Tuesday 1 May 2012

ကျောက်ကွင်းအရေးတော်ပုံ(ဖြစ်ရပ်မှန်) အပိုင်း ၂၅

အဲဒီတရားတွေကို တကယ်ယုံကြည်လို့အားထုတ်ရင်တကယ်ပင်ဒီဝဋ်ဆင်းရဲတို့ရဲ့ဒုက္ခသားလောကီပုံကနေ
ရင်းငုတ်တုတ်တစ်ဆက်တည်း ငြိမ်းချမ်းမှူ့အမှန်ကိုတွေ့ရမယ်။ သံသရာကလွတ်ထွက်သွားပါလိမ့်မယ်။ အဲ
ဒါဟာ ဗုဒ္ဓဂေါတမရဲ့ သန္ဒိဌိက၊ အကာလိကတရားတော်ရဲ့ ဂုဏ်နှင့်အညီဖြစ်ပါတယ်။ကိုယ်တိုင်ကျင့်ရင်ကျင့်
သူရမယ်၊ သူတစ်ပါးကို လုပ်ပေးလို့မရဘူး။ ကိုယ်လွတ်မြောက်ရေးအတွက်သူတစ်ပါးကလည်းလုပ်ပေးလို့
မရဘူး။ ကိုယ့်အဖို့ ထမင်းဝချင်ရင်ကိုယ်ကိုတိုင်စားမှ ထမင်းဝမယ်ဆိုတဲ့စကားဟာ ဗုဒ္ဓဘုရားရှင်ရဲ့ ၀ါဒအ
ဆိုအမိန့်နဲ့ ကိုက်ညီတဲ့စကားပေါ့၊ အဲဒီရှင်မဿဲခရစ်ဝင် အပိုဒ် ၃၄ ရောက်တော့ ခရစ်ပေါ်လာရခြင်း အ
ကြောင်းကို ခရစ်တော်ကိုယ်တိုင်အတိအလင်း ပြောဆိုခဲ့ပါတယ်။ မြေပေါ်သို့ငြိမ်သက်ခြင်းကို စေလွတ်အံ့
သောငှာ ငါလာသည်ဟု မထင်ကြနှင့် ငြိမ်သက်ခြင်းကို ငြိမ်သက်ခြင်းကို စေလွတ်အံ့သောငှာငါလာသည်မ
ဟုပ်၊ ဓါးကိုစေလွတ်အံ့သောငှာငါလာသတည်းတဲ့။ ၃၅ မှာတော့ (အဖေနှင့်သား အမိနှင့်သ္မီး ယောက္ခမနှင့်
ချွေးမ အချင်းချင်းကွပြားစေချင်းငှာ ငါလာသတည်း) တဲ့။အဲဒါ ယေရှူ့ခရစ်ပေါ်လာရခြင်းအကြောင်းပါပဲ။
အလွန်ရှင်းနေပါတယ်........အဲဒါယေရှူ့ ခရစ်တော်ရဲ့မေတ္တာတော်တွေပါပဲဗျာ။ ဘာလုပ်ဖို့လာသလဲဆိုတာ
ရှင်းမနေပေဘူးလား။အဲဒါတရားတဲ့လားဗျာ..ဘာလုပ်ဖို့လာတယ်ဆိုတာ စဉ်းစားစရာလို့သေးလား ဦးပဉ္ဖင်း
ကတမင်ထွင်ပြီးတော့ပြောတာမဟုပ်ဘူး။ကျမ်းစာထဲမှာပါတဲ့အတိုင်းပြောရတာပါ။က္ကုသရေလလူမျီုးမှတစ်
ပါး အခြားလူမျီုးကို ငါကယ်တင်ရန်လာသည်မဟုပ်။ ဓါးကိုစေလွတ်ရန်လာတယ်ဆိုတော့ ပြောရမှာတောင်
တော်တော်ခက်ပါတယ်။-အေး..တစ်ခုတော့မှန်ပါရဲ့၊ အချင်းချင်း ကွဲပြားစေရန်၊ မုန်းတီးစေရန် လာတယ်ဆို
တဲ့အတိုင်း( ယေရှူ့ဘာသာကိုယုံကြည်တဲ့နေ့ကစပြီးဗမာအချင်းချင်းလဲကွဲရတယ်။ ပေါင်းသင်းဆက်ဆံရေး
