Saturday 26 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၉ )

သိဒ္ဓတ္ထဂေါတမက ငါသည် ပရမဥာဏ်မရမချင်း ဤကုဿာသန(ထိုင်ခင်း) ကိုစွန့်လွတ်တော့မည်မဟုပ်ဟု
အခိုင်အမာစိတ်ပိုင်းဖြတ်ထားလိုက်လေသည်။သိဒ္ဓတ္ထမင်းသား သန္နိဌာန်ချမှတ်ထားသည်နှင့်အညိ ထိုညေ
ာင်ပင်အောက်၌ကဆုန်လပြည့်နေ့တွင် ပရမဥာဏ်ကိုရရှိခဲ့လေသည်။ဤနေရာသည်ဂယာနှင့်နီး၍ဗုဒ္ဓဂယာ
ဟုအမည်တွင်ခဲ့သည်။ထိုနေ့မှစ၍သိဒ္ဓတ္ထဂေါတမကိုဗုဒ္ဓဟုခေါ်လာခဲ့ကြလေသည်။ထိုဗုဒ္ဓဘုရားသည်ကမ္ဘာ
တစ်ဝှမ်းကျော်ကြားခဲ့ပါသည်။ထိုညောင်ပင်သည်လည်းဗောဓိပင်အဖြစ်သို့အများကိုးကွယ်ကြည်ညိုစရာဖြစ်
လာပါသည်။ထိုအပင်၏အကိုင်းတစ်ခုကို အသောကမင်း၏သားတော် မဟိန္ဒရက သီရိလင်္ကာပြည်သို့သယ်
ဆောင်သွား၍ အနုရုဒ္ဓ ပူရမှာစိုက်ထားခဲ့သည်။အနုရုဒ္ဓပူရမှာ စိုက်ပျီုးခဲ့သည့်ထိုညောင်ပင်သည်ယနေ့ကမ္ဘာ
မှာ သက်တမ်းအကြီးဆုံး အပင်အဖြစ်သပ်မှတ်ခံထားရသည်။ ဗောဓိပင်၏ကိုင်းတစ်ခုကို ရှင်အာနန္ဒာသည်
သာဝတ္ထိ(ဿရာဝသီ) သို့သယ်ဆောင်သွား၍ ဇေတ၀န်ကျောင်းဝင်းမှာစိုက်ပျီုးခဲ့သည်။ထိုအပင်ကိုအာနန္ဒာ
ဗောဓိ-ဟုခေါ်ကြသည်။  ဒေလီမြီု့၌ အမ္မဘေက-၏အဆောက်အဦး ခြံဝင်းအတွင်းရှိနေသည့် ဗောဓိညောင်
ပင်သည်လည်း ဗောဓိပင်၏ အစွယ်အပွါးဖြစ်သည် နယူးဒေလီ ဗုဒ္ဓဇာန္နတိ ဥယျဉ်ခြံဝင်းတွင်လည်း ဗောဓိ
ညောင်ပင်၏ အစွယ်အပွါးအပင်ကိုမြင်တွေ့နိုင်သည်။ဗောဓိညောင်ပင်၏အစွယ်အပွါးအပင်များ ကမ္ဘာ့နိုင်ငံ
အတော်များများတွင် စိုက်ပျီုးထားကြောင်းလေ့လာသိရှိနိုင်သည်။ ဗုဒ္ဓသည် ရွှေဥာဏ်တော်ကိုရရှိပြီးနောက်
၇-နေရာတို့တွင် ရွေ့ပြောင်းကာ တစ်ပတ်စီသီတင်းသုံးတော်မူခဲ့သည်။ ဗုဒ္ဓစာပေတွင် ထိုရကိပတ် ၇-ပါးတို့
ကိုဤသို့ရေးသားဖော်ပြထားသည်= ယင်းဌာနများကို သတ္တသတ္တာဟ-ဟူ၍မှတ်သားထားကြသည်။
( ၁ )ပလ္လင်္ကသတ္တာဟ( ၂ )အနိမိသသတ္တာဟ( ၃ )ရတနာစင်္ကမသတ္တာဟ( ၄ )ရတနဃရသတ္တာဟ( ၅ )
