Tuesday 5 June 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၁ ၂ )

                                                    ဓမ္မရာဇိကစေတီ
အသောကမင်းတရားကြီး၏အလျင် ဗုဒ္ဓ၏ဓာတ်တော်များကို စေတီ-၈-ဆူမျှသာတည်ခဲ့ပါသည်။ အသောက
ဘုရင်သည် မိမိအုပ်ချုပ်မင်းပြုသည့် ကာလတွင် အဆိုပါစေတီ-၈-ဆူ အနက်စေတီ-၇-ဆူကိုတူးဖော်ခဲ့ပြီး
ဓာတ်တော်များတိုးချဲ့ကာ စေတီပုထိုးပေါင်းများစွာကိုတည်ခဲ့သည်။ ထိုစေတီပုထိုးတို့ကို ဓမ္မရာဇိကစေတီ
ပုထိုးများဟု ခေါ်ခဲ့ကြသည်။ထိုဓမ္မရာဇိကစေတီပုထိုးများအနက် စေတီတစ်ဆူကိုမြတ်စွာဘုရားသိတင်းသုံး
တော်မူခဲ့သည့်ဘာရနာထတွင်တည်ခဲ့သည်။ဧကရာဇ်မင်းမြတ်တည်ခဲ့သည့်နောက်တွင် ခြောက်ကြိမ်မြောက်
ခါ ပြင်ဆင်မွမ်းမံခဲ့သည်။ ပထမ တစ်ကြိမ် ကုဿဏ ဘုရင် လက်ထက်တွင် မွမ်းမံခဲ့သည်။သက္ကရာဇ်-၅-ရာ
စုကာလဖြစ်သည်။ ယင်းကာလတွင် ထိုစေတီ၏ ပတ်လည်တွင် ၄.၆ မီတာအကျယ်ရှိသောပတ်မလမ်းတစ်
ခုကိုပြုလုပ်မွမ်းမံခဲ့သည်။တတိယအကြိမ် ပြင်ဆင်မွမ်းမံမှူကို ဘုရင် ဟရက္ခ၀ါဒန လက်ထက်၌ ပြုလုပ်သွား
ဟန်ရှိသည်။စေတီရင်ပြင်ကို တက်နိုင်ရန်လှေကား ၁၁-ခုကိုပတ်လည်တွင်တပ်ဆင်ပေးခဲ့သည်။ ထိုကာလ
သည် ခရစ်သက္ကရာဇ်( ၇ )ရာစုကာလဖြစ်သည်။ဆဋ္ဌမ နှင့် နောက်ဆုံးပြင်ဆင်မွမ်းမံမှူကို( ၁၂)ရာစုနှစ်များ
တွင်ပြုလုပ်ခဲ့ကြသည်။ထိုကာလကမိဖုရားကုမာရဒေ၀ီသည်ဇိနမဟာဝိဟာရဓမ္မစင်္ကြာ စေတီကိုတည်ဆော
က်ခဲ့သည်။ ထိုဓမ္မရာဇိကစေတီတော်များအား ဗုဒ္ဓဘာသာဝင် ဘုရင်မြတ်တို့က အထူးလေးစားကြည့်ညိုကြ
ခြင်း၏ အစဉ်လာသည် ရာစုနှစ်ပေါင်း မြောက်များစွကတည်းကရှိခဲ့သည်။ထိုအခြင်းအရာကို ဗုဒ္ဓဘာသာဝင်
မဟုပ်သောသူတို့မှ မနာလိုဝန်တို့မှူဖြစ်ကြသည်။သိုဖြစ်ပါ၍ ဗာရာဏသီပြည့်ရှင် ဘုရင်စေတဆင့်နှင့်၎င်း၏
အမတ်ချုပ်ဂျဂတဆင့်တို့က သက္ကရာဇ် ၁၇၉၄-ခုနှစ်က ဓမ္မရာဇိကစေတီတော်ကို ဖျက်ဆီးခဲ့ကြသည်။ထိုစေ
တီပျက်တည်နေရာကိုတူးဖော်ခဲ့ကြရာ ၈.၂၃ မီတာအနက်နေရာတွင် အ၀ိုင်းပုံသဏ္ဌာန်တည်ဆောက်ထား