တွေလည်း ပျက်ပြား ရတယ်။ အနေအစားလဲကွဲတယ်။ အယူအဆလည်းကွဲတယ်။ သွေးစည်းမှူ့လည်း ကွဲ
လို့ပျက်နေပါပြီ)။အဲဒါခရစ်ယာန်ဝါဒရဲ့အကျီုးပေါ့........။ နိပေါပြည်မှာ  သမ္မာကျမ်းစာ နောက်ကဓါးပါတယ်
ဆိုတဲ့စကားပုံကိုရှိတယ်။ခရစ်ယာန်သာသနာပြု ရဲ့နောက် အုပ်ချုပ်တဲ့အစီုးရ လိုက်လာတယ်လို့ဆိုပါတယ်
ဗမာပဲ၊ ချင်းပဲ၊ကရင်ပဲလို့ ကွဲပြားနေတာဟာ ခရစ်ယာန်ဝါဒကြောင့်လို့ အတပ်ဆိုစရာ ဖြစ်မနေပေဘူးလား
ဦးပဉ္ဇင်းကိုယ်တိုင်ကတော့ မိတ်ဆွေဓမ္မဆရာများနှင့် တကွ ခရစ်ယာန်ဘာသာဝင် မြန်မာ-ကရင်ချင်းတို့ကို
ဘာသာအယူဝါဒပင်ကွဲပြားနေသော်လည်း တပြည်ထဲကမွေးပြီး တမိထဲကပေါက်ဖွားတဲ့ သွေးတူသားတူ
တွေမို့မုန်းတီးဖို့ဟောတဲ့တရားကိုမလိုက်နာလိုပါဘူး။ဦးပဉ္ဖင်းအနေနဲ့ ဒီကွဲနေတဲ့စိတ်ထား စေတနာတွေကို
စဉ်းစားမိပြီးသဘောပေါက်နေလို့ ကိုယ့်သွေးသားချင်းတွေပဲဆိုတဲ့ အနေနဲ့ မမုန်းပါဘူး။ ဘာသာဆိုတာက
တော့ကြီုက်တာယုံပေါ့၊ယူကြပေါ့၊လူမျီုးချင်းအနေနဲ့ဘာသာရေးအကြောင်းပြုပြီး ကွဲရတာမျီုးတော့ဦးပဉ္ဖင်း
မကျေနပ်ဖူး။ ကွဲခံရတာကိုမကျေနပ်တာပြောတာပါ။ မုန်းတော့မမုန်းပါဘူး။ ဦးပဉ္ဖင်းရဲ့ ဗုဒ္ဓဂေါတမကတော့
မုန်းတီးဖို့မဟောခဲ့ပဲ ချစ်ဖို့ကိုသာ ဟောတော်မူခဲ့တာကိုး။ မုန်းတာဟာမကောင်းပါဘူး။ ဘာသာရေးဆိုတာ
အလွန်အရေးကြီးတဲ့ကိစ္စမို့ အရမ်းမယုံပဲ နက်နက်နဲနဲ အထူးစဉ်းစားကြဖို့ လိုပါတယ်။မစဉ်းစားရင်မှားတတ်
ပါတယ်။လူတိုင်းမှာ လွတ်လပ်ခွင့်ရှိလို့ ယုံချင်တာကို ယုံနိုင်ပါတယ်။ အခုဦးပဉ္ဖင်းပြောတာကို ယုတ္တိရှိ-မရှိ
အကျီုးအကြောင်းညီ-မညီကိုသာစဉ်းစားဖို့ပြောတာပါ။ စဉ်းစားပြီးမှယုံဖို့ တိုက်တွန်းလိုက်ပါတယ်။ဦးပဉ္ဖင်း
ရဲ့ ၀ဒါကတော့ ကိုယ်လည်းအရမ်းမယုံချင်ဘူး သူများကိုလည်းပဲ အရမ်းမယုံစေချင်ဘူး။ နည်းနည်းတော့
စဉ်းစားစေချင်ပါတယ်။ အဲ...ဒါပေမဲ့ ဆင်ခြင်တုံတရားနှင့် အမှားအမှန်ကို ဝေဖန်ပိုင်းခြားမယ်ဆိုရင် တော့
ဦးပဉ္ဇင်းကပြောပါ့မယ်။ မှားသလား မှန်သလား စဉ်းစားကြပေါ့လေ။ ဦးပဉ္ဇင်းတို့ရဲ့ ဗုဒ္ဓဘာသာ ဆင်ခြင်တုံ
