Wednesday 18 July 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၂ ၁ )

ယနေ့မှစ၍မိမိအား ဘုရားရှင်၏ ဥပသကာအဖြစ်ကို လက်ခံမှတ်ယူရန်လည်းတပါတည်းလျောက်ထားခဲ့လေ
သည်။တထဂတကလည်းမင်းကြီး၏ဖိတ်မန္တကပြုခြင်းကိုလက်ခံတော်မူခဲ့လေသည်။သပိတ်တော်ကိုလွယ်ယူ
၍ရှင်တော်ဗုဒ္ဓသည် သံဃာတော်များနှင့်အတူ နောက်တနေ့၌ ဗိမ္ဗိသာရမင်းကြီး၏နန်းတော်သို့ကြွချိတော်မူခဲ့
လေသည်။မင်းကြီင်္းသည်မိမိကိုယ်တော်တိုင်ဆွမ်းဘောဇဉ်များကိုဆက်ကပ်တော်မူသည်။ဘုရားရှင်ဆွမ်းဘုန်း
ပေးပြီးနောက်၊ဘုရင်ကြီးသည်ဗုဒ္ဓဘာသာအစဉ်အလာနှင့်အညီတပည့်ဒါယကာအဖြစ်ကိုခံယူလေသည်။ထို့သို့
တပည့်အဖြစ်ခံယူတော်မူပြီးနောက်မင်းကြီးသည်သံဃာတော်များရှေ့မှောက်တွင်ထိုင်လျက်ဤသို့ဝမ်းသာအား
ရလျောက်တင်တော်မူသည်။"ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား၊တပည့်တော်သည်အလွန်တရာကုသို
လ်ထူးချွန်သူဖြစ်ပါ၏ ဘုရင့်သားတော်ဘ၀ကတပည့်တော်သည်ကြီးမားသောလိုအင်ဆန္ဒငါးမျိုးကိုတောင်းတ
ခဲ့ပါ၏ အရှင်ဘုရား။ ယင်းငါးမျိုးသော လိုအင်ဆန္ဒသည် ယ္ခုပြည့်ဝသွားပါပြီ။ ပထမ လိုအင်ဆန္ဒမှာ-ရာဇာဘိ
သိက်သွန်းလောင်းခြင်းခံရလိုပါ၏-ဟူ သောဆန္ဒဖြစ်ပါ၏ ယင်းလိုအဆန္ဒသည် ပြည့်ဝလဲ့ပါပြိ။ ဒုတိယလိုအင်
ဆန္ဒမှာ-ထီးနန်းစိုးစံသောအချိန်အခါအတွင်း၌ ပုဂ္ဂိုလ်တဦးတစ်ယောက်သည် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ေ
ရာက်တော်မူပြီး မိမိနိုင်ငံသို့ကြွရောက်စေလိုသည့်ဆန္ဒဖြစ်ပါ၏-ဟုလိုအင်ဆန္ဒဖြစ်ပါသည်-ယင်းလိုအင်ဆန္ဒ
လည်းယ္ခုပြည့်ဝခဲ့ပါပြီ။ တတိယ လိုအင်ဆန္ဒမှာ-မိမိသည် သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားအားရှိခိုးဦးခိုက်ရပါလို၏
ဟူသောလိုအင်ဆန္ဒဖြစ်ပါသည်။ ယင်းလိုအင်ဆန္ဒလည်းယ္ခုပြည့်ဝပါပြီ။ စတုတ္ထလိုအင်ဆန္ဒမှာ-သမ္မာသမ္ဗုဒ္ဒ
မြတ်စွာဘုရား၏ ဒေသနာတော်ကိုကြားနာရပါလို၏-ဟူသောလိုအင်ဆန္ဒဖြစ်ပါသည်။ယင်းလိုအင်ဆန္ဒလည်း
