Sunday 3 June 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၁ ၁ )

                                                         သာရနာထ
                                                        ( Sarnath )
ဗုဒ္ဓဘာသာဝင်တို့အဖို့ သန့်စင်မွန်မြတ်ပြီးဖူးမျှော်ဖွယ်ရာနေရာတို့အနက်အိန္ဒိယ(ဘာရထ)နိုင်ငံရှိသာရနာထ
သည် အထူးအရေးကြိးသော နေရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်မြတ်စွာဘုရားသည် ဗောဓိဥာဏ်ကို
ရရှိတော်မူပြိးနောက် ပဉ္စ၀ဂ္ဂီငါးပါးတို့အား ပထမဦးဆုံးတရားဒေသနာချီးမြှင့်၍ ဓမ္မစင်္ကြာကို သာရနာထမှစ၍
လှည့်လည်တော်မူခဲ့ခြင်းကြောင့်ဖြစ်သည်။ဓမ္မစင်္ကြာတရားတော်စ၍လှည့်လည်လိုက်သည်ဖြစ်၍သာရနာထ
သည် ဗုဒ္ဓသာသာလောကတွင် အထူးအရေးပါလာသည်။ ဤနေရာသည်ဗရာဏသီကာန်မီးရထားဘူတာမှ
၈-ကီလိုမီတာနှင့် ဗာရာဏသီမြီု့မှ ၆.၄ ကီလိုမီတာဝေးကွာသည့်မြောက်အရပ်၌တည်ရှိပါသည်။သာရနာထ
သည်အိန္ဒယပြည်၏ မြောက်ပိုင်းမီးရထားလမ်းပေါ်ရှိ ဘူတာငယ်တစ်ခုလည်းဖြစ်သည်။ မဟာဇနပဒဟု သုံး
သည့်ခေတ်တွင် သာရနာထသည်ကာသီဇနပဒ၏ နေပြည်တော်မြီု့လည်းဖြစ်ခဲ့ဖူးသည်။ခေတ်ဟောင်းကဗာ
ရာဏသီဟုခေါ်လေ့ရှိသို့မြီု့ကို ယ္ခုခေတ်တွင် ဘနာရ(စ်) ဟုခေါ်ခြင်းဖြစ်သည်။  ဤမြီု့၌ ဟိန္ဒူအမျီုးသ္မီးများ
ဝတ်ဆင်သည့် "ဆာရီ"ထုတ်လုပ်သည့်လုပ်ငန်းမှာကြီးကျယ်သည်။ဗာရာဏသီဆာရိသည် အိန္ဒိယနိုင်ငံတစ်
ဝှမ်းလုံး၌ လူကြီုက်များ၍ အလွန်ကျော်ကြားသည်။ဤနေရာကိုလက်ရှိအချိန်တွင်ကာဿီဟူ၍လည်းခေါ်ခဲ့
ကြသည်။ဗာရာဏသီ၊ကာဿီနှင့် ဘနာရ(စ်)ဟုခေါ်သောမြီု့မှာတစ်ခုတည်းပင်ဖြစ်သည်။မြတ်စွာဘုရားနှင့်
စပ်ဆိုင်သည့် အောက်ဖော်ပြပါအမှတ်တရ တို့ကြောင့် သာရနာထ-နာမည်သည်ထင်ပေါ်ကျော်ကြားခဲ့လေ
သည်။
       စတုခန္ဒီစေတီ
စတုခန္ဒီစေတိတည်နေရာသည် သာရနာထသို့သွားသည့် လမ်း၏ လက်ဝဲဘက်တွင်တည်ရှိသည်။သာရနာ
ထမှ-၈-ကီလိုမီတာခန့်ဝေးကွာသောအနောက်တောင်အရပ်၌တည်ရှိနေသည်။စေတီသည်အလွန်မြင့်သော
ကုန်းမြေပေါ်မှာ အုတ်များဖြင့်တည်ဆောက်ထားသောခိုင်မာသည့် စတုဂံအခြေပေါ်မှာတည်ဆောက်ထား
