Friday 7 February 2014
ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅ ၅ )
သင်္ကဿအနီးအနားမှာ ရှိကြသော မြေစား ၊မြေပုံ ၊ကုန်းကမူ၊တောင်ကမူ၊ တောင်ပို့များမှ ရှာဖွေတွေ့ရှိ
သော ရွှေ ငွေ ကြေး ဒင်္ဂါး မြောက်များစွာတို့ကိုလည်း သက်ဆိုင်ရာ ပြတိုက်များမှာ ထိန်းသိမ်း၍ပြသထား
သည်။ ပဉ္စာလမင်းများလက်ထက် ဌာန တိုင်းရင်းသားတို့ သုံးစွဲလေ့ရှိသော ဒင်္ဂါးများနှင့် ကုဿဏမင်းများ
လက်ထက်သုံးစွဲလေ့ရှိသောေ
ကြးဒင်္ဂါး အများအပြားကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ သင်္ကဿသည် ကာလတာ
ရှည်စွာ ပဉ္စာလမင်းများ အုပ်ချုပ်မူအောက်တွင်ရှိခဲ့သည်။ ထိုမင်းများ၏ ရာဇဌာနိမြို့မှာ အဟိစ္ဆတရဖြစ်ခဲ့ပါ
သည်။ ယနေ့တိုနေရာသည် ယူပိပြည်နယ် ဗရေလီခရိုင်အတွင်းတည်ရှိပါသည်။ မကြာသေးမှိအချိန်ကာလ
အတွင်းကသင်္ကဿနားရှိ တောင်ကမူ တစ်အတွင်းမှ ၁၁ လက္မ ၆ လက္မ ပမာဏရှိသော အုတ်ခဲတစ်ခဲကို
ရရှိခဲ့ပါသည်။ ထိုအုတ်ခဲပြားပေါ်မှာ ခရစ်မပေါ်မှိ ၂ ရာစုနှစ်များကဗြာဟ္မီအက္ခရာတို့ဖြင့် ကမ္ဗည်းထိုးရေးသား
ထားသောအောက်တွင်ဖော်ပြထားသည့်အနက်အဓိပ္ပါယ်ကိုဆောင်သည့်စာကြောင်းနှစ်ကြောင်းရေးသား
ထားပါသည်။
            "ဘဒသမဆ သဗဇသလော်ကေ ပုထဂိုရထသ ဘတိကပုတ္တ ဇေထသ ဘဂတိပုတသ"
ထိုကျောက်စာကိုပရကရိတ် ဘာသာဖြင့်ရေးသားထားသည်။ ဘာရဂရ၀ီနှင့် ဘတိကတို့၏ သားကြီးကပေး
လှူထားသော အလှူဒါနအကြောင်း ရေးသားဖော်ပြထားသည်။ လက်ရှိသင်္ကဿရွာသည်တောင်ကုန်းတစ်
ခုပေါ်တွင်တည်ရှိနေသည်။အခြားအခြားတောင်ပို၊ တောင်ကုန်းများသည် ရွာအပြင်ဘက်မှတန်းစီ၍တည်ရှိ
လျက်ရှိပါသည်။ လက်ရှိရွာတည်ထားသည့်တောင်ကုန်း၏ အလျား ၁၅၀၀ ပေရှိ၍ အနံမှာ ပေ ၁၀၀၀ကျယ်
ဝန်းသည်။ သင်္ကဿရွာအပြင်ဘက် အရှေ့အရပ်၌ နှစ်ဖာလုံအကွာတွင် စတုလန္ဒီမည်သော နေရာတစ်ခုရှိ
ပါသည်။ဤနေရာတွင် အရွယ်အစားကြီးမားသည့် ရှေးခေတ်က သုံးစွဲခဲ့ကြသော အုတ်ခဲမြောက်များစွာကို
ရှာဖွေရရှိခဲ့သည်။ ထိုအုတ်ခဲကြီးများကို ဒေသခံတို့က သယ်ယူသုံးစွဲခဲ့သည်။ ယ္ခုအချိန်တွင် ထိုအုတ်ခဲများ
