Friday 13 July 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၂၀ )

                            ( ဗိမ္ဗိသာရဘုရင် သမိုင်းတွင်သည့် ရာဇဂီ(ရ်) နာလန္ဒာ၊ရာဇဂြိုဟ် )
                                                   Raj Gir (Nalanda) ငြိမ်းချမ်းမှူစေတီတော်။
ခေတ်ဟောင်းကာလကတည်းက ရာဇဂီ(ရ်) ကိုအများအားဖြင့် မာဂဓဘုရင် ဗိမ္ဗိသာရ၏ နေပြည်တော်မြီု့ဟု
ခေါ်ကြသည်။ လက်ရှိအချိန်တွင် ဤနေရာသည် ဘီဟာပြည်နယ် နာလန္ဒာခရိုင်အတွင်းတည်ရှိနေပါသည်။
ရာဇဂီ(ရ်) (ရာဇဂြိုဟ်) သည် နာလန္ဒာမှ ၁၃-ကီလိုမိတာ သာဝေးကွာ၍ တောင်များပတ်လည်ဝန်းရံထားသေ
ာနေရာဖြစ်သည်။ခေတ်ဟောင်းက မဇ္ဈိမဒေသဟုခေါ်သည့်ဘာရတနိုင်ငံ၏ ၁၆-ပြည်ထောင်အနက်ပြညန်ေ
ထာင်တစ်ခုဖြစ်၏ ဤနေရာသည် ဘ(ခ်) သီယမူမီးရထားဘူတာမှ -၃၅ ကီလိုမိတာဝေးကွာ၍ တောင်ဘက်
အရပ်တွင်တည်ရှိနေသည်။ ရဇာဂိရ-ဆိုသည်မှာမင်းစိုးရာဇာများနေသည့်အရပ်ဟူ၍ အဓိပ္ပါယ်ရပါသည်။ရာ
ဇဂြိုဟ်ကိုတောင်ငါးလုံးခြံရံထားသောမြီု့ဖြစ်ပါသည်။ လက်ရှိအချိန်တွင်ရှေ့ဟောင်းမြီု့နေရာသည်စိမ်းလန်းစို
ပြေသည့်တောတောင်လျှိမြောင်များပြည့်လျှက် အလွန်သာယာသည့်ရှူ့ခင်းများ ရှိနေလေသည်။ ဘုရင်ဗိမ္ဗိသ
ာရသည် မိမိပိုင်ဝေဏုဝန(ဝေဠုဝန) ဝေဠုဝန်ဥယျာဉ်နေရာကိုရှင်တော်မြတ်ဗုဒ္ဓနှင့် သံဃာတော်အပေါင်း သီ
တင်းသုံးနိုင်ရန် ပထမဦးဆုံးလှူဒါန်းခဲ့သည်။ ထိုဝေဠုဝန်ဥယျာဉ်သည် ယနေ့ထိတိုင်အောင် ရာဇဂီရ်၏ကျက်
သရေတရပ်ဖြစ်နေသည်။ဝေဠုဝန်ဥယျာဉ်၏ အလယ်ဗဟိုနေရာတွင် ရေကန်တကန်ရှိရာ ထိုကန်ထဲမှာရှင်ေ
တ်ာမြတ်ဗုဒ္ဓရေချီုးခြင်း၊ သပ်ပယ်ခြင်းတို့ကိုပြုလုပ်လေ့ရှိခဲ့သည်။ ထိုရေကန်ကို ယနေ့အထိတွေ့မြင်နိုင်သည်
ဘီဟာပြည်နယ်အစီုးရက ထိုကန်ကြီးကိုပြန်လည်တူးဖော်မွန်းမံထားသည်။ဤဝေဠုဝနတောထဲ ရှေးဟောင်း
