘုရားလောင်းရဲ့ဖွားတော်ဖက် ခုနှစ်ဦးတဲ့ဗျာ၊အာ-ဗော-ကာ-ယ-ရွေ-ဆန်တဲ့။
ဖွားဖက်တော်တွေထဲမှာ ကဏ္ဍိက ဆိုတဲ့မြင်း၊ အဲတိရိစ္ဆာန်လည်းပါတယ်။ ဗောဒိပင်ဆိုတဲ့ သစ်ပင်လည်းပါ
တယ်။ သက်မဲ့ဖြစ်တဲ့ ရွေအိုးကြီးလေးလုံးဆိုတာလည်းပါလိုက်သေးတယ်။ ဘယ်လောက်ယုတ္တိကင်းမဲ့သ
လဲဗျ၊ အာနန္ဒာဟာ ဖွားဘက်တော်တဲ့ ဖွားဘက်တော်ဆိုတာ တစ်နေ့တည်း တစ်ချိန်တည်း မွေးဖွားတာကို
ခေါ်တာဗျ။ နောက်ပိုင်းကျတော့ ညီတော်အာနန္ဒာတဲ့ဗျ။ ဖွားဘက်တော်လည်းဆိုသေး၊ ညီတော်အာနန္ဒာ
လဲဆိုသေး ဘယ်လောက်များ ကမောက်ကမနိုင်သလဲဆိုတာစဉ်းစားကြည့်ကြပါ။ တဂါဝုတ်ကမာဏရှိသတဲ့ဗျ၊ ဧဠမည်တဲ့ ရွေအိုးကြီးက ယူဇနာဝက်လောက်ရှိတယ်လို့ဆိုတယ်ဥပ္ပလမည်တဲ့
ရွေအိုးကြီးဟာသုံးဂါဝုတ်ပမာဏရှိသတဲ့၊ပုဏ္ဏရိက အမည်ရှိတဲ့ ရွေအိုးကြီးက တစ်ယူဇာနာမှရှိတယ်လိုဆို
တယ် စုစုပေါင်းနှစ်ယူဇနာခွဲရှိတယ်။ခုခေတ်သုံး မိုင်နှင့်ဆိုလျှင် တစ်ယူဇနာဟာ ၁၃ မိုင်ခွဲလောက်ရှိပါတယ်
ဒီရွေအိုးကြီးလေးလုံးရဲ့ အတိုင်းအတာဟာ ပမာဏဟာ မိုင် ၃၀ ကျော်ရှိနေပြီးဒီရွေအိုးတေါပေးတယ်ဆိုတာ
တကယ်ဟုပ်ရီုးမှန်ခဲ့ရင် ရှေ့ခေတ်က မသကာ လူဦးရေ ငါးသိန်းလောက်ရှိတဲ့ ကပ္ပိလ၀တ်ပြည်လေးမှာ လူ
နေတိုက်တာအိမ်တွေဟာ ဒီရွေအိုးကြီးလေးလုံးပေါ်တာနဲ့ပဲပျက်စီးသွားစရာရှိပါတယ်။အဲလောက်အပြောကြီး
ကြီးနဲ့ပလွှားဝင့်ကြွားထားတဲ့ ဗုဒ္ဓ၀င်မှာပါတဲ့ ဂေါတမဘုရား ထင်ရာလျှောက်ပြီး ဟောထားတဲ့တရားတွေကို
စဉ်းစားဥာဏ်ရှိတဲ့ လူတွေကယုံလို့ဖြစ်ပါ့မလား။    ဦးသာဒင်က ပရိတ်သပ်ကို မေးခွန်းထုပ်ရင်း အကဲခတ်
ကြည့်လိုက်၏ ထို့နောက်ဆက်လက်ပြောပြန်သည်။ " စိဉ္ဖမာန်ကိုလည်း ကြည့်ပါဦး သိကြားမင်းက စိဉ္ဖမာန်
ရဲ့ထဘိအတွင်းဝင်ပြီးကြွက်ယောင်ဆောင် ကိုက်တယ်လိုဆိုထားပါတယ်။ သကြားတန်မဲ့ မိန်းမထဘိအတွင်း
ဝင်ရသလားတဲ့လားဗျာ၊ ထဘိတွင်းဆိုတာဟာ သာမန် လူယောင်္ကျားများဝင်ရင်တောင် ဘုန်းကျက်သရေ
ပျက်တယ်လို့ ဗုဒ္ဓဘာသာတွေက ယူဆထားတာနဲ့ တက်တက်စင် ကွဟနေပါတယ်။ ဂေါတမရှေ့မှာ တရား
နာနေတဲ့ ပရိတ်သပ်အလယ်မှာ မိန်းမတွေအများကြီး ရှိနေနိုင်ပါလျှက်နဲ့ အဲဒီမိန်းမတွေက ဗိုက်ကိုယ်ထမ
စမ်းပါပဲနဲ့ ဧရာမ နတ်တို့ဘုရင် သိကြားမင်းကလာပြီး ကိုယ်တိုင်ထဘီထဲဝင်ကိုက် ရတယ်ဆိုတာဟာလည်း
ယုတ္တိမတန်ပါဘူးဗျာ...။ပြီးတော့နန္ဒောပနန္ဒနဂါးမင်းချွတ်ထန်းဆိုတာ ကြည့်ပါဦး။ ဘုန်းတော်အနန္ဒဥာဏ်
တော်အနန္ဒ တန်ခိုးတော်အနန္ဒဆိုတဲ့ ဂေါတမဟာ သူကိုယ်တိုင်တော့ နဂါးကိုရင်မဆိုင်ရပဲနဲ့ တပည့်ဖြစ်တဲ့
ရှင်မောဂ္ဂလန်က သူထက်ပိုပြီး တန်ခီုးရှိရာကြမနေဘူးလား အ၀ိဟိံသာ သူတစ်ပါးကု မညှင်းဆဲ ရဘူးလို့
ဟောပြောနေတဲ့ ရှင်ဂေါတမဟာ ဘာကြောင့် နဂါးကို ညှင်းဆဲခိုင်းရတာလဲ၊သူတပါးကို ထိခိုက်နစ်နာ
အောင်မလုပ်ရဘူးတဲ့ ရဟန္တာ ရှင်မောဂ္ဂလန်ဟာ နဂါးကိုဘာကြောင့် မြင့်မိုရ်တောင်နှင့် ဖီညှပ်ပြီးနှိပ်စက်
ရတာလဲ၊အဲလိုတန်ခိုး အင်မတန်ကြီးတဲ့ ရှင်မောဂ္ဂလန်ကို ဘာတန်ခီုးမှမရှိတဲ့ခိုးသားတွေက ရိုတ်သပ်သတဲ့
ဗျ၊တန်းခိုးတွေ ဘယ်ရောက်ကုန်သလဲ၊ ဘယ်လောက်ယုတ္တိကင်းမဲ့သလဲ ရှေ့စကားနှင့် နောက်စကား မညီ
ဘူးဆိုတာတွေ့ကြပြီမဟုပ်ပါလား။    ဦးသာဒင်သည် ပရိတ်သပ်များကို မေးခွန်းထုပ်သလိုလုပ်၍ ဆက်လက်
ဝေဖန်တင်ပြပြန်သည်။ ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ
No comments:
Post a Comment