အဇပါလသတ္တာဟ( ၆ )မုစလိန္ဒသတ္တာဟ( ၇ )ရာဇာရတနသတ္တာဟ။.....ပထမအပတ်*ပထမအပတ်တွင်
ဗုဒ္ဓသည် ဗောဓိပင်အောက်၌ပင်ထိုင်တော်မူ၏။ထိုအပင်တွင် ၀ိမုတ္တိတရားထဲ၌ မွေ့လျော်ခဲ့သည်။ ဒုတိယ
အပတ်တွင်*ဗုဒ္ဓသည် အရှေ့မြောက်အရပ်ကို လျှောက်သွားကာ တစ်နေရာမှာ မတ်တပ်ရပ်လျက်ကုဿန
ထိုင်းခင်းနှင့် ဗောဓိပင်တို့အားကြည်နူးစွာကြည့်၍နေသည် ။ ထိုနေရာ၌ အသောကမင်း၏မိဖုရားတစ်ဦးဖြ
စ်သူ စာရုဝါဏီက မန္ဒြိရ်ဘုရားကျောင်းတစ်ကျောင်းကို တည်ဆောက်ခဲ့သည်။ တတိယအပတ်*ဗုဒ္ဓသည်
အနိမေက္ခကျောင်းတော်နှင့် ၀ဇ္ဇရာဿနတို့အကြား စကြံင်္လျောက်၍ တရားဘာဝနာပွါးများကာကုန်ဆုံးခဲ့
သည်။ မဟာဗောဓိဘုရားကျောင်၏ မြောက်ဘက်နံရံတွင် တဆက်တည်း တည်ဆောက်ထားသော အလျ
ားပေ-၆၀-နှင့် အမြင့် ၃-ပေရှိ သောအုတ်ဖြင့်ပြုလုပ်တည်ဆောက်ထားသည့်ဗုဒ္ဓစကြံင်္လျောက်ခဲ့သည့်နေရာ
ကိုဖော်ပြထားပါသည်။ ဤစကြံင်္အထိမ်းအမှတ်ပေါ်ကြာပွင့်ပမာမြင်ရပါသည်။ စတုတ္ထအပတ်*ရတနကျက္ကရ
စေတီမှ အနောက်ဘက်အရပ်မှာ ထိုင်၍ဗုဒ္ဓသည် ပဋ္ဋိစ္စသမုပ္ပါဒ်တရားတော်ကို လေ့လာတော်မူ၏။ဤနေရာ
တွင် ရတနာဃရစေတီကို တည်ထားသည်။ ထိုစေတီကို စေတီငယ်များဖြင့်ခြံရံထားသည်။ ထိုစေတီကျော
င်းတော်မှ အမီုးအကာ ခေါင်းလွတ်သည်။ထိုစေတီကျောင်း အလျား-၁၄ ပေရှိ၍ အနံမှာ ၁၁-ပေရှိပါသည်။
ယခုအချိန်တွင်ထိုစေတီကျောင်း၏ အုတ်နံရံများသာကြွင်းကျန်တော့သည်ကိုတွေ့မြင်ရသည်။ ပဉ္စမအပတ်
*ဗုဒ္ဓမြတ်စွာဘုရားသည် ပဉ္စမအပတ်တွင် အဇပါလခေါ် နိဂြောဓ ပညောင်ပင်အောက်တွင်ထိုင်ခဲ့သည်။ထို
အပင်အောက် ဆိတ်မွေးသူများနေထိုင်ခဲ့ကြသည်။ဆိတ်မွေးသူများကိုအကြောင်းပြု၍ ဤအပင်ကို အဇပါ
လဟုခေါ်ခဲ့ကြသည်။ဤအပင်အောက်တွင် ဗုဒ္ဓသည် ဗြဟ္မဏတို့လည်း မွေးဖွါးကတည်းက သုန္ဒရဖြစ်ကြေ
ာင်း မိန့်တော်မူခဲ့သည်။ ဆဋ္ဌမအပတ်* ဗုဒ္ဓသည် ဆဋ္ဌမအပတ်ကို မုစလိန္ဒအပင်အောက်၌ ထိုင်တော်မူသ
