Monday 14 May 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၅ )

သိဒ္ဓတ္ထမင်းသားသည် ခမည်းတော်မင်းကြီးနှင့်တကွ ဆွေချင်းမျီုးချင်းများကိုစွန့်ခွါလျှက် ဖွါးဖက်တော် ဆန္န
အမတ်နှင့် ကဏ္ဍကမြင်းကိုစီးကာ ကောသလပြည်ပိုင်အနော်မာမြစ်ကမ်းပါးသို့ ခရီးထွက်လာခဲ့သည်။မိမိ၏
ဆံကေသာများကိုဖြတ်လိုက်ကာ မိမိဝတ်ဆင်ထားသည့် မင်းဝတ်တန်ဆာတို့ကို ချွတ်၍လျှော်တေသင်္ကန်း
ရောင်ပုဆီုးတို့ကို ၀တ်ဆင်လိုက်သည်။ မင်းဝတ်မင်းစားနှင့် ကဏ္ဍကမြင်းကို ဆန္နအမတ်အားအပ်နှင်းကာ
ကပိလ၀တ္ထုပြည်သို့ ပြန်ခိုင်းလိုက်သည်။ ထိုအချိန်က  သိဒ္ဓတ္ထသည် အသက်နှစ်ဆယ့်ကိုးနှစ်ပြည့်နေပြိဖြစ်
သည်။ မြတ်စွာဘုရားပုရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း နှစ်ပေါင်း-၂၀၀-ကျော်လွန်ပြီးသော-အချိန်ကာလတ
ခုတွင် အသောကမင်းတရားကြီးသည် ဗုဒ္ဓမြတ်စွာဘုရားဖွားတော်မူခဲ့သည့် နေရာကိုကြည့်ရှူ့လိုသောစိတ်
ပြင်းပြလာခဲ့သည်။ မင်းကြီးသည် မိမိ၏ ရာဇာဂုရုဖြစ်သူ အရှင်မောဂ္ဂလိပုတ္တမထေရ် နှင့်အတူ ထိုနေရာသို့
ကြွခဲ့လေသည်။ အသောကမင်းတရားကြီးသည် ဗုဒ္ဓမြတ်စွာဘုရား(သိဒ္ဓတ္ထမင်းသား) ဖွါးမြင်ပြီးနှစ်ပေါင်း-
၃၁၈-နှစ်ကြာခဲ့ပြီး အချိန်ကာလတွင် ထိုနေရာသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကာလသည် အသော
ကမင်းနန်းစိုးသက်တမ်း ၂၀-နှစ်ပြည့်သည့်အချိန်ကာလလည်းဖြစ်သည်။ ဘုရင်မင်းမြတ်သည် ဤနေရာသို့
ရောက်ရှိလာစဉ် ကျောက်တိုင်တစ်ခုကို စိုက်ထူထားခဲ့လေသည်။ ထိုကျောက်တိုင်ပေါ်တွင်"ဤနေရာတွင်
ဗုဒ္ဓဖွါးတော်မူသည်"ဟူသည့်စာတမ်းကိုပါဠိ-ပရာကရိတ်ဘာသာဖြင့် ရေးထိုးထားခဲ့လေသည်။ယင်းကျောက်
တိုင်နှင့် ၎င်းအပေါ်ရေးသားထားသည့်စာတမ်းအရ သိဒ္ဓတ္ထ-ဗုဒ္ဓ၏မွေးဖွါးရာအရပ်နေရာသည်နီပေါနိုင်ငံတွင်
တည်ရှိကြောင်း သက်သေခံလျှက်ရှိပါသည်။ ပိယဒဿိ-မင်းတရားကြီးသည် ဗုဒ္ဓနှင့် ဗုဒ္ဓဓမ္မကိုနက်နက်ရှိုင်း
ရှိုင်း ယုံကြည်လေးစားသူတစ်ဦးဖြစ်၍ မွန်မြတ်သည့်လုမ္ဗိနီအရပ်ကို အကောက်အခွန်ကောက်ခံခြင်းမှကင်း
