Wednesday 30 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၁၀ )

ခြောက်နှစ်တာကာလခိုင်မြဲသည့်လုံ့လ၀ီရိယတို့ဖြင့် ကြီုးစားအားထုတ်ကာဗုဒ္ဓသည် ဗောဓိဥာဏ်ကိုအောင်
မြင်စွာ ရရှိတော်မူသည် ။ ဗောဓိဥာဏ်ကိုရရှိတော်မူသည်မှာ-ဗုဒ္ဓသည် ဘ၀နှင့်ဘ၀၏ အဓိပ္ပါယ်အလုံးစုံကို
သိရှိလာတော်မူကြောင်းကိုဆိုလိုပါသည်။ဒုက္ခနှင့်ဒုက္ခမှလွတ်ကင်းမှူ ပေးစွမ်းနိုင်သည့်သစ္စာတရားများကို
သိရှိလာတော်မူသည်။ ဖြစ်ခြင်း ပျက်ခြင်း(ဥဒယဗယတရား)တို့၏ ယထာဘူတသဘောတရားတို့ကိုသိမြင်
တော်မူခဲ့သည်။ ပဋိစ္စသမုပ္ပါဒ် အကြောင်းကြောင့်အကျီုးဖြစ်သည့် တရားစစ်တရားမှန်ကိုသိလာခဲ့တော်မူသ
ည် ထိုဥာဏ်တော်(အသိ)ကိုပင် ဗုဒ္ဓစာပေနှင့် ဗုဒ္ဓဘာသာတို့၌ ဗောဓိဥာဏ်(၀ါ) ဗုဒ္ဓတ္တ၀(ဗုဒ္ဓ) အဖြစ်ဟုခေါ်
ဝေါ်ကြပါသည်။ ဥရုဝေလတော၌ဖလ်ဂူမြစ်ကမ်းပါး၌ ဥရုဝေလကဿပ၊ဂယာကဿပ၊နှင့် နဓီကဿပအမ
ည်ရှိကြသည့် ညီအကိုသုံးယောက်နေထိုင်ခဲ့ကြသည်။ ၎င်းတို့မှာဗာရာဏသီပြည်သားများဖြစ်ကြသည်။အ
ကိုအကြီးဆုံးဖြစ်သူ ဥရုဝေလကဿပမှာတပည့် ငါးရာရှိခဲ့သည်။ နဓီကဿပ မှာတပည့်သုံးရာ နှင့် ဥရုဝေ
လကဿပမှာတပည့် နှစ်ရာကျော်အသီးသီးရှိကြလေသည်။သုံးဦးစလုံးမှာ အဂ္ဂိနိဟိုတရီပူဇာရီများဖြစ်ကြ
ကုန်၏။ဥရုဝေလကဿပမှာအလွန်တရာထင်ပေါ်ကျော်ကြားခဲ့သည့် မီးကိုးကွယ်သည့် ယောဂီတစ်ပါးဖြစ်
သည်။ အရှင်မြတ်ဗုဒ္ဓသည် ဥရုဝေလ၏ကျော်ကြားမှူ့ကိုကြားသိ၍တနေ့သောအခါ ၎င်းတို့ရှိရာသို့ကြွတော်
မူခဲ့သည်။ဥရုဝေလယောဂီသည် ဗုဒ္ဓနှင့် တတ်ကျွမ်းထားသည့် သျှာထရကျမ်းကိုးကျမ်းကားများမှတရားဓမ္မ
တို့ကို အချေအတင်ပြောဆိုခဲ့ကြသည်။ ဗုဒ္ဓတင်ပြဟောပြောသည့်တရားသဘောများကိုကြားနာရ၍ ဥရုဝေ
လသည်နောက်ဆုံး၌ ဗုဒ္ဓမြတ်စွာထံ တပည့်ခံယူလေသည်။ထိုအဖြစ်ကိုသိရှိကြ၍ ညီဖြစ်သူ နှစ်ယောက်တို့
ကလည်းဗုဒ္ဓ၏ တပည့်အဖြစ်ခံယူခဲ့ကြသည်။ ၎င်းတို့ညီအကိုသုံးယောက်ထံ တပည့်ခံလျက်တရားကျင့်ကြံ
အားထုတ်ခဲ့ကြသည့် တပည့်ပေါင်းတစ်ထောင်တို့ကလည်း ဗုဒ္ဓ၏တပည့်အဖြစ်ကိုခံယူခဲ့ကြလေသည်။
    အိန္ဒိယနိုင်ငံ ဘာရတမြေပေါ်ရှိ ဗုဒ္ဓဘာသာနှင့်စပ်လျဉ်းသည့် သန့်စင်မွန်မြတ်ဖူးမြင်ရာနေရာအဆောက်
