Friday 27 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၂၃

နောက်..နံပါတ်ခြောက်အချက်က ဘုရားကဖြစ်တဲ့ဘုရားလို့ဆိုတဲ့ကိစ္စပဲ။ မိတ်ဆွေဓမ္မဆရာများက ဂေါတမ
ဟာ လူကဖြစ်တဲ့ဘုရားတဲ့အဲဒီလိုပြောကြပါတယ်။ ပြောတဲ့အတိုင်းပဲဟုပ်ပါတယ်ဦးပဉ္ဇင်းလည်းဝန်ခံပါတယ်
ဦးပဉ္ဇင်းကသာမဟုတ် ဗုဒ္ဓဘာသာဝင်တိုင်းလဲ ၀န်ခံပါလိမ့်မယ်။ ဂေါတမ ဘုရားဖြစ်တာဟာ အကျီုးတရားပါ
အကျီုးရှိလာတာဟာ အကြောင်းရှိရမယ်ဆိုတာကို တစ်ကမ္ဘာလုံးမှာရှိတဲ့ဘာသာဝင်တိုင်းကထောက်ခံကြပါ
တယ်.......ဘုရားဖြစ်ဖို့အကြောင်းတွေကို အကြောင်းပြုပြီးတော့ လက်တွေ့အားထုတ်ကြီုးပမ်းခဲ့တဲ့အတွက်
ဘုရားတည်းဟူသောအကျီုးတရားကိုရခဲ့ပါတယ်...အလွန်ပဲသဘာဝကျပါတယ်..ဘုရားဖြစ်ဖို့ကိစ္စကိုဂေါတမ
ဘုရားအလောင်းတော်ဟာ အလွန်အမင်းအားထုတ်တော်မူခဲ့ရပါတယ်။ ဒုက္ခတွေအများကြီးခံခဲ့ရပါတယ်။
တွယ်တာစရာအစွဲအမှတ်သင်ညာဟူသ၍ကိုတစ်စုံတစ်ခုမျှမငြိကပ်အောင်အားလုံးကိုတွန်းလှန်ပစ်ခွာတော်
မူခဲ့ရပါတယ်။ ဒီလောက်လူသားတို့က အမှန်အဟုတ်လို့ထင်နေတဲ့ ဥပါဒါန်အစွဲအမှတ်တွေကိုအမှန်အတိုင်း
ဘာမှမဟုတ်တဲ့ ရုပ်နာမ်ဓမ္မသဘာဝဖွဲ့စည်းပေါ်ပေါက်မှူ့ကို တခဏတာပါလားလို့ အမှန်သိတဲ့သဗ္ဗညူတ
ဥာဏ်တော်ကိုရအောင်အားထုတ်တော်မူခဲ့ရပါတယ်..။ ဂေါတမဘုရားဖြစ်ဖို့အကြောင်းကို အားပြုသောအား
ဖြင့် ဘုရာတည်းဟူသောအကျီုးကိုရပါတယ်။ ထိုရရှိသော တရားဟာ ဤလောကရှိ ရုပ်နာမ်သဘာဝသက်
ရှိလောကရဲ့ဇာတိအဖြစ်သည် ဆင်းရဲခြင်းကို ပန္နက်ရိုက်ခြင်းပင် ဒီပန္နက်ကို အစွဲပြုပြီး ဇရာ၊ ဗျာဓိ၊မရဏဆို
တဲ့ သဘာဝဒုက္ခကြီးတို့၏ အုပ်စိုးရာဘ၀အဖြစ်ပါလား။ဒီဘသမျီုးရဲ့ကုန်ရာကုန်ခြင်းသည် သန္တိသုခ နိဗ္ဗာန်
ဓါတ်သားအဖြစ်ရမှသာလျှင် ဖြစ်တာပါလားလို့သိမြင်တော်မူခဲ့ပါတယ်...ထာ၀၇ဘုရားလိုတော့လူတွေထဲက
သူကိုယုံကြည်ကိုးကွယ်တဲ့လူကိုမှကယ်တင်မယ်။မယုံကြည်တဲ့လူ၊ ငြိုငြင်ငြူစူခြင်းခံရမယ်၊ဒဏ်ခတ်မယ်လို့
