Tuesday 12 June 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၁ ၄ )

                                         "မူလဂန္ဓကုဋီ-မဟာဝိဟာရကျောင်း"
ပဉ္စ၀ဂ္ဂီငါးပါးတို့အား-သာရနာထတွင် ပထမ ဓမ္မဒေသနာတော်ကိုဟောကြားတော်မူပြီးနောက် ဗုဒ္ဓမြတ်စွာ
သည် မူလဂန္ဓကုဋိကျောင်း၌သီတင်းသုံးနေထိုင်တော်မူသည်။သဒ္ဓါကြည်ညိုသည့် ဥပသကာ၊ဥပသကာမ
တို့မှ ပူဇော်ပသထွန်ညှိသည့် အမွှေးနဲ့သာတိုင်တို့ဖြင့် ယင်းဂန္ဓကုဋိကျောင်းသည် အမြဲမွှေးကြီုင်နေသဖြင့်
အဆိုပါဝိဟာရကျောင်းတိုက်ကို မူလဂန္ဓကုဋီကျောင်းဟုခေါ်ခဲ့ပါသည်။ထိုကျောင်းနေရာသည် ပဉ္စ၀ဂ္ဂီငါးပါး
တို့နေထိုင်သီတင်းသုံးရာကျောင်းနှင့်နးကပ်သည်။ဓမ္မရာဇိကစေတီကျောင်း၏မြောက်ဘက် ၁၈.၂၉ မီတာ
အဝေးတွင် မူလဂန္ဓကုဋီကျောင်းပျက်ကို ယနေ့တိုင်အောင်မြင်တွေ့နိုင်ပါသည်။ တရုတ်ခရီးသည် ဟုယေန်
ရှန်း၏ခရီးသွားမှတ်တမ်း၌ဓမ္မရာဇီက၏ဥာဏ်တော်မှာ ၆၅.၉၆-မီတာအမြင့်ရှိကြောင်းရေးသားဖော်ပြထား
သည်။အုတ်နှင့်ထုံးတို့ဖြင့်တည်ထောက်ထားသည်။ အဆောက်အဦးဟောင်းများမှထွက်သည့်ကျောက်တို့ကို
လည်းသုံးထားကြောင်းကိုတွေ့ရှိရပါသည်။အမီုးကိုအလယ်ဗဟိုမှကျောက်တိုင်တစ်ခုဖြင့်ဆောက်ထားသဖြင့်
ကုဋီကျောင်းဒီဇိုင်းမှာတမျီုးကြီးပြောင်းသွားသည်။
          ဇမ္ဗူဒီပဟုခေါ်ခဲ့သည့် ဘာရတနိုင်ငံ အိန္ဒိယပြည်ကို ဗုဒ္ဓဘာသာဝင်မင်းမြတ်တို့ အုပ်စီုးစဉ်ကာလက ဤနိုင်ငံသည်စည်ပင်သာယာကြွယ်ဝချမ်းသာခဲ့သည့်နိုင်ငံဖြစ်၍၎င်းအားရွှေငှက်ဟုခေါ်ဝေါ်သမုတ်ကြသည်
ဗုဒ္ဓဘာသာမဟုပ်သူများသည် ဤနေရာကိုမနာလိုဝန်တို့ဖြစ်ကြသည်။သိုဖြစ်၍ ဟရက္ခ၀ါဒနမင်း၏နောက်ပို
င်းတွင် အိန္ဒိယနိုင်ငံမဇ္ဈိမဒေသရှိနိုင်ငံများကိုအုပ်ချုပ်စီုးစံခဲ့သည့် ဗုဒ္ဓဘာသာဝင်မင်းတို့၏သမိုင်းစာမျက်နှာမှ
ာ ပျောက်ဆုံးနေကြောင်းအထင်အရှားတွေ့မြင်သိရှိနိုင်ပါသည်။ မုဟာမက်ဂဂျနီမူဆလင်ဘုရင်သည် ဗာရာ
ဏသီကိုဝင်ရောက်လာပြီးသာရနာထ တစ်ဝိုက်ရှိခဲ့သည့်ဗုဒ္ဓယဉ်ကျေးမူဆိုင်ရာ စေတီ၊ပုထိုး၊ဘုရား၊ကျောင်း
