Wednesday 25 July 2012

ဗုဒ္ဓဘာသာဝင်တို့၏ ဖူးမျှော်ရာရှစ်ဌာန အပိုင်း ( ၂ ၃ )

တစ်နေ့သောအခါသမယတွင် ကုဋဒန္တသည်အလွန်တရာကြီးမားသည့်"ယဂျန်"ယဇ်ပူဇော်ပွဲကိုပြုလုပ်ရန်စီစဉ်
ခဲ့လေသည်။ထိုပူဇော်ပွဲအတွက် ကုဋဒန္တသည် နွားထီးအကောင် ၇၀၀၊နွားမ အကောင် ၇၀၀နှင့်သိုးအကောင်
၇၀၀-ကိုစုဆောင်းထားသည်။ထိုမဟာယာဂျန်ပွဲသို့တက်ရောက်ပါဝင်ကြရန်ဗြဟ္မဏလူမျိုးတို့သည်အရပ်အနီး
ဝေးမှလာရောက်ကြလေသည်။ကုဋဒန္တ၏ ယာဇ်ပူဇော်ပွဲသိတင်းကိုကြားသိ၍မြတ်စွာဘုရားသည်ဘိက္ခုအပေါ
င်း ၅၀၀-ခြံရံလျှက် ခါဏုမတရွာရှိအမ္ဗ၀န(သရက်ဥယျာဉ်)သို့ကြွရောက်လာကာသီတင်းသုံးတော်မူသည်။ရှင်
တော်ဗုဒ္ဓမိမိရွာသို့ကြွရောက်နေသည့်သိတင်းကိုကြားသိရ၍ကုဋဒန္တဗြဟ္မဏသည်"မဟာယာဂျန်"ပူဇော်ပွဲကျင်း
ပရာအမွန်မြတ်ဆုံး(နီယမ၊အနိယမ)စည်းကမ်းချက်များကိုသိရှိလို့၍မြတ်စွာဘုရားထံသွားရောက်မေးမြန်းရန်
ဆုံးဖြတ်ခဲ့သည်။အခြားဗြဟ္မဏအပေါင်းတို့က ကုဋဒန္တအားရှင်တော်ဂေါတမထံမသွားရန်တားမြစ်သည်။ထိုအ
ခါကုဋဒန္တသည်"အဆွေဗြဟ္မဏအပေါင်းတို့ သင်တို့သည် ရှင်တော်မြတ်ဗုဒ္ဓ၏ကြီးမားမွန်မြတ်မှူ့တို့ကိုမသီရှာ
ကြ။အရှင်မြတ်ဗုဒ္ဓသည် ဗိမ္ဗိသာရမင်းကြီး အပါအ၀င်-ကောသလဘုရင် ပရသေနဇိတနှင့်လိစ္ဆ၀ီမင်းမြတ်အာ
းလုံးတို့၏  လေးစားကြည်ညီုခြင်းကိုခံရသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ဦးဇြစ်ပါသည်"။ကုဋဒန္တထံမှ ရှင်ဗုဒ္ဓ
၏ ဂုဏ်သတင်းကြားရပြီး ထိုနေရာသို့စုစည်းရောက်နေကြသည့် ဗြဟ္မဏအပေါင်းတို့သည် ကုဋဒန္တနှင့်အတူ
ဗုဒ္ဓအားဖူးမျော်ရန် အမ္ဗ၀နသို့သွားကြလေသည်။တထာဂတအားလေးစားမှူ့ပြု၍သင့်တော်သည့်နေရာများတွ
င်ထိုင်ကြလေသည်။ထိုနောက် ကုဋဒန္တသည်"မဟာယာဂျန်"ပူဇော်ပွဲများကိုပြုလုပ်သည့်အကောင်းဆုံးနည်းန
ာနိဿယများကိုဟောကြားပေးပါရန်ဗုဒ္ဓအားလျောက်ထားလေသည်ရှင်တော်ဗုဒ္ဓကဤသို့မိန့်ကြားခဲ့၏"အသ
