Wednesday 5 September 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၃ ၅ )

အထက်ဖော်ပြပါဘိက္ခုအစည်းအဝေးမှထုတ်ပယ်ခဲ့ခံရသည့်သံဃာတို့မှာ ဝေသာလီမြီု့၏ဗလုကာရာမ၀ိဟာရ
ကျောင်းတိုက်၌သံဂီတိ(ဘိက္ခုအစည်းအဝေး)တရပ်ကိုခေါ်ယူကျင်းပခဲ့ကြသည်။သဘာပတိအဖြစ်မဟာမြတ်
မထောရ်ကြီးသဗ္ဗကာမီက ဆောင်ရွက်ပြီးအတွင်းရေးမူးအဖြစ် ဘိက္ခုအဇီတပ ဆောင်ရွက်ပေးခဲ့ကြသည်။ မည်သို့မျှဘိက္ခုတို့ပြဿနာကိုအဖြေရှာရှင်းလင်းမှူမရသဖြင့်ယင်းထုပ်ပယ်ခံဘိက္ခုတို့မှာ ဝေသာလီမြီု့ကိုစွန့်ခွါ
၍ကောသမ္ဗီသို့ထွက်ခွါသါားကြလေတော့သည်။ထိုအစည်းအဝေးကိုဗုဒ္ဓကျမ်းများ၌ထုပ်ပယ်ခံဘိက္ခုတို့၏အစ
ည်းအဝေး(သံဂီတိ)ဟုရေးသားဖော်ပြထားသည်။
ဤအဖြစ်အပျက်မှာလည်း ဝေသာလီမြီု့နှင့်သက်ဆိုင်သောအကြောင်းအရာတစ်ခုပင်ဖြစ်လေသည်။ကောသမ္ဗီ
မှထုပ်ပယ်ခံဘိက္ခုအပေါင်းတို့ကဘိက္ခုသံဃာကန၏အသွင်ကိုပြောင်းလဲပစ်ခဲ့ကြသည်။ထိုသံဃာ့ယနတွင်ဗုဒ္ဓ
ဘိက္ခုသံဃာသည်မဟာယနနှင့် ဟိနယနဟူ၍ နှစ်မျီုး၂စားရှိသည်ဟု ပြတ်ပြတ်သားသားကြောငြာကာကွဲသွ
ားကြခြင်းဖြစ်သည်။အစည်းအဝေးတွင် ဘိက္ခုအများစုက မိမိတို့ကို မဟာသံဃီဟုအမည်တွင်ကာအနည်းစု
သံဃာတို့ကို ဟိနယနဟုအမည်တွင်ခေါ်ခဲ့သည်။မဟာယနဂိုဏ်းဝင်ရဟန်းများကမိမိတို့သာလျှင် ဗုဒ္ဓ၏သား
တော်အစစ်အမှန်ဖြစ်ကြောင်း ဃောက္ခဏ(ကြေငြာ)ခဲ့ကြလေသည်။ ဗုဒ္ဓသံဃာအတွင်းပြိုကွဲမှူ့သည်အထူး
သဖြင့် ၀ဇ္ဇိပုတ္တရ ရဟန်းသံဃာတို့မှ ဓမ္မကိုဆန့်ကျင်၍ ပြုလုပ်လာသည့် အပြုအမှူအကျင့်တို့ကြောင့် သဘေ
ာထားကွဲလွဲမူများ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ထိုသို့သောအကြောင်းများကြောင့်နေ့တဓူဝ သဘောထား
အသစ်အသစ်များပေါ်ထွန်းလာခဲ့ကြသည်။ဗုဒ္ဓဘာသာဝင် အသောကမင်းတရားကြီးလက်ထက် ဗုဒ္ဓမြတ်စွာ
ဘုရား ပရိနိဗ္ဗာန်စံတော်မူသည့် သက္ကရာဇ် -၂၃၆ နှစ်ပြည့်ပြီးသည့်ကာလတွင်(တတိယသံဃာယနာတင်)သံ
ဃဂီတိကိုမိမိထီးနန်းစိုက်ရာပါဋလိပုတ္တရနေပြည်တော်၌ခေါ်ယူကျင်းပခဲ့သည်။မဟာယနနှင့် ဟိနယနရဟန်း
သံဃာအပေါင်းတို့အားဖိတ်ကြားပင့်ဆောင်ကာ အတူတကွအစည်းအဝေးတက်ရောက်စေခဲ့သည်။မဟာမေ