တရားကို အများကြီးအားပေးခဲ့ပါတဲ့ ဘာသာဖြစ်ပါတယ်။
ကိုယ့်ဘာသာမယုံလို့ တစ်ဘက်ဘာသာဝင်ကို သတ်လား.....၊ဖြတ်လား...၊ဘယ်တော့မှမလုပ်ပါဘူးမယုံ
ရင်လိုက်နာကိုးကွယ်ကြ၊ မယုံကြည်ရင်လဲနေပေါ့။ ဦးပဉ္ဇင်းတို့ရဲ့ဝါဒအရ ဦးပဉ္ဇင်းတို့က မျက်နှာမပျက်ပါဘူး
ဦးပဉ္ဖင်းတို့ရဲ့ ဇရပ်တွေ၊ ကျောင်းတွေရှိတယ်။ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် လာနိုင်တယ်။ တည်းခိုနိုင်တယ်
ဦးပဉ္ဖင်းတို့က မရှိ ရှိတာ ရှာကျွေးပါဦးမယ်။ ကိုယ့်ဘာသာယုံကြည်ကြပါလို့ မဆိုလိုပါဘူး။ ဒုက္ခဖြစ်နေရင်
ခိုကိုးရာမရှိဖြစ်နေရင် ဘယ်လူမျီုးပဲဖြစ်ဖြစ် လူသားအချင်းချင်းကို ဦးပဉ္ဖင်းတို့က မျက်နှာမပျက်စေပါဘူး
ဗုဒ္ဓဘုရားရှင်ကလည်း သဗ္ဗေသတ္တာ သတ္တ၀ါအကုန်လုံးကို မေတ္တာတူထားပါတယ်။ဒါလည်း ခရစ်ယာန်
ဘက်ကဓမ္မဆရာကြီးတွေသိပြီးသားပါ။ ဟုပ်တယ်မဟုပ်လား။ ဦးပဉ္ဖင်းတို့ရဲ့ ဗုဒ္ဓရှင်တော်ဘုရားက ဘာမ
ဆိုမစုံစမ်း မစစ်ဆေးပဲနဲ့ အရမ်းမယုံဖို့ကိုတော့ဟောတော်မူခဲ့ပါတယ်။ခရစ်ယာန်လို ဇွတ်ယုံရမယ်၊မယုံ
ရင်သတ်မယ်၊ ဖြတ်မယ်လို့ မဟောပါဘူး။ လုပ်လည်းမလုပ်ရပါဘူး။ လုပ်လို့လည်း ဂေါတမဘုရားရှင်က
မဟောခဲ့ပါဘူး...ခရစ်ယာန်ကတော့ မယုံတဲ့လူသတ်ပစ်လေလေ လက်ခုပ်တီးလေလေ ဟုပ်ကဲ့လား
အဲဒါဟာ.ရက်စက်မူ့နှင့် မေတ္တထားပုံချင်း ကွာခြားတယ်ဆိုတာပါပဲ..(ဦးပဉ္ဖင်းတို့ရဲ့ ဂေါတမရှင်တော်ဘုရား
ဟာ အထင်အရှားပွင့်တော်မူခဲ့ကြောင်း...ပါဠိတော်တွေ၊ အဌကထာတွေ အစရှိတဲ့ ပါဠိဘာသာကျမ်းစာ
တွေဖယ်ထားလိုက်ပြီးတော့ အိန္ဒိယ ရှေးရာဇ၀င်များအရလည်းပဲ ခုထိထင်ရှားရှိနေပါပြီ။ ရှေ့ဟောင်းရှာဖွေ
လေ့လာရေး သုတေသနဌာနများကလည်း လိုက်လံရှာဖွေပြီး တူးဖော်ကြတဲ့အခါမှာ ဗုဒ္ဓရှင်တော်ဘုရားရဲ့
မွေးဖွားရာအရပ်မှာ အာသောကမင်းကြီးရဲ့ စိုက်ထူခဲ့တဲ့ ကျောက်တိုင်ကြီးကို ယ္ခုတိုင်တွေ့ရပါေးတယ်။
မယုံလျှင် သွားကြည့်နိုင်ပါတယ်။ ရှင်တော်ဘုရား သိတင်းသုံးတော်မူခဲ့တဲ့ ဇေတ၀န်ကျောင်းတော်၊ ဗော