သုတေသနဌာနမှကြီးမှူး၍ ဝေဠုဝနမြေနေရာကို တူးဖော်ရှာဖွေရာ မြတ်ဗုဒ္ဓဆင်းတုတော်တစ်ဆူတွေ့ရှိခဲ့သ
ည်။ ယင်းဆင်းတုတော်ကို ရေကန်နဘေး၌တည်ထားခဲ့သည်။ ဝေဠုဝနမှ မီတာ-၂၀၀-ခန့်ဝေးသည့်မြောက်
အရပ်၌ ကားလမ်းမကြီးဘေး၌ ရေပူစမ်းတစ်ခုရှိခဲ့ရာ ယနေ့တိုင်အောင်တည်ရှိနေပါသည်။ ရပ်ဝေးမှလာကြ
သောဥပသကာ၊ဥပသကာတို့က ထိုရေပူစမ်းရေ၌သဒ္ဓါကြည်ညိုစွာရေချီုးကြကုန်၏ ထိုရေပူစမ်းကိုဟိန္ဒူဘာ
သာဝင်တို့က အနီးအနားရှိ မဟာဒေ၀မန္ဒြညိရ်-ဘုရားကျောင်းဝင်းခြံစည်းရီုးကာ ကာဘုရားကျောင်းပိုင်ပြုလု
ပ်ထားသည်။ တထာဂတ မြတ်စွာဘုရားသည် ဂိဇ္ဈကုဋ်တောင်ကိုအလွန်မြန်နီုးခဲ့သည်။ ယင်းတောင်ထိပ်တွင်
တည်ရှိရာ ကုဋီကျောင်း၌ ဗုဒ္ဓက အများဆုံးအချိန်ပေးကာ သီတင်းသုံးတော်မူခဲ့ပါသည်။ ကုဋီကျောင်း၌ဗုဒ္ဓသ
ည်ဝိပဿနာထိုင်သည်။ကျောင်းရှေ့၌ စင်္ကြံလျှောက်၏ ထိုကုဋီကျောင်း၏တောက်ဖက်အရပ်၌ ဗိမ္ဗိသာရမင်း
တည်ဆောက်ခဲ့သည့်ထောင်ရှိခဲ့သည်။ သားတော်အဇာတရှတရုသည် ဖခမည်းတော်ဗိမ္ဗိသာရကို ထိုတောင်
၌ပင် ချုပ်နှောင်ထားခဲ့ရာ မင်းကြီးသည် အချုပ်ထောင်မှ ဂိဇ္ဈကုဋ်တောင်ထိပ်ရှိ ဗုဒ္ဓမြတ်စွာဘုရားအားဖူးမျှော်
လေ့ရှိသည်။ ဂိဇ္ဈကုဋ်တောင်ပေါ်ရှိ ကျောင်းကုဋီရှေ့၌ ဗုဒ္ဓစင်္ကြံလျှောက်သည့်တနေ့တွင် ဒေ၀ဒတ်သည်ကျေ
ာက်တုံးကြီးတစ်တုံးကိုလှိမ့်ချခဲ့ရာမြတ်စွာဘုရား၏ခြေမတော်တစ်ဘက်မှာ ဒဏ်ရာရခဲ့ဖူးသည်။ဗုဒၵဘာသာေ
လာက၌ အလွန်အရေးပါသည့် ယင်းလိုဏ်ဂူသည် ဝေဘာရတောင်၌တည်ရှိခဲ့ပါသည်။အနီးအနားမှာ ရတနာ
၈ီးရ်တောင်လည်းရှိသည်။ လက်ရှိအချိန်၌ ရာဇဂီးရ်၏အမြင့်ဆုံးနေရာ၌ ဂျပန်နိုင်ငံမှ ၀ါရင့်ဘုန်းတော်ကြီးဖျူ
ဂျီါ်မှ ကမ္ဘာကျော် သန္တိစေတီကို ကျောက်ဖြူတို့ဖြင့် တည်ဆောက်ပေးထားသည်။ထိုသန္တိ(ငြိမ်းအေးမှူ)စေတီ
ကျောင်းတော်ကို တောင်အောက်မှလှမ်းကြည်လျှင် ကျောင်းတော်၏ပတ်လည်၌လှပတင့်တယ်သောဗုဒ္ဓရုပ်