များကို အကြီးအကျယ်ဖျက်ဆီးခဲ့သည်။ထို့နောက်ဗြဟ္မဏ၀ါဒတို့အရှိန်အဟုန်းကြီးမြင့်လာသည့်ခေတ်အခါ၌
ဗုဒ္ဓနှင့် ဗုဒ္ဓဆိုင်ရာ အရေးကြီးသည့်နေရာ အဆောက်အဦး ပုထိုးကျောင်းများနှင့်စပ်လျဉ်း၍ မဟုပ်မမှန်သော
ဝါဒများ၊အဆိုအမိန့်များပျံ့နှံ့သွားရန် ဖြန့်ချီရေးအလုပ်ကို အကြီးအကျယ်ပြုလုပ်လာသဖြင့် စင်ကြယ်မွန်မြတ်
သည့်အရေးပါသောနေရာဌာနတို့ကို လူများကဥက္ခေပြုလာခဲ့ကြလေသည်။ဂေါ်ဝိန္ဒစန္ဒမင်းလက်ထက်(၁၁၁
၎-၁၁၅၄)မိဖုရားကုမာရဒေ၀ီမှ မူလဂန္ဓကုဋီကျောင်းကိုပြန်လည်မွန်းမံတော်မူခဲ့သည်။ကုမာရဒေ၀ိသည်ကြီး
ကျယ်ခမ်းနားလှသည့် ဓမ္မပွဲသဘင်တစ်ခုကို ကျင်းပခဲ့၍ဓမ္မစက္ကမုဒြရဖြင့်ထုလုပ်ထားသည့်ဗုဒ္ဓ၏ရုပ်ပွါးတော်
ကိုတည်ထားဌာပနာခဲ့သည်။ထိုဆင်းထုတော်သည်အနုပညာလက်ရာမြောက်သည့်ရုပ်ထုဖြစ်၍လူအများကြ
ည်ညိုဖွယ်ရာဖြစ်ခဲ့သည်။ထိုဆင်းထုတော်၏တင့်တယ်လှပမှူ့ကို ဗုဒ္ဓစာပေအနှံ့တွင်အမျီုးမျီုး ဖော်ကြူးထား
ကြောင်းမြင်တွေ့ရသည်။ ၁၈၉၁-ခုနှစ်တွင် သီရိလင်္ကာမှ ဓမ္မပါလမထေရ်သည်ဗုဒ္ဓဓမ္မနှင့်စပ်ဆိုင်သည့်ရှု့မြင်
ဘွယ်ရာနေရာဒေသတို့ကိုဖူးမြင်ရန်သာရနာထသို့ရောက်ရှိလာခဲ့ပါသည်။မူလဂန္ဓကုဋီမဟာဝိဟာရ၏အခြေ
အနေကိုမြင်တွေ့ကာအလွန်စိတ်ထိခိုက်မိခဲ့သည်။ဤမွန်မြတ်စင်ကြယ်သည့်နေရာ၏လုံခြုံမှူ့ဆိုင်ရာကိုမည်
သို့မျှစီမံမှူ့မရှိကြောင်းတွေ့ရှိခဲ့သည်။တည်းခိုရာနေရာဆိုပါက-ဂျိမ်းဘုရားကျောင်းမှလွဲ၍ဘာမျှမရှိခဲ့ပါဒလှိုေ
မြင်များတွင်တောဝက်များကျက်စားနေကြောင်းတွေ့ခဲ့ရသည်။မူလဂန္ဓကုဋီကျောင်းကိုတည်ဆောက်ရန်သုံး
စွဲခဲ့သည့်အုတ်နဲ့ကျောက်များကိုဘုရင်စေတဆင့်၏အမတ်ဂျဂဆင့်ကဗာရာဏသီမြီု့တွင်ဂျဂသဆင့်ရွာ(ရပ်
ကွက်)ကိုတည်ဆောက်ရန် ဖျက်ဆီးသယ်ယူသွားခဲ့ကြောင်းသိရှိခဲ့ရပါသည်။ထိုအကြောင်းတို့ကြောင့်အေ
သာကမင်းတရားကြီးတည်ဆောက်ထားခဲ့သည့်ဓမ္မရာဇီကစေတီနှင့်ကျောင်းအဆောက်အဦးများပျက်သုန်း
သွားခဲ့ရပါသည်။ မူဆလင်ဘုရင်များလက်ထက်သာရနာထရှိ ဗုဒ္ဓဘာသာစေတီ၊ပုထိုး၊ကျောင်းများများဖျက်
ဆီးခံရပြီးနောက် နှစ်ပေါင်းခုနှစ်ရာကျော်အချိန်ကာလတလျှောက်လုံးဤနေရာရှိခဲ့သည့်အထိမ်းအမှတ်တို့
