Friday 11 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ )

ထိုနေရာ၏ အရှေ့တွင် နတ်သား ( ၄ ) ဦးတို့က သူငယ်မင်းသား သိဒ္ဓတ္ထကိုဖွါးမြင်တော်မူသည့်အချိန်
လက်ခံယူကြသည့်ဟူ၍ဆိုသည်။ ထိုစေတိများနှင့်မနိးမဝေးသော အရပ်နေရာတွင်အသောကမင်းကြီး
ကကျောက်ဖြင့်တည်ဆောက်ခဲ့သည့် ကျောက်တိုင်တည်ရှိခဲ့သည်။ဝိဒွေဿဏ-အမည်ရှိသေသူသည် ထိုစေတိကိုဝရဇိန်ဖြင့် မပာတူသော လက်နက်ဖြင့်ထိုးခွင်းလိုက်သဖြင့် အသောကမင်းကြီးတည်ထားခဲ့
သည့်ကျောက်တိုင်သည် ခါးလယ်လောက်မှကျီုး၍ ပြီုကျခံခဲ့ရသည်။ကျောက်တိုင်အနိးတွင်မြစ်ငယ်တစ်
ခု အရှေ့တောင်အရပ်၌ စီးဆင်းနေခဲ့သည်။ ထိုမြစ်ငယ်ကို တေလ-မြစ်ဟုခေါ်ခဲ့ကြသည်။လုမ္ဗိနီဝန-တော
တွင်းတစ်နေရာမှာထိုကာလ၌တေလ-(ဆီ)အပြည့်ရှိခဲ့သော တေလအိုင်ကြီးမှ မြစ်ဖျားခံခဲ့ပါကြောင်းဟူ၍
ဟုယေ(န်)ချန် မှတ်တမ်းတင်ရေးသားထားပါသည်။ ၁၈၈၆ ခုနှစ်တွင် အက်ဖူဟာ( A.Fuhar)-အမည်ရှိ
သုတေသိတစ်ဦးသည်လုမ္ဗိနီကိုရှာဖွေဖော်ထုတ်ရာတွင်-တရုတ်ခရီးသည်ဟူရင်ချန်-၏မှတ်တမ်းကိုကောင်း
စွာအခြေခံ၍ အသုံးပြုခဲ့ပါသည်။ မစ္စတာ အက်ဖူဟာသည်ဗုဒ္ဓမြတ်စွာဘုရား၏ ဖွါးတော်မူရာနေရာကိုထုတ်
ဖော်ပြသနိုင်ရန် ရည်ရွယ်၍ အသောကမင်းကတည်ဆောက်ခဲ့သည့်ကျောက်တိုင်ကို ပထမဆုံး ရှာဖွေဖော်
ထုတ်ခဲ့သူဖြစ်သည်။ လက်ရှိကာလ၌ ဤနေရာသည် ရုမ္မနဒေယီ-တည်ရှိရာနေရာဖြစ်သည်။ အိန္ဒိယပြည်
အရှေ့မြောက်ဘက် မီးရထားလမ်းကြောင်းပေါ်တွင်တည်ရှိသည့် နော်တ၀ါ-ဘူတာမှ ၁၆-ကိလိုမိတာအ
နောက်ဘက်အကွာတွင်တည်ရှိသည်။လုမ္ဗိနီ(သာလ၀န) ဥယျဉ်နေရာမှ ၁၂-မိုင်ခန့်ဝေးသောအနောက်
အရပ်၌ ပိပရဟ၀ါ-တူပတည်ရှိသည်။  မစ္စတာ ကေဿရရှာမသေရ-၏ညွန်ကြားချက်ဖြင့် မစ္စတာမုခါဂျီ
ကဦးဆောင်၍ အသောကကျောက်တိုင်၏အရှေ့အရပ်၌မနြ္ဒိရဟိန္ဒူဘုရားကျောင်း တစ်ခုကိုတည်ဆောက်
ခဲ့သည်။ယင်းဘုရားကျောင်း၌အဂါင်္ချီုံတဲ့နေသည့် ကျောက်ဆင်းတုတော်တစ်ခုကို တွေ့ရှိရပါသည်။၎င်းမှာ
နတ်ဒေ၀ီ၏ ကျောက်းဆင်းတုတစ်ခုဖြစ်ပါသည်။ ထိုနတ်ဒေ၀ီကို လုမ္ဗိနီအား စောင့်ရှောင့်သည့် နတ်ဒေ၀ီ
ဟူသည့်အယူအဆဖြင့် ကိုးကွယ်ထားပါသည်။ ဤနတ်ဒေ၀ါကို ရုပါအိ(၀ါ)ရုပါ(၀ါ) ရုမ္မနဒေ၀ီ-စသည့်အ