ယ္ခုပြည့်ဝခဲ့ပါပြိ။ နောင်တစ်ခုကြီးမားသော ပဉ္စမ လိုအင်ဆန္ဒမှာ-သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရား၏ တရားဒေသ
နာတော်ကိုလိုက်နာကျင့်သုံးရပါလို၏-ဟူသောလိုအင်ဆန္ဒဖြစ်ပါ၏။ယင်းလိုအင်ဆန္ဒအတိုင်းလည်းယ္ခုပြည့်ဝ
သွားပါပြီ။-ဟုလျောက်တင်၏။ မင်းကြီးဗိမ္ဗိသာရသည် အမှန်တကယ်ကုသိုလ်ကံထူးချွန်သည့်ပုဂ္ဂိုလ်တစ်ဦး
ဖြစ်ခဲ့သည်။မာဂဓဘုရင်ကြီးသည် တထာဂတမြတ်စွာဘုရားအား သီတသင်းသုံးတော်မူမည့်နေရာကောင်းတ
ခုရရှိနိုင်ရန်စဉ်းစားတော်မူ၏ထိုနေရာသည် နေပြည်တော်နှင့် မနီးမဝေးမှာရှိသင့်၏-ဟုယူဆ၍ မိမိပိုင်ဝေဠုဝ
န-ဝေဠုဝန်ဥယျာဉ်တောနေရာကိုရွေးချယ်ခဲ့သည်။ ထိုဝေဠုဝန် ဥယျာဉ်တောနေရာကို ရဟန်းသံဃာအားလှူ
ဒါန်းရန်လျောက်ထားလေသည်။မြတ်စွာဘုရားသည်လည်း တိတ်ဆိပ်စွာနေတော်မူ၍ မင်းကြီး၏အလှူဒါနကို
လက်ခံတော်မူ၏။ထိုဒါနသည် ရဟန်းသံဃာများအနေဖြင့် ပထမဦးဆုံးရသော အလှူဒါနဖြစ်ခဲ့ပါသည်။ဗိမ္ဗိ
သာရမင်းကြီးသည် ဗုဒ္ဓကို ၎င်း၊တရားတော်နှင့် သံဃာတော်များကို၎င်း အလွန်တရာကြည်ညိုလေးစားသူတ
စ်ဦးဖြစ်သည်။ ဝေဠုဝနမှ မနီးမဝေးတွင် တပိုဒါဘူမိရှိ ရေပူစမ်းတွင်ရေချီုးရန်ထွက်လာသည့်မင်းကြီးသည်သံ
ဃာတော်များ ထိုရေပူစမ်း၌ရေချီုးနေကြောင်းကိုမြင်ရလျှင် မင်းကြီးသည် အဝေးမှပင် ပုံထားသည့်သင်္ကန်းမျ
ားကို ဦးခိုက်လျှက် ရေမချီုးပဲနန်းတော်သို့ပြန်သွားခဲ့သည်။ သဉ္စယဝေလိတ္ထိပုတ္တရ အမည်ရှိသော ဏမ္မဂုရုတ
ဦးသည် ထိုရာဇာဂိရ်(ရာဇဂြိုဟ်)မြီု့မှာပင် မိမိ၏ တပည့်သာဝက ၂၅၀-တို့နှင့်အတူသိတင်းသုံးနေထိုင်တော်
မူခဲ့၏။ ရှင်မောဂ္ဂလာန်နှင့် ရှင်သာရိပုတ္တရာတို့သည် ပထမတွင် အဆိုပါ ဓမ္မဂုရုထံတရားကျင့်ကြသူများဖြစ်ခဲ့
ကြသည်။၎င်းတို့သည် ဆရာကြီး သဉ္စယဝေလိတ္တိပုတ္တ၏တရားဓမ္မတို့ကို ကျေနပ်အားရမှူမရှိခဲ့ကြရာတစ်နေ့
တွင် ပဉ္စ၀ဂ္ဂိငါးဦးတို့အနက် အသက်အငယ်ဆုံးဖြစ်သူ ရှင်အဿဇိ အေးချမ်းတည်ကြည်စွာ စင်္ကြံလျောက်နေ
