Saturday 19 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၇ )

ဒေါက်တာ ဘီမရောင်းအဗ္ဗေကာ-စူးစမ်းရှာဖွေပြီး ဟိန္ဒီဘာသာစကားဖြင့် ရေးသားပြုစုထားသည့်' Who  is
untouchable'ဆိုသည့်စာအုပ်ကို လေ့လာဖတ်ရှူလျှင်"အသုရာ"ဆိုသည့်စကားလုံးကို"နာဂ"ဆိုသည့်စကား
လုံးအစား သုံးစွဲရေးသားကြောင်းထင်ရှားနေပါသည်။ဂယာသုရနာဂဘုရင်သည်ဗုဒ္ဓဘာသာဝင်တို့၏မင်းတစ်
ပါးဖြစ်ပြီးနာဂယဉ်ကျေးမူကိုစံပြုထားသောဘုရင်ဖြစ်ခဲ့ပါသည်။ ရှေ့ဟောင်းဂယာသုရမြီု့သည်ဗုဒ္ဓဘာသာတို့
၏ စံပြမြီု့တစ်မြီု့ဖြစ်ခဲ့ပါသည်။ ထိုမြီု့နှင့် ဘာသာဝင်တို့၏ ဗုဒ္ဓမြတ်စွာနှင့်ဆက်စပ်မူတို့သည်အလွန်နက်နဲခဲ့ပါ
သည်။ နိုင်ငံခြားသားများကြောင့်ဗုဒ္ဓဓမ္မသည် အိန္ဒိယ(ဘာရတ)နိုင်ငံတွင်ရှင်သန်နေကြောင်းကို ပွင့်ပွင့်လင်း
လင်းဝန်ခံရပါက မှားမည်မဟုပ်ပါချေ။ နိုင်ငံခြားမှဗုဒ္ဓဘာသာဝင်တို့၏ ထေက်ပံ့မှူဖြင့်ဗုဒ္ဓဘာသာသည်ပြန်လ
ည်ရှင်သန်ထွန်းကားလာနေသည့်အချက်ကိုလည်းငြင်းမရနိုင်ပေ။ဗုဒ္ဓဂယာသည်နိုင်ငံခြားမှဘာသာဝင်တို့အ
တွက် အလွန်တစ်ရာမြတ်နိုးဖွယ်ရာ အရပ်ဖြစ်နေလေသည်။ ဗုဒ္ဓနှင့်တရားကိုကြည့်ညိုသဒ္ဓါထားရာ မွန်မြတ်
သည့်နေရာဌာနတစ်ခုဖြစ်နေသည်။ အသောကမင်းတရားကြီးတည်ဆောက်ခဲ့သည့်မဟာဗောဓိဝိဟာရ(စေ
တိ)ကိုလည်းလာရောက်ဖူးမျော်ကြသောနိုင်ငံခြားဘုရားဖူးခရိးသည်တို့က ဗောဓိညောင်ပင်ကိုဖူးမျော်ချိန်တွ
င်လေတိုက်၍ အလိုအလျှောက်ကျလာသောဗောဓိညောင်ရွက်များကို သဒ္ဓါကြည်ညိုခြင်းကြီးမားစွာဖြင့်ကေ
ာက်ယူကြသည်။မိမိတို့နိုင်ငံသို့ပြန်သွားသည့်အခါ ဆွေမျီုးသားချင်းများအားဓမ္မလက်ဆောင်အဖြစ်ပေးကမ်း
ကြပါသည်။ ၎င်းတို့၏နေရာမှာရှိကြသည့် ဘုရားကျောင်းများ၌ ရိုရိုသေသေထား၍ကြည်ညိုကြပါသည်။
ဥရုဝေလနှင့်မနီးမဝေးတွင်သေနာနိဂုံးဟုခေါ်သောရွာတစ်ရွာရှိခဲ့သည်။ထိုရွာအနီးတွင်မြစ်ငယ်တစ်ခုစီးဆင်း