င်ဗြဟ္မဏ၊ဂရုစိုက်နာလော့။ရှေးရှေးအခါကာလတွင်မဟာဝိဇောတမင်းတပါးရှိခဲ့ရာဘုန်းတန်းခိုးကြီးမား၍ဥစ္စာ
ပစ္စည်းအလွန်ချမ်းသာသည့်မင်းတစ်ပါးဖြစ်သည်။စည်းစိမ်ဥစ္စာပစ္စည်းလိုလေသေးမရှိအောင်ပိုင်ဆိုင်ခဲ့သူဖြစ်
၏။တနေ့သောအခါထိုမင်းသည်ကာလာရှည်စွာပေးနိုင်စွမ်းရှိသည့် မဟာယာဂျန်ပူဇော်ပွဲကိုခင်းကျင်းရန်စိတ်
ကူးခဲ့၏ မင်းကြီးသည် မိမိ၏ အကြံအစည်ကို ရာဇာဂုရုခေါ် မင်းဆရာထံတင်ပြသည်။ရာဇာဂုရုသည် တိုင်းပြ
ည်တွင်နေထိုင်ကြကုန်သော လယ်သမား၊အလုပ်သမား၊မင်းမှူ့ထမ်းများနှင့် သူဆင်းရဲတို့ အလွှာအသီးသီးမှာ
ရှိကြကုန်သော ပြည်သူလူထုတို့ဆင်းရဲကျပ်တည်းနေသည့် ပကတိအခြေအနေကိုသုံးသပ်ဆင်ခြင်၍ ထိုမင်း
ကြီးအားဤသို့ဖြေဆိုခဲ့သည်။"အရှင်မင်းကြီး၊မဟာယာဂျန်ပူဇော်ပွဲကိုကျင်းပရန် အကုန်ခံမည့်ငွေကြေးနှင့်အ
ခြားဥစ္စပစ္စည်းတို့ကို လယ်သမားများ၊မျီုးစေ့ဝယ်သူ၊ကုန်သည်များအတွက် ကုန်အရောင်းအ၀ယ်ဖောက်ကား
မှူ့အတွက်၊မင်းမှူ့ထမ်းများအတွက် လခကြေးများနှင့်စားစရာ မရှိသောသူဆင်းရဲတို့ကို အစားအစာအတွက်
သုံးစွဲလိုက်ပါတော့အရှင်မင်းကြီး။ထိုသို့ပြုခြင်းအားဖြင့် တိုင်းသူပြည်သားများချမ်းသာရှင်သန်ခွင့်ရကြလိမ့်မ
ည်ဖြစ်သည်"။မဟာဝိဇောတာမင်းကြီးကလည်း မင်းဆရာပြောပြသည့်အတိုင်းလုပ်လေသည်။နှစ်လကုန်ဆုံး
သည်နှင့်အမျှ မင်းကြီး၏တိုင်းနိုင်ငံမှာ စည်ပင်သာယာလာ၍ပြည်သူပြည်သားတို့လည်း ချမ်းသာပျှော်ရွှင်စွာ
နေထိုင်လာခဲ့ကြရပါသည်။ထိုနည်းတူစွာ ဥစ္စပစ္စည်းချမ်းသာသည့်သူများသည် အများအကျီုးဖြစ်စေသည့်ရေ
တွင်း၊ရေကန်တူးဖော်ခြင်း၊ကျောင်းသင်္ခန်းများတည်ဆောက်ပေးခြင်း၊လမ်းများဆက်သွယ်မှူ့ကောင်းလာအေ
ာင်လမ်းဖောက်ပေးခြင်း၊ပေါင်းကူးတံတားတည်ဆောက်ပေးခြင်း၊သစ်သီးဝလံပင်များကိုစိုက်ပျီုးပေးခြင်း-စသ
ည့်ကုသိုလ်ကောင်းမှူ့ဖြစ်စေသည့်လုပ်ငန်းများကို လုပ်ပေးခြင်းအားဖြင့် ကုသိုလ်မေတ္တာပွါးနိုင်ပါကြောင်း၊ထို