မည်ဖြင့် လူအများကသိရှိထားကြပါသည်။ဤအမည်များကို အချက်ပြု၍ ဤနေရာအားလုမ္ဗိနီဟု အမည်
တွင်ခဲ့ကြသည်။ ဤကျောင်းတော်၌ တည်ထားသည့်ကျောက်ရုပ်တစ်ခု၌ မိဘုရားကြီးမဟာမာယာ-က
အင်ကြင်းပင်၏အကိုင်းတစ်ခုကိုညာဘက် လက်ဖြင့် ဆွဲကိုင်ထားကြောင်းပြသထားပြီး မိဘုရားကြီး၏
လက်ဝဲဘက်ကို ခါးဝယ်တင်ထားကြောင်းပြသထားသည်။ မိဘုရားကြီးရုပ်၏ ညာဘက်တွင် ၄င်းအား
ထောက်ကူသည့် ဟန်ဖြင့် ပရဇ္ဇာပတိဂေါတမိ ရပ်နေသည့် ကျောက်ရုပ် သူဇာပုံရှိသည်။
၁၈၉၆-ခုနှစ် နိပေါနိုင်ငံ၏နယ်နမိတ်အတွင်း နိဂလိရွာ၏ အနောက်တောင်အရပ်၌ ၁၃-မိုင်အကွာတွင်
ရုမ္မနဒေယိ-အမည်ထွင်းထားသည့် နေရာတွင် အသောကမင်းတရားကြီးလက်ထက် ကာလက ကျောက်
တိုင်တစ်ခုကိုရှာဖွေ၍တွေ့ရှိခဲ့ပါသည်။ ယင်းကျောက်တိုင်မှာလည်း ဗြဟ္မီအက္ခရာဖြင့် ဗုဒ္ဓဖွါးတော်မူရာ
အရပ်ဟု ကမ္မည်းထိုးရေးသားထာခြင်းကိုတွေ့ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ခေတ်သစ်ရုမ္မာဒေယိဟူ၍ထွင်းထား
သည်ပင် ဗုဒ္ဓခေတ်က-လုမ္ဗိနီဝန-ဖြစ်ကြောင်း သက်သေခံလျှက်ရှိသည်။ ဤကျောက်တိုင်ကို ယင်းအချိန်
ကာလက သုံးလေ့သုံးထရှိသည့် ပေါ်လစ်ဆေးမျီုးဖြင့် အလွန်လှပတင့်တယ်စွာ စီခြယ်သုတ်ထားသည်။
ထိုကျောက်တိုင်မှာ ထုံးကျောက်ဖြင့်တည်ဆောက်ထားသည်ဖြစ်၍ သေးငယ်သည့်အနက်ရောင် အမဲစက်
ကလေးများထင်ရှား ပေါ်လွင်နေသည်ကိုတွေ့ရသည်။ ကျောက်တိုင်၏အလယ်တွင် အက်ကြောင်းတစ်ခု
ပေါ်နေပြီး ထိပ်ပိုင်းမှာ ပြိုကြနေကြောင်း၊ကျောက်တိုင်၏ အမြင့်သည်-၂၄-ပေရှိ၏ မြေပေါ်မှာကျောက်တိုင်
၏စက်ဝန်းသည်-၈-ပေ-၃-လက္မရှိ၍ ကျောက်စာရေးထိုးသည့်နေရာတွင် ၄င်း၏စက်ဝန်းသည်-၇-ပေ-၆-လ
က္မရှိကာ ထိပ်ပိုင်းမှာ ၆-ပေ-၆-လက္မပတ်လည်ရှိသည်။ ၁၁-ပေ-၂.၅-လက္မအမြင့်နေရာတွင် ဗြဟ္မီအက္ခရာ
နှင့် ပရာကရိ(သ်) ဘာသာစကား-၅-မျီုးဖြင့်ရေးထိုးထားပါသည်။
၁။ဒေ၀နပိယေန ပိယသိနလာဇိနာ ၀ီသတိဝဿာ ဘိသိတေန။
၂။အတန အာဂါမ မဟီယိတေ ဟိ'မေဇာတေ သကျမုနီတိ။
၃။သိလာဝိ ဂ​ဍဘီ ကာလာဝိတ သိလာစေဘေ စ ဥသပါပိတေ။
၎။ဟိ' ဘဂ၀ံ ဇာတေတိ လုမ္ဗိနီဂါမေ ဥဗလိတေ ကဋေ အဋ္ဌ။
၅။ထာဂိယေစ။