မပြောခဲ့၊ မဟောခဲ့ပါဘူး။ ဂေါတမရှင်တော်ဘုရား ဟောတာကတော့ ဘယ်သူပဲဖြစ်ဖြစ် မိမိတို့ရဲ့ ကိလေသာ
များရင်များသလောက်လောင်မြီုက်မှူ့ ဒုက္ခတွေခံရမယ်။ ကိလေသာနည်းရင်နည်းသလောက်လောင်မြီုက်မှူ့
ဒုက္ခခံရမယ်။ ကိလေသာနည်းရင် နည်းသလောက်မီးအေးမယ်လို့ဆိုလိုပါတယ်။
        ကိလေသာဆိုတာဘာလဲ-လောဘ-အပိုကိုတပ်မက်တွယ်တာခြင်း၊ဒေါသ-အမျက်ထွက်ခြင်းမောဟ
-မသိနားမလည်ခြင်း ၊တွေဝေခြင်းကိုဆိုလိုပါတယ်။အဲဒါတွေကိုသိနားလည်ရင် ဘယ်သူပဲသိနားလည် နား
လည် ကိုယ့်ဟာကိုလောင်မြီုက်တဲ့မီးက ငြိမ်းအေးမယ်၊ကင်းလွတ်မယ်လို့ဆိုလိုပါတယ်။ဆိုလိုရင်းကတော့
ဗုဒ္ဓရဲ့အလိုအားဖြင့် အကြောင်းတစ်ခုရှိလို့သာ အကျီုးတစ်ခုပေါ်လာခြင်းစတဲ့စပ်ဆက်မှူ့များမဆုံးရင်သံသ
ရာခေါ်ပါတယ်။ ဒီသံသရာဆိုတဲ့အကြောင်း အကျီုးဆက် သဘာဝဒုက္ခကြီးရှိနေသမျှ သားကိစ္စ၊သ္မီးကိစ္စ
စီးပွားရေးကိစ္စ၊ ဘ၀အသက်တည်မြဲရေးဆိုတဲ့ ကျမ္မာရေး၊စားသောက်နေထိုင်ရေး၊ဒီစားသောက်နေထိုင်
ရေးတို့ ပြည့်စုံဖူလုံသော်လည်း လျော့ပါးသွားမှာကိုပူဆွေးစိုးရိမ်ရခြင်း၊မပြည့်စုံသဖြင့်တောင့်တမျှော်မှန်း
အားထုတ်ရခြင်းစတဲ့ ဝေါဟာရဒုက္ခတွေလည်း မဆုံးနိုင်အောင်ထပ်ဆင့်တိုးပွားများပြားနေကြရပါတယ်။
အဲဒီတော့အကြောင်း အကျီုးဆက်၊ ဒီသံသရာကအကြောင်းအကျီုးကင်းတဲ့ ငြိမ်းချမ်းရေးကိုရအောင်..
လောဘ-ဒေါသ-မောဟတွေကိုပယ်ကြပါလို့ ဂေါတမရှင်တော်ဘုရားကဟောကြားတော်မှူခဲ့ပါတယ်။
အဲဒီတော့ဘုရားဖြစ်ရေးအားထုတ်မှူကြောင့် ဘုရားဖြစ်ရတဲ့ လူသာမန်ကဘုရားဖြစ်တာကိုတော့တစ်
ကမ္ဘာလုံးကမငြင်းပါဘူး။ ခေတ်ပေါ်ပညာရှိသူများနှင့်စဉ်းစားကြတဲ့ပုဂ္ဂုလ်တိုင်းကလည်းထောက်ခံထား
ကြပါပြီ.....ဥပမာပုံစံပြောရမယ်ဆိုရင်  ကျောင်းနေပြိးပညာသင်ကြားအားထုတ်ခဲ့တဲ့အတွက်၊ဘိအေ၊
အမ်အေ၊အိုင်စီအက်စ် စတဲ့စာမေးပွဲတွေအောင်ပြီးဘွဲ့ဒီဂရီတွေရခဲ့တဲ့အတွက်ကြောင့် မြီု့အုပ်၊၀န်ထောက်
အရေးပိုင် အစရှိတဲ့ အကျီုးတွေကိုရခဲ့ပါတယ်။ ဒီပရိသတ်ထဲကအရေးပိုင်မဖြစ်ချင်တဲ့လူ၊ ဘုရင်ခံမဖြစ်ချင်