ထာရ်ကြီး မောဂ္ဂလိတိဿက ဦးစီးနာယက အညဖစ်ဆောင်ရွက်ပေးခဲ့သည်။ ရဟန်းသံဃာပေါင်း၁၀၀၀၀-
တက်ရောက်ခဲ့ကြသည်။ထိုသံဃာယနာတင်အစည်းအဝေးကြီးကိုမကျင်းပခင်ကာလတွင်ပါဠီပိဋကတ်တော်
၏အရေးကြီးသည့်အစိတ်အပိုင်းတို့ကို အာဂုံဆောင်ရွက်ဆိုသည့်စနစ်ဖြင့် ထိန်းသိမ်းလာခဲ့ကြသည်။တိုက်
ဆိုင်လာသည့်အချိန်ကာလတို့တွင် အာဂုံဆောင် ဆရာတော်မထောရ်မြတ်၏ လမ်းညွန်ဟောကြားမူအကိုး
အကားဖြင့် ဓမ္မဆိုင်ရာဒွိဟဖြစ်စေမည့်မေးခွန်းပြဿနာတို့ကို ဖြေရှင်းယူကြရသည့်ထုံးတမ်းစဉ်လာရှိခဲ့သည်။
ဗုဒ္ဓမြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်နှစ်တစ်ရာကျော်ခဲ့ပြီင်္းကာလတွင် ဝေသာလီမှာအချီု့ဘိက္ခုတို့
က၀ိနည်းနဲ့ဓမ္မကို အာဂုံဆောင်ထားသည့် ပညာရှိမထောရ်ဖြစ်သည့်အတွက်အောင်မြင်စွာဖြေရှင်းပေးခဲ့သည့်
ဥပမာများကို ဗုဒ္ဓကျမ်းများတွင် အထင်အရှားဖော်ပြထားကြောင်းတွေရှိနိုင်ပါသည်။
ဝိနည်းဝါဒ သဘောတရားကွဲလွဲမူတို့ကိုပပျောက်၍တညီတညွတ်တည်းဖြစ်နိုင်ရန်ကိုရည်စူး၍ထိုတတိယသံ
ဃာယနာတင်ပွဲအားခေါ်ယူကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းသံဂီတိ၏ဥက္ကဋ္ဌ အရှင် မောဂ္ဂလိတိဿပုတ္တမှဆယ့်
ရှစ်ဂိုဏ်းအထိကွဲပြားခဲ့သော ဗုဒ္ဓဘာသာဝင်တို့အား မူလဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတွင်း ပြန်ရောက်စေ
ရန်ကြီုးစားခဲ့ခြင်းပင်ဖြစ်သည်။ယင်းကြောင့်လည်း ကထာဝတ္ထုကျမ်းသည် ရှင်မောဂ္ဂလိတဿ၏ကြီုးစားမူတို့
ကြောင့်ပေးပေါက်လာခဲ့ရခြင်းဖြစ်သည်။စင်စစ်တတိယသံဃာယနာ၏ ရလာဒ်ကောင်းတစ်ခုလည်းဖြစ်သည်
အဘိဓမ္မပိဋကတ်ကျမ်းတွင် ကထာဝတ္ထုကျမ်းသည်ရှေ့တန်းမှာနေရာရ၍ အားလုံး၏အသိအမှတ်ပြုခြင်းကို
ခံရသည့်ကျမ်းလည်းဖြစ်လာခဲ့သည်။ယင်းသံဃာယနာတွင် အရေးကြီးသည့် လုပ်ငန်းစဉ်နှစ်ရပ်ကိုအောင်မြင်
စွာ ချမှတ်ဆေင်ရွက်နိုင်ခဲ့ကြသည်။ ၎င်းမှာ-(၁)ဘိက္ခု သံဃာများ၏သဘောထားကိုရယူခြင်းနှင့်ပြန့်ကြဲနေသ
ည့်ဘိက္ခုများအားပြန်လည်စုစည်းမိခြင်း=(၂)သံဃာများအား အရပ်လေးမျက်နှာသို့ စေလွတ်ခြင်း၊မဟိန္ဒရနှင့်
သံဃာမိတ္တရတို့အား ဗုဒ္ဓဘာသာဖြန့်ချီရေးအတွက်သီရိလင်္ကာပြည်သို့ပို့ပေးခြင်းနှင့်ဗုဒ္ဓဘာသာဖြန့်ချီရေးအ