အဦးများကိုအနောက်မြောက်အရပ်ဒေသမှ အိန္ဒိယနိုင်ငံသို့ ကျူးကျော်ဝင်ရောက်လာသည့် မူဆလင်ဘုရင်
(အုပ်ချုပ်မူများ)က ၎င်းတို့ကြိုက်နှစ်သလို တိုက်ခိုက်ဖျက်ဆီးခဲ့ကြသည်။ ထိုအကြောင်းအရာများကြောင့်
ဗုဒ္ဓဘာသာသည့် အိန္ဒိယနိုင်ငံတွင်ပျက်သုန်းလာခဲ့ရပါသည်။ ဗြဟ္မဏတို့ကလည်း ဗောဓိညောင်ပင်ကိုခုတ်
လှဲခြင်း၊ဖျက်ဆီးခြင်း စသည့်အလုပ်မျီုးကို လုပ်ခဲ့ကြပါသည်။ဗုဒ္ဓဘာသာဝင်အများတို့မှာ-တိဘက်၊တရုတ်၊
မြန်မာ၊ဂျပန်၊ယိုးဒယား၊သီဟို၌-စသည့်နိုင်ငံများဘက်သို့ ထွက်ခွါသွားကြလေသည်။ဗုဒ္ဓဘာသာတို့အတွက်
ဖူးမျှော်ရာအရပ်တို့၏ အရေးကြီးပုံတို့မှာ တဖြည်းဖြည်းလျော့နည်းပါးလာခဲ့လေသည်။ ဘာရတနိုင်ငံမှထွက်
ခွါသွားခဲ့ကြသည့် ရဟန်းတို့သည် ၎င်းတို့ရောက်ရှိခဲ့သည့်နေရာဒေသတို့တွင် ဗုဒ္ဓဘာသာနှင့်တရားတို့ကို
တတ်အားသမျှပြန့်ပွါးရေးအတွက် ကြီုးပမ်းအားထုတ်ခဲ့ကြသည်။ ထို့ဘုန်းတော်ကြီးများကြီုးပမ်းအားထုတ်
မှူ့တို့ကြောင့် နိုင်ငံခြားမှဗုဒ္ဓဘာသာဝင်တို့က မိမိတို့ကီုးကွယ်ရာ သန့်စင်မွန်မြတ်သည့်အရပ်နေရာများကို
ကြည့်ရှူ့ဖူးမျှော်ရန် တစတစတိုး၍တိုး၍ကြီုးပမ်းလာခဲ့ကြလေသည်။ ၁၈၉၁-ခုနှစ်၊ဇန်န၀ါရီလ-၂၂ နေ့တွင်
သီဟို၌ကျွန်းမှ ဓမ္မပါလ မထေရ်သည် ဗုဒ္ဓဂယာကိုဖူးမျှော်ရန် ရောက်ရှိလာခဲ့သည်။ ထိုအချိန်က ဤနေရာ
တ၀ုက်မှာ သျှီဝ နတ်ကိုးကွယ်သူများက သြဇာ ညောင်းလျှက်ရှိသည်။ မဟာဗောဓိဝိဟာရကျောင်းနှင့်ပတ်
ဝန်းကျင်တွင်တည်ရှိသော ဗုဒ္ဓဘာသာ အဆောက်အအုံတို့၌ ဗုဒ္ဓကိုဆန့်ကျင်သည့် ပူဇော်ခြင်းအမျီုးမျီုးတို့
ကို ပြုလုပ်နေကြသည်ကိုမြင်တွေ့ရ၍ ဓမ္မပါလ မထေရ်မှာ များစွာစိတ်မကောင်းဖြစ်ခဲ့ရသည်။ ဒေသခံဟိန္ဒူ
ပန္ဒာများသည် ဗုဒ္ဓဘာသာတို့နှင့် (၀ိရောဓီ)ဆန့်ကျင်သည့်။၎င်းတို့ မဟာဗောဓိဝိဟာရစေတီတော်ရှိ ဗုဒ္ဓ၏
ရုပ်ပွါးတော်ကို တည့်တည့်ကြည့်လျှက် ကျောက်ခဲမြေခဲတို့ဖြင့် ပေါက်သူများက မိမိဘ၀တွင်ပြုခဲ့သမျှ အကု
လ်ဒုစရုက်အပြစ်မှလွတ်ကင်း၍ ၀ိမုတ္တိခေါ် ဘ၀မှလွတ်မြောက်ခြင်းကို ရရှိ၏-ဟူ၍ မဟုပ်မမှန်သောအစွဲဝါ
ဒကိုဖြန့်ထားကြသည်။ ထို့သို့ဖြင့် မသိနားမလည်ကြသူများကို အစွဲမှား သွတ်သွင်းပေးကာ ဗုဒ္ဓ၏ ရုပ်ပွါး
