Sunday 13 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ )

သုဒ္ဓေါဒနမင်းကြီးသည်သားတော်၏ ဇာတာခွင်ကို သိရှိရန်အလို့ငှာ ပုရောဟိတ်ပုဏ္ဏား အဇိတမုနိအား နန်း
တော်သို့ပင့်ဖိတ်ခဲ့သည်။အဇိတမုနိသည်တူတော်နာလကနှင့်အတူနန်းတော်သို့ကြွရောက်လာခဲ့လေသည်
မင်းကြီးသည် အဇိတမုနိကို ပျူငှာစွာလက်ခံလျှက် မြတ်သောနေရာထိုင်ခင်းတို့ကိုပေးတော်မူခဲ့လေသည်
အဇိတမုနိသည် မွေးဖွားလာသည့် သူငယ်မင်းသားအား ကြည့်ရှူ့ဖူးမျှော်လိုကြောင်းလျှောက်ထားသည်။
သူငယ်မင်းသားအိပ်ပျော်နေကြောင်းမင်းကြီးက မုနိအားပြန်ပြောလေသည်။ ထိုအခါအဇိတမုနိ-ကအရှင်
မင်းကြီး မဟာပုရိသတို့ဟူသည်မှာ ဘယ်သောအခါမှအိပ်ပျှော်နေသည်မဟုပ်၊အစဉ်နိုးကြားနေသည်ဟု
ပြောရင်း သူငယ်မင်းသားကို မိမိလက်ထဲထွေးပိုက်ယူလိုက်သည်။ ကလေးသူငယ်၏မှက်နှာကိုစိုက်
ကြည့်လိုက်ကာ  ၀မ်းသာအားရဖြစ်လာသည် မုနိ၏မျက်လုံးများသည် ရွှင်ပြ၍ တောက်ပြောင်လာခဲ့လေ
သည်။ ခဏအကြာမှ အဇိတမုနိသည် ငိုယိုလာသည်။မင်းကြီးသုဒ္ဓေါဒန အဇိတမုနိ၏ ထိုအမူအရာကိုမြင်
၍အံ့သြသွားသည်။ သားတော်မှာမကောင်းဆီုးဝါးကဲ့သို့ဖြစ်နေသာလားဟု စဉ်းစားစိုးရိမ်လာခဲ့လေသည်။
အဇိတမုနိသည် မင်းကြီး၏ စိုးရိမ်ပူပန်မှူ့ကိုသိလာ၍ ဤသို့လျှောက်ထားလေသည်။ အရှင်မင်းကြီး သူငယ်
မင်းသားသည် အာဇာနည် မဟာပုရိဿတို့၏ ဂုဏ်ရည်လက္ခဏာ သုံးဆယ့်နှစ်မျီုးစလုံးနှင့် ပြည့်စုံတင့်
တယ်နေပါသည်။ အကယ်၍ ဤသူငယ်သည် ဂေဟပတိတို့၏ ဘ၀ဖြင့်သာနေပါက စင်္ကြာဝတေးမင်းဖြစ်
လာနိုင်သည်။ ဂေဟပတိတို့၏ ဘ၀ကိုစွန့်ခွါ၍ သွားပါက သမ္မာသမ္ဗောဓိကိုပိုင်ဆိုင်သည့်ဗုဒ္ဓဖြစ်လာနိုင်စရာ
ဂုဏ်လက္ခဏာတို့နှင့်ပြည့်စုံကြောင်းလျှောက်ထားခဲ့သည်။ ဤသူငယ်မင်းသားသည် သမ္မာသမ္ဗုဒ္ဓ အဖြစ်ရ
ရှိလာသည့်အချိန်အထိ ငါမုနိသည် အသက်ရှင်နေနိုင်မှာမဟုပ်၊ထို့သို့ဖြစ်၍ အကျွန်နုပ်သည် ဗုဒ္ဓဘုရား၏
တရားတော်မြတ်တို့ကို ကြားနာခွင့်ရနိုင်မှာမဟုပ်ကြောင်းကို ကျွန်ုပ်မြင်၍ ငိုကြွေးနှမြော တသဖြစ်ရပါ
ကြောင်း လျှောက်ထားလေသည်။ ဆက်လက်၍ လျှောက်ထားသည်မှာ-အရှင်မင်းကြီး ဤလောကတွင် လူနတ်ဗြဟ္မသတ္တ၀ါအားလုံးတို့သည် အရှင်မြတ်ဘုရား၏တရားတော်မြတ်ကို နာကြားရ၍ လိုက်နာကျင့်
သုံးကာ ကြီးမားစွာသောအကျီုးကျေးဇူးများရရှိခံစားရပါမည်။ နောက်ဆုံး၌ အဇိတမုနိသည် အတူတကွ
ခေါ်ဆောင်လာခဲ့သည့် တူတော်နာလက ဖက်သို့ မျက်နှာလှည့်၍ အသင်နာလက သင်ဦးစွာပထမ သင်
သည် ဗုဒ္ဓ၏အရိပ်အာဝါသ (သရဏ) ကိုခိုလှုံနိုင်ဖို့အားထုတ်သွားပါ ဟုမိန့်ဆိုခဲ့ပြီး မင်းကြီးအားခွင့်ပန်