ကိုလုံးဝဥက္ခေပြုခံခဲ့ရသည်။
                                      " လက်ရှိမူလဂန္ဒကုဋီကျောင်းတော်"
သီရိလင်္ကာမှာဓမ္မပါလမထေရ်ကြီးကြီုးစားအားထုတ်မှူ့ကြောင့် လက်ရှိဂန္ဓကုဋီကျောင်း၏ အုတ်မြစ်ကို
၁၉၂၂-ခုနှစ်တွင် )တ္တရပရဒေ့ခ်ျ(စ်)၏ Governer H.I Butler -ကပန္နက်ျချခဲ့သည်။ ထိုစဉ်က အိန္ဒိယနိုင်ငံ
အစီုးရအရာရှိများဝင်စွတ်ဖတ်မှူ့ကြောင့် ကျောင်းဆောက်ရေးလုပ်ငန်းသည် လေးနှစ်တာကာလ ရပ်ဆိုင်း
ခံခဲ့ရပါည်။နောက်ဆုံးတွင် ရှေ့ဟောင်းသုတေသနဌာန ညွန်ကြားရေးမှူးချုပ်(အိန္ဒိယနိုင်ငံ)-သည် မူလနေ
ရာတွင်ကျောင်းဆောက်ခွင့်ပြုခဲ့သည်။ထုံးကျောက်တို့ဖြင့်ကျောင်းတည်ဆောက်မှူ့လုပ်ငန်းကိုပြီးစီးအောင်
ဆောင်ရွက်နိုင်ခဲ့သည်။၁၉၃၁-ခုနှစ် နိုဝင်ဘာလ ၁၀-ရက်နေ့တွင် ကျောင်းဖွင့်ပွဲအခမ်းအနားကိုအောင်မြင်
စွာပြုလုပ်နိုင်ခဲ့သည်။တက္ကသီလမှရရှိခဲ့သည့်ဗုဒ္ဓ၏ဓါတ်တော်များကိုရှေ့ဟောင်းသုတေသနဌာနမှဒါရိုက်တာ
ဒါယာရမ်းကိုယ်တိုင်ဌာပနာပြု၍၀ိဟာရကျောင်းတော်ဖွင့်ပွဲအခမ်းအနားကိုတက်ရောက်လာခဲ့သည်။၎င်းကဓ
မ္မမိတ်ဆွေများအားဤသို့မိန့်ခွန်းပြောခဲ့သည်"မဟာဗောဓိသဘင်အားဗုဒ္ဓ၏ဓါတ်တော်အစစ်အမှန်များကိုအပ်
နှင်းခွင့်ရ၍ကျွနုပ်အနေဖြင့် များစွာဂုဏ်ယူမိကြောင်းပြောလိုပါသည်။ လွန်စွာဝမ်းမြောက်ဝမ်းသာလည်းဖြစ်ရ
ပါသည်။ဤဓါတ်တော်များကိုဗုဒ္ဓ၏ ပထမ ဓမ္မဒေသနာပြုခဲ့ရာမွန်မြတ်စင်ကြယ်သည့်နေရာတွင် ဌာပနာပြုရ
မည်ဖြစ်သည့်အတွက်ကျေနပ်ပိတိဖြစ်စရာဖြစ်သည်။ကျွန်တော်အနေဖြင့် မဟာဗောဓိအဖွဲ့ဝင်သူတော်စင်လူ
ကြီးများအားကျေးဇူးများစွာတင်ရှိပါကြောင်း"ပြောကြားခဲ့သည်။အသစ်တည်ဆောက်သည့်ဗုဒ္ဓ၀ိဟာရကိုဓမ္မပါ
လမထေရ်မှမူလဂန္ဓကုဋီကျောင်းဟူ၍အမည်ပေးခဲ့သည်။ ထိုအမည်ပေးရခြင်း၏အကြောင်းမှာဗုဒ္ဓမြတ်စွာသိ
တင်းသုံးခဲ့သည့်နေရာနှင့်ကျောင်းတို့အား အထိမ်းအမှတ်ဖြစ်စေမည့်အလို့ငှာ မူရင်းအမည်ဖြင့်ကျောင်းသစ်
ကို မူလဂန္ဓကုဋီကျောင်းဟုခေါ်ရခြင်းဖြစ်သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ။

No comments:

Post a Comment