ဓိပင်စသည့်တို့လည်း အထင်အရှားတွေ့မြင်နိုင်ပါတယ်)။ ဂေါတမရှင်တော်ဘုရားဖြစ်သည့် သိဒ္ဓတ္ထမင်းသား
ဟာ မဟာသက္ကရာဇ် ၆၈-ကဆုန်လပြည့်၊ သောကြာနေ့မှာ ဖွားမြင်တော်မူပါတယ်။အဲဒါရာဇ၀င်မှတ်တမ်းအ
ရတိကျခိုင်မာပြီးထင်ရှားနေတဲ့အတွက် ဘယ်သူမှမငြင်းနိုင်ပါဘူး...။ ဒီကဓမ္မဆရာများလည်း ငြင်းနိုင်မှာမ
ဟုပ်ပါဘူး..။ယေရှူ့ခရစ်ရဲ့ အတ္ထုပ္ပတ္တိကို ကြည့်ကြပါစို့၊ ယေရှူ့ခရစ်ဟာ ဘယ်နှစ်ခုနှစ်၊ ဘယ်သက္ကရာဇ်မှာ
ဖွားမြင်ပါသလဲ-မသိဘူး၊ ဘယ်ရက်မှာမွေးသလဲ-မသိဘူး ။ဘယ့်နှယ်လဲဆရာတို့-မသိဘူးချည်းပါလား။

ဒီလိုဆိုရင် မယ်မယ်ရရမရှိတော့ဘူး။စဉ်းစားကြည့်ကြပါ။ ယေရှူ့ရဲ့ တရားတွေဘာတွေဖယ်ထားလိုက်ဦး
ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်သက္ကရာဇ်မှာ ယေရှူ့ခရစ်ဖွားမြင်တယ်လို့ အတိအကျ ဂဃနဏမရှိပါဘူး မသိ
ကြဘူးမဟုပ်လား။။။ ဒီလောကမှာ လူထဲက အလွန်မြင့်မြတ်တဲ့ ဘုရားဆိုတဲ့ ဘြွ့ထူးအဖြစ်ကို ခံယူပါတယ်
ဆိုတဲ့ ဧရာမ အထင်ကရ ပုဂ္ဂိုလ်ကြီးမျီုးကို မဆိုထားနဲ့ဦး သာမန် လူကြီးလူကောင်းမှန်သမျှတွေဟာ မွေး
နေ့၊ မွေးရက်၊ မွေးလ၊ မွေးနှစ်၊ မွေးသက္ကရာဇ် ရက်ချုပ်စာတမ်းဆိုတာတွေ ရှိကြရပါတယ်။ ဒီတော့ကာ
ခရစ်ယာန်ဓမ္မဆရာကြီးတွေကို ဦးပဉ္ဇင်းတစ်ခုကတိပေးပါတယ်။ တခြားအကြောင်းတွေ ယုတ္တိရှိတာ-မရှိတာတွေထားပြီးတော့၊ သာမန်လူတွေကို တစ်ယောက်စီတစ်ယောက်စီ ခဲခဲယဉ်းယဉ်းစည်းရုံး နေတာ
တွေ၊ဟောပြောနေတာတွေဆိုတာမျီုးထက်၊ ယ္ခုဦးပဉ္ဇင်းလို ပုဂ္ဂိုလ်မျီုးတစ်ယောက်က ခရစ်ယာန်ဘက်ကို
ကူးပြောင်းတယ်ဆိုရင် ဆရာကြီးများ ကျေနပ်အားရစရာမကောင်းပါလား။ ဆရာကြီးတို့ရဲ့ ခေရှူ့ခရစ်ဟာ
ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်လ၊ ဘယ်အချိန်၊ ဘယ်သက္ကရာဇ်မှာ မွေးတယ်ဆိုတဲ့ ရက်ချုပ်ကိုမှန်အောင်အ
တိအကျပြောနိုင်မယ်ဆိုရင်..ဦးပဉ္ဇင်းက..ဟောဒီသင်္ကန်းကို ဒီနေရာမှာတင်ပဲ တစ်ခါတည်းချွတ်ပုံချခဲ့ပြီးအ
ပြီးတိုင် ခရစ်ယာန်ဘာသာဘက်ကို ၀င်လိုက်မယ်။...ကဲပြောကြစမ်း၊တစ်ခါတည်းကို နေရာမပြောင်းဝင်