တော်ကိုခဲဖြင့် ပစ်ခိုင်းသည်။ ဤသို့သော အပြုအမူများကို မဟာဝိဟာရကျောင်းတိုက်သို့ နံနက်မှမိုးချုပ်ထိ
ရုပ်ပွါးတော်ကို လာရောက် ဖူးမျှော်သူများက ကျူးလွန်လေ့ရှိနေခဲ့သည်။ သီဟို၌ ဘုန်းတော်ကြီးဦးဓမ္မပါလ
သည် ထိုအဖြစ်ဆိုးတို့ကိုတွေ့မြင်၍ များစွာစိတ်မကောင်းဖြစ်ခဲ့ရလေသည်။ဓမ္မပါလမထေရ်သည် မဟာဗော
ဓီဝိဟာရကျောင်းတော်ကို ပန္ဒာများလက်ထဲမှ လွက်မြောက်လာရန် ပြုလုပ်သွားမည်ဟု သန္နိဋ္ဌာန်ချခဲ့သည်
မဟာဗောဓိကျောင်းတိုက် လွတ်မြောက်ရေးလှုပ်ရှားမူတရပ်ကိုပြုလုပ်သွားရန် ကိုးလ်ကတ္တားမြီု့၌ အဖွဲ့အ
စည်းတစ်ခုစည်းရုံးဖွဲ့စည်းခဲ့သည်။ဘီဟာရ်ပြည်နယ်ကို ထိုအချိန်က ဘင်္ဂလာပြည်နယ်အောက်မှာထားခဲ့ပြီး
အုပ်ချုပ်ခဲ့သည့် ကာလဖြစ်သည်။ ဦးဓမ္မပါလသည် ကိုးလ်ကတ္တားမြီု့၌ မဟာဗောဓိသဘာ(အစည်းအရုံး)
တရပ်ကိုဖွဲ့စည်းကာဗုဒ္ဓဂယာရှိ မဟာဗောဓီစေတီနှင့် ကျောင်းတိုက်တို့အား ဒေသခံပန္ဒားများ လက်ထဲမှ
လွတ်မြောက်ရေးအတွက် အရေးဆိုလာသည်။ မဟာဗောဓိ မည်ဖြင့်လစဉ်ဂျာနယ် တစ်ခုကိုလည်းထုတ်
ဝေဖြန်ချီခဲ့သည်။ ယင်းဂျာနယ်တွင် မဟာဗောဓိဝိဟာရကျောင်းတိုက်၏အရေးကို ထုတ်ဖော်ရေးသာခဲ့
သည်။ဗုဒ္ဓဘာသာ လုပ်ငန်းများကို စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ရန် သံဃာတော်အချီု့တို့ကို ဗုဒ္ဓဂ
ယာ သို့ခေါ်ဆောင်လာခဲ့သည်။ ဒေသခံ ဗြဟ္မဏ ပန္ဒာတို့က ဦးဓမ္မပါလ၏ ဆောင်ရွက်ျက်များပျက်သုန်း
စေရန် ကောက်ကျစ်စဉ်လဲသည့် နည်းဥပဒေအမျီုးမျီုးကို သုံးစွဲခဲ့ကြသည်။ ဗုဒ္ဓဘာသာ ရဟန်းတော်များ
အား ရုက်နှစ်ခြင်း၊ အချင်းချင်း မညီညွတ်အောင် ဖန်တီးခြင်း စသည်တို့ကိုပြုလုပ်လာခဲ့ကြသည်။အချင်း
ဖြစ်ကိစ္စများကို ကိုးလ်ကတ္တားမြီု့ တရားရုံးချုပ်အထိ တိုင်ကြားခဲ့သော်လည်း ရဟန်းတော်များကပင် အ
ရေးရုံးနိမ့်ခဲ့ရသည်။ ဗုဒ္ဓဂယာ မဟာဝိဟာရကျောင်းလွတ်မြောက်ရေး အရေးကို အိန္ဒိယနိုင်ငံရှိ နိုင်ငံရေး
ခေါင်းဆောင်အကြီးအကဲများနှင့်အတူ နိုင်ငံအတွင်းရှိ လူမှူရေး လူတန်းစား အဖွဲ့အစည်းများထံသို့လည်း
