Saturday 16 June 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၁ ၅ )

ဝိဟာရကျောင်းအတွင်းဌာပနာထားသည့် ဗုဒ္ဓမြတ်စွာ၏ဓာတ်တော်များကိုနှစ်စဉ် သီတင်းကျွတ်လပြည့်ည
တွင်ပူဇော်ပွဲကျင်းပလေ့ရှိသည်။ ဘုရားလှည့်လည်ပွဲ၌ လူအများကသဒ္ဓါကြည်ညိုသည့်စိတ်ဘာဝနာဖြင့်ရှိ
ခိုးပူဇော်ကြသည်။ဘုရားပွဲပြီးစီးသည့်အခါဓာတ်တော်များကို မူလဂန္ဓကုဋီကျောင်းအတွင်းပြည်လည်သိမ်း
ဆည်းဌာပနာထားကြသည်။ ၁၉၅၇-ခုနှစ် နိုဝင်ဘာလ ၂၆-ရက်နေ့တွင် မူလဂန္ဓကုဋီကျောင်းတော်၌ဘုရား
ပွဲကျင်းပခဲ့ရာ ယင်းပွဲတော်သို့ ထိုအချိန်က မဒ္ဓယပရ ဒေ(စ်)ပြည်နယ်၏ ပြည်နယ်အုပ်ချုပ်ရေးမှူးမစ္စတာ
ကေလာ(သ်)န-မ အောက်ပါအတိုင်းမိန့်ကြားခဲ့သည်။"ဤနိုင်ငံမှာ ဗုဒ္ဓဘာသာကွယ်ပျောက်တဲ့နေ့ကစပြီး
 ငါတို့တိုင်းပြည်ဟာ တိုင်းတပါးသားတို့ရဲ့ကျူးကျော်မှူနှင့် ခြယ်လှယ်မှူအမျီုးမျီုးတို့ကိုခံခဲ့ရပါတယ်။ တို့နိုင်ငံ
ဟာနှစ်ပေါင်း ကိုးရာကျော်က မူဆလင်ဘုရင်အုပ်ချုပ်မှူ့အောက်ရောက်သွားခဲ့ပြီး အင်္ဂလိပ်လူမျီုးလက်အေ
ာက်မှာ နှစ်ပေါင်းနှစ်ရာကျော်ကျွန်ဘ၀အဖြင့်ကျင်လည်ခဲ့ရပါတယ်။ ဗုဒ္ဓဘာသာပြန်လည်ထွန်းကားရေးကြီုး
စားမှူ့တွေနှင့်အတူ ငါတို့နိုင်ငံရဲ့ လွတ်လပ်ရေးလှုပ်ရှားမှူတွေက တပါတည်းပေါ်ပေါက်လာရတာကို သတိ
ထားရမှာဖြစ်ပါတယ်။ ဒါကြောင့်ဗုဒ္ဓဘာသာဟာ သဗ္ဗမင်္ဂလာအများအကျီုးကိုဖြစ်စေတဲ့ သစ္စာဓမ္မ-မှန်ကန်
သည့် ဓမ္မဖြစ်ကြောင်းကို နှလုံးသွင်းရမှာဖြစ်တယ်"။မင်္ဂလာဓမ္မနေရာကို အမင်္ဂလာဖြစ်စေတဲ့ကျင့်ကြံမှူ့တွေ
က ဓမ္မ အမည်ခံကာ နေရာယူလိုက်တာနဲ့ ငါတို့ဇမ္ဗူဒီပ အလယ်အလတ်ခေါ် အိန္ဒိယနိုင်ငံနှင့် ပြည်သူတွေ
ဒုက္ခပင်လယ်ဝဲထဲမှာကျဆင်းခဲ့ရပါတယ်။ အနာဂါတ်မှာ ထိုအမှားတွေကို ပြန်မရောက်ဖို့ အမှားမှ သင်္ခန်းစာ
ယူရမယ်ဟူ၍ မှာကြားခဲ့ဘူးပါသည်။
                                  မြတ်ဗုဒ္ဓပုရိနိဗ္ဗာန်ပြုတော်မူရာ(ကုသိနာရုံ)ကုသိနဂရ
