Sunday 29 April 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၂၄

ဘုရားက ဘုရားဖြစ်တယ်ဆိုတာ ယုတ္တိမရှိပါဘူး။ ဒါကို ကိုးကားပြောဆိုလို့ကောင်းတဲ့ မြန်မာစကားတောင်
မဟုပ်ပါဘူး။ ဘုရားကဘုရားဖြစ်တယ်ဆိုတာ.....ယုတ္တိကင်းမဲ့တဲ့အတွက် ယုံကြည်ဖို့အလွန်ခဲယဉ်းပါတယ်
ပြောတိုင်းမယုံကြည်ပါနဲ့၊ စဉ်းစားပြီးမှယုံကြပါ။ လူတစ်ယောက်ဟာ ကျောင်းနေပြိး စာမသင်ဖူးပဲနဲ့ ဘီအေ၊
အမ်အေ၊အိုင်ဒီအက်စ် အောင်တယ်ဆိုတာမိတ်ဆွေတို့ယုံကြမလား။လယ်သမားတစ်ယောက်လယ်ထဲဆင်း
လည်း မဆင်း၊ ထွန်လည်းမထွန်၊ပျီုးလည်းမနုတ်၊ ကောက်လည်းမစိုက်၊ ရိတ်နှယ်ခြင်းလည်းမပြုပဲနဲ့အိမ်ပေါ်
မှာ အိပ်နေရုံမျှနဲ့ စပါးရနိုင်ပါ့မလား။ ဘယ်တော့မှ မရနိုင်ပါဘူးလုပ်မှကိုင်မှရကြတယ်ဆိုတာအထင်အရှားပါ
(အခုလည်းဘုရားဖြစ်တယ်ဆိုတာဘုရားဖြစ်ဖို့လုပ်ငန်းများကိုမလုပ်ပါပဲ
နဲ့ယုတ္တိရှိပါ့မလား) ယုတ္တိမရှိပါဘူး။ အဲဒီလို ယုတ္တိမရှိတာကို ယုံသင့်မယုံသင့်စဉ်းစားကြည့်ကြစမ်း။
          "ထာဝရဘုရားကတော့ သူသာယုံကြည်ကိုးကွယ် ဘာမှမပူနဲ့တဲ့။ ကဲယုံကြမလား၊ ယုံနေတဲ့သူတွေ
အခုဒီမှာအများကြီးပဲ ထာဝရပေးလို့ရတဲ့စပါး ဘယ်နှစ်ယောက်စားရဖူးလဲ ထာဝရချက်ပေးတဲ့ထမင်းဘယ်
နှစ်ယောက်စားဖူးလဲ ထာဝရဖန်ဆင်းပေးတာလက်တွေကျကျဘယ်သူတွေရဖူးလဲ။ကိုယ့်ဘာသာကိုယ်လုပ်
ရတာသော် လည်းကောင်းဈကိုယ်ပိုင်ဥာဏ်နှင့် ရှာကြံပြီးရရှိတဲ့ ပိုက်ဆံနှင့်တန်ရာတန်ကြေးပေးမှရရှိကြတာ
ချည်းပဲမလားထာဝရကပေးတာတွေ့ဖူးလားဈေးဝယ်ရာမှာစီးပွားရေးလုပ်တာမှာထာဝရကပိုက်ဆံတွေပစ္စည်း
တွေလာဖန်ဆင်းပေးတာတွေ့ဖူးလား ကိုယ်ဟာကိုပဲလုပ်မှရကြတာမလား ဘယ်မှလည်းထာဝရဖန်ဆင်းပေး
ထားတဲ့ အိမ်၊ ရွှေ၊ ငွေ ပစ္စည်း တကယ်ဖန်ဆင်းပေးတာဆိုရင် ထာဝရဖန်ဆင်းပေးထားတဲ့ ပစ္စည်းတွေ ရွှေ 
ငွေ ပစ္စည်းတွေကို အခုလူပုံအလယ်မှာ ဓမ္မဆရာကြီးတွေ ထုပ်ပြကြစမ်းပါ ယုတ္တိမရှိတဲ့စကားလုံးတွေပဲပြော
နေရင်တော့ ပညာဥာဏ်ရှိတဲ့သူတွေ ကိုယ်ပိုင်ဥာဏ်ရှိတဲ့သူတွေ ယုံမှာမဟုပ်ဘူး။ ဦးပဉ္ဇင်းတို့ရဲ့ ဂေါတမရှင်
တော်ဘုရားကတော့ (အတ္တဟိ၊ အတ္တနောနာထော)တဲ့။  ကိုယ့်အားကိုကီုးကြတဲ့။အဲဒီတော့ကာ လက်တွေ့