သည်မြစ်ရေမှာ အလွန်ကြည်လင်၍သန့်စင်သည် မြစ်ကမ်းတွင်ကြီးမားသည့် ပညောင်ပင်ကြီးတစ်ပင်ရှိခဲ့ရာ
သိဒ္ဓတ္ထသည် ထိုပညောင်ပင်အောက်တွင်ထိုင်ကာ ခက်ခဲသည့်အကျင့်ကိုစ၍ ကျင့်ကြံလေသည်။ကပိလဝ
တ္ထုပြည်၏ ဘုရင်မဟာနာမသကျရာဇာကို ဗုဒ္ဓသာသနာဘောင်အတွင်းဝင်စေကာ ဘယ်သောအခါမှ ဘုန်း
တန်းခိုးမပျက်ပြားနိုင်သည့် ဓမ္မရာဇာ အဖြစ်ပြောင်းပစ်လိုက်တော့သည်။ တထာဂတ ကိုယ်တော်တိုင်ကပိ
လသတ္ထု၏မင်းအဖြစ်ကို လက်မခံဘဲ လူအပေါင်းတို့၏ ကလျာကဏ အကျီုးပြုသည့် လမ်းကြောင်းပေါ်ချိ
တက်ကာ တစ်ကမ္ဘာလုံးမှ လေးစားကြည်ညိုသည့် သဿတာ(ဂုရု)၏မြင့်မြတ်ဆုံးနေရာကို ရယူခဲ့သည်။
ဤလူလောကတွင် မည်သည့်ဘုရား၊မည်သည့်ဓမ္မဂုရုတို့ကမှ ဗုဒ္ဓကိုအန်မတုနိုင်ပါ။ သို့ဖြစ်၍ ဗုဒ္ဓ၏နေရာ
သည် အမြင့်မြတ်ဆုံးနေရာဖြစ်ပြိး ကမ္ဘာဆုံးသည့်အထိ လေးစားကြည်ညိုစရာဖြစ်နေပေသည်။ ကုဋာဂါရ
၌ အနားယူနေချိန် ဗုဒ္ဓသည် သုဒ္ဓေါဒနမင်းကြီး မကျန်းမမာဖြစ်နေကြောင်း သတင်းရရှိခဲ့သည်။မင်းကြီးလ
ည်း ဗုဒ္ဓကို ဖူးမျှော်လိုသည့် စိတ်ဆန္ဒပျင်းပြနေကြောင်း သိရှိရသဖြင့် ဗုဒ္ဓမြတ်စွာသည် သံဃာအပေါင်းခြံရံ
လျှက် မိမိမြီု့၏ နီဂြောဓကျောင်းတိုက်သို့ကြွခဲ့သည်။ ထိုမှတဆင့် မဟာရာဇာမင်းကြီး သုဒ္ဓေါဒန အားတွေ့
ရန် နန်းဆောင်သို့ကြွခဲ့ပါသည် မမာမကျန်းလဲဖြစ် ဘ၀၏ နိဂုံးချုပ်ရမည့် အချိန်ကာလတွင် ဗုဒ္ဓအား ဖူးမြင်
လိုက်ရသည့်အတွက် ၀မ်းသာအားရပိတိဖြစ်ကာ မျက်ရည်များယိုစီးလာခဲ့သည်။ဗုဒ္ဓသည် မင်းကြီးအား
 တရားဒေသနာဟော၍ စိတ်တည်ကြည်စေခဲ့သည်။တထာဂတ ဗုဒ္ဓကိုယ်တော်တိုင် ကွယ်လွန်အနိစ္စရော
က်ခဲ့သည့် မင်းကြီး၏ ဈာပနကို တရားဓမ္မ ထုံးတမ်းစဉ်လာနှင့် အညီပြုလုပ်ပေးခဲ့ပါသည်။ သကျာအမျီုးအ
နွယ်မှဆွေမျီုးသားချင်းများအား တရားဘာဝနာပွားများကြရန် ဒေသနာတော်များချီးမြှင့်ကာ ဝေသာလီသို့
ထွက်ခွါသွားလေသည်။