လိုက်ပါ့မယ် ဟုပ်ပလား...။(ရှည်လျားသော..သြဘာသံကြီး ဆူညံသွားသည်)
".....ကဲ..အချိန်လည်းစေ့ကာနီးပါပြီ။ မဆင်းမိဟောဒီ ကျောက်ကွင်းရွာနဲ့ ညောင်ပင်သာရွာ၊ဓမ္မဆရာကြီး
ဦးရွှေအောင်ကို အနည်းငယ်မှာခဲ့ချင်ပါတယ်။ ဆရာရေးတဲ့ စာအုပ်ကလေးရဲ့ နောက်ဆုံးမှာပါတဲ့ ပါဠိလေး
ဟာ ဘယ်ပါဠိတော်၊ ဘယ်ကျမ်းမှာ ပါတယ်ဆိုတာကို တဆိတ်လောက်ညွန်းပြစေချင်ပါတယ်...ဦးပဉ္ဖင်း
ဟာ အတော်ကလေး ပိဋကတ်တော်ဆိုင်ရာ  ပါဠိစာပေများကို နှံ့စပ်အောင်သင်မှတ်ခဲ့ပါတယ်။ ကျကျနန
လည်း လိုက်စားခဲ့ဖူးပါတယ်။ကိုယ်တိုင်လည်းစာပေပို့ချခဲ့ဖူးပါတယ် သို့သော်လည်း အဲဒီဦးရွှေအောင်တို့
စာအုပ်ထဲမှာပါတဲ့ ပါဠိကိုတော့ မတွေ့ဖူးပဲဖြစ်နေတယ်။ အခုဒီစင်ပေါ်မှာ သံဃာတော် (၂၀၀)ခန့်ရှိပါတယ်
အဲဒီကိုယ်တော်များလည်း အဲဒီပါဠိကို မတွေ့ခဲ့ဖူးကြပါလို့ မိန်ကြပါတယ်။အဲဒီတော့ဦးပဉ္ဇင်းနှင့်တကွဒီင်္သံ
ဃာတော်များပါ မှတ်သားကြရအောင် တဆိတ်လောက် အဲဒီပါဠိကလေးပါတဲ့ ပိဋကတ်ကျမ်းစာအုပ်ကို
ကျေးဇူးပြုပြီးညွန်းစေလိုပါတယ်။  ပါဠိကတော့........
                                   ဓုရဒါရ မနာရမ္မေ၊ ဂီတိကမ္မေ ရတောဘိက္ခု
                                  ဂိဇ္ဈကုဋေသေလံပေတံ၊ ၀ါတံဘိက္ခုအတိဿတိ။ တဲ့
                                 အဲဒါ ဦးပဉ္ဇင်းတို့ရဲ့ ပါဠိတော်များမှာပါတယ်ဆိုရင် ပါဠိတော်စာအုပ်များဖြစ်ပါက
ဘယ်ကျမ်း စာအုပ်၊ ဘယ်မျက်နှာ ၊ဘယ်နံပါတ်၊ ပေစာဖြစ်မယ်ဆိုရင်လည်း ကျောဘက်၊၀မ်းဘက်၊က-ချပ်
ကာ-ချပ်၊ ဘယ်အင်္ဂါစသည်ဖြင့် ညွန်ပြရရိုးရှိပါတယ်။ဒါကလေးကိုဖြင့် ဓမ္မဆရာ ဦးရွှေအောင်နှင့်တကွသော
ဦးသာဒင် အစရှိတဲ့ မိတ်ဆွေကြီးများက အထူးပဲဂရုစိုက်ပြီးညွန်ပြစေလိုပါတယ်။ ယ္ခုလိုဘာသာဝါဒဆိုင်ရာ
ပြီုင်ပွဲကြီးမျီုးကို တွေ့ကြုံရသဖြင့် ဦးပဉ္ဇင်းအနေနဲ့ရော၊အခုဒီမှာ ရှိကြတဲ့ သံဃာတော်များအနေနဲ့ပါ ရှူံးတာ