မှာ ကိုယ်လုပ်မှကိုယ်ရတာကို ထင်ရှားမနေပေဘူးလား။ ဘယ်ဘုရားဟောတာက ခုလူတွေမှာ လက်တွေ့
မှန်သလဲ၊ ခရစ်ယာန်ဓမ္မဆရာကြီးတွေကိုယ်တိုင် ဒီအထိအောင်အပင်ပန်းခံပြီး လာနေစရာတောင်မလိုဘူး
အိမ်ကနေပြီးထာဝရဘုရားကို တိုင်တည်ဆုတောင်းပြည့်သွားတဲ့အတိုင်း ရှုံးပြီး အေးအေးဆေးဆေးထိုင်
နေရုံပဲရှိတော့တယ်။ ဘာမှကိုပြောစရာမလိုတော့ဘူးမဟုပ်လား။.....ဟောအခုတော့ မနက်အချိန်ကပဲလူ
တွေ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းလာနေကြပြီ။ ဘာဖြစ်လို့ အနန္တတန်ခိုးတော်ရှင် ထာဝရဘုရားဟာသူ
တို့ယုံကြည်ကိုးကွယ်ကြည်ညိုတဲ့ လူတွေ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းလာတာကြည့်နေရသလဲ။
( သြဘာသံများ)...နောက်တစ်ခါ သတ္တမအချက်က သုံးခုတစ်ဆူ ဘုရားဆိုတဲ့ကိစ္စ၊ဓမ္မဆရာတစ်
ယောက် ခမည်းတော်၊ သားတော်၊  သန့်ရှင်းသော   ၀ိညာဉ်တော်အားဖြင့်   သုံးခုပေါင်းဘုရားတစ်ဆူဖြစ်
တယ်လို့ပြောသွားပါတယ်။ ခမည်းတော်ဆိုတာက ထာဝရ၊   သားတော်ဆိုတာက ယေရှူ ခရစ်လို့ဆိုပါ
တယ်။ ထာဝရနှင့် ယေရှူ့ခရစ်တို့ဟာ တူပါတယ်တဲ့။ မတူတဲ့အကြောင်းကို ဦးပဉ္ဇင်းက ပြောပြရသေးတာ
ပေါ့။ ဓမ္မဟောင်းကျမ်းက ထာဝရဘုရားက လက်စားချေဖို့ ဟောတယ်။ကိုယ့်သွားတစ်ချောင်းကိုချီုးရင်၊
သူ့သွားတစ်ချောင်းကိုချီုးပစ်ရမယ်တဲ့။ ကိုယ့်မျက်လုံးတစ်လုံးဖောက်ရင် ညသူ့မျက်လုံးတစ်လုံးကိုဖောက်
ပစ်ရမယ်တဲ့။( AN EYE FOR AN EYE) ဆိုတဲ့တရားပေါ့။အဲဒါဟာ ခမည်းတော် ထာဝရဘုရားရဲ့တရားပါ
အဲ...သားတော်ယေရှူ့ခရစ်ကတော့ လက်စားမချေဖို့ သည်းခံဖို့ ဟောတယ်။ ညာဘက်ပါးကိုရိုက်လျှင်ဘ
ယ်ဘက်ကပါးကိုပါအရိုက်ခံလိုက်ပါတဲ့။ အဲဒီတော့ခမည်းတော်နှင့် သားတော် ကွဲမနေပေဘူးလား။ ဟော
တဲ့တရားဟာ ဒီလောက်ကွဲနေရင် တူတယ်ဆိုတဲ့စကားဟာမဟုပ်နိုင်တော့ဘူး။ ယေရှူ့ခရစ်ဘာကြောင့်
ဘာလုပ်ဖို့လာသလဲဆိုတဲ့ ကိစ္စကိုကြည့်ရင် အလွန်ရှင်းနေပါတယ်။ သတ္တ၀ါအများကို ကယ်တင်ရန်လာ
တယ်လို့ပြောတယ်။ အဲဒီသတ္တ၀ါဆိုတာ အကုန်လုံးကိုမဟုပ်ဘူး။က္ကုသရေ (ဂျူး)လူမျီုးတို့ကိုသာဆိုလိုပါ