သည့် ကျောက်သေတ္တာတစ်လုံးထဲမှ ဗုဒ္ဓမြတ်စွာဘုရား၏ ဓာတ်တော်ကို လုံခြုံစွာဌာပနာထားကြောင်းတွေ့
ရှိခဲ့ရပါသည်။ ထိုဓာတ်တော်မြတ်ကို ၀ိရောဓိဘုရင် စေတဆင့်တို့က ဂင်္ဂါမြစ်ထဲသို့မျှောပစ်ခဲ့ကြသည်။အ၀ို
င်းပုံသဏ္ဌာန်ရှိသည့် ထိုကျောက်သေတ္တကို ကိုးလ်ကတ္တား ဗုဒ္ဓပြတိုက်တွင် ထိန်းသိမ်းထားကြောင်းကိုယ
နေ့အထိတွေ့မြင်နိုင်ပါသည် ဓမ္မရာဇိကစေတီမှာ အုတ်များနှင့်ကျောက်ပြားကိုဂျဂသဂန်ဂ်ျ ရွာဒေသခံတို့သ
ည်မြည်းတို့ဖြင့်သယ်ယူကာမိမိတို့အိမ်ဝင်းခြံများတို့တွင် သုံးထားကြလေသည်။ လက်ရှိအချိန်တွင်ဓမ္မရာဇီ
ကစေတီတော်မှာအခြေမြစ်သာကျန်ရှိကြောင်းတွေ့နိုင်ပါသည်။သဒ္ဒါကြည်ညိုသူများကသာထိုအခြေအမြစ်
ကို ဆီမီးခွက်၊အမွှေးနံ့သာတို့ဖြင့် ထွန်းညှိကာ ကိုးကွယ်ပူဇော်ကြသည်။
                                              အသောကကျောက်တိုင်
ဗုဒ္ဓမြတ်စွာ၏နဘ၀နှင့် ဆက်စပ်မှူ ရှိခဲ့သည့်အရပ်နေရာတို့တွင်အသောကမင်းတရားကြီးသည်အထိမ်းအ
မှတ်အဖြစ်ကျောက်တိုင်များစိုက်ထူခဲ့သည်။ကျောက်တိုင်များအပြင် ကျောက်စာစေတီတော်နှင့် ဗုဒ္ဓ၀ိဟာရ
ကျောင်းများစွာတို့ကိုလည်းတည်ဆောက်ခဲ့သည်။ဗုဒ္ဓမြတ်စွဘုရားသက်တော်ထင်ရှားရှိစဉ်တစ်လျှောက်တွင်
၈၄၀၀၀(ရှစ်သောင်းလေးထောင်)သောတရားဒေသနာတော်များဟောကြားချီးမြှင့်ခဲ့သည်။ထုိသည္ကုိအေ
ကြင်းပြု၍ဧကရာဇ်ဘုရင်မင်းမြတ်အသောကသည် မိမိနိုင်ငံတော်တစ်ဝှမ်းတွင် ၈၄၀၀၀ သော ကျောင်း၊သ
င်္ကန်း၊ စေတီ၊ပုထိုး၊ရေတွင်း၊ရေကန်၊ကျောက်တိုင်တို့ကိုပြုလုပ်တည်ဆောက်ခဲ့သည် ။ ထိုတည်ဆောက်မှူ
များအနက်ဤအသောကကျောက်တိုင်လည်းအပါအ၀င်ဖြစ်သည်။ မူလဂန္ဓကုဋီကျောင်း၏အနောက်အရပ်
မှာ ရှင်တော်မြတ်ဗုဒ္ဓ ဗုဒ္ဓသံဃာကို စတင်ဖွဲ့စည်းသည့် နေရာတွင်အမှတ်တရအဖြစ်ဤအသောကကျေက်
တိုင်ကိုမင်းတရားကြီးမှ စိုက်ထူခဲ့သည်။သူဋ္ဌေးသား ယဿနှင့် သူမိတ်ဆွေ-၅၄ ဦးနှင့်အတူ ပဉ္စ၀ဂ္ဂိငါးဦး
အပါအ၀င်တို့အားစုစည်း၍ ဗုဒ္ဓသည် ဗုဒ္ဓသံဃကိုစတင်ဖွဲ့စည်းခဲ့သည်။ လူအများ၏ကောင်းကျီုးနှင့်လူအမျ