တိုင်တာ ပဓာနမထားပဲ အထူးဝမ်းမြောက်ကြပါတယ်။ေ နာင်ကိုလည်း ဒီလို ဘာသာရေးဝါဒပြီုင်ပွဲမျီုးတွေ
ကို နယ်တိုင်း၊ ရွာတိုင်း၊ မြီု့နယ်တိုင်းဆိုသလိုဖြစ်မြောက်အောင် ကျင်းပနိုင်ကြပါစေလို့ အာသီသပြုရင်းနိ
ဂုံးချုပ်လိုက်ပါတယ်။ (ရှည်လျားသောသြဘာသံကြီး)
             "ပထမပိုင်း နှစ်နာရိဗုဒ္ဓဘာသာဘက်မှ ပြောပြီးသွားပြိဖြစ်ပါ၍ နောက်ပိုင်း၊ အချိန် နှစ်နာရီတွင်
ခရစ်ယာန်ခေါင်းဆောင်များက ဝေဖန်ချေပကာ ဟောပြောရပါတာ့မည်ဟု သဘာပတိ ဦးရွှေမှန်ကကြေ
ငြာလိုက်၏ ထိုသို့သဘာပတိက ကြေငြာပြီးသည်နဲ့တပြိုင်တည်း မဏ္ဍပ်အတွင်းရှိ လူများကလည်းအပြင်
သို့ထွက်ရန် နေရာမှထကုန်ကြသည်. ထိုအထဲ၌ ခရစ်ယာန်များပါ  ပါဝင်သည်။ နောက်ပိုင်းဟောပြော
မည့် ခရစ်ယာန်ခေါင်းဆောင် ဦးသာဒင်သည် တရားဟောစင်ပေးသို့တက်လာ၏ ပရိသတ်များကထွက်
မြဲထွက်နေကြပြန်သည်။ "နားမထောင်ချင်ဘူး" ဟူသောအသံများမှာ မဏ္ဍပ်ကြီးတစ်ခုလုံး ညံလေပြီ။ သဘာပတိနှင့် ဦးသာဒင်တို့ပါ ဆုံးအောင်နားထောင်ကြပါ...ဟုပြောကြသော်လည်း လူအတော်များများ
မှာ အပြင်သို့ ရောက်နေကြလေပြီ။မဏ္ဍပ်ကြီးထဲ၌ ထသူကထ ထိုင်သူကထိုင် ထွက်သူကထွက်၊အော်
သူကအော်နှင့် ဆူညံရှူပ်ထွေးနေလေတော့သည်။ ဦးသာဒင်သည် စကားမပြောနိုင်ပဲ ငေးကြည့်ပြီးသာ
ရပ်နေရတော့၏ သဘာပတိ ဦးရွှေမှန်က ဆုံးအောင်နားထောင်ကြပါရန် တကျော်ကျော် အော်ဟစ်နေ
သော်လည်း ပရိသတ်ကြီး၏အသံကိုမပေါက်နိုင်အောင်ဖြစ်နေသည်။ဤတွင်တာဝန်ယူစောင့်နေရသော
ပြည်ခရိုင်ရဇ၀တ်ဝန်ကြီးကို သဘာပတိကလှမ်း၍ မေတ္တာရပ်ခံပေးရန် ပြောသဖြင့် ရဇ၀တ်ဝန်ကြီးဦးကြင်
ကိုယ်တိုင် တရားစင်ပေါ်သို့တက်ပြီး ပရိသတ်အား ဆုံးအောင်နားထောင်ကြပါ မပြန်ကြပါနဲ့ဦး၊နှစ်ဘက်
စကားကို ကုန်ဆုံးအောင်နားထောင်ကြပါဦး၊ ပြန်ထိုင်ကြပါ၊ ပြန်ထိုင်ကြပါ။ အထူးမေတ္တာရပ်ခံပါတယ်
ဟုပြောလေသည်။   သို့ရာတွင် လူထုပရိသတ်ကြီးမှာ ပြန်မထိုင်ကြပဲ ရပ်ပြီးသာပြန်ကြည့်နေကြသဖြင့်
ဗုဒ္ဓဘာသာဘက်မှ ဆရာကြီး ဦးကွန့်ကပါ စင်မြင့်ပေါ်သို့တက်ပြီး ပရိသတပ်များအား နှစ်ဘက်အစုံနား