သည်။ ထိုအပင်နားမှာ မုစလိန္ဒရေအိုင်ရှိသည်။မဟာဗောဓိ ၀ိဟာရစေတီတော်၏ တောင်ဘက်တစ်မိုင်ခန့် ကွာဝေးသည့်နေရာတွင် ရှိသော မုရိနရေကန်သည် မုစလိန္ဒေ၇အိုင်နေရာဖြစ်ကောင်းဖြစ်နိုင်သည်။ဤအပ
င်အောက်၌ ဗုဒ္ဓထိုင်နေစဉ်က လေမုန်တိုင်းကြီးတိုက်လာကာ မိုးသည်းထန်စွာရွာခဲ့၏။ ထိုလေမုန်တိုင်းကြီး
ဘေးရန်မှ ဗုဒ္ဓအား မုစလိန္ဒအမည်ရှိ နာဂအနွယ်ဝင်လူတစ်ဦးမှ အကာအကွယ်ပေး၍ စောင့်ရှောင့်ခဲ့ပါသ
ည် ထိုဘုမ္မိနေရာသည် မုစလိန္ဒ ပိုင်နေရာဖြစ်ခဲ့သည်။ လေဘေးကျလာသည့်အခါ မုစလိန္ဒနာဂသည် မိမိ
တာဝန်ဝတ္တရားကို ကောင်းမွန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ သတ္တမအပတ်*ဗုဒ္ဓသည် သတ္တမအပတ်
ကို ရာဇာယတနပင်အောက်၌ထိုင်ကာ ၀ိပဿနာတရားများကိုရှူ့မြင်ခဲ့သည်။ထိုအပင်သည်ဗောဓိညောင်
ပင်၏တောင်ဘက်တွင် တည်ရှိခဲ့သည် ဤအပင်နေရာတွင် သဖုဿနှင့်ဘလ္လိက အမည်ရှိသော မြန်မာ
ကုန်သည်တို့က  ဗုဒ္ဓအား မုဓ်ပိဏ္ဍက ဆွမ်းကပ်ခဲ့ကြသည်(ဤနေရာတွင် စာရေးသူပြောလို့သည်မှာ ဗုဒ္ဓ
အား အဦးဆုံးဆွမ်းကပ်သူများမှာ မြန်မာနိုင်ငံမှာ ကုန်သည်ညီနောင်သာဖြစ်ပါသည် သုဇာတာကဗုဒ္ဓမဖြစ်
မိ ဘုရားလောင်းဘ၀ကသာလှူသောသူဖြစ်ကြောင်းကို နားလည်သဘောပေါက်စေချင်သည်  ထိုကုန်သ
ည်ညီနောင် နှစ်ဦးတို့ကား ဘုရားရတနာနှင့်တရားရတနာကိုသာရရှိခဲ့လေသည် အဘယ်ကြောင့်ဆိုသော်
ထိုအချိန်က သံဃာရတနာမပေါ်သေးကြေင့်ဖြစ်သည်) ထိုကုန်သည် နှစ်ဦးတို့သည် ဗုဒ္ဓနှင့်ဓမ္မ၏ အရိပ်
အာဝါသကို ဤနေရာ၌ခိုလုံကာ ဥပသကာအဖြစ်တည်ခဲ့ကြသည်။ ထိုအချိန်၌ စောစောကစာရေးသူပြော
ခဲ့သလို့ ဗုဒ္ဓသားတော် သံဃာတော်များမပေါ်သေးချေ။ ထို့ကြောင့် ကုန်သည် နှစ်ဦးသည် ရတနာ နှစ်ပါး
တွင်သာခိုလှုံခဲ့ရသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ



No comments:

Post a Comment