ပွါးတော်များက်ုတွေ့မြင်နိုင်ပါသည်။အရပ်လေးမျှက်နှာတွင်ငြိမ်းချမ်းမှူ့တည်ဆောက်စေသည့်ရှူ့ခင်းတရပ်ပေါ်
ပေါက်စေသည့်ဟန်ဖြင့်တည်ဆောက်ထားကြောင်းလူတိုင်းနားလည်သဘောပေါက်စေသည်။ယင်ကြီးကျယ်
ခမ်းနားလှသည့်ဝိဟာရကျောင်းတွင် ကြီးမားသော ဗုဒ္ဓရုပ်ပွါးတော်တစ်ဆူကိုတည်ထားသည်။ ဤဗုဒ္ဓဘုရား
ကျောင်းတော်ကိုလမ်းနှစ်သွယ်ရှိနေသည်။ပထမလမ်းမှာလှေခါးထစ်ပုံစံဖြင့်တောင်ခြေရင်းမှစေတီသို့ပေါက်
သည့်ခြေလျှင်လမ်းဖြစ်သည်ဒုတိယလမ်းမှာ ဘီဟာပြည်နယ်အစီုးရမှ လျှပ်စစ်ဓါတ်ကြီုးဖြင့်သွယ်ထားသည့် ပုခက်များပေါ်ထိုင်ကာကျောင်းတော်သို့အရောက်သွယ်ပေးထားသည့်လမ်းဖြစ်သည်။  ရာဇဂီးရ်(ရာဇဂြီုဟ်)
သည်ယနေ့အထိရှု့မြင်ဘွယ်ရာကောင်းသောနေရာတ်ခုအဖြစ်ကျော်ကြားနေပါသည်။တောထွက်စကာလ
သိဒ္ဓတ္ထကုမာရသည် ရာဇဂြိုဟ်မြီု့တော်၌ဆွမ်းခံလှည့်လည်နေသည်ကိုမြင်တွေ့ရသည်။ မြီု့သူမြီု့သားအချီု့က
သူ၏ရုပ်ရည်ရူပကာရကိုမြင်၍ထိုရသေ့ပျီုသည်ဘုရင့်သားတော်တစ်ပါးဖြစ်နိုင်ကြောင်းထင်မြင်ကြ၍ဗိမ္ဗိသာ
ရမင်းထံသတင်းပို့ခဲ့ကြသည်။ထိုသတင်းကိုကြားလျှင် မင်းကြီးသည် သိဒ္ဓတ္ထအားနန်းတော်သို့ပင့်ဖိတ်ခဲ့သည်
မင်းကြီးသည် သိဒ္ဓတ္ထ၏ရုပ်ရည် အပြောအဆိုနှင့် ဆက်ဆံမှူ့တို့ကို အလွန်တရာကြီုက်နှစ်သက်၍ မိမိပိုင်တို
င်းနိုင်ငံနှင့် အာဏာတို့ကိုထက်ဝက်ခွဲပေးရန်ကမ်းလှမ်းခဲ့ဖူးသည်။ထိုကမ်းလှမ်းချက်ကိုကြားလျှင်သိဒ္ဓတ္ထသ
ည်ဤသို့ပြန်လည်ဖြေကြားတော်မူသည်"အရှင်မင်းကြီး၊ကျွန်ုပ်သည်ကပိလသတ္ထုနိုင်ငံ၏နန်းဦးနန်းလျာမင်း
သားဖြစ်ပါသည်။ ထိုနန်းစည်းစိမ်တို့ကိုစွန့်ပယ်၍ ကျွန်ုပ်ဤနေရာသို့ရောက်ရှိလာခြင်းဖြစ်ပါသည်။ထိုဒုက္ခများ
အားလုံးမှကင်းငြိမ်းသွားစေရန်အလို့ငှါနှင့် ဗောဓိဥာဏ်ကိုရရှိနိုင်ရေးကိုသာ ကျွနုပ်ဘ၀၏မူလရည်မှန်းချက်
များဖြစ်သည်။ထိုရည်မှန်းချက်များကို ကျုန်ပ်သည်အောင်မြင်စွာရရှိနိုင်ပါက လောကတွင် နေထိုင်ကြကုန်
