Tuesday 5 November 2013

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၇ )

                                                 ပဋာစာရာ (ပဋာစာရီ)
သာဝတ္ထိမြို့နေ သူဋ္ဌေးတစ်ဦး၏ သ္မီးကညာမှာ ပဋာစာရာဟူ၍မည်၏ ၎င်းသူဋ္ဌေးသ္မီးသည်မိမိတို့အိမ်မှာ
အလုပ်အကျွေးပြုရန် ငှါးရမ်းထားသည့် လုလင်ပျိုတဦးနှင့် အကြောင်းပါ၍ သူနှင့်အတူခိုးပြေးသွားကာ
ရွာတရွာ၌ အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့ကြလေသည်။ တစ်နှစ်  နှစ်  နှစ်ကြာသေအခါ
ပဋာစာရီမှာ ကိုယ်ဝန်ဆောင်လ်ာည့်အခါ သူမသည်မိဘအိမ်သို့ပြန်လို့သည့်စိတ်ဖြင့် ယောင်္ကျားအားး
အကြိမ်ကြိမ်တောင်းဆိုလာခဲ့သည်။ ယောင်္ကျားဖြစ်သူသည် သာဝတ္ထိရှိ သူယောက္ခမအိမ်သို့ မပြန်ဝံ့သဖြင့်
ဇနီးပဋာစာရီ၏ တောင်းဆိုချက်များကိုဥပေက္ခာပြုထားသည်။တဖြည်းဖြည်းနဲ့ခလေးမွှေးဖွါးရန် အချိန်နီးကပ်
လာခဲ့သည်။ တနေ့တွင်သူယောင်္ကျားသည်အနီးအနားရှိတောအုပ်ထဲသို့ ထင်းခုပ်ရန်သွားနေသည့်အချိန်
တွင်ပဋာစာရီသည် အိမ်နားနှီးချင်များအား အကြောင်းကြား၍ သူမတကိုယ်တည်းပင် သာဝတ္ထိဘက်ကို
ထွက်လာခဲ့သည်။ ထင်းခုပ်ရာမှ နေအိမ်သို့ပြန်လာသော ယောင်္ကျားသည် အိမ်နားနီးချင်းတို့မှပြောပြသည့်
အကြောင်းအရာကိုကြားသီ၍ လွန်စွာစိတ်မချမ်းမြေ့ဖြစ်ကာ သူဇနီးနောက်ကိုလိုက်လေသည်။လမ်းခရီး
တနေရာတွင်ဆုံမိခဲ့သည်ထိုညတွင်မိုးသီးထန်စွာရွာသွန်းခဲ့၍ပဋာစာရီသည်ထိုည၌ပင်သားယောင်္ကျားလေး
တယောက်မွေးဖွါးခဲ့သည်။လင်မယားနှစ်ယောက်လုံးသည် ၀မ်းသာအားရဖြစ်၍ နေအိမ်သို့ပြန်လာကြသည်။
              ဒုတိယအကြိမ်ပဋာစာရီကိုယ်ဝန်ဆောင်လာတဲ့အခါသူမိဘများရှိရာ သာဝတ္ထိသို့သွားရန်လင်
ယောင်္ကျားထံဆန္ဒပြုလာခဲ့သည်။ယောင်္ကျားမှာ နဂိုအတိုင်းငြင်းဆန်ပြန်သည်။နောက်ဆုံးမှာယောင်္ကျား၏
ခွင့်ပြုချက်မရှိပဲနှင့် ပဋာစာရီသည်အိမ်နီးနားချင်းတို့အားအသီပေးပြီးသာဝတ္ထိသို့ထွက်ခွါသွားခဲ့သည်။
လင်ယောင်္ကျားမှာ မိုးချူပ်သည့်အချိန်အလုပ်မှပြန်လာသောအခါအိမ်တွင်း၌ဇနီးသည်ကိုမတွေ့သည့်အ
တွက် အိမ်နီးနားချင်းတို့အားမေးမေးမြန်း၍ ပဋာစာရာမှာ မိဘများအိမ်သို့ထွက်သွားခဲ့ပြီဖြစ်၍ များစွာ
စိတ်မချမ်းမြေံဖြစ်ခဲ့ရသည်။သူစဉ်းစားလာသည်မှာ သူကြောင့် သူဋ္ဌေးသ္မီး(ကုလကညာ)တစ်ယောက်က
ဤသို့ဒုက္ခဆင်းရဲမှူတို့ကိုခံစားနေရသည်ဟုတွေးတောကာဇနီးသည်ကိုရှာဖွေနိုင်ရန် ညတွင်ပင်သာဝတ္ထိသို့
သွားသည့်လမ်းအတိုင်းထွက်လိုက်သွားခဲ့သည်။တောလမ်းခရီးအကြားပဋာစာရီကိုတွေ့ဆုံခဲ့လေသည်။
ထိုအချိန်တွင်မိုးသီးထန်စွာ ရွာသွန်းပြီးလေမုန်တိုင်းလည်းကြလေသည်။ တောထသြစ်ပင်တပင်အောက်
မိုးခိုနေကြစဉ် ပဋာစာရီမှာ ခလေးမွေးဖွါးမည့်လက္ခဏာပေါ်လာခဲ့လေသည်။ထို့ကြောင့်လင်ယောင်္ကျား
အနီးအနားရှိထင်းအချို့နှင့်သစ်ရွက်သစ်ခေါက်အချို့ကို ရှာရန်တောအနီးအနားသို့ လျောက်သွားသည့်အခါ
အဆိပ်ပြင်းသည့်မြွေကိုက်ခံရ၍ ထိုနေရာမှာပင် လင်ယောင်္ကျားလဲကျသေဆုံးသွားခဲ့လေသည်။
မိုးထဲရေထဲမှာပင်ပဋာစာရီမှာ ခလေးတစ်ယောက်မွေးဖွါးခဲ့လေသည် နံနက်မိုးသောက်လာသည့်အချိန်အထိ
သူယောင်္ကျားပြန်မလာနိုင်သည်ကိုမြင်၍ သူမသည်ခလေးတစ်ယောက်ကို ရင်ထဲပိုက်ကာ ယောင်္ကျားအား
လိုက်လံရှာဖွေခဲ့သည်။ အနီးမဝေး၌ရှိသော တောချုံပုတ်တွင် သူယောင်္ကျားသေဆုံးနေသည်ကိုတွေ့၍ ကြေ
ကွဲဖွယ်ရာအသံဖြင့် ငိုကြွေးလာခဲ့သည်။
                သူကြောင့်ပင်ယောင်္ကျားသေဆုံးခဲ့ရသည်ဟု ရင်ဘတ်ကိုထုကာ ထုကာ ကျယ်လောင်စွာငို
ကြွေးခဲ့လေသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)

No comments:

Post a Comment