တဲ့လူ ရှိပါသလား။ ရှိမယ်မဟုပ်ပါဘူး အားလုံးဖြစ်ချင်ကြမှာပဲ။ သို့သော်ဘာ့ကြောင့်မဖြစ်ကြသလဲ၊ ဖြစ်နိုင်
တဲ့အကြောင်းတရားတွေကိုအားမထုတ်ခဲ့လို့ပေါ့၊သာမညလူက သူဌေးကြီးဖြစ်တာ အံ့သြစရာကောင်းတယ်
သူဌေးသားက၊သူဌေးဖြစ်တာဘာအံ့သြစရာရှိလဲ။ ဒီလိုပဲ လူကဘုရားဖြစ်တာအံ့သြစရာပေါ့၊ဘုရားကဘုရား
ဖြစ်နေဖို့မလိုဘူး၊ဘုရားကဘုရား  လူက လူဖြစ်တယ်ဆိုတာ အံ့သြစရာလား။ လူကဘုရားဖြစ်ရင် ဘုရားက
လူဖြစ်ရင် လူကမျောက်ဖြစ်ရင် မျောက်ကလူဖြစ်ရင် အံ့သြစရာမကောင်းပေဘူးလား။ ပြောတိုင်းသာယုံကြ
စတမ်းဆိုရင် အားလုံးကိုယ်ပိုင်ဥာဏ်ဆိုတာတွေဟာ အလကားချည်းပဲဖြစ်ရတော့မယ်။ လူကိုမဆိုထားနဲ့
တိရိစ္ဆန်တောင်ယုံထိုက်မှယုံတာ။ ခွေးတစ်ကောင်ကို သူသခင်ယောင်ဆောင်ပြီးပြလို့ ယုံမယ်ထင်သလား။
မြင်းတို့နွားတို့လည်းဒီလိုပဲ ဆင်ဆိုတာပိုတောင်ဆိုးသေးတယ်။ စီးနေကျသူ ဦးစီးမဟုပ်ရင် ခါချပြီးနင်းသတ်
တာမျီုး ဒီအထိသူတို့လည်း ဥာဏ်တွေရှိတာပဲ။ငါ-မင်းသခင်လုပ်မယ်ဆိုရုံနဲ့ ရတာမျီုးတော့ ကျန်ုပ်တို့လူ
သားလူတွေပဲရှိရဲ့ဟုတ်မဟုပ်စဉ်းစားကိုမစဉ်းစားကြဘူး။ လွမ်းစရာပြောရင်လွမ်းပစ်လိုက်တာပဲ၊ဟုပ်လို့
လွမ်းတာကနည်းနည်း၊လွမ်းစရာကောင်းလို့လွမ်းကြတာပါ။ပွဲထဲများကြည့်ပါလား၊ဇာတ်ကတယ်ဆိုတာငှား
တဲ့သူက ပိုက်ဆံပေးလို့လာကတာ၊ပွဲကြည့်တဲ့လူတွေက လွမ်းခန်းမှာ မျက်ရည်များသုတ်လို့..ဟိုမှာတကယ်
ဖြစ်နေတာလည်းမဟုပ်ဘူး။ဇာတ်ကနေတာပါ၊ သူ့မှာတကယ်ဖြစ်နေတယ်အံ့ရော။အဲဒါကျုပ်တို့လူမျီုးတွေပဲ
ဟုပ်မဟုပ်ယုတ္တိသဘာဝနဲ့လည်း နည်းနည်းတော့စဉ်းစားကြဦးပေါ့။ ပြောတိုင်းယုံဖို့ဆိုတာ ကောင်းလည်း
မကောင်းပါဘူး။ သဘာဝလည်းမကျပါဘူး ကိုယ့်မှာရှိတဲ့မျက်စီ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊အတွေးနှင့်လည်း
လေ့လာစဉ်းစားကြဦးမှာပေါ့။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ



No comments:

Post a Comment