Thursday 17 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၆ )

ယသော်ဓရာသည် ဗုဒ္ဓအား ခုနှစ် နှစ်တာ အချိန်ကြာညောင်းလာခဲ့သည်အထိ တစ်ကြိမ်မှမတွေ့ရှိခဲ့ချေ။
ဗုဒ္ဓကိုမြင်လျှင် ခြေတော်အစုံကိုနဖူးဖြင့်ထိကာ အရိုအသေပြုပြီး ငိုသံဖြင့် ဤသို့လျှောက်ထားလေသည်။
"အရှင်ဘုရား၊ တပည့်တော်မသည် တနေ့တွင် အစာဘောဇဉ်ကို တစ်ကြိမ်တည်းစားသောက်ကာ ဇနီး
သည်တို့၏ ၀တ္တရားအပြည့်အ၀ ဆောက်တည်ခဲ့ပါသည်။ သားတော်မင်းသား ရာဟုလာအားလည်းအိမ်
ရှေ့နန်းဦးနန်းလျာတို့၏တာဝန်ကျင့်စဉ်နှင့်အညီမွေးမြူ စောင့်ရှောက်ထားပါ၏"။ပြီးနောက်သားတော်ရာ
ဟုလာအား အနီးအနားသို့ခေါ်၍ ဤသိုဆို၏" ချစ်သားရာဟုလာ၊ ရဟန်းသံဃာအပေါင်း၏ အကြီးအကဲ
သူရဲကောင်းယောင်္ကျားများ၏ ရှေ့ဆောင်မြတ်ဗုဒ္ဓသည်သားတော်ဖခင်ဖြစ်သည်။မိမိဖခင်ထံချဉ်းကပ်ကာ
အမွေတောင်းခံလော့"ဟုဆို၏။ ရာဟုလာအမွေတောင်းခံလာသည်ကို သိ၍မည်ကဲ့သို့သောအမွေကိုပေး
ရပါမည်နည်း-ဟူ၍ဗုဒ္ဓသည်စဉ်းစားလိုက်သည်။ရုပ်ဝတ္ထုပေးစရာငါ့မှာမရှိ။သို့သော် ငါသည်ရာဟုလာအား
ဘယ်သောအခါမျှ မကုန်နိုင်သည့်(အက္ခယနိ) ဗုဒ္ဓအနွယ်ဝင်တို့၏ အရာကိုထုံးတမ်းစဉ်လာနှင့်အညီပေး
ရမည်ဖြစ်သည်။ ဗုဒ္ဓသာ် သာရိပုတ္တရာဖက်သို့လှည့်၍ ရာဟုလာသားငယ်အား ဗုဒ္ဓသံဃ၌ သွတ်သွင်းရန်
မိန့်ကြားလိုက်၏ ရှင်သာရိပုတ္တရာကဗုဒ္ဓ၏ မိန့်ကြားချက်နှင့်အညီရာဟုလာအားရှင်ပြုပေး၍ မိမိ၏တပည့်
အဖြစ်သံဃာဘောင်အတွင်းသို့ချီးမြင့်တော်မူလေ၏ သာကိဝင်တို့သည် ဗုဒ္ဓသံဃ အတွက် များပြားသော
ကျောင်းတော်များကိုတည်ဆောက်ပေးခဲ့ကြသည်။ ၎င်းတို့အနက်နိဂြောဓကျောင်းတိုက်မှာအထင်ရှားဆုံး
ကျောင်းတိုက်ဖြစ်ပါ၏။ ဗုဒ္ဓ ဓမ္မ ပြန့်ပွါးရေးအတွက် သာကိဝင်တို့၏ ထောက်ပံ့ ကူညီမှူ့များသည်လည်းအ
လွန်ကြီးမားပါ၏။ နိဂြောဓရာ မဟာဝိဟာရကျောင်းတိုက်ကို နိဂြောဓအမည်ရှိ သာကိဝင်တစ်ဦးကတည်
ဆောက်၍ ဗုဒ္ဓ၀ံဃ၏ အကြီးအကဲကို လှူဒါန်းခဲ့သဖြင့် ၎င်းကျောင်းတို့က်ကို နိဂြောဓာရာမကျောင်းတိုက်
