Friday 20 July 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၂ ၂ )

မဂဓဘုရင်အဇာတရှရသည်ဗိမ္ဗိသာရမင်းကြီး၏သားတော်ဖြစ်သည်။သူသည်ရဲရင့်သည့် ယောဒ္ဓါသူရဲကောင်း
တစ်ဦးဖြစ်သည်။တရားဓမ္မတို့ကိုလည်းလိုက်နာကျင့်သုံးသူလည်းဖြစ်၏သို့သော်ရှင်ဒေ၀ဒတ်၏မြှောင့်ပင့်သွေး
ထိုးမှူ့ကြောင့် ထီးနန်းစိုးစံရသည့်ဘုရင်အဖြစ်ကို အမြန်ဆုံးရလို၍ ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကိုချုပ်နှောင်
ကာ အကျဉ်းထောင်သို့ချခဲ့သည်။အကျဉ်းထောင်ကျခံနေစဉ်ဗိမ္ဗိသာရမင်းကြီးသည်ကံကုန်၍ကွယ်လွန်သွားခဲ့
ရပါသည်။ဗိမ္ဗိသာရမင်းကြီးကွယ်လွန်သွားရှာခဲ့သည့် သိတင်းကိုကြားသိရ၍အဇာတသသတ္တုမှာများစွာစိတ်မ
ကောင်း မချမ်းမြေ့ဖြစ်ခဲ့ရသည်။စိတ်သောကအကြီးအကျယ်ဖြစ်လာပြီးအဇာတသတ်မင်းသည်ခမည်းတော်ေ
သဆုံးသည့်လမင်းဝင်းထိန်နေသည့်ည၌ပင်မဟာပုရိသတဦးဦးကိုသွားရောက်ဖူးမြင်လိုလာသည်။အမတ်မင်း
များကဤပုဂ္ဂိုလ်၊ထိုပုဂ္ဂိုလ်စသည့်အမည်နာမများကိုမင်းကြီးဖူးမြင်နိုင်ရန်အကြံပြုလျောက်တင်ခဲ့ကြသည်။အ
မတ်မင်းတို့လျှောက်တင်အကြံပြုလာသည့် မည်သည့်ဂိုဏ်ဂဏကိုမျှ တွေ့ရှိဖူးမျှော်ရန် စိတ်မပေါ်ခဲ့ပေ။နော
က်ဆုံး၌ ဇီဝက အကြံပြုလာသည့် တထာဂတသမ္မာသမ္ဗုဒ္ဓအား ချက်ချင်းဖူးမြင်လိုသည့်စိတ်ပြင်းပြလာ၍ ရာ
ဇဂီရ်သို့ထွက်ခွါလာခဲ့သည်။ ထိုအချိန်ကားမြတ်စွာဘုရားသည်ရဟန်းသံဃာတော်မျာျးနှင့်အတူ ရာဇဂီရ်တွင်
 သီတင်းသုံးတော်မူလျှက်ရှိသည်။ မင်းကြီးအဇာတသတ်သည် မှူးမတ်အပေါင်းခြံရံလျှက်ဇီဝကနှင့်အတူဗုဒ္ဓ
သီတင်းသုံးနေသည့်နေရာသို့ထွက်လာခဲ့သည်။လမ်းခရီးအကြားတွင် တောတောင်များကိုဖြတ်ကျော်လာခဲ့ရာ
အားလုံးတိတ်ဆိတ်နေသည်ကိုသိ၍ မင်းကြီးစီုးရိမ်မှူ့တခုဖြစ်လာသည်။ဇီဝကသည် တစ်စုံတခုပြုကြံလို၍ငါ့
အားဤနေရာသို့ခေါ်လာသလော။ အဘယ်ကြောင့်ဆိုသော် ဇီဝကမှာ ဗိမ္ဗိသာရမင်း၏ ယုံကြည်စိတ်ချရသူ