တယ်။ ဗမာ၊ ကရင်၊ ချင်းတို့ဟာဒီအချက်ကိုအထူးသတိပြုဖို့လိုပါတယ်။နက်နက်နဲနဲစဉ်းစားကြဖို့ကောင်း
ပါတယ် ။(ရှင်မဿဲခရစ်ဝင်) အခန်း ၁၀-အပိုဒ် ၅-မှာသင်တို့သည် တစ်ပါးအမျီုးသားတို့ ရှိရာသို့ မသွား
ကြနှင့် ရှမရိ (ဆမားရိယန်း)မြီု့ရွာထဲသို့ မ၀င်ကြနှင့်က္ကုသရေလအမျီုး ပျောက်လွင့်သော သိုးများရှိရာသို့
အရင်သွားကြလော့လို့ ယေရှူ့ကိုယ်တိုင်ပြောခဲ့တဲ့စကားထောက်ရင်တခြားလူမျီုးတွေအတွက်ခရစ်တော်
ပေါ်လာတာမဟုပ်ဘူး က္ကသရေလလူမျီုးများအတွက်သာ ပေါ်လာတာထင်ရှားပါတယ်။
      "ဗုဒ္ဓဘုရားရှင် ဖြစ်ပေါ်လာခြင်းဟာ ကမ္ဘာသူ၊ ကမ္ဘာသား၊ လူမျီုးမခြား၊အားလုံးအတွက်ဖြစ်ကြောင်း
ဘယ်သူမှမငြင်းနိုင်တဲ့အချက်ဖြစ်တယ်။(ဗုဒ္ဓေါလောကေ သမုပ္ပန၊ဟိတာယသဗ္ဗပါဏိနံ၊ဗုဒ္ဓေါလောကေ
ဥပ္ပဇ္ဇဟိဗဟုဇဟိတာယသုခါယအတ္တာယ)အစရှိတဲ့လောကတစ်ခုလုံးအတွက်ဖြစ်ပေါ်လာကြောင်းအဆို
အမိန့်အထောက်အထားတွေအများကြီးရှိပါတယ်။ အဲဒါကြောင့် ဦးပဉ္ဇင်းတို့ရဲ့ ဗုဒ္ဓရှင်တော်ပေါ်လာရခြင်း
ကတော့ ခရစ်တော်နှင့်မတူပဲ ကမ္ဘာသူ၊ ကမ္ဘာသားဆိုရင် ဘယ်လူမျီုးဖြစ်ဖြစ် သတ္တ၀ါအားလုံးအတွက်
ပဲဖြစ်တယ်။အဲဒါကဘယ်သူမှမငြင်းနိုင်တဲ့အချက်ဖြစ်တယ်။ ဟောဒီဓမ္မဆရာကြီးများလည်းဗုဒ္ဓဘာသာ
တရားတော်များကိုသီပြီး၊ နားလည်ပြီး ပုဂ္ဂိုလ်ကြီးများဖြစ်ပါတယ်။ ဘယ်နေရာ ဘယ်ပါဠိတော်များမှာ
ဗုဒ္ဓရှင်တော်ဘုရားဟာ သတ္တ၀ါ ခွဲခြားမှူ့၊ ငါ့ကိုသာ ကိုးကွယ်ကြ၊ ငါ့ကိုမကိုးကွယ်တဲ့လူကို၊သတ်ကြ၊
ဖြတ်ကြလို့ ဟောတဲ့စကားလုံးများ တွေ့ဖူးကြပါသလား။ ပါတယ်ဆိုရင် အခုထောက်ပြကြပါ။ဦးပဉ္ဇင်း
အရှုံးပေးလိုက်ပါ့မယ်။  "သူဟောတဲ့တရားကို လိုက်နာကျင့်သုံးသူ၊ သူညွန်ကြားပြတဲ့ တားမြစ်ချက်
ကို မလုပ်ပဲ ရှောင်ကြဉ်သူ မည်သူမဆို နှာခေါင်းချွန်သည်ဖြစ်စေ၊ လုံးသည်ဖြစ်စေ၊ ပြားသည်ဖြစ်စေ၊
ဧကန်မုချ သံသရာမှ လွတ်ခွင့်ရမယ်တဲ့။ လက်တွေ့သိချင်ရင် လူ့လောက ကိလေသာကုန်ရေး တရား
ကို အားထုတ်ကျင့်ကြံကြည့်ပါ။ မှန်တာတွေချည်းဖြစ်နေတာကိုတွေ့ရပါ့လိမ့်မယ်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ



No comments:

Post a Comment