ဟူ၍ အမည်တွင်ခဲ့သည်. ကပိလ၀တ္ထုမြီု့တွင် ထိုကျောင်းတိုက်ပျက်ကို ယနေ့ထိမြင်တွေ့နိုင်ပါသည်။ထို
ကျောင်းပျက်နေရာမှ မီတာ-၅၀၀-ခန့်ဝေးကွာသည့်နေရာတွင်သုဒ္ဓေါဒနမင်းကြီး၏နန်းတော်ပျက်အကြွင်း
အကျန်ကိုလည်း မြင်တွေ့နိုင်သည်။ သီရိလင်္ကာနိုင်ငံမှ ပြည်သူ ဒါယကာ၊ဒါယကာမတို့၏ အလှူဒါနဖြင့်
ထိုနိဂြောဓ ကျောင်းတိုက်ပျက်၏ အနီးအနားတွင် ကျောင်းတိုက်သစ်တစ်ခုကိုတည်ဆောက်ထားသည်
ဒေသခံလူများ၏ ကလေးသူငယ်များပညာသင်ကြားနိုင်ရန်စာသင်ကျောင်းတစ်ကျောင်းကိုလည်းတည်
ဆောက်လှူဒါန်းထားကြောင်းသိရပါသည်။
      မြတ်စွာဘုရားသည် တတိယအကြိမ်မြောက်လည်း  ကပိလ၀တ္ထုသို့ ကြွရောက်ခဲ့ဖူးကျောင်းဗုဒ္ဓစာ
ပေကျမ်းဂန်တို၌ ရေးသားဖော်ပြထားပါသည်။တစ်ခါကဗုဒ္ဓသည်သာဝတ္ထိပြည်မှတရားဒေသနာများဟေ
ာကြားရန် ကပိလ၀တ္ထုပြည်သို့ကြွရောက်တော်မူခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာသည် သံဃာတော်များနှင့်အတူ
 နိဂြောဓကျောင်းတိုက်တွင် ၀ါဆိုတော်မူခဲ့ပါသည်။ ထိုအချိန်က ဒေ၀ဒတ်၏ ညီအကိုတစ်ဝမ်းကွဲဖြစ်သူ
မဟာနာမမင်းကြီးသည် ကပိလ၀တ္ထုပြည်ကို အုပ်စီုးမင်းပြုနေသည့်အချိန်ဖြစ်သည်။တထာဂတမြတ်ဗုဒ္ဓ
မိန့်မြွတ်ကြားသာ့်တရားဓမ္မတို့မှာ သာကိဝင်တို့အား အထူးသြဇာသက်ရောက်မှူ့ရှိခဲ့ပါသည်ကပိလ၀တ္ထု
ပြည်မှ သကျအနွယ်ဝင်တို့ကလည်း ဗုဒ္ဓတရားဓမ္မကိုလေးစားမြတ်နိုး သက်ဝင်ယုံကြည်လာခဲ့ကြသည်။
မဟာနာမ မင်းကြီးကိုယ်တော်တိုင်က ဗုဒ္ဓ၏ တရားဓမ္မကိုမြတ်နိုးလာ၍ နန်းစွန့်လျှက် ဘိက္ခုသံဃ(ရဟ
န်းဘောင်သို့)၀င်လာတော့သည်။ယသော်ဓရာ၊ ရာဟုလာ နှင့်မိထွေးတော်ပရဇ္ဇာပတိ ဂေါတမိတို့လည်း
ဗုဒ္ဓဘာသာ တရားဓမ္မဘောင်အတွင်းသို့ အသီးသီးဝင်လာခဲ့ကြသည်။ ဗုဒ္ဓသည်အမျီုးသ္မီးများကိုလည်း
ဓမ္မဘောင်သို့ ၀င်ခွင့်ပြုကာ-ပထမဦးစွာ ဘိက္ခုနီသံဃအဖွဲ့ကိုဝေသာလီမြီု့မှာ ဖွဲ့စည်းတည်ထောင်ပေးခဲ့