တစ်ဦးဖြစ်ခြင်းကြောင့်စိတ်ချယုံကြည့်မှူ့မရှိဖြစ်နေသည်။ထိုသို့တွေးတောရင်းဖြင့်မင်းကြီးသည်မြတ်စွာဘုရား
ထံရောက်လာသောအခါ သံဃာတော်ပေါင်း-၁၂၅၀-ပါးတို့၏အလယ်၌ ဗုဒ္ဒသည် တင့်တယ်စွာ ၀ိပဿနာထို
င်နေသည်ကိုတွေ့မြင်လိုက်ရသည်။အားလုံးတိတ်ဆိတ်နေသည်။ရဟန်းသံဃာတစ်ပါးပါးမျှစကားပြောဆိုခြင်း
ချောင်းဆီုးခြင်း-စသည့်မည်သည့် အသံမျီုးကိုမျှမပြု အားလုံးထိုင်နေကြောင်းကိုတွေ့မြင်လိုက်လေသည်။ထို
မြင်ကွင်းကိုကြည့်၍မင်းကြီးမှာဘ၀င်ကျလာသည်။အဇာတသတ်မင်းသည် မြတ်စာံဘုရားအားအရိုအသေပြု
ကာတဖက်တွင်ထိုင်လိုက်တော်မူသည်။ထိုအခါမြတ်စွာဘုရားသည် မင်းကြီးကြွရောက်လာခြင်း၏အကြောင်း
အရာကိုမေးတော်မူသည်။အဇာတသတ်က ဤသို့လျှောက်တင်၏"အရှင်ဘုရားဘုရားတပည့်တော်သည်အ
လွန်မိုက်မဲပါ၏။ တပည့်တော်သည်မိုက်မဲမှူ့တို့၏တွင်းနက်ထဲသို့ ကျရောက်ပြီး ထီးနန်းစည်းစိမ်ကို တပ်မတ်
လွန်းပြီး မင်းကျင့်တရားနှင့်အညီ မိမိတိုင်းနိုင်ငံကိုအုပ်စီုးနေသည့်ဖခမည်းတော်ဘုရင်အား တပည့်တော်သား
မိုက်လုပ်ကြံခဲ့ပါပြီဘုရား။ အနာဂါတ်မှာတင် တပည့်တော်သည် သတိတရားဆင်ခြင်မှူ့အပြည့်နှင့် နေထိုင်က
ျင့်ကြံလိုပါ၍ တပည့်တော်ပြုလုပ်ခဲ့မိသည့်အပြစ်(ပါပ)ကိုခွင့်လွတ်ပေးသနားတော်မူပါဘုရား"။ထိုအခါရှင်တေ
ာ်ဘုရားက"အသင်မင်းကြီး သင်သည်မိမိ၏မိုက်မဲမှူ့၊မသိနားမလည်မှူ့၊ တပ်မတ်မှူ့တို့ကိုအခြေခံ၍ တရားပြ
ည့်သည့် မင်းမြတ်မင်းကောင်တစ်ဦးကိုသတ်ဖြတ်ခဲ့သည့်အမှူ့မှာ မဟာအပြစ်တစ်ခု ကျူးလွန်ခဲ့ပြီးဖြစ်သည်။
သို့သော်အသင်မင်းကြီးက မိမိကျူးလွန်ခဲ့သည့်အပြစ်ကို ၀န်ခံသိမြင်လာပြီး အနာဂါတ်တွင် ဆင်ခြင်လိုသည့်
စိတ်ဆန္ဒများ ပြင်းပြလာသည်ကို ငါဘုရားသိမြင်လာ၍ သင်ပြုလုပ်ခဲ့သည့်အပြစ်(ပါပ)ကိုခွင့်လွတ်ပါသည်"။
ဟုနှစ်သိမ့်တော်မူလေသည်။ဗုဒ္ဓဘာသာတွင် မိမိပြုလုပ်ခဲ့သည့် အကုသိုလ်ကံများအတွက် သံဝေဂရရှိခြင်း
