Friday 8 November 2013

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၄ ၈ )

နောက်ဆုံးမှာ မိမိကိုယ်ကို မိမိထိန်းလျှက် ခလေးနှစ်ယောက်ကိုချီ၍ မိမိအိမ်သို့ထွက်လာခဲ့သည်။လမ်းခရီး
တွင် အဓိရာဝတိ၊ လက်ရှိ( ဃာဃရာ) မြစ်ကမ်းပါးသို့ ဆိုက်ရောက်ခဲ့လေသည်။ မြစ်ကိုဖြတ်ကူးရန်ကလေး
အကြီးကိုကမ်းပါးမှာထားခဲ့ပြီးညကဖွါးမြင်သည့်ခလေးအငယ်ကိုပွေ့ချီလျှက်မြစ်၏အခြားဘက်သို့ကူးသွားခဲ့
သည်။မြစ်ကမ်းပါးတဘက်ရှိချုံပင်အောက်တွင်ခလေးငယ်ကိုအ၀တ်များဖြင့်ပတ်ထားပြီးနောက်တဘက်
ကမ်းတွင် ကျန်ရစ်ခဲ့သော ခလေးအကြီးကိုခေါ်လာရန် မြစ်ကိုပြန်ကျော်ဖြတ်ခဲ့သည် ။မြစ်အလယ်သို့ရောက်
ရှိကာခလေးငယ်ဘက်သို့လှည့်ကြည့်ခဲ့သည်။ ထို့အခိုက်အတန့်မှာပင် စွန်မိုက်တစ်ကောင်သည် အဝေးမှ
ပျံသန်းလာပြီး ထိုးဆင်းလျှက်ခလေးငယ်ကို နုတ်သီးဖြင့်ချီယူသွားသည်ကိုမြင်၍ ပဋာစာရကာလက်ခုတ်
လက်ဝါးတီးကာ စွန်ကိုခြောက်လှန့်သော်လည်း မရဘဲထိုစွန်သည် ခလေးငယ်ကိုသုတ်ချီကာ ပျံသန်းသွား
လေသည်။
    ထိုအခြင်းအရာကိုမြင်၍ မိခင်ဖြစ်သူပဋာစာရီမှာ ကျယ်လောင်စွာငိုကြွေးလေသည် ၎င်းအချိန်မှာပင်
ပဋာစာရီက စွန်ကိုလက်ခုတ်တီး၍ ခြောက်လှန့်နေသည်ကို သားဖြစ်သူခလေးအကြီးမှာ သူကိုအမေက
ခေါ်နေသည်ဟုအောက်မေ့ကာ မြစ်ထဲသို့ခုန်၍ဆင်းလေသည် ရေစီးအလျင်မှာ ကြီးမားနေ၍ ထိုခလေး
အကြီးသည် ရေထဲသို့ရေစီးဖြင့်ပါကာနစ်မြုတ်သေဆုံးလေသည်။ လင်ယောင်္ကျားက မြွေကိုက်လို့သေ
ခလေးအငယ်ကစွန်သုတ်သွားလို့သေ ခလေးအကြီးက ရေထံမျောသွားပြီးသေဆုံးသွားသည့်အဖြစ်အပျက်
ကိုကြုံရသည့်ပဋာစာရီအတွက်မခံမရပ်နိုင်သည့်အဖြစ်မျီုးဖြစ်သွားလေသည်။ သူမသည့်ကျယ်လောင်စွာ
ငိုကြွေးမြည်တမ်းလာခဲ့ပြီး အရူးပမာ ဟိုပြေး သည်ပြေး ဟိုပြော သည်ပြောအခြေအနေဖြင့် သာဝတ္ထိမြို့
နားသို့သွားခဲ့လေသည်။ သာဝတ္ထိဘက်မှထွက်လာသော ခရီးသည်တစ်ယောက်ကို ပဋာစာရီက သူ့မိဘ
အကြောင်းကိုစုံစမ်းခဲ့သည် ထိုသူပြောသည်မှာ " ပြီးခဲ့သည့်ညည့်တွင် လေကြီးမိုးကြီးတိုက်ခိုက်ရာတွင်
သူ့မိဘအိမ်ပြိုကျပြီး မိဘများနှင့်အတူ ၎င်းတို့၏တစ်ဦးတည်းသောသားလည်း အိမ်နံရံပြိုကျ၍ သေဆုံး
သွားခဲ့ရှာပြီ သုဿန်မှာမီးခိုးများထွက်နေသည်မှာ ၎င်းတို့သားအမိ ၃ ဦးတို့ကို မီးသဂြိုလ်နေရသ်မှာထွက်
ပေါ်နေသည့် မီးခိုးပင်ဖြစ်ကြောင်း ပြောပြလေသည်။ ထိုသတင်းကိုကြားသိရသော ပဋာစာရီမှာ သတိလစ်