ဒီစာတွေရဲ့အနက်အဓိပ္ပာယ်မှာ( အသောကမင်းသည် မိမိနန်းစံသက် အနှစ်၂၀ ပြည့်ပြီးကာလတွင်ဤနေ
ရာသို့ ကိုယ်တိုင်ကြွရောက်ကာ  ဗုဒ္ဓမွေးဖွါးတော်မူသည့် ဤနေရာကို ဦးညွန်ပူဇော်ခဲ့သည်။မင်းကြီးသည်
ဤနေရာပတ်လည်ကို ကျောက်နံရံဖြင့်ကာရံစေ၍ အလယ်ဗဟိုတွင်ဤကျောက်တိုင်ကိုတည်ထားခဲ့သည်
သိဒ္ဓတ္ထကုမာရ(ဘုရားလောင်း) မွေးဖွါးသည့်လုမ္ဗိနီဂါမ(ရွာ) နေပြည်သူတို့အား ဘုရင့်ဘဏ္ဍာတော် အခွန်
ငွေကို ရှစ်ဖို့တစ်ဖို့သာ ကောက်ခံစေရန် အမိန့်ပြဌာန်းပေးခဲ့သည်) လုမ္ဗိနီ၌ ခေတ်သစ် ဗုဒ္ဓဘာသာကျောင်း
(၀ိဟာရ) နှစ်ကျောင်းရှိပါသည်။ ထေရ၀ါဒီ ဘုန်းတော်ကြီး ပထမ ကျောင်းကို ၁၉၅၆ ခုနှစ် ကုသိနာဂရ-နေ
ရခိုင့်အာဇာနည် ကမ္ဘာ့ သာသနာပြုအကျော် ပထမကုသိနာရုံ ဆရာတော်ဘုရားကြီး ဘိက္ခု စန္ဒြမုဏိမဟာ
ထေရ်ကြီးက တည်ဆောက်ခဲ့၍ ဒုတိယကျောင်းကို တိဘက်တို့ကတည်ဆောက်ခဲ့ကြသည်။ ဟူယင်ချန်၏
 ခရီးသွားမှတ်တမ်းစာထဲတွင် နတ်ကြီးလေးပါး အကြောင်း ဖော်ပြထားကြောင်းတွေ့ရှိနိုင်ပါသည်။ဗုဒ္ဓစာပေ
တွင် ဂါထာတစ်ခုကလည်း ဤသိုဆိုထားပါသည်။ယင်းဂါထာ၏အနက်အဓိပ္ပာယ်မှာ-ဤလေးပါးသောနတ်
တို့သည် အရပ်လေးမျက်နှာရှိ သတ္တ၀ါအပေါင်းတို့အား စောင့်ရှောင့်ကြကုန်၏။ ၄င်းတို့သည်သင်တို့၏ချမ်း
သာသုခ၊ကိုယ်စိနှစ်ပါး ကျမ္မာခြင်းနှင့် စည်ပင်သာယာကြွယ်ဝမှူ့တို့ကို အချိန်မလပ် ကြီုးစားစောင့်ရှောင့်ကြ
ပေခိမ့်မည် ဟူ၍ဖြစ်သည်။ ကဆုန်လပြည့်နေတွင် မိဘုရားကြီးမဟာမာယာမှာ သူငယ်တစ်ယောက်ကိုမွေး
ဖွါးပြီး ဤနေရာမှာပင် ကပိလသတ္ထုနန်းတွင်းသို့ပြန်သွားခဲ့လေသည်။ ကလေးသူငယ်၏ အမည်မှာ-သိဒ္ဓတ္ထ
ဟုခေါ်တွင်ခဲ့သည်။ သိဒ္ဓတ္ထမွေးဖွါးပြီး နှစ်ရက်မြောက်သည့်နေ့တွင် မိဘုရားကြီးမှာ နတ်ရွာစံရှာတော်မူလေ
သည်။ မိထွေးတော် ပရဇ္ဇာပတိဂေါတမိ-သည် သိဒ္ဓတ္ထအား ရင်ဝယ်သားကဲ့သို့ ရင်အုပ်မကွာ မွေးမြူ ကြည့်
ရှူ့ စောင့်ရှောင့်ခဲ့ရပါသည်။ နောင်တွင် ထိုသူငယ်သည် သဗ္ဗညုတဥာဏ်တော်ရရှိလာ၍ လောက သုံးပါးအ
လယ်တွင် ဗုဒ္ဓအမည်ဖြင့် ထင်ပေါ်ကျော်ကြားလာခဲ့ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ

No comments:

Post a Comment