သို့အများအကျီုးရှိစေသို့လုပ်ငန်းများကိုလုပ်ပေးခြင်းအားဖြင့်ပြည်သူလူထု၏မေတ္တာကိုရရှိနိုင်ပါသည်။အများ
၏မေတ္တာကိုရရှိသည့်အခါ စိတ်၏ကျမ္မာခြင်း၊ကိုယ်၏ကျမ္မာခြင်းကိုရရှိလာ၍ချမ်းချမ်းသာသာနှင့်အသက်ရှည်
စွာနေထိုင်ရမည်ဖြစ်ပါသည်။ဘုရင်မင်းမြတ်မှပြုလုပ်မည့်ထိုအထောက်အပံ့များသည် သန့်စင်သည့်အလှူဒါန
များဖြစ်လိမ့်မည်။သူ့အသက်ကိုသတ်ဖြတ်၍လှူဒါန်းရသည့်"ယဂျန်"ပူဇော်ပွဲများထက် သာလွန်သည့်အကျီုး
ကျေးဇူးများကိုပွါးများနိုင်ပါသည်။တထာဂတ၏ဒေသနာတော်ကိုကြားရပြီးကုဋဒန္တျနှင့်အပေါင်းအပါဗြဟ္မဏတို့
သည် တပြိုင်တည်းသာဓုခေါ်၍ဗုဒ္ဓအားအနုမောဒနာပြုကြလေသည်။ကုဋဒန္တသည်အိမ်ပြန်လာ၍"ယဂျန်"ပူေ
ဇ်ာပွဲပြုလုပ်ရန်စုစည်းထားသောသတ္တ၀ါတို့ကိုလွှတ်လိုက်သည်။သက်ဆိုင်ရာပိုင်ရှင်များသည်ယဂျန်ပူဇော်ပွဲသို့
ဗလီပြု၍လှူဒါန်းရန်ယူဆောင်ခဲ့သောသတ္တ၀ါ အသီးသီးတို့ကိုယူဆောင်သွား၍မိမိတို့နေရာ အသီးသီးကိုပြန်
သွားကြလေတော့သည်။ထိုအချိန်မှစ၍"ယဂျန်"ပူဇော်ပွဲများ၌လူနှင့်အခြားသတ္တ၀ါအမျီုးမျီုးတို့ကိုသတ်ဖြတ်၍
ပူဇော်သည့်ထုံးတမ်းစဉ်လာတို့ကိုစွန့်လွှတ်လာခဲ့သည်။ထို့သို့ပြုလုပ်ပေးနိုင်ခဲ့သည့်ဗုဒ္ဓ၏ဂုဏ်သိတင်းသည်ပို
မိုထင်ပေါ်ကျော်ကြားလာခဲ့လေသည်။ခေတ်ဟောင်းကာလက အာရိယန်လူမျီုးတို့သည်"ဂျယန်"ပူဇော်ပွဲများ
ကိုခင်းကျင်းရာတွင် လူ၊မြင်း၊နွား၊ဆိတ်၊သိုး-စသည်သတ္တ၀ါများကိုသတ်ဖြတ်ကာ(ဗလီပြု)ယဇ်ပူဇော်ပွဲတို့ကို
အကြီးအကျယ်ပြုလုပ်လေ့ရှိခဲ့ကြသည်။ခေတ်ဟောင်းစာပေကျမ်းဂန်များ၌ ထိုသို့ဗလီနတ်စာခင်းကျင်းခြင်း
အလေ့အထအမြောက်အများတို့ကိုတွေ့ရှိနိုင်ပါသည်။ဗုဒ္ဓဘာသာဝင်မဟုပ်သည့် ဟိန္ဒူဘာသာလောကပူဇော်
ပွဲများတွင်အုန်းသီးများကိုထုခွဲ၍ ပူဇော်ပသပြုလုပ်လာသည့်ဓလေ့ထုံးတမ်းသည်သတ္တ၀ါများကိုသတ်ဖြတ်ဗ
လီပြုခြင်း၏အစားပေါ်ပေါက်လာသည့်ထုံးတမ်းစဉ်လာဖြစ်နိုင်ပါသည်။
ဆက်လက်ရေးသားပါဦးမည်။
အရှင်မုနိန္ဒ။

No comments:

Post a Comment