သော သတ္တ၀ါအပေါင်းတို့၏ ချမ်းသာသုခကို ဆောင်ကျဉ်းနိုင်စွမ်းရှိလိမ့်မည်ဟုကျွန်ုပ်ခိုင်ညမဲစွာယုံကြည်ပါ
သည်။"တည်ကြည်ခိုင်မာသည့်သိဒ္ဓတ္ထ၏ ထိုစကားများကိုကြားလျှင်ဘုရင်ဗိမ္ဗိသာရသည် များစွာအားရတော်
မူ၏။"အရှင်ကိုယ်တော်မှာ ဗာဓိဥာဏ်ကိုရရှိပြီးသည့်အခါ ကျွန်နုပ်၏ နိုင်ငံကို ပမထဦးဆုံးကြွတော်မူပါဘုရား
ဟု"အနုအညွတ်မေတ္တာရပ်ခံလေသည်။ သိဒ္ဓတ္ထကုမာရမှာ မိမိဆုံးဖြတ်ချက်ချထားသည့် သန္နိဌာန်နှင့်အညီ
 ခြောက်နှစ်(၆)တိတိအဆက်မပြတ်ကြီုးစားအားထုပ်၍ တရားကျင့်ခဲ့ပြီး ဗောဓိရွှေဥာဏ်တော်ကိုရရှိတော်မူ
၏သဗ္ဗညုတဥာဏ်ရှင် သိဒ္ဓတ္ထအား ဗုဒ္ဓဟူ၍ခေါ်လေသည်။ ဗုဒ္ဓအဖြစ်ကိုရပြီးနောက် ဦးစွာပထမ သာရနာထ
တွင် ပဉ္စ၀ဂ္ဂီငါးပါးတို့အား မိမိ၏တရားဒေသနာတော်အားဟောကြားလေသည်။ ၎င်းကိုဓမ္မစင်္ကြာလှည့်လည်
သည်ဟူ၍ ဗုဒ္ဓဘာသာလောကတွင်ခေါ်ဆိုကြသည်။ သိဒ္ဓတ္ထကုမာရသည် ဗောဓိဥာဏ်ကိုရရှိ၍ ဗုဒ္ဓအဖြစ်ကို
ရလာပြီးနောက် တနေ့သောအခါ ရဟန်းသံဃာများခြံရံလျှက် မာဂဓဘုရင် ဗိမ္ဗသာရ၏ နိုင်ငံသို့ကြွချီလာ၍
ကလန္ဒကနိဝါပတော၌သီတင်းသုံးတော်မူသည်။ထိုဥယျာဉ်တော၏ မာလီမှ နန်းတော်သို့သွားရောက်၍သ
ကျပုတ္တရဂေါတမသည် ဘိက္ခုသံဃာတော်များနှင့်အတူ ကလန္ဒကနိဝါပဥယျာဉ်တော၌ သီတင်းသုံးလျှက်
ရှိကြောင်းကို မင်းကြီးထံအကြောင်းကြားလျောက်ထားသည်။ ထိုသီတင်းကိုရရှိလျှင် မင်းကြီးသည် မှူးမတ်
အပေါင်ြးံခံရံလျှက်ဗုဒ္ဓအား ကြိုဆိုဂါရ၀ပြုရန် ကလန္ဒကဥယျာဉ်သို့ချက်ချင်းကြွရောက်ခဲ့သည်။ကြီုဆိုဂုဏ်ပြု
သည့် အစဉ်အလာကိုပြုလုပ်ပြီးနောက် ဗိမ္ဗိသာရမင်းကြီးသည် ဘုရားရှင်အား သံဃာတော်များနှင့်အတူနန်း
တော်သို့ ဆွမ်းဘုန်းပေးရန် ဖတ်မန္တကပြုခဲ့သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ။
 

No comments:

Post a Comment