သွားသလိုဖြစ်ကာ ၎င်း၏ကိုယ်ခန္ဓာပေါ် ၀တ်ဆင်ထားသော အ၀တ်များကျွတ်ကြနေသည့်အဖြစ်ကိုပင်
မသိရှိတော့ပဲ ရူးသွတ်သွားခဲ့ရလေသည်။
        ခန္ဓာကိုယ်ပေါ်မှာ အ၀တ်အစားလုံးဝမရှိတော့သည့် ပဋာစာရီသည် သာဝတ္ထိမြို့ထဲသို့ ၀င်ကာလမ်းမ
ကြီးပေါ်မှာ ငိုကြွေးမြည်တမ်း၍နေလေသည်။ လူအများက၎င်းအား အရူးမဟုထင်ကာ ခဲများဖြင့် ပစ်ပေါက်
ကာမောင်းထုတ်ကြလေတော့သည်။  မြတ်ဗုဒ္ဓသည် ဇေတ၀န်ကျောင်း၌ ဘိက္ခုသံဃာများနှင့်အတူတရား
ဟောနေစဉ်ပင် သူမသည် ကျောင်းဝင်းသို့ ငိုကြွေးမြည်တမ်းလျှက်ဝင်လာခဲ့လေသည်။ တရားနာနေသော
သူများသည် ပဋာစာရီ အရူးမဟုအောက်မေ့ကာ တရားသဘင်ခန်းမမှ မောင်းထုတ်ရန်ကြိုးစားကြသည်။
ထိုအဖြစ်အပျက်ကိုမြင်၍ မြတ်ဗုဒ္ဓက သူ့ကိုဝင်လာပါစေဟုမိန့်ကြားလေသည်။ ပဋာစာရီက ဘုရားအနား
သို့မရောက်ခင် ဘုရားက"သ္မီးသတိရှိပါ" ဟုပြောလိုက်လေသည်။မြတ်ဗုဒ္ဓ၏ အနုကမ္မတို့ကြောင့် ပဋာစာ
ရီမှာတန့်၍ သတိအနည်းငယ်ရရှိလာခဲ့သည် သူမသည် ကိုယ်လုံးထိးဖြစ်နေ၍ အပြစ်ကိုသိရှိလာပြီး
ရှက်ကိုး ရှက်ကန်းဖြစ်လာသည် ထိုအချိန်တွင် မြတ်ဗုဒ္ဓ၏ မိန့်ကြားချက်အရ ရှင်အာနန္ဒာမှာ ဒုကုဋ်သင်္ကန်း
ကိုလှမ်း၍ ပေးလိုက်သည် ပဋာစာရီမှာ ထိုဒုကုဋ်သင်္ကန်းဖြင့် မိမိကိုယ်ကိုပတ်ထားလေသည်။
         ပဋာစာရီမှာ မြတ်ဗုဒ္ဓအား လောက၀တ်ပြုပြီး တဖက်တွင်နေရာယူထိုင်ချလိုက်လေသည်။သူမသည်
ငိုကြွေးလျှက် မိမိလင်ယောင်္ကျား၊ ရင်းသွေး နှစ်ယောက် မိဘနှစ်ပါးတို့ သေဆုံးရသည့်အကြောင်းကိုစုံလင်
စွာ လျှောက်ထားလေသည်။ မြတ်ဗုဒ္ဓမှ ပဋာစာရီအား မိမိကိုယ်ကို မိမိထိန်းသိမ်းပြီးသတိပြန်မွေးမြူရန်
ပြောဆိုမိန့်ကြားလေသည်။ ပနာစာရီသင်၏ မိဘ သားသ္မီး လင်ယောင်္ကျား မည်သူမဆို သင့်ကိုမှန်ကန်၍
အစစ်အမှန်ဖြစ်သောခိုကိုးမှူ့ မပေးစွမ်းနိုင်ချေ။ သို့ဖြစ်ပါ၍ စစ်မှန့်သည့် ခိုကိုးမှူ့ ရရှိနိုင်သည်မှာ သန့်စင်သော
သီလကို စောင့်ထိန်းကာ နိဗ္ဗာန်ကို မျက်မှောက်ပြုပေးနိုင်စွန်းရှိသည့် မဂ္ဂင်လမ်းကိုလျှောက်ပါ။ ထိုလမ်းတို့
သည်သာလျှင် ခိုကိုးမှူ့အစစ်အမှန်ကို ပေးစွမ်းနိုင်ပါသည်ဟူ၍ ဒေသနာတရားတို့ဖြင့် ဖြောင်းဖျ၍ ဥပ္ပဇ္ဇယာ
ပေးကာ ဘိက္ခူနီသံဃာအဖြစ်သို့သွင်းပေးလိုက်လေသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ(ပန်းထော်)

No comments:

Post a Comment