လျှက် နန်းတော်မှ ထွက်ခွါသွားခဲ့လေသည်။
                   ငယ်စဉ်ကလေးဘ၀တည်းကတည်းက သိဒ္ဓတ္ထမင်းသားသည် သီလအကျင့်ကောင်းမြတ်
သည်။တည်ကြည်သည် စဉ်းစားဆင်ခြင်သည့် သဘာဝရှိခဲ့သည်။ တစ်ခါတရံ တစ်ကိုယ်တည်းထိုင်ကာ
တွေးတောတတ်သည် ရာဇကုမာရသိဒ္ဓတ္ထ၏ ထို့အမူအရာတို့ကိုမြင်သိ၍ မင်းကြီးသုဒ္ဓါဒနက စီုးရိမ်မကင်း
ဖြစ်လာခဲ့ပါသည်။ ယောဂ၊တပသီ၊ဆာဓုတစ်စုံတစ်ယောက်၏စကားကို နားယောင်၍ သားတော်မင်းသား
နန်းစွန့်သွားမှာကို အစဉ်စီုးရိမ်ကြောင့်ကြနေမိသည်။သိဒ္ဓတ္ထမင်းသား အမြဲစိတ်ပျော်ရွှင်နေနိုင်ရေးအတွက်
ဖခမည်းတော်မင်းကြီးသည် လောကီချမ်းသာသုခ အရာရာတို့ကိုစိစဉ်ပေးထားသည်။ သို့သော်သိဒ္ဒတ္ထသ
ည် ထိုစည်းစိမ်းများအပေါ်လုံးဝမပျော်၊ ဖာသိဖာသာနေတတ်သည် လောကီစည်းစိမ်များကို ဥပေက္ခာပြု
သည့်သားတော်မင်းသား၏ အမူအရာကိုမြင်၍ အလွန်စိုးရိမ်လာသောမင်းကြီးသည် နောက်ဆုံး၌သိဒ္ဓတ္ထ
အား အိမ်ထောင်မင်္ဂလာ၏ အနှောင်အဖွဲ့ကြီုးတို့ဖြင့်ချုပ်နှောင်ထားလိုက်ရန် ဆုံးဖြတ်တော်မူခဲ့သည်။
ကောလိယဂဏနိုင်ငံ၏ ကညာပျိုယသော်ဓရာနှင့် စုလျားရစ်ပတ် အိမ်ထောင်မင်္ဂလာခင်းကျင်းပြုပေး
လိုက်တော့သည်။ သက်တော်တစ်ဆယ့်ခြောက်နှစ်အရွယ်၌ နှမတော် တစ်ဝမ်းကွဲတော်သော ယသော်
ဓရာဒေ၀ီနှင့်ရှေးထုံးတမ်းအစဉ်အလာအလျောက် စုလျားရစ်ပတ် ထိမ်းမြား၍ တစ်ဆယ့်သုံးနှစ်တိုင်တိုင်
မင်းတို့၏ စည်းစိမ်ချမ်းသာဖြင့် ခံစားနေခဲ့သည်။ ယင်းသို့အိမ်ထောင်သည်ဘ၀နှင့် နေထိုင်လျှက်ရှိနေသော်လည်းသိဒ္ဓတ္ထမင်းသားသည် အစဉ်သဖြင့် လူ
သားတရပ်လုံး၏ ဒုက္ခနှင့်စပ်ဆိုင်သည့် အကြောင်းအရာများကိုသာစဉ်းစားတွေးနေခဲ့သည်။ ထိုဆင်းရဲ
ဒုက္ခမှ ကင်းဝေးနိုင်မည့်လမ်းကြောင်းကိုသာရှာဖွေနေခဲ့သည်။နှစ်ဆယ့်ကိုးနှစ်အရွယ်ရောက်သည့်အခါ
သားရတနာတစ်ပါးရရှိခဲ့သည်။ ယသော်ဓရာမင်းသမီးက သားရတနာတစ်ပါးကို မွေးဖွါးသည့်သတင်းကို
အပျိုတော်တစ်ယောက်အား သိဒ္ဓတ္ထထံသွားရောက် သတင်းပေးစေသည်။သိဒ္ဓတ္ထမင်းသားကသားတော်
ရာဟုလာမွေးဖွါးလာသည်။ ဤသည်မှာဗန္ဓန-အချုပ်အနှောင်တစ်ခုတိုးလာသည်"ဟုပြောမိခဲ့သည်။သိဒ္ဓ
တ္ထမင်းသားသည် မိမိကိုယ်တိုင် မိမိလောကီ အနှောင်အဖွဲ့မှာ တိုး၍တိုး၍မိလာသည် အဖြစ်ကိုသိရှိ၍တ
လောကလုံးရှိ သတ္တ၀ါတို့၏ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေးနည်းလမ်းကိုရှာဖွေအံ့ဟု စိတ်ကိုခိုင်မာစွာ
သန္နိဌာန် ချကာလောကိစည်းစိမ် ကာမဂုဏ်ချမ်းသာတို့ကို အပြီးစွန်လွတ်၍တောထွက်တော်မူခဲ့သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ



No comments:

Post a Comment