ကို အလွန် အရေးထားသည်။ ဗုဒ္ဓဘာသာလောကတွင် အကုသိုလ်ကံများကိုစွန့်လွတ်ပြီး ကုသိုလ်ဖြစ်ကံတို့
ကိုလုပ်သွာသဖြင့် လူမှူဘောင်အောက်တွင် ထင်ပေါ်ကျော်ကြားလာခဲ့သူများအကြောင်း ဥဒဟါရုဏ်အများ
အပြားရှိကြပါသည်။တထာဂတမြွတ်ကြားပေးသည့် စကားများကိုကြားရ၍ အဇာတသတ္တုမင်းသည် ဤသို့
လျှောက်ထားခဲ့သည်။"အရှင်ဘုရား၊ဘုရားတပည့်တော်သည် အစဉ်သဖြင့်ရှင်တော်ဘုရား၏ မဟာဂရုဏာ
တော်ကိုမေ့ပျောက်လိမ့်မည်မဟုပ်ပါ။ အစဉ်သဖြင့်သတိပြုထားပါမည်ဘုရား"ဟူ၍ကျေးဇူးတင်စကားများကို
ပြန်လျှောက်ထားလေသည်။ထိုသည့်နောက်အဇာတသတ်သည် မိမိထိုင်နေရာမှ မြတ်စွာဘုရားအားရှိခိုးပူဇေ
ာ်ကာပြန်လည်ထွက်ခွါသွားခဲ့သည်။ မင်းကြီး အဇာတသတ်မင်းထွက်ခွါသွားပြီးနောက်ာမြတ်ဗုဒ္ဓသည်သံဃာ
တော်များဘက်သို့လှည့်၍"ချစ်သားရဟန်းတို့၊ဤမင်း၏(ငယ်စဉ်ကလေးဘ၀ကပင်သိသင့်၊သိထိုက်၊လုပ်သင့်၊
လုပ်ထိုက်သည့်အကျင့်စာရိတ္တ)သည် မကောင်းရှာခဲ့။ပါရမိအားလည်းချီု့တဲ့နေ၏ အကယ်၍ဤမင်းသည်တ
ရားဘာဝနာများနှင့်ပြည့်ဝနေသော ခမည်းတော်ဖြစ်သူ ဘုရင်ဗိမ္ဗိသာရကို သတ်ဖြတ်သည့်အမှူ့မျီုးကို မကျူး
ခဲ့ပါလျှင်ယ္ခုတထိုင်တည်းနှင့် တရားပေါက်နိုင်ခဲ့ပါသည်။သို့သော် အ၀ိဇ္ဇာ ဖုံးလွှမ်းမှူ့တို့ကြောင့် ဥာဏ်အလင်း
မပေါက်နိုင်ခဲ့ပါတကား"ဟုနိမ့်တော်မူသည်။တရားနှင့်အညီ ကျင့်ကြံမင်းပြုခဲ့သည့်ခမည်းတော်မင်းကြီးကိုလု
ပ်ကြံခဲ့သည့်မဟာအပြစ်မျီုးကို ကျူးလွန်ခဲ့သည့်အတွက် အဇာတသတ်မင်းသည၏အကုသိုလ် အကျီုးများက
နောက်မျီုးဆက် ငါးဆက်အထီ လိုက်လံခဲ့ကြောင်း ထိုမင်းဆက်တို့၏ သမိုင်းကအထောက်အထားပြနေသ
ည်။ သမ္မာသမ္ဗုဒ္ဓထံမှ တရားစကားများကို ကြားရပြီးနောက် အဇာတသတ်မင်းသည် လူတကာတို့၏ အကျီုး
ဖြစ်စေမည့်လုပ်ငန်းများကိုစ၍လုပ်သွားခဲ့ပါသည်။ဦးစွာပထမ လောကအကျီုးကိုဖြစ်ထွန်းစေခဲ့သည့်ဗုဒ္ဓဘာ