သည်ကိုတွေ့မြင်၍ သာရိပုတ္တရာကဤသို့မေးခာ၏"အဆွေတော်၊သင်၏ဆရာ(ဂုရု)ဘယ်သူပါလဲ"ထိုအခါရှင်
အဿဇိက ဤသို့ဖြေဆို၏"ကျုန်ပ်၏ဂုရုမှာ သကျကုလပုတ္တဖြစ်ရ၏။ကျွန်ုပ်သည်မြတ်သောဂုရု၏ တပည့်ဖြ
စ်ပါသည်။ကျန်ုပ်သည် ထိုမြတ်သောမြတ်စွာဘုရား၏တရားဓမ္မတို့ကိုကျွန်ုပ်နားလည်သဘောပေါက်သည့်အ
တိုင်းအဆွေတော်တပ္ပသီအား အကျဉ်းမျှဟောပြမည်ဖြစ်သည်။ ငါ့တို့ဆရာသည်တရားဓမ္မကိုဤသို့အဓိပ္ပာ
ယ်ဖွင့်၍ဒေသနာတော်ကိုချီးမြငှ့်သည်"ဓမ္မသည် ဒုက္ခ(ဟေတု)မှဖြစ်ထွန်း၏။သို့ဖြစ်ပါ၍ ငါတို့ဆရာသည်ဒုက္ခ
နှင့် ဒုက္ခဖြစ်ရခြင်းတို့၏ အကြောင်းနှစ်ရပ်လုံးကိုရှင်းပြ၏ထို(ဟေတု)ဒုက္ခတို့၏ နိရောဓနှင့်နိရောဓ၏မဂ္ဂ(လ
မ်းကြောင်း)များကိုလည်းရှင်းလင်းဟောပြ၏ ဤသည်ကား ငါတို့ဆရာ မြတ်ဗုဒ္ဓ၏သဘောထားဖြစ်သည်"
သာရိပုတ္တရာမှာ ထိုစကားများကိုကြားရ၍ ၀မ်းမြောက်ဝမ်းသာဖြစ်လာသည်။ဗုဒ္ဓ၀ါဒ၏ သဘောထားကိုပြော
ပြရန် မိမိချစ်ခင်မြတ်နိုးသည့် အဆွေတော်မောဂ္ဂလာန်ထံသို့ကြွရောက်ခဲ့သည်။မောဂ္ဂလာန်သည်လည်း သာ
ရိပုတ္တရာထံမှာကြားရသည့်တရားသဘောကိုအားကျခဲ့၍၎င်းတို့နှစ်ဦးသည်ဗုဒ္ဓ၏ဓမ္မဘောင်သို့ဝင်လိုကြောင်း
ဆရာဖြစ်သူထံ သဉ္စယထံသွားရောက်ခွင့်ပန်ခဲ့ကြသည်။ဆရာသဉ္စယက ခွင့်မပြုခဲ့ပါသဖြင့်မိမိတို့လွပ်လပ်ေ
သာသဘောနှင့်ထိုသူနှစ်ဦးမှာ ဗုဒ္ဓ၏ဓမ္မဘောင်သို့ဝင်သွားကြလေသည်။၎င်းတို့နှင့်အတူ တရားကျင့်ဖော်များ
ဖြစ်ကြသည့် တပ္ပသီ ၂၅၀-ဦးတို့ကလည်း ဗုဒ္ဓသာသနာဘောင်သို့ ၀င်သွားကြလေသည်။ထိုအဖြစ်ကိုမြင်ရ၍
ဆရာဖြစ်ခဲ့သူ သဉ္စယဝေလိတ္တိပုတ္တရမှာ များစွာစိတ်ဆင်းရဲကာသွေးအန်သေဆုံးသွားလေတော့သည်။နောင်
အခါတွင် သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့မှာ ရျင်တော်မြတ်ဗုဒ္ဓ၏ လက်ဝဲရံ၊လက်ယာရံရဟန္တာများဖြစ်ကြေ
လတော့သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ။          ( ဂိဇ္ဈကုဋ်တောင်ပေါ်ရှိမြတ်ဗုဒ္ဓသိတင်းသုံးတော်မူခဲ့ရာတွင်အမှတ်တရ)


No comments:

Post a Comment