တော်မူသည်။ ဗုဒ္ဓသည် မိမိ၏တရားဒေသနာတော်တွင် အကြောင်းအရာနှစ်ခုကို ပွင့်လင်းစွာမိန့်ကြား
ခဲ့ရာတွင် ဤသို့ဆို၏ " ချစ်သားရဟန်းတို့ငါဘုရားသည်သင်တို့အားအကြောင်းတရားနှစ်ခုကိုသာဟော
ကြားသင်ပြသည်။ ဒုက္ခနှင့်ဒုက္ခမှလွတ်မြောက်ခြင်း ဤအချက်နှစ်ခုဖြစ်သည်"။ ၀ိမုတ္တိ(လွတ်မြောက်ခြင်း
)ဆိုသည့်ဝေါဟာရကို လူအများက အမျီုးမျီုးအဓိပ္ပာယ်ဖွင့်ကာမှားယွင်းစွာသုံးစွဲလာသည်မှာယနေ့တိုင်
ပင်ဖြစ်သည်။ ဥပမာတစ်ခုနှင့်ရှင်းပြမည်ဆိုပါက-ထောင်သောင်းမြောက်များစွာသော ဟိန္ဒိုဘာသာဝင်
တို့မှာ-နှစ်စဉ်နှစ်တိုင်း ဂယာ သို့ရောက်ရှိလာကာ မိမိတို့၏ သေဆုံးသွားခဲ့သောဘိုးဘွားများအားဝိမုတ္တိ
(လွတ်မြောက်ခြင်း) (သို့)မောက္ခ(နိဗ္ဗာန်) ရရှိနိုင်ရန်(ပိဏ္ဍဒါန)ခေါ် အလှူဒါနပြုလုပ်ကြလေ၏ ပွင့်ပွင့်
လင်းလင်းဝန်ခံပြောဆိုရမည်ဆိုပါက-ထို့သို့သောအပြုအကျင့်သည် ဗုဒ္ဓဂယာကိုဆန့်ကျင်ပြီး လုပ်သော
ဗြဟ္မဏတို့၏ စဉ်းလဲမှူ့တရပ်သာဖြစ်သည်။သို့ဖြစ်ပါ၍ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ကြသည့်လူများ
အားလုံးတို့ကို စာရေးသူအနေဖြင့် ပြောလိုသည်မှာ-နာဂရာဇာ ဂယာသုရ-ပြုခဲ့သမျှ ဓမ္မအလုပ်(တရား
ဓမ္မအ၀၀တို့ကို) မြေမြုတ်ပစ်ရန်-ဗြဟ္မဏပန္ဒေပူဇာရီ-တို့က ပိဏ္ဍဒါန-ဆို့သည့် ထုံးတမ်းစဉ်လာ တစ်ခုကို
သွတ်သွင်းခဲ့ခြင်းဖြစ်နိုင်သည်။ထို့မျှမက-"ဂယာမြီု့"၏ရှေ့ဟောင်း အမည်နာမမှာ ဂယာသုရဖြစ်သည်။ဂ
ယာသုရမင်းသည် နာဂမျီုးနွယ်မှ မင်းတစ်ပါးဖြစ်သည်။နာဂယဉ်ကျေးမှူ့နှင့် နာဂမျီုးနွယ်တို့ကိုအသုရ-ဟု
ဆိုကာ စော်ကားထားခြင်းဖြစ်သည်။ ဂယာသုရမင်းပြုလုပ်ခဲ့သည့် တရားဓမ္မ အားလုံးကိုပယ်ဖျက်လိုက်
သည့် စဉ်းလဲမှူ့တစ်ခုအောက် အဖျက်သမားတို့က"ဂယာသုရ"နာမည်မှသုရ(ရဲရင့်တည်ကြည်သူ)စကား
လုံးကိုဖြုတ်၍လက်ရှိ အမည်ဂယာသာခေါ်တော့သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ



No comments:

Post a Comment