Sunday 3 November 2013

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၆ )

                                            ဥစ္စာဓနသည် အထွဋ်အမြတ်မဟုပ်
သာဝတ္ထိသည် စီးပွါးဓနချမ်းသာသည့်သူများနေထိုင်ရာမြို့ဖြစ်သည့်အားလျော်စွာ မြတ်ဗုဒ္ဓသည် စီးပွါးဓနနှင့်
စပ်လျဉ်းသည့် မိမိ၏အမြင်ကို ထုတ်ဖော်ကာဤသို့မိန့်ကြားခဲ့လေသည်။ လောက၌ ဓနရှင်တို့ထံမှ လောက
အကျိုးကို ဆောင်ရွက်သွားမည်ဟူ၍ မမျှော်လင့်နိုင် ၊ တရားဓမ္မ၌ မွေ့လျော်သော သားကောင်းရတနာတို့
သည်သာလျင် ဆရာမိဘနှင့်အတူ လူမှူဘောင်အမျီုးမျီုးတို့၌ ကျင်လည်ကြသော လူအဖွဲ့အစည်ဝင် သူတ
ကာအပေါ် နီတိစည်းကမ်းတို့နှင့် အညီလုပ်ကျွေးပြုသွားနိုင်သည်။ ထိုသို့သောသူသည် ဓနဥစ္စာမရှိ သူဆင်း
ရဲပင်ဖြစ်လင့်အစား မိမိတာဝန်ကို အကျင့်ရှိရှိ ကျင့်ကြံကျေပြွန်သွားနိုင်ပါသည်။
           အဆမတန်ကြွယ်ဝချမ်းသာမှူ့သည်သာ လူတို့အား လုပ်ကျွေးပြုစုခြင်းတို့ကို ဟန့်တားဖြစ်စေသည်
စီးပွါးဓနတို့၏ တပ်မတ်မှူတို့ကြောင့်လူတို့သည် ဥစ္စာဓနကို ပို၍ ပို၍ ရှာဖွေဏုဆောင်းမှူတို့၌ အချိန်ကုန်နေရ
သဖြင့်လူ့ဘ၀၏အခြားအဓိပ္ပါယ်ရှိသည့်အရာတို့ကိုရှာဖွေပွါးများရန် စိတ်ဆွဲဆောင်မှူနည်းပါးသွားစေသည်။
မြတ်ဗုဒ္ဓမိန့်ကြားပေးသည့် ထိုဥပဒေသကို ဓမ္မသဘင်တွင်တက်ရောက်နေခဲ့ကြသော ကုဋေပရိတ်သတ်များ
က သဘောမတူနိုင်သည်ဖြစ်၍ ဓနဥစ္စာသာလျင် အရာရာ၌ အထွဋ်အထိပ်ကြကြောင်း လျောက်ထားကြ
ကုန်၏ ဓနရှင်တို့ထံမှ ထိုစကားကိုကြားလျင် မြတ်ဗုဒ္ဓသည် ၎င်းတို့အား မေးခွန်း (၃)ခွန်းမေးလေသည်။
(၁) ဒါယိကာ သူဋ္ဌေးအပေါင်းတို့ ဤလောက၌ မိမိကိုယ်ပိုင်စိတ်သဘောထားဖြင့် ဇရာဟူသည့် အိုခြင်း
တရားကို ဆောင်ကြပါသလား၊- အိုခြင်းတရားကို ဘယ်သူမှ မဆို မိမိဆန္ဒဖြင့် မဆောင်ချင်ကြပါဘုရား....
သူဋ္ဌေးပရိတ်သတ်ကဖြေဆိုသည်။
(၂)ဒါယိကာတို့ လောက၌ မိမိသဘောဆန္ဒအလျောက် သေခြင်းတရားကို ဆောင်ချင်ကြသူများရှိပါ့သလား
မရှိပါဘုရား ပရတ်သတ်ကဖြေဆိုသည်။
(၃)ဤလောက၌ တဦးတယောက်သောသူသည် ဆင်းရဲခြင်းဝေဒနာတို့ကို လိုလိုလားလားနှင့် ခံစားချင်ကြ
ပါသလား.၊-ဗုဒ္ဓ၏တတိယမေးခွန်းကို မခံစားချင်ကြပါဘုရားဟု တရားနာပရိတ်သတ်အားလုံးက တညီတ
ညွတ်တည်းဖြေဆိုကြလေသည်။
        ထို့သို့အဖြေမျီုးကိုကြားရပြီးနောက် ဗုဒ္ဓသည်တဖန်ဒါယိကာကြီးတို့ပိုင်ဆိုင်ထားသည့် ဓတဥစ္စာဖြင့်
အကုန်အကျခံကာ(ဇရာ) အိုခြင်းတရား၊ (မရဏ) သေခြင်းတရားတို့ကို ရှောင်ကြည်၍ ရနိုင်ပါသလားဟု
ထပ်၍မေးမြန်းတော်မူခဲ့သည်။ သူဋ္ဌေးသူကြွယ်တို့၏အဖြေမှာ-"ရှောင်ကြည်၍မရနိုင်ပါဘုရား"ဟူ၍ဖြစ်၏
ဗုဒ္ဓကဆက်လက်၍ မိန့်ကြားပြန်သည်။"ဤလောက၌ ဓနဥစ္စာအားကိုးဖြင့် အိုခြင်း၊ နာခြင်း၊သေခြင်းတရား
ကိုရှောင်ကြည်၍ လည်းမဖြစ်နိုင်၊ စိတ်၏ကျေနပ်မှူ့အရာရာကိုလည်း မပြုနိုင်ဆိုပါလျှင် အဘယ်အကြောင်း
များကြောင့် ဥစ္စာဓနကိုဤမျှတက်မက်ရပါမည်နည်း။ ဗုဒ္ဓက ဆက်လက်မိန့်ကြားသည့်အခါမှာ..ဒါယိကာ
ဒါယိကာမအပေါင်းတို့ ဥစ္စာဓနကို"ဟေတု"တစ်ခုအဖြစ်နားလည်ကြပါ ဓနဥစ္စာသည် လူဘ၀၏ ပန်းတိုင်
မဖြစ်နိုင်ပါ ။စီးပွါးဥစ္စာတို့ကို လွန်ကဲစွာစွဲလန်း တပ်မတ်စွဲလန်းမှူတို့ကြောင့် ဆင်းရဲဒုက္ခကိုဖြစ်စေသည်။
ထို့ကြောင့် ဥစ္စာဓန၏ တပ်မတ်မှူတို့ကိုစွန့်လွတ်ကာ သတ္တာဝါအပေါင်းတို့အား ကောင်းစွာ ပြုစုလုပ်ကျွေး
ရသည့် အမူကိစ္စကိုပြုလုပ်သွား၍(ပရဟိတ) ကုသိုလ်ပွားများ အားထုတ်သွားသင့်ကြောင်း ဟောကြား
သွားခဲ့လေသည်။ ပုညာကမ္မ(ကုသိုလ်ကံ)သည် သာလျှင် လူတို့နှင့် အမြဲပါနိုင်သည့်အရာဖြစ်ကြော
င်းကို
ဟောကြားတော်မူခဲ့လေသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)

No comments:

Post a Comment