အရေးဆိုခဲ့လေသည်။ သို့သော်အောင်မြင်မူမရရှိခဲ့ပေ။ နောက်ဆုံး မဟတ္တမဂန္ဓိကြီးအထိ တက်ပြီး အရေးဆိုခဲ့သည်။ ဂန္ဓီကလည်း"ခင်းဗျားတို တင်ပြလာသည့် ကိစ္စအညေဖကို အိန္ဒိယနိုင်ငံလွတ်လပ်လာ
သည့်အခါ တစ်ခဏမျှနှင့် အဖြေရှာလို့ရနိုင်ပါတယ်" ဟုပြန်ကြားခဲ့သည်။ အိန္ဒိယနိုင်ငံလွတ်လပ်ရေးရပြီး
နောက် ၁၉၄၈-ခုနှစ်တွင် ဘီဟာရ်ပြည်နယ်အစီုးရ မဟာဝိဟာရကျောင်းတိုက် စီမန်ခန့်ခွဲရေး ဆိုင်ရာ
ကော်မတိတရပ်ကိုဖွဲ့စည်းကာ စီမန်ခန့်ခွဲရေးဆိုင်ရာ အာဏာကို ထိုကော်မတိသို့ အပ်နှင်းခဲ့လေသည်။
ထိုသို့ ကော်မတီသို့အပ်နှင်းခြင်းကို ရဟန်းတော်များကလည်း သဘောမတူခဲ့ာကပါ။ ဒေသခံပန္ဒာ တို့က
လည်းထို့ကော်မတီသို့ စီမန်ခန့်ခွဲမှူအပ်နှင်းခြင်းကို အလိုမကျ၍ တဖန်တရားရုံးသို့ အရေးဆိုလာခဲ့သည်။ ဤသို့ဖြင့် မဟာဝိဟာရကျောင်း စီမန်ခန့်ခွဲမှူ့သည် တဖန်သူတို့လက်ထဲသို့ပင် ပြန်ရောက်သွားခဲ့သည်။
        ၁၉၈၅-ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပမထသမ္မတ ဒေါက်တာရာဂျန္ဒရာပရဆပ် မဟာဗောဓိကျောင်း၏
စီမန်ခန့်ခွဲမှူကိုနဂိုဖွဲ့စည်းခဲ့သည့်အတိုင်း ကော်မတီလက်ထဲသို့ပြန်အပ်နှင်းလိုက်သည်။ နောက်တခါယင်း
အမှူ့သည်တရားရုံးသို့ရောက်ခဲ့ပြန်သည်။ နှစ်ပေါင်း ငါးဆယ်ကျော် အဆက်မပြတ်ကြီုးစား အားထုတ်မှူ့
တို့ကြောင့် မဟာဗောဓိဘုရားကျောင်းကြီး၏ စီမန်ခန့်ခွဲမှူ့တွင် ဗုဒ္ဓဘာသာဝင်တို့ ပါဝင်ခွင့်ရရှိခဲ့ပါသည်။
မဟာဗောဓိဝိဟာရကျောင်းကို အပြီးပိုင် ဗုဒ္ဓဘာသာဝင်တို့ ၀င်တို့လက်ထဲသို့အပ်နှင်းရမည် ဟူသောအ
ရေးနှင့်စပ်လျဉ်း၍ အာရိယနာဂရဇ္ဇုနသုရအိ၏ ဦးဆောင်မှူ့ဖြင့် အိန္ဒိယ ပါလီမန်ရှေ့မောက်တွင် ဗုဒ္ဓဘာ
သာဝင်တို့က အကြိမ်ကြိမ် ဆန္ဒပြ အရေးဆိုကြသည်။ ယ္ခုအခါ မဟာဝိဟာရကျောင်း စီမန်ခန့်ခွဲမှူ့ကော်
မတိတွင် ဗုဒ္ဓဘာသာဝင်တို့အတွက် ထက်ဝက်နေရာရရှိပါသည်။မဟာဝိဟာရ၏ အနီးအနားတွင်အိန္ဒိယ
နိုင်ငံ၌ ဗုဒ္ဓဘာသာပြန့်ပွါး ထွန်းကားရေးကိုစွမ်းစွမ်းတမံ ဆောင်ရွက်သွားသည့် ဒေါက်တာအမ္ဗကာ၏ ရုပ်
ထုတစ်ခုကိုလည်းထားရှိခွင့် ရရှိခဲ့ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ

No comments:

Post a Comment