Tuesday 11 June 2013
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄၀ )
(၁) မဂဓမင်း အဇာတတသတ်သည် လိစ္ဆာဝိမင်းတို့နှင့်နိုင်းယှဉ်လျှင်ပိုပြီး ကုဋနီတ(ရာဇနီတီ) ကျွမ်းကျင်ပါး
နပ်သည့်ဝဿကာရအမတ်ကြီးအားဝေသာလီသို့စေလွတ်ကာ ၀ိဇ္ဖိတိုင်းနိုင်ငံနေ အဋ္ဌကုလ မျီုးနွယ်ရှစ်စုအ
ကြားအချင်းချင်း စိတ်ဝမ်းကွဲပြားမှူတို့ကို ဖန်တီးနိုင်ခဲ့သည်။
(၂)၀ိဇ္ဖိတိုင်းသားတို့သည် ပတ်ဝန်းကျင်အချိန်အခါနဲ့အညီ မိမိတို့၏ စစ်ရေးစွမ်းရည်ကို တိုးမြှင့်တည်ဆော
က်ခြင်းကိုပျက်ကွက်ခဲ့သည်။
(၃)ပုလိပ်(ဂ်)ရောဂါဆိုးကြီး တပြည်လုံး၌ ဖြစ်ပွါး၍ ပျံ့နှံ့နေသဖြင့် ဝေသာလီပြည်သူပြည်သား သေကြပျက်စီး
ခဲ့ကြသည်။
(၄)အဇာတသျှတြူမင်းသည် မိမိ၏ညီအစ်ကို တစ်ဝမ်းကွဲများကိုစုရုံ၍တပ်ဗိုလ် တပ်မူးများခပ်အပ်ကာ ထိုးစ
စ်စွမ်းရည်မြှင့်တင်နိုင်ခဲ့သည်။
(၅)အဇာတသတ်၏ရန်ကိုရင်ဆိုင်နိုင်ရန် ဖွဲ့စည်းထားခဲ့သည့် မဟာမိတ်တပ်ဖွဲ့အကြား အချင်းချင်းစုစည်းမူ
ပြိုကွဲကာ သူတဗိုလ် ငါတစ်မင်းဖြစ်နေခဲ့ကြသည်။ လစ္ဆာဝီမင်းတို့မှ မူလခိုင်မြဲံတောင့်တင်းသည့် စစ်ရေးမ
ဟာမိတ်ကို နောက်ဘယ်အခါမျှ မတည်ဆောက်နိုင်ခဲ့ချေ။
(၆)နိုင်ငံအတွင်းသေနာပတိကဲ့သို့ အရေးကြီးသည့် ရာထူးနေရာကို မျီူးရိုးမှ ဆက်ခံရမည့် အလေ့အထဆိုး
ကိုခွင့်ပြုထားခြင်းသည် ရာဇာသန္တရ အုပ်ချူပ်မူနဲ့ ဘာမျှထူးခြားခြင်းမရှိချေ။
(၇)၀ိဇ္ဖိဂဏသန္တရ အုပ်ချုပ်မူစနစ်အောက်တွင် အဖွဲ့ဝင်တိုင်းကို မိမိကိုယ် မိမိမင်းဟုခေါ်ပိုင်ခွင့်ပေးထားလေ
သည်။ထို့ကြောင့် အဖွဲ့ဝင်များကမာနထောင်လွားလာခဲ့သည်။အဖွဲ့ဝင်များကတစ်ဦးနှင့်တစ်ဦး တန်းတူအခွင့်
အာဏာရှိကြောင်း အုပ်ချုပ်မူ ယန္တယားဘောင်တွင် ရာထူးဋ္ဌာနန္တရကြီးသူများ၏ အမိန့်ကိုနားမထောင်ဥပေ
က္ခာပြုလာခဲ့ကြသည်။ တစ်ဦးတယောက်၏ ခေါင်းဆောင်မူကို ပစ်ပယ်လာခဲ့ကြသည်။