ကို မည်သူမျှယူသွားပိုင်ခွင့်မရှိတော့ပေ။
          သင်္ကဿသို့လာရောက်ဖူးမြော်ကြသည့် ခရီးသည်များ၏ဦးရေမှာ တစ်နှစ်မှတစ်နှစ် တိုးမြင့်လာနေ
သည်။ စတုခန္ဒီ၏ ညာဘက်ရှိနေရာကိုသယ်ယူသုံးစွဲခဲ့သည်။ ယက္ခုအချိန်တွင် ထိုအုတ်ခဲများကို မည်သူမျှ
သယ်ယူပိုင်ခွင့်မရှိတော့ပါ။ သင်္ကဿသို့လာရောက်ဖူးမြော်ကြသည့် ခရီးသည်များ၏ ဦးရေမှာ တစ်နှစ် တစ်
နှစ်တိုးမြင့်လာနေသည်။ စတုခန္ဒီ၏ ညာဘက်ရှိနေရာကို ပန္နထာဝလိဟုခေါ်သည်။ ယင်းအောက်ဘက်တွင်
"နိဝိကာကိုဋ"အမည်ရှိသောနေရာရှိသည်။ စတုခန္ဒီ၏အရှေ့မြောက်အရပ်တွင် မြောစာပုံ၊တောင်ကုန်း၊
တောင်ပုံ အမြောက်အများရှိကြသည်။ ထိုနေရာများမှ များပြားသောရှေးဟောင်း ပစ္စည်းများ ရရှိခဲ့ပါသည်။
ရှေးဟောင်းပစ္စည်းများဖြစ်သည့်အားလျှော်စွာ တန်ဘိုးကြီးမားသည်။ ဝေဒိကာ ကျောက်တိုင်ကိုမထုရာမှ
သဲကျောက်တို့ဖြင့်တည်ဆောက်ထားသည်။ဤကျောက်တိုင်မှာ ၂ ပေ ၉ လက္မခန့် အမြင့်ရှိသည်။ထို
ကျောက်တိုင်ကို ခရစ်မမွေးခင် ၁ ရာစုနှစ်များက သင်္ကဿတွင်လုပ်ထားသော ကျောက်တိုင်ဖြစ်သည်။
                                         အဂဟတကီး ဆရာယ
ထုပ၏အနောက်မြောက်အရပ် ၄ ကီလိုမိတာခန့် ကွာဝေးသည့်နေရာတွင် တည်ရှိသောရွာကို အဂဟတကီး
ဆရာယရွာဟုခေါ်သည်။ပခါနာဘူတာနားမှာ တည်ရှိသောရွာကို အဂဟတရွာဟုခေါ်သည် ခေတ်ကာခတစ်
ခုတွင် ဤရွာ၌ "အရဟတ္တ"တွင်တည်ရှိသော ဘိက္ခူရဟန်းများ နေထိုင်ရာရွာဖြစ်ခဲ့သည်။ သို့သော် ကာလ
ကြာမြင့်လာသည့်အခါ ထိုရွာကို အဂ္ဂဟသာကီးဆရာယ ဟုနာမည်ပေးလာခဲ့သည်။ အဂ္ဂဟသမှာအရဟတ္တ
ဖြစ်၍ "ဆရာယ"မှာနေထိုင်ရာဌာနဟုအဓိပ္ပါယ်ရသည်။ ထိုရွာနေရာ တစ်နေရာတွင် တူးဖော်သည့်အခါရှေး
ဟောင်းက တည်ဆောက်ခဲ့သည့် ရေတွင်းတစ်တွင်းနှင့် သံပြားအချို့တို့ကို ရှာဖွေတွေ့ခဲ့သည်။
                                           ကန္ဒာလအိုင်
တူပ၏အရှေ့အရပ်၌ မီတာဝက်ခန့်အဝေးတွင် ကန္ဒာလအိုင်တစ်ခုရှိနေသည်။ဤရေအိုင်ကြီးသည် ဗုဒ္ဓခေတ်