လွတ်ခွင့်ပေးထားခဲ့လေသည်။မိဖုရားကြီးမဟာမယာဒေ၀ီ အနားယူချိန်ကရေသောက်သုံးခဲ့သည့်ပေါက္ခက
ရာဏီ ရေကန်သည်ယနေ့တိုင်ပင် ထိုနေရာတွင်တည်ရှိနေသည်ကိုမြင်တွေ့နိုင်ပါသည်။ ထိုရေကန်၏ အ
ခြားတစ်ဖက်ရှိ တောင်ကုန်းပေါ်တွင် အုတ်ဖြင့်တည်ဆောက်ခဲ့သည့် အလွန်ကြီးမားသည့်ကျောက်တိုင်ကို
လည်းတွေ့မြင်နိုင်ပါသည်။ ထိုအထောက်အထားတို့သည်သိဒ္ဓတ္ထ-ဗုဒ္ဓ၏ မွေးဖွါးရာနေရာဖြစ်ကြောင်းအခိုင်
အမာ သက်သေခံနေပါသည်။
                          ဗုဒ္ဒမြတ်စွာ ပုရိနိဗ္ဗာန်စံတော်မူပြီးသည့်နောက် ဘုရား၏ ဓာတ်တော်များကို ကုသိနာ
ဂရတွင် အစုရှစ်စုခွဲဝေခဲ့ကြသည်။ သာကီဝင်မင်းများကလည်းဓာတ်တော်အစုတစ်ခုကိုရရှိခဲ့ကြသည်။ထို
ဓာတ်တော်စုကို ဌာပနာပြု၍ သာကီဝင်မင်းများကကြီးကျယ်ခမ်းနားလှသည့်ဝိဟာရကျောင်းတစ်ကျောင်း
တည်ဆောက်ခဲ့ပြီး ဗုဒ္ဓအပေါ် ၎င်းတို့၏သဒ္ဒါကြည့်ညိုမှူ့ကို ဖော်ပြခဲ့ကြပါသည်။ ထိုကျောင်းပျက်ကိုလည်း
အသောကကျောက်တိုင်မှ-၂၅-မိတာခန့်ဝေးကွာသည့်နေရာတွင် ယနေ့တိုင်တွေ့မြင်နိုင်သည် အိန္ဒိယ-
နီပေါနှင့် နိုင်ငံခြားမှ ဓမ္မခရီးသည် အများအပြားတို့က ဤနေရာကိုဖူးမျှော်ရန် နှစ်စဉ်နှစ်တိုင်းလာရောက်
ကာသဒ္ဒါကြည်ညိုမှူ့ဖြင့်ပူဇော်ကြပါသည်။ နေ့ညမပြတ်၂၄ နာရိပတ်လုံး ဆီမီးခွက် ဖယောင်းတိုင်မီးထွန်း
လျှက် ပူဇော်ပသလေးစားသမှူ့ပြုကြပါသည်။သိဒ္ဓတ္ထမင်းသားစံအိမ်စွန့်သွားသည်မှာ နှစ်နှင့်ချီ၍ ကြာညေ
ာင်းခဲ့လေပြီ။ ခမည်းတော် သုဒ္ဓေါဒနသည်သားတော်၏မျက်နှာတော်ကိုတွေ့မြင်လိုသည့် စိတ်ဆန္ဒပြင်းပြ
လာ၍ မင်းချင်းယောင်္ကျား ကိုးဦးတို့အား တဦးပြီးတဦး စေလွတ်ခဲ့သည်။ ထိုသို့စေလွတ်ခံခဲ့ရသည့် မင်း
ချင်းယောင်္ကျားတို့သည် ဗုဒ္ဓထံသို့ရောက်တိုင်း သင်္ကန်းဝတ်ကာ ဗုဒ္ဓသံဃာဝင်ဖြစ်သွားကုန်၏ နောက်
ဆုံးတွင် မဟာရာဇာ သုဒ္ဓေါဒနက သိဒ္ဓတ္ထ၏ အရင်းနီးဆုံး မိတ်ဆွေဖြစ်ခဲ့ဘူးသူ ကာဠုဒါယီကို စေလွတ်