ထောင်ပြီးမှ မိမိတို့သဘောအလျှောက်ဆုံးဖြတ်ကြပါ။ တစ်ဖက်သပ်မဖြစ်ကြပါနဲ့ အားလုံးပြန်ထိုင်ကြပြီး
ခရစ်ယာန်ခေါင်းဆောင်ကြီးများရဲ့ ရှင်းလင်းချေပချက်များကို နားထောင်ကြပါဦး၊ဗုဒ္ဓဘာသာဘက်မှလူ
ကြီးတစ်ဦးအနေနဲ့ အထူးပဲမေတ္တာရပ်ခံအပ်ပါကြောင်းစသည့်တို့ကိုအော်ဟစ်ပေးပြန်သည်။သို့သော်
ပရိသတ်ကားထွက်မြဲပင်..."နားမထောင်ချင်ဘူး" ဟူ၍ပြန်အော်ရင်း မဏ္ဍပ်အပြင်ဘက်သို့သွားနေကြ
လေသည်။ ဗုဒ္ဓဘာသာ သဘာပတိ တောင်ငူဆရာတော်ကဆုံးအောင်နားထောက်ကြပါဦးဟုတစ်ခွန်းသာ
အော်ဟစ်ပြောကြည့်သော်လည်း အသံကမပေါက်နိုင်ဖြစ်နေသည်။သို့နှင့်ရာဇ၀တ်ဝန်ကြီးကိုယ်တိုင်က
ဆရာတော်အရှင်ဥက္ကဋ္ဌအား ခေတ္တမျှကြွပြီး ကူညီမေတ္တာရပ်ခံပေးပါရန် လျှောက်သဖြင့် ဆရာတော်တ
ရားစင်ပေါ်သို့တဖန်တက်ပြီး......အားလုံးသောပရိသတ်ကို ဦးပဉ္ဇင်း မေတ္တာရပ်ခံပါရစေ။ ကိုးကွယ်မှူု၊
မကိုးကွယ်မှူ့ဆိုတဲ့ ယုံကြည်ချက်မျီုးဆိုတာ ဘယ်သူမှ တိုက်တွန်းလို့ရတာမဟုပ်ပါဘူး။ မိမိတို့သဘော
အလျှောက်သာဆုံးဖြတ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ယူတာမယူတာအပထားပြီး နှစ်ဦးနှစ်ဘက်ပြောကြဟော
ကြတာကိုဆုံးအောင်နားထောင်ကြပါလို့ ဦးပဉ္ဇင်းအထူးပဲ မေတ္တာရပ်ခံပါတယ်ဟု မေတ္တာရပ်ခံသဖြင့်အ
ချီု့သော ပရိသတ်က ပြန်ထိုင်ကြသည်။ ထွက်ပြီးသူများကမူ ပြန်လှည့်ကြည့်ပြီး ဘေးမှာရပ်နေကြသည်။
သို့နှင့် မထွက်ရသေးသူများမှာ မဏ္ဍပ်ထဲတွင် ရပ်ကြည့်နေကြပြီး ပြန်ထိုင်သူကနည်းနေ၏ ဆရာကြီး
ဦးကွန့်နှင့် ရာဇ၀တ်ဝန်ကြီးကပါ ပြန်ထိုင်အောင်မေတ္တာရပ်ခံပေးပါဘုရား ဆရာတော်အမိန့်ရှိရင် ရပါလိမ့်
မည်ဟုလျှောက်ထားပြန်သဖြင့် ဆရာတော်က ထပ်မံ၍ မေတ္တာရပ်ခံရပြန်သည်။ အားလုံးသော၊ဒကာ၊
ဒကာမအပေါင်းတို့.... ဦးပဉ္ဖင်းအထူးမေတ္တာရပ်ခံပါရစေ၊ဘာသာဆိုတာ ကိုယ်ကြီုက်မှကိုယ်ယူရပါတယ်
အတင်းယူခိုင်းလို့ ရတာမျီုးမဟုပ်ပါဘူး ယူတာ၊မယူတာပရိသတ်သဘောပါ။နှစ်ဘက်စလုံးဆုံးအောင်