ားတို့၏ချမ်းသာသုခ လောကအနုကာမာဒ တရားတော်မြတ်တို့ကို မြတ်စွာဘုရားသည် ဤနေရာတွင်ဟော
ကြားတော်မူခဲ့ပါသည်။ ဤကျောက်တိုင်သည် မူလတွင် ၁၅.၂၅-မီတာအမြင့်ရှိခဲ့သည်။ ကျောက်တိုင်၏ထိပ်
ပေါ်မှာ ခြင်္သေ့ရုပ်လေးတစ်ခုပါရှိသည် အဆိုပါကျောက်တိုင်သည် ကျီုးကျသဖြင့် ယ္ခုဆိုလျှင် ၂.၀၃ မီတာ
အမြင့်သာကျန်ရစ်လျက်ရှိပါသည်။ ပြတ်ကျီုးနေသည့်အထက်အစိတ်ပိုင်းမှာ ကျောက်များ၏အနီးနားတွင်
ပြန့်ကြဲနေသည်။ အရင်းတွင် ကျောက်တိုင်၏ပမာဏမှာ ၂.၄၄ အမြင့်ရှိ၍ ၁.၈၃ မီတာအကျယ်နှင့် ၀.၄၆
မီတာထူသော ကျောက်ပြားဇလုံကြီးတွင် စိုက်ထူထားသည်။ဤကျောက်တိုင်ပေါ်မှာ အဆိုအမိန့် ၃ ခုကို ကမ္ဗည်းထိုးထားသည်။ ပထမ အဆိုအမိန့်က-အသောကမင်းတရားကြီး၏အဆိုအမိန့်ဖြစ်သည်။ဗြဟ္မီးအက္ခ
ရာကိုသုံး၍ကမ္ဗည်းထိုးထားသည်။ သံဃာနှင့်ပတ်သက်နေသည့်အဆိုအမိန့်ဖြစ်နေသည်။အနက်မှာ-အကြ
င်ဘိက္ခုနှင့် ဘိက္ခုနီတို့က သံဃာ့အတွင်းစိတ်ဝမ်းကွဲစရာပြုလုပ်ရန်ကြီုးစားမည်။ သို့မဟုပ်သံဃာ့၏သိက္ခာ
ကျဆင်းစေသည့် အပြုအမူတို့ကိုပြုလုပ်မည်ဆိုပါလျှင်-ယင်းဘိက္ခုနှင့်ဘိက္ခုနီတို့အားလူဝတ်လဲ၍ သံဃာမှ
ထုတ်ပယ်သွားရမည်။ ဒုတိယ ကမ္ဗည်း ကျောက်စာမှာ ကောသမ္ဗီဘုရင် အသွဃော်ဿကရေးထိုးထားသ
ည်။ တတိယ ဂုမ္ဘဘုရင်မင်းတို့လက်ထက်က ရေးသားကမ္ဗည်းထိုးသည်။၎င်းတို့တွင် သမိသီယဂိုဏ်းကွဲအ
ာစရိယတို့နှင့် ၀သိဿကပုတ္တဂ ဂိုဏ်းဝင်တို့၏ အကြောင်းကို ရေးသားထုပ်ဖော်ထားပါသည်။ အသောက
ခြသေ့င်္ခေါင်း(နိုင်ငံတော်၏တံဆိပ်) အသောကကျောက်တိုင်၏ထိပ်ပိုင်းမှာ သီဟ(ခြသေ့င်္)၄-ကောင်တို့အား
တင်ပလ္လင်ခွေထိုင်နေသည့်ပုံကိုဖော်ပြထားသည်။ဤခြသေ့င်္ ၄-ကောင်တို့သည် အရပ်လေးမျက်နှာသို့မျက်နှ
ာမူထားသည်။ဤခြသေ့င်္ ၄-ကောင်တို့အပေါ် ၂၄-ပစ္စည်းပဋ္ဌာန်းဒေသနာတော်ကို တင့်တယ်လှပစွာဖော်ပြ
ထားခဲ့သည်။ သို့သော်ဝိရောဓိများ လက်ချက်ဖြင့် ဖျက်ဆီးခံခဲ့ရ၍ လက်ရှိအချိန်တွင်မတွေ့ရှိပါ။ခြသေ့င်္မှာ
အောင်မြင်ခြင်း၏ လက္ခဏာကိုဆောင်သည်။အသောကမင်းတရားကြီးသည် အရပ်လေးမျက်နှာတို့တွင်