                                                        (Kusi Nagar)
ကုသိနဂရမှာ ဗုဒ္ဓမြတ်စွာဘုရားပုရိနိဗ္ဗာန်စံတော်မူခဲ့သည်။ထို့ကြောင့်ဤနဂရကို လောကတစ်ဝှမ်းလုံး၌စင်
ကြယ်မွန်မြတ်သည့်နေရာဟုသပ်မှတ်ကြသည်။ဤမြီု့သည် ဥတ္တရပရဒေ့(ရှ်)ပြည်နယ်၏အရှေ့ပိုင်း ဂိုရခပူ
မြီု့မှ ၅၃-ကီလိုမီတာ၊အရှေ့အရပ်နှင့်ဒေ၀ရီယာမြီု့မှ ၃၅-ကီလိုမီတာ၊မြောက် အရပ်၌ရှိပါသည်။ဤမြီု့နှစ်မြီု့
စလုံးမှ ဘတ်(စ်)ကားဖြင့်"ကသာယ"နေရာသို့ရောက်ရှိနိုင်ပါသည်။ ထိုမှ ၃-ကီလိုမီတာအကွာတွင် ကုသိ
နဂရတည်ရှိပါသည်။ ဗုဒ္ဓဘာသာသမိုင်းအရထိုအချိန်ကမလ္လာမင်းတို့၏ တိုင်းနိုင်ငံသည် နှစ်ခြမ်းကွဲပြားနေ
ခဲ့ပါသည်။ ယင်းမလ္လာမင်းတို့၏ ရာဇဌာနီမြီု့များမှာ ကုသိနဂရနှင့် ပါဝါမြီု့တို့ဖြစ်သည်။ မလ္လာမင်းတို့က ရာဇ
သန္တရ-ခေါ်ဘုရင်စံစနစ်အုပ်ချုပ်မှူရှိစဉ်က ထိုမင်းတို့၏ နေပြည်တော်မြီု့မှာ ကုဿဝတိမြီု့ဖြစ်ခဲ့ပါသည်။ဗုဒ္ဓ
လက်ထက်အချိန်ကာလတွင် မလ္လာမင်းတို့သည် ဂဏသန္တရ-ပြည်သူ့ဒီမိုကရေစီအုပ်ချုပ်မှူစနစ်ကိုပြောင်း၍
လက်ခံကျင့်သုံးခဲ့ကြသည်။လက်ရှိအချိန်တွင် ထိုကုဿဝသီမြီု့ကို ကုဿီနဂရ-ဟုခေါ်ကြသည်။တထာဂတ
မြတ်ဗုဒ္ဓသည် မိမိပုရိနိဗ္ဗာန်စံတော်မူမည့်သတင်းကို သုံးလကြီု၍ ဝေသာလီမြီု့၌လက္ခဏာပြုကြေညာခဲ့ပါသ
ည်။ဗုဒ္ဓ၏ မိန့်ကြားချက်ကိုကြားသိကာ ရှင်အာနန္ဒာသည် ဘုရားရှင်အား ဤသို့လျှောက်ထားခဲ့ပါသာ်"အရှင်
မြတ်စွာဘုရား၊အရှင်မြတ်ပုရိနိဗ္ဗာန်စံရန် အဘယ်ကြောင့် ကုဿီနဂရကဲ့သို့သောမြီု့၊ နေရာကိုရွေးချယ်ရပါ
သနည်း။ဓမ္ပာ၊ရာဇဂရိဟ၊သာဝတ္ထိ၊ကောသမ္ဗီနှင့် ဗာရာဏသီစသော အရေးပါသည့်နေရာဌာနများရှိပါသေး
သည်။ထိုမြီု့ကြီးဌာနေကြီးများတွင် အရှင်ဘုရားအားလေးစားသည့် တပည့်သာဝက မြောက်များစွာနေထိုင်
ကြကုန်၏ ထိုပုဂ္ဂိုလ်တို့က အရှင်ဘုရားအားအထူးလေးစားသဒ္ဓါကြီးစွာဖြင့် ပူဇော်ကြမည်ဖြစ်သည်"။ရှင်အာ
နန္ဒာ၏လျှောက်ထားချက်ကို ဗုဒ္ဓမြတ်စွာဘုရားက "ချစ်သားအာနန္ဒာ၊ရှေ့ဟောင်းခေတ်ကာလကကုဿီနဂရ