သာ၏ ဓမ္မအလုပ်များဖွံ့ဖြီုးတိုးတက်စေရန် ဟောင်းနွမ်းကျီုးပျက်နေသည့် ဗုဒ္ဓ၀ိဟာရကျောင်းများကိုပြန်လည်
ပြုပြင်မွန်းမံပေးခဲ့သည်။လူအများအလွယ်တကူသောက်သုံးနိုင်ရန် ရေတွင်း၊ရေကန်များတူးဖော်စေသည်။
လမ်းများကိုပြင်ဆင်ဖောက်လုပ်သည်အဇာတသတ်မင်း၏ အရေးကြီးဆုံးနှင့် သမိုင်းဝင်အလုပ်မှာ ပထမဆုံး
ဗုဒ္ဓဓမ္မ သင်္ဂါယနာတင်ပေးခြင်း၊င်္သဂီတိ(အခမ်းအနား)အထမြောက်နိုင်အောင်စီစဉ်ပေးခြင်း၊အကျီုးဆောင်ပေး
ခြင်းဖြစ်ပါသည်။ သတ္တပဏ္ဏလိုဏ်ဂူ၏ရှေ့၌ ကြီးကျယ်ခန်းနားလှသည့်မဏ္ဍာပ်တစ်ခုကိုဆောက်ပေးပြီးရဟန်း
သံဃာပေါင်း-၅၀၀-တို့အားကြီုဆိုကာ ပထမဗုဒ္ဓသင်္ဂါယနာကို အောင်မြင်စွာပြီးစီးအောင်မင်းကြီးကအကျီုး
ဆောင်ပြုလုပ်ခဲ့ပါသည်။ဤသင်္ဂါယနာကို(၇)လကြာအောင်အဆက်မပြတ်ကျင်းပခဲ့ရပါသည်။ထိုင်္သဂီတိ(သင်္ဂါ
ယနာ)ကိုပြီးစီးအောင်ဆောင်ရွက်ပေးရတွင်ကုန်ကျစရိတ်ကို မင်းဘဏ္ဍာတော်မှ ကျခံပေးခဲ့သည်။ တထာဂ
တ ပရိနိဗ္ဗာန်စံတော်မူခဲ့ပြီးဓာတ်တော်မြတ်တစ်ဆူကို ရာဇဂီသို့ပင့်ဆောင်လာကာ အဇာတသတ်မင်းသည်
ထိုဓာတ်တော်များကိုဌာပနာကာ စေတီတော်တစ်ဆူကိုတည်ပေးခဲ့ပါသည်။မာဂဓတိုင်းနိုင်ငံတွင်ခါဏုမတ
မည်သောရွာတစ်ရွာရှိခဲ့ရာ ထိုရွာတွင် ဗြဟ္မဏလူမျီုးများသာ နေထိုင်ကြသည်။ကုဋဒန္တ အမည်ရှိ ကြွယ်ဝချမ်း
သာသည့်ပညာရှိဗြဟ္မဏတစ်ဦးသည် ထိုရွာတွင်နေခဲ့၏ ဗိမ္ဗိသာရမင်းကြီးသည် ကုဋဒန္တဗြဟ္မဏကိုလေးစား
ကြည်ညီုဂုဏ်ပြုသည့်အနေဖြင့် ၎င်းအား ခါဏုမတရွာကိုအပိုင်စားပေးထားသည်။ ကုဋပဒန္တသည် ကြီးမားသ
သည့်ယဂျန်(ယဇ်) ပူဇော်ပွဲများကိုလုပ်လေ့လုပ်ထရှိ၍ အရပ်လေးမျက်နှာတွင် ထင်ပေါ်ကြော်ကြားနေသူတ
စ်ဦးဖြစ်သည်။ ကုဋဒန္တမှာ တပည့်သာဝက ၃၀၀-ကျော်လည်းရှိခဲ့ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ။  (ဘုရင်ဗိမ္ဗိသာရမင်းကြီးအကျဉ်းကျခံခဲ့ရာနေရာ(ဇီဝက သရက်ဥယျာဉ်အနီးရာဇဂြီုဟ်)

No comments:

Post a Comment