တော့ နားထောင်ကြပါဦး။ ဦးပဉ္ဖင်းအထူးပဲမေတ္တာရပ်ခံပါတယ်။ တဆိတ်ပြန်ထိုင်ကြပါနားထောင်ကြပါဦး
ဦးပဉ္ဖင်းမေတ္တာရပ်ခံပါတယ်..နောက်ထပ်တစ်ကြီမ်ဆရာတော်မေတ္တာရပ်ခံတဲ့အခါမှရပ်နေသူအများအပြား
ပင်ပြန်ထိုင်ကြသည်။သိသာသည်မှာ ရပ်နေသောခရစ်ယာန်ပရိသတ်များပင် ပြန်ထိုင်ကြသည်ကိုတွေ့မြင်
ရသည်။ဤတွင်မှ ဆရာတော်ဟောစင်မှပြန်ဆင်းရင်း...ကဲဆရာတို့ဟောပါတော့နားထောင်ကြပါလိမ့်မယ်
ဟောသာဟောပါ ဟုပြောလိုက်မှ ဦးသာဒင်တရားဟောစင်ပေါ်သို့ ပြန်တက်နိုင်ပေတော့သည်။ သို့ရာတွင်
လူအတော်များများမှာ ဘေးမှာသာမတ်တတ်ရပ်၍နားထောင်နေကြလေသည်။မန္တလေးဦးသာဒင်က.....
ဆရာတော် ကောက်နုတ်သုံးသပ်သွားသော သမ္မာကျမ်းစာပါ အချက်အလက်များကိုပြန်လည်ရှင်းလင်း
ချေပသည်။ သို့ရာတွင်..ဦးတည်ချက်မမှန်တဲ့ ကမောက်ကမ ကပေါက်ကချာဖြစ်နေ၍နေလေသည်..။
ပရိသတ်ကိုမေတ္တာရပ်ခံလိုက်၊ ဟောပြောလိုက်နဲ့ပင် မိမိလိုရင်းမရောက် အမေးတခြားအဖြေတစ်ခြား
ဖြစ်နေလေသည် ရေရေရာရာခရစ်တော်အကြောင်းကိုပင်မပြောပြနိုင်ပဲဖြစ်နေလေတော့သည် ညနေ (၄)နာရိထိုး၍ အချိန်စေ့သွားသဖြင့် သဘာပတိက ဟောပြောပွဲကြီးပြီးဆုံးကြောင်းကို ကြေငြာလိုက်
ရတော့သည်။ ဤတွင်ကျောက်ကွင်းအရေးတော်ပုံပြီး၍ ဗုဒ္ဓဘာသာဝင်များဖြစ်ကြလေသည်။

မေတ္တာရပ်ခံချက်..ဒီကျောက်ကွင်းအရေးတော်ပုံစာအုပ်အား PDF ဖိုင်မှတဆင့် ၀င်းစစ်တွေနှင့်
ရေးသားချက်ကိုပြန်လည်၍ ၀င်းအင်းဝနှင့်ရေးထားပါသည်။ ထို့ကြောင့်ဒီစာပေများကို ကူးယူမျှ
ဝေချင်ပါက ဒီသုဝဏ္ဏဘူမိဆိုဒ်ကိုပါ ရေးသားတင်ပြ၍ပြန်လည်မျှဝေစေချင်ပါသည်...။အားလုံး
ပဲစာဖတ်သူပရိသတ်အပေါင်းမီမီတို့ရဲ့ဘ၀တွေကို ကိုယ်ပိုင် အသိ ကိုယ်ပိုင်ဥာဏ်များဖြင့်တွေး
ခေါ်ကြံဆကာ ယုံကြည်ကီုးကွယ်မှူ့များမှသည်။ ဘ၀ခရီးကိုအနှောင်အဖွဲ့အတားအဆီးကင်းမဲ့
စွာဖြတ်သန်းနိုင်ကြပါစေလို့ ဦးဇင်းကမေတ္တာပို့ဆုတောင်းပေးလိုပ်ပါသည်အရှင်မုနိန္ဒ (ပန်းထို )
................ဗုဒ္ဓသာသနံစီရံတိဌတု.............။






No comments:

Post a Comment