                       ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂယာ

ဗုဒ္ဓဂယာသည် အိန္ဒိယနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးရှိ ဗုဒ္ဓဘာသာဝင်တို့အတွက် အမွန်မြတ်ဆုံးနေရာဌာ
နတစ်ခုဖြစ်၍ ဖူးမျှော်ဖွယ်ရာ အရပ်ဒေသဖြစ်သည်။ အစ္စလာမ်ဘာသာဝင်တို့အတွက် မက္ကာ-မီနာ၊ ခရစ်
ယာန်တို့အတွက် ဗေထလဟမ-ကအရေးပါသလ ဗုဒ္ဓဘာသာဝင်တို့အတွက် ဗုဒ္ဓဂယာမှာထပ်တူထပ်မျှအ
ရေးပါသည်။ ဤနေရာသည် ဗုဒ္ဓဘာသာသမိုင်းဝင်နေရာဖြစ်ရသည့်အကြောင်းမှာ သိဒ္ဓတ္ထမင်းသား ဤနေ
ရာအရပ်မှာ ဗုဒ္ဓအဖြစ်ကိုရရှိခဲ့၍ဖြစ်ပါသည်။ ဗုဒ္ဓအဖြစ်ကိုရရှိလာသောမြတ်စွာဘုရားသည် လူသားများအ
တွက်သာမက သတ္တ၀ါအားလုံးတို့၏ အကျီုးကျေးဇူးကို ဆောင်ရွက်သွားခဲ့သည်။ ဗုဒ္ဓပြခဲ့သည့်တရားဓမ္မတို့
မှာ ခတ်သိမ်းသောသတ္တ၀ါအပေါင်းတို့၏ အကျီုးကျေးဇူးကိုဆောင်ရွက်နိုင်စွမ်းရှိပါသဖြင့် တစ်ကမ္ဘာလုံးရှိ
လူအများတို့က ဗုဒ္ဓဘာသာကို လေးစားကြည်ညိုလက်ခံယုံကြည်ကြသည်။ ဤနေရာသည် ဘိဟာရ်ပြည်
နယ် ဂယာမြီု့မှ -၁၂ ကီလိုမိတာခန့်ဝေးကွာသောအရပ်၌တည်ရှိသည်။ ဂယာမြီု့မှ ဘတ်(စ်)ကားဖြင့် အလွ
ယ်တကူသွားရောက်နိုင်သည်။ဗုဒ္ဓဂယာသည် ဂယာဇနပဒ(ခရိုင်)မှာပါဝင်သည်။ဂယာမြီု့သည်ဗုဒ္ဓမပွင့်သေး
မိကရှေ့ဟောင်းမြီု့တစ်မြီု့ဖြစ်သည်။ဤနေရာတွင် ဂယာသုရအမည်ရှိသော အသုရမင်းတစ်ပါးအုပ်ချုပ်မင်း
ပြုခဲ့ပါသည်။ အသုရတို့သည် အမှန်စင်စစ် နာဂမျီုးနွယ်မှလူများကိုပင်ဆိုထားချင်းဖြစ်သည်။ ထိုအကြောင်း
များကြောင့် ဂယာမြီု့သည် ဘာသာရေးနှင့် သမိုင်းရေးရာတို့အတွက် အရေးပါသောမြီု့တစ်မြီု့ဖြစ်နေသည်။
ဗုဒ္ဓဂယာ၏ ဆက်စပ်မှူ့သည်ဂယာနှင့်ခေတ်ဟောင်းကတည်းကရှိနေခဲ့သည်။ ခေတ်ဟောင်းကဂယာသည်
နာဂမင်းဆက်တို့၏ မြီု့ဖြစ်သည်။နာဂမင်းဆက်တို့၏ အုပ်ချုပ်မှူ့စနစ်သည် အလွန်မွန်မြတ်သည်ကိုသိဒ္ဓတ္ထ
သည် သိရှိခဲ့သည်။ ဤနေရာတွင် ဗောဓိပင်အောက်၌ သဗ္ဗညုတဥာဏ်ကို၇ရှိခဲ့လေသည်။ ဂယာမြီု့နှင့်နီး
ကပ်နေသည့်အရပ်ဖြစ်သဖြင့် ဗုဒ္ဓဂယာ ဟူ၍အမည်တွင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ ဤနေရာဌာနသည်ဗုဒ္ဓ
ဘာသာဝင်တို့အတွက် အမွန်မြတ်ဆုံးနေရာဌာနဖြစ်လာသည်။ ဂယာမြီု့၏ ရှေ့ဟောင်းသမိုင်းကိုလေ့လာ
ကြည့်ရှု့သည့်အခါ နာ၈မင်းဆက် အသုရဘုရင် ဂယာသုရသည် ဓမ္မဘာဝနာတို့ကို ပွားများသောမင်းတစ်
ပါးဖြစ်ကြောင်းကိုလည်း သိရှိနိုင်သည်။ ဂယာသုရမင်းသည်ဂယာမြီု့၌လည်း ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်များ
ကိုတည်ဆောက်ခဲ့ကြောင်းတွေ့ရှိနိုင်ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ

No comments:

Post a Comment