ပြီး ဗုဒ္ဓအား ကပိလ၀တ္ထုသို့ ပင့်ဆောင်ရန် စေခိုင်းခဲ့သည်။ ကာဠုဒါယီကလည်း ဗုဒ္ဓထံရောက်၍ ရဟန်း
ဖြစ်သွားသည်။ဗုဒ္ဓနှင်း နှစ်ဦးသား စကားပြောခွင့် ရသည့်တစ်နေ့တွင် ကာဠုဒါယီ ကိုယ်တော်က ခမည်း
တော် မင်းကြီးမှာကြားသည်များကို ဗုဒ္ဓအား လျှောက်ထားလေသည်။ လျှောက်ထားချက်များကိုကြား
သည့်ရသည်အခါ ဗုဒ္ဓသည် ချက်ချင်းပင် ကပိလ၀တ္ထုသို့ကြွရန် သဘောတူလိုက်တော်မှူသည်။
တထာကတ မြတ်ဗုဒ္ဓသည် ရဟန်းအပေါင်းခြံရံလျှက် ကပိလ၀တ္ထုသို့ ကြွရောက်တော်မူကာ မင်းဥယျဉ်
၌ သီတင်းသုံးတော်မူ၏ နောက်တစ်နေ့နံနက်တွင် ဗုဒ္ဓသည် သံဃာတော်များနှင့်အတူ ဆွမ်းခံရန် ကပိ
လ၀တ္ထုမြီု့တွင်းသို့ ကြွတော်မူသည်။ ဆွမ်းခံလှည့်လည်နေသော ဗုဒ္ဓမြတ်စွာကို မြင်တွေ့၍ ပုရ၀ါသီင်္မြီု့
နေပြည်သူ တို့က ထိုသီတင်းကို မင်းကြီးထံသွားရောက်၍ သံတော်ဦးတင်ကြလေ၏။ ခမည်းတော်မင်း
ကြီးသည် ထိုသိတင်းကိုကြားလျှင်ကြားချင်း ဗုဒ္ဓနှင့်နောက်ပါ သံဃာတော်များ ဆွမ်းခံသည့်နေရာသို့
ရောက်ရှိလာပြီး" အသင်မင်းသားသင်သည် ရာဇ၀ံသ မင်းမျီုးမင်းနွယ်ဖြစ်ပါ၏ မင်းမျိုးမင်းနွယ်၏ ထုံး
တမ်းစဉ်လာမှာ တောင်းစားသည့်စဉ်လာမရှိပါ။ အသင်မင်းသား ပြုကျင့်နေသော အမှူအကျင့်တို့သည်
မင်းမျီုးမင်းတို့အတွက် မတင့်တယ်တော့ပါ"ဟုလျှောက်တင်လေ၏။ ထိုစကားကိုကြားသော ဗုဒ္ဓသည်
ဤသို့ဖြေကြားလေ၏ အရှင်မင်းကြီး၊ အရှင်မင်းကြီးမှာ ရာဇ၀ံသ-မင်းမျီုးမင်းနွယ်ဖြစ်သည်ကား မှန်ပါ၏
ငါ၏မျီုးနွယ်မှာ ဗုဒ္ဓအနွယ်ဖြစ်သည်။ ဗုဒ္ဓအနွယ်တို့မည်သည်မှာ ဆွမ်းခံစားရသည့် ထုံးတမ်းစဉ်လာရှိပါ၏
ဤသို့ဆွမ်းခံစားမှသာ ဗုဒ္ဓအနွယ်တို့သည် တင့်တယ်၏"။ ထိုစကားကိုကြား၍ မင်းကြီးသည် နောက်တစ်
နေ့အတွက် ဗုဒ္ဓနှင့်သံဃာတော်များအား နန်းတော်သို့ဆွမ်းစားကြွရန် လျှောက်ထားခဲ့လေ၏။ ဆွမ်းဘုန်း
ပေးပြီးသည့်အခါ ဗုဒ္ဓသည် ရှင်သာရိပုတ္တရာနှင့်အတူ ရာဟုလမာတာ-ယသော်ဓရာ၏ စံအိမ်သို့ကြွခဲ့လေ
သည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ


No comments:

Post a Comment