သည်။ထို့ကြောင့်ွှစေတီကို စတုခန္ဒီစေတီ-ဟုခေါ်ပါသည် မူလက စတုခန္ဒီစေတိသည် ၈၄-ပေအမြင့်ရှိခဲ့ပြီး
ယ္ခုအခါပြီုပျက်နေ့သည့် အခြေအနေတွင်မြင်တွေ့နိုင်ပါသည်။သိဒ္ဓတ္ထကုမာရသည်  ဗုဒ္ဓဂယာတွင်ဗောဓီဥာ
ဏ်ကိုရပြီးနောက် ထိုဥာဏ်ကို ပဉ္စ၀ဂ္ဂိတို့အား ဦးစွာပထမပေးရန်ဆုံးဖြတ်ပြီး ဤနေရာသို့ကြွရောက်ခဲ့ခြင်း
ဖြစ်သည်။ပဉ္စ၀ဂ္ဂိတို့က သိဒ္ဓတ္ထ-လမ်းမှားလိုက်သွားပြိ-ဟုစွပ်စွဲကာ သူအနားမှစွန့်ခွါသွားပြိးသာရနာထ၌နေ
ထိုင်လျှက်ရှိခဲ့ကြရာ ထိုအကြောင်းကိုသိတော်မူ၍ ဗုဒ္ဒသည် မိဂဒါဝုန်တောသို့ ကြွတော်မူလာခြင်းဖြစ်သည်
စတုခန္ဒီစေတီ တည်ဆောက်ထားသည့်ကုန်းမြင့်ပေါ်မှ ရပ်တော်မူ၍-မိဂဒါဝုန်ဘက်သို့ လှည့်ကြည့်တော်မူ
သည်။ ပဉ္စ၀ဂ္ဂိငါးပါးတို့သည် ထိုတောတွင် ကျောင်းငယ်တစ်ခု၌ နေထိုင်လျှက်ရှိကြောင်းတွေ့ရှိခဲ့ပါသည်။
အသောကမင်းကြီးသည်ဗုဒ္ဓရပ်တော်မူ၍ ပဉ္စ၀ဂ္ဂိတို့အား လှမ်းကြည့်လိုက်သ့်နေရာတွင် အထိမ်းအမှတ်စေ
တီတစ်ခုကိုတည်ခဲ့ရာ ဗုဒ္ဓဘာသာသမိုင်း၌ မှတ်တိုင်တစ်ခုဖြစ်လာခဲ့တော့သည် ဤမြေနေနရာတွင် ရှေ့
ဟောင်းသုတေသနဌာနမှ တာဝန်ရှိသူများက တူးဖော်ခဲ့ကြရာ ဓမ္မစင်္ကြာလှည်ါလည်နေသည့် ဗုဒ္ဓရုပ်ပွား
တော်တစ်ဆူတွေ့ရှိခဲ့သည်။ ဗုဒ္ဓထိုင်လျှက် မုဒြရဖြင့်ထုထားသည်မှာ ဗုဒ္ဓရုပ်ပွါားတော်များတွင်အခမ်းနား
လှဆုံးရုပ်ပွါားတော်တစ်ဆူဖြစ်သည်ဟုဆိုကြသည်။ အိန္ဒိယနိုင်ငံသမိုင်း၏အဆိုအရ မဂိုဘုရင် ဘာဘ(ရ်)
၏သားဟုမန်ယုမင်းသည် ရန်သူ၏ ထိုးနှစ်ချက်ကိုကြောက်၍ ဤစေတီအတွင်း ပုန်းအောင်းနေခဲ့သဖြင့်
အသက်ချမ်းသာခွင့်ရခဲ့လေသည်။ထိုအခြေအနေကိုထောက်ရှူ့ကာသားတော် အက္ကဘာဘုရင်ကြီးသည်
စတုခန္ဒီစေတီ၏ထိပ်ပိုင်းကို အထိမ်းအမှတ်အဖြစ်ပြုပြင်တည်ဆောက်ခဲ့ကြောင်းသိရသည်။ထို့သို့ပြုပြင်
တည်ဆောက်သည့်ကာလမှာ-၁၅၈၈-ခုနှစ်ကဖြစ်သည်။ဤစေတီ၏ ထိပ်ပိုင်းသို့ရောက်၇ှိနိုင်ရန်ခြေလျှင်
လျောက်၍တက်သွားနိုင်ရန်လမ်းဖောက်ထားပါသည်။
         (ပဉ္စ၀ဂ္ဂိငါးဦးတို့အားဓမ္မစင်္ကြာတရားတော်ဟောကြားရာဌာန) ဓမ္မေကစေတီ(ဓမ္မိကစေတီ)
ဘာရနာထ(မိဂဒါဝုန်)မှပဉ္စ၀ဂ္ဂိငါးပါးတို့အား ရှင်ဗုဒ္ဓပထမဆုံး ဓမ္မဒေသနာပေးခဲ့သည့်နေရာကို ဓမ္မေက(၀ါ)