တွင် မဟာသုဒဿနအမည်ရှီိသော စင်္ကြာဝဒေးမင်းက မင်းပြုခဲ့၏ ထိုမင်းမြတ်လက်ထက်၌နေပြည်တော်
ကုဿဝသီမြီု့မှာ ကြီးကျယ်ခမ်းနားလှသည့်မြီု့ကြီးဖြစ်ခဲ့ဘူးသည်။ မြီု့တော်၏ ပမာဏမှာ အရှေ့အနောက်
၁၂-ယူဇာနာရှိ၍ တောင်နှင့် မြောက်ခုနှစ်ယူဇာနာကျယ်ပြန့်တည်ရှိခဲ့ပါသည်။မဟာသုဒဿနမင်းကြီးသည်
တရားဓမ္မနှင့်အညီ  စိုးစံမင်းပြုသည့်အလျောက် ထိုမင်းကြီး၏ ဂုဏ်သတင်းသည် အရပ်လေးမျက်နှာတို့၌
ထင်ပေါ်ကျော်ကြားခဲ့ပါသည်။ မဟာသုဒဿနမင်းသည် ရတနာ(၇)ပါးကိုပိုင်သည့်အပြင် တရားဓမ္မတွင်မွေ့
လျော်သည့် မဟာဓမ္မိကဓမ္မရာဇာ-စင်္ကြာဝတေးမင်းဖြစ်ခဲ့သည်။ထို့ကြောင့်ငါဘုရားသည် ဤနေရာကိုရွေးချ
ယ်ခြင်းဖြစ်၏" ဟုမိန့်တော်မူလေသည်။ နောက်တမျီုးဆိုပါလျင်-ကုဿီနဂရသည် ဗုဒ္ဓဖွါးတော်မူသည့်လုမ္ဗိ
နီမှ ကီလိုမီတာ ၁၀၀-မျှသာ ဝေးကွာသောအရပ်၌တည်ရှိပါသည်။မဇ္ဈိမဒေသ အိန္ဒိယပြည်မြောက်ပိုင်း၌ရှိခဲ့
သည်။အရေးကြီးမြီု့ကြီးများ၏အလယ်ဗဟိုတွင် တည်ရှိနေသဖြင့် ကုဿီနဂရသည် ဗုဒ္ဓခေတ်အခါကအရေ
းကြီးသည့်နေရာဌာနတစ်ခုဖြစ်ခဲ့ပါသည်။ မဟာပရိနိဗ္ဗာနသုတ္တန်တွက်ဘုရားရှင်ဗုဒ္ဓ၏ မိမိ၏(အနုယာယီ)
နောက်လိုက်နောက်သားတပည့်များအားကုဿီနဂရကိုဖူးမြင်ရာနေရာဟူ၍မိန့်ကြားထားပါသည်။ထိုကုဿီ
နဂရ ကိုဖူးမြင်ခြင်းဖြင့် ကုသိုလ်ပွါးများရ၏"ဟုဆိုထားခဲ့ပါသည်။ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်အချိန်ကာလက
ကုဿီနဂရသည် မြီု့ငယ်တစ်ခုသာဖြစ်သည်။မလ္လာအနွယ်ဝင်တို့အားဗုဒ္ဓသည် အလွန်ချစ်မြတ်နိုးသူတစ်ဦး
လည်းဖြစ်ခဲ့သည်။မလ္လာမင်းတို့အပေါ်အစဉ်သဖြင့်ကရုဏာထားတော်မူသည်.ထိုအကြောင်းများတို့ကြောင့်
ဗုဒ္ဓသည် ပရိနိဗ္ဗာန်ဝင်ရန် ကုဿီနဂရကို ရွေးချယ်ခြင်းလည်းဖြစ်နိုင်ပါသည်။ကုဿီနဂရနေမလ္လာမင်းတို့အ
တွက်ဂုဏ်ယူစရာလည်းဖြစ်သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ။

No comments:

Post a Comment