(၈)ရှင်တော်မြတ်ဗုဒ္ဓ ပရိနိဗ္မာန်စံတော်မူခဲ့ပြီဖြစ်သည့်အားလျော်စွာ ဘုရား၏ ဒေသနာတော်များကိုကြားနာ
ရန်မရှိခဲ့ခြင်း။
(၉)၀ဇ္ဖိမျီုးနွယ်စု တိုင်းနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ လျို့ဝှက်ချက်များမှ လူသိ၇ှင်ကြားပေါ်ထွက်လာခဲ့သည်။
မယုံကြည်ရသည့် မဂဓသူသျိုဖြစ်နေသည့် ၀ဿကာရကို ယုံကြည်ကာ မပေးသင့် မပေးထိုက်သည့်သတင်း
ပေးလာခဲ့ညခင်း။
(၁၀)လိစ္ဆ၀ီတို့ အချင်းချင်း မယုံမကြည်ကွဲပျက်ကာ ဝေသာလီမှထွက်ပြေး၍ မဂဓတိုင်းတွင် ခိုကိုးလာခဲ့သ
ည့် သိဟသေနာပတိ၏သား ဂေပကသူ့အဖေရာထူးကို ဆက်လက်မခံယူပဲ မဂဓသို့သွားကာ ဝေသာလီပြ
ည် လုံခြုံရေးဆိုင်ရာ အားနည်းချက်သတင်းများကိုသစ္စာပေါက်ကာ ရန်သူထံပေးလာခြင်း။
(၁၁)လိစ္ဆာဝီတို့သည် ဝေသာလီပြည်ကိုစွန့်ခွါကာ အိမ်နားနီးခြင်းတိုင်းပြည်များဖြစ်သည့် တိဘက်၊ နီပေါ
စသည့်နိုင်ငံများသို့ ထွက်ပြေးသွားလျှက် ထိုနိုင်ငံများ၏နိုင်ငံရေးတွင် ပို၍စိတ်ဝင်စားလာခဲ့ခြင်း။
(၁၂)ဂုပ္တမင်းဆက်မှ မင်းများအား ပို၍ပို၍ အားကိုးလာခြင်း ယင်းဂုပ္တမင်းဆက်များက ၀ိဇ္ဖိတိုင်းဒေသ၏နယ်
မြေအချို့တို့ကို မိမိနိုင်ငံ၏ နယ်နမိတ်အသွင်သွင်းကာထားခဲ့သည်။
(၁၃)၀ိဇ္ဖိတိုင်းသား လူငယ်များမှာ တိုင်းချစ်ပြည်ချစ် စိတ်နည်းပါးလာ၍ အပျော်အပါးကျူးလိုသည့် စိတ်ဆန္ဒ
များပြားလာခြင်း။
(၁၄)သံသဃရမှ အစည်းအဝေးတက်ရောက်ခြင်းမှ ပျက်ကွက်လာခဲ့ရခြင်းနှင့်  အရေးပေါ်အချင်းအရာများ
ပေါ်ပေါက်လာသည့်အချိန်တွင် သံသဃရ၏ ခေါင်းလောင်းကို အကြိမ်ကြိမ်ထု၍ ခေါ်လာသော်လည်းစုံစုံ
ညီညီတက်ရောက်လာကာ ခုခံစစ်ပွဲကို စနစ်တကျ ဆိုင်ပင်ဆွေးနွေးမူမရှိပဲ မဂဓတပ်တို့ ထိုးနှစ်ခြင်းကို အစီ
အစဉ်တကျ ခုခံခြင်း မပြုနိုင်ခဲ့သည့်အဖြစ်ကအားလုံးကစဥ့်ကလျား စစ်ရှူံးခဲ့ရပြီး ဝေသာလီပြည်ကြီးလည်း
ပျက်စီးခဲ့ရလေသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)
No comments:
Post a Comment