တွက်နိုင်ငံတပါးသို့ ဘိက္ခုရဟန်းများ တာဝန်ပေးစေလွတ်ခြင်းတို့ဖြစ်သည်။ ယင်းကဲ့သို့ချမှတ်နိုင်ခြင်းကြောင့်
လည်းကမ္ဘာ့နိုင်ငံအတော်များများတွင် ဗုဒ္ဓဘာသာပြန့်ပွါးလာခြင်းဖြစ်သည်။ ထို့ကြောင့်အသောကမင်းတရား
ကြီးကို နိုင်ငံပေါင်းများစွာတို့က လက်ခံလေးစားသမှူ့ပြုရခြင်းမှာ သံဃာယနာတင်ပွဲမှရရှိလာသည့်ရလာဒ်ေ
ကာင်းဟုပင်ဆိုရမည်ဖြစ်သည်။သံဃာယနာအစည်းအဝေးတွင် သုဓမ္မ(၀ါ)ထေရ၀ါဒ၏ဒဿနတရားများကို
သတ်မှတ်ခြင်းနှင့် ပါဠိပဋိကကျမ်းများ၌ ပေတင်ခြင်းအလုပ်ကိစ္စများအား အောင်မြင်စွာပြုလုပ်ခဲ့ကြသည်။
၎င်းတို့အနက်တရိပိဋကတ်ကျမ်း၏ ၀ါဒ ဒဿနကိုပေတင်ခဲ့ရသလို ပေတင်ပြီးသား ပါဠိပိဋကတ်တော်၏ စာမူတမူကို သီရိလင်္ကာ နိုင်ငံသို့ ပို့နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် ပါဠီပိဋကတ် ကျမ်းများကို သုံးမျီုးသုံးစား
ခွဲခြားထားသည်။
                 (၁) ၀ိနယ ပိဋကတ်
                 (၂)သုတ္တန္တပိဋကတ်
                 (၃)အဘိဓမ္မ ပိဋကတ်
စသည်တို့ဖြစ်သည်။ ထိုစုစည်းထားသော ကျမ်းကိုပင် တရိပိဋကတ်   ကျမ်းဟုခေါ်ဝေါ်ကြခြင်းဖြစ်သည်။
ဝိနယပိဋကတ်ကျမ်းတွင် ဘိက္ခုများ လိုက်နာကျင့်သုံးရမည့် စည်းမျည်း၊စည်းကမ်းများကိုဖော်ပြထားသည်။
သုတ္တန္တပိဋကတ်တွင်မူ ငါးပါးသောနိကယ် တို့ကို ထည့်၍ဖော်ပြထားသည်။
ထိုနိကယ်တို့မှာ-(၁) ဒီဃနိကယ်
                    (၂)မစ္ဖျိမနိကယ်
                    (၃)သံယုတ္တနိကယ်
                    (၄)အဂုင်္ရနိကယ်
                    (၅)ခုတ္တကနိကယ်တို့ဖြစ်သည်။
ခုတ္တကနိကယ်တွင်  ၅၅၀ -သောဇာတက ပုံကထာများထည့်၍ရေးသားဖော်ပြထားသည်။ အဘိဓမ္မပိဋကတ်
မှာ ဒဿနဆိုင်ရာ အကြောင်းအရာများကို ထုတ်ဖော်ပြဆိုထားသောကျမ်းဖြစ်သည်။ သံဃာယနာပြီးဆုံးသ
ည့်အခါ အနာဂါတ်ကာလ၌ ဘိက္ခုသံဃာအတွင်း ၀ိဝါဒ ကွဲလွဲမူနှင့် ပဋိပက္ခမျီုးစုံကို ရှောင်ကြည်နိုင်ရန်၊အ
သောက ဘုရင်မြတ်၏ မင်းအမိန့်ကို ကျောက်စာတို့ဖြင့်ရေးသားဖော်ထုတ်ပေးထားခဲ့လေသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထို) M.A မာဂဓတက္ကသိုလ်။

No comments:

Post a Comment