တွင်တူးဖော်တည်ဆောက်ခဲ့သည့်အိုင်ဖြစ်သည်။ လက်ရှိအချိန်တွင် အိုင်ကြီးပျောက်ကွယ်ပြီး မြေညီသဖွယ်
ဖြစ်နေပြိ။ အချိန်ကာလတစ်ခုတွင် ဗုဒ္ဓ ဘိက္ခူများက ဤရေအိုင်ကြီးတွင် ရေချီုးရန်တည်ဆောက်ခဲ့သည်။
သင်္ကဿမှ ၀ိဟာရရွာသို့သွားသည့်လမ်းဟောင်းကို ယနေ့လည်းတွေ့ရှိနိုင်ပါသည်။ ထိုလမ်းသည် ကန္ဒာလ
အိုင်၏ အရှေ့ဘက်ကနေ၍ ၀ိဟာရရွာသို့သွားသည့်လမ်းဖြစ်သည်။ ဤလမ်းသည် အာဇုနပူရရွာမှတဆင့်
ဝိဟာရရွာသို့ရောက်သည်။ ဤရွာတွင် ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က ဘိက္ခူသံဃာ အဖွဲ့ဝင်များ သံဃာ
အပေါင်းတို့စု၍နေထိုင်ခဲ့သည်။  ဘိက္ခူသံဃာ အဖွဲ့ဝင် သံဃာများနေထိုင်ခဲ့သည်ကို အစွဲပြု၍ ဤရွာကို
ဝိဟာရရွာဟုအမည်တွင်ခဲ့သည်။ ဤရွာ၏ လေးဘက်လေးတန်တွင် ခေတ်ဟောင်းကတည်ဆောက်ခဲ့သည့်
ပရိကိုဋာခေါ်နံရံကို ပြိုပျက်နေသည့် အခြေအနေတွင် ယနေ့လည်းတွေ့ရှိနိုင်ပါသည်။ ရွာ၏အရှေ့ဘက်အ
ဝင်တံခါးဝသည် ယနေ့ထိတည်ရှိနေပါသေးသည်။ ထိုနေရာတွင် မြေကိုတူးဖော်သည့်အခါ ငွေ၊ ကြေး၊အသ
ပြာသို့ကို ရှာဖွေတွေ့ရှိလျှက်ရှိသည်။ ၀ိဟာရရွာ၏ အနောက်ဘက်အရပ်မှာ ဗုဒ္ဓခေတ်က တူးဖော်တည်
ဆောက်ခဲ့သည့် ရေတွင်း တစ်တွင်းကို တူးဖော်တွေ့ရှိထားသည်။ ထိုအချိန်ကာလက ဘိက္ခူသံဃအဖွဲ့ဝင်
ဘိက္ခူများသည် ထိုတွင်းရေကိုသောက်သုံးခဲ့ကြသည်။ ထိုစဉ်ကဤရွာသည် ကထေရီခေါ် ဓာနူကီလူမျီုး
တို့၏ရွာဖြစ်ခဲ့သည်။ ထိုရွာမှ လက်ရှိနေထိုင်လျှက်ရှိသော ရွာသူ၊ ရွာသားများထံမှ ဘိက္ခုသံဃာရတနာ
သည် ခေတ်ဟောင်းက ငွေ၊ ကြေး အသပြာအချို့ကိုရရှိထားပါသည်။
                                            "ဘ၀တုသဗ္ဗမင်္ဂလံ"
ဝန်ခံချက်။ ။မူရင်းစာရေးဆရာ အင်ဂျင်နီယာ-စန္ဒြသေနဗော်ဒ္ဓ= မြန်မာဘာသာပြန်-ရမ်းဂျီးဘားမား--
ခိုင်အောင်ကျော်၏  ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန စာအုပ်အား ကုသိုလ်ဖြစ်ပြန်လည်မျှဝေ
ရေးသားပါသည်။  ရွှင်လန်းချမ်းမြေ့ကြပါစေ..... အရှင်မုနိန္ဒ(ပန်းထော်)
No comments:
Post a Comment