ဓမေကနာမည်ဖြင့်အများသိရှိကြပါသည်။ဤနေရာတွင်ဗုဒ္ဓသည်အများအကျီုးနှင့်အများ၏လွတ်မြောက်
မူကိုဖြစ်စေသည့်တရားဓမ္မဒေသနာတော်များကိုစ၍ဟောခဲ့ပါသည်။ထိုအကြောင်းကြောင့်ဤနေရာသည်
ဗုဒ္ဓဘာသာဝင်တို့အတွက် လေးစားကြည့်ညီုရာဖြစ်လာသည်။အသောကမင်းတရားကြီးသည် ဤနေရာ
တွင် အလွန်ခိုင်ခန့်သည့် အုတ် နှင့် ကျောက်တို့ကို အသုံးပြုစေကာ မီတာ-၃၀၀-ခန့် အ၀ိုင်းအ၀န်းရှိသည့်
စေတီ(သဿူပ)တစ်ဆူတည်ဆောက်ခဲ့ပါသည်။ထီးနန်းသက် ၂၀-ပြည့်သည့်နှစ်တွင် ဓမ္မသောကမင်းကြီး
သည်ဂုရုမောဂ္ဂလိပုတ္တတိဿမထေရ်နှင့်အတူ ဤနေရာသို့ကြွရောက်ဖူးမြင်ခဲ့သည့်အကြောင်း ကျောက်စာ
တွင်ရေးသားကမ္မည်းထိုးထားခဲ့သည်။ဓမ္မသောကမင်းကြီးတည်ဆောက်ခဲ့သည့် ၈၄၀၀၀(ရှစ်သောင်းလေး
ထောင်)သော ပုထိုး၊စေတီ၊ကျောင်းကန်တို့အနက် ဓမ္မေကစေတိသည်ထင်ပေးကျော်ကြားသည့်စေတီတစ်
ဆူဖြစ်ပါသည်။ ထိရပါလ-၀ါဆန်းပါလတို့၏ ကျောက်စာအတိုင်းဆိုလျှင် ဤဓမ္မကစေတိ၏အမည်ဟောင်း
မှာ ဓမ္မစင်္ကြာစေတီဟူ၍ဖြစ်သည်။ ဤစေတီကိုစတည်သည့်ကာလက ဓမေကစေတီဟုခေါ်ခဲ့ကြသည်။
ရှေ့ဟောင်းသုတေသနဌာနမှကြီးမူးတူးဖော်ရာတွင် ကျောက်ပြားတစ်ချပ်ပေါ်မှာ ရေးထားသည့် ဓမ္မကထာ
တပိုဒ်ကိုလည်းတွေ့ရှိရသည်။ ယင်းဓမ္မဂါထာသည် ရှင်အသွာဃောသက ရှင်သာရိပုတ္တရာအား တရားဓမ္မ
ရှင်းပြသည့်ဂါထာဖြစ်သည်။ ဂါထာ၏ အနက်အဓိပ္ပါယ်မှာ-ဓမ္မသည်(ဒုက္ခ)မှပေါ်ထွန်းသည်။ထို့ကြောင့်ငါတို့
၏(သဿသ)ဆရာမှဒုက္ခဖြစ်ရခြင်းအကြောင်းကိုဟောသည်။ဒုက္ခဖြစ်ရခြင်း၏အကြောင်းများနှင့်ဒုက္ခချုပ်
ငြိမ်းမည့်(နိရောဓ)နည်းလမ်းတို့ကိုပြသည်။ငါတို့(သဿသ)ဂုရုမှာဟောပြသည့်တရားတို့၏အရင်းအမြစ်မှာ
ဤသစ္စတရားဖြစ်သည်"။ ဤနေရာမှာ တထာကတမြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂိငါးဦးတို့အား ဓမ္မစင်္ကြာတ
ရားတော်မြတ်ကိုဟောခဲ့၏ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် ဓမ္မကစေတီကို လှပတင့်တယ်စွာဆင့်ကာ
ဗုဒ္ဓ၏ကိုယ်ပွါးပူဇော်ကြသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ

 


No comments:

Post a Comment