မကြုံစဖူးအောင်မြင်ခြင်းတို့ကို ရရှိပိုင်ဆိုင်ထားကြောင်းကိုပြသသည် ယ္ခုအချိန်တွင် ယင်းခြသေ့င်္ရုပ်ထုလေး
ခုစလုံးကို သာရနာထ ရှေ့ဟောင်းပြတိုက်တွင် သိမ်းဆည်းထားကာပြသထားပါသည်။အနုပညာလက်ရာ
မြောက်သည့်ခြသေ့င်္ရုပ်ထုဖြစ်ပါသည်။ ဤမျှအနုပညာတောက်ပြောင် လက်ရာမြောက်သောခြသေ့င်္ကျောက်
ရုပ်ထုသည် ကမ္ဘာတွင်မရှိသလောက်ရှားပါးပါသည်။ သာရနာထပြတိုက်၏ ၀င်ပေါက်တည့်တည့်ရှိ အလွန်
ခမ်းနားလှသည့်အဆောင်ခန်း၌ ယင်းခြသေ့င်္ရုပ်ထုတို့ကို လုံခြုံစွာသိမ်းဆည်းထားကြောင်းကိုတွေ့ရှိနိုင်ပါသ
ည် ထိုခြသေ့င်္လေးကောင်ရုပ်ထုကို အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်တံဆိပ်သင်္ကေတအဖြစ် သုံးထားခြင်းသည်
ဗုဒ္ဓယဉ်ကျေးမှူအပေါ် ကမ္ဘာက ဂုဏ်ယူစရာဖြစ်သည်။(သီဟသီဟ)ခြသေ့င်္ဦးခေါင်း ရုပ်ထုကို အပိုင်းလေး
ပိုင်းဖြင့်တည်ဆောက်ထားသည်။ ပထမ အပိုင်းတွင် မှောက်ထားသော ကြာရွက်ဖြင့် ဖုံးအုပ်ထားသည်။
ဒုတိယအပိုင်းမှာ ကုမ္ဘိကာအပိုင်းဖြစ်၏ ကုမ္ဘိကာအပိုင်း(ရေအိုင်ပမာအ၀ိုင်းတည်ဆောက်ထားခြင်းကိုဆို
လိုသည်)တွင်ပစ္စည်းလေးမျီုးကို လှပတင့်တယ်စွာထုထားသည်ကိုတွေနိုင်ပါသည်။(၁)ဓမ္မစင်္ကြာပုံ(၂)သ
တ္တ၀ါလေးမျီုး၊၎င်းတို့မှာ-ဟတ္ထီ-ဆင်၊ဘရိ မ္ဘ-နွားလားဥဿဘ၊အဿ-မြင်း၊သီဟ-ခြသေ့င်္ရုပ်တို့ဖြစ်သည်။
ယင်းတို့အပေါ်တွင်အရပ်လေးမျက်နှာအသိးသီးသို့ မျက်နှာမူ၍ထက်ဝယ်ဖွဲ့ခွေထိုင်နေသောခြသေ့င်္ခေါင်း
ရုပ်ထုလေးခုတို့ကိုထုလုပ်ထားသည်။ယင်းတို့အားလုံးအပေါ်မှာ ဓမ္မစင်္ကြာပုံကိုထုထားခဲ့သည်။သို့သော်
ထိုဓမ္မစင်္ကြာရုပ်ကို ယနေ့ရှာဖွေမတွေ့နိုင်သေးပါ။ဤကျောက်ရုပ်ထုတစ်လုံးကို အညိုရောင်သဲကျောက်တို့
ဖြင့်ထုထားသည်။ခြသေ့င်္ရုပ်ခေါင်း ရုပ်ထုလေးခုမှာ အသက်ဝင်နေသည့်ရုပ်အလား လူတိုင်းအလွယ်တကူ
စိတ်စွဲ အံ့သြဖွယ်ရာဖြစ်သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ                             ဝေသာလီရှိအသောကကျောက်တိုင်



No comments:

Post a Comment